အိန္ဒိယသမုဒ္ဒရာက အခု ငါ့ ထိန်းချုပ်မှု့အောက်မှာရှိနေပြီ
Vol. 16 Ch. 235
ပင်လယ်ရေပြင်ပေါ်တွင်....
YD ၏ ရှာဖွေရေးသင်္ဘောအများအပြားက လုပ်ငန်းများလုပ်ဆောင်နေဆဲဖြစ်ပြီး ရေငုပ်သမားများကလည်း ရေထဲဝင်သွားလိုက် ပြန်ထွက်လာလိုက်လုပ်နေကြတာ ကို မြင်တွေ့ရသည်။
မိုင်ရွန်နှင့် ဂေးလ်တို့က သင်္ဘောတစ်စီးပေါ်တွင်ရှိနေပြီး သူတို့ရဲ့မျက်နှာများတွင် လေးနက်တဲ့အမူအရာများရှိနေကြသည်။
သူတို့က ဒီပင်လယ်ပြင်တွင် ရက်ပေါင်းများစွာရှာဖွေခဲ့ကြပေမဲ့ ဘာမှမတွေ့သေးပေ။
ယဉ်ကျေးမှု့အမွေအနှစ်သေတ္တာနှစ်လုံးမှာ သတင်းအစအန မရှိဘဲ ပျောက်ဆုံးနေပုံရသည်။
မိုင်ရွန် အနည်းငယ်ရူးသွပ်နေပြီး စိတ်ထဲကနေ တွေးလိုက်သည်။
“အလူမီနီယမ်အလွိုင်းသေတ္တာတစ်လုံးကိုတောင် တွေ့ရင်ပဲဖြစ်ဖြစ် ပျက်စီးနေတဲ့သေတ္တာအပိုင်းအစကိုတောင် တွေ့ရင်ပဲဖြစ်ဖြစ်ရပါတယ်ကွာ...”
ခဏအကြာတွင် ဂေးလ်ရဲ့ ဖုန်းမြည်လာရာ ဖုန်းကို ပြန်ဖြေလိုက်သည်။ တဖြည်းဖြည်းနှင့် သူ့အမူအရာက စိတ်လှုပ်ရှားလာပြီးအသံကျယ်နဲ့ အော်ပြောလိုက်သည်။
“ဒါတကယ်လား.. ခင်ဗျားတကယ်သေချာရဲ့လား.."
“ သေချာပါတယ် ဗုဒ္ဓဓာတ်တော်အပါအဝင် ယဉ်ကျေးမှု့အမွေအနှစ်အချို့ကို ကျွန်တော် ကိုယ်တိုင် မြင်ခဲ့ရတာပါ...”
“ဒါကြောင့်ပဲ ဖြစ်မှာ ကျွန်တော်တို့ နေရာအနှံ့ရှာဖွေခဲ့ပေမယ့် ယဉ်ကျေးမှု့အမွေအနှစ်သေတ္တာနှစ်လုံးရဲ့အရိပ်အယောင်ကို မတွေ့ခဲ့တာကိုး...”
ဘေးနားမှမိုင်ရွန်က သိချင်စိတ်နဲ့ မေးလိုက်သည်။
“ဘာဖြစ်တာလဲ...မင်းဘာလို့အဲလောက်စိတ်လှုပ်ရှားနေရတာလဲ..."
ဂေးလ်က အဖြစ်အပျက်ကို အမြန်အစီရင်ခံလိုက်သည်။
“ဘာ ...”
မိုင်ရွန်လည်းမတည်ငြိမ်နိုင်တော့ဘဲ လက်ဝှေ့ယမ်းကာ အော်ပြောလိုက်သည်။
“သွားမယ် ရဟတ်ယာဉ်နဲ့ပြန်ကြစို့ အခုပဲသွားကြမယ်..."
မိုင်ရွန်၊ ဂေးလ်နဲ့ နောက်လိုက်နှစ်ဦးသုံးဦးတို့က ရဟတ်ယာဉ်ပေါ်ကို အလျင်အမြန်တက်ပြီး ထွက်ခွာလာကြသည်။
........
ဟွာဟိုင်းမြို့....
ဘလူးဝေးလ် ဆယ်ယူရေးသင်္ဘောက အောင်မြင်စွာကျောက်ချနေစဥ် Universal ကိုယ်စား ကျ်ိုးယန်က သင်္ဘောဆိပ်ကို ကိုယ်တိုင်သွားရောက်ကြိုဆိုခဲ့သည်။
လျူယောင်ကတော့ ကုမ္ပဏီမှာ နေခဲ့ပြီး ဟူဂျွန်းရှီရဲ့ အစီရင်ခံစာကိုနားထောင်နေသည်။
“အစ်ကိုယောင် YD အပြည်ပြည်ဆိုင်ရာရှာဖွေရေးနဲ့ ကယ်ဆယ်ရေးစင်တာက ဖုန်းဆက်တယ် သူတို့ စကားလုံးတွေက အရမ်းကြမ်းတမ်းတာပဲ သူတို့ရဲ့ယဉ်ကျေးမှု့အမွေအနှစ်တွေကို ချက်ချင်းပြန်ပေးဖို့တောင်းဆိုနေတယ်....”
“ပြန်ပေးလို့ပြောတာနဲ့ ပြန်ပေးရမှာလား တော်တော်ကောင်းတဲ့ ပြတ်လုံးပဲ..."
လျူယောင် ပြုံးပြီးပြန်ဖြေလိုက်သည်။
" ငါတို့ရဲ့ယန်နိုင်ငံက ယဉ်ကျေးမှု့အမွေအနှစ်တွေအများကြီး ပြည်ပမှာရှိနေတုန်းပဲ...ဘယ်သူမှ ကိုယ့်သဘောနဲ့ကိုယ်ပြန်ပေးတာကို မမြင်ဖူးပါဘူး.."
“ဒီလူတွေ အရမ်းနုံတယ် ”
လျူယောင် အလေးအနက် ဆက်ပြောလိုက်သည်။
“သူတို့ကိုပြန်ပြောလိုက် ဒီယဉ်ကျေးမှု့အမွေအနှစ်တွေကို ပြန်လိုချင်ရင် ရနိုင်တယ် ပြဿနာမရှိဘူးလို့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံပြင်ဆင်ထားရမယ် ပြီးတော့ ငါတို့ရဲ့ကမ္ဘာတစ်ဝန်းက သင်္ဘောတွေကို သူတို့ရဲ့အကြီးဆုံးဆိပ်ကမ်းသုံးခုမှာ ရေရှည် အခမဲ့ဆိုက်ကပ်ခွင့် ပေးရမယ်ဆိုတဲ့ ကတိပေးရမယ်လို့ မင်း ပြောပြလိုက်..."
ဒါက လျူယောင်သတ်မှတ်ထားတဲ့ အဖြေပဲ။
ဒီယဉ်ကျေးမှု့အမွေအနှစ်တွေကို ပြန်လို ချင်ရင် သူတို့ဘက်က ဒီအခြေ အနေ နှစ်ခုကိုသဘောတူရုံပါပဲ။
လျူယောင်ရဲ့ ညွှန်ကြားချက်ကိုကြားပြီး ဟူဂျွန်းရှီရဲ့ မျက်လုံးများ အရောင် တောက်လာကာ လေးစားစွာနဲ့ ပြောလိုက်သည်။
“အစ်ကိုယောင်...အစ်ကိုက တကယ်ကိုမိုက်တယ်ဗျာ...”
ဟူဂျွန်းရှီ လျင်မြန်စွာထွက်ခွာသွားပြီး လျူယောင့်ရဲ့ အမိန့်အရ YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာကို ဖုန်းပြန်ခေါ်လိုက်သည်။
ဖုန်းပြောနေစဥ် တစ်ဖက်က ပြင်းထန်တဲ့ကန့်ကွက်မှု့များရှိလာသည်။ ယဉ်ကျေးမှုအမွေအနှစ်များကို သုံးရက်အတွင်းပြန်မပေးပါက အကျိုးဆက်အားလုံးကို Universal ကခံရမယ် လို့ သတိပေးလာသည်။
လျူယောင် ထပ်မံရယ်မောလိုက်သည်။
“ဟမ့် စောင့်ကြည့်တာပေါ့ ....”
ဟူဂျွန်းရှီက အနည်းငယ်စိုးရိမ်ကာ သတိပေးလိုက်သည်။
“အစ်ကိုယောင် အစ်ကိုက သူတို့ဘာလုပ် မလဲဆိုတာ မကြောက်ဘူးလား...."
လျူယောင် အေးဆေး တည်ညိမ်စွာ ပြန်ဖြေလိုက်သည်။
“သူတို့ဘာလုပ်နိုင်မှာလဲကွာ အများဆုံးလုပ်နိုင်တာကတော့ ငါတို့သင်္ဘောကိုတိုက်ခိုက်ဖို့ အကြောင်းပြချက်ရှာမှာပဲ ရှိတယ် ”
“ဒါဆို အစ်ကိုယောင် အစ်ကိုကျွန်တော်တို့သင်္ဘောကိုတကယ်မစိုးရိမ်ဘူးလား အဲ့ဒီ့အိန္ဒိယသမုဒ္ဒရာက ကျွန်တော်တို့သင်္ဘောတွေမဖြစ်မနေဖြတ်သန်းရမယ့်နေရာပဲနော်....”
“အိန္ဒိယသမုဒ္ဒရာက အခုငါ့ထိန်းချုပ်မှု့အောက်မှာရှိနေပြီ ”
“ဒီကိစ္စကို ငါလုံးဝ မပူပန်ဘူး”
လျူယောင် ဂရုမစိုက်စွာ ပြောလိုက်သည်။
အစ်ကိုယောင် ဒီလို ပြောတာကိုကြားတော့ ဟူဂျွန်းရှီလည်း စိတ်သက် သာရာ ရသွားသ ည်။
" YD လူမျိုးတွေက Universal ရဲ့သင်္ဘောတွေကို တကယ်တိုက်ခိုက်မှာလား "
ဒါကသေချာ သလောက်ရှိသည်။သင်္ဘောအနည်းငယ်ကိုဖမ်းဆီးပြီး Universal ကိုအရှုံးပေးဖို့ အတင်းအကျပ်ဖိအားပေးလောက်မည်။
လျူယောင်လည်း အဲ့ အချက် ကိုစဉ်းစားမိသည်။
ဟူဂျွန်းရှီ ကိုပြန်လွှတ်ပြီးနောက် သူ ကွန်ပျူတာကိုဖွင့်၍ စီမံခန့်ခွဲမှု့ဆော့ဖ်ဝဲကိုဖွင့်လိုက်ကာ သင်္ဘောတစ်ခုစီရဲ့တည်နေရာကို စစ်ဆေးလိုက်သည်။
လက်ရှိတွင် Universal က သင်္ဘော အကြီးအသေး ၅၀ မှ ၆၀ အထိပိုင်ဆိုင်ထားသည်။ အသေးဆုံးသင်္ဘောများမှာ အလေးချိန်တန် ၂၀,၀၀၀ မှ ၃၀,၀၀၀ ကြားရှိပြီး အကြီးဆုံးသင်္ဘောများမှာ အလေးချိန်တန် ၂၀၀,၀၀၀ ကျော်ရှိပေသည်။
သင်္ဘောတစ်ခုစီရဲ့အခြေအနေကို ကွန်ပျူတာပေါ်ရှိ စီမံခန့်ခွဲမှုဆော့ဖ်ဝဲတွင် ရှင်းလင်းစွာပြသထားသည်။ကမ္ဘာ့မြေပုံကြည့်စရာမလိုပဲ ဘယ်သင်္ဘောက ဘယ်နေရာတွင်ရှိလဲဆိုတာကို အလွန်ရှင်းလင်းစွာဖော်ပြထားသည်။
လျူယောင် ကွန်ပျူတာပေါ်မှ ကမ္ဘာ့မြေပုံကိုကြည့်ပြီး အိန္ဒိယသမုဒ္ဒရာတွင်ရွက်လွှင့်နေတဲ့ သင်္ဘောများစွာကိုအာရုံစိုက်ကြည့်လိုက်ကာ စိတ်ထဲကနေ တွေးလိုက်သည်။
“အင်း ဒီ YD လူမျိုးတွေက သင်္ဘောဖမ်းဖို့ အကြောင်းပြချက်ရှာချင်ရင် ဘယ်သင်္ဘောတွေကိုသုံးမလဲ”
သူတစ်ယောက်တည်းအချိန်အကြာကြီးကြည့်ပြီးနောက် ဘယ်သင်္ဘောများက ဖြစ်နိုင်ခြေအများဆုံးရှိလဲဆိုတာကို သေချာ စဥ်းစားမိသွားသည်။
“ဖြစ်နိုင်ခြေအများဆုံးကတော့ ရေနံတင်သင်္ဘောကြီးနှစ်စီးဖြစ်တဲ့ ရှီရှုံးနှဲ့ရှီရွက်ပဲနေမှာ ”
ထိုနှစ်စီးက ရေနံအပြည့်တင်ဆောင်ထားပြီး အိန္ဒိယသမုဒ္ဒရာတွင်ရွက်လွှင့်နေကာ YD နိုင်ငံနှင့်အနီးဆုံးဖြစ်သည်။
ရေနံတင်သင်္ဘောရှီနင်လည်း ဖြစ်နိုင်ခြေရှိသည်။ ထိုသင်္ဘောကလည်း အရှေ့အလယ်ပိုင်းကိုဦးတည်နေပြီး အိန္ဒိယတွင်ရွက်လွှင့်နေဆဲဖြစ်ကာ YD နဲ့သိပ်မဝေးလှပေ။
လေ့လာမှု့များပြုလုပ်ပြီးနောက် လျူယောင် အမိန့်ပေးလိုက်သည်။
သိပ်မကွာတဲ့ ရှီရှုံးနှင့်ရှီရွက်တို့ကို ရွက်လွှင့်ခြင်းအကွာအဝေး နီးကပ်စေပြီး အဖွဲ့လိုက်ရွက်လွှင့်ခြင်းက အကောင်းဆုံးပဲ ဖြစ်သည်။
ရှီနင်ကို အရှိန်လျှော့ခိုင်းကာ သူ့နောက်တွင် ပင်လယ်ရေမိုင် ၃၀၀ ကျော်သာ ကွာဝေးတဲ့ကွန်တိန်နာသင်္ဘော ကျင်းယောင် ရှိနေသည်။ သူ့ကိုလည်း အဖွဲ့လိုက်ရွက်လွှင့်ရန် အမိန့်ပေးလိုက်သည်။
လျူယောင် ဒီလို လုပ်ဆောင်ရခြင်းမှာ ကြိုတင်ပြင်ဆင် ထားခြင်းဖြစ်ပြီး YD ရဲ့ လှည့်စားခြင်းကိုသတိထားရန်ဖြစ်သည်။
ထို ပြင်ဆင်မူ့များပြုလုပ်ခြင်းအပြင် အထိရောက်ဆုံးနည်းလမ်းကတော့ လိပ်ကြီးက လျှို့ဝှက် ကာကွယ်ပေးခြင်းပဲ ဖြစ်သည်။
ဒါက လျူယောင်ရဲ့ထောင်ချောက်ပဲ။
"YD လူမျိုးတွေက Universal ရဲ့သင်္ဘောတွေကို သိမ်းယူဖို့အကြောင်းပြချက်ရှာချင်ရင် တန်ဖိုးတစ်ခုတော့ ပေးဆပ်ရမှာပေါ့ကွာ..."
လျူယောင် အသေးစိတ် တွက်ချက်နေသည်။
ဒါ့အပြင် လိပ်ကြီးရဲ့အမြန်နှုန်းမှာ အလွန်မြန်တာကြောင့် သင်္ဘောနှစ်စီး ကြားအကွာအဝေးမှာ ရေမိုင် ရာဂဏန်းလောက် ရှိပေမဲ့ လိပ်ကြီးဂရုစိုက်နိုင်ဆဲဖြစ်သည်။
ဒီအချိန်တွင် လိပ်ကြီးက ပင်လယ်ကြမ်းပြင်အောက်တွင် သက်တောင့်သက်သာအိပ်နေသည်။
လိပ်ကြီးရဲ့လိုဏ်ဂူရှေ့မြေပြင်ပေါ်တွင် အရိုးစုများစွာရှိနေပြီး ဒီအရိုးအားလုံးက ထူးဆန်းတဲ့ငါးဖြူရဲ့အရိုးစုများ ဖြစ်ပေသည်။
ဒီရက်များတွင် လိပ်ကြီးက အလွန်သက်တောင့်သက်သာနဲ့ နေထိုင်ခဲ့ပုံရ သည်။လျူယောင် လိပ်ကြီးကို ကြည့်ပြီး ပြောလိုက်သည်။
“ငါ့ကောင်ကြီးရေ လုပ်စရာအလုပ်ရှိတယ်...”
ကောင်းစွာအိပ်ပျော်နေတဲ့ လိပ်ကြီးက လျူယောင်ရဲ့ အသံကိုကြားတဲ့အခါ ရုတ်တရက်စွမ်းအင် ပြန်ပြည့်လာခဲ့သည်။
“အာ သခင် ကျွန်တော် ဘာလုပ်ရမှာလဲ...”
YD လူမျိုးများက Universal ရဲ့သင်္ဘောတွေကို တိုက်ခိုက်နိုင်ခြေရှိကြောင်း လျူယောင် အကျဉ်းချုပ်ပြောပြပြီးနောက် ရှိီရှုံးနှင့်ရှိီရွက်တို့ရဲ့တည်နေရာကို လိပ်ကြီးအားပြောပြလိုက်သည်။
လျူယောင် ညွှန့်ကြားလိုက်သည်။
“မင်း အခုပဲ သွားပြီး...အဲ့ဒီ့သင်္ဘောနှစ်စီးကို လျှို့ဝှက်စွာ ကာကွယ်ပေးပါ..."