← Chapters

လိပ်ကြီး၏ ဝါသနာ

Vol. 16 Ch. 238

လိပ်ကြီး၏ ဝါသနာ

Vol. 16 Ch. 238

နှစ်ယောက်သား ပျော်ရွှင်စွာရယ်မောလိုက်ကြသည်။

ကော်ဖီသောက်ရင်း စကားစမြည်ပြောကာ ရယ်မောနေရင်း သူတို့ရဲ့ စစ်သင်္ဘောကတော့ ပင်လယ်အောက်ခြေတွင် နစ်မြုပ်သွားတာကို သူတို့မသိခဲ့ကြပေ။

" တီ တီ တီ.. "

ခဏအကြာတွင် စားပွဲခုံပေါ်ရှိ ဖုန်းသံ မြည်လာခဲ့ရာ လက်ထဲက ကော်ဖီခွက်ကို မိုင်ရွန် ချလိုက်သည်။

"ဒါသတင်းကောင်းဖြစ်ရမယ် ဖြစ်နိုင် တာက Universal ရဲ့ သင်္ဘောတစ်စင်းကို ထိန်းသိမ်းထားတဲ့ သတင်းကောင်းပဲ ထင်တယ် “

ဒီလိုပြောပြီးနောက် သူ ဖုန်းကို ကိုင်လိုက်ပြီး မကြာခင်မှာပဲ သူ့ အမူအရာက ပြောင်းလဲသွားခဲ့သည်။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကွာ "

"ငါတို့က အဆင့်မြင့် ဒုံးကျည်ဖရီးဂိတ်တစ်စီးကို စေလွှတ်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်က သာမန်ရေနံတင်သင်္ဘောတစ်စင်းလေးကို "

ဖုန်းဖြေဆိုပြီးနောက်တွင် အရိုးများထုတ်လိုက် သလို ကုလားထိုင်ပေါ်ကို မိုင်ရွန် ပျော့ခွေလဲကျသွားသည်။

သူ ဖုန်းမဖြေခင်ကတည်းက ပုံစံ နှင့် အခု သူပုံပန်းသဏ္ဍာန်နဲ့ နှိုင်းယှဥ်ကြည့်ရင် ကမ္ဘာကြီး လောက် ခြားနားနေသည်။

ဂေးလ်ကလည်း စိတ်လေးလံစွာနဲ့ မေးလိုက်သည်။

"ဘာကိစ္စမို့လို့လဲ တစ်ခုခုဖြစ်သွားတာလား"

မိုင်ရွန် ဖျော့တော့စွာဖြင့် ပြန်ဖြေလိုက်သည်။

" ငါတို့ရဲ့စစ်သင်္ဘောနစ်မြုပ်သွားပြီး သင်္ဘောသားတစ်ရာကျော်ကို ၂၇ ဦးကိုပဲ ကယ်တင်နိုင်ခဲ့တယ် တဲ့ ..."

"ဘာ..." ဒီကိစ္စက သေချာရဲ့လား ဘယ်လိုဖြစ်တာလဲ.စစ်သင်္ဘောက အကုန် အဆင်ပြေနေတာပဲ ဘယ်လိုနစ်မြုပ်နိုင်မလဲ..."

ဂေးလ်ကလည်း ဒီအကြောင်းကို တွေးနေပေမယ့် အဖြေရှာမရတာကြောင့် သူ့မျက်နှာက အလွန်အံ့အားသင့်နေပုံပါပဲ။

........

Universal ကုပ္မဏီတွင် …

ရှိီရှုံး ကပ္ပတိန်ထံမှ သတင်းကိုရခဲ့တာကြောင့် ဟူးဂျွန်းရှီ စိတ်အားထက်သန်စွာ အော်ပြောလိုက်သည်။

"အကိုယောင် သတင်းကောင်းပါ..."

"လွန်ခဲ့တဲ့တစ်နာရီက YD အစိုးရက ရေနံတင်သင်္ဘော 'ရှီရူံး" ကို သိမ်းပိုက်ဖို့ စစ်သင်္ဘောတစ်စင်း စေလွှတ်ခဲ့ပါတယ်.. "

"နောက်ဆုံးတော့ သူတို့ရဲ့ စစ်သင်္ဘောက ပင်လယ်အောက်ခြေမှာ လုံးဝနစ်မြုပ်သွားပါတယ် ဘယ်လောက်တောင် ကျေနပ်စရာ ကောင်းလဲဗျာ "

လျူယောင်က ဒီအကြောင်းကို ကြို သိခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှု့ကိုပင် အစအဆုံး ကြည့်ရှုခဲ့ရသည်။

ဟူရှီးဂျွန် ရဲ့ သတင်းကိုကြားပြီးနောက် လျူယောင်က ရယ်ရင်း ပြန်ပြောလိုက်သည်။

" သူတို့ရဲ့ စစ်သင်္ဘော နစ်မြုပ်သွားတာ မဆိုးပါဘူး နောက်ထပ် ငါတို့သင်္ဘောကို အခွင့်ကောင်းယူဖို့ သတ္တိရှိလား ကြည့်ကြတာပေါ့ "

ဟူရှီးဂျွန် ခေါင်းညိတ် ထောက်ခံလိုက်သည်။

" သူတို့ရဲ့ စစ်သင်္ဘောတွေ နောက်ထပ် နစ်မြုပ်သွားရင် ဘယ်လောက် ပျော်စရာ ကောင်းလိုက်မလဲဗျာ.. "

ခေတ်မှီစစ်သင်္ဘောတစ်စီး ရဲ့ တန်ကြေးက အရမ်းမြင့်မားလှသည်။

တန်ချိန် ၃၀၀၀ ကျော် ရွှေ့ပြောင်းနိုင်တဲ့ ခေတ်မှီ ဒုံးကျည် ဖရီးဂိတ်တစ်စီးဆို အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၃၀၀ မှ ၅၀၀ အထိ ကုန်ကျပေသည်။ ကောင်းမွန်စွာတပ်ဆင်ထားပြီး ပစ္စည်းအတော်လေးအဆင့်မြင့်နေပါက ဈေးနှုန်းမှာ ဒီထက်အများကြီးပိုကုန်ကျ နိုင်သည်။

YD ဘက်က Universal ရဲ့ ဆံပင်တစ်ချောင်းတောင် မဖမ်းမိဘဲ ခေတ်မီ ပဲ့ထိန်းဒုံးကျည် ဖရီးဂိတ် တစ်စီး အချည်းနှီး ဆုံးရှုံးသွားခဲ့ရသည်။

......

အိန္ဒိယသမုဒ္ဒရာရေပြင်တွင်....

ကောင်းကောင်းအနားယူပြီးနောက် လိပ်ကြီးက ရှီရူံးနဲ့ ရှိီယွဲ့ တို့ ကို ရေမိုင် နှစ်ရာမှ သုံးရာအထိ တိတ်တဆိတ် ကာကွယ်ပေးခဲ့သည်။ YD နိုင်ငံနဲ့ ဝေးကွာတာကို မြင်လိုက်ရမှ လိပ်ကြီး စိတ်ချစွာ ပြန်လှည့်လာခဲ့သည်။

ရှိီနင် နှင့် ကျင်းယောင်သင်္ဘောနှစ်စင်းကတော့ အဖွဲ့လိုက် ရွက်လွှင့်နေပြီဖြစ်ကာ တစ်စီးက အရှေ့အလယ်ပိုင်းသို့ သွားမှာဖြစ်ပြီး နောက်တစ်စင်းမှာ အေဒင်ပင်လယ်ကွေ့ကိုသွားမည်ဖြစ်သည်။ သူတို့က ပင်လယ်နီနဲ့ စူးအက်တူးမြောင်းကိုဖြတ်၍ ဥရောပကို ဝင်ရောက်မှာပဲ ဖြစ်သည်။

"သခင်က ထက်မြက်တာပဲဟ... "

"သင်္ဘောနှစ်စင်းကို လျှို့ဝှက် ကာကွယ်ပေးနိုင်တဲ့ အပြင် ရေမိုင်တစ်ရာ ဒါမှမဟုတ် နှစ်ရာလောက်ဝေးတဲ့ နေရာတွေကိုပါ သွားရောက်ကြည့်ရှု့လို့ရတယ်…”

လိပ်ကြီး စိတ်ထဲကနေ လေးစားစွာ ရေရွတ်လိုက်သည်။

ပထမနေ့ကတော့ အေးချမ်းပေမယ့် ဒုတိယနေ့ကတော့ မတူတော့ပေ။ YD နိုင်ငံ၏ စစ်သင်္ဘောနှစ်စင်းကို လိပ်ကြီး တွေ့ရှိခဲ့ပြီး နောက်ထပ် ရေအောက်မှ ရေငုပ်သင်္ဘောကြီးတစ်စင်းကလည်း ရှိီနင် နဲ ကျင်းယောင် ဆီကို အရှိန်အဟုန်ဖြင့် လာနေသည်။

"သခင်ရေ သတင်း အသစ်တစ်ခုရှိတယ်..."

လိပ်ကြီးရဲ့ သတင်းကိုလက်ခံရရှိပြီးနောက် လျူယောင်က တတိယအမြင်ကိုဖွင့်လိုက်ရာ လိပ်ကြီး က ရေထဲ မှာ ပုန်းအောင်းနေတာကို မြင်ရပြီး ပင်လယ်ရေပြင်ပေါ်က စစ်သင်္ဘောနှစ်စင်းကိုလည်း မြင်လိုက်ရသည်။နောက်ထပ် ရေအောက် မီတာ 100 ကျော်အကွာက ရေငုပ်သင်္ဘောတစ်စင်းကိုလည်း လျူယောင် တွေ့ရှိခဲ့သည်။

"သူတို့ XX ဖြစ်ချင်တာလား... “

ဒီတစ်ကြိမ်တွင် YD အစိုးရက ငွေများစွာ ထပ်မံသုံးစွဲပြန်သည်။

လျူယောင် အမိန့်ပေးလိုက်သည်။

" လိပ်ကြီး ဒီတစ်ခါတော့ မင်းသတိထားရမယ် မင်းကို...သူတို့ မတွေ့မိပါစေနဲ့ လုံလောက်တဲ့ အကွာအဝေးကို ထိန်းထားပြီး နောက်ကနေ တိတ်တိတ်လေး လိုက်သွားလိုက်ပါ "

လိပ်ကြီး နောက်ကနေ တိတ်တဆိတ် လိုက်သွားခဲ့ပြီး နာရီအနည်းငယ်ကြာပြီးနောက် အလွန်ရှင်းလင်းလာသည်။

သူတို့က သင်္ဘောနှစ်စင်းဆီကို အမှန်တကယ် ဦးတည်သွားနေပေသည်။

နှစ်ဘက်ကြား အကွာအဝေးမှာ တဖြည်းဖြည်းနီးကပ်လာကာ မကြာခင်မှာပဲ ရှိီနင် နှင့် ကျင်းယောင်ပေါ်ရှိ အမှုထမ်းများကလည်း YD စစ်သင်္ဘောနှစ်စင်းကို တွေ့လိုက်ရသည်။

"ဟိုမှာ ကြည့်အုံး စစ်သင်္ဘောနှစ်စင်း ငါတို့ဆီလာနေတယ် ...."

"သူတို့က အရမ်းမြန်တာပဲ လာတဲ့ပုံစံတွေက မကောင်းဘူးလို့ ငါ ဘာလို့ခံစားနေရတာလဲ "

"ငါလည်း ခံစားလို့ရတယ် ဒီလောက်အကွာအဝေးကနေ လူသတ်ချင်တဲ့အငွေ့အသက်ကို ခံစားရတယ် "

သင်္ဘောနှစ်စင်းရဲ့ အမှုထမ်းများက အနည်းငယ် ထိတ်လန့်သွားပြီး စစ်သင်္ဘောနှစ်စင်း နီးကပ်လာတာကို စိုက်ကြည့်နေကြသည်။ လူတိုင်းမသိတာက ရေအောက်တွင် နောက်ထပ် ရေငုပ်သင်္ဘောတစ်စင်း ရှိတာကိုပင်။

ရေငုပ်သင်္ဘောထဲမှ သင်္ဘောသားတွေက ရေအောက်မှာရှိတဲ့ လှုပ်ရှားမှု့ကို စောင့်ကြည့်နေကြသည်။ အနီးနားတွင် ရေငုပ်သင်္ဘော သို့မဟုတ် ရေအောက် ကိရိယာ တစ်မျိုးမျိုး ရှိနေပါက သူတို့ အဲ့တာကို တွေ့ရှိလိမ့်မယ်လို့ ယုံကြည်ထားသည်။

"လိပ်ကြီးကိုရော တွေ့နိုင်ပါသလား "

သူတို့က အလွန်အထင်ကြီးပြီး ယုံကြည်မှု့လွန်ကဲနေတာ ထင်ရှားလှ သည်။ခုအချိန်တွင် ထိုရေငုပ်သင်္ဘောရဲ့ဘေး မီတာ 100 လောက်တွင် လိပ်ကြီး ရှိနေသည်။

"သခင် ဒီရေငုပ်သင်္ဘောကို အရင်လုပ်လိုက်ရလား "

လျူယောင် ပြင်ပအမြင်အာရုံနဲ့ ကြည့်နေပြီး ပြန်ဖြေလိုက်သည်။

"ခဏစောင့်ရအောင် သူတို့ ငါတို့သင်္ဘောကို အော်တဲ့အထိ စောင့်ပါအုံး.."

ရေအောက်ထဲရှိ ရေငုပ်သင်္ဘောက အန္တရာယ်ရှိလာမှာကို မသိပေ ။တခြား စစ်သင်္ဘောနှစ်စင်းကလည်း Universal ရဲ့သင်္ဘောနှစ်စင်းကို ကျော်လွန်နေပြီဖြစ်သည်။

အကွာအဝေးကလည်း အလွန်နီးကပ်နေပြီး သင်္ဘောနှစ်စင်းရဲ့ အမှုထမ်းများမှာ စစ်သင်္ဘောနှစ်စင်းပေါ်မှ YD သင်္ဘောသားများကို ရှင်းရှင်းလင်းလင်း မြင်နိုင်လုနီးပါး ဖြစ်သည်။

သူတို့က မကျွမ်းကျင်တဲ့ မန်ဒရင်းစကား နဲ့ အရင်ဆုံးအော်ပြောလိုက်သည်။

"ကျေးဇူးပြု၍ သင်္ဘောကို ချက်ချင်းရပ်ပြီး ကျွန်တော်တို့ရဲ့ စစ်ဆေးတာကို လက်ခံပေးပါ "

လျူယောင် မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။

" ဒါက အရင်ပုံစံအတိုင်းပဲ အသစ် အဆန်းတစ်ခုမရနိုင်ဘူးလား "

"လိပ်ကြီး အဲဒါကို လုပ်လိုက်တော့ သူတို့ရဲ့ ရေငုပ်သင်္ဘောကို အရင် ထိုးဖောက်လိုက် "

" အိုကေဘာ သခင် "

လိပ်ကြီး ဝမ်းသာအားရ ပြန်ပြောကာ အရှည် 50 မီတာ ရှိပြီး တန် 80 လေးတဲ့ ဧရာမလှံကို ကိုင်၍ ရေငုပ်သင်္ဘောကို ပြင်းပြင်းထန်ထန် စောင့်ထိုးလိုက်သည်။

"ဘုံး"

ရေအောက်မှ ကျယ်လောင်တဲ့ ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး ရေငုပ်သင်္ဘောအတွင်းပိုင်းကို လှံက အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ဧရာမ လှံကြီးကို လိပ်ကြီး ဆွဲထုတ်ပြီးနောက် အပေါက်ကြီးတစ်ခု ပေါ်လာကာ ပင်လယ်ရေများက အတွင်းထဲကို စီးဝင်လာခဲ့သည်။ လိပ်ကြီး က ထပ်ခါ ထပ်ခါ ဖောက်နေတာကြောင့် အပေါက်ကြီးတစ်ပေါက်ပြီး တစ်ပေါက် ပေါ်လာပြီး နောက် အပေါက် ခုနစ်ပေါက် ရှစ်ပေါက်ထိ လိပ်ကြီး ဆက်တိုက် ဖောက်နေသည် ။

လိပ်ကြီးက ဒီလို ထိုးဖောက်ရတာကို ပျော်ရွှင်နေပုံရပြီး လျူယောင် က ရပ်တန့်ဖို့ မပြောမချင်း ရပ်တန့်မဲ့ပုံ မပေါ်ပေ။

နောက်ထပ် လိပ်ကြီး က တန်ချိန် 5,000 ခန့် ရှိပြီး ရွှေ့ပြောင်းနိုင်တဲ ပဲ့ထိန်းဒုံးကျည် ဖျက်စစ်သင်္ဘောရဲ့ အောက်ခြေကိုလျင်မြန်စွာရောက်ရှိလာကာ ဧရာမလှံကြီးနဲ့ ပြင်းပြင်းထန်ထန် စောင့်ထိုးလိုက်ပြန်သည်။

All Chapters