← Chapters

သားရဲများ၏ တိုက်ခိုက်မှု

Vol. 19 Ch. 241

သားရဲများ၏ တိုက်ခိုက်မှု

Vol. 19 Ch. 241

ဖန့်ရန်သည် အဝေးပြေးလမ်းမပေါ်တွင် ဖြည်းညင်းစွာ တွားသွားလျက်ရှိသည်။ သူ၏ ဦးတည်ရာက လီဇီတို့ ထွက်သွားနေရာနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ သူသည် ဖြည်းညင်းစွာ တွားသွားနေစဉ် အနီးပတ်ဝန်းကျင်တွင် သူနှင့် သင့်လျော်မည့် သားကောင်ကို ရှာဖွေရန်အတွက် အယ်လ်ထရားဆောင်းလှိုင်းများကို အသုံးပြုထားခဲ့သည်။

ဤကျွန်းပေါ်တွင် ဒိုင်နိုဆောအရေအတွက် အလွန်များပြားပြီး အဆင့်တစ်ခုအထိ သူ့အား စနစ်အမှတ် ထောက်ပံ့ပေးနိုင်သောကြောင့် ဖန့်ရန်သည် ပန်းခြံတည်ဆောက်သူကို ကျေးဇူးတင်မိသည်။

"စနစ်အမှတ် သန်းနဲ့ချီရနိုင်တယ်"

ဖန်ရန့်သည် သေးငယ်သော ဧရိယာတစ်ခုကို စူးစမ်းပြီးချိန်တွင် စနစ်အမှတ် ရှစ်သိန်းခြောက်သောင်း ရရှိခဲ့သောကြောင့် အခြားနေရာများတွင်လည်း စနစ်အမှတ် ပိုမိုရရှိနိုင်မည်လားဟု တွေးမိကာ ပြုံးမိ၏။

"ခုမှစဉ်းစားမိတယ်။ ဒီလူတွေ ဒိုင်နိုဆောတွေကို ဘယ်လိုရခဲ့တာလဲ"

လူသားတွေက ဒိုင်နိုဆောတွေကို ကျောက်ဖြစ်ရုပ်ကြွင်းတွေထဲက DNA ကို ထုတ်ယူပြီး ဖန်တီးခဲ့တာလား... ဒါမှမဟုတ် အစိမ်းရောင်ပင်လယ်ပြင်ထဲကနေ ယူလာတာလား....

ဖန့်ရန်က မနေနိုင်ဘဲ တွေးလိုက်မိသည်။

"ခုလောက်ဆို သန္ဓေပြောင်း သားရဲတွေနဲ့ ကိုင်းဂျူး သားရဲတွေ အာကာသလမ်းကြောင်းရဲ့ အခြားတစ်ဖက်ဆီ ပြန်သွားသင့်ပြီ။ သူတို့တွေ အခုချိန်လောက်ဆို တစ်ခုခုတော့ စီစဉ်နေလောက်ပြီ"

သူသည် ၎င်းကို တွေးနေမိခဲ့ကာ အာကာသလမ်းကြောင်းက အစိမ်းရောင်ပင်လယ်ပြင်နှင့် ထပ်လျက်ဖြစ်သောကြောင့် ၎င်းက အစိမ်းရောင်ပင်လယ်ပြင်ကို အဆပေါင်းများစွာ ကျယ်ပြောသွားစေခဲ့တာကိုတော့ မသိခဲ့ပေ။

ခဏကြာ ဟိုဟိုဒီဒီ လျှောက်တွေးတောပြီးနောက် ဖန့်ရန်သည် ထိုအတွေးများအား ရပ်တန့်လိုက်သည်။

သူ၏ ခွန်အားတိုးပွားလာသည်နှင့်အမျှ မသိမသာဖြင့် ဖန့်ရန်သည် သားရဲလမ်းစဉ်ပေါ်သို့ ကျရောက်နေခဲ့ပြီ ဖြစ်သည်။ ယခုအခါတွင် မည်သည့် သားရဲမှ သူ့အား ခြိမ်းခြောက်နိုင်စွမ်း မရှိတော့သည့်အပြင် သူတွင် လူသားများလို ရောဂါများ ဖြစ်ပွားခြင်းလည်း မရှိနိုင်တော့ပေ။

ထို့အပြင် သူ့တွင် ဤဂြိုလ်ပေါ်ရှိ သက်ရှိအများစုထက် ကျော်လွန်သော နှစ်ပေါင်းငါးရာ သက်တမ်းလည်း ရှိ၏။ သူသည် ဖေယိ ဖြစ်လာပြီးနောက် သူ၏ သက်တမ်းက နှစ်ပေါင်းငါးရာ ကျော်သွားခဲ့ပြီ ဖြစ်သည်။

သူ၏ ပြန်လည်မွေးဖွားလာသည့်နှစ်က ဆယ်ငါးနှစ်ပင် မပြည့်သေးသောကြောင့် သူ့တွင် ရှင်သန်နိုင်မည့် နှစ်ပေါင်းများစွာ ရှိနေသေးသည်။

သို့သော် သတိပြုရမည့် အချက်တစ်ချက် ရှိသည်။ ၎င်းက နောက်ထက် သွေးလိုင်းရရှိရန်အတွက် ဂုဏ်သတင်းရမှတ် တစ်ရာဘီလီယံ လိုအပ်ခြင်း ဖြစ်သည်။ စနစ်၏ အသိပေးချက်အရ ဂုဏ်သတင်းရမှတ် တစ်ရာဘီလီယံပြည့်ချိန်တွင် နတ်ဘုရားအဆင့် သွေးလိုင်းတစ်ခုကို သူက ရရှိမည် ဖြစ်သည်။

မှန်ပေသည်။ ယခုသွေးလိုင်းလည်း အလွန်ကောင်းမွန်နေဆဲ ဖြစ်သည်။ ယခုအခါတွင် သူက ဖေယိ သွေးလိုင်း၏ ကနဦး အရွယ်တွင်သာ ရှိနေသေးခြင်း ဖြစ်သည်။ ၎င်း၏ ကန့်သတ်ချက်သည် အလွန်မြင့်မားပြီး ဂြိုလ်အရွယ်အစားခန့်လောက် ရှိနိုင်သည်။

ဤတွင် စိုးရိမ်စရာတစ်ခု ရှိလာသည်။ ၎င်းက ဂုဏ်သတင်းရမှတ် တစ်ရာဘီလီယံကို စုဆောင်းရာတွင် ဖြစ်သည်။ သူ၏ ဂုဏ်သတင်းရမှတ်စုဆောင်းနိုင်သည့် နည်းလမ်းနှစ်ခု ရှိသည်၊ ၎င်းက သူ့အကြောင်း လူသိပိုများလာခြင်းနှင့် သူ့အပေါ် နက်ရှိုင်းသော ထင်မြင်ယူဆချက်များ ရှိစေခြင်းတို့ ဖြစ်သည်။

ထိုအခါ အခက်အခဲတစ်ခု ရှိလာသည်။ ၎င်းက ဤဂြိုလ်တစ်ခုလုံးရှိ လူတိုင်းနီးပါးက သူ့အကြောင်း သိနေကြခြင်း ဖြစ်သည်။ လူတိုင်းနီးပါးက သူ့အပေါ် နက်ရှိုင်းသော ထင်မြင်ယူဆချက်များ ရှိစေဖို့က ခက်ခဲသည် အထူးသဖြင့် အမေရိကန်က ရရှိနိုင်သော ဂုဏ်သတင်းရမှတ်တွင် ကန့်သတ်ချက်ရှိ၏။

ထိုကြောင့် ဂုဏ်သတင်းရမှတ် တစ်ရာဘီလီယံကို စုဆောင်းမိဖို့က အလွန်ခက်ခဲ၏။ သူသည် ဂုဏ်သတင်းရမှတ် တစ်ရာဘီလီယံစုဆောင်းမိရန် မျိုးဆက်သစ်များအပေါ် မှီခိုရန်သာ တတ်နိုင်ပြီး ၎င်းကလည်း နှစ်ပေါင်းလေးရာကျော်လျှင်ပင် ပြည့်မှီလိမ့်မည်ဟု အာမခံချက် မရှိပေ။

အဝေးပြေးလမ်းမပေါ်တွင် ဧရာမမြွေကြီး တစ်ကောင်သည် တွားသွားနေသည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်သည် အဝေးပြေးလမ်းမထက်ပင် ပို၍ကျယ်ကာ ၎င်းသွားရာလမ်းတစ်လျှောက်တွင် သံမဏိခြံစည်းရိုးများကို ဖိချသွားကာ သံမဏိစည်းရိုးတွေက အချိန်တိုင်း ကွေးညွှတ်လျက်ရှိသည်။

အဝေးပြေးလမ်းမတစ်လျှောက်တွင် ဖန့်ရန်သည် T-Rex နှင့် စပိုင်နိုဆောရပ်စ်ကဲ့သို့ အသားစား ဒိုင်နိုဆောတွေ အပါအဝင် သားကောင်များစွာကို အမဲလိုက် စားသောက်ခဲ့သည်။

သူသည် ကျွန်းတစ်ဝက်ကျော်ကို ဖြတ်သန်းပြီးနောက် ကမ်းခြေသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ ဖန့်ရန်သည် မူလက ကမ်းရိုးတန်းတစ်လျှောက် လှည့်ပတ်ကာ ကျွန်းတစ်ခုလုံး လျှောက်သွားရန် တွေးတောနေသော်လည်း ကျွန်းအနားတွင် လည့်ပတ်ရေကူးနေသော သားရဲတစ်ကောင်က သူ၏ အာရုံကို ဖမ်းစားသွားခဲ့၏။

ဂျိန်းးးးး......

ဖန့်ရန်က မိုးကြိုးဒိုမိန်ကို အသက်သွင်းလိုက်သောအခါတွင် မိုးကြိုးလျှပ်စီးများက သူ့ကို ဖုံးလွှမ်းသွားခဲ့သည်။ ထိုနောက် သူသည် ပင်လယ်ရေနက်ပိုင်းတွင် ကူးခတ်နေပြီဖြစ်သော သားရဲကို ပစ်မှတ်ထားကာ လျှပ်စီးကြောင်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

အဖြူရောင်လျှပ်စီးကြောင်းတစ်ခုသည် တစ်စက္ကန့်အတွင်း နှစ်ကီလိုမီတာ အကွာအဝေးကို ဖြတ်ကျော်ကာ ထိုသားရဲကို တန်းတန်းမတ်မတ် ထိမှန်သွားသည်။

ချက်ချင်းပင် ထိုသားရဲသည် လျှပ်စီးကြောင်း၏ ပြင်းထန်သော လျှပ်စစ်စွမ်းအားကြောင့် သေဆုံးသွားပြီး ရေပြင်ပေါ်သို့ ပေါ်လာခဲ့၏။ ထိုနောက် ၎င်း၏ ပုံပန်းသဏ္ဍာန်က အပြည့်အဝပေါ်ပေါက်လာခဲ့သည်။

"မိုဆာဆောရပ်စ်လား..."

ဖန့်ရန်က ရေပေါ်ပေါ်လာသော သားရဲကို ချက်ချင်းပင် မှတ်မိလိုက်သည်။

ဒီကောင်က အစိမ်းရောင်ပင်လယ်က ပျောက်ဆုံးသွားခဲ့တဲ့ မိုဆာဆောရပ်စ် မဟုတ်ဘူးလား။ ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ...။

ဖန့်ရန်သည် တွေးတောနေရင်း မိုဆာဆောရပ်စ်ဆီသို့ ရေကူးကာ ချည်းကပ်သွားပြီး ၎င်း၏ ခန္ဓာကိုယ်ကို အနီးကပ် စစ်ဆေးလိုက်၏။

မိုဆာဆောရပ်စ်၏ ခန္ဓာကိုယ်သည် ရေပြင်ပေါ်တွင် ဦးတည်ချက်မရှိ မျောလွင့်နေ၏။ ၎င်းသည် ဆယ်ငါးမီတာ ရှည်လျားပြီး သာမာန်စံနှုန်းထက် ပိုကြီးသည်။

ဖန့်ရန်သည် ဘေးပတ်ပတ်လည်ကို သတိထားမိလိုက်ချိန်တွင် မိုဆာဆောရပ်စ်ကဲ့သို့ သားရဲများစွာက နေရာတစ်ခုဆီသို့ ဦးတည်နေသည်ကို တွေ့လိုက်ရသည်။

သူသည် အလွန်များပြားသော ဧရာမသားရဲများက ဒိုင်နိုင်ဆောကျွန်းသို့ ချည်းကပ်သွားနေသည်ကို မြင်နေရ၏။ သူသည် ၎င်းတို့၏ ဦးတည်ရာ လမ်းကြောင်းကို တွက်ချက်ပြီးနောက် နေရာတစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။

သူကြည့်လိုက်သော ဦးတည်ရာက လီဇီနှင့် အခြားလူများ ပြေးသွားသည့် ဘက်နှင့်တူညီ၏။ သို့သော် ဖန့်ရန်သည် ၎င်းအား မသိခဲ့ပေ။

မိုဆာဆောရပ်စ်ကို စားသောက်ပြီးနောက် ဖန့်ရန်သည် အမျိုးအစား စုံလင်လှသော ဧရာမသားရဲများကို ကြည့်လိုက်သည်။

၎င်းတို့ထဲတွင် လွန်ခဲ့သော အချိန်များကတည်းက ပျောက်ဆုံးသွားခဲ့သည့် ရှေးဟောင်း သားရဲများလည်း ပါဝင်နေခဲ့၏။ သူသည် အဘယ့်ကြောင့် နှစ်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့သော ရှေးဟောင်း သားရဲများက ဤတွင် ပါဝင်လာရသနည်းဟု တွေးတောကာ အံ့အားသင့်မိ၏။

အကယ်၍ ရှေးဟောင်း သားရဲ၊ သန္ဓေပြောင်း သားရဲနှင့် ကိုင်းဂျူး သားရဲများသာ လွန်ခဲ့သော နှစ်အနည်းငယ်က ပျောက်ကွယ်သွားခြင်း မရှိလျှင် ဤကမ္ဘာက လူသားတွေအနေဖြင့် ရှင်သန်ရအလွန်ခက်ခဲနေမည် ဖြစ်ကာ စိတ်ကူးယဥ်ဆန်သော လက်နက်အသစ်တွေကို တီထွင်နိုင်ကြမည် မဟုတ်ပေ။

သို့သော် ယခုအခါတွင်တော့ အဆင့် (၅) ကိုင်းဂျူး သားရဲတွေ လူသားမြို့များကို တိုက်ခိုက်လာလျှင်ပင် ယခင်ကဲ့သို့ မြို့များကို ဖျက်စီးနိုင်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူသားတွေက ပြင်ဆင်ထားခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော် အဆင့် (၅) ကိုင်းဂျူး သားရဲထက် ပိုအားကောင်းသည့် ကိုင်းဂျူး သားရဲတွေ တိုက်ခိုက်လာမည် ဆိုလျှင်တော့ ၎င်းက မတူညီသော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။

ဖန့်ရန်သည် ဆက်လက်မတွေးတောတော့ဘဲ ဒိုင်နိုဆောကျွန်းဆီသို့ ဦးတည်ကာ သွားနေသော ဧရာမသားရဲတစ်ကောင်ဆီ ချည်းကပ်သွားလိုက်သည်။

သို့သော် ၎င်းဧရာမသားရဲသည် ကီလိုမီတာအနည်းငယ် အကွာတွင် ရှိနေသောကြောင့် သူသည် ဆယ်စက္ကန့်ကြာ သွားပြီးမှသာ ၎င်းအနား ရောက်ရှိနိုင်ခဲ့၏။

ထိုသားရဲသည် အရှည် မီတာနှစ်ဆယ်နီးပါးရှိသော မက်ဂါလိုဒွန် ဖြစ်ပြီး ဖန့်ရန်၏ ချဉ်းကပ်လာမှုကို မြင်သောအခါ မက်ဂါလိုဒွန်သည် ထိတ်လန့်တကြား အဝေးသို့ စတင်ထွက်ပြေးသည်။

ဖန့်ရန်သည် မက်ဂါလိုဒွန်ကို အမြန်လိုက်ဖမ်းခဲ့ကာ အလွန်ကွာခြားသော အမြန်နှုန်းကြောင့် တခဏအကြာတွင် လိုက်မှီသွားခဲ့သည်။ သူသည် မက်ဂါလိုဒွန်၏ ဦးခေါင်းကိုနေ ကိုက်ဖြတ်စားသောက်လိုက်ပြီးနောက် တွေးတောလိုက်မိသည်။

ဤမက်ဂါလိုဒွန်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ခြင်းက သူ၏ ခွန်အားကြောင့် ဖြစ်သည်။ ၎င်းသည် ယခင်သူစားဖူးခဲ့သော မက်ဂါလိုဒွန်တွေထက် အမြန်နှုန်းပင် ဖြစ်စေ၊ ခွန်အားပင် ဖြစ်စေ အလွန်ကြီးမား၏။

သူသည် အနည်းငယ် တွေးတောပြီးနောက် အခြားဧရာမသားရဲတွေဆီသို့ ကူးခတ်သွားလိုက်သည်။ သူသည် ယခုလေးတင် စားလိုက်သော မက်ဂါလိုဒွန်ကသာ ပိုအားကောင်းနေခြင်းလား အခြားသားရဲများသည်လည်း အလားတူလားဟု စစ်ဆေးလိုပေသည်။

နာရီဝက်အကြာတွင် ဧရာမသားရဲများစွာကို သတ်ဖြတ်စားသောက်ပြီးနောက် ဖန့်ရန်သည် ဒိုင်နိုဆောကျွန်းဆီသို့ ပြန်လာခဲ့၏။

ဖန့်ရန်သည် ကမ်းရိုးတန်းကို လှမ်းကြည့်လိုက်ရာ ရှေးဟောင်း သားရဲတွေနဲ့ ပြည့်နှက်နေကာ ကုန်းနေရေနေ သားရဲများက ကျွန်းအတွင်းပိုင်ဆီ တိုးဝင်သွားသည်ကို မြင်နေရသည်။

ထို့အပြင် ရေနေသားရဲများစွာက ကမ်းရိုးတန်းအနီးက ပင်လယ်ရေထဲတွင် လှည့်ပတ်သွားလာနေကြသည်။

ဖန့်ရန်၏ မျက်လုံးအကြည့်က ရှေးဟောင်း သားရဲများစွာကို ဖြတ်သန်းသွားပြီး ကျွန်းအတွင်းပိုင်းဆီသို့ ရွေ့လျားသွားသည်။

ရဟတ်ယာဉ်ငါးစီး လေထဲတွင် ပျံသန်းနေပြီး ၎င်းတို့၏ စက်သေနတ်တွေအသုံးပြုကာ ကျည်ဆံများနှင့် သားရဲများစွာကို ပစ်ခတ်နေကြသည်။

ရဟတ်ယာဉ်ငါးစီးက ကမ်းရိုးတန်းနှင့် ငါးကီလိုမီတာခန့် အကွာအဝေးတွင် ရှိနေခြင်း ဖြစ်သည်။ ရဟတ်ယာဉ်ငါးစီး၏ အောက်ဘက်တွင် လူသားတွေ စုဝေးနေခြင်း သို့မဟုတ် အဆင့်မြင့် ပုဂ္ဂိုလ်အချို့ ရှိနေနိုင်ပြီး ဧရာမသားရဲတွေ၏ ပစ်မှတ်က ထိုလူသားတွေသာ ဖြစ်သည်။

"ရှေးဟောင်း သားရဲတွေက ပိုအားကောင်းလာတဲ့အပြင် ကိုင်းဂျူး သားရဲတွေနဲ့ ပိုဆင်လာနေပြီ"

ဖန့်ရန်သည် ကမ်းရိုးတန်းဆီချည်းကပ်သွားချိန်တွင် ကမ်းခြေဆီသို့ တတ်သွားနေသော သားရဲတွေနှင့် ပင်လယ်ရေထဲတွင် ကူးခတ်နေကြသော သားရဲများစွာကို မြင်တွေ့လာရ၏။

သူသည် သားရဲတွေက တစ်ခုခုထူးဆန်းနေသလို ခံစားရသော်လည်း ဘာထူးဆန်းနေမှန်း မစဉ်းစားတတ်ပေ။

သို့သော် သူသည် ကိုင်းဂျူး သားရဲတွေကဲ့သို့ ဤသားရဲတွေအပေါ်မှာလည်း လူသားတွေအပေါ် ရန်လိုစိတ်ပြင်းပြစေသော ဗီဇတစ်မျိုး ထည့်သွင်းထားသည်ဟု ခန့်မှန်းမိပေသည်။

ထိုကြောင့်ပင် ၎င်းတို့သည် ကြောက်ရွံ့မှုကင်းမဲ့ကာ လူသားတွေကို တိုက်ခိုက်ရန်အတွက် အသေခံကာ ကုန်မြေပေါ်တတ်လာကြခြင်း ဖြစ်သည်။

.....

All Chapters