← Chapters

ဗြောင်လိမ်ခြင်း

Vol. 16 Ch. 231

ဗြောင်လိမ်ခြင်း

Vol. 16 Ch. 231

လျူယောင့်ရဲ့လေသံက မူမမှန်တာကို ခံစားမိတာကြောင့် ဟူဂျွန်းရှီချက်ချင်း မေးလိုက်သည်။

“အစ်ကိုယောင် YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးစင်တာက သူတို့ရဲ့ကတိကိုဖျက်ပြီး ကျွန်တော်တို့ကို ဒေါ်လာသန်း ၁၀၀ မပေးဘဲနေမယ်လို့ ထင်လား....”

လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“ဒီလိုဖြစ်နိုင်ခြေရှိတယ်...ဒါကြောင့် မင်းရဲ့တာဝန်က သူတို့နဲ့အရင်ဆက်သွယ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို အမြန်ဆုံးပြန်ရအောင်လုပ်ရမယ်....”

ဟူဂျွန်းရှီ ချက်ချင်းပင်အနည်းငယ် ဒေါသထွက်သွားကာ ပြောလိုက်သည်။

“ဒီလိုလုပ်လို့ဘယ်ရမလဲ သူတိုက သဘောတူထားတဲ့ ဒေါ်လာသန်း ၁၀၀ ကို ဘယ်လိုလုပ်မပေးဘဲနေနိုင်တာလဲ...”

“မင်း သူတို့ကိုအရင်ဆက်သွယ်လိုက်...သူတို့တကယ်ကတိဖျက်ရင်လည်း မပူပါနဲ့... သူတို့ကိုတု့န်ပြန်ဖို့ ငါ့မှာ နည်းလမ်းရှိတယ်”

လျူယောင် နှစ်သိမ့်လိုက်သည်။

“ကောင်းပါပြီ အစ်ကိုပြောတဲ့အတိုင်း လုပ်လိုက်ပါ့မယ်”

ဟူဂျွန်းရှီ နာခံစွာ ပြန်ဖြေလိုက်သည်။

လျူယောင်တွင် နည်းလမ်းရှိတယ်လို့ ကြားတဲ့အခါ သူ ချက်ချင်းစိတ်အေးသွားခဲ့သည်။ လျူယောင်အပေါ်သူ့ရဲ့ယုံကြည်မှု့ က သံသယ နည်းနည်း မှ မရှိပေ။

“အစ်ကိုယောင်က နည်းလမ်းရှိတယ်လို့ပြောရင် နည်းလမ်းရှိရမှာပဲ”လို့ တွေးမိလိုက်သည်။

ဒါပေမဲ့ အစ်ကိုယောင်က ဘာနည်းလမ်းကိုအသုံးပြုမယ်ဆိုတာကိုတော့ သူ မသိပေ။

YD အစိုးရကတော့ သတင်းစာရှင်းလင်းပွဲ ဘယ်လောက် ဖြေဆိုနေရလဲ မမှတ်မိတော့ပေ။လေယာဉ်ပျက်ကျပြီးနောက် သူတို့က ရက် ၂၀ အတွင်း အနည်းဆုံး သတင်းစာရှင်းလင်းပွဲ ဆယ်ကြိမ်ကျင်းပခဲ့သည်။

အခုတစ်ခေါက် သတင်းစာရှင်းလင်းပွဲကတော့ အရင် ပုံမှန်နဲ့မတူပေ ။

သတင်းထောက် အများအပြားက တစ်စုံ တစ်ခု ကိုသိနေပုံရပြီး သူတို့အားလုံးရဲ့မျက်နှာများတွင် ပျော်ရွှင်တဲ့အမူအရာများရှိနေသည်။

ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် သတင်းစာရှင်းလင်းပွဲကို တရားဝင်စတင်ခဲ့သည်။ မိုင်ရွန်မှလွဲ ပြီးYD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာမှ အဓိကအရာရှိကြီးများအားလုံး တက်ရောက်ခဲ့ကြသည်။

သတင်းထောက်များက မိုင်ရွန် ပေါ်မလာရခြင်းရဲ့ အကြောင်းရင်းကို တစ်ဦးမှစဉ်းစားခဲ့ကြပေ။ သူတို့က ကင်မရာများကို သတင်းထုတ်ပြန်သူအပေါ် ချိန်ထားကြသည်။

ပြောရေးဆိုခွင့်ရှိသူက YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးစင်တာမှ အရာရှိကြီးတစ်ဦးလည်းဖြစ်သည်။

“လူကြီးမင်းများ ခဗျား ကျွန်တော် သတင်းကောင်းပြောပြလိုပါတယ်... ပျက်ကျခဲ့တဲ့လေယာဉ်ပျက်ရဲ့ အပိုင်းအစကို ရှာတွေ့ပြီဖြစ်ပါတယ်...လက်ရှိမှာတော့ ကျွန်တော်တို့က ရှာဖွေရေးနှင့် ဆယ်ယူရေးလုပ်ငန်းတွေကို စနစ်တကျလုပ်ဆောင်နေပါတယ်”

သူ အစီရင်ခံလိုက်သည်။

ချက်ချင်းပင် သတင်းခန်းမတစ်ခုလုံးရဲ့လေထုက တုန်ခါသွားပြီး YD ဒေသခံသတင်းထောက်အချို့က လက်များကိုမြှောက်၍ အော်ဟစ်လိုက်ကြသည်။

“ကောင်းလိုက်တာ...”

“ဒါက တကယ်စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းပဲ..."

“သေဆုံးသွားသူတွေ အေးချမ်းစွာအနားယူနိုင်ကြပါစေ ဒီကိစ္စက နောက်ဆုံးတော့ပြီးဆုံးသွားပြီ...”

ကြီးမားတဲ့ သတင်းခန်းမထဲတွင် ဆူညံသွားပြီး စကားပြောဆိုမှု့များစွာရှိလာကြသည်။ လူတိုင်းက ထိုအကြောင်းအရာကို ဆွေးနွေးနေကြသည်။

ရှင်းလင်းချက်ပြီးပြီးချင်း သတင်းထောက်အများအပြားက မေးခွန်းများမေးမြန်းကြပြီး အများစုမှာ YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာရဲ့ လုပ်ဆောင်မှု့များကို ချီးကျူးနေကြသည်။

ယန်နိုင်ငံမှသတင်းထောက်တစ်ဦးက မေးခွန်းမေးရန် လက်မြှောက်လိုက်သည်။

ခွင့်ပြုချက်ရပြီးနောက် အသံကျယ်ကျယ်နဲ့ သူ မေးလိုက်သည်။

“ကျွန်တော်ကြားတာတော့ လေယာဉ်ပျက်အပိုင်းအစကို ယန်နိုင်ငံရဲ့Universal က ပထမဆုံးရှာဖွေပြီး ဆယ်ယူခဲ့တာလို့သိရပါတယ်...ဒါက. ဟုတ်ပါသလား..."

ခုနကရှင်းလင်းပွဲတွင် YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးစင်တာက လေယာဉ်ပျက်အပိုင်းအစကို မည်သူကပထမဆုံးရှာဖွေတွေ့ရှိတာကို ဖော်ပြခဲ့ခြင်းမရှိခဲ့ပေ။

ယန်နိုင်ငံမှသတင်းထောက်က ဒီမေးခွန်း မေးလိုက်တဲ့အခါ သတင်းထောက်များစွာက သတိပြုမိသွားကြသည်။

“ဟုတ်တယ်....လေယာဉ်ပျက်အပိုင်းအစကို ဘယ်သူကပထမဆုံးရှာတွေ့ခဲ့တာလဲ... ဒါက သတင်းကြီးပဲ”

သတင်းထောက်များ အားလုံးက တွေးလိုက်ကြသည်။

သူတို့ တစ်ဦးပြီးတစ်ဦး အားတက်လာကြသည်။

ဒီမေးခွန်းနဲရင်ဆိုင်ရတဲ့အခါ YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးစင်တာမှ အရာရှိတစ်ဦးက ရှင်းပြလိုက်သည်။

“ကျွန်တော်တို့အရင်ကခန့်မှန်းခဲ့တဲ့ ပျက်ကျမှု့ပင်လယ်ပြင်က မှားယွင်းနေပါတယ်... ကျွန်တော်တို့က ပြန်လည်ခန့်မှန်းပြီး...မှန်ကန်တဲ့ပျက်ကျနေရာကို ကြေညာလိုက်တာကြောင့် Universal ရဲ့ဆယ်ယူရေးသင်္ဘောက မှန်ကန်တဲ့ပျက်ကျတဲ့နေရာကို ပထမဆုံးရောက်လာပြီး လေယာဉ်ပျက်အပိုင်းအစကို ရှာတွေ့ခဲ့တာပါ... အပိုင်းအစနှစ်ခုကိုလည်း ဆယ်ယူခဲ့ပါတယ်”

ထိုလူက ဆက်ပြောလိုက်သည်။

“ဒီနေရာမှာ ကျွန်တော်ရှင်းရှင်းလင်းလင်းပြောရမှာက လေယာဉ်ပျက်အပိုင်းအစကိုရှာဖွေပြီး ဆယ်ယူတာက မခက်ခဲပါဘူး... ဘာကြောင့်လဲဆိုတော့ အဲဒီနေရာမှာ ရှိတဲ့ ရေအနက်က မီတာ ၁၀၀ ကျော်ပဲရှိပြီး အချို့နေရာတွေမှာဆိုရင် မီတာ ၁၀၀ အောက်ပဲရှိပါတယ်...အရေးအကြီးဆုံးကတော့ မှန်ကန်တဲ့ပျက်ကျနေရာကို ဆုံးဖြတ်နိုင်ဖို့ပါပဲ..."

ဆိုလိုရင်းက ရှင်းပါသည်။ သူတို့ရဲ့ YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာကိုသာ အသိအမှတ်ပြုသင့်တယ် ဟူ၍ပင် ဖြစ်သည်။ သူတို့က မှန်ကန်သောပျက်ကျနေရာကို ကြေညာမပေးခဲ့လျှင် Universal က လေယာဉ်ပျက် အပိုင်းအစနှစ်ခုကို ရှာဖွေပြီး ဆယ်ယူနိုင်မည်မဟုတ်ပေ။

သူဆိုလိုတာက မှန်ကန်တဲ့ ပျက်ကျနေရာကို ကြေညာပြီးတာနဲ့ ထိုနေရာကို ပထမဆုံးရောက်ရှိလာတဲ့ မည်သည့်ရှာဖွေ ဆယ်ယူရေးသင်္ဘောမဆို လေယာဉ်ပျက်အပိုင်းအစကို ရှာဖွေနိုင်မှာပဲ ဖြစ်သည်။

Universal က ကံကောင်းရုံသာဖြစ်ပြီး သူတို့က ထိုနေရာကို ပထမဆုံးရောက်ရှိလာရုံမျှသာ ဖြစ်သည်။

ထိုစကားသံ ထွက်လာတာနဲ့တစ်ပြိုင်နက် သတင်းခန်းမတစ်ခုလုံးမှာ ဆူညံသွားသည်။

YD သတင်းထောက်များက ဒါက ပိုမိုကျိုးကြောင်းဆီလျော်သည်ဟုခံစားရပေမဲ့ အခြားနိုင်ငံများမှ သတင်းထောက်များစွာကတော့ ကွဲပြားတဲ့ ထင်မြင်ချက်များရှိနေကြသည်။

ယန်နိုင်ငံမှသတင်းထောက်က မေးလိုက်သည် ။

“ကျွန်တော်တို့သိရှိထားတာက YD စင်တာမှ အရာရှိ မစ္စတာမိုင်ရွန်က သတင်းထောက်တွေရှေ့မှာ ကတိပေးခဲ့ပါတယ်...ပျက်ကျခဲ့တဲ့လေယာဉ်အကြောင်း အဖိုးတန်သတင်းအချက်အလက်ပေးနိုင်သူတိုင်းကို အမေရိကန်ဒေါ်လာ ၂၀ သန်း ဆုချမှာဖြစ်ပြီး အပိုင်းအစတွေရှာတွေ့တဲ့သူကိုတော့ ဒေါ်လာသန်း ၁၀၀ ပေးမယ်လို့ပြောခဲ့တာပါ...”

YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာမှ အရာရှိကြီးတစ်ဦးက ချက်ချင်းပင်

“အဲဒါ မိုင်ရွန်ရဲ့ကိုယ်ပိုင်စကားပါ... ကျွန်တော်တို့ရဲ့ YD ရှာဖွေရေးနှင့်ကယ်ဆယ်ရေးစင်တာကို ကိုယ်စားမပြုပါဘူး... ဒီနေရာမှာ မိုင်ရွန်ရဲ့ မသင့်လျော်တဲ့စကားအတွက် YD ရှာဖွေရေးနှင့်ကယ်ဆယ်ရေးစင်တာကိုကိုယ်စားပြုပြီး အားလုံးကိုတောင်းပန်ပါတယ်”

စကားပြောပြီးနောက် သူက ခေါင်းညွှတ်ကာ တောင်းပန်ဟန်ဆောင်ပြီးနောက် ဆက်ပြောလိုက်သည်။

“ပြီးတော့ ပျက်ကျတဲ့လေယာဉ်ပျက်အပိုင်းအစကို ပထမဆုံးရှာဖွေပေးခဲ့တဲ့ Universal ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်”

"ဘာ... ဒါပဲလား..."

ယန်နိုင်ငံ သတင်းထောက်က အချိန်အတော်ကြာမှ သတိပြန်ဝင်လာပြီး စိတ်ထဲကနေ ဒေါသထွက်ကာ တွေးလိုက်သည်။

“လူတစ်ယောက်က ဘယ်လိုလုပ်ဒီလောက်မျက်နှာပြောင်နိုင်ရတာလဲ”

"ဆုကြေးက မိုင်ရွန်ရဲ့ကိုယ်ပိုင်ထုတ်ပြန်ချက်ဖြစ်ပြီး YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာကို ကိုယ်စားမပြုဘူးဆိုရင်မင်းတို့က အမြန်ဆုံးထွက်လာပြီး ရှင်းပြသင့်တယ် အခုမှဒီစကားကိုပြောတာက လုံးဝ ကလိမ်ကကျစ် ကျတာပဲ... "

ထိုသတင်းထောက်က Universal ကို အလွန်သနားမိသည်။Universal က ဒေါ်လာသန်း ၁၀၀ ရနိုင်တော့မည်မဟုတ်ကြောင်းကို သူသိလိုက်ပြီးအလဟဿအလုပ်လုပ်ခဲ့ရခြင်းသာဖြစ်ကြောင်းကို သူသိလိုက်တာကြောင့်ပင်။

သတင်းစာရှင်းလင်းပွဲပြီးနောက် သက်ဆိုင်ရာသတင်းများကို ကမ္ဘာတစ်ဝန်းလုံးတွင် ဖော်ပြခဲ့သည်။

ထို သတင်းများရဲ့ အဓိကသတင်းက ပျက်ကျခဲ့တဲ့ လေယာဉ်ပျက်အပိုင်းအစကို ရှာတွေ့ခဲ့ပြီး YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာက စနစ်တကျဆယ်ယူရေးလုပ်ငန်းများကို လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။

ယန်နိုင်ငံမှ သတင်းမီဒီယာအချို့ကသာ YD အမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာက သူတို့ ကတိ မတည်ခဲ့တဲ့ အချက်ကိုဖော်ပြခဲ့ပြီး လူများစွာက Universal အတွက် အလွန်စိတ်မကောင်းဖြစ်ခဲ့ကြရသည်။

လူများစွာကလည်း စိတ်ဝင်တစား စဥ်းနေကြသည်။

“ဒီလိုကိစ္စမျိုးကြုံလာတဲ့အခါ Universal က ဘာလုပ်ကြမှာလဲ..နှာခေါင်းပိတ်ပြီး လက်ခံလိုက်ရုံပဲလား....”

.........

နေ့လယ်ခင်းတွင်.....

ကုမ္ပဏီမှအကြီးအကဲအများအပြားနှင့်အတူ လျူယောင် နေ့လယ်စာ စားနေသည်။ ဟူဂျွန်းရှီက အလွန်ဒေါသထွက်နေဟန်ရပြီး အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။

“ဘယ်လိုလုပ်ဒီလောက်မျက်နှာပြောင်နိုင်ရတာလဲ အခုမှ ထပြီး မိုင်ရွန်ရဲ့ကိုယ်ပိုင်စကားဖြစ်ပြီး YD စင်တာကို ကိုယ်စားမပြုဘူးဆိုတာကို ပြောတယ် ... ဘာလို့စောစောကတည်းက မပြောတာလဲ…

အရမ်းရှက်စရာကောင်းတာပဲ တကယ့်ကိုရှက်စရာကောင်းတယ်။ ဒီလိုရှက်စရာကောင်းတဲ့အရာမျိုးကို ကျွန်တော်တစ်ခါမှမမြင်ဖူးဘူးဗျာ...”

လျူယောင် ပြုံးပြီးစိတ်ပေါ့ပေါ့ပါးပါးဖြင့် နှစ်သိမ့်လိုက်သည်။

“စိတ်မပူပါနဲ့... ကိုယ့်ကိုယ်ကိုဒေါသထွက်မနေနဲ့... ဒေါ်လာသန်း ၁၀၀ ကို သူတို့ငြင်းဆိုချင်တယ်ဆိုရင်....သူတို့နောင်တရဖို့စောင့်နေရုံပဲ ငါက...ဒေါ်လာနှစ်သန်းသုံးသန်းမရရင် ဒီကိစ္စက ဒီလောက်နဲ့ မပြီးသွားဘူး..."

" ဒေါ်လာ နှစ်သန်း သုံးသန်းလား..."

လူတိုင်းရဲ့မျက်လုံးများ တစ်ယောက်ပြီးတစ်ယောက် အရောင်တောက်ပလာပြီး သူတို့အားလုံးက လျူယောင်ကိုကြည့်လိုက်ကြသည်။

လူတိုင်းရဲ့အကြည့်များကိုခံစားမိတဲ့အခါ လျူယောင်က ယုံကြည်မှု့ အပြည့်နဲ့ ပြောလိုက်သည်။

“ပြဇာတ်ကောင်းကောင်း တစ်ပုဒ်ကို စောင့်ကြည့်နေလိုက်....သူတို့နောင်တရသွားစေရမယ်....”

ဒီစကားကြားတော့ ချက်ချင်းပင် လူတိုင်း စိတ်အေးသွားကြရသည်။သူဋေး အကြောင်းကိုသူတို့ ကောင်းကောင်းသိသည်။ သူဋေးက ဒီလိုပြောရင် နည်းလမ်းတစ်ခု သေချာပေါက် ရှိလိမ့်မည်။

All Chapters