ရှေးဟောင်းအမွေအနှစ် သေတ္တာများကို ဖွင့်ခြင်း
Vol. 16 Ch. 233
ဂိုဒေါင်ထဲဝင်လိုက်တာနဲ့ လျူယောင် ကားပြတင်းပေါက်မှတစ်ဆင့် ဂိုဒေါင်အလယ်တွင်ရှိတဲ့ သေတ္တာကြီးနှစ်လုံးကိုမြင်လိုက်ရသည်။
ဒီသေတ္တာနှစ်လုံးစလုံးက မသေးလှပေ။
ရေကြောင်းကွန်တိန်နာအသေးစားနှစ်လုံးနှင့်ပင်တူလှသည်။
ကားရပ်တန့်လိုက်တာနဲ့ ကျိန့်ကန်းက တံခါးဖွင့်ပေးတာကြောင့် လျူယောင် ကားပေါ်မှပထမဆုံးဆင်းလာခဲ့သည်။ သေတ္တာနှစ်လုံးဆီကို ဦးစွာလျှောက်သွားကာ သူ ကျေနပ်စွာကြည့်လိုက်သည်။
တင်းဝိန် ကျိန့်ကန့်နဲ့ ဟီချန်းတို့လည်း လျှောက်လာကြပြီး သေတ္တာကြီးနှစ်လုံးကို စိတ်ဝင်တစားကြည့်နေကြသည်။
ကျိန့်ကန်းက အံ့အားသင့်စွာ ပြောလိုက်သည်။
“အိုး...ဒီအလူမီနီယမ်အလွိုင်းသေတ္တာကြီးနှစ်လုံးက တကယ်ကိုလက်ရာကောင်းတာပဲ အရမ်းလည်းလှတယ် ပေါင်းစပ်သော့တောင် ပါသေးတယ်...”
“သူဋေး ကျွန်တော်တို့ကို သော့ဖွင့်တဲ့ပစ္စည်းတွေ ယူလာခိုင်းတာ ဒီသေတ္တာနှစ်လုံးကို ဖွင့်ခိုင်းမလို့လား”
ဟီချန်း မေးလိုက်သည်။
တင်းဝိန်ကရော....
သူ အနည်းငယ်နားလည်သွားသည်။
သူလည်း သိချင်စိတ်နဲ့ မနေနိုင်ဘဲ မေးလိုက်သည်။
“အစ်ကိုယောင် ဒီသေတ္တာထဲမှာ ဘာတွေပါလဲ အရမ်းကောင်းတဲ့ဟာတွေလို့ ထင်ရတယ်...”
လျူယောင်က ပျော်ရွှင်စွာပြုံးပြီး ပြန်ဖြေလိုက်သည်။
“ဒါက အဆင့်မြင့်ပစ္စည်းပဲ ပိုတိတိကျကျပြောရရင် အဖိုးတန်တဲ့ ယဉ်ကျေးမှု့အမွေအနှစ်တွေပဲ”
ရုတ်တရက် တင်းဝိန်၏ မျက်လုံးများ အရောင်တောက်ပလာခဲ့သည်။
သူဘာကိုစိတ်အဝင်စားဆုံးဖြစ်လဲ။ အမျိုးသမီးများ၊ နာမည်ကြီးကားများနဲ့ နာရီများနဲ့ အမျိုးမျိုးသောရှေးဟောင်းပစ္စည်းများဖြစ်သည်။
ဒါက ရှေးဟောင်းပစ္စည်း ယဉ်ကျေးမှု့အမွေအနှစ်များဖြစ်သည်လေ။
" ဘာ ဒီသေတ္တာကြီးနှစ်လုံးက ရှေးဟောင်းပစ္စည်းတွေနဲ့ ပြည့်နေတာလား...ဒါဆို ဘယ်လိုလုပ်ရှေးဟောင်းပစ္စည်းတွေဖြစ်နိုင်မှာလဲ..."
တင်းဝိန် တစ်ပြိုင်နက်တည်း အများကြီးတွေးလိုက်သည်။
ကျိန့်ကန်းနဲ့ဟီချန်းတို့ကို လက်ဝှေ့ယမ်းပြပြီး လျူယောင် ပြောလိုက်သည်။
“သေတ္တာဖွင့်တဲ့တာဝန်ကို ခဗျားတို့ကိုပေးလိုက်မယ် ... ခင်ဗျားတို့ရဲ့ကျွမ်းကျင်မှု့တွေနဲ့ ဒီသေတ္တာနှစ်လုံးကိုဖွင့်လိုက်ပါ”
ချက်ချင်း သူထိုနှစ်ဦးက ကြိုးစားလိုစိတ်ပြင်းပြလာကြသည်။
စစ်မှု့ထမ်းစဉ်က ဒီနယ်ပယ်တွင် ကျွမ်းကျင်တဲ့ သင်တန်းများရှိခဲ့တာကြောင့် သူတို့က သက်ဆိုင်ရာကိရိယာများကို ချက်ချင်းထုတ်ယူကာ လုပ်ငန်းစတော့သည်။
လျူယောင်နှင့် တင်းဝိန်တို့က ဘေးတွင်စောင့်ကြည့်နေကြသည်။
တင်းဝိန်က သိလိုစိတ်ကို မထိန်းနိုင်ဘဲ ထပ်မေးလိုက်သည်။
“အစ်ကိုယောင် အထဲမှာဘာကောင်းတဲ့အရာတွေပါလဲဆိုတာ ပြောပြလို့ရမလား”
ဘာတွေလဲဆိုတာ လျူယောင်တကယ်မသိပေ။ သူသိသည်မှာ အဲ့တာတွေက YD ကနေ ပြည်ပက်ု ပြသဖို့ယူသွားတဲ ရှေးဟောင်းပစ္စည်းများဖြစ်ပြီးထိုအထဲတွင် ဗုဒ္ဓဓာတ်တော်များလည်းပါဝင်တယ် ဆိုတာပဲ ဖြစ်သည်။
“ဒီနိုင်ငံခြားယဉ်ကျေးမှု့အမွေအနှစ်တွေက မင်းတစ်ခါမှမမြင်ဖူးတဲ့အရာတွေဖြစ်နိုင်ပါတယ်”
“ဗျာ..အစ်ကိုယောင်က အံ့မခန်းပဲ.."
တင်းဝိန်၏ မျက်နှာတွင် လေးစားတဲ့အမူအရာများ ရှိနေသည်။
ကျိန့်ကန်းနဲ့ဟီချန်းတို့က သော့ဖွင့်ခြင်းကိုသာ အာရုံစိုက်နေကြသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ကလစ် ဆိုတဲ့ အသံများထွက်ပေါ်လာခဲ့သည်။
သူတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး တစ်ယောက်ချင်းစီရဲ့မျက်နှာတွင် ပျော်ရွှင်မှု့များကို တွေ့မြင်နိုင်ပေသည်။
လျူယောင် ထင်ထားတဲ့အတိုင်း ပထမဆုံးသေတ္တာကို ဖွင့်နိုင်ခဲ့သည်။
လျူယောင်နဲ့ တင်းဝိန်တို့အတူတူလျှောက်သွားပြီးသေတ္တာအတွင်း မတူညီတဲ့အရွယ်အစားများဖြင့် သစ်သားသေတ္တာများကို သေသပ်စွာ မြင်လိုက်ကြရသည်။
သစ်သားသေတ္တာတစ်ခုစီက ကောင်းမွန်တဲ့လက်မှု့ပညာတစ်ခုနဲ့တူလှသည်။ ထိုသစ်သားသေတ္တာများကိုမြင်ရတာနဲ့ အတွင်းထဲ ရှိတဲ့ အရာများကို လျူယောင် ပိုမို မျှော်လင့်နေမိသည်။
လျူယောင်ကို ပိုပျော်ရွှင်စေတဲ့အရာက ဒီ ကြီးမားတဲ့ အလူမီနီယမ်အလွိုင်းသေတ္တာကို လေလုံအောင်ပိတ်ထားတာကြောင့် ရေတစ်စက်ပင်မဝင်ခဲ့ခြင်းဖြစ်သည်။
အလျားတစ်မီတာကျော်ရှည်လျားတဲ့ သစ်သားသေတ္တာကို လျူယောင် ပျော်ရွှင်စွာထုတ်ယူလိုက်သည်။
သစ်သားသေတ္တာတစ်ခုစီတွင် သော့မခတ်ထားပေ။ လျူယောင်ဖွင့်လိုက်တဲ့အခါ ပန်းချီကားတစ်ချပ်ရှိနေသည်။
လျူယောင် ထပ်ပြီး ဂရုတစိုက်ဖွင့်လိုက်တဲ့အခါ ရုတ်တရက် တင်းဝိန်၏ မျက်လုံးများက ထပ်မံအရောင်တောက်ပလာသည်။ သူ့ကို ပညာရှင်တစ်ဦးလို့ယူဆနိုင်သည်။
“အစ်ကိုယောင် ဒါက YD ရဲ့နာမည်ကြီးပန်းချီကားတစ်ချပ်ပဲ ကျွန်တော်ကြားဖူးပေမဲ့ မမြင်ဖူးဘူး အစ်ကို့လက်ထဲမှာရှိနေလိမ့်မယ်လို့ မထင်ထားဘူးဗျာ.."
ဒီပန်းချီကားက အလွန်နာမည်ကြီးတာကြောင့် တင်းဝိန်ပင် သိနေသည်။ သာမန်နာမည်ကြီးပန်းချီကားတစ်ခုသာဆို တင်းဝိန်ကြားဖူးမှာမဟုတ်ပေ။
“ဒီပစ္စည်းကကောင်းတယ်...ဟောင်းနွမ်း နေပေမယ့် တန် ဖိုးရှိမယ်လို့ ခန့်မှန်းရတယ် ”
လျူယောင် ဂရုတစိုက်ပြန်လိပ်လိုက်ပြီးသစ်သားသေတ္တာထဲကို ဂရုတစိုက်ပြန်ထည့်လိုက်ပြီးနောက် ကြီးမားတဲ့အလူမီနီယမ်အလွိုင်းသေတ္တာမှ အခြားသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
ဒီသစ်သားသေတ္တာက အလျားတစ်ပေခွဲခန့် အနံတစ်ပေနှင့် အမြင့်တစ်ပေခန့်ရှိသည်။
လျူယောင် အဲ့ဒါကို လူတိုင်းရှေ့တွင် ဖွင့်လိုက်သည်။
ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ကို မြင်လိုက်ရသည်။ဒီဗုဒ္ဓရုပ်ပွားတော်ရဲ့အမြင့်က တစ်ပေအောက်သာရှိပြီး ရွှေရည်စိမ်ထားတာလား ရွှေစင် အစစ်လားဆိုတာကိုတော့ သူ မသိပေ။
ဗုဒ္ဓရုပ်ပွားတော်က သက်ရှိနှင့်ပင် တူလှပြီး ကိုယ်ပေါ်တွင် အဖိုးတန်ကျောက်မြတ်များစွာနဲ့ အလှဆင်ထားရာ အနုပညာရတနာတစ်ခုနှင့်ပင် တူနေသည်။
လျူယောင်က သာမန်လူဖြစ်ပေမဲ့ ဒီ ဗုဒ္ဓရုပ်ပွားတော်က ရိုးရှင်းတဲ့အရာမဟုတ်ကြောင်းကိုသူ သိသည်။ ဒါက YD ရဲ့ ရတနာ ဖြစ်နိုင်သည်။
“အိုးဘုရားရေ ဒါက YD ရဲ့အမျိုးသားရတနာ ဗုဒ္ဓရုပ်ပွားတော်ပဲ ကျွန်တော် ပုံနဲ့မိတ်ဆက်ကို မြင်ဖူးပါတယ် .... အစ်ကိုယောင် ဒါကိုဘယ်လိုရခဲ့တာလဲ”
တင်းဝိန် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
လျူယောင်က ပျော်ရွှင်စွာပြုံးလိုက်ပြီး ဘယ်လိုရခဲလဲ ဆိုတာကို မရှင်းပြဘဲ ဗုဒ္ဓရုပ်ပွားတော်၏ သေတ္တာကို ပြန်ဖုံးလိုက်သည်။
ထို့နောက် လျူယောင် သေတ္တာအများအပြားကို ဆက်တိုက်ဖွင့်လိုက်ရာ အားလုံးက ရတနာများဖြစ်ပြီး အမျိုးသားရတနာများပင်ဖြစ်သည်။
စုဆောင်းသူဖြစ်တဲ့ တင်းဝိန်ပင် စိတ်တည်ငြိမ်နိုင်ခြင်းမရှိတော့ပေ။ သူက အချို့ကိုသာကြားဖူးပြီးဒါတွေ အားလုံးက YD အမျိုးသားရတနာများဖြစ်နေသည် ။
ဒုတိယအလူမီနီယမ်အလွိုင်းသေတ္တာကိုလည်း လျင်မြန်စွာဖွင့်နိုင်ခဲ့ပြီ အတွင်းမှအခြေအနေမှာလည်း အလားတူပင်။ လေလုံတာကြောင့် ရေတစ်စက်မျှမဝင်ခဲ့ဘဲ အတွင်း၌ အလွန်ကောင်းမွန်တဲ့ သစ်သားသေတ္တာများကို သေသပ်စွာထားထားသည်။
သေတ္တာအနည်းငယ်ကိုဖွင့် ကြည့်ပြီးနောက် YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးစင်တာက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဆုကြေးပေးရခြင်းအကြောင်းရင်းကို လျူယောင် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
"ဒီပစ္စည်းတွေက အရမ်း တန်ဖိုးရှိတာပဲ..."
လျူယောင် အံ့သြစွာ ရေရွတ်လိုက်မိသည်။
ဒါတွေကို ငွေကြေးနဲ့ လုံးဝတိုင်းတာလို့မရနိုင်ဘူးလို့ ဆိုလိုနိုင်သည်။
တင်းဝိန်က တစ်ချိန်လုံး အလွန်စိတ်လှုပ်ရှားနေပြီး အော်ပြောလိုက်သည်။
“အစ်ကိုယောင် အစ်ကိုချမ်းသာသွားပြီ ချမ်းသာသွားပြီဗျာ ...”
လျူယောင် ရေတွက်ကြည့်ရာ အရွယ်အစားအမျိုးမျိုးပါတဲ့ သစ်သားသေတ္တာ ၂၇ လုံးရှိသည်။ သစ်သားသေတ္တာတစ်ခုစီတွင် ယဉ်ကျေးမှု့အမွေအနှစ်တစ်ခုစီပါဝင်ပါက စုစုပေါင်း ရတနာ ၂၇ ခုဖြစ်သည်။
ဘလူးဝေးလ်က အချည်းနှီး ဖြစ်သွားခဲ့ပေမဲ့ လျူယောင်ကိုယ်တိုင်အကျိုးအမြတ်များစွာရရှိခဲ့ပေသည်။
လျူယောင် လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။
“အလူမီနီယမ်အလွိုင်းသေတ္တာနှစ်လုံးကို ပြန်ပိတ်ပြီး ကားပေါ်တင်လိုက်”
ကျိန့်ကန်းနဲ့ဟီချန်းတို့လည်း လျူယောင်၏ အမိန့်ကို နာခံစွာ အလူမီနီယမ်အလွိုင်းသေတ္တာနှစ်လုံးကို ဗန်ကားကိုယ်ထည်ထဲကို လျင်မြန်စွာ ထည့်လိုက်သည်။
အဲဒါကြောင့် လျူယောင်က ကားတစ်စီးကိုသပ်သပ် မောင်းလာခိုင်းခဲ့ခြင်းဖြစ်သည်။
ကားတံခါးကို ပိတ်ပြီးနောက် လျူယောင်. လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။
“သွားမယ်... ပြန်ကြစို့”
လူတိုင်း ကားပေါ်သို့တက်ကာ ဒီနေရာမှထွက်ခွာလာခဲ့သည်။ အတော်ကြာမောင်းနှင်ပြီးနောက် တင်းဝိန် အကြံပေးလိုက်သည်။
“အစ်ကိုယောင် ဒီပစ္စည်းတွေကို ကျွန်တော့်ဆီမှာထားလိုက်ပါ ကျွန်တော်တို့မှာ ပရော်ဖက်ရှင်နယ်ဘဏ်အခန်းရှိလို့ ပိုပြီးစိတ်ချရတယ်....”
လျူယောင်က တင်းဝိန်ကို အလွန်ယုံကြည်တဲ့အတွက် မစဉ်းစားဘဲ သဘောတူလိုက်သည်။
“ကောင်းပြီ ဒါဆို မင်းကိုလိုက်ပို့ပေးမယ်....”
တင်းဝိန် အလွန်ဝမ်းသာသွားသည်။
ကားနှစ်စီးလုံး Universal ကိုမပြန်ဘဲ တင်းဝိန်ရဲ့ ဟွာဟိုင်းယဉ်ကျေးမှု့ကုမ္ပဏီကို မောင်းလာခဲ့သည်။
.......
YD အမျိုးသားရှာဖွေရေးနဲ့ ကယ်ဆယ်ရေးစင်တာတွင် အရာရှိတစ်စုက အစည်းအဝေးလုပ်နေကြပြီး အစည်းအဝေးခန်းမရဲ့လေထုက ထိုင်းမှိုင်းပြီးဖိစီး မူ့များရှိနေသည်။
ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်အတော်ကြာ လုပ်ခဲ့ကာ ပြီးဆုံးရမှာ ဖြစ်ပေမဲ့ ခု ထိ သူတို့မပြီးဆုံးနိုင်သေးပေ။
အလောင်းများကို ရှာဖွေတွေ့ရှိခြင်း ဒါမှမဟုတ် ဆယ်ယူခြင်းမပြုရသေးတာက ကိစ္စသေးလေးဖြစ်သည်။
သူတို့အတွက် အကြီးမားဆုံးပြဿနာက လေယာဉ်ပေါ်တွင်ပါလာတဲ့ အမွေအနှစ်သေတ္တာနှစ်လုံး ပျောက်ဆုံးနေခြင်းပဲဖြစ်သည်။
ထိုသေတ္တာနှစ်လုံးထဲတွင် စုစုပေါင်းယဉ်ကျေးမူ့အမွေအနှစ် ၂၇ ခုပါဝင်ပြီး တစ်လုံးမှမတွေ့ရသေးတာကြောင့် သူတို့မှာ ဖိအားများရှိနေခြင်းဖြစ်သည်။