ဆွေးနွေးမူ့ အောင်မြင်ခြင်း
Vol. 16 Ch. 240
စကားပြောဆိုဖို့ နေရာက Universal မှာ မဟုတ်ဘဲ ကြယ်လေးပွင့်ဟိုတယ် တစ်ခု တွင်ဖြစ်သည်။
လျူယောင် သူ ကိုယ်တိုင် မတက်ပဲ ဟူဂျွန်းရှီကို ကိုယ်စား တက်ရောက်ခိုင်းလိုက်သည်။
နံနက်ကိုးနာရီ…
မိုင်ရွန်က သူ့ရဲ့ အဖွဲ့နှင့်အတူဟိုတယ်ကို အချိန်မီရောက်ရှိနေပြီး အစည်းအဝေးအတွက် ပြင်ဆင်ထားတဲ့ အခန်းထဲတွင် ထိုင်စောင့်နေခဲ့သည်။
အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားပြီး နံနက်ဆယ်နာရီနီးပါး ရှိလာချိန်တွင် ဟူဂျွန်းရှီနဲ့ လူဆယ်ဦးကျော်ပါတဲ့ အဖွဲ့က နောက်ကျမှ ရောက်လာသည်။
မိုင်ရွန်၏ စိတ်ထဲတွင်ဒေါသထွက်နေပေမဲ့ မျက်နှာတွင် မပြဝံ့ပေ။ ဟူဂျွန်းရှီတို့အဖွဲ့ကိုမြင်တဲ့အခါ နွေးထွေးတဲ့အပြုံးနဲ့ သူ မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်သည်။
မိုင်ရွန်နဲ့ သူ့ရဲ့အဖွဲ့က ရှေးဟောင်းပစ္စည်း သေတ္တာနှစ်လုံး ပြန်လည်ရယူလိုတဲ့ သဘောထားကို ရှင်းလင်းစွာပြောပြနေသည်။
" ရှေးဟောင်းသေတ္တာကို ပြန်ရယူလိုပါ ရပါတယ် ကန်ဒေါ်လာ ၂ ဘီလီယံ ပေးပြီး YD ရဲ့ အဓိကဆိပ်ကမ်းကြီးသုံးခုကို ကျွန်တော်တို့ရဲ့ သင်္ဘောများ အခမဲ့ ဆိုက်ကပ်ခွင့် ပေးမှသာ ပစ္စည်း များ ပြန်ပေးမယ် "
ဟူဂျွန်းရှီ ပြောလိုက်သည်။
မိုင်ရွန်၏ မျက်နှာက အနည်းငယ်ပြောင်းလဲသွားကာ လျှင်မြန်စွာ ပြောလိုက်သည်။
" မစ္စတာဟူ ရဲ့ တောင်းဆိုချက်က အလွန်မြင့်မားနေပါတယ် ကန်ဒေါ်လာ ၂ ဘီလီယံက အရမ်းများနေပါတယ်ဗျာ..”
တွေ့ဆုံပွဲကို မလာတာကြောင့် လျူယောင် သက်တောင့်သက်သာရှိနေသည်။
ဟူဂျွန်းကလည်း တစ်ဖက်လူ ဘယ်လို ဖြစ်တယ် ဆိုတာ ဂရုမစိုက်ပေ။ တစ်ဖက်လူကတောင်းဆိုချက်ကို သဘောတူပါက ပစ္စည်းများကို ပေးအပ်လိုက်မည်။ သဘောမတူပါက လမ်းခွဲကြမည်။ အဖြေက ရှင်းရှင်းလေးသာ ရှိသည်။
.....
နေ့လယ်ခင်းတွင် လျူယောင် စူပါကားကို မောင်းကာ လီချန်လဲ့ရဲ့ ကျောင်းတံခါးဝရှေ့တွင် မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။
“လဲ့လဲ့ ကိုယ် မင်းရဲ့ကျောင်းတံခါးဝမှာ စောင့်နေတယ်...နေ့လယ်စာအတူသွားစားရအောင် ”
မကြာမီပင် လျူယောင် ပြန်စာကိုရလိုက်သည် ။
“အင်း ခဏလေးစောင့်ပါအုံး အကိုယောင်”
လျူယောင်ပြုံးလိုက်ပြီး ဖုန်းကိုသိမ်းကာ လီချန်လဲ့ထွက်လာတာကို စောင့်နေလိုက်သည်။
သူ အချိန်ကို ကြည့်လိုက်ပြီး လီချန်လဲ့ကနောက်ဆယ်မိနစ်မှ မိနစ်နှစ်ဆယ်အတွင်း ထွက်လာမယ်လို့ ခန့်မှန်းလိုက်သည်။
ဘေးကပတ်ဝန်းကျင်မှ လူတွေက သူ့ ကို ကြည့်နေကြောင်း လျူယောင် သတိထားမိလိုက်သည်။အထူးသဖြင့် သူ့အနားမှ ဖြတ်သွားတဲ့ မိန်းမပျိုအချို့က သူ့ကို အမြဲတမ်းကြည့်နေကြသည်။
“ငါကချောလို့များလား ဒါကြောင့် လှပတဲ့မိန်းကလေးတွေက ငါ့ကို ကြည့်နေကြတာလား မသိဘူး ”
လျူယောင် စိတ်ထဲကနေ တွေးလိုက်မိသည်။
သူ့ရဲ့ ကားကိုကြည့်ပြီးနောက် တစ်ခဏမျှ အံ့သြသွားသည်။
"အော် လူတွေက ငါ့ရဲ့ချောမောမှု့ကို စိတ်မဝင်စားဘဲ ငါ့ရဲ့ကြွယ်ဝမှု့ကို စိတ်ဝင်စားတာ ဖြစ်လောက်မယ် "
ခဏအကြာတွင် နောက်ထပ်လှပတဲ့ မိန်းကလေးတစ်ဦး ဖြတ်သွားခဲ့သည်။ သူမက လျူယောင်ကိုမြင်တဲ့ အခါ မျက်လုံးအရောင်တောက်သွားပြီး ချက်ချင်း စကားပြောရန် ရောက်လာသည်။
“မောင်လေး မင်းရဲ့ကားလေးက အရမ်းလှတာပဲ အဲ့ကားနဲ့အတူ ဓာတ်ပုံရိုက်လို့ရမလား ”
လျူယောင် အနည်းငယ်ပြုံးလိုက်ပြီး ဘေးကို တမင်ရှောင်ပေးကာ ပြန်ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး မင်းကိုယ်တိုင် ဓာတ်ပုံရိုက်လို့ရပါတယ် ”
ဖက်ရှင်ကျတဲ့ မိန်းကလေးက အလွန်ပျော်ရွှင်သွားပြီး သူမရဲ့မိုဘိုင်းဖုန်းနဲ့ ကိုယ်တိုင်ဓာတ်ပုံ အနည်းငယ် ရိုက်နေသည်။
ထို့နောက် သူမရဲ့ အသံချွဲလေးနဲ့ ပြောတာကို လျူယောင် ကြားလိုက်ရသည်။
“မောင်လေး အမကိုဓာတ်ပုံလေးရိုက်ပေးလို့ရမလား ဒီကားလေးက အရမ်းလှလို့ အမအရမ်းသဘောကျတာပဲကွယ် ”
လျူယောင် ခေါင်းကို ညင်သာစွာခါပြီး ပြုံးလိုက်မိသည်။ ဒီ ဖက်ရှင်ကျတဲ့ မိန်းကလေးပြောတာကို သူ ဘယ်လိုလုပ်နားမလည်ပဲ နေမလဲ သူမက စကားပြောရန် အထာပေးနေခြင်း ဖြစ်သည်။
သူမကိုဓာတ်ပုံရိုက်ပေးတာနဲ့ တစ်ပြိုင်နက် WeChat အကောင့်ထည့်ပေးနိုင်မလား ကားပေါ်တက်ပြီး စီးလို့ရမလားဆိုသည့် အခြားတောင်းဆိုမှု့များစွာ ထပ်လာလိမ့်မည်။
လျူယောင် ခေါင်းခါကာ ငြင်းလိုက်သည်။
“မရဘူး ငါ့ရဲ့ချစ်သူကောင်မလေးက မကြာခင်ထွက်လာတော့မယ် ”
“ဒါဆို ဒီလူက ရည်းစားရှိပြီးသားပေါ့.."
ဖက်ရှင်ကျတဲ့ မိန်းကလေးက အနည်းငယ်စိတ်ပျက်သွားပေမဲ့ မကြာခင် သက်သာရာရသွားသည် ငယ်ရွယ်ပြီး ကြွယ်ဝတဲ့ လူတစ်ဦးတွင် ချစ်သူရှိနေ ခြင်းက ပုံမှန်ပင် ဖြစ်သည်။
“ချစ်သူရှိတော့ ဘာဖြစ်လဲ”
ဖက်ရှင်ကျသော မိန်းကလေးက သူမ၏ရုပ်ရည်နှင့် ပတ်သက်၍ အနည်းငယ် ယုံကြည်မှု့ရှိနေသေးသည်။
လျူယောင်က သူမကိုဓာတ်ပုံရိုက်ပေးရန် ငြင်းဆန်တာကို မြင်တော့ လက်မလျှော့ဘဲ ထပ်ပြောလိုက်သည်။
“မောင်လေး အမကို WeChat အကောင့်ထည့်ပေးလို့ရမလား အမ ဒီကားလေးကို အရမ်းသဘောကျလို့ပါနော် "
လျူယောင် စိတ်ထဲတွင် တွေးလိုက်မိသည် ။
“မင်းမှာ ပိုက်ဆံရှိသရွေ့တော့ တချို့မိန်းကလေးတွေက ဘယ်တော့မှဖယ်လို့မရတဲ့ အညိုရောင်သကြားခဲတစ်တုံးလိုပဲ မင်းရှေ့ကတစ်ယောက်ကလည်း ဒီလိုပဲ ”
“တောင်းပန်ပါတယ် ငါ့ဖုန်းက ငါနဲ့အတူပါမလာဘူး ”
ရုတ်တရက် ဖက်ရှင်ကျတဲ့ မိန်းကလေးက ပါးစပ်ကို ပွစိပွစိလုပ်ပြီး ကလေးဆန်စွာပြုမူရန်ကြိုးစားစဉ် လျူယောင် လျင်မြန်စွာပင် ရှေ့သို့ထွက်သွားသည်။
သူမ ကြည့်လိုက်တဲ့အခါ အလွန်လှပတဲ့ မိန်းကလေးတစ်ဦးကို မြင်လိုက်ရပြီး ရုပ်ရည်အသွင်အပြင်အရ သူမကို အပြီးတိုင် ကျော်ဖြတ်သွားတာကြောင့် အနည်းငယ်ရှက်ရွံ့သွားပြီး တိတ်တိတ်လေး ထွက်သွားခဲ့သည်။
ထိုမိန်းကလေးက လီချန်လဲ့ဖြစ်သည်။
ဖက်ရှင်ကျတဲ့ မိန်းကလေး တိတ်တိတ်လေး ထွက်သွားတာကို မြင်တဲ့အခါ လျူယောင် ကို စလိုက်သည်။
“အစ်ကိုယောင် တခြားကောင်မလေးတစ်ယောက်က ရှင်ကို စကားလာပြောနေတာလား ”
လျူယောင် မနာလိုမှု့တစ်မျိုးကို ခံစားလိုက်ရကာ လျှင်မြန်စွာ ပြန်ဖြေလိုက်သည်။
“သူမက တမင်လာပြောတာ ဒါပေမဲ့ ကိုယ် ဂရုမစိုက်ခဲ့ပါဘူး ”
“ဒါဆိုလည်း ပြီးတာပဲ ”
“ကျွန်မ ရှင့်ကို ပိုပြီးတော့စောင့်ကြည့်ရမယ်ထင်တယ် မဟုတ်ရင် လူတွေက ကျွန်မမသိခင်လေးမှာပဲ ရှင့်ကို လုယူသွားနိုင်တယ် ”
“မယူဘူး လုံးဝမလုယူနိုင်ဘူး မင်း ဒါကို လုံးဝ စိတ်ချနိုင်ပါတယ်”
လျူယောင် အတင်း ငြင်းကာ ပြန်ဖြေလိုက်သည်။
လီချန်လဲ့က လျူယောင်ကို ပြုံးပြီး မျက်စောင်းလေးတစ်ချက်ထိုးလိုက်သည်။ထိုအမူအရာက အကန့်အသတ်မရှိ အလွန်ဆွဲဆောင်မှု့နဲ့ ပြည့်နှက်နေသည်။
သူမနဲ့ ဘေးချင်းကပ်လျက်မှ ဖြတ်သွားတဲ့ လူငယ်တစ်ဦးက လီချန်လဲ့ရဲ့ လှပတဲ့ မြင်ကွင်းကို ရုတ်တရက်မြင်လိုက်တဲ့အခါ ငေးမောသွားပြီး မတော်တဆ ရေမြောင်းထဲ ခြေချော်ကျသွားသည်။
လီချန်လဲ့ ပါးစပ်ကိုအုပ်ကာ တိုးတိုးလေး ရယ်မောလိုက်သည်။
လျူယောင် သူမကို ကားထဲကို အမြန်ဆွဲသွင်းကာ တံခါးပိတ်ပြီး မောင်းထွက် လာလိုက်သည်။မဟုတ်ပါက နောက်ထပ်လူတစ်ယောက် ရေမြောင်းထဲ ခြေချော်ကျနိုင်တာ ဒါမှမဟုတ် သစ်ပင်ကြီးတစ်ပင်ကို ဝင်တိုက်မိနိုင်တာကို အာမခံနိုင်မည်မဟုတ်ပေ။
နေ့လယ်စာကို နှစ်ယောက်သား စုံတွဲစားသောက်ဆိုင်တွင် စားလိုက်ကြသည်။
စားပြီးနောက် လီချန်လဲ့ကို လိုက်ပို့ကာ လျူယောင် ကုမ္ပဏီကို ပြန်လာခဲ့သည်။
သူ ရုံးခန်းထဲ ဝင်ပြီး မကြာမှီ ဟူဂျွန်းရှီက တံခါးခေါက်၍ ဝင်လာသည်။
လျူယောင် တိုက်ရိုက် မေးလိုက်သည်။
“မင်းတို့ရဲ့ ဆွေးနွေးမူ့ ဘယ်လိုလဲ”
“အစတုန်းကတော့ ဒီ YD နိုင်ငံရဲ့ လူတွေက ကျွန်တော်တို့ တောင်းဆိုတာက အရမ်းမြင့်တယ်လို့ပြောပြီး ကျွန်တော်တို့နဲ့ဈေးဆစ်ဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ ကျွန်တော်က သူတို့ကို အခွင့်အရေးမပေးခဲ့ပါဘူး ”
“ဖြစ်နိုင်တာက ကျွန်တော်တို့က သေချာကိုလုပ်မယ်ဆိုတဲ့စိတ်ဓာတ်ရှိလို့ပဲ ဒါကြောင့် သူတို့က နှာခေါင်းကိုကိုင်ပြီး သဘောတူရုံပဲရှိတော့တယ်.. ဒါက ကျွန်တော်တို့ လက်မှတ်ထိုးထားတဲ့ တရားဝင်သဘောတူညီချက်ပဲ ကြည့်ပါဦး.”
ဟူဂျွန်းရှီ ရှင်းပြလိုက်ပြီး စာရွက်ကို ပေးလိုက်သည်။
လျူယောင် ထိုစာရွက်ကို ဂရုတစိုက်ကြည့်ကာ စိတ်ကျေနပ်မှု့ အပြည့်နဲ့ ပြောလိုက်သည်။
“ကောင်းတယ် မင်း လုပ်တာ ကောင်းတယ် ဒီကိစ္စက နောက်ဆုံးတော့ ပြီးသွားပြီ ကန်ဒေါ်လာ ၂ ဘီလီယံကလည်း ရတော့မှာဆိုတော့ ငါရှေးဟောင်းပစ္စည်းတွေ ပြန်ပေးလိုက်တော့မယ် ”
လျူယောင် ထိုရှေးဟောင်းပစ္စည်းများကို သိမ်းပိုက်ရန် မတွေးမိခဲ့ပေ။ ဒါတွေက YD လူမျိုးများကို ခြိမ်းခြောက်ရန် နည်းလမ်းတစ်ခုသာဖြစ်သည်။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်က ငွေရှာဖို့သာ ဖြစ်သည်။
မကြာမီပင် ကျိုးယန် စိတ်လှုပ်ရှားစွာ ဝင်လာပြီး ပျော်ရွှင်တဲ့မျက်နှာနဲ့ ပြောလိုက်သည်။
“ဘော့စ် စုစုပေါင်း ကန်ဒေါ်လာ ၂ ဘီလီယံလက်ခံရရှိပါတယ် ငွေအများကြီးပါပဲ အကုန်လုံး Universal အကောင့်ထဲကို ဝင်လာပါပြီ ”
ထိုစကားကိုကြားတဲ့အခါ လျူယောင် အားရပါးရ ရယ်မောလိုက်သည်။
အကောင့်ထဲကို ကန်ဒေါ်လာ ၂ ဘီလီယံ လက်ခံရရှိခြင်းက ဘယ်လောက်တောင် သက်တောင့်သက်သာရှိလိုက်သနည်း။
သူ့ရဲ့ Universal ရေကြောင်းပို့ဆောင်ရေးအဖွဲ့ကြီးက ငွေများစွာကို တစ်ခုပြီးတစ်ခု လက်ခံရရှိတာကြောင့် သူ ချမ်းသာပြီး အစွမ်းထက်တယ်လို့ ခံစားလာရသည်။
ကျိူးယန်ကလည်း ငွေရှိတဲ့ သူဋေး လက်အောက်က ကောင်းမွန်သည့် မန်နေဂျာတစ်ဦး ဖြစ်လာခဲ့သည်။
လျူယောင် နေ့လယ်ပိုင်းတွင်ရှေးဟောင်းပစ္စည်းများပါတဲ့ သေတ္တာနှစ်လုံးကို ပြန်ပေးခဲ့သည်။ဒါက မိုင်ရွန်တို့အဖွဲ့ကို တိတ်ဆိတ်စွာ သက်ပြင်းချစေခဲ့သည်။
လျူယောင်က သူတို့လို ကတိမတည်သူ မဟုတ်ပေ ။ ဒီလူတွေကို ပစ္စည်းများပေးမယ်လို့ ကတိပေးထားတာကြောင့် သေချာပေါက် ပေးမည်ပဲ ဖြစ်သည်။