ဧရာမမြွေကြီးအား ပစ်မှတ်ထားခြင်း
Vol. 19 Ch. 247
ကိုင်းဂျူး သားရဲများသည် နေ့စဥ်ရက်ဆက် ကမ်းရိုးတန်းမြို့များကို တိုက်ခိုက်နေ၏။ သို့သော် ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ ၎င်းတို့ထဲတွင် ရှေးဟောင်း သားရဲများ၊ သန္ဓေပြောင်း သားရဲများ၊ ကုန်နေရေနေ သားရဲများလည်း ပါဝင်လာသည်။
၎င်းတို့ထဲတွင် ပင့်ကူသားရဲ အရေအတွက်သည် ကြောက်မက်ဖွယ်ရာကောင်းပြီး ၎င်း၏ အလွန်လျင်မြန်သော မျိုးပွားနိုင်စွမ်းကြောင့် ပင့်ကူသားရဲ အရေအတွက်သည် သန်းပေါင်းများစွာ ရှိ၏။ ယခုက ကိုင်းဂျူး သားရဲများသည် မြို့များအား တစ်ကောင်တည်း တိုက်ခိုက်တတ်သော်လည်း ယခုအခါတွင်တော့ ၎င်းတိုက်ခိုက်မှုများသည် အုပ်စုလိုက်ဖြစ်လာသည်။
ကိုင်းဂျူး သားရဲများ၏ ကမ်းရိုးတန်းများဆီသို့ တတ်ရောက်လာခြင်းမှ ကာကွယ်ရန်အတွက် ဟွာရှသည် လှည့်ကင်းအဖြစ် သင်္ဘောများစွာ စေလွှတ်ခဲ့သည်။ ၎င်းတို့သည် ကိုင်းဂျူး သားရဲများ၏ ရေအောက်ကနေ တိုက်ခိုက်လာခြင်းက ရှောင်ရှားနိုင်သည့် နောက်ဆုံးပေါ် လေပေါ်ပျံသန်းနိုင်သည့် လေသင်္ဘောများ ဖြစ်သည်။
၎င်းတို့အပြင် ကမ်းရိုးတန်းများတွင် ပုံမှန်မဟုတ်သည့် စွမ်းအင်အတက်အကျကို စစ်ဆေးတွေ့ရှိပြီးနောက် အလိုအလျောက် အသက်ဝင်လာမည့် အချက်ပေးစက်များနှင့် ကင်မရာများစွာကို တပ်ဆင်ထားသည်။
ဤအလိုအလျောက်အချက်ပေးစက်များကြောင့် ဟွာရှသည် စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများကို မည်သည့် နှောင့်နှေးမှုမှမရှိဘဲ အချိန်မှီတုံ့ပြန်နိုင်မည် ဖြစ်သည်။
တစ်နေ့တွင် ဟွာရှ၏ ဟွာလျန်ကမ်းရိုးတန်းဘက်ရှိ အလိုအလျောက်အချက်ပေးစက်မှ အသံများ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် ပုံမှန်မဟုတ်သည့် စွမ်းအင်အတက်အကျများကို ရှာဖွေတွေ့ရှိခဲ့သည်။ တစ်မိနစ်မပြည့်မှီ အချိန်မှာပင် လေပေါ်ပျံသန်းနိုင်သည့် လေသင်္ဘောများစွာကို စေလွှတ်ခဲ့သည်။
ဟွာရှသည် လေသင်္ဘော (၁၅) စီးကို စေလွှတ်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်စီးသည် မီတာ (၇၀၀) ရှည်လျားသော ဧရာမမိခင်သင်္ဘော ဖြစ်သည်။ ၎င်းသည် အမေရိကန်၏ (၁) ကီလိုမီတာ အရှည်ရှိသော မိခင်သင်္ဘောကြီးကဲ့သို့ ကြီးမားခြင်းမရှိသော်လည်း ၎င်းတို့ပိုင်ဆိုင်ထားသည့် သင်္ဘောများထဲက အကြီးဆုံး ဖြစ်သည်။
အခြားသင်္ဘော (၁၄) စီးသည် ကရူဇာ၊ ဖရီးဂိတ်၊ ဖျက်သင်္ဘောနှင့် ထောက်ပံ့ရေးသင်္ဘောများ ဖြစ်ကြသည်။ ၎င်းတို့သည် နောက်ဆုံးပေါ်နည်းပညာဖြင့် တီထွင်ထားခြင်းဖြစ်သောကြောင့် လေပေါ်တွင် ပျံသန်းနိုင်ကြသည်။
ဟွာရှ၏ လေသင်္ဘောများ ၎င်းတည်နေရာသို့ ရောက်ရှိပြီးနောက် အရင်းအမြစ်ကို တွေ့ရှိခဲ့ကြသည်။ ဤနေရာတွင် ၎င်းတို့ မြင်တွေ့လိုက်ရသော မြင်ကွင်းသည် ၎င်းတို့ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။
ပထမတော့ ၎င်းတို့သည် ပုံမှန်မဟုတ်သည့် ပြဿနာအရင်းအမြစ်က သားရဲအုပ်စုကို ဦးဆောင်သော အဆင့် (၅) ကိုင်းဂျူးသားရဲကြောင့် ဖြစ်ရမည်ဟု ထင်ခဲ့ကြသည်။ အဆိုးဆုံးအနေဖြင့် ၎င်းသည် အဆင့် (၆) ကိုင်းဂျူးသားရဲ ဖြစ်ပေလိမ့်မည်။
သို့သော် ၎င်းတို့သည် အဆင့် (၆) ကိုင်းဂျူး သားရဲသုံးကောင်က သားရဲပေါင်းမြောက်များစွာကို ဦးဆောင်ကာ လာနေမည်ဟု ထင်မထားခဲ့ပေ။
ယခုအချိန်အထိ အဆင့် (၆) ကိုင်းဂျူး သားရဲများတွင် ပထမဆုံးပေါ်လာသော လိပ်ပြာအတောင်ပံနှင့် နဂါးအသွင် ကိုင်းဂျူး သားရဲသည်သာ အကြီးဆုံး ဖြစ်ခဲ့သည်။
အဆင့် (၆) ကိုင်းဂျူးသားရဲ သုံးကောင်သည် အရွယ်အစား သိပ်မကွာပေ။ ၎င်းကိုင်းဂျူး သားရဲသုံးကောင်၏ အနောက်တွင် အဆင့် (၃) မှ အဆင့် (၅) အထိပါဝင်သော နဂါးအသွင် ကိုင်းဂျူး သားရဲအကောင် တစ်ရာကျော်သည့် သားရဲတစ်အုပ်ရှိသည်။
၎င်းနဂါးအသွင် ကိုင်းဂျူး သားရဲများ၏ ကျောပေါ်တွင် ဂြိုလ်သားများက ထိုင်နေကြသည်။ ဤသည်က ဟွာရှကို တိုက်ခိုက်လာသော ဂြိုလ်သားများပါဝင်သည့် မကြုံစဖူး များပြားလှသော သားရဲစစ်တပ်တစ်ခု ဖြစ်သည်။
ဟွာရှ၏ လေသင်္ဘောအုပ်စုသည် ကမ်းခြေဆီသို့ ရွေ့လျားသွားကာ ကိုင်းဂျူး သားရဲများနှင့် (၃) ကီလိုမီတာခန့်တွင် ရပ်တန့်လိုက်ကြသည်။
လေသင်္ဘောများက ကိုင်းဂျူး သားရဲများကို တိုက်ခိုက်တော့မည့် အချိန်တွင် ၎င်းတို့၏ ခေါင်းဆောင်များက တားဆီးခဲ့သည်။
"ခဏစောင့်... တစ်ခုခု မှားနေတယ်..."
တစ်ခုခုတော့ ထူးဆန်းနေသည်။ နဂါးအသွင် ကိုင်းဂျူး သားရဲများနှင့် ဂြိုလ်သားများသည် (၃) ကီလိုမီတာခန့် အကွာအဝေးရှိ လေထဲတွင် ရပ်တန့်နေကြပြီး ပင်လယ်ပြင်အား ကြည့်နေကြသည်။ ၎င်းတို့သည် သူတို့အား ဂရုစိုက်ခြင်း အလျင်မရှိပေ။ ၎င်းတို့၏ စစ်ပွဲအတွက် ပြင်ဆင်ထားပုံက သူတို့အား တိုက်ခိုက်ရန်အတွက် ဟုတ်ပုံမရပေ။
ခေတ်တခဏ တိတ်ဆိတ်နေပြီးနောက် လေသင်္ဘောတွေ အပေါ်က လူများသည် ကိုင်းဂျူး သားရဲစစ်တပ်၏ အမြင်အတိုင်း ပင်လယ်ပြင်ထဲသို့ လိုက်ကြည့်လိုက်ကြသည်။
"အဲ့ဒါ... ဘာလဲ..."
လေသင်္ဘောတွေ အပေါ်က လူများသည် ထိတ်လန့်တကြား ရောင်ရမ်း၍ ကျယ်လောင်စွာ ရေရွတ်မိလိုက်ကြသည်။
လူတိုင်းသည် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ မီတာ (၃၀၀) အရှည်ရှိသော သားရဲကြီး တစ်ကောင်က ပေါ်လာကာ ကောင်းကင်ယံရှိ ကိုင်းဂျူး သားရဲစစ်တပ်အား ရင်ဆိုင်နေသည်ကို အံ့ဩသင့်စွာ ကြည့်နေခဲ့ကြသည်။
"ဧရာမမြွေကြီးလား..."
ယခုမှသာ လူတိုင်းသည် ဤသားရဲစစ်တပ်က သူတို့အား တိုက်ခိုက်ရန် ပြင်ဆင်ထားခြင်း မဟုတ်ဘဲ ဧရာမသားရဲကြီးအား ကိုင်တွယ်ရန်အတွက် ဖြစ်သည်ကို သိလိုက်ကြရသည်။
ဧရာမမြွေကြီးအား သားရဲစစ်တပ်နှင့် တိုက်ခိုက်သည်က ဆီလျော်သည်ဟု ဆိုနိုင်၏။ ဧရာမမြွေကြီးသည် အဆင့် (၆) ကိုင်းဂျူး သားရဲကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။ အကယ်၍ ၎င်းကသာ အလျင်အမြန် ထွက်ပြေးနိုင်ခြင်း မရှိခဲ့လျှင် ဧရာမမြွေကြီး၏ အစာ ဖြစ်နေလောက်ပြီ ဖြစ်သည်။
တခဏကြာ အကြည့်များ ထိတ်တိုက်တွေ့ဆုံပြီးနောက် တိုက်ပွဲတစ်ခု စတင်လာခဲ့တော့သည်။
အဆင့် (၆) ကိုင်းဂျူးသားရဲ သုံးကောင်သည် ဧရာမမြွေကြီးအား ပထမဆုံး တိုက်ခိုက်ကြသူများ ဖြစ်သည်။ ၎င်းတို့သည် ပါးစပ်များအား ဟကာ ဧရာမမြွေကြီးဆီသို့ လေဆာတန်းများ ကို ပစ်လွှတ်လိုက်ကြသည်။
ဝှစ်...
လေဆာတန်းသုံးခုသည် အလွန်လျင်မြန်စွာဖြင့် ဧရာမမြွေကြီး၏ အကြေးခွံများပေါ်သို့ ကျရောက်သွားကာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ အကြေးခွံအများစုကို တိုက်ရိုက်အရည်ပျော်သွားစေသည်။
"ရွှီး..."
ပြင်းထန်သော နာကျင်မှုကြောင့် ဧရာမမြွေကြီးသည် ရေမျက်နှာပြင်ပေါ်တွင် ဒလိမ်ကောက်ကွေး ဖြစ်သွား၏။
ရလာသော အခွင့်အရေးကို မဖြုန်းတီးဘဲ အဆင့် (၆) ကိုင်းဂျူးသားရဲ သုံးကောင်သည် ဧရာမမြွေကြီးဆီသို့ ထိုးဆင်ကာ ဖမ်းဆီးရန် ကြံရွယ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် အသေးစား နဂါးအသွင် ကိုင်းဂျူး သားရဲများ၏ ကျောပေါ်တွင် စီးနင်းလိုက်ပါလာသော ဂြိုလ်သားများသည် စိတ်လှုပ်ရှားစွာ အော်ဟစ်ရင်း ၎င်းတို့၏ စီးတော်ယာဉ် သားရဲများကို ဧရာမမြွေကြီးဆီသို့ ချဉ်းကပ်ရန်အတွက် အမိန့်ပေးလိုက်သည်။
ဂြိုလ်သားများ၏ ကျောက်မျက်ကဲ့သို့ မျက်လုံးများက အနီရောင်အလင်းတန်းတစ်ခုသည် ထွက်ပေါ်လာပြီး ဧရာမမြွေကြီး၏ ခန္ဓာကိုယ်တစ်လျှောက်တွင် လှည့်ပတ်သွားခဲ့သည်။
အဆင့် (၆) နဂါးအသွင် ကိုင်းဂျူးသားရဲ သုံးကောင်သည် လေဆာတန်းများဖြင့် ဧရာမမြွေကြီးကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
ဧရာမမြွေကြီး၏ ဒဏ်ရာက အဆင့်တစ်ခုသို့ ရောက်ရှိပြီးနောက် နဂါးအသွင် ကိုင်းဂျူးသားရဲ သုံးကောင်သည် တဖြည်းဖြည်း အောက်ဘက်သို့ ပျံဆင်းလာခဲ့ကာ ၎င်းတို့၏ ခြေသည်းများဖြင့် ဧရာမမြွေကြီးအား သယ်ဆောင်ရန် ကြိုးစားခဲ့ကြသည်။
"ဂြိုလ်သားတွေက ဧရာမမြွေကြီးကို ဖမ်းဖို့ကြိုးစားနေတာလား..."
ဤတစ်ဖက်သက် တိုက်ပွဲအား ကြည့်ရှုနေကြသော လူများက တွေးမိလိုက်ကြသည်။
ဂြိုလ်သားများ၏ ကမ္ဘာတစ်ဝှမ်းတွင် လူသားများအား ပြန်ပေးဆွဲခဲ့သောကြောင့် ကြီးမားသော ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေခဲ့သည်။ ကျွမ်းကျင်သူများ၏ အဆိုအရ ဂြိုလ်သားများ၏ ပြန်ပေးဆွဲခံခဲ့ရသော လူသားများသည် စမ်းသပ်ခံကြွက်များ ဖြစ်သွားဖို့က သေချာသလောက်ရှိ၏။
လူတိုင်းတွင် မတူညီသော အမြင်များ ရှိကြကာ အချို့သည် ဂြိုလ်သားများက လူသားများကို မျိုးစိတ်သစ်တစ်မျိုးအဖြစ် ရှုမြင်ကာ စမ်းသပ်လိုခြင်း ဖြစ်ရမည်ဟု ထင်ကြသည်။ အချို့သည်တော့ ၎င်းတို့သည် လူသားများအား လေ့လာကာ မျိုးရိုးဗီဇ လက်နက်ကို တီထွင်ရန် ကြံရွယ်နေခြင်း ဖြစ်ရမည်ဟု ဆိုကြသည်။
ယခုလည်း ဂြိုလ်သားများသည် ဧရာမမြွေကြီးအား ဖမ်းဆီးရန် ကြိုးစားနေကြပြန်သည်။
အခြေအနေများသည် ရုတ်တရက် ဆန်သောကြောင့် စစ်သားများနှင့် ဗိုလ်ကြီးများပင် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။
ဒီဂြိုလ်သားတွေကို တားရမှလား... မတားသင့်ဘူးလား။
ဤအချိန်တွင် လူတိုင်းက ၎င်းတို့၏ အထက်ခေါင်းဆောင်များကို မေးမြန်ရန်သာ တတ်နိုင်တော့သည်။
ခဏအကြာတွင် အထက်ခေါင်းဆောင်များ၏ အမိန့်ကျရောက်လာသည်။
တိုက်ခိုက်... ဂြိုလ်သားတွေကို ဧရာမမြွေကြီးကို ဖမ်းဆီးနိုင်မယ့် အခွင့်အရေးမပေးနဲ့.....
အကယ်၍ ထူးခြားဆန်းပြားသော ဧရာမမြွေကြီးဆီကသာ ၎င်းတို့တစ်ခုခု လေ့လာနိုင်ခဲ့လျှင် လူသားမျိုးနွယ်အတွက် ဘေးအန္တရာယ်တစ်ခု,ခု ရှိလာလိမ့်မည်။
ဤသို့ဖြင့် လေသင်္ဘောများ တိုက်ခိုက်တော့မည့် အချိန်တွင် စစ်မြေပြင်၏ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
စစ်သားများသည် နဂါးအသွင် ကိုင်းဂျူး သားရဲ၏ ခြေသည်းများဖြင့် ဖမ်းဆုပ်ခြင်းခံရတော့မည့် ဧရာမမြွေကြီးအား လျှပ်စီးများက ဝန်းရံသွားသည်ကို မြင်ခဲ့ရသည်။
မိုးခြိမ်းသံများသည် ပတ်ဝန်းကျင် ပင်လယ်ဒေသတစ်ခုလုံးမှာ ပြည့်နှက်သွားခဲ့သည်။
ဂျိန်း... ဂျလိန်း...
မိုးခြိမ်းသံများနှင့်အတူ ဖန့်ရန်၏ ကျောပေါ်တတ်လာခဲ့သော ဂြိုလ်သားများသည် ပင်လယ်ထဲသို့ အားအင်ချိနဲ့စွာ ပြုတ်ကျသွားခဲ့သည်။
"လျှပ်စီးက ဂြိုလ်သားတွေရဲ့ အားနည်းချက်လား..."
ဧရာမမိခင်သင်္ဘောပေါ်ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သူ၏ မှန်ဘီလူးကို ချကာ တီးတိုးရေရွတ်လိုက်သည်။
ဂြိုလ်သားများသည် ဖန့်ရန်၏ ခန္ဓာကိုယ်အား အနီအောက်အလင်းတန်းများဖြင့် စစ်ဆေးခဲ့ကြသည်။ ၎င်းသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာဗေဒ ဖွဲ့စည်းပုံ၊ စွမ်းအင်နှင့် ပျက်စီးမှုဒီဂရီကို သိရှိရန် ဖြစ်သည်။
သို့သော် ဖန့်ရန်က မိုးကြိုးဒိုမိန်ဖြင့် သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားခဲ့သည်။ ၎င်းက သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ရှာဖွေဖော်ထုတ်ရ အလွန်ခက်ခဲသွားစေသည်။ ဤသို့ဖြင့် သူ့အား လေ့လာနိုင်ရန်အတွက် သူ၏ ကျောပေါ်သို့ ဂြိုလ်သားများ ခုန်ဆင်းလာသောအခါတွင် ၎င်းက ၎င်း၏ သေဆုံးခြင်းကို ဖြစ်စေခဲ့သည်။
ဂြိုလ်သားများ ပင်လယ်ထဲသို့ ထိုးကျချိန်တွင် ၎င်းတို့က အပြာရောင် အရည်အစုအဝေးအဖြစ်သို့ ပြောင်းလဲသွားကာ ဆီကို ရေနှင့် ရောထားသလို ရေမျက်နှာပြင်ပေါ်တွင် ပေါ်နေခဲ့သည်။
"ဒီဂြိုလ်သားတွေက ဗီနွံနဲ့ ဆင်တူပေမဲ့။ သူတို့ရဲ့ အစွမ်းအစနဲ့ အသက်ရှင်နိုင်စွမ်းက အများကြီး ကွာခြားတယ်"
ဖန့်ရန်က ခေါင်းခါလိုက်သည်။ သူသည် သူ၏ ကုသနိုင်စွမ်းကို ဖိနှိပ်ထားခြင်း မရှိတော့ဘဲ သူ၏ ကျောပေါ်ရှိ ဒဏ်ရာကြီးများအား မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် သက်သာပျောက်ကင်းစေခဲ့သည်။
ကောင်းကင်ယံသို့ အသည်းအသန် ထွက်ပြေးခဲ့ကြသော ကိုင်းဂျူးသားရဲ သုံးကောင်သည် ၎င်းတို့၏ သခင်များ သေဆုံးခြင်းနှင့် ဖန့်ရန်၏ ဒဏ်ရာများ အလျင်အမြန် ပျောက်ကင်းလာခြင်းကြောင့် ဒေါသတကြီး ဟိန်းဟောင်ခဲ့ကြ၏။ ၎င်းတို့သည် ဖန့်ရန်အား ဒေါသတကြီး တိုက်ခိုက်ခဲ့ကြသည်။
ရုတ်တရက် ဖန့်ရန်သည် စွမ်းအင်ဒိုင်ကာကို အသက်သွင်းလိုက်ရာ အကာအကွယ်အတားအဆီး တစ်ခုသည် နဂါးအသွင် ကိုင်းဂျူး သားရဲသုံးကောင်ကို လွမ်းခြုံသွားခဲ့သည်။ ထိုနှင့် တပြိုင်နက် သူသည် အိုဗာကလော့ တုန်ခါမှုကိုလည်း အသက်သွင်းလိုက်၏။
"ဂရား..."
အဆင့် (၆) ကိုင်းဂျူးသားရဲ သုံးကောင်သည် နာကျင်မှုနှင့် စိတ်မသက်မသာဖြစ်မှုတို့ကြောင့် ဟိန်းဟောင်လိုက်ကြသည်။
အိုဗာကလော့ တုန်ခါမှုသည် သားရဲသုံးကောင်အား အလွန်နာကျင်စေခဲ့သည်။ ၎င်းစွမ်းရည်သည် ဖန့်ရန်၏ ထိန်းချုပ်မှုအောက်၌ မယုံနိုင်လောက်အောင် အစွမ်းထက်နေခဲ့၏။
အိုဗာကလော့ တုန်ခါမှု စွမ်းရည်အား အသုံးပြုခြင်းဖြင့် သူသည် ယခုအချိန်၌ ဧရာမမိခင်သင်္ဘောတစ်စီးကို အလွယ်တကူ ပေါက်ကွဲပျက်စီးသွားအောင် လုပ်နိုင်နေပြီ ဖြစ်သည်။
အဆင့် (၆) ကိုင်းဂျူး သားရဲသုံးကောင်သည် ဖန့်ရန်၏ တိုက်ခိုက်မှုများက လွတ်မြောက်နိုင်ရန်အတွက် ၎င်းတို့၏ ဧရာမအတောင်ပံများကို ခတ်ကာ လေပွေငယ်တစ်ခု ဖန်တီး၍ ကောင်းကင်ယံ အမြင့်သို့ ပျံတက်ခဲ့ကြသည်။
၎င်းသည် ၎င်းတို့သာ မကပေ။ အခြားသော ကိုင်းဂျူး သားရဲငယ်များနှင့် ဂြိုလ်သားများသည်လည်း အလားတူ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
"မဟုတ်ဘူး.. မင်းတို့ ထွက်မပြေးရဘူး"
၎င်းတို့၏ ထွက်ပြေးခြင်းက ဖန့်ရန်အား စိုးရိမ်ပူပန်းသွားစေသည်။ သူသည် သူ၏ ပါးစပ်ဝသို့ ရောက်ရှိလာသော အစာများကို အလွယ်တကူ လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။
ဖန့်ရန်သည် ဧရာမကိုင်းဂျူး သားရဲသုံးကောင်ထဲက တစ်ကောင်ကို ပစ်မှတ်ထား၍ သူ၏ ပါးစပ်ကို ဟကာ လေဆာတန်းကို ပစ်လွှတ်လိုက်သည်။
သူ၏ လေဆာတန်းသည် ကိုင်းဂျူး သားရဲသုံးကောင်၏ အလယ်က ကိုင်းဂျူး သားရဲ၏ လည်ပင်းကို ထိမှန်ကာ ၎င်းကို ယိမ်းယိုင်သွားစေခဲ့သည်။
ဖန့်ရန်သည် ၎င်းနောက်အမြန်လိုက်ကာ မိုးကြိုးဒိုမိန်ကို အသက်သွင်း၍ မိုးကြိုးထိမှန်စေပြီး ရေမျက်နှာပြင်ပေါ်သို့ ပြုတ်ကျစေခဲ့သည်။
၎င်းကိုင်းဂျူး သားရဲသည် အလွန်အစွမ်းထက်၏။ ၎င်းသည် အစွမ်းထက် စွမ်းရည် (၄) ခု၏ စွမ်းအားကို ခံစားခဲ့ရပြီ ဖြစ်သော်လည်း ယခုထိတိုင် မသေဆုံးသေပေ။
သို့သော် ၎င်းသည် ဖန့်ရန်၏ လည်ပင်းလိမ်ချိုးခြင်းကို ခံရပြီးနောက် ချွမ်းချက်မရှိ သေဆုံးခဲ့ရသည်။
ဤအချိန်တွင်တော့ အခြားသော အဆင့် (၆) ကိုင်းဂျူးသားရဲ နှစ်ကောင်သည် ၎င်းတို့၏ ကျောပေါ်တွင် ဂြိုလ်သားများအား သယ်ဆောင်ထားသော နဂါးအသွင် ကိုင်းဂျူး သားရဲငယ်များနှင့်အတူ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။
ဖန့်ရန်သည် နောင်တကြီးစွာဖြင့် သူနှင့် တဖြည်းဖြည်း ပို၍ ပို၍ ဝေးကွာသွားသော ကောင်းကင်ယံက စနစ်အမှတ် သန်းချိီတန်သည့် ကိုင်းဂျူး သားရဲများကို ငေးကြည့်နေခဲ့သည်။
သတိဝင်လာပြီးနောက် ဖန့်ရန်သည် သူ၏ စစ်ပွဲဆုလာဘ်ဖြစ်သော အဆင့် (၆) ကိုင်းဂျူး သားရဲကို ဆွဲကာ ဘေးကင်းရာ နေရာတစ်ခု၌ စားသောက်ရန်အတွက် ဆွဲယူသွားခဲ့သည်။
သူသည် ရေမျက်နှာပြင်ပေါ်ရှိ စနစ်အမှတ် (၁) မှတ်ပင် မတန်သော အရည်သက်ရှိဂြိုလ်သားများအား ဂရုစိုက်ခြင်း အလျင်မရှိခဲ့ပေ။
ဖန့်ရန်က ဂြိုလ်သားများအား စိတ်မဝင်စားသော်လည်း ဟွာရှ၏ စစ်သည်များက စိတ်မဝင်စားဟု မဆိုလိုပေ။
၎င်းတို့သည် လေသင်္ဘောများဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာဆီသို့ တဖြည်းဖြည်း ချည်းကပ်သွားပြီးနောက် အရည်သက်ရှိဂြိုလ်သားများအား ဆယ်ယူလိုက်ကြသည်။
.....