← Chapters

ကောက်ရိုးပုံထဲ သေတ္တာရှာခြင်း

Vol. 16 Ch. 234

ကောက်ရိုးပုံထဲ သေတ္တာရှာခြင်း

Vol. 16 Ch. 234

ထိုယဉ်ကျေးမှု့အမွေအနှစ် ၂၇ ခုအနက် အများစုမှာ အမျိုးသားရတနာများဖြစ်ပြီး ငွေကြေးဖြင့်တိုင်းတာလို့မရနိုင်လောက်အောင် အဖိုးတန်လှသည်။

YD နိုင်ငံ၏ ဝန်ကြီးချုပ်ပင် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးစင်တာကို ဖုန်းအကြိမ်ကြိမ်ခေါ်ပြီး သတင်း လှမ်းလှမ်း မေးနေသည်။

“လူကြီးမင်းတို့.. အခြေအနေက အလွန်အရေးကြီးတယ် ဘယ်နည်းလမ်းကိုပဲသုံးသုံး လူအင်အား ပစ္စည်းအင်အား ဘယ်လောက်ပဲကုန်ကျကုန်ကျ ဒီယဉ်ကျေးမှု့အမွေအနှစ်တွေကို အမြန်ဆုံးရှာဖွေရမယ်...”

YD စင်တာမှ တာဝန်ခံပုဂ္ဂိုလ်က အလွန်လေးနက်တဲ့ လေသံဖြင့်ပြောလိုက်သည်။

သူစကားပြောပြီးနောက် အရာရှိတစ်ဦးက သတိပေးလိုက်သည်။

“ဒီပျက်ကျခဲ့တဲ့လေယာဉ်ရဲ့ အပိုင်းအစကို Universal က ပထမဆုံးရှာတွေ့ခဲ့တာပါ သူတို့က လေယာဉ်အပိုင်းအစနှစ်ခုကိုလည်း ဆယ်ယူခဲ့တယ် ..အဲ့ဒီယဉ်ကျေးမှုအမွေအနှစ်တွေကို သူတို့ရှာတွေ့ပြီး ယူသွားတာများလား...”

သူစကားမဆုံးမီ မိုင်ရွန်က ဖြတ်ပြောလိုက်သည်။

“ဒီဖြစ်နိုင်ခြေက မရှိနိုင်ဘူး အချိန်လည်းမလုံလောက်ဘူး သူတို့က လေယာဉ်ပျက်အပိုင်းအစကိုတွေ့တယ်ဆိုတာ ကျွန်တော်တို့ကို အကြောင်းကြားတယ် ပြီးတော့ ကျွန်တော်အမြန်ဆုံးထွက်လာခဲ့တာ...”

ဂေးလ်လည်း ထိုအမြင်ကိုသဘောတူပြီး ပြောလိုက်သည်။

“ဟုတ်တယ် ကျွန်တော်လည်း သူတို့မဟုတ်ဘူးလို့ထင်တယ် သူတို့က အဲဒီပင်လယ်ပြင်ကို ရောက်တာမကြာသေးဘူး...ကျွန်တော့်မှာ ဂြိုဟ်တုဓာတ်ပုံတွေရှိပါတယ် ...”

သူက ပြင်ဆင်ထားပုံရပြီး ဂြိုဟ်တုဓာတ်ပုံများပင် အဆင်သင့်ရှိနေသည်။ ဂြိုဟ်တုဓာတ်ပုံများအရ ဘလူးဝေးလ်က ထိုပင်လယ်ရေပြင်တွင် ရွက်လွှင့်ချိန်မှာ တကယ်မကြာသေးပေ။

ဒါဆို ယဉ်ကျေးမှု့အမွေအနှစ်များကို Universal က ယူသွားတာမဟုတ်ရင် အဲ့ပစ္စည်းတွေ က ဘယ်မှာရှိနေတာလည်း.. ။

အစည်းအဝေးခန်းထဲမှ ဆွေးနွေးမှု့များနဲ့အမြင်များက နောက်ဆုံးတွင် တစ်လေသံ တည်း မဖြစ်တာကြောင့်၊ယ ဆက်လက်ရှာဖွေကာ ရှာဖွေမှု့နယ်ပယ်ကို ချဲ့ထွင်ယုံမှလွဲပြီးအခြားရွေးချယ်စရာမရှိတော့ပေ။

အခြားသူများက ကောက်ရိုးပုံထဲမှ အပ်တစ်ချောင်းကိုရှာနေကြပေမဲ့ သူတို့က ကောက်ရိုးပုံထဲက သေတ္တာတစ်လုံး ကိုရှာနေကြသည်။

YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာမှ အရာရှိများ ဘယ်လိုတွေးနေလဲဆိုတာ လျူယောင် ဂရုမစိုက်ပေ။

ဘာတွေပဲဖြစ်ဖြစ် ဒီ ယဉ်ကျေးမှု့အမွေအနှစ်သေတ္တာကြီးနှစ်လုံးကို ဟွာဟိုင်းယဉ်ကျေးမှု့ကုမ္ပဏီရဲ့ ဘဏ်အခန်းထဲတွင် သူ ခေတ္တထားရှိထားသည်။

ဒီကိစ္စကိုသိတဲ့သူက လူအနည်းငယ်သာရှိပြီး လျှို့ဝှက်ချက်က အလွန်မြင့်မားသည်။

တင်းဝိန်ကို ဒီကိစ္စကိုခေတ္တလျှို့ဝှက်ထားရန် လျူယောင် ပြောထားခဲ့ပြီး ဟွာဟိုင်းယဉ်ကျေးမှု့တွင် နောက်ဆယ်ရက်ခန့်အတွင်း ပြပွဲတစ်ခုကျင်းပမှာပဲဖြစ်သည်။

ထိုအထဲတွင် YD အမျိုးသားရတနာဖြစ်သည့် ဗုဒ္ဓဓာတ်တော်လည်းပါဝင်သည်။

ဟွာဟိုင်းယဉ်ကျေးမှု့ကလည်း ပြပွဲအတွက် စီစဉ်မှု့များနှင့် ပြင်ဆင်မှု့များစွာ လုပ်ခဲ့ရသည်။

ဆယ်ရက်ဆက်တိုက် Universal တွင် ငြိမ်သက်နေသည်။

ဘလူးဝေးလ်ကလည်း မလက္ကာရေလက်ကြားကိုနောက်ဆုံးဖြတ်ကျော်ပြီး ယခုအခါ ယန်နိုင်ငံရဲ့တောင်ဘက်ပင်လယ်ထဲကိုရောက်ရှိလာပြီဖြစ်သည်။

လေယာဉ်ပျက်ကျခဲ့တဲ့ ပင်လယ်ပြင်ကို သွားတဲ့အခါ အရှိန်အပြည့်ဖြင့်သွားခဲ့ပြီး အမြန်နှုန်းမြင့်မားစွာ ရွက်လွှင့်ခဲ့တာကြောင့် ဆယ်ရက်ကျော်သာကြာခဲ့သည်။

အပြန်ခရီးတွင်တော့ ဖြေးဖြေးချင်းသာသွားခဲ့ရာ ပိုမိုနှေးကွေးလျက်ရှိသည်။ ဟွာဟိုင်းမြို့ကိုရောက်ရန် ရက် ၂၀ ခန့်ကြာမယ်လို့ ခန့်မှန်းရသည်။

ဘာလိုလိုနဲ့ ဆယ်ရက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

လျူယောင်ရဲ့ရုံးခန်းထဲကို တင်းဝိန် ဝင်လာပြီး ပြောလိုက်သည်။

“အစ်ကိုယောင် ပြပွဲအဆင်သင့်ဖြစ်ပါပြီ မနက်ဖြန်မနက် ၉ နာရီမှာ ကျွန်တော်တို့ကုမ္ပဏီမှာကျင်းပမှာပါ...အစ်ကိုလာကြည့်ချင်လား..”

လျူယောင် ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

“ငါမလာတော့ဘူး မင်းလုံခြုံရေးကိုကောင်းကောင်းလုပ်ထားအုံး ဘာမှအမှားအယွင်းမဖြစ်အောင်လုပ်ပါ...”

တင်းဝိန်က ယုံကြည်မှု့အပြည့်ဖြင့် ပြန်ပြောလိုက်သည်။

“ဘာမှ အမှားအယွင်းမရှိစေရပါဘူး အကိုယောင်ရ ကျွန်တော်အာမခံပါတယ်”

ပြပွဲကို လူအများအတွက်ဖွင့်လှစ်ထားခြင်းမဟုတ်ဘဲ သတင်းထောက်များကိုလည်း ဖိတ်ကြားထားခြင်းမရှိပေ။

ဖိတ်ကြားထားတဲ့ လူအားလုံးက စုဆောင်းမှု့အသိုင်းအဝိုင်းမှဖြစ်ပြီး လူဦးရေစုစုပေါင်း နှစ်ရာ သို့မဟုတ် သုံးရာခန့်သာရှိသည်။

ပို စိတ်ဝင်စားစရာကောင်းတဲ့အချက်မှာ ထိုနှစ်ရာ သို့မဟုတ် သုံးရာခန့်ရှိတဲ့ လူများအနက် YD လူမျိုးအနည်းငယ်ပါဝင်နေသည်။ ယန်နိုင်ငံတွင်နေထိုင်တဲ့ YD စုဆောင်းသူများ ဖြစ်လောက်မည်။

" အင်း မနက်ဖြန် ပြပွဲက စိတ်ဝင်စားစရာတော့ ကောင်းပြီ..."

တင်းဝိန် ပြန်သွားပြီးနောက် လျူယောင် ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။

ဟွာဟိုင်းယဉ်ကျေးမူ့ကုမ္ပဏီက ရှေးဟောင်းပစ္စည်းပြပွဲကို တရားဝင် ဖွင့်လစ်ခဲ့သည်။

စုစုပေါင်းပြသထားတဲ့ အရာများက တစ်ထောင်နီးပါးရှိပြီး ဆုန်မင်းဆက်ကြွေထည်မြေထည်များအပြင်၊ လက်ရေးပန်းချီကားများ၊ ကြေးဝါပစ္စည်းများစသည်တို့လည်းပါဝင်သည်။

အာရုံ အစိုက်ခံရဆုံးက YD အမျိုးသားရတနာအချို့ဖြစ်ပေသည်။

စုစုပေါင်းသုံးခုရှိပြီး.၂၇ ခုလုံးကို ထုတ်ပြမထားပေ။ ထိုယဉ်ကျေးမှု့အမွေအနှစ်သုံးခုကို အလွန်ထင်ရှားတဲ့ နေရာတွင်ပြသထားသည်။

ယဉ်ကျေးမှု့အမွေအနှစ်တစ်ခုစီရဲ့ အပြင်ဘက်တွင် ကျည်ကာဖန်ခွက်အဖုံးနဲ့ကာကွယ်ပေးထားကာ ဘေးတွင်ရိုးရှင်းတဲ့စာတန်းမိတ်ဆက်တစ်ခုရှိနေသည်။

ဗုဒ္ဓဓာတ်တော်ကဲ့သို့ပင် အလွန်တောက်ပနေတာကြောင့် လူအများ၏ အာရုံကိုဆွဲဆောင်နိုင်ခဲ့သည်။ ခဏအကြာမှာတော့ ထိုပတ်ပတ်လည်တွင်လူများပြည့်နှက်လာခဲ့သည်။

ဖိတ်ကြားခံရတဲ့ ဧည့်သည်နှစ်ရာ သုံးရာခန့်က စုဆောင်းမှု့အသိုင်းအဝိုင်းမှလူများဖြစ်တာကြောင့် သူတို့ရဲ့အမြင်က အလွန်စူးရှလှသည်။

“အိုးဘုရားရေ ဒါ YD ရဲ့ ဗုဒ္ဓဓာတ်တော်ပဲ အဖိုးမဖြတ်နိုင်တဲ့ရတနာပါ ဒါကဒီနေရာမှာဘယ်လိုလုပ်ရောက်နေတာလဲ...”

တစ်စုံတစ်ဦးက အာမေဍိတ်အသံပြုလိုက်သည်။

“မယုံနိုင်စရာပဲ ”

" ဘုရားရေ... YD နိုင်ငံရဲ့ ရတနာက ဒီနေရာမှာ ဘာလို့ ရောက်နေတာလဲ...."

ပတ်ပတ်လည်တွင် အာမေဍိတ်သံများထွက်ပေါ်လာခဲ့ပြီး ခဏအကြာတွင် လူများစွာ တုန်လှုပ်သွားကြသည်။ သူတို့မျက်လုံးများမှားယွင်း မြင်နေတာပါဟု တွေးလိုက်ကြပေမဲ့ ဒါက အတုအယောင်မဟုတ်ဘဲ အစစ်အမှန်ဖြစ်နေသည်။

YD မှဧည့်သည်များက ပိုအံ့သြနေကြသည်။ သူတို့နိုင်ငံရဲ အဖိုးတန်ဆုံး ဗုဒ္ဓဓာတ်တော်က ဒီနေရာတွင် ဘယ်လို ပြသထားတာလဲဆိုတာ နားမလည်နိုင်ခဲ့ပေ။

“ဗုဒ္ဓဓာတ်တော်က ပျက်ကျခဲ့တဲ့လေယာဉ်နဲ့အတူ ပင်လယ်ထဲနစ်မြုပ်သွားတာ မဟုတ်ဘူးလား ဒါဆို ဘာဖြစ်လို့ဒီမှာပြသနေရတာလဲ...”

သူတို့ရဲ့ စိတ်ထဲတွင် အံ့အားသင့်ကာ တွေးနေကြသည်။

အံ့အားသင့်စွာနဲ့ ထိုလူက YD အစိုးရကို အစီရင်ခံရန်စီစဉ်လိုက်သည်။

ပြပွဲက နေ့တစ်ဝက်သာဖြစ်တာကြောင့် နံနက် ၉ နာရီမှစတင်ကာ နေ့လယ် ၁၂ နာရီတွင် ပြီးဆုံးမှာပဲဖြစ်သည်။ သုံးနာရီ အချိန်က လုံလောက်သည်။

အောင်မြင်စွာပြီးဆုံးပြီးနောက် တင်းဝိန်က ပြပွဲအခြေအနေကို လျူယောင်ထံအစီရင်ခံသည်။

“အစ်ကိုယောင်..အဲဒီပစ္စည်းတွေကိုမြင်ရတဲ့ YD လူမျိုးတွေရဲ့မျက်နှာအမူအရာတွေက ဘယ်လောက်အံ့ဩစရာကောင်းတယ်ဆိုတာ အစ်ကိုမသိဘူးဗျာ...ဟားဟား.."

လျူယောင် ပြုံးပြီး ပြန်ဖြေလိုက်သည်။

“ငါ...မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့သာ တည်ငြိမ်နိုင်မယ်ဆိုရင်တော့ သရဲလို့ပဲ ခေါ်ရတော့မယ်...”

နှစ်ယောက်သား စကားအနည်းငယ်ပြောပြီးနောက် တင်းဝိန်က နောက်ပြောင်လိုက်သည်။

“အစ်ကိုယောင်...ဒီယဉ်ကျေးမှု့အမွေအနှစ်တွေက အစ်ကို့လက်ထဲမှာရှိနေတယ်ဆိုတာ YD ကို သိအောင်တမင်လုပ်နေတာပဲ ဒါက ပြဿနာရှာချင်တဲ့သံစဉ်ပဲ...”

လျူယောင် ယုံကြည်မှု့အပြည့်နဲ့ ပြောလိုက်သည်။

“ဟုတ်တယ် ငါပြဿနာရှာချင်တာ... သူတို့ကိုသိစေချင်တာ..."

"သိရင်ရော ဘာဖြစ်လဲ..."

လျူယောင် လုံးဝမကြောက်ပေ။

ဆန့်ကျင်ဘက်အနေနဲ့ YD နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာမှ လူများ သိရင် ဘယ်လို တုံ့ပြန်မလဲဆိုတာ သူတကယ်သိချင်မိသည်။

YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးစင်တာမှ ခိုကိုးရာမဲ့သောလူများ-

သူတို့က ထိုပင်လယ်ပြင်တွင် လူအင်အားနှင့် ပစ္စည်းအင်အားများစွာအသုံးပြုခဲ့ကြပြီး သင်္ဘောများ၊ ရဟတ်ယာဉ်များစွာကိုစေလွှတ်ကာရေငုတ်သမားများစွာကိုလည်း ဆယ်ရက်ဆက်တိုက် အကြိမ်ကြိမ်ရှာဖွေခိုင်းခဲ့သည်။

သူတို့ကိုစိတ်ပျက်စေတဲ့ အရာက ထိုပစ္စည်းများကို ဆံပင်တစ်မျှင်တောင် မတွေ့ရှိခြင်းပဲ ဖြစ်သည်။

သူတို့ ရှာဖွေမှု့နယ်ပယ် ကိုချဲ့ထွင်ခဲ့ ပေမဲ့လည်း ယဉ်ကျေးမှု့အမွေအနှစ်များရဲ့ ခြေရာကိုပင် မတွေ့ခဲ့ရပေ။

All Chapters