စိုးရိမ်ပူပန်ခြင်း
Vol. 19 Ch. 242
လူတစ်စုသည် ထောင့်တစ်ခုတွင် ထိုင်နေကြပြီး ၎င်းတို့ထဲတွင် ရှောင်လန်နှင့် လီဇီတို့ ပါဝင်သည်။ မကြာသေးမီက ယာဉ်မောင်း၏ ဦးဆောင်မှုဖြင့် သူတို့သည် ခိုလှုံရန်အလိုငြား ဤစခန်းသို့ ရောက်ရှိလာခဲ့သည်။
ကံဆိုးစွာဖြင့် ဤစခန်းလည်း ဘေးကင်းလုံခြုံခြင်း မရှိပေ။ ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်း သားရဲများသည် စခန်းကို ဝန်းရံထားပြီး ၎င်းတို့၏ တိုက်ခိုက်ခြင်း မခံရမီတွင် ယာဉ်မောင်း၏ ဦးဆောင်မှုဖြင့် စခန်းအတွင်း ဝင်ရောက်နိုင်ခဲ့သည်။
ဤစခန်းသည် မလုံခြုံသော်လည်း အန္တရာယ်များသော အပြင်ဘက်နှင့် နှိုင်းယှဉ်မည်ဆိုပါက ပို၍ လုံခြုံသည်ဟု ဆိုနိုင်သည်။
"သေစမ်းကွာ။ ဒီနေရာက ဘယ်တော့မှ လွတ်မှာလည်း"
ရှောင်လန်၏ ဘေးတွင် ထိုင်နေသော လူမည်းတစ်ယောက်က မြေပြင်ကို လက်သီးဖြင့် ထိုးပြီး ရေရွတ်လိုက်သည်။ သူ၏ မျက်နှာတွင် မျှော်လင့်ချက်ကင်းမဲ့ခြင်းဟူသော စာတန်းက ရေးထိုးထားသလိုပင်။ ဤအခြေအနေသည် သေဖို့ရန် ရာခိုင်နှုန်းအလွန်များသောကြောင့် သူသည် အလွန်စိတ်ဓာတ်ကျနေ၏။
ဤစခန်းတွင် ခိုလှုံနေကြသော လူအများစုသည်လည်း အလားတူအခြေအနေသို့ ရောက်ရှိနေကြ၏။ လုံခြုံရေး ဝန်ထမ်းများသည် စခန်းအုပ်ရိုးပေါ်တွင် ရပ်နေပြီး အောက်ရှိ ဧရာမသားရဲများကို ရူးသွတ်နေသည့်အလား စက်သေနတ်များဖြင့် မရပ်မနားပစ်ခတ်နေကြသည်။
သေနတ်သံများ အဆက်မပြတ် ကြားနေသော ယန်ဖေ့၏ မျက်နှာသည် ဖြူဖျော့နေပြီး၊ သူ၏ မျက်နှာတွင် မျှော်လင့်ချက်ကင်းမဲ့ခြင်းဟူသော စာတန်းကို ရေးထိုးထားကာ လော်ယန်ကို မေးလိုက်သည်။
"လော်ယန်၊ ငါတို့တွေ ဒီမှာ သေရတော့မှာလား"
သူ၏ ထိုအမေးစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအများအပြား၏ ခန္ဓာကိုယ်သည် ခံစားချက်မျိုးစုံဖြင့် တုန်ယင်လာကြ၏။ အထူးသဖြင့် အမျိုးသမီးများ၏ ခန္ဓာကိုယ်ဟာ ပိုမိုတုန်ယင်သည်ဟု ဆိုနိုင်သည်။
အုပ်ရိုးပေါ်ရှိ လုံခြုံရေးဝန်ထမ်းများနှင့် အခြားလူတွေကို ကြည့်နေသော လော်ယန်သည် ယန်ဖေ့ကို ခေါင်းလှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့ စခန်း မကျသေးဘူး။ ပြီးတော့ ဒီပန်းခြံရဲ့ တာဝန်ရှိသူပြောခဲ့တာကို မမေ့နဲ့။ အကူအညီတွေ မကြာခင် ရောက်လာတော့မှာ"
ရှောင်လန်သည် လော်ယန်၏ စကားများကို နားထောင်ရင်း မလှမ်းမကမ်းရှိ အုပ်ရိုးနံရံကို အကူအညီမဲ့စွာ တစ်ချက်ကြည့်လိုက်သည်။ ထိုနေရာတွင် လုံခြုံရေးဝန်ထမ်းများက စက်သေနတ်များကို ကိုင်ဆောင်ထားပြီး စခန်းအပြင်ဘက်ရှိ သားရဲများကို ရူးသွပ်စွာ ပစ်ခတ်နေကြသည်။
တစ်ချက်တစ်ချက်တွင် အလွန်မြန်သော ရှေးဟောင်း သားရဲ၊ သန္ဓေပြောင်း သားရဲများက အုပ်ရိုးပေါ်သို့ ခုန်တက်လာရန် ကြိုးစားသော်လည်း နောက်အခိုက်အတန့်တွင် ချက်ချင်းပင် ပစ်ခတ်ခံလိုက်ရသည်။
ထို့အပြင် တစ်ခါတစ်ရံတွင် ပတီရိုဆောအချို့သည် အုပ်ရိုးပေါ်မှ ပျံသန်းဝင်ရောက်ကာ အတွင်းရှိ လူများကို တိုက်ခိုက်ရန် ကြိုးစားကြ၏။ ကံကောင်းထောက်စွာဖြင့် လုံခြုံရေးဝန်ထမ်းများသည် ၎င်းတို့ကို အချိန်မှီ ပစ်ခတ်နိုင်ခဲ့၏။
ဤစခန်းကို ဆယ်မီတာ အမြင့်ရှိသော အုပ်ရိုးနံရံများဖြင့် ဝန်းရံ တည်ဆောက်ထားပြီး အတွင်းဘက်တွင် လေးထောင့်ကွင်းတစ်ခု ရှိသည်။ လေးထောင့်ကွင်း၏ အလယ်ဗဟိုတွင် သံမဏိနှင့် အထူးသတ္တုများဖြင့် တည်ဆောက်ထားသော ထိန်းချုပ်ရေးခန်းရှိကာ ၎င်းသည် ကျွန်းတစ်ခုလုံးတွင် အလုံခြုံဆုံးနေရာ ဖြစ်သည်။
သို့သော် မည်သူမှ ၎င်းအတွင်းသို့ ဝင်ခွင့်မရှိဘဲ အနား ချဉ်းကပ်ခြင်းကိုပင် တားမြစ်ထားသည်။
ရှောင်လန်သည် ကျယ်လောင်သော သေနတ်သံများကြားတွင် သူမ၏ ဦးခေါင်းကို ဒူးခေါင်းနှစ်ဖက်ပေါ်တွင် တင်ထားလိုက်သည်။
သူမသည် ပထမက အခြားသူများကဲ့သို့ စိတ်လှုပ်ရှားကာ ကြောက်ရွံ့ခဲ့သော်လည်း နောက်ဆုံးတွင် တည်ငြိမ်နိုင်ခဲ့၏။ ဤသည်က သူမ ခံစားရသည့် ပထမဆုံးသော အန္တရာယ် မဟုတ်ပေ။
သန္ဓေပြောင်း သားရဲများ ကိုင်းဂျူး သားရဲများ၏ တိုက်ခိုက်မှုအမျိုးမျိုးကို သူမကြုံတွေ့ခဲ့ရသည်။ ဤကပ်ဘေးတွင် သူမသည် သူမ၏ မိသားစုဝင်များဖြစ်သော အမေ၊ အဖေနှင့် မောင်လေးတို့ကို ဆုံးရှုံးခဲ့ရ၏။
ဤတစ်ခါလည်း သူမသည် ဘေးအန္တရာယ်တစ်ခုကို ထက်မံကြုံတွေ့ရပြန်ပြီ ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူမ ကိုယ်တိုင်ပင် အသက်ရှင်နိုင်မည်လားဆိုသည်ကို မသေချာပေ။
တစ်ခါတစ်လေ သူမ တွေးမိ၏။ ဘာကြောင့် သူမသည် ထိုမျှ ကံဆိုးနေရပါသနည်း။ သူမသည် ဤကဲ့သို့ အန္တရာယ်များနှင့် ဝမ်းနည်းစရာများကို ခံစားရရန် ဘာလုပ်ခဲ့မိပါသနည်း။
"လက်စတာ... လေတပ် ဘယ်တော့ ရောက်လာမှာလဲ"
ဒိုင်နိုဆော ပန်းခြံ၏ အဓိက တာဝန်ရှိသူဖြစ်သည့် သစ်သားကြိမ်ဒုတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော မက်ဟမ်က ထိန်းချုပ်ရေးဘုတ်ကို ကိုင်တွယ်နေသည့် လူငယ်ကို ကြည့်ကာ မေးလိုက်သည်။ သူ၏ ပုံစံက ထိန်းချုပ်ရေးစခန်းကို တိုက်ခိုက်လာသော ဧရာမသားရဲများကို ကြောက်ရွံ့ပုံမရဘဲ အတော်လေး စိတ်တည်ငြိမ်နေပုံပေါ်သည်။
အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်သည်။ သို့သော် သူ၏ စိတ်ထဲတွင် ကြောက်ရွံမှုများ ရှိမနေသော်ငြား ဒေါသစိတ်ကတော့ ဖြစ်တည်နေ၏။ ဤသန္ဓေပြောင်း သားရဲများသည် သူ၏ ဂျူမြစ်ပန်းခြံကို ဖျက်စီးခဲ့သည်။
သူ၏ ကိုယ်ပိုင်ဘေးကင်းရေးအတွက် အမေရိကန်စစ်တပ်နှင့် ဆက်သွယ်ထားပြီး၊ စခန်းရှိလူတိုင်းကို ခေါ်ဆောင်နိုင်မည့် မိခင်သင်္ဘောတစ်စီး ရောက်ရှိလာရန် အချိန်အလွန်ကြာမြင့်မည် မဟုတ်သော်လည်း စခန်းက အချိန်မရွေးပျက်စီးသွားနိုင်သည်။
သို့သော် မိခင်သင်္ဘော ရောက်မလာခင် စခန်းက သားရဲတွေကြောင့် ပျက်စီးသွားလျှင်ပင် သူ့အတွက် လွတ်မြောက်ရာ လမ်းကြောင်းတစ်ခုဖြစ်သည့် စစ်ဘက်သုံး ရဟတ်ယာဉ် တစ်စီး ရှိနေပေသည်။
သို့သော် ၎င်းအား သူသည် အလွယ်တကူ အသုံးပြုမည် မဟုတ်ပေ။ အကယ်၍ သူ့အနေဖြင့် ရဟတ်ယာဉ်နှင့် ဤကျွန်းကနေ ထွက်ပြေးပြီးတော့ ဤကျွန်းတွင် ကျန်ရစ်နေသော လူများစွာကို သေဆုံးစေခဲ့ပါက သူသည် ဥပဒေဆိုင်ရာ ပြဿနာများစွာကို ရင်ဆိုင်ရမည် ဖြစ်သည်။
"မစ္စတာ မက်ဟမ်... နောက်ထပ် ဆယ်ငါးမိနစ်လောက်ဆို ရောက်လာတော့မှာပါ"
လက်စတာ အမည်ရှိ လူမည်း လူငယ်လေးက မက်ဟမ်၏ မေးမြန်မှုကို ဖြေကြားရင်း သူ့ရှေ့ရှိ ကိရိယာကို လည်ပတ်လိုက်ကာ စခရင်ပေါ်တွင် ရုပ်ပုံတစ်ခုကို ပေါ်လာစေသည်။
ထိုရုပ်ပုံပေါ်တွင် အနီရောင်အစက် သုံးစက်သည် ရှေ့သို့ အဆက်မပြတ် ရွေ့လျားလာနေပြီး ထိုအစက်သုံးစက်နှင့် သိပ်မဝေးသော အရှေ့ဘက်တွင် ဒိုင်နိုဆောကျွန်း ရှိသည်။
မက်ဟမ်သည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး နောက်ဘက်တံခါးဆီ လျှောက်သွားကာ တံခါးကို ဖွင့်ပြီး ထွက်လာခဲ့လိုက်သည်။
ထိန်းချုပ်ရေးခန်းထဲက ထွက်လာပြီးနောက် သူသည် ဥယျာဉ်အတွင်းသို့ ရောက်လာခဲ့သည်။
ဥယျာဉ်အလယ်တွင် ဆယ်ငါးမီတာ အရှည်ရှိသည့် ရဟတ်ယာဉ်တစ်စီး ဆိုက်ကပ်ထားသည်။
မက်ဟမ်က ရဟတ်ယာဉ်ပေါ် အမြန်တက်လိုက်သည်။ ထိုနောက် မက်ဟမ်သည် ရဟတ်ယာဉ်အတွင်းရှိ ယာဉ်မောင်းနှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်ပြီး သူ့ရှေ့ရှိ စခရင်ကို ကြည့်လိုက်သည်။
စခန်းအပြင်ဘက်ရှိ ပုံရိပ်တွေက စခရင်ပေါ်တွင် ရှိနေသည်။
မက်ဟမ်သည် ဧရာမသားရဲ အမျိုးမျိုးက စခန်းကို ဒီရေများသဖွယ် တိုက်ခိုက်နေသည်ကို ကြည့်နေသည်။
တစ်ချက်တစ်ချက် ပီရိုဆောတစ်ကောင်သည် ကောင်းကင်မှ ထိုးဆင်းလာပြီး ရိုးနံရံပေါ်ရှိ လုံခြုံရေး ဝန်ထမ်းတွေကို တိုက်ခိုက်နေ၏။
မက်ဟမ်သည် လုံခြုံရေး ဝန်ထမ်းတွေက အလွန်ပင်ပန်းနေပြီမှန်း ရိပ်စာမိလိုက်သည်။ သူတို့သည် ရှင်သန်လိုသော စိတ်ဆန္ဒကြောင့်သာ ဤမျှခံနိုင်ရည် ရှိနေခြင်းဖြစ်ပြီး နေက်ထက်အချိန်များစွာ ကြာရှည်ခံနိုင်ရည် ရှိတော့မည် မဟုတ်ပေ။
"အကူအညီတွေ ရောက်လာတဲ့အထိ သူတို့တွေ ဒီဖိအားကို ခံနိုင်ရည်ရှိပါစေလို့ပဲ မျှော်လင့်ရမယ်"
စခရင်ကို ခဏတာ ကြည့်ပြီးနောက် မက်ဟမ်သည် တီးတိုးရေရွတ်လိုက်ပြီး ဆိုဖာကို မှီကာ မျက်လုံးတွေကို မှိတ်ထားလိုက်တော့သည်။
သူသည် စောင့်ဆိုင်းနေသည်။ ဤစခန်း၏ ကာကွယ်ရေး ကျိုးပေါက်သည်နှင့် သူသည် ရဟတ်ယာဉ်ဖြင့် ချက်ချင်း ထွက်ပြေးမည် ဖြစ်သည်။
...
ကုန်းမြေပေါ်သို့ တက်ရောက်နိုင်သော သားရဲများစွာ ရှိသည်။ ဤတွင် ဧရာမဖားပြုတ်၊ ဧရာမဂဏန်းများ၊ ဧရာမမိကျောင်း အစရှိသော သန္ဓေပြောင်း သားရဲများနှင့် သာမာန်သားရဲများသည် ကမ်းခြေပေါ်သို့ ပြေးတတ်ကာ စခန်းဆိီသို့ အလျင်အမြန် ပြေးသွားနေကြသည်။
ဖန့်ရန်သည် အမျိုးစုံသော သားရဲများကြားတွင် ပင့်ကူနှင့် ဆင်သည့် ထူးဆန်းသော သားရဲအချို့ကိုပင် မြင်ခဲ့ရသည်။ ၎င်းတို့၏ အရွယ်အစားသည် leatherback ပင်လယ်လိပ်၏ အရွယ်အစားနှင့် ဆင်တူသည်။ သို့သော် ၎င်းတို့သည် leatherback ပင်လယ်လိပ်ထက် အရွယ်အစား ပိုကြီးကာ ပို၍ မြန်ဆန်ပြီး အရေအတွက်လည်း အလွန်များပြားသည်။
ပင့်ကူနှင့် ဆင်သည့် သားရဲများကို မြင်ရခြင်းက ဖန့်ရန်အား အာကာသလမ်းကြောင်းတွင် သူမြင်ခဲ့ရသော ဧရာမပင့်ကူ သားရဲကြီးကို သတိရစေခဲ့သည်။ ၎င်းတို့သည် အသွင်အပြင်ခြင်း ဆင်တူသော်လည်း မီတာအနည်းငယ်သာ ရှိခြင်းနှင့် ကီလိုမီတာ ဒါဇင်နှင့်ချီ ရှိခြင်းကတော့ ကွာခြားသည်။
ဖန့်ရန်သည် ထိုပင့်ကူတွေကို စူးစိုက်ကြည့်ပြီးနောက် ကမ်းခြေဆီသို့ ကူးခတ်သွားခဲ့၏။ သူသည် သူ၏ ဧရာမခန္ဓာကိုယ်ဖြင့် ထိုပင့်ကူတွေအပါအဝင် ဧရာမသားရဲအုပ်စုကို ကြိတ်ခြေဖြတ်သန်းသွားခဲ့သည်။ များစွာသော သားရဲများသည် သူ၏ တန်ချိန်များစွာ လေးလံသော ခန္ဓာကိုယ်အောက်တွင် ထုခွဲခံလိုက်ရသော ဖရဲသီးသဖွယ် ပေါက်ကွဲသွားခဲ့ကာ အသားပြားများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ပင့်ကူများ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော အရည်များသည် ရွံရှာဖွယ်မကောင်းဘဲ စေးကပ်သော အဖြူရောင် အရည်တစ်မျိုး ဖြစ်သည်။
ဖန့်ရန်သည် ကမ်းခြေတွင် အချိန်အကြာကြီး မနေခဲ့သလို လမ်းတစ်လျှောက်တွင်လည်း ကြေမွသွားသော သားရဲများကိုလည်း မြိုချခြင်း မပြုခဲ့ပေ။ သူသည် သားရဲများ ဦးတည်ရာဆီသို့ တည့်တည့် သွားခဲ့၏။
ဆယ်မိနစ်ခန့်ကြာပြီးနောက် ဖန့်ရန်သည် တောအုပ်ထဲမှ ထွက်လာခဲ့ပြီး သူ၏ ဧရာမဦးခေါင်းကြီးဖြင့် ပတ်ဝန်းကျင်ရှုခင်းကို စတင်ကာ စစ်ဆေးခဲ့သည်။
သစ်ပင်များ ရှင်းလင်းသော ဤနေရာတွင် သူ၏ အမြင်အာရုံကို ဆွဲဆောင်နိုင်သည့် ဧရာမနံရံများနှင့် ၎င်းအနောက်က စခန်းတို့ ရှိနေ၏။ သူသည် ပင့်ကူများပါဝင်သော ဧရာမသားရဲများစွာက စခန်းကို အရူးအမူး တိုက်ခိုက်နေသည်ကို မြင်နေရသည်။
ဖန့်ရန်သည် ဧရာမရိုးနံရံတွေပေါ်က လုံခြုံရေးဝန်ထမ်းတွေကို သတိထားမိသည်။ ၎င်းတို့သည် သေနတ်များ ကိုင်ဆောင်ထားပြီး စခန်းအတွင်း ဝင်ရောက်ရန် ကြိုးပမ်းနေကြသော သားရဲများစွာကို ပစ်ခတ်သတ်ဖြတ်နေကြသည်။
၎င်းတို့၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မူများက အထင်းသားပေါ်လွင်နေ၏။
"ဒီလူတွေ သိပ်ကြာကြာ မခံနိုင်လောက်တော့ဘူး"
ဖန့်ရန်သည် လုံခြုံရေးဝန်ထမ်းတွေကို အကြည့်တစ်ချက်မှာပင် ၎င်းတို့သည် အကန့်အသတ်သို့ ရောက်ရှိနေပြီမှန်း သိလိုက်သည်။ ပင်ပန်းနွမ်းနယ်မှု၏ အစွန်းသို့ ရောက်ရှိနေသော ၎င်းတို့သည် အချိန်မရွေးလဲကျသွားနိုင်သည်။
သို့သော် ထိုအချိန်မှာပင် အင်ဂျင်ဟိန်းသံများသည် ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာ၏။ ဖန့်ရန်သည် ထိုအသံများ ထွက်ပေါ်လာရာ အရင်းအမြစ်ကို သိရှိရန်အတွက် ချက်ချင်းပင် ခေါင်းမော့ကြည့်လိုက်သည်။
ဝေးလံသော ကောင်းကင်ယံတွင်တော့ ဧရာမမိခင်သင်္ဘော သုံးစီးသည် စခန်းဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေခဲ့သည်။ ၎င်းတစ်စီးဆီ၏ အရွယ်အစားသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး များမကြာမီတွင် ၎င်းတို့က ကောင်းကင်ယံကို ဖုံးအုပ်ကာ စခန်းအပေါ်သို့ အရိပ်ကျရောက်လာစေသည်။
မိခင်သင်္ဘော သုံးစင်းတွင် အလယ်ရှိ တစ်စီးသည် အထူးပင် ကြီးမားကာ အလျား တစ်ကီလိုမီတာကျော် ရှိနိုင်သည်။
"ဒီမိခင်သင်္ဘောတွေက အမေရိကန်က တီထွင်ထားတာတွေပဲ ဖြစ်ရမယ်"
ဖန့်ရန်သည် မိခင်သင်္ဘောသုံးစင်း၏ ပိုင်ရှင်ကို ခန့်မှန်းလိုက်သည်။
"ဒီလူတွေ အကယ်ခံရတော့မယ်"
ဖန့်ရန်က ဤသို့တွေးမိလိုက်စဉ်မှာပင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
.....