မင်းခနနေရင် သိလိမ့်မယ်
Vol. 16 Ch. 232
လျူယောင်ဆီမှာ နည်းလမ်းရှိတာ သေချာတာပေါ့ သူ့ လက်ထဲတွင် ထုတ်တစ်ချောင်းရှိနေသည်။
ယဉ်ကျေးမှုအ့မွေအနှစ်သေတ္တာနှစ်လုံးမှာ သူ့လက်ထဲတွင်ရှိသည်။အဲ့ထဲက အချို့မှာ YD ရဲ့ အမျိုးသားရတနာများဖြစ်သည်။
လျူယောင် သူ့စိတ်ထဲတွင် တည်ငြိမ်နေပြီး လုံးဝပူပန်မူ့ မရှိပေ။
နေ့လယ်စာစားပြီး ရုံးခန်းကို ပြန်လာကာ ခဏနားနေပြီးနောက် လိပ်ကြီးနဲ့ ဆက်သွယ်လိုက်သည်။
" ငါ့ကောင်ကြီး မစ်ရှင် ရှိတယ်.."
တာဝန်တစ်ခုထပ်ရှိတာကိုကြားတဲ့အခါ လိပ်ကြီးက စွမ်းအင်ပြန်ပြည့်လာပြီး လျင်မြန်စွာ မေးလိုက်သည်။
“သခင် အမိန့်ပေးပါ..."
လျူယောင် ညွှန်ကြားလိုက်သည်။
“မင်း အဲ့ဒီ့ယဉ်ကျေးမှု့အမွေအနှစ်သေတ္တာတွေကို ပြန်ယူလာပြီး ပင်လယ်ဘေးက ငါတို့ရဲ့ဂိုဒေါင်ထဲမှာ ထားလိုက်....”
“ကောင်းပါပြီ ပြဿနာမရှိပါဘူး”
ခရီးမှာ ပင်လယ် ရေမိုင်ငါးထောင် ခြောက်ထောင်ခန့်ရှိပေမဲ့ လိပ်ကြီးက ချက်ချင်းပင်သဘောတူခဲ့သည်။
လိပ်ကြီး သူ့ရဲ့ ဧရာမလှံကိုဆုပ်ကိုင်ပြီး ထွက်ခွာသွားသည်။ ပထမဦးစွာ သူက အမည်မသိကျွန်းဘေးမှ ရေတိမ်ပိုင်းသို့ကူးခတ်လာပြီး ယဉ်ကျေးမှု့အမွေအနှစ်သေတ္တာနှစ်လုံးကို ရှာဖွေကာ သူ့ရဲ့ ပါးစပ်တွင်ကိုက်ထားလိုက်သည်။
လိပ်ကြီး တစ်နာရီမိုင် ၂၈၀ ကျော်နှုန်းဖြင့် ဟွာဟိုင်းမြို့ဘက်ကို လျင်မြန်စွာကူးခတ်လာနေသည်။
အလုပ်ဆင်းပြီးမကြာမီ သူဋေး ကုလားထိုင်ပေါ်တွင်ထိုင်ကာ လျူယောင် တွေးလိုက်သည်။
“အင်း နောက် နာရီအနည်းငယ်အတွင်းမှာ လိပ်ကြီးက ဟွာဟိုင်း မြို့ကိုရောက်လာတော့မယ်...”
ယခု လိပ်ကြီးက ယန်နိုင်ငံရဲ့တောင်တရုတ်ပင်လယ်ကိုဖြတ်ကျော်လာခဲ့ပြီး ပင်လယ်ဘေးမှ ဂိုဒေါင်ကို ရောက်ရန် နှစ်နာရီပင်မကြာတော့ဘူးလို့ ခန့်မှန်းရသည်။
တတိယအမြင်ကိုပိတ်ပြီးနောက် လျူယောင် ပျော်ရွှင်စွာ တွေးလိုက်သည်။
“နောက် တစ်နာရီ နှစ်နာရီကြာရင် ပင်လယ်ဘေးကဂိုဒေါင်ကိုသွားပြီး ယဉ်ကျေးမှု့အမွေအနှစ်သေတ္တာနှစ်လုံးကို ကြည့်နိုင်ပြီကွ ”
“အဲဒါတွေက YD ကိုယ်စားပြည်ပမှာပြသထားတဲ့ ယဉ်ကျေးမှု့အမွေအနှစ်တွေမို့လို့ အပိုင်းအစတစ်ခုစီက အလွန်အဖိုးတန်တဲ့ရတနာတွေဖြစ်ပါစေလို့ ငါ မျှော်လင့်တယ်...”
မနက် ၁၀ နာရီခန့်တွင် လျူယောင်ရဲ့ဆဲလ်ဖုန်းမြည်လာရာ သူထုတ်ကြည့်လိုက်တော့ တင်းဝိန်ခေါ်ဆိုနေခြင်းဖြစ်သည်။
ဖုန်းကိုင်လိုက်တာနဲ့ တင်းဝိန် အသံကို သူ ကြားလိုက်ရသည်။
“အစ်ကိုယောင် အစ်ကိုကုမ္ပဏီမှာရှိလား ကျွန်တော်လာချင်တယ်”
“ဟုတ်တယ် ငါကုမ္ပဏီမှာရှိတယ် ဒါပေမယ့် နောက် နှစ်နာရီလောက်ဆိုရင် ငါထွက်သွားရမယ်”
တင်းဝိန် ချက်ခြင်း ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ ဒါဆိုကျွန်တော်ချက်ချင်းလာခဲ့ပါ့မယ်...”
နှစ်ဦးသား ဖုန်းထဲတွင် စကားအနည်းငယ်သာပြောပြီးနောက် လျူယောင်က စိတ်ထဲကနေ တွေးလိုက်သည်။
“ဒီကောင်က ငါ့ကိုဘာဖြစ်လို့လာရှာတာလဲဟ..”
“သြော် ဟုတ်သား လိပ်ကြီးက ယဉ်ကျေးမှု့အမွေအနှစ်သေတ္တာနှစ်လုံးကို ခဏနေရင်ပြန်ယူလာလိမ့်မယ်... ဒီယဉ်ကျေးမှုအမွေအနှစ်တွေကို တင်းဝိန်ကို ကိုင်တွယ်ခိုင်းရင် ကောင်းမလား”
စဉ်းစားလေလေ ဒါကကောင်းတဲ့အကြံပဲလို့ လျူယောင် ပိုထင်လာသည်။
" ဒါပဲလေ " ဒါတွေအားလုံး ရောင်းပစ်ဖို့မဟုတ်ဘဲ YD ရဲ့အာရုံကိုဆွဲဆောင်နိုင်ဖို့ အချို့ကိုသင့်လျော်စွာထုတ်ရောင်းလိုက်ပြီး သူတို့ လာ တောင်းပန်ဖို့ကို စောင့်ဆိုင်းရန်ပဲ ဖြစ်သည်။
ခဏအကြာတွင် တင်းဝိန်ရောက်လာခဲ့သည်။
သူက လျူယောင်ရဲ့ရုံးခန်းထဲကို ဝင်လာကာ သူကိုယ်တိုင်ကော်ဖီတစ်ခွက်ဖျော်ကာ တစ်ငုံသောက်လိုက်ပြီး ပြောလိုက်သည် ။
“အစ်ကိုယောင် Universal. အဆောက်အအုံံရဲ့ဆောက်လုပ်ရေးတိုးတက်မှု့က တကယ်စိတ်လှုပ်ရှားစရာကောင်းတာပဲဗျာ ကျွန်တော်မနေ့ကသွားကြည့်ခဲ့တယ်...”
လျူယောင် အနည်းငယ်နားလည်သွားသည်။ တင်းဝိန်က သူ့ကို လာရှာခြင်းက Universal အဆောက်အုံ အသစ် နဲ့ ဆက်စပ်နိုင်ဖွယ်ရှိသည်။
“ကောင်လေး...မင်း Universal အဆောက်အအုံံကို စိတ်ကူးရှိနေတာမဟုတ်လား...”
တင်ဝိန်က ရှက်ရွံ့စွာပြုံးပြီး ပြန်ဖြေလိုက်သည်။
“အစ်ကိုယောင်ကလည်း ဒီစိတ်ကူးက ကျွန်တော့်တစ်ယောက်တည်းမဖြစ်နိုင်ပါဘူး ကုမ္ပဏီကြီးများစွာမှာလည်း ဒီစိတ်ကူးတွေရှိနေပါတယ်”
ဒါကမှန်ပေသည်။
ဒီအဆောက်အအုံဆောက်လုပ်ရေး စတင်တာနဲ့ ကုမ္ပဏီကြီးအချို့က ငှားရမ်းဖို့ နဲ့ အငှားခဘယ်လောက် ဖြစ်မှာလဲဆိုတာ စတင်မေးမြန်းခဲ့ကြပြီး တစ်လွှာ သို့မဟုတ် နှစ်လွှာကိုငှားရမ်းလိုကြောင်း ဖော်ပြခဲ့ကြသည်။
တင်းဝိန်ကလည်း သူ့ရဲ့ဟွာဟိုင်းယဉ်ကျေးမှု့ကုမ္ပဏီအတွက် နှစ်လွှာငှားရမ်းလိုပြီး သုံးလွှာငှားရမ်းနိုင်ရင် ပိုတောင် ကောင်းလိမ့်မည်ဟု တွေးထားခဲ့သည်။
လျူယောင်က ဆိုလိုရင်းကိုနားလည်ပြီး ပျော်ရွှင်စွာပြုံးလိုက်သည်။
"အစ်ကိုယောင်...အစ်ကိုကျွန်တော့်ကို နှစ်လွှာ ဒါမှမဟုတ် သုံးလွှာပေးရမယ်နော်...စိတ်မပူပါနဲ့ကျွန်တော် ငှားရမ်းခကိုပေးပါ့မယ်... တစ်ပြားတစ်ချပ်မှ မလျောစေရပါဘူး”
တင်းဝိန် တောင်းဆိုလိုက်သည်။
လျူယောင်. ပြုံးပြီး ပြန်ပြောလိုက်သည်။
“အေးပါကွာ မင်းစိတ်မပူပါနဲ့ မင်းရဲ့ဟွာဟိုင်းယဉ်ကျေးမှု့ကို ငါထည့်သွင်းစဉ်းစားပြီး သုံးလွှာချန်ထားပေးပါ့မယ်...”
“တကယ်လား အစ်ကိုယောင် ကျွန်တော်အစ်ကို့ကိုသေလောက်အောင်ချစ်တယ်ဗျာ ..”
တင်းဝိန် အလွန်ပျော်ရွှင်နေပြီး လျူယောင်ကို ဖက်နမ်းလိုခဲ့သည်။ ဒီတစ်ကြိမ် တော့သူ စိတ်ချနိုင်ပြီဖြစ်သည်။
သူတို့နှစ်ဦး ထိုကိစ္စကိုပြောဆိုပြီးနောက် အခြားအကြောင်းအရာအချို့ကိုပြောဆိုကြရာတွင်လည်း အလွန်အမြင်တူခဲ့ကြသည်။
တစ်နာရီကျော်ကြာသွားတာကိုပင် မသိလိုက်ဘဲ လျူယောင် လက်ကိုမြှောက်ပြီး အချိန်ကိုစစ်ဆေး၍ လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။
“ကဲ..အခုတော့ ငါ့နဲ့အတူခဏလိုက်ခဲ့အုံး..."
ထိုစကားပြောပြီးနောက် လျူယောင် ထကာထွက်သွားပြီး တင်းဝိန်လည်း အလျင်အမြန်လိုက်လာခဲ့သည်။
ဒါက ပင်လယ်ဘေးဂိုဒေါင်ကို သွားခြင်းဖြစ်သည်။ ခုနကမှ လိပ်ကြီးရဲ့ အသံက လျူယောင့်ရဲ့ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
ယဉ်ကျေးမှု့အမွေအနှစ်သေတ္တာနှစ်လုံးက မကြာမီရောက်လာတော့မှာပဲ ဖြစ်သည်။ လိပ်ကြီးက ပင်လယ်ဘေးဂိုဒေါင်မှ ရေမိုင် ၁၀၀ ကျော်သာ ဝေးတော့ပြီး နောက်မိနစ် ၃၀ ခန့်ဆိုရင် ရောက်တော့မည်။
........
အိန္ဒိယသမုဒ္ဒရာရဲ့ လေယဥ်ပျက်ကျရာ နေရာ…
နှစ်ရက် သုံးရက်ကြာအောင် ဆယ်ယူရေးနှင့် ကယ်ဆယ်ရေးသင်္ဘောများစွာမှာ ထိုနေရာတွင် လုပ်ငန်းလုပ်ကိုင်နေကြပြီး အနီးအနားတွင် YD ရေတပ်ရဲ့ စစ်သင်္ဘောနှစ်စီးလည်းရှိနေသည်။
အခြားသင်္ဘောများကို ဒီပင်လယ်ရေပြင်ကို မ ချဉ်းကပ်ရန် တင်းကျပ်စွာတားမြစ်ထားသည်။
ပင်လယ်ကြမ်းပြင်မှ အလောင်းများတစ်လောင်းပြီးတစ်လောင်း ဆယ်ယူခဲ့ပြီး လေယာဉ်ပျက်အပိုင်းအစများကိုလည်း ဆယ်ယူခဲ့ကြသည်။
ဒါပေမဲ့ ရှာမတွေ့သေးတဲ့ အရာအချို့လည်းရှိနေသည်။ ဥပမာအားဖြင့် စုစုပေါင်း ခရီးသည် ၁၁၆ ဦးရှိပေမဲ့ ခုအထိ အလောင်း ၉၅ လောင်းသာဆယ်ယူနိုင်ခဲ့ပြီး အသက်မဆုံးရှုံးသေးတဲ့ ခရီးသည် ၂၁ ဦးနှင့် သေဆုံးပြီးနောက် ပျောက်ဆုံးနေတဲ့ ခရီးသည်များလည်းရှိနေသည်။
လေယာဉ်အမှု့ထမ်း စုစုပေါင်း ၁၃ ဦးရှိပေမဲ့ အလောင်း ၉ လောင်းသာဆယ်ယူနိုင်ခဲ့ပြီး ကျန် အလောင်းများကိုမတွေ့သေးပေ။
လေယာဉ်ကတော့ ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့သည်။ ရှာဖွေတွေ့ရှိနိုင်တဲ့ အပိုင်းအစများအားလုံးကို ဆယ်ယူပြီးနောက် ကျွမ်းကျင်သူများက အပိုင်းအစများကို ခွဲခြမ်းစိတ်ဖြာခဲ့ရာ အပိုင်းအစများရဲ့ လေးပုံတစ်ပုံခန့်ကို ယခုအချိန်အထိ ရှာမတွေ့သေးကြောင်း တွေ့ရှိရသည်။
အဲ့ဒီ့ အရာများက အရေးကြီးဆုံးမဟုတ်ပေ။
အရေးအကြီးဆုံးအရာက လေယာဉ်ပေါ်တွင်ပါလာတဲ့ YD နိုင်ငံ၏ ယဉ်ကျေးမှု့အမွေအနှစ်သေတ္တာနှစ်လုံးက လုံးဝရှာမတွေ့သေးခြင်းပဲ ဖြစ်သည်။
ဒီယဉ်ကျေးမှု့အမွေအနှစ်သေတ္တာနှစ်လုံးက ဘယ်ရောက်သွားတာလဲ ဆိုတာ သူတို့ မသိကြပေ။
ဒီယဉ်ကျေးမှု့အမွေအနှစ်သေတ္တာနှစ်လုံးကို တစ်ခခုမှရှာမတွေ့ခဲ့ပါ။ YD ဝန်ကြီးချုပ်က ထို ကိစ္စတွင် ကိုယ်တိုင်ဝင်ရောက်စွက်ဖက်ပြီး ဘယ်လောက် ကုန်ကျပါစေ ယဉ်ကျေးမှု့အမွေအနှစ်များကို ပြန်လည်ရရှိရမယ် လို့ ညွှန်ကြားခဲ့ကြောင်းကြားလိုက်ရသည်။
..........
ပင်လယ်ဘေးဂိုဒေါင်....
ဒီနေရာကို ကားနှစ်စီးရောက်လာခဲ့သည်။ လျူယောင်ပိုင်ဆိုင်တဲ့ Roll-Royce က ရှေ့မှမောင်းနှင်လာပြီး ဟီချန်းမောင်းနှင်လာသော ဗန်ကားက နောက်မှလိုက်ပါလာသည်။
တင်းဝိန် အနည်းငယ်ရှုပ်ထွေးနေပြီး မေးလိုက်သည်။
“အစ်ကိုယောင် ....အစ်ကိုကျွန်တော့်ကို ဒီကိုဘာလို့ခေါ်လာတာလဲ.... ကောင်းတဲ့အရာတစ်ခုခုရှိလို့လား...."
ဂိုဒေါင်ရဲ့တံခါးကိုဖွင့်ရန် ရီမုတ်ကွန်ထရိုးသော့ကိုလျူယောင် ထုတ်လိုက်ပြီး
“မင်းခဏနေရင်သိလိမ့်မယ်” လို့ ပြောလိုက်သည်။
လျူယောင်က ဒီကိစ္စကို လောလောဆယ်တွင် မပြောသေးပေ။
ကားနှစ်စီးက တစ်စီးပြီးတစ်စီး ဂိုဒေါင်ထဲကို ဝင်လာ ပြီးနောက် ရီမုတ်ကွန်ထရိုးဖြင့် ဂိုဒေါင်ရဲ့တံခါးကို လျူယောင် ပြန်ပိတ်လိုက်သည် ။