← Chapters

ဖယ်ရီမလေးကို ကယ်တင်ခြင်း (အပိုင်း လေး)

Vol. 27 Ch. 401

ဖယ်ရီမလေးကို ကယ်တင်ခြင်း (အပိုင်း လေး)

Vol. 27 Ch. 401

ဖယ်ရီမလေးသည် အမှောင်ထဲရှိ လှောင်အိမ်တွင် ထိုင်နေခဲ့သည်။ သူမသည် ကိစ္စ၏ အသေးစိတ် အချက်အလက် အားလုံးကို ရှားလော့ခ်ထံမှ ကြားသိ ခဲ့ရသည်။

ကောလာဟလများအရ မိုးလက်ဖက်ရည်သည် အာသာနှင့် ဆယ်ဗားနပ်စ်တို့၏ ဆက်ဆံရေးတွင် တတိယလူ ဖြစ်ပြီး သူမသည် ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ကို ပြိုကွဲအောင် လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။

ဖယ်ရီမလေးသည် မဲ့ပြုံး,ပြုံး နေခဲ့သည်။

မိုးလက်ဖက်ရည်သည် ရုပ်ဆိုးသော်လည်း သူမ၌ စိတ်ကောင်းနှလုံးကောင်း ရှိခဲ့သည်။ ဤသို့သော ကြင်နာသော စိတ်သဘောထား ရှိသော ဂိုဘလင်တစ်ဦးက အော့ခ်နှစ်ဦး၏ ဆက်ဆံရေးကို အဘယ်ကြောင့် ချိုးဖျက် နေမည်နည်း။

ဖယ်ရီမလေးသည် ဤသို့သော ကောလာဟလကို လူအများ ယုံကြည်ကြလိမ့်မည်ဟု မယုံကြည် နိုင်ခဲ့ချေ။

ဂိုဘလင်တစ်ဦးက အော့ခ်စုံတွဲ တစ်တွဲကို မည်သို့ ဝင်ချိုးဖျက်နိုင်မည်နည်း။

ဖယ်ရီမလေးသည် ထိုအရာကို နားမလည် နိုင်ခဲ့ချေ။ သူမသည် သတ္တုလှောင်အိမ် အထဲတွင် လဲလျောင်းနေရင်း မိုးလက်ဖက်ရည်၏ အကျပ်အတည်း အကြောင်း စဉ်းစား နေခဲ့သည်။

"ဟေ့၊ ဟေ့။"

ဖယ်ရီမလေးသည် အသံသဲ့သဲ့ ကြားလိုက် ရသည်။ အဆီတရွှဲရွှဲ ဖြစ်နေသော နဂါးနက် တစ်ကောင်သည် သူ၏ လက်သည်းများကို လှောင်အိမ်၏ သတ္တုသံတိုင်များ ပေါ်တွင် တင်ထားပြီး သူမနှင့် စကားပြောဆို နေခဲ့သည်။

"ဒု..."

ဖယ်ရီမလေးသည် ထိတ်လန့် တုန်လှုပ်စွာ နိုးထလာပြီး ဆန့်ကျင်ဘက် ထောင့်သို့ လျင်မြန်စွာ ရွေ့လျား သွားခဲ့သည်။ သူမသည် နဂါးနက်ကို သတိကြီးစွာ ကြည့်လိုက်ပြီး မေးလိုက်သည်။ "မင်း ဘာလုပ်နေတာလဲ။"

"မင်း ထွက်သွားချင်တယ် မဟုတ်လား။ အရှင်ရှားလော့ခ် အိပ်ပျော်နေပြီ။" ကြက်ဥခေါင်းက ဖယ်ရီမလေးအား လှမ်းပြောလိုက်သည်။

"မင်း ဘာတွေ ပြောနေတာလဲ။"

ဖယ်ရီမလေးသည် မယုံကြည်နိုင်ခဲ့ချေ။ သူမသည် နဂါးနက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကုလားထိုင် နှစ်လုံးဖြင့် ပြုလုပ်ထားသော ယာယီ အိပ်ရာပေါ်တွင် အိပ်ပျော်နေသော ရှားလော့ခ်ကို ခိုးကြည့်လိုက်သည်။

ရှားလော့ခ် ရှေ့ရှိ ကွန်ပျူတာ မျက်နှာပြင်မှာ ဖွင့်ထားဆဲပင်။ သူသည် အလုပ်,လုပ်နေစဉ် အိပ်ပျော်သွားပုံ ရသည်။

"ငါ မင်းကို လွှတ်ပေးနေတာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါက မိုးလက်ဖက်ရည်ဘက်ကပဲ..." ကြက်ဥခေါင်းက ဆိုလိုက်ပြီး ခဏ ရပ်တန့်သွားခဲ့သည်။

"မိုးလက်ဖက်ရည်ဘက်က ဘာလဲ။" ဖယ်ရီမလေးက ကြက်ဥခေါင်း စကားပြောဆိုခြင်း ရပ်တန့်သွားသည့်အခါ စိတ်မရှည်စွာ မေးလိုက်သည်။

"မိုးလက်ဖက်ရည်နဲ့ငါ ... ငါတို့ ..."

ကြက်ဥခေါင်းသည် မိမိကိုယ်ကို အကြိမ်များစွာ ထပ်တလဲလဲ ပြောဆိုပြီး ခေါင်းငုံ့ လိုက်သည်။ သူ သူ၏ လက်သည်းများကို ဖြန့်ကျက်လိုက်ပြီး "မိုးလက်ဖက်ရည်က ငါ့ရဲ့ ကျေးဇူးရှင်ပဲ။ ငါ မကောင်းဆိုးဝါးအရှင် ရှားလော့ခ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ သူ ငါ့ကို ငါ့ ဆန္ဒနဲ့ ဆန့်ကျင်တဲ့ အရာတွေ အများကြီး လုပ်ခိုင်း ခဲ့တယ်။"ဟု ပြောလိုက်သည်။

"မိုးလက်ဖက်ရည်က ငါ့ကို ကယ်တင်ခဲ့တယ်။ သူမ ငါ့ကို စားစရာတွေ၊ သောက်စရာတွေ ပေးခဲ့ပြီး ငါ့ လက်သည်းတွေကို ညှပ်ပေးခဲ့တယ်။ မကောင်းဆိုးဝါး ရှားလော့ခ်က ငါ့ကို ညှဉ်းပန်းနှိပ်စက်တုန်းက သူမ သတ္တိရှိရှိ ရှေ့ထွက်လာပြီး သူနဲ့ တိုက်ခိုက်ခဲ့တယ်..." ကြက်ဥခေါင်းသည် သူ၏ လက်ဖဝါးနေရာကို ခိုးကြည့်လိုက်ပြီး ပြောလိုက်သည်။

"သူနဲ့ တိုက်ခိုက်ခဲ့တယ် ဟုတ်လား။ မဖြစ်နိုင်ဘူး၊ မိုးလက်ဖက်ရည်က အဲ့လိုအရာတွေ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ မိုးလက်ဖက်ရည်က တိုက်ခိုက်တတ်တာတောင် မဟုတ်ဘူး။" ဖယ်ရီမလေးက သေချာစွာ ပြန်အော်ပြောလိုက်သည်။

"မဟုတ်ဘူး၊ ငါ အမှန်တရားကို ပြောနေတာ။ မင်း သူမရဲ့ ရဲစွမ်းသတ္တိကို မမြင်ဖူးသေးဘူး။"

ဖယ်ရီမလေး မိမိကိုယ်ကို တီးတိုး ရေရွတ်လိုက်သည်။ "မင်း သေချာလို့လား။ မိုးလက်ဖက်ရည်က ဒီအကြောင်း ဒါမှမဟုတ် မင်းအကြောင်း ပြောခဲ့တာ ငါ ဘာလို့ မကြားဖူးရတာလဲ..."

"မိုးလက်ဖက်ရည်က သူမရဲ့ ကောင်းမှုတွေ ကူညီခဲ့တာတွေကို တခြားသူတွေကို ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ဘူး။ သူမက ကြင်နာတဲ့ ဂိုဘလင် တစ်ယောက်ပဲ။ ငါ အထက်တန်းစား နတ်ဆိုးတစ်ဦး အတွက် အလုပ်,လုပ်နေလိမ့်မယ်လို့ မင်း ဘာလို့ ထင်လဲ။ အရသာ ရှိတဲ့ သွေးဂန္ဓမာ လက်ဖက်ရည် ကြောင့်လား။ ကွန်ပျူတာ ဂိမ်းမာတွေ ကြောင့်လား။ သူငါ့ကို ခြိမ်းခြောက်ပြီး ညှဉ်းပန်းနှိပ်စက် ခဲ့လို့လား။"

ဖယ်ရီမလေးသည် သူ၏ စကားများကို ယုံကြည်သွားခဲ့သည်။ သို့မဟုတ်ပါက နဂါးနက်ငယ်လေး တစ်ကောင် နတ်ဆိုးတစ်ဦး အတွက် ပင်ပန်းပြီး အရေးမပါသော အလုပ်များကို အဘယ်ကြောင့် လုပ်ဆောင် နေမည်နည်း။

ဖယ်ရီမလေး ဤနေရာတွင် ထောင်ကျ ခံနေရစဉ် သူမသည် သနားစရာ ကောင်းသော နဂါးနက်ငယ်လေး ကွန်ပျူတာ ရှေ့တွင် အချိန်အကြာကြီး ထိုင်နေရန် အတင်းအကျပ် ခိုင်းစေခြင်း ခံနေရသည်ကို မြင်တွေ့ ခဲ့ရသည်။

ကွန်ပျူတာမှာ မည်သို့သော မှော်စက်ပစ္စည်း အမျိုးအစား ဖြစ်သည် သို့မဟုတ် မည်သို့ လုပ်ဆောင် လည်ပတ်သည်ကို သူမ မသိခဲ့သော်လည်း ဖယ်ရီမလေးသည် ကြက်ဥခေါင်း မျက်နှာပြင်ကို ရင်ဆိုင် ကြည့်နေစဉ် အကြိမ်များစွာ ပင်ပန်းနွမ်းနယ်၊ ဝမ်းနည်းပြီး ထိတ်လန့်တုန်လှုပ် နေရသည်ကိုတော့ မြင်တွေ့ခဲ့ရသည်။

"ငါ့ကို လွှတ်ပေးလိုက်။ ငါ တခြားနဂါးတွေကို ရှာဖွေပေးမယ်။ နဂါး အကြီးကြီးတွေ နဂါးနက်ငယ်လေး တစ်ကောင်ကို အထက်တန်းစား နတ်ဆိုးတစ်ဦးက ညှဉ်းပန်းနှိပ်စက် အရှက်ခွဲ နေတာကို ခွင့်ပြုမှာ မဟုတ်ဘူး။ သူတို့ မင်းကို လာကယ်တင်လိမ့်မယ်။" ဖယ်ရီမလေးက ကြက်ဥခေါင်းအား ပြောလိုက်သည်။

"အင်း၊ ငါလည်း အဲ့ဒီလို ထင်တာပဲ။ မင်းက မိုးလက်ဖက်ရည်ရဲ့ သူငယ်ချင်းပဲ၊ ဒါကြောင့် ငါ မင်းကို ယုံကြည်တယ်။ အခု ငါ မင်းကို ခိုးလွှတ်ပေးနေတာ။ တိတ်တဆိတ် ထွက်သွားလိုက်။ ဆူညံသံ မထွက်စေနဲ့။" ကြက်ဥခေါင်းက သော့တစ်ချောင်း ထုတ်ယူ လိုက်ပြီး သတ္တုလှောင်အိမ်ကို ဖွင့်လိုက်စဉ် ပြောလိုက်သည်။

ဖယ်ရီမလေးသည် သတ္တုလှောင်အိမ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ သူမသည် လေကောင်း လေသန့်ကို ရှူရှိုက် လိုက်ပြီး လွတ်လပ်မှုကို ခံစားလိုက် ရသည်။

"ကျေးဇူးတင်ပါတယ်။ ငါ မင်းကို ပြန်ကယ်တင်မယ်။"

"ဟုတ်သား၊ မင်း အားရင် မိုးလက်ဖက်ရည်ကိုပါ ဝင်ကယ်တင်လိုက်။ ငါ မင်းကို မြေပုံ တစ်ခု ပေးလိုက်မယ်။ သူမက 'ချန်အန်းမြို့' လို့ ရေးထားတဲ့ ဆိုင်းဘုတ် ရှိတဲ့ အဆောက်အအုံထဲမှာ ရှိနေတယ်။"

ကြက်ဥခေါင်းသည် သူမအား စက်ဝိုင်း အကြီးကြီး တစ်ခုပါသော လက်ဖြင့် ရေးဆွဲထားသော မြေပုံ တစ်ခု ပေးအပ် လိုက်သည်။

ဖယ်ရီမလေးသည် သူမ၏ ကျေးဇူးတင်မှုကို ဖော်ပြလိုက်ပြီး မြေပုံကို လှမ်းယူလိုက်သည်။ သူမသည် ထို့နောက် ဒန်ဂျင်အရှင် ခန်းမဆောင် အပြင်ဘက်သို့ လျှောက်သွားခဲ့ပြီး လှုပ်ရှားမှု များစွာကို မြင်တွေ့ လိုက်ရသည်။ အပြင်ဘက်တွင် အလုပ် လုပ်နေသော ဂိုဘလင်များ၊ ဂနိုမ်းများနှင့် အော့ခ်များ ရှိနေခဲ့ကြသည်။ ထို့ကြောင့် ဖယ်ရီမလေးသည် မိမိကိုယ်ကို အရွယ် သေးငယ်အောင် ပြုလုပ်လိုက်ပြီး ကိုယ်ပျောက် စွမ်းရည်ကို အသက် သွင်းလိုက်သည်။ ထိုသို့ ပြုလုပ်ခြင်း အားဖြင့် ထို မကောင်းဆိုးဝါး မြေအောက်လောကသားများသည် သူမကို လွယ်လွယ်နှင့် မြင်တွေ့နိုင်တော့မည် မဟုတ်ပေ။

ဖယ်ရီမလေးသည် မြေပုံအတိုင်း လိုက်ရှာရင်း မိုးလက်ဖက်ရည်၏ နေရာကို မကြာမီ ရှာဖွေ တွေ့ရှိခဲ့သည်။

...

ဂနိုင်သားသည် စီးပွားရေး ဧရိယာတွင် လျှောက်သွားနေပြီး ယာယီဆိုင်ခန်းများမှ ပြသထားသော ကုန်ပစ္စည်းများကို ကြည့်ရှု နေခဲ့သည်။ သူသည် အထူးသဖြင့် ကုသရေး ဆေးရည်များနှင့် ပစ္စည်း ကိရိယာများကို အောက်ဈေးဖြင့် ရှာဖွေ နေခဲ့သည်။

ထိုအချိန်တွင်ပင် ဂိမ်းမာ တစ်ဦး အော်ဟစ်သံကို သူ ကြားလိုက်ရသည်။

"ဖယ်ရီမလေးကို ချန်အန်းမြို့ အဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီ။"

"ချန်အန်းမြို့လား။"

"အဲ့ဒါက တတိယဘီတာ စမ်းသပ်မှု အပြီးမှာ ဖွဲ့စည်းခဲ့တဲ့ အစည်းအရုံး တစ်ခုပဲ။ သူတို့က သူမကို ရှားလော့ခ်ဆီ ပြန်ပို့ပြီး ဆုလာဘ် အကြီးကြီး တစ်ခု ရယူကြတော့မှာ။ အမလေး၊ ငါ ဘာလို့ ဒီလို ကံမကောင်းရတာလဲ။"

"ဟုတ်တယ် မင်း မရနိုင်ဘူး။ အဲ့အစည်းအရုံးမှာ ဖယ်ရီမလေးကို ဖမ်းဆီးဖို့ အဖွဲ့ဝင် ရာပေါင်းများစွာ ရှိတယ်။ မင်းမှာ အဲ့ဒီလို စွမ်းဆောင်ရည် ရှိလို့လား။"

ဂနိုင်သားသည် အာသာနှင့် သူ၏ အပေါင်းအဖော်များကို အလျင်အမြန် အသိပေးခဲ့သည်။

ဖယ်ရီမလေး ချန်အန်းမြို့ အစည်းအရုံး၏ ဖမ်းဆီးခြင်း ခံရသည့် သတင်းသည် ဆွေးနွေးပွဲ ဖိုရမ်တွင် နေရာအနှံ့ ပျံ့နှံ့ နေခဲ့သည်။ ဤထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် အတွက် ရက်ရောသော ဆုလာဘ်များလည်း ရှိနေသောကြောင့် အစည်းအရုံးဝင်များသည် သူတို့၏ ပို့စ်များတွင် ကြွားဝါ နေခဲ့ကြသည်။

[မစ်ရှင်ခေါင်းစဉ်: ဖယ်ရီမလေးကို ကယ်တင်ခြင်း၊ အရှင်ရှားလော့ခ် (ထူးဆန်းသော တွေ့ကြုံမှု )

မစ်ရှင်ဖော်ပြချက်: စဉ်းလဲသော ဖယ်ရီမလေးမှ အစောင့်များ အိပ်ပျော်နေစဉ် ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။ ဤကိစ္စမှာ ဖြစ်ခွင့် မပြုနိုင်ချေ။ ကျေးဇူးပြုပြီး ဖယ်ရီမလေးကို အရှင်ရှားလော့ခ်ထံသို့ ပြန်လည် အပ်နှံပါ။ သင် ရက်ရောသော ဆုလာဘ်များ လက်ခံရရှိ လိမ့်မည်။

မစ်ရှင်ပန်းတိုင်: ကျေးဇူးပြုပြီး ဖယ်ရီမလေးကို တစ်ရက်အတွင်း အရှင်ရှားလော့ခ်ထံသို့ ပြန်လည် ခေါ်ဆောင်လာပါ။

မစ်ရှင်ဆုလာဘ်: ဂုဏ်သတင်းအဆင့် လိုအပ်ချက် မရှိသော ဒဏ္ဍာရီပစ္စည်း အစုံ ၁၀၀။]

ဒဏ္ဍာရီပစ္စည်း အစုံ တစ်ရာ ဟုတ်လား။ ဂုဏ်သတင်းအဆင့် လိုအပ်ချက် မရှိဘဲ ဟုတ်လား။ ၎င်း ဆိုလိုရင်းမှာ အသစ် ဝင်ရောက်လာသော ဂိုဘလင်များ ပင်လျှင် ထိုပစ္စည်းကိရိယာများကို အသုံးပြုနိုင်မည် ဟူ၍ ဖြစ်သည်။

ပို့စ်များသည် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ ကြားတွင်ပင် ဆွေးနွေးမှု များစွာ ဖြစ်ပေါ် စေခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် ဂိမ်းထုတ်လုပ်သူများထံသို့ လိပ်မူထားသော မတရားမှု တိုင်ကြားချက်များစွာ ရှိနေခဲ့သည်။

ဂိမ်းမာ အများစု ချန်အန်းမြို့ အစည်းအရုံးသို့ မဝင်ရောက်ခဲ့သည့် အတွက် နောင်တရ နေခဲ့ကြသည်။

ချန်အန်းမြို့ အစည်းအရုံးမှ အဖွဲ့ဝင်များမှာမူ အလွန် ပျော်ရွှင် နေခဲ့ကြသည်။ သူတို့သည် လှောင်အိမ်ထဲတွင် သော့ခတ်ထားသော ဖယ်ရီမလေးကို ဒန်ဂျင်အရှင် ခန်းမဆောင်သို့ ခေါ်ဆောင် သွားခဲ့ကြပြီး ဖယ်ရီမလေးကို ရှားလော့ခ်ထံသို့ ပေးအပ်ကာ ဒဏ္ဍာရီ ပစ္စည်း အစုံ ၁၀၀ကို ရယူ လိုခဲ့ကြသည်။

သူတို့ ဝင်ပေါက်သို့ ရောက်ရှိသည့်အခါ ဒန်ဂျင်အရှင် ခန်းမဆောင်၏ တံခါးကို ဂိမ်းမာ တစ်ရာက ပိတ်ဆို့ စောင့်ကြပ် နေခဲ့သည်။

သူတို့သည် အာသာ ဦးဆောင်သော ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ကြသည်။

ချန်အန်းမြို့နှင့် ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များ တိုက်ခိုက်ကြတော့မည် ဖြစ်သည်။ သူတို့ ထိပ်တိုက် တွေ့ဆုံခြင်း မပြုမီကပင် အစည်းအရုံးများကြား ဆက်ဆံရေးမှာ တင်းမာ နေခဲ့သည်။ ချန်အန်းမြို့သည် ယခင်က ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့အား အစည်းအရုံးစစ်ပွဲ တစ်ခုသို့ စိန်ခေါ်ခဲ့ဖူးသည်။

ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ ချန်အန်းမြို့ကို အဘယ်ကြောင့် တားဆီးနေသည်ကို ရှင်းပြရန် လွယ်ကူခဲ့သည်။ အခြားဂိမ်းမာများက ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ ချန်အန်းမြို့ ဒဏ္ဍာရီ ပစ္စည်း အစုံ ၁၀၀ကို ရရှိသွားမည်ကို မလိုလားသောကြောင့် ဖြစ်မည်ဟု ယူဆခဲ့ကြသည်။ အကြောင်းမှာ ထိုအရာက ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ ပိုင်ဆိုင်ထားသော ပစ္စည်းအရည်အသွေး အားသာချက်ကို ပျက်ပြယ်သွားစေမည် ဖြစ်သောကြောင့်ပင်။

ထိုအရာမှာ အာသာ သူ၏ အစည်းအရုံးဝင်များအား ရှင်းပြခဲ့ပုံလည်း ဖြစ်သည်။

အဖွဲ့ဝင် အနည်းငယ်မျှသာ အမှန်တရားကို သိရှိခဲ့ကြသည်၊ ထိုအမှန်တရားကတော့ အာသာ၏ ပန်းတိုင်မှာ ဖယ်ရီမလေးကို ဝင်ကယ်တင်ရန် ဖြစ်သည်။

မိုးလက်ဖက်ရည်သည် ဖယ်ရီမလေးအား ရှားလော့ခ်၏ ကွပ်မျက်ခြင်းကို မခံရစေလိုပေ။ ထို့ကြောင့် ဤ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် ဖြစ်ပေါ်လာခြင်းမှာ အာသာ အတွက် အခွင့်အရေးကောင်း တစ်ခု ဖြစ်လာခဲ့သည်။

"ဒန်ဂျင်"သည် လွတ်လပ်မှု အဆင့်မြင့်မားသော ဂိမ်းတစ်ခု ဖြစ်ပြီး ဇာတ်လမ်း ဇာတ်ကြောင်း ဦးတည်ရာပင်လျှင် ဂိမ်းမာများ၏ အပြန်အလှန် တုံ့ပြန်မှုနှင့် ဆုံးဖြတ်ချက်များဖြင့် သက်ရောက်မှု ရှိသည်။ ရှားလော့ခ်သာ ဖယ်ရီမလေးကို တိုက်ရိုက် ကွပ်မျက်ရန် ဆုံးဖြတ်ခဲ့လျှင် ဂိမ်းမာများ သူ့အား ဝင်တားဆီး နိုင်မည်လော။

လက်ရှိ အခြေအနေအရမူ ထိုအဖြစ်အပျက်အား တားဆီး ပြောင်းလဲပစ်နိုင်ခြေ ရှိနေသည်။

"ဖယ်ရီမလေးကို ကယ်တင်ခြင်း" မစ်ရှင် စီးရီးများသည် သူတို့ မစ်ရှင် ကျရှုံးခဲ့ပါက ဖယ်ရီမလေးကို ကွပ်မျက်နိုင်ခြေ ရှိကြောင်း ဖော်ပြခဲ့သည်။ ဂိမ်းမာများသည်လည်း အရေးကြီးသော ဆေးဖော်စပ်ပညာ သင်တန်းဆရာ တစ်ဦးကို ဆုံးရှုံးရလိမ့်မည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ။ ဘာလို့ တံခါးကို ပိတ်ဆို့ ထားရတာလဲ။"

"ဘေးဖက်ကွာ။ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့က ကောင်တွေ ဒါပဲ တတ်နိုင်တာလား။ တခြားဂိမ်းမာတွေ သူတို့ မစ်ရှင်တွေ ပြီးမြောက်အောင် မလုပ်နိုင်အောင် လမ်းပိတ်ထားဖို့ပဲ တတ်တာလား။"

"ရှားလီ။ ရှားလီ။ တံခါး ဖွင့်ပေးပါဦး။ မင်း တံခါးကို ငတုံးအုပ်စု တစ်စုက ပိတ်ထားတယ်။"

ချန်အန်းမြို့မှ ဂိမ်းမာများသည် ဝင်ပေါက်တွင် ဆူညံစွာ အော်ဟစ် နေကြသော်လည်း ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များ ဘေးဖယ်ပေးရန် အစီအစဉ် မရှိခဲ့ကြချေ။ ထို့အပြင် ဒန်ဂျင်သည် လုံခြုံရေးဇုန် တစ်ခု ဖြစ်သောကြောင့် ချန်အန်းမြို့မှ ဂိမ်းမာများ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ဝင်များကို ဝင်တိုက်ခိုက်၍လည်း မရနိုင်ခဲ့ချေ။ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များ လမ်းကို ဆက်လက် ပိတ်ဆို့ထားနိုင်သရွေ့ သူတို့သည် ချန်အန်းမြို့ ဂိမ်းမာများ၏ မစ်ရှင်ကို ကျရှုံးစေနိုင်လိမ့်မည်။

အဲ့လိုသာ ဖြစ်ခဲ့ရင် ဇာတ်လမ်းလည်း ရှိလိမ့်တော့မည် မဟုတ်ပေ။

All Chapters