အွန်လိုင်းဂိမ်းများ၏ အပြစ်များ
Vol. 27 Ch. 396
ပိုစတာ တစ်ခုပေါ်တွင် ထူထဲသော အနက်ရောင် မြူခိုးများဖြင့် ပေါက်ကွဲနေသော မီးတောင်ကြီး တစ်ခုကို ရေးဆွဲ ထားခဲ့သည်။ ပိုစတာ အလယ်တွင် ရယ်မောနေသော အော့ခ်နှစ်ဦး ရှိနေခဲ့သည်။ ပိုစတာ အောက်ခြေတွင် "တက်ကြွသော မီးတောင်နက်ကို ခံစားလိုက်ပါ။ သင်၏ ဘဝ၏ နောက်ဆုံး အတွေ့အကြုံ။" ဟူသော စာသားများ ရေးသား ထားခဲ့သည်။
ထိုအောက်တွင် သေးငယ်သော စာလုံးတန်း တစ်ခု ရှိနေ ခဲ့သည်:
"သင် မျှော်လင့်ချက် မဲ့နေသလား။ ဘဝက ခက်ခဲတယ်လို့ သင် ခံစားနေရသလား။ သင်၏ လက်ရှိ အခြေအနေ အတွက် သင် စိုးရိမ်ပူပန် နေသလား။ ဤကျော်ကြားသော ခရီးသွား ဆွဲဆောင်မှုသို့ လာရောက်ပါ။ တက်ကြွသော မီးတောင်နက်တွင် သင် လိုချင်သော အဖြေများ ရှိနေပါသည်။"
သေးငယ်သော စာလုံးတန်း အောက်တွင် အလွန် သေးငယ်သော စာလုံးတန်း တစ်ခု ထပ်ရှိ နေခဲ့သည်:
"သေဆုံးနှုန်းမှာ ၉၀% အထိ မြင့်မားပါသည်။ ကျွန်ုပ်တို့၏ အေဂျင်စီသည် မည်သည့် သေဆုံးမှု အတွက်မျှ တာဝန်မယူပါ။"
"အင်း... မီးတောင်နက်က အလုံခြုံဆုံး ခရီးသွားလမ်းကြောင်း မဟုတ်ဘူးလား။" ဖိုးဉာဏ်ကျယ်က ပိုစတာကို စဉ်းစားရင်း ရှားလော့ခ်အား မေးလိုက်သည်။
"အဲ့ဒါက တက်ကြွတဲ့ အဆင့်မှာ ရှိနေမှတော့ ချော်ရည်တွေ ပန်းထွက်လိမ့်မယ်။ ပိုကြောက်စရာ ကောင်းတဲ့ အချက်က ထုတ်လွှတ်လိုက်တဲ့ အဆိပ်ငွေ့ပဲ။ အဲ့ဒီဓာတ်ငွေ့ အနားကို ရောက်ရှိသွားတဲ့ ဘယ်သာမန် မျိုးနွယ်မဆို သေဆုံးသွားလိမ့်မယ်။ တက်ကြွတဲ့ အဆင့်က မကြာသေးခင်ကမှ စတင်ခဲ့တာ။ ဆောင်းတောင်ကုန်းမြို့ ကုန်သည်အဖွဲ့ မီးတောင်နက်ကနေ တစ်ဆင့် ခရီးသွားတုန်းက အဲ့ဒါက ငြိမ်သက်နေတဲ့ အဆင့်မှာ ရှိနေခဲ့တယ်၊ ဒါကြောင့် အဲ့လောက် အန္တရာယ် မများခဲ့ဘူး။"
ရှားလော့ခ်သည် ဒန်ဂျင်အရှင် ခန်းမဆောင်ရှိ ကုလားထိုင် တစ်လုံးတွင် ထိုင်နေ ခဲ့သည်။ သူ၏ ရှေ့တွင် ဖိုးဉာဏ်ကျယ်၊ ကြက်ဥခေါင်း၊ အိဗလင်း၊ ယိုဒါနှင့် ကြောင်ငယ်လေး ပုံစံ ဖြစ်နေသော ပိုလီယိုတို့ ရှိနေခဲ့ကြသည်။
"ဒါက မီးတောင်နက် အကြောင်း သတင်း အချက်အလက်ပဲ။ သတင်း အချက်အလက် စုဆောင်းဖို့ ငါ ပိုက်ဆံ အများကြီး သုံးစွဲခဲ့ရတယ်။ ကြည့်လိုက်ကြပါ။ လာမယ့် အနာဂတ်မှာ ငါတို့ ဧရိယာကို စူးစမ်းလေ့လာကြမယ်။ နေရာအကြောင်း ပိုသိဖို့ အရေးကြီးတယ်။"
ရှားလော့ခ်သည် ပိုစတာများကို လူတိုင်းထံသို့ ပေးအပ် လိုက်သည်။ ကြက်ဥခေါင်းနှင့် အိဗလင်းတို့ ပိုစတာကို အလေးအနက် လေ့လာနေကြသည်မှ လွဲ၍ ဖိုးဉာဏ်ကျယ်နှင့် ယိုဒါတို့မှာ ငေးကြောင် တွေဝေ နေခဲ့ကြသည်။ ပိုလီယိုက ပြောလိုက်သည်။ "မြောင်။ ရယ်စရာကြီး၊ မြောင်။ ဒီလို ပိုစတာ တစ်ခုက ပိုက်ဆံ အများကြီး ဘယ်လို ကုန်ကျနိုင်မှာလဲ။ ဘယ်သူမဆို ခရီးသွားအေဂျင်စီ ဝင်ပေါက်ကနေ ဒါတွေ ယူနိုင်တယ်..."
ပိုလီယိုက သူ၏ လက်သည်းများကို သုံး၍ ပိုစတာကို ဆွဲဖြဲပြီး မြေပြင်ပေါ်သို့ ပစ်ချရန် ဟန်ပြင် လိုက်သော်လည်း ရှားလော့ခ်ကို မြင်တွေ့ပြီးနောက် သူ ခေါင်းညိတ်ကာ ပြတ်သားစွာ စကားပြန်ပြင် ပြောလိုက်သည်။
"ငါ သိပြီ။ သေဆုံးနှုန်း ၉၀%တောင် ရှိတယ်၊ မြောင်။ အဲ့ဒါက အရမ်း အန္တရာယ် များတယ်၊ မြောင်။ မီးတောင်ရဲ့ တက်ကြွတဲ့ အဆင့်မှာ ခရီးသွားတွေ နည်းပါးသွားတယ် တဲ့လား။ ဒါက ငါတို့ကို ဖြန့်ကျက်ပြီး စုံစမ်းစစ်ဆေးဖို့ ပိုအဆင်ပြေစေတယ်၊ မြောင်၊ မြောင်။"
"ဟုတ်တယ်၊ ယိုဒါက ယာဉ်ပျံကြီးကို မီးတောင်နက် အနီးကို ပျံသန်း ပေးလိမ့်မယ်။ ဆောင်းတောင်ကုန်းမြို့ ခရီးသွားအေဂျင်စီမှာ ငါ အခမဲ့ ခရီးစဉ် တစ်ခု စာရင်းသွင်း ထားတယ်၊ ဒါကြောင့် ခရီးသွား လမ်းညွှန် တစ်ယောက်က ယာဉ်ပျံကြီးနောက် လိုက်ပြီး မီးတောင်နက် ခရီးသွား နေရာဆီ သွားရောက်လိမ့်မယ်။ ပိုလီယိုက ကြေးစားတပ်ဖွဲ့ ဗိုလ်ကြီး ဖြစ်လိမ့်မယ်။ သူရဲကောင်း ကြေးစားတပ်ဖွဲ့ ဗိုလ်ကြီး အဖြစ် ဟန်ဆောင်ပြီး ကြေးစားတပ်ဖွဲ့ရဲ့ ကိုယ်ရေးရာဇဝင်နဲ့ နာမည် တစ်ခု ဖန်တီးဖို့ မမေ့နဲ့။ ဖိုးဉာဏ်ကျယ်က ကြေးစားတပ်ဖွဲ့ရဲ့ လစာမြင့် အတိုင်ပင်ခံ ဖြစ်လိမ့်မယ်။ မနက်ဖြန် ငါတို့ ချာတိတ်ကို သွားတွေ့ကြမယ်။ ငါ ကြေးစားတပ်ဖွဲ့ အဖြစ် မင်းတို့ကို ချေးငှားခြင်း မပြုမီ ငါ့ အံကြိတ်ပြီး အချိန်အကြာကြီး စဉ်းစားခဲ့ရတယ်။"
"ကြက်ဥခေါင်း၊ ယာဉ်ပျံကြီး နေရာ ရောက်တာနဲ့ မင်း မီးတောင်နက်ကို သွားရောက် လည်ပတ် ရလိမ့်မယ်။ မင်းက မီးတောင်နက်မှာ ကုန်စည် ပို့ဆောင်ရေး အရာရှိ ဖြစ်လိမ့်မယ်။ မင်းက မြို့သူမြို့သားတွေရဲ့ ပစ္စည်းကိရိယာတွေနဲ့ ကုန်ပစ္စည်းတွေ လဲလှယ်တာနဲ့ ကင်းစခန်း တည်ဆောက်မှုကို ကြီးကြပ်တာ အတွက် တာဝန်ယူ ရလိမ့်မယ်။ အိဗလင်း၊ မင်းက ကြော်ငြာပိုစတာတွေ ထုတ်လုပ်ပြီး စွန့်စားသူ အစည်းအရုံးမှာ ချိတ်ဆွဲ ရလိမ့်မယ်။ မြို့သူမြို့သားတွေက ဟော့ဒီ အထူးမီးတောင်နက် မစ်ရှင်မှာ ပါဝင်ဖို့ ဂိမ်းငွေကြေး သုံးစွဲရလိမ့်မယ်။ မစ်ရှင် ပြီးစီးသွားပြီးတဲ့နောက် သူတို့က စွန့်စားသူ ဂုဏ်သတင်း ရမှတ်တွေ ရရှိပြီး သူတို့ရဲ့ စွန့်စားသူ တံဆိပ်တွေကို အဆင့်မြှင့်တင် နိုင်လိမ့်မယ်။ မင်း ဒီလှည့်ကွက်တွေနဲ့ ရင်းနှီး ကျွမ်းဝင်တယ်ဆိုတာ ငါ သေချာတယ်။ ငါတို့ သူတို့ကို စိတ်ဓာတ်မြှင့်တင် ပေးစရာ မလိုဘူး၊ ပြီးတော့ ငါ အဲ့ဒါကို စိတ်မပူဘူး။ ဒါတွေ အားလုံးက ထုံးတမ်းစဉ်လာတွေ၊ ခံစားချက်တွေနဲ့ ရည်ရွယ်ချက် တစ်ခု အကြောင်းပဲ။ သုံးရက်အတွင်းမှာ ကြော်ငြာပစ္စည်းတွေ ပြီးစီးရမယ်။ မင်း အလုပ် မနိုင်နင်းခဲ့ရင် မြို့သူမြို့သားတွေရဲ့ အကူအညီရရှိဖို့ စွန့်စားသူ မစ်ရှင်တွေကို အသုံးချ နိုင်တယ်။ သူတို့က လူမှုဆက်ဆံရေး ကိစ္စတွေမှာ တကယ် အရည်အချင်း ရှိကြတယ်။" ရှားလော့ခ်က ပြောလိုက်သည်။
"ငါ ကွန်ပျူတာ သုံးလို့ ရမလား။"
"မရဘူး။"
"ငါ ကွန်ပျူတာ မယူခဲ့ရင် ငါ့ ဖောက်သည် ဝန်ဆောင်မှု တာဝန်ကို မထမ်းဆောင် နိုင်တော့ဘူး မဟုတ်လား။"
"မဟုတ်ဘူး၊ မင်းရဲ့ ရည်ရွယ်ချက်က ကွန်ပျူတာ ဂိမ်းတွေ ခိုးကစားဖို့ပဲ။ ငါတို့ ဖောက်သည် ဝန်ဆောင်မှုကို အချိန်ကာလ တစ်ခု ဆိုင်းငံ့ထားနိုင်တယ်။ ငါ မင်းရဲ့ ဖျားနာခွင့်ကို ကြေညာပေးမယ်။"
"ငါက အေဇရို့သ်အဖွဲ့ရဲ့ တပ်မှူးချုပ်၊ ရက်ဒ်အရဲတာရဲ့ စစ်သူကြီး၊ အင်ပါယာခေတ်ရဲ့ ယဉ်ကျေးမှု သင်တန်းဆရာ၊ ပီအဖွဲ့အစည်းရဲ့ သူငယ်ချင်း၊ လုပ်ကြံသတ်ဖြတ်သူများရဲ့ ဘုရင်..."
"မရဘူး။"
ရှားလော့ခ်က ကြက်ဥခေါင်း၏ ရူးကြောင်ကြောင် စိတ်ကူးယဉ်မှုကို ဖြတ်ပြောလိုက်ပြီး အစည်းအဝေး ပြီးဆုံး သွားခဲ့သည်။ ဖိုးဉာဏ်ကျယ် တစ်ဦးတည်းသာ ရုံးခန်းတွင် ကျန်ရှိ နေခဲ့သည်။
ဖိုးဉာဏ်ကျယ်သည် ရှားလော့ခ်နှင့် တစ်စုံတစ်ခု ဆွေးနွေးရန် ရှိနေခဲ့သည်။
"အရှင်ရှားလော့ခ်၊ ဒီကိစ္စမှာ မပါဝင်တာက ပိုကောင်းမယ်လို့ ကျွန်တော် ခံစားမိပါတယ်။"
ဖိုးဉာဏ်ကျယ်သည် ရှားလော့ခ်၏ ရှေ့တွင် ရပ်နေပြီး အလွန် လေးနက် တည်ငြိမ် နေခဲ့သည်။
"မင်း အန္တရာယ်တွေကို စိုးရိမ်နေတာလား။" ရှားလော့ခ်က မေးလိုက်သည်။
"မဟုတ်ပါဘူး၊ ပျောက်ဆုံးနေတဲ့ ကုန်သည်အဖွဲ့က မြောက်ပိုင်းနယ်စား ပိုင်နက်ဆီ ကုန်ပစ္စည်းတွေ ပို့ဆောင် နေတယ်လို့ သတင်းစာထဲမှာ ကျွန်တော် ဖတ်ခဲ့ရတယ်။ အရှင် အလက်ဇန္ဒရီယားက အရှင်ရှားလော့ခ်ကို ပူးပေါင်း ကြံစည်နေပုံ ရတယ်။ ရှေးဟောင်းနတ်ဘုရားများ တပ်မတော်ရဲ့ ဆောင်းတောင်ကုန်းမြို့ ကျူးကျော်မှု အတွင်းမှာ အလက်ဇန္ဒရီယားက ထာဝရမီးလျှံနဲ့ ထာဝရတိုင်းပြည်ကို ရှေ့တန်းမှာ အတူတူ ထားရှိဖို့ အကြံပြုခဲ့တယ်။" ဖိုးဉာဏ်ကျယ်က လေးစားစွာ ပြောလိုက်သည်။
ရှားလော့ခ်က ခေါင်းညိတ်လိုက်ပြီး "မင်း မှန်တယ် ဖိုးဉာဏ်ကျယ်။ ဒါပေမဲ့..."ဟု ပြောလိုက်သည်။
ရှားလော့ခ်သည် ထရပ်လိုက်ပြီး ပြတင်းပေါက် ဆီသို့ လျှောက်လှမ်း သွားခဲ့သည်။ သူသည် ဆူညံနေသော ဂိမ်းမာများကို ညင်သာစွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။ "တစ်ခါတစ်ရံမှာ ခက်ခဲပြီး အန္တရာယ် များနေရင်တောင် ငါတို့ နောက်ဆုတ်ဖို့ မဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ ရှိနိုင်တယ်။ ငါ မင်းကို အသေးစိတ် မပြောနိုင်ပေမဲ့ တစ်နေ့နေ့မှာ ငါ ဘာလို့ ဒီလို လုပ်နေလဲဆိုတာ မင်း နားလည် လာလိမ့်မယ်။ ဒါက လူငယ်ဘဝပဲ ဖိုးဉာဏ်ကျယ်။ မင်း သင်ယူရမယ့် အရာတွေ အများကြီး ရှိတယ်။ အခု ထွက်သွားပြီး မင်း အလုပ်ကို လုပ်လိုက်ပါ။ မနက်ဖြန် ငါတို့ ဒန်ဂျင်အရှင် ချာတိတ်ကို သွားတွေ့ကြမယ်။"
"ကျွန်တော် နားလည်ပါတယ် အရှင်ရှားလော့ခ်။"
ဖိုးဉာဏ်ကျယ်သည် ရှားလော့ခ်အား ဦးညွှတ် လိုက်ပြီး ဒန်ဂျင်အရှင် ခန်းမဆောင်မှ ထွက်ခွာ သွားခဲ့ကာ ဒန်ဂျင်အရှင် ခန်းမဆောင် ဝင်ပေါက်တွင် ရပ်နေပြီး တွေဝေစွာ အပြင်သို့ စိုက်ကြည့် နေခဲ့သည်။
"လူငယ်ဘဝတဲ့လား..."
...
စိန်ခေါ်မှု အသစ် တစ်ခု ထာဝရတိုင်းပြည်ကို စောင့်ကြို နေခဲ့သည်။ ဂိမ်းမာများ အတွက်မူ ထိုအရာမှာ အကြောင်းအရာ အပ်ဒိတ် တစ်ခုသာ ဖြစ်သည်။
သို့သော် ဂိမ်းမာများတွင် အကြောင်းအရာ အပ်ဒိတ်များထက် ပိုအရေးကြီးသော အရာများ စိတ်ထဲတွင် ရှိနေခဲ့သည်။ အွန်လိုင်းဂိမ်းများ အတွက် တကယ့် ကစားနည်းအစစ်မှာ ပထမဦးစားပေး မဟုတ်ဘဲ လူမှုဆက်ဆံရေးသာ ဖြစ်သည်။
လူမှု ဆက်ဆံရေးများတွင် လူငယ်ဘဝ၊ ရည်မှန်းချက်များ၊ ခင်မင်မှု နှင့် အချစ်ကဲ့သို့သော အပြုသဘော ဆောင်သည့် အချက်များ အပြင် အသရေဖျက် ကောလာဟလများ ကဲ့သို့သော အပျက်သဘော ဆောင်သည့် အချက်များလည်း ရှိနေခဲ့သည်။
ထာဝရတိုင်းပြည်တွင် ထူးဆန်းသော ကောလာဟလများ ပြန့်နှံ့ နေခဲ့သည်။
[မိုးလက်ဖက်ရည်က အပြစ်ကင်းစင် ဟန်ဆောင်ပြီး အာသာရဲ့ ပစ္စည်းတွေကို လိမ်လည် လှည့်ဖြားနေတဲ့ လက်ဖက်စိမ်း ေ*ွးမတစ်ကောင်ပဲ။]
[ဘဝအရသာခံ ဂိမ်းမာလား။ တိုက်ပွဲ တစ်ခုမှာ ဘယ်တော့မှ မပါဝင်ဘူးလား။ ပုံရိပ်အတု တစ်ခု တည်ဆောက်ထားတဲ့ တစ်ယောက်ယောက်က အနားယူ ရလိမ့်မယ်။]
[နဂါးမျိုးနွယ်သားကို မိုးလက်ဖက်ရည်က အဖွဲ့ပြောင်းဖို့ အတင်းအကျပ် ခိုင်းခဲ့တာလား။]
[မိုးလက်ဖက်ရည်က ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ကို ပြိုကွဲအောင် လုပ်ဖို့ ကြိုးစားနေတယ်။ အာသာနဲ့ ဆယ်ဗားနပ်စ်က အဆင်ပြေကြတယ်ဆိုတာ လူတိုင်းသိတယ်၊ ဒါပေမဲ့ သူမက တတိယလူအဖြစ် ကျူးကျော်ဝင်ရောက် နေတယ်။]
[ရှက်စရာ ကောင်းလိုက်တာ။ မိုးလက်ဖက်ရည်က လက်တွေ့ဘဝမှာ အိမ်ထောင်ကျပြီးသား။ သူမက အားနည်းတဲ့ မိန်းကလေး တစ်ယောက် မဟုတ်ဘူး။ သူမက အိမ်ထောင်သည် အမေ တစ်ယောက်ပဲ။]
[သူမကို ဘာလို့ မိုးလက်ဖက်ရည်လို့ ခေါ်တာလဲ။ သူမကို လက်ဖက်စိမ်းလို့ ခေါ်တာက ပိုကောင်းလိမ့်မယ်။]
[ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှာ မိုးလက်ဖက်ရည်လို ဂိမ်းမာ တစ်ယောက် ရှိခဲ့ရင် အနှေးနဲ့ အမြန် ပြိုကွဲ သွားလိမ့်မယ်။ မိုးလက်ဖက်ရည်ကို မောင်းထုတ်လိုက်ကြ။ ငါတို့ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ ပြိုကွဲတာကို မမြင်ချင်ဘူး။]
...
ပို့စ်များသည် မိုးလက်ဖက်ရည်ကို တိုက်ခိုက် နေခဲ့သည်။ ပို့စ်များ အာသာကို ဖော်ပြသည့် အခါတိုင်း သူတို့သည် ချီးကျူးစကားများ ပြောခြင်း သို့မဟုတ် သူ့အား သားကောင်အဖြစ် သတ်မှတ်ခြင်းတို့သာ ဖြစ်ကြသည်။
လွန်ခဲ့သော နှစ်ရက်အတွင်း ဆွေးနွေးပွဲ ဖိုရမ်သည် စည်ကား လာခဲ့သည်။
ဂိမ်းမာများစွာ ဖြစ်ပေါ်လာတော့မည့် ပဋိပက္ခကို ကြည့်ရှုရန် စိတ်အားထက်သန် နေကြသည်။
ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှ အစည်းအရုံးဝင်များ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ကြချေ။ သူတို့သည် တိုင်ကြားချက် တစ်ခု တင်သွင်းပြီး အုပ်ချုပ်သူ ကောလာဟလ ပို့စ်များကို ဖယ်ရှားကာ အသရေ ဖျက်သူများကို အကောင့် ပိတ်ပင်ရန် စောင့်ဆိုင်း နေကြသည်။ သို့သော် ဆွေးနွေးပွဲ ဖိုရမ်သည် အင်တာနက်သို့ ဖွင့်လှစ် ထားသောကြောင့် ပိတ်ပင်ခံထားရသော အဖွဲ့ဝင်များအား အကောင့်အသစ်များ မှတ်ပုံတင်ခွင့် ပြုထားခဲ့သည်။ သူတို့သည် ကောလာဟလများ ဆက်လက် ဖြန့်ဝေပြီး ဆွေးနွေးပွဲ ဖိုရမ်ကို ပွဲဆူစေခဲ့ကြသည်။
ကောလာဟလ ဖြန့်ဝေသူ အရေအတွက်မှာ များပြားလှပြီး သူတို့သည် အငြင်းပွားဖွယ်ရာ ပို့စ်များနှင့် အခြားပို့စ်များတွင် အကြောင်းပြန်ချက်များ ဖန်တီး ကြလိမ့်မည်၊ ၎င်းတို့ အားလုံး မိုးလက်ဖက်ရည်ကို တိုက်ခိုက် နေကြသည်။ သူတို့သည် မိုးလက်ဖက်ရည်ကို ကောက်ကျစ်ကာ ပူးပေါင်း ကြံစည်သော လက်ဖက်စိမ်းမ တစ်ယောက်ကဲ့သို့ ပုံဖျက်ခဲ့ကြသည်။
မိုးလက်ဖက်ရည်နှင့် ရင်းနှီး ကျွမ်းဝင်သော ဂိမ်းမာများ လက်တုံ့ပြန် ခဲ့ကြသော်လည်း ဂိမ်းမာများစွာ မိုးလက်ဖက်ရည်ကို မသိရှိကြဘဲ ပွဲကိုသာ ပျော်ရွှင်စွာ စောင့်ကြည့်နေခဲ့ကြသည်။ တဖြည်းဖြည်း သူတို့သည် ကောလာဟလများကို အမှန်တရားအဖြစ် မှားယွင်းစွာ ယူဆကာ မှားယွင်းသော သတင်း အချက်အလက်များ ဖြန့်ဝေစ ပြုလာကြသည်။
လူသားများသည် မကောင်းသော သဘာဝဖြင့် မွေးဖွားလာကြသည်။
ဤမကောင်းမှုသည် အစုလိုက် အပြုံလိုက် ဖြန့်ဝေမှု နှင့် အချင်းချင်း ဖိအားပေးမှု တို့ဖြင့် မိမိကိုယ်ကို ဖော်ပြလိမ့်မည်။ မကောင်းမှု ပြုလုပ်သည့် ဥပမာများမှာ ပေါများလှသည်။
မိုးလက်ဖက်ရည်သည် မိမိကိုယ်ကို ကာကွယ်ရန် ကြိုးစားခဲ့သော်လည်း သူမ သည်းမခံနိုင်တော့ဘဲ ပို့စ် တစ်ခု ဖန်တီးခဲ့သည်။
[ငါက ငြိမ်းချမ်းတဲ့ ဂိမ်းမာတစ်ယောက်ပဲ ဖြစ်ချင်တယ်။ ငါ ဘယ်လို ပဋိပက္ခမျိုးမှာမှ မပါဝင်ချင်ဘူး။]
သူမသည် ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့၏ တိတ်တဆိတ်နေတတ်သော အဖွဲ့ဝင် တစ်ဦးသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အာသာနှင့် မိုးလက်ဖက်ရည်တို့မှာ သာမန် သူငယ်ချင်းများသာ ဖြစ်ပြီး သူတို့ အရင်က အဖွဲ့ တစ်ခါမျှ မဖွဲ့စည်းခဲ့ကြချေ။ အမှန်စင်စစ် သူတို့ တစ်ယောက်နှင့် တစ်ယောက် စကားပြောဆိုမှုပင် ရှားပါးလှသည်။ မိုးလက်ဖက်ရည်သည် တတိယလူအဖြစ် ပါဝင်ရန် ဆန္ဒ မရှိခဲ့သလို နဂါးမျိုးနွယ်သား အဘယ်ကြောင့် အဖွဲ့ပြောင်းခဲ့သည်ကိုလည်း သူမ,မသိရှိခဲ့ချေ။ သူမသည် ထိုကိစ္စ အတွက် ဝမ်းနည်းမိပြီး နဂါးမျိုးနွယ်သားကို ထိခိုက်စေကာ ဗစ်တိုးရီးယားမြို့သို့ အတင်းအကျပ် ပြောင်းရွှေ့စေရန် ဆန္ဒ တစ်ခါမျှ မရှိခဲ့ချေ။
မိုးလက်ဖက်ရည်၏ ပို့စ်မှာ အသေးစိတ် ကျသော်လည်း အကြောင်းပြန်ချက် များမှာ လှောင်ပြောင် သရော်မှုများ ဖြစ်ကြသည်။ သူတို့ထဲမှ အချို့မှာ သူမကို အပြစ်တင် နေကြပြီး ဂိမ်းမာအချို့ အချက်အလက်များကို လိမ်လည်ကာ သူမကို ဆဲဆိုကြသည်။ ဂိမ်းမာ အများစုမှာ ပွဲကိုသာ စိတ်အားထက်သန်စွာ ကြည့်ရှု နေကြသည်။
မိုးလက်ဖက်ရည် အတွက် စကားပြောဆိုပေးသူ အချို့လည်း ရှိနေခဲ့ပြီး သူတို့သည် ပို့စ်များတွင် ပဋိပက္ခများ စတင်ခဲ့ကြသည်။
မကြာမီ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ဝင် အားလုံး၏ ရှေ့တွင် သတိပေးချက် တစ်ခု ပေါ်ပေါက် လာခဲ့သည်။
[မိုးလက်ဖက်ရည် ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။]
အာသာသည် မိုးလက်ဖက်ရည်ကို ပြန်ရှာဖွေရန် သွားရောက်ခဲ့သော်လည်း သူမသည် သူ့အား ရှောင်တိမ်း နေခဲ့သည်။ အာသာ လာနေသည်ကို သူမ,မြင်တွေ့သည့်အခါ သူမ ချက်ချင်းပင် အော့ဖ်လိုင်း သွားခဲ့သည်။
ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့တွင် အက်ကွဲကြောင်း အကြီးကြီး တစ်ခု မကြာမီ ပေါ်ပေါက် လာခဲ့သည်။
နောက်ဆက်တွဲ ဖြစ်ရပ်များမှာ လုံးဝ မမျှော်လင့်ထားခဲ့ချေ...