← Chapters

အကူအညီများ ရောက်ရှိလာခြင်း

Vol. 19 Ch. 243

အကူအညီများ ရောက်ရှိလာခြင်း

Vol. 19 Ch. 243

ဖန့်ရန်က သူ၏ ခေါင်းကိုမော့ကာ အဝေးရှိကောင်းကင်ယံသို့ စိုက်ကြည့်လိုက်သည်။ ထိုအခါ သူ၏ အမြင်အာရုံတွင် မိုးတိမ်များကို ထိုးဖောက်လာသော ဧရာမမိခင်သင်္ဘောသုံးစီး၏ ပုံရိပ်က ထင်ဟပ်လာသည်။

မိခင်သင်္ဘောသုံးစီးသည် ဒိုင်နိုဆောကျွန်းဆီသို့ လျင်မြန်သောအရှိန်ဖြင့် ချဉ်းကပ်လာသည်။

မိခင်သင်္ဘောသုံးစီး၏ အလယ်က ဦးဆောင်လာသော တစ်စင်းသည် အကြီးဆုံးဖြစ်ကာ အခြားမိခင်သင်္ဘောများနှင့် ပုံသဏ္ဍာန်မကွာဘဲ အရွယ်အစားနှင့် ပို၍ ကြီးမားသော အပိုတာဘိုအင်ဂျင်များသာ ကွာခြားသည်။

မိခင်သင်္ဘောသုံးစီး၏ အရှိန်သည် တဖြည်းဖြည်း နှေးကွေးလာပြီး ၎င်းတို့သည် တဖြည်းဖြည်း ဆင်းသက်စပြုလာသည်။ ကြည့်ရသည်မှာ ၎င်းတို့သည် စခန်းဘေးတွင် ဆင်းသက်ရန် ပြင်ဆင်နေပုံပေါ်၏။

ဧရာမမိခင်သင်္ဘောသုံးစီးကို မြင်လိုက်ရသော စခန်းအတွင်းရှိ လူများသည် ကျယ်လောင်စွာ အော်ဟစ်အားပေးလိုက်ကြသည်။

အတော်လေး ဝေးကွာလျက်ရှိသော်လည်း ဖန့်ရန်သည် ၎င်းတို့၏ အော်ဟစ်အားပေးသံများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပေသည်။

ဧရာမသားရဲများကို သေနတ်တွေဖြင့် ပစ်ခတ်နေကြသော ရိုးနံရံပေါ်ရှိ လုံခြုံရေးဝန်ထမ်းများပင် ပျော်ရွှင်သွားကြသည်။

လွန်ခဲ့သော အခိုက်အတန့်က မျှော်လင့်ချက် ကင်းမဲ့ကာ အလွန်ပင်ပန်းနွမ်းနယ်နေခဲ့သော ဤလူတို့၏ မျက်နှာများပေါ်၌ ယခုအချိန်တွင် အင်အားအပြည့် ရှိနေပြီး သားရဲများကို စိတ်လှုပ်ရှားစွာ ပစ်ခတ်နေကြသည်။ တစ်ချက်တစ်ချက်တွင် ၎င်းတို့က သားရဲတွေကို ဆဲဆိုတတ်သေး၏။

"ဖက်ခရုပဲ သေလိုက်စမ်း.. တိရစ္ဆာန်ကောင်တွေ.... မင်းအဖေက မင်းတို့ရဲ့ ခေါင်းတွေကို ဖောက်ခွဲပစ်မယ်"

"ဟားဟားဟား၊ ငါအကြာကြီး စောင့်ခဲ့ရတာ နောက်ဆုံးတော့ အကူအညီတွေ ရောက်လာပြီ"

"သေစမ်း မျိုးမစစ်တွေ ဒီကျည်ဆံတွေကို မြည်းကြည့်လိုက်"

စခန်းအတွင်းရှိ လူတိုင်းသည် စိတ်လှုပ်ရှားစွာ ကခုန်စပြုလာသည်။

နောက်ဆုံးတွင် အသက်ရှင်နိုင်တော့မည်။

"ရှောင်လန်... ရှောင်လန်"

မြင်းမြီးဆံကျစ်နှင့် ကောင်မလေးတစ်ယောက်က ရှောင်လန်၏ လက်ကို ဆုပ်ကိုင်ကာ အော်ဟစ်လိုက်သည်။

"ဟိုမှာကြည့်စမ်း၊ ငါတို့ကို ကူညီဖို့ လေတပ် ရောက်လာပြီ"

သူမ၏ သူငယ်ချင်းဖြစ်သူ အော်ပြောလိုက်သည်ကို ကြားလိုက်ရသော ရှောင်လန်က ခေါင်းမော့ကာ ကောင်းကင်ယံသို့ ကြည့်လိုက်သည်။

သူမ၏ ဟာလာဟင်းလင်းဖြစ်နေသော မျက်လုံးများသည် တဖြည်းဖြည်းနှင့် အလင်းရောင်ကို ပြန်လည်ရရှိလာသည်။ သူမ၏ မျက်နှာပေါ်ရှိ နာကျင်မှုနှင့် လက်လျှော့အရှုံးပေးလိုသော ခံစားချက်သည် စိတ်လှုပ်ရှားမှုနှင့် စိတ်သက်သာရာရမှုတို့ဖြင့် အစားထိုးခံလိုက်ရသည်။

သူမသည် သူမ၏ ကံကြမ္မာကို လက်ခံပြီးသွားပြီ ဖြစ်သည်။ သို့သော် သူမသည် ဤအခက်အခဲများက လွတ်မြောက်ကာ နောက်ထပ်တစ်ရက် အသက်ရှင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိခဲ့ပေ။

ရှောင်လန်သည် အခြားခရီးသွားများကဲ့သို့ မျှော်လင့်ချက်များဖြင့် မိခင်သင်္ဘောသုံးစီးကို စိုက်ကြည့်နေခဲ့သည်။ သူမသည် မိခင်သင်္ဘောသုံးစီး မြန်မြန်လေး ဆင်းသက်လာရန် ဆုတောင်းနေမိ၏။

ဤအချိန်တွင် ရိုးနံရံပေါ်ရှိ လုံခြုံရေး ဝန်ထမ်းများသည် ဧရာမသားရဲများကို တိုက်ခိုက်ခြင်းအပေါ် အာရုံစိုက်နေကြပြီ ဖြစ်သည်။ အလွန်များပြားသော သေဆုံးမှုများကြောင့် ရိုးနံရံ အပြင်ဘက်ဧရိယာတွင် သားရဲများ၏ အလောင်းများက ထူထဲစွာ ပြန့်ကျဲနေ၏။

"ဒီရှေးဟောင်း သားရဲတွေနဲ့ သန္ဓေပြောင်း သားရဲတွေရဲ့ ခန္ဓာကိုယ်တွေက လူတစ်ယောက်ကို ချမ်းသာစေနိုင်တယ်။ နှမြောစရာပဲ"

လုံခြုံရေးအရာရှိက တောင်လိုပုံနေသော ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်း သားရဲတွေ၏ ရုပ်အလောင်းများကိုကြည့်ကာ နောင်တတစ်ခုနှင့်အတူ သက်ပြင်းတစ်ချက် ချလိုက်သည်။

တောင်ကဲ့သို့ ပုံနေသော သားရဲတွေ၏ ရုပ်အလောင်းများက ရှိနေသော်လည်း သူတို့သည် အပြင်ထွက်ကာ ၎င်းတို့အား စုဆောင်းရဲခြင်း မရှိပေ။ တကယ့်ကို နှမြောစရာပင်။

ထိုအချိန်မှာပင်....

ခရက်... ခရက်...

ထူးဆန်းသော အသံများက ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းသည် လူတိုင်းအား အသံ၏ အရင်းအမြစ်ကို မသိစိတ်ဖြင့် ရှာဖွေမိစေခဲ့သည်။

ခဏတာမျှ ဘေးပတ်ပတ်လည်သို့ ရှာဖွေကြည့်သော်လည်း ၎င်းအသံ အရင်းအမြစ်ကို မတွေ့ခဲ့ရပေ။ ဤသို့သော သေနတ်သံများ၊ ပင်လယ်သားရဲများ၏ ဟိန်းဟောင်သံများ၊ မိခင်သင်္ဘောများ၏ အင်ဂျင်သံများဖြင့် ဆူညံနေသော ပတ်ဝန်းကျင်တွင် အသံ၏ အရင်းအမြစ်ကို ရှာဖွေရခက်ခဲ၏။

သို့သော် အသံ၏ အရင်းအမြစ်ကို ရှာဖွေရန် မလိုအပ်တော့ပေ။ ထိုထူးဆန်းသော ဆူညံသံကို ထွက်ပေါ်စေသော သားရဲက ပေါ်လာခဲ့သည်။

ချုံပုတ်တွေ၏ တရှဲရှဲမြည်သံများ၊ သစ်ပင်တွေ၏ ကျိုးပဲ့သံများ၊ လဲကျသံများနှင့်အတူ ဧရာမသားရဲကြီးညတစ်ကောင်သည် သစ်တောထဲမှ တဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

"ဘုရားသခင်... အဲ့ဒါ ဘာသားရဲကြီးလဲ"

လုံခြုံရေးအရာရှိသည် ဖန့်ရန်၏ ရုတ်တရက် ပေါ်လာမှုကြောင့် မျက်လုံးများပြုးကျယ်ကာ ထိတ်လန့်တကြား ဖြစ်သွား၏။ သူသည် စောနက အောက်သို့ ခဏချထားခဲ့သော စက်သေနတ်ကို ချက်ချင်းပင် ကောက်ယူကာ ဧရာမမြွေကြီးကို ချိန်ရွယ်လိုက်သည်။

ကံကောင်းစွာဖြင့် သူ၏အဖော်များသည် သူ ကပ်ဆိုးတစ်ခု မဖြစ်ပွားစေမီ သူ့ကို တားဆီးခဲ့ကြသည်။

"ကယ်ဗင်... ရပ်လိုက်"

"မပစ်နဲ့ မင်း ငါတို့ကို သတ်ချင်နေတာလား"

ဧရာမမြွေကြီး၏ အထောက်အထားကို မှတ်မိလိုက်သော လူတစ်ယောက်က အော်ဟစ်လိုက်သည်။

၎င်းက ဧရာမမြွေကြီး ဖြစ်သည်။

သူသည် ဧရာမမြွေကြီး ဤကျွန်းပေါ်တွင် ပေါ်လာသည်ဟု မကြာသေးမီက ကောလဟာလအချို့ ကြားခဲ့ရသည်။ ပထမတော့ သူလည်း မယုံခဲ့ပေ။ ဧရာမမြွေကြီး ပျောက်ကွယ်နေသည်မှာ အတော်ကြာပြီ ဖြစ်သည်။

ဘာကြောင့် ဒီကျွန်းမှာ ပေါ်လာရမှာလဲ။ သို့သော် ယခုတော့ ကောလဟာလတွေက မှန်ကန်နေပုံရသည်။

ဧရာမမြွေကြီးသည် စစ်မြေပြင်ဆီသို့ တဖြည်းဖြည်း ချည်းကပ်လာနေပြီး ရိုးနံရံပေါ်ရှိ လုံခြုံရေးဝန်ထမ်းတွေ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။

ဖန့်ရန်၏ ခန္ဓာကိုယ်အရှည်သည် မီတာ သုံးရာကျော် ရှိသည်။ ဤသို့သော ခန္ဓာကိုယ် ရှေ့မှောက်တွင် စခန်းကို တိုက်ခိုက်နေသော အကြီးဆုံး ပင်လယ်သားရဲပင် ကြွက်တစ်ကောင်ကဲ့သို့ သေးငယ်၏။

ဖန့်ရန်သည် လူသားများနှင့် ပင်လယ်သားရဲများကြား တိုက်ပွဲကို စိတ်ဝင်စားခြင်း မရှိပေ။ သူသည် တစ်ခါတစ်လေမှာ လူသားတွေကို ကူညီလေ့ရှိသော်လည်း ၎င်းက သူသည် လူသားတွေဘက်မှာ ရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူက လူသားတွေနှင့် သားရဲတွေကြား ကြားနေတစ်ယောက်သာ ဖြစ်လိုပေသည်။

ယခုအခါတွင်တော့ ဖန့်ရန်သည် သူ၏ အာရုံကို ဆွဲဆောင်နေသော ပင်လယ်သားရဲများနှင့် ဒိုင်နိုဆောတွေ၏ ဒါဇင်နှင့်ချီသော ခန္ဓာကိုယ်များ ရှိရာဆီသို့ ချည်းကပ်သွားနေခဲ့၏။

သူသည် ပါးစပ်ကိုဟကာ လမ်းကြောင်းတစ်လျှောက်ရှိ ဧရာမသားရဲတွေ၏ ခန္ဓာကိုယ်တွေကို ဝါးမြိုလိုက်ပြီး သန့်ရှင်းသော လမ်းကြောင်းတစ်ခုအား ချန်ထားရစ်ခဲ့၏။

သူ၏ အစာအိမ်အတွင်းရှိ အလွန်အားကောင်းသော အစာခြေရည်သည် ပြင်းထန်စွာ အစာခြေဖျက်နေပြီး စက္ကန့်အနည်းငယ်အတွင်း ခန္ဓာကိုယ်များစွာကို အာဟာရနှင့် စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးနေခဲ့သည်။

ရိုးနံရံပေါ်ရှိ လုံခြုံရေးဝန်ထမ်းများသည် ဧရာမမြွေကြီး၏ အချိန်တိုအတွင်း မရေမတွက်နိုင်သော ဧရာမသားရဲများကို မျိုချနေသည်ကို ထိတ်လန့်တကြား ကြည့်နေခဲ့ကြသည်။

ထိတ်လန့်စရာအကောင်းဆုံးအချက်မှာ အသားတန်ချိန်များရှိသော ခန္ဓာကိုယ်များကို စားသောက်လိုက်သော်လည်း ဧရာမမြွေကြီး၏ ခန္ဓာကိုယ်ဟာ မပြောင်းလဲသွားခြင်း ဖြစ်သည်။

"..."

"ဧရာမမြွေကြီးရဲ့ ဝမ်းဗိုက်က တွင်းနက်ကြီးလား..."

ရိုးနံရံပေါ်ရှိ လုံခြုံရေးအရာရှိက ထိတ်လန့်တကြား ပြောလိုက်သည်။

ဧရာမမြွေကြီးသည် ဧရာမသားရဲခန္ဓာကိုယ် ရာချီ၍ မျိုချပြီးသွားသော်လည်း ရပ်တန့်မည့် အရိပ်အယောင်မရှိဘဲ ဆက်လက်စားသောက်နေသည်။

ဖန့်ရန်သည် ယခုအချိန်၌ သန့်ရှင်းရေးသမားတစ်ယောက်နှင့်တူပြီး စစ်မြေပြင်ကို ရှင်းလင်းသန့်စင်ပေးနေသည်။ သူသည် စစ်မြေပြင်ရှိ သားရဲခန္ဓာကိုယ်များစွာကို စားသောက်နေ၏။

သူ၏ သားရဲတွေကို စားသောက်ခြင်း အမြန်နှုန်းသည် အံ့မခန်းပင် ဖြစ်ကာ သူ၏ စနစ်အမှတ်များသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာနေသည်။

နှစ်သန်း... သုံးသန်း... လေးသန်း... ဆယ်သန်း...

သူသည် ပျော်ရွှင်စွာ စားသောက်နေသည်။ တစ်ချက်တစ်ချက်တွင် အထူးကျည်ဆံအချို့က သူ့အပေါ်သို့ ကျရောက်လာသော်လည်း သူသည် ၎င်းအား ဂရုမစိုက်ဘဲ ဆက်လက်စားသောက်နေသည်။

အထူးကျည်ဆံသည် သန္ဓေပြောင်း သားရဲများအတွက် အထူးပြင်ဆင်ထားခြင်းဖြစ်ကာ ငါးလက်မ အထူရှိသော သံမဏိပြားကိုပင် အလွယ်တကူ ထိုးဖောက်နိုင်သော်လည်း ဖန့်ရန်၏ အကြေးခွံတွင် ခြစ်ရာပင် မထင်စေခဲ့ပေ။

စခန်းအုပ်ရိုးနံရံပေါ်ရှိ လုံခြုံရေးဝန်ထမ်းများသည် ထိတ်လန့်မှုကြောင့် ဆွံအသွားခဲ့ရသော်လည်း များမကြာမီ ၎င်းက ထုံကျင်ခြင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သူတို့သည် ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲတွေအပေါ် ပြန်လည်အာရုံစိုက်ခဲ့ကြပြီး ဧရာမမြွေကြီးကို လျစ်လျူရှုလိုက်ကြသည်။

သို့သော် အရူးသဖွယ် တိုက်ခိုက်နေကြသော ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများသည် ရုတ်တရက် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြကာ တစ်စက္ကန့်မျှ ငြမ်သက်ပြီးနောက် ၎င်းတို့သည် ပြန်လည်ဆုတ်ခွာသွားကြသည်။

သားရဲတွေ၏ ခန္ဓာကိုယ်တွေကို စားသောက်နေခဲ့သော ဧရာမမြွေကြီးသည် ရုတ်တရက် သူ၏ ဦးခေါင်းကို မြှောက်ကာ စခန်း အနောက်ကို ကြည့်လိုက်သည်။

ရိုးနံရံပေါ်ရှိ လုံခြုံရေးဝန်ထမ်းများသည် ပစ်ခတ်ခြင်းအမှုအား ရပ်တန့်လိုက်ကြကာ စခန်းအနောက်ဘက်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။ ထိုအခါ ၎င်းတို့သည် ဧရာမမိခင်သင်္ဘောသုံးစီးသည် စခန်း၏ အနောက်ဘက်ရှိ ကျယ်ပြန့်သော မြေပြင်သို့ တဖြည်းဖြည်း ဆင်းသက်စပြုနေသည်ကို တွေ့လိုက်ရသည်။

ဤမြင်ကွင်းသည် လုံခြုံရေးဝန်ထမ်းတွေကို စိတ်လှုပ်ရှားစွာ အော်ဟစ်မိစေခဲ့၏။ ၎င်းတို့သည် ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲတွေ ဆုတ်ခွာသွားကြခြင်းက ဧရာမမိခင်သင်္ဘောသုံးစီးကြောင့် ဖြစ်ရမည်ဟု တွေးလိုက်ကြသည်။

သားရဲများသည် လူသားနည်းပညာဖြင့် တီထွင်ဖန်တီးထားသော ၎င်း၏ အရွယ်အစားနှင့် စွမ်းအားကို ကြောက်ရွံ့ပြီး ဆုတ်ခွာသွားကြခြင်း ဖြစ်ရပေမည်။

"ဟေး..."

"နိုင်ပြီကွ"

ရိုးနံရံပေါ်ရှိ လုံခြုံရေးဝန်ထမ်းများသည် ၎င်းတို့၏ သေနတ်များကို ပစ်ချလိုက်ကာ ပျော်ရွှင်စွာ ကခုန်ရင်း တေးသီချင်းများ သီဆိုလိုက်ကြသည်။

၎င်းတို့သာမက စခန်းအတွင်းရှိ အသက်ရှင်ကျန်ရစ်သူများပင် အော်ဟစ်အားပေးခဲ့ကြသည်။

"မိုက်မဲလိုက်တာ..."

သေနတ်တွေကို ပစ်ချပြီး ပျော်ရွှင်စွာ ကခုန်နေကြသော လုံခြုံရေးဝန်ထမ်းတွေကြည့်ကာ ဖန့်ရန်သည် ကူကယ်ရာမဲ့စွာ ခေါင်းခါမိလိုက်သည်။

ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ သူသည် မိခင်သင်္ဘောသုံးစီးကို ပထမဆုံး အကြိမ်မြင်လိုက်ရချိန်မှာပင် အခြားတစ်ခုကို ထက်မြင်ခဲ့ရသည်။ ၎င်းသည် ထိုစဉ်က မိခင်သင်္ဘောသုံးစီး ပျံသန်းနေသော အမြင့်ထက် ပို၍ မြင့်သော နေရာတွင် ရှိနေခဲ့၏။

ရုတ်တရက် အသံအတားအဆီးကို ထိုးဖောက်ကာ အသံတစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး လုံခြုံရေးဝန်ထမ်းတွေ၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေခဲ့သည်။

.....

All Chapters