တောင်းပန်ပါတယ်၊ ကျွန်တော်မှားသွားတယ်
Vol. 27 Ch. 391
မော်ဂန်သည် နှောင့်ယှက်နေသော ယင်ကောင်များ ကဲ့သို့ အော်ဟစ် တိုက်ခိုက်လာသော ဂိုဘလင်များကို ခုတ်ပိုင်းလိုက်ရာ သူတို့ မြေပြင်ပေါ်သို့ လဲကျ သွားကြသည်။
မော်ဂန်သည် သူ၏ ဩဇာအရှိန်အဝါကို အကောင်းဆုံး ထုတ်သုံးရန် ကြိုးစားခဲ့ပြီး နဂါးကြီး တစ်ကောင်ပင်လျှင် သူ့အား သတိထားလိမ့်မည်။ ပြန်ပုန်ကန်သော အော့ခ်များနှင့် တိုက်ခိုက်စဉ် သူသည် အလားတူ နည်းလမ်းကို အသုံးပြု၍ သူတို့ကို နှေးကွေးစေခဲ့ပြီး အချို့ကို ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးစေခဲ့သည်။
သို့သော် ယခုမူ ဂိုဘလင်များသည် ရူးသွပ်သော ခွေးများကဲ့သို့ သူ့အား တိုက်ခိုက် နေကြသည်။ အဆုံး မရှိသော ဂိုဘလင်များ၊ ဂနိုမ်းများ၊ ခွေးခေါင်းလူသားများနှင့် အော့ခ်များ သူ့အား တိုက်ခိုက် ဝင်ရောက် လာကြသည်။
သူတို့သည် ပိုးမွှားများ ကဲ့သို့ပင်။
အာသာသည် သူ၏ အနက်ရောင် ဓားရှည်နှင့် ဒိုင်းကို ကိုင်ဆောင်ကာ မော်ဂန်၏ အားနည်းချက်ကို ရှာဖွေရန် လှည့်ပတ် သွားလာ နေခဲ့သည်။
အော့ခ်များ ထွက်ပြေးသွားပြီးနောက် အာသာသည် အော့ခ် ရာပေါင်း များစွာကို သတ်ဖြတ်ခဲ့သော မော်ဂန်ကို ရှာဖွေ တွေ့ရှိခဲ့သည်။ ထို့နောက် မော်ဂန်သည် ဂိမ်းမာများ၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။ အာသာနှင့် သူ၏ အဖွဲ့သည် တစ်ကြိမ် အလုံးအရင်း သေဆုံးခဲ့ပြီး ဖြစ်သည်။
"ဘော့စ်က သတ်ရ ခက်တယ်။ ကာကွယ်သူအားလုံး သတိထားကြ။ တစ်ဦးချင်း ဂိမ်းမာတွေကို သူ့ကို အားနည်းအောင် လုပ်ခိုင်းလိုက်ကြ။" ဘောင်းဘီမဝတ်သူက စုရုံးနေသော အစည်းအရုံးဝင်များအား အော်ပြောလိုက်သည်။
လက်ရှိတွင် အစည်းအရုံးငယ်များမှ အဖွဲ့ဝင်များနှင့် တစ်ဦးချင်း ဂိမ်းမာများသာ မော်ဂန်ကို တိုက်ခိုက် နေကြသည်။ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ ကဲ့သို့သော အစည်းအရုံး အကြီးကြီးများမှာ သူတို့ သေဆုံးရမည်ကို သိရှိသောကြောင့် တိုက်ခိုက်ခြင်း မပြုခဲ့ကြချေ။
အသား၊အရွက်နဲ့ ဆန်မဟာမိတ် အဖွဲ့မှ အစည်းအရုံးဝင်များ စုရုံးရောက်ရှိ လာကြပြီး မော်ဂန်ကို တိုက်ခိုက်စ ပြုလာကြသည်။
မြားတစ်သုတ် ပစ်ခတ်ပြီးနောက် သူတို့သည် မော်ဂန်ကို တိုက်ခိုက်နေသော တစ်ဦးချင်း ဂိမ်းမာ အားလုံးကို သတ်ဖြတ်ခဲ့ ကြသော်လည်း မော်ဂန်မှာမူ လုံးဝ မထိခိုက်ဘဲ ကျန်ရှိနေခဲ့သည်။
ပစ်ခတ်ခဲ့သော မြား ၂၀၀-၃၀၀ အနက် အချို့မှာ မော်ဂန်ကို ထိမှန်ခဲ့သော်လည်း သူ၏ ကာကွယ်မှုကို ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ချေ။
ဂိမ်းမာများ ငြင်းခုံစ ပြုလာကြသည်။
"မြားတွေ မပစ်ကြနဲ့။ သူတို့က ငါတို့ လူတွေ။ မင်းတို့က ငါတို့ လူတွေကို သတ်နေကြတာ။"
"မြားတွေ မသုံးဘဲ ငါတို့ ဘယ်လို တိုက်ခိုက်ကြမလဲ။ အနီးကပ် တိုက်ခိုက်ရင် သေမှာ သေချာတယ်။"
"မဟုတ်တာ။ ချက်ချင်း တိုက်ခိုက်ကြ။ ဘော့စ်က သေတော့မှာ။ သူ သွေးအများကြီး ထွက်နေပြီ။"
"သေစမ်းကွာ။ မင်းရဲ့ ဘယ်မျက်လုံးက ဘော့စ် သွေးအများကြီး ထွက်နေတာကို မြင်ခဲ့တာလဲ။ သူက ဂိမ်းမာတွေကို သတ်ဖြတ်နေတုန်းပဲ။"
"အကျိုးသင့်အကြောင်းသင့် ရှိကြပါ။ ထိခိုက်မှုနဲ့ အသက်မှတ်တွေက မသက်ဆိုင်ဘူး။ ဘော့စ်က သွေးတွေနဲ့ ဖုံးလွှမ်းနေတယ်။ ဒါက သေခါနီး ဖြစ်တဲ့ ဖြစ်ရပ် တစ်ခုပဲ။"
"ပေါက်ကရတွေ ရပ်ပြီး သူ့ကို ထိခိုက်မှု ပေးကြ။ ငါတို့ သေရင် ဘာဖြစ်လဲ။ ငါတို့ မြားတွေ ပစ်ပြီး သေရင် ပြန်လည် ရှင်သန်မယ်။ ပြန်လည် ရှင်သန်ရေး နေရာက အနီးအနားမှာပဲ။"
...
မော်ဂန်သည် ဂိမ်းမာများ အဘယ်ကြောင့် ငြင်းခုံနေကြသည်ကို နားမလည်နိုင်ခဲ့ချေ။ သူ ရူးသွပ် နေခဲ့သည်။ သူ အားသာမှု ရရှိခဲ့သော်လည်း ယခုမူ ယိုယွင်း ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အော့ခ်တပ်မတော် ပြိုကွဲသွားခဲ့ပြီး အရှင်ရှားလော့ခ်သည် သူ့နှင့် တိုက်ခိုက်ရန် ဆန္ဒ မရှိသေးချေ။ ထိုအစား ဤနှောင့်ယှက်နေသော ပုရွက်ဆိတ်ကဲ့သို့ ဂိမ်းမာများက သူ့အား စိတ်အနှောင့်အယှက် ပေးနေကြသည်။
မော်ဂန် ဂိမ်းမာများကို သတ်ဖြတ်ရန် အလုပ်များနေစဉ် ဖိုးဉာဏ်ကျယ်သည် သနားစရာ ကောင်းပြီး အင်အား ကုန်ခမ်းနေသော အထက်တန်းစား နတ်ဆိုးထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း သွားခဲ့သည်။
ဂိမ်းမာများသည် ထိုအရာမှာ ဇာတ်လမ်းပိုင်း အန်နီမေးရှင်း တစ်ခု ဖြစ်သည်ဟု ထင်ခဲ့ ကြသောကြောင့် သူတို့ထဲမှ အနည်းငယ်မျှ ကြည့်ရှုရန် တိုက်ခိုက်ခြင်းကို ရပ်တန့် လိုက်ကြသည်။ သို့သော် ဂိမ်းမာ အများစုမှာ ပြင်းထန်သော ထိခိုက်မှု ပေးရန် အခွင့်အရေးကို အသုံးပြု လိုသောကြောင့် ဆက်လက် တိုက်ခိုက် နေကြသည်။
"လစ်ခ်ျ။ မင်း သခင်ဘယ်မှာလဲ။ ရှားလော့ခ်ကို ထွက်လာခိုင်းလိုက်စမ်းပါ။ ငါ ရှုံးရင်တောင် သူ့ လက်ထဲမှာ ရှုံးမှာပဲ။ ဒီအမှိုက်တွေကို ထွက်သွား ခိုင်းလိုက်စမ်းပါ။" မော်ဂန်က အော်ဟစ် လိုက်သော်လည်း သူ၏ ခြေထောက်များကို တိုက်ခိုက်နေသော ပုရွက်ဆိတ်ကဲ့သို့ ဂိမ်းမာများကို တားဆီးနိုင်ခြင်း မရှိခဲ့ချေ။
ဖိုးဉာဏ်ကျယ်သည် အခြေအနေကို လေ့လာကြည့်ရှုလိုက်ပြီး စိတ်ခံစားမှု ကင်းမဲ့စွာ ပြောလိုက်သည်။ "အရှင်ရှားလော့ခ်က ဒန်ဂျင်ထဲမှာ မရှိဘူး။ သူ ငါ့ကို မင်း ကိစ္စ အတွက် ဈေးနှုန်းစာရင်း တစ်ခု ပေးခဲ့တယ်။"
မော်ဂန် ဈေးနှုန်း စာရင်းအကြောင်း မေးမြန်းရန် ဟန်ပြင်လိုက်စဉ် ဂနိုမ်းတစ်ဦး သူ၏ ထာဝရတိုင်းပြည် စံသတ်မှတ် ဓားတိုကို မော်ဂန်၏ ခြေသလုံးထဲသို့ ထိုးစိုက် လိုက်သည်။ ထိုအရာမှာ အဖြူရောင် စံသတ်မှတ်ပစ္စည်း တစ်ခု ဖြစ်သောကြောင့် လက်နက်မှာ မည်သည့် ထိခိုက်မှုမျှ မဖြစ်ပေါ်စေခဲ့ဘဲ နှစ်ပိုင်း ကျိုးကြေ သွားခဲ့သည်။
မော်ဂန် နာကျင်မှုကို ခံစားလိုက်ရပြီး ဂနိုမ်းကို ကန်ကျောက်လိုက်ရာ သူ လွင့်စင် ထွက်သွားခဲ့သည်။ မော်ဂန် သူ၏ အားနည်းချက်ကို ထုတ်ဖော် ပြသလိုက်စဉ် တိုက်ခိုက် ဝင်ရောက်လာသော ဂိမ်းမာများ အခွင့်အရေးကို အသုံးပြု၍ ထိခိုက်မှု ပေးခဲ့ကြသည်။
ဖိုးဉာဏ်ကျယ်သည် ဂိမ်းမာများကို သတ်ဖြတ်နေသော မော်ဂန်ကို လျစ်လျူရှုလိုက်သည်။ သူ စာဖောင်ပုံစံ တစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။ "အရှင်ရှားလော့ခ်ရဲ့ စီစဉ်မှု အရ မင်းသာ အထိအခိုက်မရှိ ထွက်သွားချင်ရင် မှော်ကျောက်တုံး သန်းတစ်ဆယ် ပေးဆောင် ရမယ်။ မင်းသာ လက်တစ်ဖက် မပါဘဲ ထွက်သွားရင် ပေးဆောင်ရမယ့် ပမာဏက မှော်ကျောက်တုံး ရှစ်သန်း အထိ လျော့ကျ သွားလိမ့်မယ်။ လက်နှစ်ဖက်လုံး ဆုံးရှုံးရင် ပေးဆောင်ရမယ့် ပမာဏက မှော်ကျောက်တုံး ခြောက်သန်း အထိ လျော့ကျ သွားလိမ့်မယ်..."
ဖိုးဉာဏ်ကျယ်သည် စက်ရုပ်တစ်ရုပ် ကဲ့သို့ စကားပြောဆို နေခဲ့ပြီး မော်ဂန်က ဒေါသတကြီး ဟိန်းဟောက်သံ နှင့် လည်ပတ်နေသော မီးလုံး တစ်လုံးဖြင့် ပြန်တုံ့ပြန်ခဲ့သည်။
ဖိုးဉာဏ်ကျယ်သည် လက်တစ်ဖက်ကို မြှောက်လိုက်ရာ သူ၏ ရှေ့တွင် မီးခိုးရောင် မာနာများ စုစည်း လာခဲ့သည်။ မီးလုံးသည် မာနာနံရံ နှင့် တိုက်မိသွားပြီး ပေါက်ကွဲ ထွက်သွားခဲ့သည်။ အပူလှိုင်းသည် အနီးအနားရှိ ဂိမ်းမာများကို လောင်ကျွမ်း စေခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးများ မီးလောင်ကျွမ်းကာ အသားကင်နံ့ ထွက်ပေါ် လာခဲ့သည်။
"မင်း ပေးဆောင်ချင်စိတ် မရှိဘူးလို့ ငါ မြင်တယ်။ ရှားလော့ခ်ရဲ့ အမိန့်အရ ငါတို့ မင်းကို ငရဲဝိညာဉ်လောကဆီ ပို့ဆောင်ပေးမယ်။"
ဖိုးဉာဏ်ကျယ်သည် ပုံစံကို သိမ်းဆည်းလိုက်ပြီး သစ်ကိုင်းနှင့် တူသော မှော်နှင်တံ တစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူသည် မှော်နှင်တံကို မော်ဂန်ထံသို့ ချိန်ရွယ် လိုက်ပြီး ဂိမ်းမာများအား "တိုက်ခိုက်ကြ စစ်သည်တော်တို့၊ ငါ မင်းတို့ကို ကာကွယ်ပေးမယ်။"ဟု ပြောလိုက်သည်။
"ငါ မင်းကို သတ်ပစ်မယ်။"
မော်ဂန်သည် ဖိုးဉာဏ်ကျယ်ထံသို့ ပြေးဝင် တိုက်ခိုက် လိုက်သော်လည်း သူတို့ ကြားတွင် မရေမတွက် နိုင်သော ဂိမ်းမာများ ရှိနေခဲ့ပြီး ဂိမ်းမာများသည် အော့ခ်များကဲ့သို့ ထွက်ပြေးမည် မဟုတ်ချေ။
...
ပက်ထရစ်စတားသည် စစ်ပွဲအပြီး ထာဝရတိုင်းပြည်၏ မြင်ကွင်းများကို ရိုက်ကူးနေစဉ် သူ၏ မှော်မှတ်တမ်း တင်စက်ကို တွေဝေစွာ ကိုင်ဆောင် ထားခဲ့သည်။
ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံခဲ့သော စစ်သတင်းထောက် တစ်ဦး အနေဖြင့် သူ၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့သော အရာ များစွာကို သူ မြင်တွေ့ ခဲ့ရသည်။
အားနည်းသော ဂိုဘလင်တစ်ဦး သူ၏ ရဲဘော်ရဲဘက်များ ထိခိုက်မှု ပေးနိုင်ရန် အော့ခ်တစ်ဦး၏ တင်းပုတ်အောက်တွင် မိမိကိုယ်ကို စတေးခဲ့သည်။ ဖောက်ခွဲ ခံထားရသော ဒန်ဂျင်မြို့ရိုးများ ပေါ်ရှိ လေးသမားများသည် သူတို့ အသက်ရှင်ရန် အခွင့်အလမ်းမ ရှိကြောင်း သိရှိကြသော်လည်း မြားများ ပစ်ခတ်ခြင်းနှင့် ဆီးအိတ်ဗုံးများ ပစ်ပေါက်ခြင်းကို ဆက်လက် လုပ်ဆောင် ခဲ့ကြသည်။ အော့ခ်များ သတ်ဖြတ်ခြင်း ခံရသည်ကို သူတို့ မြင်တွေ့ရသည့်အခါ သူတို့ ပျော်ရွှင်သော မျက်နှာထားများ ပြသ ကြလိမ့်မည်။ ပက်ထရစ်စတားသည် ဂိမ်းမာများ ဆီးအိတ်ဗုံးများဖြင့် မိမိကိုယ်ကို ရစ်ပတ်ကာ အော့ခ်အုပ်စုထဲသို့ ပြေးဝင် တိုက်ခိုက်သည်ကို အကြိမ်များစွာ မျက်မြင် တွေ့ရှိ ခဲ့ရသည်... တစ်ခါတစ်ရံ သူတို့သည် သူတို့၏ ရဲဘော်ရဲဘက်များကို မတော်တဆ ထိခိုက် စေခဲ့သည်။
ဤစစ်ပွဲတွင် ထိခိုက်သေဆုံးမှု မည်မျှ ရှိခဲ့ပါသနည်း။
ပက်ထရစ်စတား မသေချာခဲ့ချေ။ သူသည် သူတို့၏ အိမ်များကို ကာကွယ်ရန် မိမိကိုယ်ကို စတေးခဲ့သော ဂိမ်းမာများစွာ ကိုသာ မြင်တွေ့ခဲ့ရသည်။ သူတို့သည် ကြောက်ရွံ့ခြင်း ကင်းမဲ့ကြပြီး သေဆုံးခြင်းမှာ သူတို့ အတွက် အမြင့်မြတ်ဆုံး ဂုဏ်ယူမှု ဖြစ်ခဲ့သည်။
သူတို့၏ အလောင်းများက,ကော... နေဦး၊ သူတို့၏ အလောင်းများ ဘယ်မှာလဲ။
ပက်ထရစ်စတား အံ့အားသင့်သွားသည်။ သူသည် အော့ခ် အလောင်းများကိုသာ မြင်တွေ့ခဲ့ရပြီး ထာဝရတိုင်းပြည်မှ အလောင်းများကို ရှာမတွေ့ နိုင်ခဲ့ချေ။ သူ ခဏ စဉ်းစားပြီးနောက် မျက်ရည်များ ဝေ့ဝဲ လာခဲ့သည်။
သူတို့၏ အလောင်းများကို အော့ခ်များက စားသုံးခဲ့ကြသည်တကား။
ထိုအရာမှာ အမှန်ပင်။ ပက်ထရစ်စတား၏ အမြင်အာရုံမှာ သူ၏ ဝေ့ဝဲနေသော မျက်ရည်များကြောင့် ဝေဝါး နေခဲ့သည်။ သူတို့၏ အိမ်များကို ကာကွယ်ရန်နှင့် အော့ခ်များကို ပြန်တိုက်ခိုက်ရန် အတွက် ကြိုးစားသူ၊ သူတို့၏ အလောင်းများကို အော့ခ်များက စားသုံး ခဲ့ကြသည်။ ဤသည်မှာ မော်ဂန် ကျူးလွန်ခဲ့သော အပြစ်ပင်။
ပက်ထရစ်စတားသည် မော်ဂန်၏ ကြောက်မက်ဖွယ် ကောင်းသော မျက်နှာကို သတိရမိ၍ တုန်ရီ သွားခဲ့သည်။
ထာဝရမီးလျှံ၏ ဒုတိယ ဆက်ခံသူသည် ဖိုးဉာဏ်ကျယ်နှင့် ထာဝရတိုင်းပြည်၏ မြို့သူမြို့သားများ၏ ပူးပေါင်းတိုက်ခိုက်မှု အောက်တွင် ရှုံးနိမ့်သွားခဲ့သည်။ သူသည် သူ၏ ပစ္စည်း အားလုံးကို ချွတ်ပစ်လိုက်ပြီး သူ၏ လက်နက်ကို ဘေးသို့ ပစ်ချလိုက်ကာ ဒူးထောက် ချလိုက်ပြီး ခေါင်းငုံ့ကာ လေးစားစွာဖြင့် ပြောလိုက်သည်။ "တောင်းပန်ပါတယ်၊ ကျွန်တော် မှားသွားတယ်။ ကျွန်တော် မှော်ကျောက်တုံး သန်းတစ်ဆယ် ပေးဆောင်ပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျွန်တော့်တင်ပါးကို မထိုးကြပါနဲ့တော့၊ ကျေးဇူးပြုပြီး။"
မော်ဂန်၏ အစိတ်အပိုင်း အများစုမှာ အဝတ်ဗလာ ဖြစ်သောကြောင့် ဆင်ဆာပုံ များဖြင့် ဖုံးအုပ်ထားခြင်း ခံခဲ့ရသည်။
မော်ဂန်၏ အားနည်းချက်များကို တိုက်ခိုက်ရန် ကြိုးစားခြင်းကို လက်မလျှော့သော ဂိမ်းမာများကို ဖိုးဉာဏ်ကျယ်က ထွက်ခွာသွားရန် ဖျောင်းဖျ နေခဲ့သည်။ အဓိကအချက်မှာ အခြားဂိမ်းမာများ [နှစ်သိမ့်မှု ] မစ်ရှင်ကို လက်ခံရရှိခဲ့ပြီး သူတို့၏ လက်စားချေလိုသော ရဲဘော်ရဲဘက်များကို ဆွဲထုတ်သွားခဲ့ခြင်းပင်။ သူတို့က "လုံလောက်ပြီ၊ ထိုးတာ ရပ်လိုက်တော့။ ဘော့စ်က မသေနိုင်တဲ့ ဇာတ်ကွက်ပုံစံထဲကို ဝင်သွားပြီ။ သူ သူ့ လက်နက်နဲ့ ပစ္စည်းတွေကို လက်နက်ချပြီးပြီ။ တိုက်ခိုက်တာ ရပ်လိုက်တော့၊ သူ သေမှာ မဟုတ်ဘူး။"ဟု ဆိုကြသည်။
ဂိမ်းမာများသည် မော်ဂန်၏ လုယူပစ္စည်းများကို မြင်တွေ့ရ၍ ပျော်ရွှင် နေကြသော်လည်း ပစ္စည်းများကို လေလံတင် ရောင်းချမည်၊ မရောင်းချမည်ကို ဘရု ဆုံးဖြတ်ခြင်း မပြုမီ သူ ပစ္စည်းများကို စိစစ်ခိုင်း ရမည် ဖြစ်သည်။ ရှားလော့ခ်သာ မော်ဂန်၏ ပစ္စည်းများကို အသုံးပြုရန် ဆုံးဖြတ်ခဲ့လျှင်ကော။ ဂိမ်းချို့ယွင်းချက် များစွာ ပါနိုင်သော ပစ္စည်းများကို ဂိမ်းမာများအား ပေးအပ်မည် မဟုတ်ပေ။ ဘရုက "ဂိမ်းမာတွေက ဂိမ်းထဲက အင်အားချိန်ခွင်လျှာကို ပျက်ပြားစေတဲ့ ပစ္စည်း တစ်ခုအကြောင်း ရှိလာရင် တိုင်ကြား ကြလိမ့်မယ်။"ဟု ရှင်းပြခဲ့သည်။
ထိုအရာမှာ ဘရု၏ ရှင်းပြချက် ဖြစ်သည်။
ပက်ထရစ်စတားသည် သူ၏ မှော်မှတ်တမ်း တင်စက်ကို ပိတ်လိုက်သည်။ သူသည် ထာဝရတိုင်းပြည်၏ အပြင်ဘက်နှင့် အတွင်းပိုင်းကို ရိုက်ကူးခဲ့ပြီး ဖြစ်သည်။ ထို့နောက် သူသည် ဂိမ်းမာများနှင့် အရှင်ရှားလော့ခ်ကို အင်တာဗျူးရန် သွားရောက်မည် ဖြစ်သည်။ ကုန်ကျစရိတ် မည်မျှပင် ရှိစေကာမူ ထိုက်တန်မည်ဟု သူ ခံစားခဲ့ရသည်။ အကြောင်းမှာ ဤတစ်ကြိမ်တွင် သတင်းကြီး တစ်ခု ဖြစ်သောကြောင့်ပင်။
ထိုအရာမှာ ပက်ထရစ်စတား ယုံကြည်သော အရာ ဖြစ်သည်။
...
အမှောင် အခန်းတစ်ခန်းတွင် ရွှံ့ဗွက် မွန်းစတားတစ်ကောင် တံခါးဝတွင် ရပ်နေပြီး အထက်တန်းစား နတ်ဆိုးတစ်ဦး ဆိုဖာပေါ်တွင် ထိုင်နေကာ သူ၏ လက်ထဲမှ စာရွက်စာတမ်းကို ကြည့်ရင်း သက်ပြင်းချ နေခဲ့သည်။
"ဒါ... လုံးဝ မမျှော်လင့်ထားဘူး။" အထက်တန်းစား နတ်ဆိုးက ပြောလိုက်သည်။
"မော်ဂန်နဲ့ ပိုလီယို ရှုံးနိမ့်သ ွားကြပြီ။"
"ဟုတ်ကဲ့ပါ အရှင်အလက်ဇန္ဒရီယား။"
ရွှံ့ဗွက် မွန်းစတားသည် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး အလက်ဇန္ဒရီယားက ခေါင်းညိတ်ကာ ပြုံးလိုက်ရင်း ပြောလိုက်သည်။ "ပြဿနာ မရှိပါဘူး။ အဲ့ဒီအစီအစဉ်က ဘယ်လို တိုးတက်နေလဲ။"
"အရမ်း ချောမွေ့ပါတယ် အရှင်အလက်ဇန္ဒရီယား။"
"ကောင်းပြီ၊ မင်း ထွက်သွားလို့ ရပြီ။" အလက်ဇန္ဒရီယားက ရွှံ့ဗွက် မွန်းစတားအား အမိန့်ပေးလိုက်သည်။
တံခါးပိတ်သွားပြီး အခန်းသည် နောက်တစ်ကြိမ် မှောင်သွားခဲ့သည်။
မီးလုံး တစ်လုံး ပေါ်ပေါက်လာပြီး မီးတောက်များကြားမှ စာတစ်စောင် ကျဆင်း လာခဲ့သည်။ စာတွင် "အရှင်အလက်ဇန္ဒရီယားထံသို့ — တရားသူကြီး ကြက်သွန်ခေါင်း" ဟူသော စာသားများ ပါရှိခဲ့သည်။