← Chapters

ဒီမှာ ဘာတွေဖြစ်နေတာလဲကွာ

Vol. 16 Ch. 237

ဒီမှာ ဘာတွေဖြစ်နေတာလဲကွာ

Vol. 16 Ch. 237

အခန်း 237

လိပ်ကြီးက မီတာ ၅၀ ရှိတဲ ဧရာမလှံကိုကိုင်ကာ စစ်သင်္ဘောအောက်ကို လျင်မြန်စွာရောက်ရှိလာခဲ့သည်။

စစ်သင်္ဘောပေါ်ကလူတွေကတော့ ဒီအကြောင်းကိုမသိကြဘဲ သေးငယ်တဲ့လှေကိုချပြီး သင်္ဘောပေါ်တက်ပြီးနောက် ရေနံတင်သင်္ဘောကြီး "ရှိီရှုံး"ကိုထိန်းချုပ်ရန်ကြိုးစားနေကြသည်။

ဒါက သူတို့ရဲ့ဒီတစ်ကြိမ်လုပ်ဆောင်ရမဲ့ တာဝန်ပဲ ဖြစ်သည်။ Universal ရဲ့သင်္ဘောကို ထိန်းချုပ်ပြီး သင်္ဘောကိုသူတို့နိုင်ငံက ဆိပ်ကမ်းတစ်ခုကို ပြန်လည်ပို့ဆောင်ရန်ဖြစ်သည်။

သူတို့ရဲ့အနီးဆုံးဆိပ်ကမ်းမှ ဒီနေရာနဲ့ဆို ပင်လယ်ရေမိုင်ခြောက်ရာ ဒါမှမဟုတ် ခုနစ်ရာသာဝေးပြီး ရောက်ဖို့ နှစ်ရက်လောက်တော့ ကြာမည်။

မကြာမီ လက်နက်အပြည့်အစုံဆင်ထားတဲ့ ရေတပ်သားအချို့က စစ်သင်္ဘောမှဆင်းပြီး သေးငယ်သောလှေပေါ်ကိုတက်ရန် အဆင်သင့်ရှိနေကြသည်။

" ဒုန်း...ဒုန်း...ဒုန်း "

ရုတ်တရက် လှေအောက်ခြေမှ တဒုန်းဒုန်းမြည်သံတစ်ခုထွက်ပေါ်လာကာ သင်္ဘောကိုယ်ထည်က အနည်းငယ်တုန်ခါသွားသည်။

စစ်သင်္ဘောက မကြီးတဲ့အတွက် တုန်ခါမှု့မှာ အနည်းငယ်သိသာ နေသည် ။တကယ်လို့ တန် သိန်းပေါင်းများစွာရှိတဲ့ သင်္ဘောကြီးတစ်စီးဆိုပါက တုန်ခါမှု့မှာ သိသာမည်မဟုတ်ပေ။

"ဒါဘာဖြစ်တာလဲ "

လက်နက်အပြည့်အစုံတပ်ထားတဲ့ ရေတပ်သားများက အေးခဲကာ ရပ်တန့်သွားသည်။ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးရှုပ်ထွေးနေကြသည်။

ခဏ တွေဝေပြီးနောက် ခေါင်းဆောင်ကပ္ပတိန်ဖြစ်သူက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“သွားကြစို့ လှေပေါ်အရင်တက်ကြစို့”

သူတစ်လှမ်းပင်မလှမ်းရသေးခင် စစ်သင်္ဘောအောက်ခြေမှ နောက်ထပ်တဒုန်းဒုန်းမြည်သံတစ်ခုထွက်လာပြီး၊ လူတိုင်းနီးပါးက ပို သိသာတဲ့တုန်ခါမှု့ကိုခံစားလိုက်ရသည်။

"ဒီမှာ ဘာတွေ ဖြစ်နေတာလဲကွာ "

ရေတပ်သားများက တစ်ယောက်မျက်နှာတစ်ယောက်ထပ်ကြည့်လိုက်ကြပြီး လှေပေါ်တက်သင့် မတက်သင့်ဆိုတာကို သူတို့ ဝေခွဲမရဖြစ်နေကြသည်။

လှိုင်းများရဲ့အနှောင့်အယှက်ကြောင့်ဖြစ်နိုင်ပြီး ရှိရှုံးပေါ်က အမှု့ထမ်းများကတော့ ပြိုင်ဘက်စစ်သင်္ဘောအောက်မှ ထွက်လာတဲ့တဒုန်းဒုန်းမြည်သံကိုသတိမထားမိခဲ့ကြပေ။

ရေတပ်သားများက သေးငယ်တဲ့လှေဖြင့် သင်္ဘောပေါ်တက်ရန်ပြင်ဆင်နေတာကိုမြင်တဲ့အခါ သူတို့အားလုံးအလွန်စိတ်လှုပ်ရှားနေကြပြီး အချို့မှာ အော်ငိုနေကြသည်။

“ကပ္ပတိန် ကျွန်တော်တို့ဘာလုပ်ရမလဲ ကျွန်တော်ဘာလုပ်ရမလဲဗျ ကျွန်တော် သူတို့ဖမ်းတာမခံချင်ဘူးဗျာ..ဝူးဝူး "

ပိုရဲရင့်သူက အကြံပေးလိုက်သည်။

“ကပ္ပတိန် သူတို့နဲ့တိုက်ခိုက်ရအောင် အရှိန်အပြည့် နဲ့ ပြန်လှည့်လိုက်မယ် ကျွန်တော်တို့သူတို့နဲ့ သူသေကိုယ်သေ တိုက်မယ်ဗျာ ငါးကသေရင် ကွန်ယက်လည်း ပျက်စီးသွားလိမ့်မယ်”

တချို့ကတန် ၁၀၀,၀၀၀ ကျော်ရှိတဲ့ ရေနံတင်သင်္ဘောကြီးကို တန် ၃,၀၀၀ ကျော်ရှိတဲ့ စစ်သင်္ဘောနှင့်တိုက်ပစ်ဖို့ အကြံပေးကြသည်။

ဒါပေမဲ့ ကပ္ပတိန်ကျန်းရူယောင်က ခေါင်းကိုအသာအယာခါလိုက်သည်။ သူ့ရဲ့ရင်ထဲတွင် စိုးရိမ်ပူပန်မှု့ ရှိနေသည်။သင်္ဘောပေါ်ကရေနံစိမ်းများယိုစိမ့်ပါက အရေးကြီးတဲ့ ကိစ္စဖြစ်လိမ့်မည်။

သူ့ရဲ့စိတ်နှလုံးထဲတွင် ဝမ်းနည်းမှု့အပြည့်နဲ့ဒီ YD လူမျိုးများကိုသေလောက်အောင်မုန်းတီးနေသည်။

ရုတ်တရက် အမှု့ထမ်းတစ်ဦးက အံအားသင့်ကာ အော်ပြောလိုက်သည်။

“ဟိုမှာကြည့်ပါအုံး သူတို့ရဲ့စစ်သင်္ဘော တစ်ခုခုဖြစ်နေတယ်....”

မျက်စိကောင်းတဲ့ အမှုထမ်းအချို့က ပြိုင်ဘက်စစ်သင်္ဘောပေါ်မှ ထိတ်လန့်မှုများကိုမြင်လိုက်ကြရသည်။ အချို့က ရေငုပ်ရန်ပြင်ဆင်နေပြီး အသက်ကယ်အင်္ကျီများကို ဝတ်ဆင်နေပုံရသည်။

"ဒါဘယ်လိုဖြစ်သွားတာလဲဟ..."

ကပ္ပတိန်ကျန်းရူယောင် မှန်ဘီလူးနဲ့ကြည့်လိုက်ပေမဲ့ သူလည်းရှုပ်ထွေးနေပြီး ဘာတွေဖြစ်မှန်း လုံးဝနားမလည်ခဲ့ပေ။

" ဘာလဲဟ "

“သူတို့ ခုနက အရမ်းကောင်းနေတာကို ဒါက ဘယ်လိုဖြစ်သွားတာလဲ အုပ်စုလိုက်နတ်ဆိုးပူးနေတာများလား..."

သူ့တို့ ရင်ထဲမှ ဝမ်းနည်းမှု့နဲ့ဒေါသများကတဖြည်းဖြည်းလျော့နည်းသွားပြီး အံ့အားသင့်မှု့များသာ အစားထိုးလာခဲ့သည်။

ဒါက ရေအောက်မှာရှိတဲ့ လိပ်ကြီးက သူ့ရဲ့ မီတာ ၅၀ ဧရာမလှံကိုအသုံးပြုကာ စစ်သင်္ဘောအောက်ခြေတွင် အပေါက်များတစ်ပေါက်ပြီးတစ်ပေါက်ဖောက်နေခြင်းပဲ ဖြစ်သည်။

"ဟီးဟီး ဒါက အရမ်းပျော်စရာကောင်းတဲ့အလုပ်ပဲ..."

လိပ်ကြီး ပျော်ရွှင်စွာ ရေရွတ်နေသည်။

သူ ပြင်းပြင်းထန်ထန်ထိုးလိုက်ရင် အပေါက်ကြီးတစ်ပေါက်ဖြစ်သွားပြီး ထပ်ထိုးလိုက်ရင် နောက်ထပ်အပေါက်ကြီးတစ်ပေါက်ဖြစ်သွားခဲ့သည်။

အပေါက်ကြီးများရဲ့အရေအတွက်က တဖြည်းဖြည်းများလာပြီး ပင်လယ်ရေအများအပြား စစ်သင်္ဘောထဲကို ဝင်ရောက်လာကြသည်။

စစ်သင်္ဘောများက ယေဘုယျအားဖြင့် ရေလုံခန်းများနဲ့ ဒီဇိုင်းဆွဲထားပြီး နစ်မြုပ်မှု့ကာကွယ်ရေးက ကောင်းမွန်ပေမဲ့ ဒီလို များပြားတဲ့ အပေါက်ကြီးများရှေ့တွင် အဲ့တာတွေက အသုံးမဝင်တော့ပေ။

စစ်သင်္ဘောတစ်စီးလုံးက ဆန်ခါတစ်ခုလို ဖြစ်သွားပြီး ရေလုံခန်းမှာလည်ူ လုံးဝပျက်စီးသွားသည်။

တစ်ခါတစ်ရံ လိပ်ကြီးရဲ့ ပြင်းထန်တဲ့ထိုးချက်ဖြင့် မီတာ ၅၀ ရှည်လျားတဲ့ ဧရာမလှံက စစ်သင်္ဘောရဲ့အလွှာများစွာကို ဖောက်ထွင်းသွားသည်။

ခဏအကြာမှာတော့ ဆန်ခါတစ်ခုလိုထိုးခွဲခံခဲ့ရတဲ့စစ်သင်္ဘောက စတင်စောင်းလာပြီး ထိုအပေါ်မှ လူများက အလျင်အမြန်ပင်လယ်ထဲ ခုန်ချ ခဲ့ကြသည်။

စစ်သင်္ဘောရဲ့ ကပ္ပတိန်က ယခုအချိန်အထိသင်္ဘောအောက်ခြေတွင် အပေါက်ကြီးများရှိနေရခြင်းအကြောင်းရင်းကို လုံးဝ နားမလည်သေးပေ။

စစ်သင်္ဘော ပိုပိုစောင်းလာတာကိုမြင်တဲ့အခါ စစ်သင်္ဘောတွင် အပေါက်ကြီးများရှိနေရခြင်းအကြောင်းရင်းကိုတွေးရန် ကပ္ပတိန် အချိန်မရှိတော့ပေ။ ပထမဦးဆုံးစဉ်းစားရမှာက သူ့အသက်ကိုဘယ်လို ကယ်တင်ရမယ်ဆိုတာပဲဖြစ်သည်။

လိပ်ကြီးက အပေါက် ၃၀ ၊၄၀ ခန့်ဖောက်ပြီးနောက်လျှို့ဝှက်စွာထွက်ခွာသွားပြီး၊ မီတာ ၃၀၀ မှ ၄၀၀ အကွာအဝေးမှနေ၍ သူ့ရလဒ်များကိုကျေနပ်စွာကြည့်နေသည်။

တတိယအမြင်မှတစ်ဆင့် အံ့သြဖွယ်ကောင်းတဲ့ မြင်ကွင်းကို အစအဆုံး လျူယောင် တိုက်ရိုက်ကြည့်ရှုခဲ့ရသည်။

ဒီအချိန်မှာတော့ သူ့ရင်ထဲက ဒေါသမှာ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။ နစ်မြုပ်နေတဲ့စစ်သင်္ဘောကိုကြည့်ရင်း သူကမာန်မာနအပြည့်နဲ့ ရေရွတ်လိုက်သည်။

“အားနည်းလှချည်လား ငါတို့ရဲ့သင်္ဘောကိုဖမ်းဖို့ စိတ်ကူးယဉ်နေတာ အခုတော့ အမိူက် ဖြစ်သွားပြီမို့လား အိန္ဒိယသမုဒ္ဒရာတစ်ခုလုံးက အခုငါ့အပိုင်ဖြစ်နေပြီဆိုတာ မသိဘူးလား ဟမ့် ”

ရှိီရှုံးပေါ်က အမူ့ထမ်းများက အားပေးနေပြီး သူတို့ရဲ့ မျက်စိရှေ့တွင် စစ်သင်္ဘောနစ်မြုပ်နေတာကိုမြင်သောအခါ ရှင်းပြလို့မရတဲ့ ပျော်ရွှင်မူ့ ကို သူတို့ ခံစားလိုက်ရသည်။

အဝေးမှရှိီရွက်ကလည်း စစ်သင်္ဘောနစ်မြုပ်နေတာကိုအနီးကပ်ကြည့်ရှု့ရန် တမင်အနားကပ်လာခဲ့သည်။

“လူတိုင်း ပျော်ရွှင်စရာတစ်ခုကို ကြည့်နေကြတယ်လို့ သဘောထားလိုက် အသက်ကယ်ဖို့ကို မေ့ပစ်လိုက် သူတို့က ငါတို့သင်္ဘောကိုအရင် ဖမ်းချင်တာကြောင့်ပဲ...”

ရှိီရှုံးနှင့်ရှိီရွက်ပေါ်ရှိ လူများက စစ်သင်္ဘောမှာအားလုံးနီးနီးနစ်မြုပ်သွားပြီး ပင်လယ်ပေါ်တွင်အစိတ်အပိုင်းသေးသေးလေးသာပေါ်နေတာ ကို နာရီဝက်ကျော်ကြည့်ရှု့ပြီးနောက် ထွက်ခွာသွားကြသည်။

" ဘော်...ဘော်...ဘော်.."

သင်္ဘောနှစ်စီးထွက်ခွာသွားတဲ့အခါ ဟွန်းများကိုတစ်ပြိုင်နက်တည်းမှုတ်လိုက်ကြပြီး ဟွန်းသံက အဝေးသို့ပင် ပျံ့လွင့်သွားခဲ့သည်။

"မင်းပြော ဒေါသထွက်လား မထွက်ဘူးလား"

ပင်လယ်ရေထဲတွင်တက်လိုက်ဆင်းလိုက်လုပ်နေတဲ့ YD လူမျိုး ရေတပ်သား ၁၀၀ ကျော်က အလွန်ဒေါသထွက်နေကြသည်။

သူတို့က သင်္ဘောနှစ်စီးပေါ်မှ လူများက ကယ်တင်ပေးကြမယ်လို့ မျှော်လင့်ကြပေမဲ့ ဘယ်သူ့မှကူညီပေးခြင်းမရှိတဲ့အပြင် ဟွန်းတောင်မှုတ်ပြီးထွက်ခွာသွားကြသည်။

ထိုသင်္ဘောနှစ်စီးမှာ သူတို့နဲ့ တဖြည်းဖြည်းဝေးကွာသွားကြသည်။ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် YD ရေတပ်သား ၁၀၀ ကျော်ကတော့ အရပ်မျက်နှာ အသီးသီးကို ကူးခပ်လျက် ရှိနေသည်။

ထိုနေရာရှိရေက မီတာတစ်ထောင်ကျော်နက်တာကြောင့် ပင်လယ်ကြမ်းပြင်အောက်ကို နစ်မြုပ်သွားရင် အရိုးပင်ကျန်တော့မှာမဟုတ်တော့ပေ။

“သခင်ရေ ကျွန်တော်ဘာဆက်လုပ်ရမလဲ”

“မင်းလည်းနားလိုက်အုံး ဗိုက်ဆာရင်အရင်စားထားလိုက်”

လျူယောင် ပြန်ဖြေလိုက်သည်။

......

YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာ....

မိုင်ရွန်က ကောင်းတဲ့ စိတ်ခံစားချက်တွင်ရှိနေသည်။ဘာလို့လဲဆိုတော့ အထက်အရာရှိများက Universal ထံမှ ယဉ်ကျေးမှု့အမွေအနှစ်များကိုပြန်ပေးရန်အတွက် တန်ပြန်အစီအမံများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဥပမာအားဖြင့် အရေးအကြီးဆုံးတန်ပြန်အစီအမံမှာ စစ်သင်္ဘောများကိုစေလွှတ်ပြီး.ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ Universal သင်္ဘောများကိုသိမ်းယူကာ လျူယောင်ကိုအရှုံးပေးရန်ဖိအားပေးခြင်းပဲ ဖြစ်သည်။

မိုင်ရွန် ရုံးခန်းထဲတွင်ပျော်ရွှင်စွာထိုင်ကာ ကော်ဖီသောက်ရင်း ဂေးလ်နဲ့ အဲ့ဒီ့အကြောင်းကို ပြောနေသည်။

“အခုတော့စိုးရိမ်စရာ မရှိတော့ဘူး...ငါတို့ရဲ့စစ်သင်္ဘောက ထွက်သွားပြီ ...ခုချိန်ဆို သင်္ဘောပေါ်တောင် တက်နေလောက်ပြီ ငါတို့ သတင်းကောင်းမကြာခင် ကြားရတော့မှာပါ..."

ဂေးလ်ရဲ့ ရာထူးက နိမ့်တာကြောင့် သူက မြောက်ပင့် ပြောလိုက်သည်။

“ခေါင်းဆောင် ခင်ဗျားမှာ နည်းလမ်းရှိနေတာပဲ...”

မိုင်ရွန်က ကျေနပ်စွာ ပြန်ပြောလိုက်သည်။

“ Universal လို သာမာန် ကုမ္ပဏီလေးကိုကိုင်တွယ်ဖို့ ငါ့မှာ နည်းလမ်းတွေအများကြီးရှိပါတယ်ကွာ ...ဟားဟားဟား ”

All Chapters