← Chapters

မင်းတို့ ကြမ်းကြမ်းတမ်းတမ်း မပြောတတ်တော့ဘူးလား

Vol. 16 Ch. 239

မင်းတို့ ကြမ်းကြမ်းတမ်းတမ်း မပြောတတ်တော့ဘူးလား

Vol. 16 Ch. 239

“ဒုန်း...”

သင်္ဘောအောက်ခြေမှ တဒုန်းဒုန်းမြည်သံထွက်လာပြီးစစ်သင်္ဘောပေါ်ကလူများ အနည်းငယ်တုန်လှုပ်သွားကြသည်။

အတွေ့အကြုံရှိတဲ့ကပ္ပတိန်က ချက်ချင်းမျက်နှာပြောင်းသွားပြီး.ကျယ်လောင်စွာ အော်လိုက်သည်။

“ဘာတွေဖြစ်နေတာလဲ..."

သူပြောပြီးတာနဲ့ နောက်ထပ်အနည်းငယ်တုန်ခါမှု့တစ်ခုထပ်ဖြစ်လာပြီး သူ့ရဲ့မျက်နှာက ပိုမို့ ပြောင်းလဲသွားသည်။ သူက တစ်ခုခုကိုကြိုတင်သိရှိပုံရပြီး အလျင်အမြန်ပင် အမိန့်ပေးလိုက်သည်။

“အသံက သင်္ဘောအောက်ကလာတာ မြန်မြန် ဘာဖြစ်နေလဲဆိုတာစစ်ဆေးလိုက်..."

သင်္ဘောသားတစ်ယောက်က ဖုန်းကိုကိုင်ကာ အောက်ဆုံးခန်းရှိဝန်ထမ်းများကိုခေါ်ရန်ပြင်ဆင်နေစဉ် အပြင်ဘက်မှ တစ်ယောက်က ခလုတ်တိုက်မတတ် ပြေးဝင်လာကာ ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။

“ကပ္ပတိန် မရတော့ဘူး..မရတော့ဘူး ကျွန်တော်တို့ရဲ့ သင်္ဘောအောက်ခြေမှာ အပေါက်ကြီးတစ်ပေါက်ရှိနေပြီး ပင်လယ်ရေတွေအများကြီးဝင်လာနေတယ်”

“ဘာ..."

" ဒါ လွန်ခဲ့တဲ့ ရက်အနည်းငယ်က စစ်သင်္ဘောနဲ့တူနေတာလား "

ပြီးခဲ့တဲ့ တစ်ခေါက်က သူတို့ရဲ့စစ်သင်္ဘောတစ်စီးက Universal ရဲ့သင်္ဘောကိုသိမ်းယူရန်ပြင်ဆင်နေစဉ် အိန္ဒိယသမုဒ္ဒရာ၏ ရေနက်ပိုင်းတွင်နစ်မြုပ်သွားခဲ့ရသည်။

“မြန်မြန်..လှုပ်ရှားနေတဲ့ဆိုနာကိုဖွင့်ပြီး.အချက်ပေးခရာမူတ်လိုက်..."

စစ်သင်္ဘောတစ်စီးလုံးပေါ်တွင် ပြေးလွှားနေကြပြီး..ကျယ်လောင်တဲ့ အချက်ပေးခရာသံထွက်ပေါ်လာသည်။ မလှမ်းမကမ်းတွင် ဒုံးကျည်တပ်ဖရီးဂိတ်သင်္ဘောရှိနေပြီး ဒေသဆိုင်ရာလေကြောင်းကာကွယ်ရေးတာဝန်အပြင် သူ့ရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးပဲ ဖြစ်သည်။

စစ်သင်္ဘောပေါ်ရှိ လှုပ်ရှားနေတဲ့ဆိုနာကိုဖွင့်လိုက်ပြီး သူတို့က ဒုံးကျည်ဖျက်သင်္ဘောအောက်တွင် ပုံမှန်မဟုတ်တဲ့ အရာတစ်ခုရှိနေတာကို လျင်မြန်စွာတွေ့ရှိခဲ့ကြကာ ဘာကြီးလဲဆိုတာကိုတော့ သူတို့ ရှင်းလင်းစွာမသိရပေ။

“ကပ္ပတိန် တော်ပီဒိုလွှတ်တင်ရမလား”

သင်္ဘောကပ္ပတိန်က မျက်လုံးကို တိုက်ရိုက်လှိမ့်လိုက်သည် ။ "ဒီကောင် ဘယ်လိုလုပ်တော်ပီဒိုကိုလွှတ်တင်ခိုင်းတာလဲဟ ဒီကောင်က စစ်သင်္ဘောကို မြန်မြန်နစ်မြုပ်စေချင်တာလား..."

သူတို့လည်း အကူအညီမဲ့နေပြီး ဒုံးကျည်ဖျက်သင်္ဘောတစ်ခုခု ဖြစ်နေတာကိုသာ ရပ်ပဲ ကြည့်နေနိုင်ခဲ့သည်။

ရှိီနင်နဲကျင်းယောင်ပေါ်ရှိ အမှု့ထမ်းများက လက်ခုပ်တီးကာ အားပေးနေကြကာ တစ်ယောက်ပြီးတစ်ယောက်လည်ပင်းကိုဆန့်၍ ကြည့်နေကြသည်။

“ဟားဟား ဘာတွေဖြစ်နေတာလဲ မသိဘူး သူတို့စစ်သင်္ဘောပေါ်ကလူတွေ အရမ်းရှုပ်ထွေးနေပုံရတယ် ”

“တစ်ခုခုဖြစ်နေတာသေချာတယ် ဟားဟား ငါတို့ သင်္ဘောကိုဖမ်းဖို့စဉ်းစားနေတာလား အခုတော့ကိုယ့်ကိုယ်ကိုတောင်ကာကွယ်ဖို့တောင် ခက်နေပြီထင်တယ်”

“အရမ်းမိုက်တယ် ကျွန်တော့်ဖုန်းဘယ်မှာလဲ ဓာတ်ပုံရိုက်ချင်တယ်”

.

သင်္ဘောနှစ်စီးပေါ်ရှိအမှု့ထမ်းများအားလုံး အလွန်ပျော်ရွှင်နေကြသည်။ အထူးသဖြင့် YD ရေတပ်သားအချို့ရေဆင်းငုတ်တဲ့အခါတွင် ကြည့်ရှုရတာ ပျော်စရာကောင်းလှသည်။

လိပ်ကြီးက သင်္ဘောအောက်ခြေတွင်ရှိနေပြီး ပထမဦးဆုံး တန် ၅,၀၀၀ ရှိတဲ့ ဒုံးကျည်ဖျက်သင်္ဘောကို ဆန်ခါလို ထိုးခွဲပြီးနောက် မရပ်တန့်ဘဲ တန် ၃,၀၀၀ ရှိတဲ့ ဒုံးကျည်တပ်ဖရီးဂိတ်အောက်ကို လျင်မြန်စွာရောက်ရှိလာခဲ့သည်။

လိပ်ကြီး ဧရာမလှံကိုကိုင်ကာ ထပ်ခါထပ်ခါထိုးလိုက်ပြီး အပေါက်များတစ်ပေါက်ပြီးတစ်ပေါက်ပြင်းပြင်းထန်ထန်ဖောက်လိုက်ကာ အပေါက်နှစ်ဆယ် ၊ သုံးဆယ်ခန့်ဖောက်ပြီးမှ ရပ်တန့်ခဲ့သည်။

......

" ဘာ.. မဖြစ်နိုင်ဘူး..."

မိုင်ရွန်က ဖုန်းဖြေလိုက်ပြီး စစ်သင်္ဘောနှစ်စီးနှင့် ရေငုပ်သင်္ဘောတစ်စီးတို့က အိန္ဒိယသမုဒ္ဒရာအောက်ခြေကို နစ်မြုပ်သွားကြောင်းသတင်းရတာကြောင့် သူ့ရဲ့မျက်နှာက ဖြူဖျော့သွားသည်။

"နှစ်ကြိမ်ဆက်တိုက်ရှုံးနိမ့်ခဲ့ရပြီး ကြီးလေးတဲ့တန်ဖိုးကိုပေးဆပ်ပြီးနောက်... စစ်တပ်က Universal ရဲ့ သင်္ဘောကိုသိမ်းယူရန် ထပ်မံပူးပေါင်းတော့မှာမဟုတ်တော့ဘူး.."

မိုင်ရွန် သူ့ကိုယ်သူ စိတ်ပျက်စွာ ရေရွတ်လိုက်သည်။

မိုင်ရွန် ဘာဆက်လုပ်ရမလဲဆိုတာကိုမသိတော့ပေ။

အချိန်အတော်ကြာစဉ်းစားပြီးနောက် သူ ထပြီးအဆင့်မြင့်အရာရှိများကိုအစီရင်ခံရုံမှ လွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

သူအစီရင်ခံဖို့မလိုအပ်ဘူးလို့ ခန့်မှန်းရသည်။

အဆင့်မြင့်အရာရှိများက ဒီ ယဉ်ကျေးမှု့အမွေအနှစ်များကိုဘယ်လို ပြန်ယူရမယ်ဆိုတဲ့ ကိစ္စကိုစဉ်းစားပြီးလောက်သည်။

.........

Universal တွင်....

ဟူဂျွန်းရှီက ပျော်ရွှင် နေပုံပေါက်ပြီး လျူယောင်ရဲ့ရုံးခန်းထဲကို စိတ်လှုပ်ရှားစွာဝင်လာကာ ပြောလိုက်သည်။

" အကိုယောင် ရှီနင် ဆီက အခုပဲ သတင်းရတယ် သူတို့ကို ဖမ်းဆီးဖို့ လုပ်နေတဲ့ စစ်သင်္ဘောနှစ်စီး နစ်မြုပ်သွားပြန်ပြီတဲ့ ဘယ်လောက်တောင် ပျော်စရာ ကောင်းလိုက်သလဲ "

ဒါကိုကြားတော့ လျူယောင်လည်းပျော်ရွှင်စွာရယ်မောလိုက်သည်။

ဒီကိစ္စနှင့်ပတ်သက်ပြီးလျူယောင် သေချာသိသည်။

သူတို့ နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ကြီး မားတဲ့ အရူံးများသာ ရခဲ့သည်။ သူတို့သာ တတိယအကြိမ် လုပ်ဖို့စဉ်းစားနေသေးရင် စိတ်မှန်တော့မှာ မဟုတ်ဘူးဆိုတာကိုပင်။

ရက်အနည်းငယ်ကုန်လွန်သွားခဲ့သည်။

လျူယောင် မျှော်လင့်ထားသည့် အတိုင်းပင် သူသင်္ဘောကို စစ်ဆေးရန်လိုအပ်တယ်လို့ ပြောတဲ့ စစ်သင်္ဘောများ မလာတော့ဘဲ အိန္ဒိယသမုဒ္ဒရာတွင် ရွက်လွှင့်နေတဲ့ သင်္ဘောများ အားလုံးလုံခြုံနေသည်။

ဒါပေမဲ့ ဒီနေ့ နံနက်တွင် Universal က YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးစင်တာမှ ဖက်စ်တစ်စောင်လက်ခံရရှိခဲ့သည်။

“ကောင်းမွန်စွာဆွေးနွေးရန်လာချင်သည်” ဟု ရေးထားသည်။

လျူယောင် လက်ထဲတွင်ရှိနေတဲ့ ဖက်စ်ကို ဖတ်ပြီးနောက်သူပြုံးလိုက်သည်။

“မင်းတို့က စကားလုံး ကြမ်းကြမ်းတမ်းတမ်းမသုံးတော့ဘူးလား. မင်းတို့က အယောင်ဆောင်မပြောဘူးလား ဒီဖက်စ်ရဲ့လေသံက ဘာဖြစ်လို့အရမ်းယဉ်ကျေးနေတာလဲ မင်းတို့ရဲ့သဘောထားက ဘာဖြစ်လို့အဲလောက်နိမ့်ကျနေတာလဲ”

လျူယောင် စိတ်ထဲတွင် တွေးလိုက်သည်။

“ဒါကိုအရင်ကတည်းကသိခဲ့ရင် ဘာလို့ မလုပ်ခဲ့တာလဲ..."

စစ်သင်္ဘောသုံးစီးနှင့် ရေငုပ်သင်္ဘောတစ်စီးကို အချည်းနှီးဆုံးရှုံးခဲ့ပြီးနောက် YD က အောက်ကျို့ကာ

“လာရောက်လည်ပတ်မည်” လို့ ပြောနေသည်။

လျူယောင် ခဏစဉ်းစားပြီးနောက် ဟူဂျွန်းရှီကို ညွန်ကြားလိုက်သည်။

“သူတို့ကိုပြန်ပြောလိုက်... နှစ်ဖက်စလုံးထိုင်ပြီးစကားပြောနိုင်တယ်...ငါတို့ရဲ့တောင်းဆိုချက်က အမေရိကန်ဒေါ်လာ ၂ ဘီလီယံပဲ...ဒါ့အပြင် ငါတို့ရဲ့သင်္ဘောတွေကို သူတို့ရဲ့အဓိကဆိပ်ကမ်းသုံးခုမှာ အခမဲ့ဆိုက်ကပ်ခွင့်ပြုရမယ်ဆိုတာကို.."

ဟွာဟိုင်းမြို့မှ အရှေ့အလယ်ပိုင်းသို့ ဥရောပ ခရီးစဥ်မှာ ရှည်လျားလှသည်။ နားနေရန် ဒါမှမဟုတ် ဆီ ပြန်ဖြည့်ရန် YD ဆိပ်ကမ်းတွင် ရပ်တန့်ခြင်းမှာ ကောင်းမွန်တဲ့ ရွေးချယ်မှု့ပဲ ဖြစ်သည်။

လျူယောင်ရဲ့ဆိုလိုရင်းကို ဟူဂျွန်းရှီ နားလည်ပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“ ဟုတ်ကဲ့ပါ အစ်ကိုယောင် ကျွန်တော်ပြောလိုက်ပါ့မယ်”

.........

နှစ်ရက်ကြာပြီးနောက်…

YD နိုင်ငံမှ လေယာဉ်တစ်စီးက ဟွာဟိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက်လာ ခဲ့သည်။

လေယာဉ်ပေါ်မှဆင်းလာတဲ့ ခရီးသည်များထဲတွင် မိုင်ရွန်နဲ့သူ့ရဲ့အဖွဲ့လည်း ပါဝင်ပေသည်။

မိုင်ရွန်က Universal မှ လူများနဲ့ဆွေးနွေးရန် လာခဲ့ခြင်းဖြစ်ကာ အမွေအနစ် ရတနာ များကိုပြန်လည် ရရှိရန် မျှော်လင့်ထား ခဲ့သည်။

လေဆိပ်ကထွက်လာတဲ့အခါ မိုင်ရွန်က သူ့ကိုကြိုဆိုမဲ့သူ မရှိတာကိုမြင်တဲ့အခါ အနည်းငယ် ဒေါသထွက်သွားသည်။

ဒါပေမဲ့ ဒီတစ်ကြိမ်တွင် အခြားတစ် ယောက် ကို တောင်းပန်ရန်လာခဲ့တာဟုတွေးလိုက်ပြီး ရင်ထဲမှဒေါသကို ဖော်ပြဝံ့ခြင်းမရှိပေ။

သူ့ရဲ့ လူများနှင့်အတူ တက္ကစီနှစ်စီးကိုစီး ကာ ကိုယ်ပိုင်စရိတ်ဖြင့် ဟိုတယ်တစ်ခု ကိုရှာ၍ တည်းခိုခဲ့ရသည်။

All Chapters