ဖယ်ရီမလေးကို ကယ်တင်ခြင်း (အပိုင်း နှစ်)
Vol. 27 Ch. 399
[ဖယ်ရီမလေးကို ကယ်တင်ခြင်း၊ အပိုင်း တစ်
မစ်ရှင်ဖော်ပြချက်: ယခင်က အရှင်ရှားလော့ခ်၏ ကျေးကျွန်တစ်ဦး ဖြစ်ခဲ့သော ဖယ်ရီမလေးသည် သူမ၏ သဘောထားကို ပြောင်းလဲခဲ့ပြီး အရှင်ရှားလော့ခ်အား သစ္စာခံခဲ့သည်။ သူမသည် လက်ရှိတွင် ဆေးဖော်စပ်ပညာ သင်ကြားပေးနေသည်။ ဗစ်တိုးရီးယားမြို့ ပေါ်ပေါက်လာပြီးနောက် ဖယ်ရီမလေးသည် သူမ၏ ရပ်တည်ချက်ကို ပြောင်းလဲနေသည်... အရှင်ရှားလော့ခ်သည် ဖယ်ရီမလေးကို မယုံကြည်ဘဲ သူမကို ကွပ်မျက်ပစ်ရန် ရည်ရွယ်ထားသည်။ သို့သော် သူမသည် ထာဝရတိုင်းပြည် အတွက် အရေးကြီးသည်။ ဖယ်ရီမလေးကို ကယ်တင်ရန် သင် တစ်စုံတစ်ခု ပြုလုပ် ရမည်။
မစ်ရှင်ပန်းတိုင်များ:
နေ့စဉ်မစ်ရှင်များ: ၀/၅,၀၀၀ (ဝန်ဆောင်မှု အပြည့်)
အုတ်ခဲသယ်ခြင်း: ၀/၅,၀၀၀ (ဝန်ဆောင်မှု အပြည့်)
မှော်ကျောက်တုံးများ တင်သွင်းခြင်း: ၀/၅,၀၀၀ (ဝန်ဆောင်မှု အပြည့်)
စက်ရုံတွင် အလုပ်,လုပ်ခြင်း: ၀/၁၀,၀၀၀ (ဝန်ဆောင်မှု အပြည့်)
ဖယ်ရီမလေးအား ကူညီခြင်း: ၀/၁ (ကိုယ်ပိုင်)
မစ်ရှင်ဆုလာဘ်: ဖယ်ရီမလေး၏ မျက်နှာသာပေးမှု၊ ဂုဏ်သတင်း ရမှတ် ၁,၀၀၀နှင့် အခမဲ့ ဆေးဖော်စပ်ပညာ သင်တန်း တစ်ခု။
မစ်ရှင်ကျရှုံးမှု ပြစ်ဒဏ်: မစ်ရှင်ကို သုံးရက်အတွင်း ပြီးမြောက် အောင်မြင်အောင် လုပ်ဆောင် ရမည်။ သို့မဟုတ်ပါက သူမကို ရှားလော့ခ်က အများပြည်သူ ရှေ့တွင် ကွပ်မျက်လိမ့်မည်။ သင်၏ ဆေးဖော်စပ်ပညာ အသက်မွေးဝမ်းကျောင်းများ ရပ်စဲခြင်း ခံရလိမ့်မည်။]
"ဒါက အဓိပ္ပါယ် မရှိတာပဲ။ ဘယ်လို မစ်ရှင်မျိုးလဲ။ ဂိမ်းထုတ်လုပ်သူတွေက အရမ်း မရိုးသားဘူး။ မင်းတို့သာ ဇာတ်လမ်းကောင်း တစ်ခု ဒါမှမဟုတ် လှုပ်ရှားမှု တစ်ခု မစဉ်းစားနိုင်ခဲ့ရင်လည်း ကန့်သတ်ဒန်ဂျင်နယ်မြေ အသစ်တွေ ဖွင့်လှစ်လိုက်ပါလား။ ဒါမှမဟုတ် မွန်းစတားတွေကို ဒန်ဂျင်ကို တိုက်ခိုက်ခိုင်းလိုက်လေ။ ဘာလို့ မင်းတို့က အမ်ပီစီကို သုံးပြီး ငါတို့ကို လိုက်ခြိမ်းခြောက် နေရတာလဲ။ မင်းတို့ ဦးနှောက် ပျက်စီးနေလို့လား။"
"ဝါး၊ ငါ လက်လျှော့လိုက်ပြီ။ ငါ အွန်လိုင်းဂိမ်းတွေ ဆယ်နှစ် ကစားခဲ့တယ်။ ငါ Tencent ဂိမ်းတွေ ဒါမှမဟုတ် Angry Birds တွေတော့ မကစားခဲ့ဖူးဘူး၊ ဒါပေမဲ့ ငါ Tudou ကွန်ရက်ဂိမ်းတွေနဲ့ ဂိမ်းဇာတ်ဆောင် ကောင်းကင်ယံမှာ လျှောက်ပျံသန်း နေတာတွေကိုတောင် ရှင်သန်ကျော်လွှား နိုင်ခဲ့တယ်။ ဒါပေမဲ့ ေ*ာက်အဓိပ္ပါယ်မရှိတဲ့ မစ်ရှင်ကတော့ ငါ့ကို လက်လျှော့စေတယ်။"
"သေစမ်းပါ ရှားလီ။ ဖယ်ရီမလေးကို ငါတို့ဆီ ပြန်ပေးပါ။"
"ရှားလီသာ ဖယ်ရီမလေးကို သတ်ခဲ့ရင် ငါ ဒီနေ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်။ ငါ နေ့စဉ် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကတိကို အကောင်အထည် ဖော်မယ်။"
"မင်းတို့ အားလုံး အရမ်း မကျေမနပ် ဖြစ်နေကြတယ်ရော။ ကျေးဇူးပြုပြီး ထွက်သွားကြမလား။ ငါ့ သူငယ်ချင်းတွေက ဂိမ်းထဲကို ဝင်ချင်ကြတယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး ထွက်သွားကြပါ။"
ရှားလော့ခ် ဖယ်ရီမလေးကို ဖမ်းဆီးခဲ့သည့် နေ့တွင် ဂိမ်းမာများ မကျေနပ်မှု ဆူပူမှုများဖြင့် ပြည့်နှက် နေခဲ့သည်။
ဂိမ်းနှင့် ဆွေးနွေးပွဲ ဖိုရမ်သည် တိုင်ကြားချက်များဖြင့် ပြည့်နှက်နေခဲ့ပြီး ဂိမ်းမာများသည် ဂိမ်းထုတ်လုပ်သူများ စိတ်လွတ်သွားသည်ဟု ဆဲဆိုကြသည်။ သူတို့၏ ဘဝစွမ်းရည် သင်တန်းဆရာကို ဖမ်းဆီးဝံ့ပြီး ဖော်ရွေသော ရှားလီကို ဗီလိန် ဇာတ်ကောင်အဖြစ် ပြုလုပ်ဝံ့ ကြပါသည်တကား။ ဂိမ်းမာများသည် ဖယ်ရီမလေးနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ထားခဲ့ကြရာ ရှားလီသည် သူမကို အမှန် သတ်ဖြတ်ခဲ့လျှင် ငတုံး တစ်ဦးသာ ဖြစ်ရမည်။ ဂိမ်းမာများသည် လက်စားချေရန် ရှားလီကို သေချာပေါက် ပြန်တိုက်ခိုက် ကြလိမ့်မည်။
ရှားလီ တိုက်ခိုက်ခြင်း ခံရနိုင်မည်၊ မခံရနိုင်မည်မှာ မရှင်းလင်းခဲ့ချေ။ သို့သော် တစ်ခုမှာတော့ ရှင်းလင်းသည်၊ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ အတွက်မူ ၎င်းက သတင်းကောင်း တစ်ခု ဖြစ်သည်။
ဇာတ်လမ်းအသစ်၏ အငြင်းပွားမှုကြောင့် ကောလာဟလ ဖြန့်ဝေသူများ ဖန်တီးခဲ့သော မိုးလက်ဖက်ရည်ကို တိုက်ခိုက်သည့် ပို့စ်များသည် ဆွေးနွေးပွဲ ဖိုရမ်တွင် အောက်သို့ တွန်းချခြင်း ခံနေရသည်။ မျက်နှာပြင် တစ်ခုလုံးသည် [ညံ့ဖျင်းတဲ့ ဂိမ်းထုတ်လုပ်သူတွေ။]၊ [ငါတို့ရဲ့ ဖယ်ရီမလေးကို ပြန်ပေးပါ။]၊ [ရှားလီကို ဖြုတ်ချပါ။ ဖယ်ရီမလေးကို ကယ်တင်ပါ။]၊ [ဘယ်သူမဆို ငါ့ ခင်ပွန်းရှားလော့ခ်ကို ဆဲဆိုခဲ့ရင် ငါ သူတို့နဲ့ တိုက်ခိုက်မယ်။]၊ [ဖိုးဉာဏ်ကျယ်က ဖယ်ရီမလေးရဲ့ အကျပ်အတည်းကို မသိဘူး။]၊ [ကျေးဇူးပြုပြီး ဆင်းဘကို ဖယ်ရီမလေးအကြောင်း လာမမေးကြပါနဲ့။ ဒေါသထွက်နေတဲ့ ဆင်းဘက ငါ့ ပစ္စည်းနှစ်ခုကိုတောင် ဖျက်ဆီးပစ်ခဲ့ပြီ။ ငါ တတိယ ထိုးနှက်ချက်ကို ထပ်မခံနိုင်တော့ဘူး။] ကဲ့သို့သော ပို့စ်များဖြင့် ပြည့်နှက် နေခဲ့သည်။
ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့၏ ခံတပ်တွင် အာသာနှင့် သူ၏အဖွဲ့ အစည်းအဝေး တစ်ခု ပြုလုပ် နေခဲ့ကြသည်။
"ဂိမ်းထုတ်လုပ်သူတွေက ငါတို့ကို အားပေးနေတယ်။ ဇာတ်လမ်းအသစ် မိတ်ဆက်လိုက်တဲ့ အခါ လူထု အာရုံစိုက်မှု ပြောင်းသွားခဲ့တယ်။ ကောလာဟလ ဖြန့်ဝေသူတွေကို ပေးခဲ့တဲ့ ပိုက်ဆံတွေက ရေထဲ ပလုံသွားပြီ။" ဂနိုင်သားက လှုပ်ကုလားထိုင် တစ်လုံးတွင် လဲလျောင်းနေရင်း သူ၏ ခေါင်းနောက်တွင် လက်များကို ဆုပ်ကိုင်ထားကာ ခြေထောက်များကို ချိတ်ထားရင်း ပြောလိုက်သည်။
ဤလှုပ်ကုလားထိုင်ကို ဂနိုင်သား ခွေးခေါင်းလူသား တစ်ဦး ဖြစ်စဉ်က ဆောင်းတောင်ကုန်းမြို့မှ သိမ်းဆည်း ရရှိ ခဲ့သည်။ အရွယ်အစားမှာ ဂနိုမ်း သို့မဟုတ် ခွေးခေါင်းလူသားတစ်ဦး အတွက် အံကိုက်ဖြစ်သည်။ သို့သော် ဂနိုင်သားသည် လက်ရှိတွင် အော့ခ်တစ်ဦး ဖြစ်နေသည်။
အော့ခ် တစ်ဦးသည် ဂနိုမ်းတစ်ဦးထက် အရွယ်အစား ပိုကြီးမားသောကြောင့် လှုပ်ကုလားထိုင်မှာ အနည်းငယ် သေးငယ်နေပုံ ရသည်။ သို့သော် အသုံးပြု၍တော့ ရနိုင်သေးသည်။
"ဇာတ်လမ်းမစ်ရှင်က ငါတို့ကို ငါတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်နဲ့ လမ်းဆုံလမ်းခွမြို့ဆီ ငါတို့ရဲ့ ခရီးစဉ် အကြိမ်အရေအတွက်ကို တိုးမြှင့် စေချင်တယ်။ အဲ့ဒါက သုံးရက်ပဲ ကြာလိမ့်မယ်။ အဲ့ဒီနောက်မှာ ကောလာဟလ ဖြန့်ဝေသူတွေက သူတို့ ကြိုက်တာလုပ်ဖို့ ပြန်လွတ်လပ် သွားလိမ့်မယ်။"
ရင်မွှေးမီးလောင်သည် ထိုင်ခုံငယ်လေး တစ်ခုပေါ်တွင် ထိုင်နေပြီး သူ၏ ပြောင်နေသော ဦးခေါင်းကို ကုတ်ခြစ်ရင်း သက်ပြင်း ချလိုက်သည်။
"သုံးရက်က အနားယူဖို့ အချိန်ကောင်း တစ်ခုပဲ။ မိုးလက်ဖက်ရည်က ဒီနေ့တောင် ဂိမ်းထဲကနေ ထွက်သွားဖို့ ရည်ရွယ်ထားခဲ့တာ၊ ဒါပေမဲ့ မစ်ရှင် မိတ်ဆက်လိုက်တဲ့ အခါကျ မိုးလက်ဖက်ရည်က အများပြည်သူသုံး ဘီးတယ်လ်မွန်ကို စီးပြီး လမ်းဆုံလမ်းခွမြို့ဆီ အုတ်ခဲသယ်ဖို့ သွားနေတာ ငါ တွေ့ခဲ့ရတယ်။"
"ငါ သူမနဲ့ စကား သွားပြောချင်ခဲ့တယ်၊ ဒါပေမဲ့ လိင်တူချစ်သူ ဆယ်ဗားနပ်စ်က ငါ့ကို တားဆီးခဲ့တယ်။" ဘောင်းဘီမဝတ်သူ ပြောလိုက်သည်။
"မင်းက မိန်းကလေး တစ်ယောက် မဟုတ်ဘူး၊ ဒါကြောင့် သူတို့ ဘယ်လို တွေးလဲဆိုတာ မင်း မသိနိုင်ဘူး။ ငါ မိုးလက်ဖက်ရည်ကို သဘောမကျဘူးဆိုပေမဲ့ သူမစိတ်ထဲမှာ ကောလာဟလ ဖြန့်ဝေသူတွေက သူမကို အသုံးချပြီး ငါတို့ရဲ့ ဂုဏ်သတင်းကို ပျက်စီးစေခဲ့တယ်လို့ ထင်နေလိမ့်မယ်။ သူမက အပြစ်ရှိတယ်လို့ ခံစားနေရပြီး ဂိမ်းကနေ ရှောင်ထွက်သွား ပေးချင်နေတာ။ မိန်းကလေးတွေက အမြဲတမ်း သူတို့ ပြဿနာထဲ တခြားသူတွေကို ဆွဲထည့်မိမှာကို ကြောက်ကြတယ်။ မင်းသာ သူမနဲ့ စကားပြောခဲ့ရင် မင်း သူမကို ပိုဆိုးအောင် လုပ်မိလိမ့်မယ်။" ဆယ်ဗားနပ်စ်က အာသာ၏ အိပ်ရာပေါ်တွင် ခြေထောက်ချိတ် ထိုင်နေရင်း လေးနက် တည်ကြည်စွာ ပြောလိုက်သည်။
"ဝါး၊ မင်း အဲ့လိုပြောနေမှတော့ မင်းက ယောကျာ်းလေး တစ်ယောက် ဖြစ်မှာ သေချာတယ်။ ဘာလို့လဲဆိုတော့ မင်းကကျ ငါတို့ကို ဆွဲထည့်မိမှာ မစိုးရိမ်ဘူးလေ။" ဘောင်းဘီမဝတ်သူက ဆယ်ဗားနပ်စ်ကို လက်ညှိုးထိုးရင်း ကောက်ခါငင်ခါ ပြောလိုက်သည်။
"သေစမ်း..."
ဆယ်ဗားနပ်စ်သည် သူမ၏ လက်နက်ကို ဆွဲထုတ်ရန် လက်ကို ဆန့်တန်း လိုက်သော်လည်း သူမ၌ လက်နက် မရှိကြောင်း ရှာဖွေ တွေ့ရှိခဲ့သည်။ အစည်းအရုံးထဲသို့ ဝင်ရောက်သည့်အခါ လူတိုင်း သူတို့၏ ပစ္စည်းကိရိယာများကို ဖယ်ရှားခဲ့ကြသည်။ အခန်းကို သန့်ရှင်းရေး မလုပ်ထားပါက သွေးနံ့များဖြင့်ပင် ပြည့်နှက်နေလိမ့်မည်။ လျှို့ဝှက် အခန်းထဲသို့ ပစ္စည်းကိရိယာများ ယူဆောင် မလာခြင်းက ပိုကောင်းသည်။
"သုံးရက်က အချိန်လုံလောက်တာထက် ပိုတယ်။"
ဆယ်ဗားနပ်စ် ထရပ်ပြီး ဘောင်းဘီမဝတ်သူကို မြေပြင်ပေါ်သို့ နပန်းလုံးရန် ဟန်ပြင်လိုက်စဉ် အာသာက ပြောလိုက်သည်။
"မနေ့ညက ငါ ကောလာဟလ ဖြန့်ဝေတဲ့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဖို့ လူတွေ စီစဉ်ခဲ့တယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်။ အဲ့ဒါကို အတည်ပြုဖို့ လုံလောက်တဲ့ သက်သေ အထောက်အထား မရှိသေးပေမဲ့ ဒီကောလာဟလဖြန့်ဝေမှုက ချန်အန်းမြို့ အစည်းအရုံးက လှုံ့ဆော်ခဲ့တာပဲ။"
"ချန်အန်းမြို့လား။ အဲ့ဒါက လျှို့ဝှက် လူသားလို့ ခေါ်တဲ့ ဥက္ကဋ္ဌ ရှိပြီး အဖွဲ့ဝင် ၅၀၀ ရှိတဲ့ အစည်းအရုံး မဟုတ်ဘူးလား။ အမလေး၊ လှုံ့ဆော်ခဲ့တာက ဒရဂွန်ရာဂျာ ဖြစ်မှာလို့ ငါ ထင်ခဲ့တာ..." ဘောင်းဘီမဝတ်သူက အံ့ဩစွာ ပြောလိုက်သည်။
"မင်း ဘာလို့ အဲ့ဒါကို ဒရဂွန်ရာဂျာလို့ ထင်ခဲ့တာလဲ။" ရင်မွှေးမီးလောင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ဒရဂွန်ရာဂျာက လူသိများနေလို့ပဲလေ။ အဲ့အစည်းအရုံးက ဆွေးနွေးပွဲ ဖိုရမ်မှာ လက်ရွေးစင် အဖွဲ့ဝင်တွေ ခန့်အပ်မှု၊ ယာယီ ဆိုင်ခန်းတွေနဲ့ လေလံဆွဲမှုတွေနဲ့ ပတ်သက်တဲ့ ပို့စ်တွေနဲ့ ပြည့်နေခဲ့တာ။ ကန့်သတ်ဒန်ဂျင်နယ်မြေ အပြင်ဘက်မှာ ဒရဂွန်ရာဂျာ အတွက် ကြော်ငြာနေတဲ့ အဖွဲ့ဝင်တွေတောင် ရှိခဲ့တယ်။ အစည်းအရုံးက နိုင်ငံရဲ့ ထိပ်တန်း အွန်လိုင်းအစည်းအရုံး ဆယ်ခုထဲမှာ ပါတယ်လို့ ကြွေးကြော်ထားတယ်လေ။" ဘောင်းဘီမဝတ်သူက ပေါ့ပေါ့ပါးပါး ရှင်းပြခဲ့သည်။
"မဖြစ်နိုင်ဘူး။ ဒရဂွန်ရာဂျာရဲ့ ဥက္ကဋ္ဌ ဘီတီကန်ဂရန်က ငါ့ကို သိတယ်။ သူ့ အဖေနဲ့ ငါ့ အဖေက စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေပဲ။ သူ ငယ်ငယ်ကတည်းက Legend of Mir ကစားခဲ့တာ။ သူ လုပ်ဖူးတဲ့ အကြမ်းဆုံးအကွက်တွေက ပြန်လည် ရှင်သန်ရေး နေရာကို ပိတ်ဆို့ထားရင်း လူတွေကို ရန်စဆဲဆိုတာနဲ့ လူတွေကို တစ်ညလုံး နိုးကြားနေအောင် လုပ်ဖို့ဆိုပြီး မြို့ဝိုင်းရံ ဟန်ဆောင်တာပဲ။" ရင်မွှေးမီးလောင်က ပြောလိုက်သည်။
ရင်မွှေးမီးလောင် စကားဆုံးပြီးနောက် ဂနိုင်သားက အံ့ဩတကြီး အော်ဟစ်လိုက်သည် "အမလေး။ ဘရို ရင်မွှေး၊ မင်း ဒါကို ဘယ်တော့မှ မပြောခဲ့ဖူးဘူးရော။"
"ငါက အသား၊အရွက်နဲ့ ဆန်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဟင်းသီးဟင်းရွက် ထမင်းကြော်နဲ့တောင် တစ်ဝိုင်းတည်း စားခဲ့သေးတယ်။ ငါ လူတိုင်းကို ထုတ်ကြွားနေသင့်လို့လား။ အတူတူ စားဖူးတာက ပုံမှန်ပဲ။ ငါတို့ အားလုံး ဒီသေးငယ်တဲ့ အသိုင်းအဝိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် သိကြတယ်။ ငါတို့ ကမ္ဘာကြီးက ကြီးမားတယ်လို့ မင်း ထင်နေလား။"
အာသာသည် သူတို့၏ အလုပ်မရှိသော စကားစမြည်ကို ဖြတ်တောက်ရန် သူ၏ လက်ကို မြှောက်လိုက်သည်။
"ငါ ချန်အန်းမြို့ အစည်းအရုံးကို သူတို့ ဥက္ကဋ္ဌနဲ့ စကားပြောဖို့ သွားမယ်။ အစည်းအရုံးဘက်က တာဝန်ယူဖို့၊ မိုးလက်ဖက်ရည်ကို ပြန်တောင်းပန်ဖို့နဲ့ ငါတို့ရဲ့ ဂုဏ်သတင်းကို ပြန်လည် ပြင်ဆင်ပေးဖို့ ဆန္ဒရှိခဲ့ရင် ငါ သူတို့ကို ကိုင်တွယ်ဖြေရှင်းမှာ မဟုတ်ဘူး။ မဟုတ်ရင်တော့ သူတို့ အစည်းအရုံးပါ ပျက်စီးသွားအောင် ငါ သေချာပေါက်လုပ်မယ်။" အာသာက ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်သည်။
ဂနိုင်သား သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "အစ်ကို အာသာ၊ မင်းက တည်ငြိမ်တယ်ပဲ။ မင်း သူတို့ကို လက်တွေ့ဘဝမှာ နှောင့်ယှက်ဖို့ လူတချို့ လိုချင်သလား။ အစ်ကို အာသာ၊ မင်း သူတို့ နေရာကို ရှာဖွေတွေ့ရှိနိုင်မလား ဆိုတာ ကြိုးစား ကြည့်လိုက်ပါ၊ ငါ သွားပြီး သူတို့ကို သမလိုက်မယ်။ ငါက အကောင်ငယ်ပေမဲ့ ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေက မခေဘူး။ ကျောင်းမှာ ဘယ်သူမှ ငါ့ကို အနိုင်မတိုက်နိုင်ဘူး။"
"ဂိမ်းကစားတာက မင်းကို ကျောင်းမှာ နံပါတ်တစ် ဖြစ်စေခဲ့တယ်ပေါ့။" ဘောင်းဘီမဝတ်သူက ဆယ်ဗားနပ်စ်ကို နောက်ပြောင်လိုက်သည်။
"ပွင့်ပွင့်လင်းလင်း ပြောရအောင် အာသာ။ ချန်အန်းမြို့က ပြန်တောင်းပန်ဖို့ ဆန္ဒရှိရင်တောင် အခြေအနေက ဆိုးဝါးနေပြီ။ မိုးလက်ဖက်ရည်က ဂိမ်းထဲကနေ ထွက်သွားဦးမယ်လို့ ငါ ခံစားမိတယ်။ မိုးလက်ဖက်ရည်ကို ဆက်နေခိုင်းဖို့ မင်းမှာ နည်းလမ်း တစ်ခုခု ရှိလို့လား။"
ရင်မွှေးမီးလောင် စိုးရိမ်သော မျက်နှာထားဖြင့် ကြည့်နေခဲ့သည်။ သူ အာသာ တိတ်ဆိတ်နေသည်ကို သတိပြုမိလိုက်ပြီး သက်ပြင်း ချလိုက်သည်။
"အိုက်၊ ငါတို့ အစည်းအရုံးမှာ ဒီလောက် အစွမ်းထက်တဲ့ ဆေးဖော်စပ် ပညာရှင် တစ်ယောက် ရှိနေရင် ငါတို့ ဆေးရည်တွေ ဝယ်ဈေး ဈေးသက်သာမယ်လို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ အားလုံး အချည်းနှီးချည်းပဲ။ အသေးစား ကုသရေး ဆေးရည် ၃၀၀က ငါတို့ အတွက် ရက်အနည်းငယ်ထက် ပိုအသုံးခံမှာ မဟုတ်ဘူး။"
"ဆေးရည်တွေ အတွက် စိတ်မပူပါနဲ့။ ပိုက်ဆံနဲ့ လွယ်လွယ်နဲ့ ဖြေရှင်းလို့ ရတယ်။ မိုးလက်ဖက်ရည်သာ အပြီးအပိုင် ထွက်သွားခဲ့ရင် ငါတို့ အစည်းအရုံးမှာ လှပတဲ့ ကောင်မလေး တစ်ယောက် နည်းသွားလိမ့်မယ်။ အဲ့ဒါက ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပဲ။" ဘောင်းဘီမဝတ်သူက ရင်မွှေးမီးလောင်၏ ပခုံးကို ပုတ်လိုက်သည်။
"ငါ ရှိနေသေးတယ်လေ။ ငါလည်း လှပတဲ့ ကောင်မလေး တစ်ယောက်ပဲဥစ္စာ။" ဆယ်ဗားနပ်စ်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး။ မင်းသာ လှပတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ခဲ့ရင် ငါက မင်းရဲ့ ရင်သားပိုကြီးတဲ့ အစ်မပဲ။" သို့သော် ဘောင်းဘီမဝတ်သူက ပြန်ပြောလိုက်သည်။
"ဘာလဲ။ တဖန် ပြန်ပြောလိုက်စမ်းပါ။"
"မေ့လိုက်တော့ ဆယ်ဗားနပ်စ်။ ဘောင်းဘီမဝတ်သူကို သွားအပြစ်မတင်နဲ့။"
"သူ့ကို တိုက်ခိုက်ပါ။ သူ့ကို တိုက်ခိုက်ပါ။"
အခန်းသည် ဆူညံ သွားခဲ့သည်။ မိုးလက်ဖက်ရည် ကောလာဟလ ဖြန့်ဝေသူများ၏ တိုက်ခိုက်ခြင်းကို ခံနေရပြီး သူတို့ ဒေါသထွက် နေကြသော်လည်း သူတို့ ထိုမျှ စိတ်ဓာတ်ကျခြင်း မရှိခဲ့ကြချေ။ မိုးလက်ဖက်ရည်သည် သူတို့ အဖွဲ့၏ အဓိက အဖွဲ့ဝင် တစ်ဦး မဟုတ်ဘဲ အသိအကျွမ်း သူငယ်ချင်း တစ်ဦးသာ ဖြစ်သည်။ သူတို့ တတ်နိုင်သမျှတော့ ကူညီကြလိမ့်မည်။
သို့သော် သူတို့သည် ကောင်းမွန်သော ဖြေရှင်းမှု တစ်ခုကို လိုလားခဲ့ကြသည်။
အာသာသည် သူ၏ ခေါင်းကို လှည့်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်သည်။ သူသည် အရှင်ရှားလော့ခ် လမ်းပေါ်တွင် ရပ်နေသည်ကို သတိပြု မိလိုက်သည်။
သူသည် အရှင်ရှားလော့ခ်လည်း သူ့အား ကြည့်ရှုနေသည်ဟု ခံစားခဲ့ရသည်။ သူ သူ၏ အတွေးများမှ သတိပြန်ဝင်လာသည့်အခါ အရှင်ရှားလော့ခ်သည် စူးစမ်းလိုစိတ်ဖြင့် နောက်မှ လိုက်ပါလာသော ဂိမ်းမာတန်းဖြင့် ဆက်လက် လျှောက်လှမ်းသွားခဲ့သည်...