စစ်ပွဲစတင်ခြင်း
Vol. 19 Ch. 246
ဖန့်ရန်သည် ဂြိုလ်သားကျူးကျော်မှုကို လူသားများကဲ့သို့ ကြောက်ရွံ့ခြင်း မရှိပေ။ သူသည် ထိုအစား ၎င်းကြောင့် အနည်းငယ် ပျော်ရွှင်နေသည်ဟုပင် ဆိုနိုင်၏။
သူသည် ၎င်းတို့၏ ပစ်မှတ်ထားခြင်းကို ခံရမည်ဆိုလျှင်ပင် ၎င်းတို့၏ သူ့အား တိုက်ခိုက်လာမည့် ထိုနေ့ရက်ကို စောင့်ဆိုင်းနေမည် ဖြစ်သည်။ ထိုအခါ ထိုနေ့သည် သူ့အတွက် စားပွဲကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
ကြယ်ပင်လယ်အတွင်း ဝင်ရောက်နိုင်ရန် မျှော်လင့်နေသူ သူ့အဖို့ လျင်မြန်စွာ ဆင့်ကဲဖြစ်စဉ်စတင်နိုင်မည့် အရာထက် သူ့အား ဆွဲဆောင်နိုင်သည့် အရာမရှိပေ။
သူသည် လူသားကမ္ဘာကို လွှမ်းမိုးချုပ်ကိုင်ရန်အတွက် စိတ်ဝင်စားခြင်း မရှိပေ။ သူ၏ ပန်းတိုင်သည် အလွန်ရိုးရှင်းပြီး လုံလောက်သော အဆင့်တစ်ခုသို့ ရောက်သည်နှင့် ဤဂြိုလ်က ထွက်သွားဖို့ပင် ဖြစ်သည်။
ဤဂြိုလ်က ထွက်ခွာရန် နည်းလမ်းနှစ်ခု ရှိသည်။ ပထမတစ်ခုက များစွာသော သားရဲများကို စားသောက်ကာ ဤဂြိုလ်က ထွက်ခွာနိုင်သည့် အဆင့်တစ်ခုအထိ စောင့်ဆိုင်းဖို့ပင် ဖြစ်သည်။ သို့သော် ၎င်းက အချိန်များစွာ ယူရမည် ဖြစ်သည်။
ဒုတိယနည်းလမ်းကတော့ ဂြိုလ်သားများကို လာခဲ့သော နေရာဆီသို့ လိုက်သွားကာ ဤဂြိုလ်ကနေ ထွက်ခွာဖို့ပင် ဖြစ်သည်။
သူ၏ ဂြိုလ်သားများ၏ မိခင်ဂြိုလ်ကို တွေးတောမိရခြင်းက ထိုနေရာတွင် ဧရာမသားရဲများစွာ ရှိနေနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ သူသာ ၎င်းနေရာသို့ သွားနိုင်ခဲ့မည်ဆိုလျှင် သားကောင်ရှားပါးမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
သို့သော် သူ့အား စိုးရိမ်ပူပန်စေသည့် အရာတစ်ခုရှိနေပြီး သူက ထိုနေရာတွင် တစ်ပါးသူ၏ သားကောင် ဖြစ်နေမည်လား သူကပင် မုဆိုး ဖြစ်နေမည်လား ဆိုတာပင်။ သူသည် ဤအပြာရောင်ဂြိုလ်တွင် ပေါ်လာသော ဂြိုလ်သားများနှင့် ကိုင်းဂျူး သားရဲများက ၎င်းတို့၏ မိခင်ဂြိုလ်တွင် အာဏာရှင်တွေလား အခြေခံအတန်းစားတွေဆိုတာလား မသေချာပေ။
အတွေးများစွာဖြင့် ဖန့်ရန်သည် ဒိုင်နိုဆောကျွန်းကနေ ထွက်ခွာခဲ့သည်။ သူ့တွင် ထိုစခန်းရှိ အသက်ရှင်ကျန်ရစ်သူများအတွက် ကလေးထိန်းလုပ်ပေးရန် အစီအစဉ်မရှိပေ၊ သူသည် ၎င်းတို့ကို အကူအညီ လုံလောက်စွာ ပေးခဲ့ပြီ ဖြစ်သည်။
ပင်လယ်ပြင်ထဲသို့ ရောက်လာချိန်တွင် ဖန့်ရန်သည် အနည်းငယ် စိတ်ရှုပ်ထွေးခဲ့ပေသည်။ သူသည် ဘယ်နေရာကို သွားသင့်သလဲဟု တွေးကာ နောက်ဆုံးတွင် ဟွာရှသို့ သွားရန် ဆုံးဖြတ်ခဲ့၏။
ဟွာရှသို့ သွားရာခရီးလမ်း တစ်လျှောက်တွင် သူသည် ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်း သားရဲအများအပြားကို ကြုံတွေ့ခဲ့ရ၏။ သူသည် ဆက်လက်သွားနေသည်နှင့်အမျှ ၎င်းတို့၏ အရေအတွက်သည် တဖြည်းဖြည်း ပိုမိုများပြားလာခဲ့သည်။
ဖန့်ရန်သည် လမ်းတစ်လျှောက် သားရဲများအား ပျော်ရွှင်စွာ စားသောက်ခဲ့သည်။ သူသည် ဤကဲ့သို့ ပျော်ရွှင်မှုကို မခံစားခဲ့ရသည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်သည်။
"ဧရာမလိပ်သာ အခုနေ... အနားမှာရှိနေရင် ကောင်းမယ်"
ဖန့်ရန်က ရေရွတ်မိသည်။ အကယ်၍ ဧရာမလိပ်ကြီးသာ သူ့အနားမှာရှိနေခဲ့ရင် သူ၏ အမဲလိုက်ခြင်းက ပိုမိုအဆင်ပြေချောမွေ့ခဲ့မည် ဖြစ်သည်။
ဖန့်ရန်သည် ဟွာရှသို့ သွားရာလမ်းတစ်လျှောက်တွင် သားရဲများအား အမဲလိုက်နေစဉ် လူသားကမ္ဘာသည် Nubra ကျွန်းတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကြောင့် ထိတ်လန့်စပြုလာကြသည်။
ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်း သားရဲများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ကိုင်းဂျူး သားရဲများလည်း ပြန်လည်ထွက်ပေါ်လာပြီး အလွန်အစွမ်းထက်သော ကိုင်းဂျူး သားရဲအသစ်များလည်း ပါဝင်လာခဲ့သည်။
"လူသားမျိုးနွယ်သည် စိန်ခေါ်မှုအသစ်တစ်ခုနှင့် သံသယဖြစ်ဖွယ်မရှိ ရင်ဆိုင်နေရပြီ ဖြစ်သည်..."
မီဒီယာ ပလက်ဖောင်းအမျိုးမျိုးတွင် ခေါင်းစီးသတင်းများစွာ ရှိနေပြီး လွန်ခဲ့သော နှစ်အနည်းငယ်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သော တင်းမာမှုနှင့် ကြောက်ရွံ့မှုသည် အင်တာနက်ပေါ်တွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။
Nubra ကျွန်းအား တိုက်ခိုက်နေသော ရှေးဟောင်း သားရဲ၊ သန္ဓေပြောင်း သားရဲ၊ နဂါးအသွင် ကိုင်းဂျူး သားရဲနှင့် ဂြိုလ်သားများ၏ ဓာတ်ပုံများသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့နေကာ ကမ္ဘာ့နေရာအနှံ့အပြားရှိ လူတိုင်းသည် ထိတ်လန့်နေရ၏။
အထူးသဖြင့် ကမ်းရိုးတန်းဒေသတွင် နေထိုင်ကြသူများက ပိုဆိုး၏။ ၎င်းတို့သည် အတွင်းပိုင်းဒေသသို့ အသည်းအသန် ထွက်ပြေးကြသည်။
မကြာသေးမီက အသစ်ပြန်လည်တည်ထောင်ခဲ့သော ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဇုန်သည် စွန့်ပစ်မြေ ဖြစ်လာသည်။
လူ့အဖွဲ့အစည်းတစ်ခုလုံးသည် အလွန်အမင် စိုးရိမ်ပူပန်နေကြပြီး နိုင်ငံအသီးသီး၏ အစိုးရများသည် ၎င်းဖြစ်ရပ်အား ထိန်းချုပ်နိုင်ရေးအတွက် ဝတ်ဘ်ဆိုက် အမျိုးမျိုးမှ ၎င်းနှင့် သက်ဆိုင်သော သတင်းများကို ဖျက်ပစ်ရန်အတွက် ကြိုးစားအားထုတ်ခဲ့ကြသည်။
ရှေးဟောင်း သားရဲ၊ သန္ဓေပြောင်း သားရဲနှင့် ကိုင်းဂျူး သားရဲများသည် လူသားမြို့များကို တစ်ဖန်ပြန်လည် တိုက်ခိုက်လာခဲ့သည်။
၎င်းတို့၏ ပထမဆုံးအကြိမ် ပြန်လည်ကာ စတင်တိုက်ခိုက်ခံရသော နိုင်ငံသည် အမေရိကန်ဖြစ်ကာ ၎င်း၏ ကမ်းရိုးတန်းမြို့တစ်မြို့က တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
၎င်းမြို့သည် Nubra ကျွန်းတွင် ဖန့်ရန်အား တိုက်ခိုက်ခဲ့သော နဂါးအသွင် ကိုင်းဂျူး သားရဲနှင့် အလွန်ဆင်တူသည့် ကပ်ဆိုး စကားဝှက်အမည်ရှိ ကိုင်းဂျူး သားရဲ တစ်ကောင်၏ တိုက်ခိုက်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
အမေရိကန်၏ ခန့်မှန်းချက်အရ ထိုကိုင်းဂျူး သားရဲသည် အဆင့် (၅) ကိုင်းဂျူး သားရဲ၏ အဆင့်ထက် ကျော်လွန်နေသည်။ ပညာရှင်များသည် ပြင်းထန်စွာ ဆွေးနွေးပြီးနောက် ၎င်းသားရဲအား အဆင့် (၆) ကိုင်းဂျူး သားရဲအဖြစ် သတ်မှတ်ခဲ့သည်။
၎င်းတို့သည် Nubra ကျွန်းတွင် ပေါ်လာသော ကိုင်းဂျူး သားရဲနှင့် ကပ်ဆိုး စကားဝှက်အမည်ရှိ ကိုင်းဂျူး သားရဲတို့၏ ဓာတ်ပုံများကို နှိုင်းယှဉ်ကြည့်ပြီးနောက် ၎င်းတို့နှစ်ကောင်ကြားတွင် သိမ်မွေ့သော ကွဲပြားမှုများ ရှိသည်ကို တွေ့ခဲ့ရသည်။
ထိုကြောင့် ၎င်းသားရဲနှစ်ကောင်သည် တူညီသော သားရဲများ မဟုတ်ကြပေ။ သို့သော်လည်း ၎င်းတို့သည် Nubra ကျွန်းတွင် ပေါ်လာသော နဂါးအသွင် ကိုင်းဂျူး သားရဲကိုလည်း အဆင့် (၆) ကိုင်းဂျူး သားရဲ အဖြစ် သတ်မှတ်ခဲ့ကာ အိမ်မက်ဆိုး စကားဝှက်အမည် ပေးခဲ့သည်။
အမေရိကန်နိုင်ငံ၏ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် Halibut သည် ကိုင်းဂျူး သားရဲ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။
အဆင့် (၆) ကိုင်းဂျူး သားရဲ ကပ်ဆိုးသည် Halibut မြို့အား အပျက်အစီးများအဖြစ် ပြောင်းလဲပစ်ခဲ့ပြီး ၎င်းမြို့နားရှိ မြို့ဒါဇင်ခန့်ကိုပင် ဖျက်ဆီးပစ်ခဲ့၏။
အဆင့် (၆) ကိုင်းဂျူး သားရဲ ကပ်ဆိုးသည် လျှပ်စစ်သံလိုက်လှိုင်းများ ထုတ်လွှင့်ပြီး ၎င်းလွှမ်းခြုံနိုင်သော အကွာအဝေးသည် အလွန်ကျယ်ပြန့်၏။ ၎င်းသည် ဆယ်ကီလိုမီတာကျော်ကို လွှမ်းခြုံနိုင်ကာ ၎င်းအတွင်း ဝင်ရောက်သွားသော ပဲ့ထိန်းဒုံးကျည်များသည် ကပ်ဆိုးအနား မရောက်ခင်မှာပင် ကြိုတင်ပေါက်ကွဲသွားမည် ဖြစ်သည်။
အသစ်တီထွင်ထားသော လေဆာလက်နက်များပင် ၎င်းအား မထိခိုက်စေနိုင်ပေ။ လျှပ်စစ်သံလိုက်လှိုင်းလွှမ်းခြုံနိုင်သော အကွာအဝေးသည် ကျယ်ပြန့်သလို ၎င်း၏ အလျင်နှုန်းသည် မက်ခ်လေးအထိ ရှိသည်။ (အသံ၏ အလျင် ၄ ဆ)
အချို့သော လက်နက်များသည် လျှပ်စစ်သံလိုက်လှိုင်းကြောင့် မထိခိုက်လျှင်ပင် ကပ်ဆိုးသည် ၎င်း၏ အမြန်နှုန်းနှင့် အံ့သြသင့်ဖွယ်ကောင်းသော သွက်လက်မှုကို အားကိုးကာ ထိုလက်နက်များကို ရှောင်တိမ်းနိုင်သည်။
ဤကဲ့သို့ ဉာဏ်ရည်ရှိသော သားရဲများနှင့် ရင်ဆိုင်ခြင်းက အပြာရောင်ဂြိုလ်၏ ဒေသခံ လူသားများအတွက် ခက်ခဲလွန်းသည်။
အမေရိကန်၏ ပုံတူပွားထားသော ကိုင်းဂျူး သားရဲများသည် အဆင့် (၆) ကိုင်းဂျူး သားရဲ၏ ရှေ့မှောက်တွင် အသုံးမဝင်ပေ။ ၎င်းတို့သည် မပျံသန်းနိုင်သည့်အပြင် ၎င်းတို့ထဲက အစွမ်းအထက်ဆုံး ကိုင်းဂျူး သားရဲပင် အဆင့် (၅) သာ ရှိသောကြောင့် ၎င်းတို့အား နဂါးအသွင် ကိုင်းဂျူး သားရဲနှင့် ရင်ဆိုင်ရန် စေလွှတ်ခြင်းသည် စားသောက်ဖွယ်ရာ ပို့ပေးခြင်းသာ ဖြစ်သည်။ (ဒီကိုင်းဂျူး သားရဲတွေက ပုံစံတူတွေပါ အနည်းငယ်သာ ကွဲပြားနေတာ)
သို့သော်လည်း နောက်ဆုံးတွင် အဆင့် (၆) ကိုင်းဂျူး သားရဲ ကပ်ဆိုးသည် အမေရိကန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အမေရိကန်သည် ၎င်းကို သတ်ဖြတ်နိုင်ရန်အတွက် မရေမတွက်နိုင်သော ပဲ့ထိန်းဒုံးကျည်များနှင့် နောက်ဆုံးပေါ် မိခင်သင်္ဘောများ အပါအဝင် လက်နက်အသစ်များစွာကို အသုံးပြုခဲ့ရကာ အလွန်ကြီးမားသော တန်ဖိုးတစ်ခုအထိကို ပေးဆပ်ခဲ့ရသည်။
အမေရိကန်တို့သည် အဆင့် (၆) ကိုင်းဂျူး သားရဲ၏ မျိုးရိုးဗီဇကို ခွဲခြမ်းစိတ်ဖြာကာ သုတေသနပြုခဲ့ကြသည်။ ၎င်းတို့သည် အဆင့် (၆) ကိုင်းဂျူး သားရဲ၏ အားနည်းချက်ကို ရှာဖွေပြီးနောက် ၎င်းကို ကိုင်တွယ်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည် ဖြစ်သည်။
ထို့အပြင် ၎င်းတို့တွင် အဆင့် (၆) ကိုင်းဂျူး သားရဲအား ပုံတူပွားကာ ဖန်တီးနိုင်ရန်အတွက် ရည်မှန်းချက်များ ရှိသည်ဟု ဆိုနိုင်သည်။ အကယ်၍ ၎င်းသာ အောင်မြင်ခဲ့မည်ဆိုလျှင် အနာဂတ်အတွက် ကြောက်မက်ဖွယ်ရာကောင်းသော လက်နက်အသစ်တစ်မျိုးကို ရရှိမည် ဖြစ်သည်။
...
အမေရိကန်၏ ကပ်ဆိုး စကားဝှက်အမည်ရှိ ကိုင်းဂျူး သားရဲ၏ တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် အခြားနိုင်ငံများသည်လည်း ကိုင်းဂျူး သားရဲများ၏ တိုက်ခိုက်ခြင်းခံခဲ့ရပြီး ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။
မရေမတွက်နိုင်သော ပစ္စည်းဥစ္စာများသည် ဖျက်ဆီးခံခဲ့ရပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။
သို့သော်လည်း ယခုထိတိုင် Nubra ကျွန်းတွင် ပေါ်လာခဲ့သော ဂြိုလ်သားများသည် လူသားများအား တိုက်ခိုက်လာခြင်း မရှိသေးပေ။
အဆင့် (၆) ကိုင်းဂျူး သားရဲသည် အလွန်နည်းပါး၏။ အဆင့် (၅) ကိုင်းဂျူး သားရဲသည် ၎င်းတို့ထဲ၌ ဒုတိယလိုက်၏။
လက်ရှိအချိန်အထိ အဆင့် (၆) ကိုင်းဂျူး သားရဲဟူ၍ ကပ်ဆိုး၊ အိမ်မက်ဆိုးနှင့် အာရှကို တိုက်ခိုက်ခဲ့သော ကမ္ဘာပျက်တို့သာ ရှိသေးသည်။ အခြားနိုင်ငံများကို တိုက်ခိုက်ခဲ့သော ကိုင်းဂျူး သားရဲများသည် အဆင့် (၃)၊ အဆင့် (၄) ဖြစ်သည်။
အမေရိကန်က ဤသို့ရှားပါးသော အဆင့်မြင့် ကိုင်းဂျူး သားရဲတွေထဲကမှ ကံဆိုးစွာဖြင့် အဆင့် (၆) ကိုင်းဂျူး သားရဲနှစ်ကောင်၏ တိုက်ခိုက်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
ပထမဆုံး ပေါ်လာသော အဆင့် (၆) ကိုင်းဂျူး သားရဲကို ဧရာမမြွေကြီး၏ ကောင်းမှုဖြင့် တွန်းလှန်နိုင်ခဲ့သော်လည်း၊ အခြားအဆင့် (၆) ကိုင်းဂျူး သားရဲကြောင့် မြို့တစ်မြို့သည် လုံးဝပျက်ဆီးသွားခဲ့ပြီး မြို့တစ်ဒါဇင်ခန့်သည် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့ရသည်။
လေးနှစ်ကျော်ကြာ ငြိမ်းချမ်းနေခဲ့သော လူသားကမ္ဘာသည် စစ်ပွဲများဖြင့် တစ်ဖန်ပြည့်လျှံရတော့မည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် လူသားယဉ်ကျေးမှုသည် ယခင်ခေတ်ကလို မဟုတ်တော့ပေ။ ယခုခေတ်သည် ယခင်ခေတ်ကလို နူကလီးယား လက်နက်များ အသုံးပြုမှသာ အဆင့် (၅) ကိုင်းဂျူး သားရဲကို သတ်ဖြတ်နိုင်သည့် ခေတ်မဟုတ်တော့ပေ။
လက်နက်အသစ်များနှင့် နည်းဗျူဟာများစွာကို တီထွင်နိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းတို့ဖြင့် အဆင့် (၅) ကိုင်းဂျူး သားရဲကို သတ်ဖြတ်ရန် မခက်ခဲတော့ပေ။ သို့သော် ပြဿနာက အဆင့် (၆) ကိုင်းဂျူး သားရဲ ဖြစ်သည်။
မှန်ပေသည်။ ကိုင်းဂျူး သားရဲအများစုကို အလွယ်တကူ ကိုင်တွယ်နိုင်သည်က နိုင်ငံကြီးများသာ ဖြစ်သည်။
အာဖရိကတိုက်ရှိ နိုင်ငံငယ်များသည်တော့ ကွဲပြား၏။ ၎င်းတို့သည် အဆင့်အလွန်နိမ့်ပါးသော ကိုင်းဂျူး သားရဲများကိုပင် ကိုင်တွယ်ဖြေရှင်းရန် ခဲယဉ်းသောကြောင့် အဆင့် (၄)၊ အဆင့် (၅) ကိုင်းဂျူး သားရဲများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တွင် ထွက်ပြေးဖို့သာ တတ်နိုင်သည်။
ဤတစ်ကြိမ် ပြန်လည်ထွက်ပေါ်လာသော ကိုင်းဂျူး သားရဲ အရေအတွက်သည် အလွန်များပြား၏။ ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်း သားရဲများ ပြန်လည်ထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာတွင် ကိုင်းဂျူး သားရဲ (၁၇) ကောင်သည် တောင်အာဖရိကသို့ တိုက်ခိုက်လာခဲ့သည်။
ကိုင်းဂျူး သားရဲများ၏ အနောက်တွင် ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်း သားရဲများဖြင့် ဖွဲ့စည်းထားသော သားရဲစစ်တပ်တစ်ခု လိုက်ပါလာသည်။
၎င်းတို့ထဲတွင် ပင့်ကူသားရဲ အရေအတွက်က အများဆုံး ဖြစ်သည်။ ၎င်းတို့သည် ပင်လယ်ထဲက ထွက်လာကာ ကုန်းမြေဆီသို့ တစ်ကောင်ပြီး တစ်ကောင် တတ်လာခဲ့ကြသည်။
၎င်းပင့်ကူသားရဲ အရေအတွက်သည် အလွန်များပြားသောကြောင့် အပေါ်စီးမှ ကြည့်လိုက်မည်ဆိုလျှင် ကီလိုမီတာပေါင်း မြောက်များစွာကို နေရာယူထားသော အဖြူရောင် ပင်လယ်ကြီးကိုသာ မျက်စိတဆုံး မြင်တွေ့ရမည် ဖြစ်သည်။
အဖြူရောင် ပင့်ကူသားရဲ အရေအတွက်သည် တစ်သန်းကျော်ရှိကာ ၎င်းတို့၏ လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် အာဖရိကတိုက်ကို သိမ်းပိုက်ရန်အတွက် ရည်ရွယ်ထားပုံပေါ်သည်။
အာဖရိကတိုက်ရှိ လူသားများသည် သားရဲစစ်တပ်နှင့် ကြုံတွေ့ရချိန်တွင် လုံးဝမျှော်လင့်ချက်ကင်းမဲ့ခဲ့ရသည်။
မီတာ (၁၀၀) ကျော် အမြင့်ရှိသည့် ကိုင်းဂျူး သားရဲ (၁၄) ကောင်နှင့် မီတာ (၂၀၀) ကျော် အမြင့်ရှိသည့် အဆင့် (၅) ကိုင်းဂျူး သားရဲသုံးကောင်သည် သားရဲစစ်တပ်ကို ဦးဆောင်လာခဲ့သည်။
၎င်းတို့၏ အနောက်တွင် အဆုံးမဲ့သလိုထင်ရလောက်အောင် များပြားလှသော ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်း သားရဲများဖြင့် ဖွဲ့စည်းထားသော သားရဲစစ်တပ်တစ်ခုက လိုက်ပါလာလျက် ရှိသည်။ အသေးဆုံး သားရဲသည် မီတာအနည်းငယ် ရှည်ကာ အကြီးဆုံး သားရဲသည် မီတာ (၁၀၀) နီးပါး ရှိသည်။ ၎င်းတို့ထဲတွင် ဧရာမမိကျောင်း၊ ဧရာမစပါးအုံးမြွေ၊ ဧရာမဖား၊ ဧရာမလင်းနို့နှင့် အခြားသော သားရဲများစွာ ပါရှိသည်။
"ဘုရားရေ..."
လူသားစစ်တပ်၏ ဗိုလ်ကြီးကိုင်ထားသော မှန်ဘီလူးသည် သူ၏ လက်ကလွတ်ကာ ကြမ်းပြင်ပေါ်သို့ ကျသွားသည်။
"ဟားဟားဟား... အို ဘုရားသခင်... ဒါက ကျွန်တော်မျိုးတို့ကို ပေးတဲ့ ခင်ဗျားရဲ့ အပြစ်ဒဏ်လား... ဒီကပ်ဘေးကို ကျွန်တော်မျိုးတို့ ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ..."
စစ်တပ်ဗိုလ်ကြီးသည် ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသည်။
(၁၀) မီတာ အမြင့်ရှိသည့် ကျောက်နံရံသည် ကီလိုမီတာများစွာ ကျယ်ပြောသော သားရဲစစ်တပ်၏ ရှေ့မှောက်တွင် အလှဆင်တန်ဆာမျှသာ ဖြစ်သည်။
သူ၏ အနောက်ရှိ စစ်သား တစ်သောင်းပါဝင်သော စစ်တပ်သည် သားရဲစစ်တပ်၏ ရှေ့မှောက်တွင် တစ်မိနစ်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဗိုလ်ကြီး၏ မျက်နှာတွင် မျှော်လင့်ချက်ကင်းမဲ့များ ပြည့်နှက်နေသည်။ သူသည် အချည်းနှီးထွက်ပြေးရန်အတွက် ကြိုးစားခြင်း မပြုဘဲ ကျယ်လောင်စွာဖြင့် ရယ်မောနေခဲ့၏။
"ဟားဟားဟား..."
"အား... ကယ်ကြပါ... ကယ်ကြပါ..."
"ငါ မသေချင်သေးဘူး..."
မိနစ်အနည်းငယ်အတွင်း လူသားစစ်တပ်နှင့် လျင်မြန်စွာ ချည်းကပ်လာသော သားရဲစစ်တပ်တို့ ထိတ်တိုက်တွေ့ခဲ့ကြသည်။ ဤအတောအတွင်း ကျန်ရှိနေသည်က မျှော်လင့်ချက်ကင်းမဲ့နေသော အော်ဟစ်သံနှင့် ဗိုလ်ကြီး၏ ရူးသွတ်နေသော ရယ်မောသံသာ ဖြစ်သည်။
တစ်မိနစ်ခန့်ကြာပြီးနောက် အသံအားလုံး ပျောက်ကွယ်သွားသည်။
...
အာဖရိကတိုက်၏ မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေနှင့် ဆန့်ကျင်ဘက်အနေဖြင့် ဟွာရှတွင်တော့ ကိုင်းဂျူး သားရဲနှင့် သန္ဓေပြောင်း သားရဲများ၏ တိုက်ခိုက်မှုကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနေခဲ့သည်။
ဟွာရှသည် အာဖရိတိုက်ကဲ့သို့ သားရဲစစ်တပ်၏ တိုက်ခိုက်ခြင်းခံရတာ မရှိဘဲ ကိုင်းဂျူး သားရဲနှင့် သန္ဓေပြောင်း သားရဲ၊ ရှေးဟောင်း သားရဲအနည်းငယ်၏ တိုက်ခိုက်ခြင်းသာ ခံခဲ့ရသည်။ ၎င်းတို့ထဲတွင် အဆင့် (၅) ကိုင်းဂျူး သားရဲသည် အလွန်ရှားပါး၏။
ထို့အပြင် ဟွာရှ၌ ကမ်းရိုးတန်းတွင် အခြေစိုက်ထားသော စစ်တပ်စခန်းများလည်း ရှိသည်။ ၎င်းတို့သည် ငြမ်းချမ်းသော နှစ်များကို အလဟာသက် ဖြုန်းတီးခြင်း မပြုခဲ့ပေ။ ၎င်းတို့သည် သည်နေ့လို ဖြစ်လာမည်ကို သိသောကြောင့် ကမ်းရိုးတန်းဒေသတွင် စစ်တပ်စခန်းများစွာကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဟွာရှ၏ ထိတ်တန်းခေါင်းဆောင်များသည် ၎င်းတို့၏ ကမ်းရိုးတန်းဒေသများအပေါ် အာရုံစိုက်နေစဉ်တွင် ပြည်တွင်းမြို့တစ်မြို့ဖြစ်သော ရှိချန်တွင် ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ထိုညက ရှိချန်သည် အတော်လေး စည်ကားနေပြီး လူများက လမ်းများပေါ်တွင် လှည့်လည်သွားလာနေကြသည်။ ချစ်သူစုံတွဲများသည် တစ်ယောက်နှင့် တစ်ယောက် ပွေ့ဖက်ကာ လမ်းလျှောက်နေကြသည်။
လမ်းဘေးဈေးသည်များသည် ၎င်းတို့၏ ထုတ်ကုန်များကို ရောင်းချနိုင်ရန်အတွက် အော်ဟစ် ကြော်ငြာနေကြသည်။
ဤအချိန်မှာပင် လူစည်ကားသောမြို့၏ အလယ်၌ အဖြူရောင်အလင်းတစ်ခုသည် ကောင်းကင်ယံက ရုတ်တရက် ပေါ်လာခဲ့သည်။
ပထမတော့ လူတိုင်းက ၎င်းအား သတိမထားမိခဲ့ကြပေ။ သို့သော် လမ်းမပေါ်မှ လူတစ်ယောက်က ကောင်းကင်ယံရှိ ထိုအဖြူရောင်အလင်းကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ချိန်တွင်တော့ အားလုံးက သတိပြုမိလိုက်ကြသည်။
"UFO"
လူတိုင်းသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် အံ့အားသင့်နေသော အမူအရာက ရှိနေသည်။
ထူးဆန်းသည့် အချက်က ကောင်းကင်ယံရှိ ထိုအဖြူရောင်အလင်းသည် မည်သည့်ရှုပ်ထွေးမှုကိုမှ မဖြစ်စေခဲ့ခြင်းပင်။
အဖြူရောင်အလင်းသည် မြေပြင်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့၏။ စက္ကန့်အနည်းငယ် အတွင်းမှာပင် လူတိုင်းသည် ထိုအဖြူရောင်အလင်းထဲရှိ အရာကို မြင်နိုင်ခဲ့ကြသည်။
ထိုအခါမှသာ လူတိုင်းသည် ၎င်းက UFO မဟုတ်ဘဲ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော အဆင့် (၆) ကိုင်းဂျူး သားရဲ ဖြစ်သည်ကို သိခဲ့ရသည်။
"ကိုင်းဂျူး သားရဲ..."
"ကိုင်းဂျူး သားရဲ..."
လူစည်ကားသော အရပ်ဖြစ်သောကြောင့် ၎င်းအား စောင့်ကြည့်နေခဲ့ချိန်တွင် လူတိုင်းသည် လူအုပ်ကြီး အဖြစ်သို့ စုဝေးမှန်း မသိစုဝေးမိခဲ့ကြသည်။ ထိုကြောင့်ပင် လူအများ စတင်ထွက်ပြေးခဲ့သည့်အခါတွင် အခြေအနေက ပရမ်းပတာ ဖြစ်နေခဲ့၏။
ရုတ်တရက် ထူးဆန်းသော သတ္တဝါတစ်ကောင်သည် နဂါးအသွင် ကိုင်းဂျူး သားရဲ၏ ကျောပေါ်မှ ပထမဦးစွာ ခုန်ဆင်းလာခဲ့သည်။ ၎င်းသည် ရောင်ပြန်နေသော အနက်ရောင် အသားအရေ၊ ကြွက်သားများဖြင့် ပြည့်နေသော ခန္ဓာကိုယ်၊ မှင်ကဲ့သော ကျောက်မျက်မျက်လုံးနှင့် ချွန်ထက်သော သွားများအား ပိုင်ဆိုင်ထားသည်။
ဂြိုလ်သားများသည် မြေပြင်ပေါ်သို့ ဆင်းသက်လာပြီးနောက် ၎င်းတို့သည် အသည်းအသန် ပြေးလွှားနေကြသော လူအုပ်ကြီးအား တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ၎င်းတို့သည် ၎င်းတို့၏ အနားက ပြေးထွက်သွားဖို့ ကြိုးစားနေကြသော လူတစ်ဒါဇင်ခန့်အား အလျင်အမြန် ဖမ်းလိုက်ပြီးနောက် နဂါးအသွင် ကိုင်းဂျူး သားရဲ၏ ကျောပေါ်သို့ ပြန်ခုန်တက်ခဲ့ကြသည်။
ထိုနောက် အဆင့် ၆ ကိုင်းဂျူး သားရဲသည် ၎င်း၏ အတောင်ပံများကို ခတ်ကာ ပျံသန်းသွားခဲ့သည်။
ဘာတွေဖြစ်နေတာလဲ...
ဂြိုလ်သားနှင့် ကိုင်းဂျူး သားရဲတို့သည် တိုက်ခိုက်ခြင်း မပြုဘဲ ပျံသန်းသွားသည်က ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းကို စိတ်ရှုပ်ထွေးစေခဲ့သည်။
၎င်းဂြိုလ်သား၏ လှုပ်ရှားမှုသည် အလွန်လျင်မြန်ပြီး တိတ်တဆိတ် ဖြစ်သောကြောင့် လူအများအပြားသည် ၎င်းတို့၏ လှုပ်ရှားမှုကို သတိမပြုမိခဲ့ကြပေ။
ဤအချိန်မှာပင် အမျိုးသမီးတစ်ယောက်က "ကျွန်မယောင်္ကျား" ဟု အော်ဟစ်မှသာ ပတ်ဝန်းကျင်ရှိ လူတိုင်းသည် သတိဝင်လာခဲ့၏။ ၎င်းတို့သည် ၎င်းတို့၏ အဖော်ကို အလျင်အမြန် ရှာဖွေခဲ့ကြသည်။
လူများစွာက ၎င်းတို့၏ အဖော်များကို ကျယ်လောင်စွာ အော်ခေါ်ခဲ့ကြသည်။ လူများစွာက ၎င်းတို့အဖော်၏ တုံ့ပြန်မှုရခဲ့သော်လည်း အချို့လူများသည်တော့ ထူးဆန်စွာ ပျောက်ကွယ်နေခဲ့၏။
၎င်းသည် ဟွာရှ၏ ရှိချန်တွင်သာမက အခြားမြို့များနှင့် အခြားနိုင်ငံများတွင်လည်း ထိုသို့သော မတော်တဆမှုများ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
ဖန့်ရန်သည် လူသားကမ္ဘာ၏ အပြောင်းအလဲများကို သတိမထားမိခဲ့ပေ။ သူသည် ယခုအချိန်၌ ဟွာလျန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
.....