ဘယ်သူ့လက်သီးက ပိုကြီးလဲ
Vol. 16 Ch. 236
လိပ်ကြီးက ချက်ချင်းပဲ သဘောတူလိုက်သည်။
" ပြဿနာမရှိပါဘူးသခင်... ကျွန်တော် ဒါဆို အခုပဲ သွားတော့မယ်..."
လျူယောင် အိပ်မပျော်တော့ဘဲ ရုတ်တရက်လန်းဆန်းသွားသည်။
လိပ်ကြီးက မီတာ ၅၀ ရှည်လျားသော ဧရာမလှံကိုကိုင်ကာ ထွက်ခွာလာခဲ့သည်။ ကူးခတ်မှု့အရှိန်က တဖြည်းဖြည်းတိုးလာပြီးနောက် ၂၈၀ အရှိန် နှုန်းခန့်တွင် ထိန်းထားလိုက်သည်။
လေးနာရီ ငါးနာရီသာကြာပြီးနောက် လိပ်ကြီး တည်နေရာကို ရောက်ရှိလာခဲ့သည်။ ရေနံတင်သင်္ဘောကြီး ရှိီရှုံးကို အမြင်အာရုံနယ်ပယ်တွင် လိပ်ကြီး မြင်နေရပြီ ဖြစ်သည်။
ရှိီရွက်ရေနံတင်သင်္ဘောက ဆုံရပ်သွားနေဆဲဖြစ်ပြီး လိပ်ကြီးနဲ့ အကွာအဝေးက ပင်လယ်မိုင်နှစ်ရာခန့်ရှိသည်။
“သခင်ရေ ရေနံတင်သင်္ဘော ‘ရှိီရှုံး’ကို ကျွန်တော် မြင်ရပြီ.... "
လိပ်ကြီးရဲ့ စကားကိုလက်ခံရရှိပြီးနောက် လျူယောင် တတိယအမြင်ကိုဖွင့်ကာ ရှီရှုံးရေနံတင်သင်္ဘောက ပင်လယ်ရေပြင်ပေါ်တွင်ရွက်လွှင့်နေတာကို အတည်ပြုလိုက်သည်။
“လိပ်ကြီး မင်း အဲ့နေရာကိုလျှို့ဝှက်စောင့်ရှောက်လိုက် မင်းအနီးအနားကရေပြင်ကိုလည်းသွားကြည့်နိုင်တယ် YD လူမျိုးတွေရဲ့သင်္ဘောတွေ ဒါမှမဟုတ် စစ်သင်္ဘောတွေချဉ်းကပ်လာတာကိုသတိထားပါ ”
“ဟုတ်ကဲ့ အရာအားလုံး ကျွန်တော့်ကိုအပ်လိုက်ပါ သခင်ရ "
လိပ်ကြီး ယုံကြည်မှုအပြည့်နဲ့ပြန်ဖြေလိုက်သည်။
နောက်တစ်နေ့....
ရှီရှုံးနှင့်ရှီရွက်တို့ ပူးပေါင်းကာ အဖွဲ့တစ်ခုဖွဲ့စည်းထားသည်။ သင်္ဘောနှစ်စီးကြားအကွာအဝေးမှာ ပင်လယ်ရေမိုင်တစ်မိုင်သာရှိပြီး တစ်စီးပြီးတစ်စီးရွက်လွှင့်နေကြသည်။
လိပ်ကြီးကရော…
သူလည်း အားလပ်နေခြင်းမဟုတ်ဘဲ ပတ်ပတ်လည်ကိုကြည့်နေကာ ပင်လယ်ရေမိုင် ၁၀၀ ပတ်လည်အတွင်းရှိ အခြေအနေကို အတော်လေးရှင်းလင်းစွာသိနေသည်။
ခုအချိန်ထိ အနည်းဆုံးပင်လယ်ရေမိုင် ၁၀၀ အကွာအဝေးအတွင်း YD စစ်သင်္ဘောများချဉ်းကပ်လာတာကို မတွေ့ရသေးပေ။
ပုံမှန် ရှိနေတာ ကိုတွေ့ပြီးနောက် လိပ်ကြီးစိတ်အေးသွားသည်။ ပင်လယ်မိုင်ရာပေါင်းများစွာကိုလိပ်ကြီး တစ်ထပ်တည်းကူးခတ်ပြီး ရှိီနင်နဲ့ကျင်းယောင်တို့ကို ရှာဖွေကာ သူတို့ရဲ့ ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေလိုက်သည်။
ထိုသင်္ဘောနှစ်စီးက YD နိုင်ငံနဲ့အနီးဆုံးဖြစ်တာကြောင့် YD လူမျိုးများရဲ့ပစ်မှတ်ဖြစ်နိုင်ခြေအများဆုံးဖြစ်လိမ့်မယ်လို့ လျူယောင် ခံစားရသည်။
ပထမနှစ်ရက်တွင် အရာအားလုံးအဆင်ပြေခဲ့သည်။
တတိယနေ့ နံနက်ပိုင်းတွင် လိပ်ကြီး မူမမှန်တာကိုပထမဆုံးတွေ့ရှိလိုက်ရသည်။
ယခင်နှစ်ရက်လိုပင်ရေနံတင်သင်္ဘောကြီးနှစ်စီးပတ်လည်ရှိ ရေပြင်ကိုကြည့်နေစဥ် YD စစ်သင်္ဘောတစ်စီးကိုမြင်လိုက်ရသည်။ အဲ့တာက ဒုံးကျည်တပ်ဖရီးဂိတ်ဖြစ်မယ်လို့ထင်ရပြီး ရှိီရှုံးနှင့်ရှိီရွက်တို့ရှိရာအရပ်ကို လျင်မြန်စွာ မောင်းလာနေသည်။
ဒါဟာပုံမှန်မဟုတ်ဘူးလို့ လိပ်ကြီး ခံစားရတာကြောင့် စစ်သင်္ဘောရဲ့ နောက်တွင် လျှို့ဝှက်စွာလိုက်ပါပြီး မီတာရာဂဏန်းအကွာအဝေးတွင် နေလိုက်သည်။
ရှိီရှုံးပေါ်တွင် အမှုထမ်းအချို့က အဝေးတွင်ရှိတဲ့ ရှိီရွက်ရေနံတင်သင်္ဘောကိုမြင်ခဲ့ရပြီး ထိုသင်္ဘောကိုမနေ့တည်းက သူတို့ မြင်ခဲ့ရသည်။ အချိန်အကြာကြီးထိန်းထားပြီးနောက် နောက်ဆုံးတွင် တစ်စုံတစ်ယောက်က မေးလိုက်သည်။
“ကပ္ပတိန် အဲဒါက ကျွန်တော်တို့အဖွဲ့ရဲ့ရေနံတင်သင်္ဘောပဲ.... ဘာလို့ကျွန်တော်တို့နဲ့အတူ ရွက်လွှင့်နေတာလဲ....”
ရှိီရှုံးရဲ့ ကပ္ပတိန်ကျန်းရှောင်ယောင်က ပြန်ဖြေလိုက်သည်။
“အဖွဲ့ဖွဲ့ပြီးရွက်လွှင့်ရင် လုံခြုံရေးပိုမြင့်တယ်ကွ... "
“ဒါက အိန္ဒိယသမုဒ္ဒရာရဲ့အပြည်ပြည်ဆိုင်ရာရေကြောင်းပါ အေဒင်ပင်လယ်ကွေ့ကနေ ပင်လယ်မိုင်ထောင်ပေါင်းများစွာဝေးနေပြီကို ဒီနေရာမှာလည်း ပင်လယ်ဓားပြတွေရှိနေတာလား”
အမူ့ထမ်း တစ်ယောက်က အံ့အားသင့်စွာမေးလိုက်သည်။
ကပ္ပတိန်ကျန်းရူယောင် ဘာမှ ပြန်မပြောခဲ့ပေ။
“အဖွဲ့ရဲ့အသိပေးချက်အရ YD နိုင်ငံက ငါတို့သင်္ဘောကိုဖမ်းဖို့အကြောင်းပြချက်ရှာနိုင်တယ်... ဒါကြောင့် သင်္ဘောနှစ်စီးက အဖွဲ့ဖွဲ့ပြီးရွက်လွှင့်ရင် တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်နိုင်တယ်”
သူ လူတိုင်းကို ဒီလို မပြောနိုင်ပေ။
တကယ်လို့အဲ့လိုပြောလိုက်ရင် အမှုထမ်းတွေရဲ့ထိတ်လန့်မှု့ ပိုတိုးစေလိမ့်မည်။ ဒါကြောင့် ရင်ထဲမှာပဲသိမ်းထားပြီး မပြောတာက ပိုကောင်းပေသည်။
လျူယောင် အလုပ်ဆင်းရန် ရည်ရွယ်ချက်မရှိပေ။
မနက်ပိုင်းတွင် လိပ်ကြီးထံမှ YD ဒုံးကျည်တပ်ဖရီးဂိတ်တစ်စီးက ရှိီရှုံးနှင့်ရှိီရွက်တို့ဆီကို ချဉ်းကပ်နေကြောင်းနှင့် ဒီသင်္ဘောနှစ်စီးကိုအန္တရာယ်ဖြစ်စေနိုင်ကြောင်း လျူယောင် လက်ခံရရှိခဲ့သည်။
လိပ်ကြီးကို လျှို့ဝှက် လိုက်နေရန် ၊ပေါ်ပေါ်ထင်ထင်မဖြစ်စေရန်နှင့် သူ့အမိန့်ကိုနာခံရန် လျူယောင် ညွှန်ကြားလိုက်သည်။
ထိုအချိန်တွင် လိပ်ကြီးရဲ့အသံက လျူယောင်ရဲ့ စိတ်ထဲတွင်ထွက်ပေါ်လာခဲ့သည်။
“သခင်ရေ ဒီစစ်သင်္ဘောက ကျွန်တော်တို့ရဲ့သင်္ဘောနှစ်စီးကိုလိုက်မီသွားပြီ သူတို့က ‘ရှိီရှုံး’ နားကိုချဉ်းကပ်ပြီး စတင် အော်ဟစ်နေပြီဗျ ...”
“ဘာ”
လျူယောင် အနည်းငယ်ဒေါသထွက်သွားသည်။
" သူတို့က ငါတို့သင်္ဘောကိုအန္တရာယ်ပြုဖို့ တကယ်စီစဉ်နေတာပဲ.. "
ဘာစကားမှ ပြန်မပြောဘဲ တတိယအမြင်ကို ချက်ခြင်း ဖွင့်ကြည့်လိုက်ရာ ရှိီရှုံးနှင့်မလှမ်းမကမ်းတွင်ရှိတဲ့ စစ်သင်္ဘောကိုမြင်လိုက်ရသည်။
စစ်သင်္ဘောပေါ်က အသံချဲ့စက်က တရုတ်မန်ဒရင်းဘာသာစကားနဲ့ အော်ဟစ်နေသည်။
“ကျေးဇူးပြု၍ သင်္ဘောကိုရပ်တန့်ပြီး ကျွန်တော်တို့ရဲ့စစ်ဆေးမှုကိုခံယူပါ ခင်ဗျားတို့ရဲ့သင်္ဘောပေါ်မှာ တားမြစ်ထားတဲ့ပစ္စည်းတွေပါလာတယ်လို့ ကျွန်တော်တို့သံသယရှိတယ်...”
“ထပ်မံပြောကြားလိုပါတယ် ကျေးဇူးပြု၍ သင်္ဘောကိုရပ်တန့်ပြီး ကျွန်တော်တို့ရဲ့စစ်ဆေးမှု့ကိုခံယူပါ ကျေးဇူးပြု၍ သင်္ဘောကိုချက်ချင်းရပ်တန့်ပါ ”
ကပ္ပတိန်အပါအဝင် ရှီရူံးပေါ်မှာရှိတဲ့ လူတိုင်းအလွန်ဒေါသထွက်နေကြသည်။
“ဒီကောင်တွေ ဒါကရေပိုင်နက်မရှိတဲ့ အပြည်ပြည်ဆိုင်ရာရေကြောင်းလမ်းပဲ မင်းတို့စစ်ဆေးဖို့အလှည့်က ဘယ်တုန်းက ရောက်လာတာလဲ...”
စိတ်ပူပန်နေတဲ့ အမှုထမ်းအချိုု့က တစ်ဖက်မှာ စစ်သင်္ဘောဖြစ်ပြီး သူတို့နဲ့ မီတာနှစ်ရာ သို့မဟုတ် သုံးရာသာဝေးတာကိုမြင်တဲ့အခါ သူတို့ ရင်ထဲတွင် အနည်းငယ်ကြောက်ရွံ့လာခဲ့သည်။
“ကပ္ပတိန် ကျွန်တော်တို့သင်္ဘောကိုရပ်သင့်လား သူတို့ရဲ့စစ်သင်္ဘောပေါ်မှာအမြောက်တွေပါတာကိုကြည့်ပါဦး ကျွန်တော်နည်းနည်းကြောက်တယ်ဗျ...”
ကပ္ပတိန်ကျန်းရူယောင် လက်ဝှေ့ယမ်းပြီး ပြန်ပြောလိုက်သည်။
“သူတို့ကိုဂရုမစိုက်နဲ့ ဆက်ပြီးရွက်လွှင့်....ဒါက အပြည်ပြည်ဆိုင်ရာရေကြောင်းလမ်းပဲ သူတို့မှာ ငါတို့ကိုစစ်ဆေးပိုင်ခွင့်မရှိဘူး”
ကပ္ပတိန်ကျန်းရူယောင်ရဲ့အမိန့်နဲ့ ရှီရူံးက ထိုစစ်သင်္ဘောကို လစ်လျူရူ့ကာ ရှေ့သို့ ဆက်လက်ရွက်လွှင့်ခဲ့သည်။
ထိုအချိန် မယုံနိုင်စရာမြင်ကွင်းတစ်ခုဖြစ်ပွားခဲ့သည်။
ရှိီရှုံးမရပ်ဘဲ ရှေ့ကို ဆက်လက်ရွက်လွှင့်နေတာကိုမြင်တဲ့အခါ စစ်သင်္ဘောပေါ်မှလူများက သတိပေးပစ်ခတ်မှု့များပြုလုပ်ခဲ့ကြသည်။
"#ဒါက လုံးဝဥပဒေမဲ့လုပ်ရပ်ပဲ "
"ဒါက ရေပိုင်နက်မရှိတဲ့ အပြည်ပြည်ဆိုင်ရာရေကြောင်းလမ်းလေ... "
ကပ္ပတိန်ကျန်းရူယောင် အလွန်ဒေါသထွက်နေသဖြင့် မျက်နှာပြောင်းသွားပေမဲ့ ပြိုင်ဘက်ရဲ့ လက်သီးမှာ ပို ကြီးမားတာကြောင့် သင်္ဘောကိုရပ်တန့်ရန် သူ အမိန့်ပေးခဲ့ရသည်။
ရှိီရှုံးရပ်တန့်သွားတာကိုမြင်တဲ့အခါ စစ်သင်္ဘောပေါ်မှလူအချို့က မာနကြီးစွာရယ်မောလိုက်ကြပြီး လှေကိုချကာ သင်္ဘောပေါ်တက်၍ ရှိီရှုံးသင်္ဘောကို ထိန်းချုပ်ရန် သူတို့ ပြင်ဆင်နေကြသည်။
ထိုမြင်ကွင်းကိုမြင်တဲ့အခါ ရှိီရှုံးပေါ်ရှိအမှု့ထမ်းများက အေးစက်သွားပြီး ငိုယိုနေကြသည်။
“ပြီးပြီ ပြီးပြီ ကျွန်တော်တို့တော့ အဖမ်းခံရပြီဗျာ ”
အဝေးမှာ ရွက်လွင့်နေတဲ့ "ရှိီရွက်"က ဒီနေရာတွင်ပြဿနာရှိနေတာကို ရှင်းရှင်းလင်းလင်းသိတာမို့ ပိုမိုဖြောင့်မတ်ပေသည်။၎င်းက အရှိန်အပြည့်ဖြင့်ထွက်ခွာမသွားဘဲ အနီးသို့ ချည်းကပ်လာခဲ့သည်။
သင်္ဘောရဲ့ကပ္ပတိန်က သူကိုယ်တိုင် ကျွဲချိုကြီးကိုကိုင်ကာ အင်္ဂလိပ်စကားနဲ့ ကျယ်လောင်စွာကန့်ကွက်လိုက်သည်။
ထို YD စစ်သင်္ဘောက ကန့်ကွက်မှု့များကိုလည်း လုံးဝဂရုမစိုက်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူက"ရှိီရွက်"ကိုလည်း စတင်အော်ဟစ်ပြီး အဲ့ဒီ့ သင်္ဘောကိုပါစစ်ဆေးလိုခဲ့သည်။
တတိယအမြင်မှတစ်ဆင့် အရာအားလုံးကိုလျူယောင် ရှင်းလင်းစွာမြင်ရပြီး စိတ်ထဲတွင်ရွဲ့ပြောလိုက်သည်။
“မင်းတို့လုပ်နေတာကိုမြင်ရတာ ရယ်ချင်လိုက်တာကွာ မင်းတို့က တကယ်ပဲ စစ်ဆေးဖမ်းဆီးဖို့ ငါတို့သင်္ဘောပေါ်တက်ချင်ကြတာပဲ..."
ဒါက ရေပိုင်နက်မရှိတဲ့ အပြည်ပြည်ဆိုင်ရာရေကြောင်းလမ်းဖြစ်ပြီး ရှိီရှုံးနှင့်ရှိီရွက်တို့ရဲ့မှတ်ပုံတင်ထားတဲ့ နေရာများက YD နိုင်ငံမှာ မဟုတ်ပေ။
" မင်းတို့မှာ စစ်ဆေးဖို့ သင်္ဘောပေါ်တက်ပိုင်ခွင့်ဘာရှိလို့လဲ ..."
"ကောင်းပြီလေ ဘယ်သူ့လက်သီးကပိုကြီးလဲဘယ်သူကပိုအားကောင်းလဲဆိုတာ ကြည့်ကြတာပေါ့ "
လျူယောင် အလွန်ဒေါသထွက်ပြီး လိပ်ကြီးကို အမိန့်ပေးလိုက်သည်။
“ငါ့ကောင် စောင့်မနေနဲ့တော့ .သူတို့ရဲ့စစ်သင်္ဘောကို ဆန်ခါလိုထိုးခွဲပစ်လိုက်ကွာ ”
လိပ်ကြီး ရုတ်တရက်စိတ်အားထက်သန်လာခဲ့သည်။ သင်္ဘောများကိုထိုးခွဲခြင်းက သူအကြိုက်ဆုံးအရာဖြစ်ပြီး အထူးသဖြင့် ဆန်ခါလိုထိုးခွဲရခြင်းမှာ သူ့အတွက် အလွန် ပျော်ရွင်စရာပဲ ဖြစ်သည်။
လိပ်ကြီး ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
“အိုခေဘာ သခင် ကျနော့ ကိုကြည့်နေလိုက် အဲ့ဒီ့စစ်သင်္ဘောကို ဆန်ခါလို ဖြစ်သွားအောင် ထိုးခွဲပစ်ပါ့မယ်”