← Chapters

စိန်ခေါ်မှုအသစ်များ

Vol. 19 Ch. 248

စိန်ခေါ်မှုအသစ်များ

Vol. 19 Ch. 248

ဟွာရှ၏ စစ်ရေယာဉ်စုသည် မည်သည့်ကြိုးစားအားထုတ်ရခြင်းမှ မရှိဘဲ ဂြိုလ်သားများ၏ အလောင်းများအား ရရှိခဲ့သောကြောင့် အလွန်ပျော်ရွှင်နေခဲ့သည်။ သို့သော် ၎င်းတို့တွင် နောင်တတစ်ခုရှိနေပြီး ၎င်းက အသက်ရှင်လျက်မဟုတ်သော ဂြိုလ်သားများ၏ အရည်အဖြစ် ပြောင်းလဲသွားသော အရာများအား ရရှိခဲ့ခြင်းပင်။

ဧရာမမြွေကြီးနှင့် ကိုင်းဂျူး သားရဲစစ်တပ်၏ တိုက်ပွဲကနေ အလွန်အရေးကြီးသော အချက်အလက်များအား သိရှိခဲ့ရသည်။ ၎င်းက ဂြိုလ်သားများသည် လျှပ်စီးကြောင်းများ၏ အောက်တွင် အလွယ်တကူ ထိခိုက်နိုင်ခြင်းပင်။ သို့သော် ၎င်းတို့အား သတ်ဖြတ်ရန်အတွက် မည်သည့်အဆင့်ရှိသော လျှပ်စီးပမာဏ လိုအပ်သည်ကိုတော့ မသေချာပေ။

ဟွာရှ၏ အစိုးရသည် ဧရာမမြွေကြီးနှင့် ဂြိုလ်သားများကြား တိုက်ပွဲကို လျှို့ဝှက်ထားရန် ဆုံးဖြတ်ခဲ့ပြီး၊ ၎င်းတို့ ဆယ်ယူလာခဲ့သော ဂြိုလ်သားများ၏ အလောင်းများအား လျှို့ဝှက်စွာ သုတေသနပြုခြင်း စတင်ခဲ့သည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ဤအတောအတွင်း ကိုင်းဂျူး သားရဲများသည် ကမ်းရိုးတန်းမြို့များအား နေ့စဉ်နေ့တိုင်း တိုက်ခိုက်နေကြသော်လည်း အများစုသည် ကမ်းရိုးတန်းများတွင် တားဆီးခံထားရသည်။

နိုင်ငံအများစုသည် ၎င်းတို့၏ ကမ်းရိုးတန်းများတွင် အကာအကွယ်များ တည်ဆောက်ထားကြသည်။ ၎င်းတို့သည် ဤစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သည်။

ဤမတိုင်မီက ဥရောပနိုင်ငံများသည် နည်းပညာတွင် အတော်လေး ခရီးရောက်ခဲ့ပြီး လက်နက်အသစ်များစွာကို တီထွင်နိုင်ခဲ့သည်။ ၎င်းတို့သည် အမေရိကန်နိုင်ငံ၏ မိခင်သင်္ဘောများနှင့် ကိုင်းဂျူး သားရဲများ၊ ဟွာရှ၏ K-1B တိုက်လေယာဉ်များကဲ့သို့ အစွမ်းမထက်သော်လည်း အတိုင်းအတာတစ်ခုအထိတော့ အစွမ်းထက်ပေသည်။

သို့သော်လည်း ၎င်းတို့သည် အမေရိကန်နှင့် ဟွာရှက လေသင်္ဘောများ၊ မိခင်သင်္ဘောများအား ဝယ်ယူခဲ့ကြသည်။ ၎င်းတို့သည် အဆင့် (၄)၊ အဆင့် (၅) ကိုင်းဂျူး သားရဲများကိုပင် ဝယ်ယူခဲ့ပြီး ၎င်းတို့၏ စစ်ရေးအင်အားကို အဆင့်သစ်တစ်ခုဆီသို့ ရောက်ရှိစေခဲ့သည်။

လူသားများနှင့် ဂြိုလ်သားများ၏ စစ်ပွဲဆက်လက်ဖြစ်ပွားနေစဉ် ဖန့်ရန်သည် သမုဒ္ဒရာထဲတွင် လှည့်လည်သွားလာနေခဲ့၏။ သူသည် ပင်လယ်သားရဲများနှင့် ဧရာမသားရဲများစွာကို စားသောက်နေခဲ့ပြီး ထူးခြားမှုတစ်စုံတစ်ရာ မရှိပေ။

ဤအတောအတွင်း သူသည် စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းက လွန်ခဲ့သော နှစ်ရက်က သူသည် ကမ်းခြေအနီးတွင် သွားလာနေစဉ် ထူးဆန်းသော လျှပ်စစ်သံလိုက်လှိုင်း အချက်ပြမှုများကို ရရှိခဲ့ခြင်းပင် ဖြစ်သည်။

သူသည် ယခင်ကလည်း ဤကဲ့သို့ လျှပ်စစ်သံလိုက်လှိုင်း အချက်ပြမှုများကို တွေ့ရှိခဲ့ရ၏။ သို့သော် ဤတစ်ကြိမ်တွင်တော့ အနည်းငယ် ကွဲပြားနေခဲ့သည်။ သူသည် ၎င်းအား လက်ခံရယူချိန်တွင် သူ၏ စိတ်ထဲ၌ မှုန်ဝါးသော ပုံရိပ်များ ပေါ်လာခဲ့သည်။

၎င်းသည် အင်တာနာတိုင်း မကောင်း၍ လိုင်းမငြိမ်သော လှိုင်းများထနေသည့် တီဗီတစ်ခုကို ကြည့်နေရသလို ဖြစ်သည်။ အကယ်၍ ကြည်လင်သော မြင်ကွင်းအား မြင်တွေ့လိုလျှင် အင်တာနာတိုင်းအား တဖြည်းဖြည်းချင်း လှည့်ပေးခြင်းဖြင့် အခွင့်ကြုံသောအခါ ကြည်လင်သော ပုံရိပ်များက ပေါ်လာမည် ဖြစ်သည်။

၎င်းက လက်ခံရယူသော အခါတွင် ပုံရိပ်အချို့နှင့် အသံများအား ကြားခဲ့ရသည်။ ၎င်းသည် ဖန့်ရန်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းအား စိတ်ဝင်တစား လေ့လာဆန်းစစ်စေခဲ့သည်။

ဤသို့ဖြင့် သူသည် ၎င်းက စတင်ကာ အမဲလိုက်ခြင်းအပြင် အမျိုးမျိုးသော လျှပ်စစ်သံလိုက်လှိုင်းများဖြင့် သူ၏ စိတ်ထဲက ပုံရိပ်များကို ကြိမ်နှုန်းညှိကြည့်နေခဲ့သည်။

သည်လိုနှင့် ဤနေ့တွင်တော့ သူ့စိတ်ထဲရှိ ၎င်းပုံရိပ်များသည် ပိုမိုကာ ရှင်းလင်းလာခဲ့တော့၏။

ဤသည်က ပြန်လည်မွေးဖွားလာပြီးနောက် ဤကမ္ဘာကြီး၏ အချက်အလက်များကို ဒုတိယအကြိမ် ကြည့်ရှုနိုင်ခဲ့သော အချိန် ဖြစ်သည်။ သူ၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာခဲ့သည့် ပုံရိပ်များက တီဗီချန်နယ်တစ်ခုက ထုတ်လွှင့်နေသော ပုံရိပ်များပင် ဖြစ်သည်။

"ကောင်းတယ်..."

ဖန့်ရန်သည် ပထမဆုံးအကြိမ်အဖြစ် တီဗီကို ပြန်ကြည့်နိုင်သောကြောင့် အလွန်စိတ်လှုပ်ရှားသွားခဲ့ရသည်။ သို့သော် သူသည် သူ၏ စိတ်လှုပ်ရှားမှုအား လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီး ဆက်လက်စမ်းသပ်နေလေတော့သည်။

မိနစ်အနည်းငယ်ကြာ လေ့လာစမ်းသပ်ကြည့်ပြီးနောက် ဖန့်ရန်သည် ချန်နယ်များအား ပြောင်းလဲနည်းကို သိရှိလာခဲ့သည်။ ထို့အပြင် သူ့အား ပို၍စိတ်လှုပ်ရှားစေနိုင်သည့် အင်တာနက်ကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်သည်ကို လေ့လာသိရှိခဲ့သည်။ သို့သော် ၎င်းအား အသုံးပြုရန်အတွက် မြို့တစ်မြို့နှင့် နီးကပ်နေဖို့တော့ လိုအပ်သည်။

ဖန့်ရန်သည် ဝက်ဘ်ဆိုဒ်များစွာ၏ အစိတ်အပိုင်းအားလုံးကို လေ့လာခဲ့ပြီး ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ရှုခဲ့သည်။

သူသည် ဂြိုလ်သားများ၏ လူသားများကို ဖမ်းဆီးသွားသည့်သတင်း၊ အမေရိကန်နိုင်ငံကို ကပ်ဆိုး၏ တိုက်ခိုက်လာသော သတင်းကိုပင် မြင်တွေ့ခဲ့ရသည်။ ထို့အပြင် ကုန်းမြေပေါ်ရှိ သားရဲသတ္တဝါများ၏ သန္ဓေပြောင်းလဲသွားမှုများနှင့် လျို့ဝှက်ဆန်းကြယ်သော စွမ်းအင်စားပိုးကောင်များ အကြောင်းကိုလည်း မြင်တွေ့ခဲ့ရသည်။

သူသည် လွန်ခဲ့သော နှစ်များက သတင်းများကိုလည်း ရှာဖွေဖတ်ရှုခဲ့၏။

အချိန်အတော်ကြာပြီးနောက် ဖန့်ရန်တွင် ဤအပြာရောင်ကမ္ဘာဂြိုလ်၏ လက်ရှိအခြေအနေအပေါ် နားလည်မှုတစ်ခု ရှိလာခဲ့သည်။

ဂြိုလ်သားများတွင် အဆင့် (၆) ကိုင်းဂျူး သားရဲဟူသော အားသားချက်တစ်ခု ရှိနေပုံရပြီး တော်ရုံတန်ရုံ နိုင်ငံများက ၎င်းအား မတားဆီးနိုင်ပုံပေါ်သည်။

၎င်းသည် ဖန့်ရန်၏ နားလည်မှု အနည်းငယ် လွဲသွားခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်တွင်တော့ အာဖရိကတိုက်၏ သားရဲစစ်တပ်ကိစ္စနှင့် ကြိုတင်ပြင်ဆင်မှုမရှိသော နိုင်ငံများက လွဲ၍ နိုင်ငံကြီးများက ပျက်စီးဆုံးရှုံးမှုများစွာ မရှိခဲ့ပေ။

အဆင့် (၆) ကိုင်းဂျူး သားရဲ အရေအတွက်သည် အလွန်နည်းပါး၏။ ၎င်းအဆင့်ရှိ ကိုင်းဂျူး သားရဲများက လွဲ၍ အခြားသားရဲများက နိုင်ငံကြီးများအား သိသာထင်ရှားသော ပျက်စီးမှုများ မဖြစ်ပေါ်စေနိုင်တော့ပေ။

၎င်းကလည်း အပြာရောင်ဂြိုလ်၏ လက်နက်အသစ်များနှင့် နည်းပညာက လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တိုးတက်လာခဲ့ခြင်းနှင့် တိုက်ရိုက်ပတ်သတ်နေသည်။

ဤသည်က ဂြိုလ်သားများ၏ လူသားများကို (၄) နှစ်ကြာ ပြင်ဆင်ခွင့်ပေးခဲ့သော အကြီးမားဆုံး အမှား ဖြစ်သည်။

"ဂြိုလ်သားတွေက အားနည်းတယ်။ ဆယ်နှစ်ကျော်ကြာသွားခဲ့တာတောင်၊ သူတို့ရဲ့ မိခင်ဂြိုလ်ကနေ မထွက်သွားနိုင်သေးတဲ့ လူသားတွေကို အနိုင်မယူနိုင်သေးဘူး"

ဖန့်ရန်က ခေါင်းခါယမ်းလိုက်ကာ အမဲလိုက်နေခဲ့သည်။ သူသည် ယခင်ဘဝက ကဲ့သို့ အင်တာနက်အား စွဲလမ်းမနေပေ။ သူ့တွင် တိကျသော ပန်းတိုင်ရှိ၏။ ထိုအတွက် သူသည် သားကောင်များကို အမဲလိုက်ကာ သူ၏ ကြီးထွားဖွင့်ဖြိုးမှုကို ဆက်လက်လုပ်ဆောင်ရမည်။

ဤသို့ဖြင့် တစ်လတာ ကုန်လွန်သွားခဲ့ကာ ကိုင်းဂျူး သားရဲများ၏ ပြန်လည်ပေါ်ထွက်လာခြင်းသည် တစ်နှစ်ခွဲခန့် ကြာမြင့်သွားခဲ့သည်။

ဖန့်ရန်သည် ဟွာရှ၏ ပင်လယ်ပြင်ထဲတွင် လှည့်လည်နေဆဲဖြစ်ကာ တခါတရံတွင် ဂျပန်နိုင်ငံ သို့မဟုတ် အခြားနိုင်ငံများ၏ ပင်လယ်များထဲသို့ ရွေ့လျားသွားလာနေတတ်သည်။

သည်ကနေ့တွင် ဖန့်ရန်က အပြောင်းအလဲအချို့ ဖြစ်ပေါ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ရှေးဟောင်း သားရဲများစွာသည် မျိုးရိုးဗီဇများ ပြောင်းလဲနေကာ သန္ဓေပြောင်းလဲနေခဲ့၏။ ၎င်းသည် သန္ဓေပြောင်းလဲခြင်း အမှန်ဖြစ်သော်လည်း သာမာန်သန္ဓေပြောင်းလဲခြင်းတော့ ဟုတ်မနေပေ။

ယခင်က သားရဲများသည် မျိုးရိုးဗီဇပြောင်းကာ သန္ဓေပြောင်း သားရဲများ ဖြစ်လာခဲ့သော်လည်း ၎င်းက ခန္ဓာကိုယ်ပိုကြီးကာ ပိုအားကောင်းလာခြင်းသာ ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တော့ မတူညီပေ။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးဟာ ပြောင်းလဲသွားခြင်း ဖြစ်သည်။

ပင်လယ်နေ သားရဲများသည် နေ့စဉ်နေ့တိုင်း သန္ဓေပြောင်းနေကြပြီး ခြေလက်များ ပေါက်လာကာ ကုန်နေရေနေ သားရဲများ ဖြစ်လာကြ၏။ ဖန့်ရန်သည် ၎င်းသားရဲအချို့အား စားသောက်ပြီးနောက် ၎င်းတို့က ဆီလီကွန်အခြေခံသက်ရှိများ ဖြစ်လာမှန်း သိလိုက်ရသည်။

ဤသန္ဓေပြောင်း သားရဲအချို့သည် အလွန်ထူးဆန်၏။ ၎င်းတို့၏ ခန္ဓာကိုယ်သည် အခြေခံအားဖြင့် မီတာ (၁၀၀) ကျော်သော်လည်း တိုက်ခိုက်နိုင်စွမ်း မရှိပေ။ ၎င်းတို့၏ ထူးဆန်းသည့် အချက်က ၎င်းတို့၏ ကျောပေါ်တွင် ထူးထူးဆန်းဆန်း အပင်များ ပေါက်ရောက်နေခြင်းပင် ဖြစ်သည်။

၎င်းသားရဲများသည် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်၌ ကျရှုံးသွားကာ မအောင်မြင်သော ထုတ်ကုန်ကဲ့သို့ ထင်ရသော်လည်း ဖန့်ရန်သည် နောက်ပိုင်းတွင် ထိုထူးထူးဆန်းဆန်း အပင်များ၏ ထူးဆန်းသော အချက်ကို သတိထားမိခဲ့သည်။

သူသည် ထိုထူးထူးဆန်းဆန်း အပင်တွေဆီက ထုတ်လွှင့်နေသော ဓာတ်ငွေ့များကို သတိပြုမိခဲ့သည်။ သူသည် ၎င်းဓာတ်ငွေ့အား မတော်တဆ ရှူရှိုက်မိပြီးနောက် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။

အထူးသဖြင့် သူ၏ ရင်ဘတ်တွင် ပူလောင်သော ခံစားမှုတစ်ခုကို ခံစားခဲ့ရသည်။ သို့သော် ၎င်းက သူ့အတွက် အလွန်သေးငယ်သည်ဟု ဆိုနိုင်သည်။

၎င်းသည် အလွန်အံ့သြသင့်စရာ ကောင်းသည်ဟု ဆိုနိုင်သည်။

သူက မီတာ (၃၀၀) ကျော် အရှည်ရှိသည့် ဧရာမမြွေကြီးတစ်ကောင်ဖြစ်ပြီး တန်ပေါင်းထောင်နှင့် ချီလေးသည့်အပြင် ဖေယိမြွေဖြစ်ကာ အလွန်အစွမ်းထက်သော အစာချေနိုင်စွမ်းရှိသည့် နတ်ဘုရားနီးပါးအဆင့်ရှိသော သားရဲ ဖြစ်သည်။

ထိုကဲ့သို့ အစွမ်းထက်သော်လည်း ၎င်းဓာတ်ငွေ့သည် သူ့အား စိတ်မသက်မသာ ဖြစ်စေခဲ့ပေသည်။ ဤသည်က လူသားများအနေဖြင့် ဤဓာတ်ငွေ့အား အနည်းငယ်မျှ ရှူရှိုက်မိချိန်တွင် ၎င်းတို့၏ ကိုယ်တွင်းအင်္ဂါများ လောင်ကျွမ်းသွားနိုင်သည်ဟု ဆိုလိုနေပေသည်။

၎င်းသန္ဓေပြောင်း သားရဲများသည် လူသားမြို့များဆီသို့ ချည်းကပ်သွားနေကြ၏။ သံသဝင်စရာ မလိုအောင်ပင် ဂြိုလ်သားများသည် ၎င်းတို့၏ ထိတ်တိုက်တွေ့ဆုံကာ တိုက်ခိုက်သော ဗျူဟာကို ပြောင်းလဲပစ်ခဲ့ပုံပေါ်ပေသည်။ ၎င်းတို့သည် ကိုင်းဂျူး သားရဲများဖြင့်သာ တိုက်ခိုက်တော့မည် မဟုတ်ပေ။

၎င်းသန္ဓေပြောင်း သားရဲများသည် လူသားကမ္ဘာအား ထိတ်လန့်မှုများဖြင့် လွှမ်းခြုံထားစေခဲ့သည်။ ၎င်းတို့၏ ကျောပေါ်တွင် အပင်များပါရှိသော ဧရာမသားရဲများသည် ရက်အနည်းငယ်အတွင်း လူပေါင်းများစွာအား အနာတရဖြစ်စေခဲ့သည်။

၎င်းအပင်များသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ကုန်းမြေပေါ်တွင် ပေါက်ရောက်နိုင်၏။

ဧရာမသားရဲများသည် ကမ်းရိုးတန်းများဆီသို့ တက်ရောက်ကာလာချိန်တွင် ၎င်းတို့ကိုယ်ပေါ်က မျိုးစေ့များ ဆင်းသက်လာကာ မြေဆီလွှာတွင် အလိုအလျောက် အမြစ်တွယ်သွားမည် ဖြစ်သည်။

၎င်းတို့သည် ၎င်းတို့ အမြစ်တွယ်လိုက်သော မြေဆီလွှာစီက အစိုဓာတ်နှင့် အဟာရကို ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် စုပ်ယူ၍ ရက်အနည်းငယ်အတွင်း အပြည့်အဝ ကြီးထွားလာနိုင်ပြီး ၎င်းတို့ ပေါက်ရောက်သော မြေဆီလွှာကို ကြီးမားသော ထိခိုက်မှုများ ဖြစ်စေနိုင်သည်။

ဧရာမသားရဲများ၏ ကျောပေါ်က ကျဆင်းလာသော မျိုးစေ့များသည် အရေအတွက်အလွန်များပြား၏။ ၎င်းသည် ရာပေါင်းများစွာမှ ထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပေသည်။

ဤသို့ဖြင့် ဧရာမသားရဲများ၏ ကျောပေါ်မှ မျိုးစေ့များသည် ကျဆင်းလာကာ ကုန်းမြေပေါ်တွင် လျင်မြန်စွာ ပြန့်နှံ့လာခဲ့တော့သည်။

ထိုအပင်များ၏ အန္တရာယ်ကို သတိပြုမိလိုက်သည်နှင့် တပြိုင်နက် နိုင်ငံများစွာက အစိုးရများသည် ၎င်းတို့အား အလျင်အမြန် ဖယ်ရှားရန်အတွက် အမိန့်ပေးခဲ့သည်။ ၎င်းတို့အား အချိန်မှီ ဖယ်ရှားရမည် ဖြစ်ပြီး သို့မဟုတ်ပါက လူသားမျိုးနွယ်သည် ကြောက်မက်ဖွယ်ရာကောင်းသော ကပ်ဘေးတစ်ခုနှင့် ထက်မံ ဆုံတွေ့ရလိမ့်မည် ဖြစ်သည်။

၎င်းအပင်များအား ၎င်းတို့ထုတ်လွှင့်နေတတ်သော ဓာတ်ငွေ့များကြောင့် အလွယ်တကူ မှတ်မိနိုင်သည်။

ဤသို့ဖြင့် လူသားများသည် မီးလောင်လွယ်သော ထိုအပင်များအား သစ်တောအတွင်းပင် ရှိနေပါစေ၊ ကမ်းရိုးတန်းသစ်တောများတွင် ရှိနေပါစေ၊ သစ်တောတစ်ခုလုံးအား မီးရှို့ဖျက်စီးရလျှင်ပင် အထက်အမိန့်ဖြင့် မီးရှို့ဖျက်စီးခဲ့ကြသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အပြာရောင်ဂြိုလ်၏ နေရာအများစုသည် မီးပင်လယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထူထဲသော မီးခိုးများနှင့် ဖုန်မှုန့်များသည် လေထုထဲတွင် ပြည့်နှက်နေကာ မြို့ပြအများစုက လူအများသည် မီးခိုးမြူများကြောင့် နှာခေါင်းစည်းများ ဝတ်ဆင်ထားခဲ့ရသည်။

...

ဖန့်ရန်သည် ပင်လယ်ရေနက်ပိုင်းတွင် ရှိနေစဉ်၊ ကုန်းမြေဆီသို့ ချဉ်းကပ်လာနေသော ထူးထူးဆန်းဆန်း သက်ရှိအချို့ကို တွေ့လိုက်ရသည်။ ၎င်းတို့၏ အသွင်အပြင်သည် လူသားနှင့် မကွာသော်လည်း မည်သည့်လူသားက ရေအောက် မီတာ (၅၀၀) ခန့်တွင် နာရီပေါင်းများစွာကြောင်သည့်တိုင် တစ်နာရီ ကီလိုမီတာ (၅၀) အမြန်နှုန်းဖြင့် ရေကူးနိုင်ပါမည်နည်း။ ၎င်းသည် ငါးအများစု၏ ရေကူးအမြန်နှုန်းထက်ပင် သာလွန်နေသေးသည်။

၎င်းတို့သည် အဝတ်အစားများအား ဝတ်ဆင်ထားခြင်း မရှိသည့်အပြင် ဤအမျိုးသား အမျိုးသမီးများကလည်း သာမာန်လူသားများနှင့် သိပ်မကွာပေ။

၎င်းတို့၏ နောက်ကျောကို ကြည့်နေသည့် အချိန်တွင် သူသည် ဂြိုလ်သားများ၏ ပြန်ပေးဆွဲခံလိုက်ရသော လူများအကြောင်း သတိရသွားခဲ့သည်။

"ဒီလူတွေက ဂြိုလ်သားတွေ ဖမ်းဆီးခြင်း ခံလိုက်ရတဲ့ လူတွေဖြစ်သင့်တယ်"

ဖန့်ရန်သည် ၎င်းတို့၏ ကမ်းခြေဆီ တက်သွားကာ မြို့ထဲသို့ ခိုးဝင်ပြီး သူ၏ အာရုံခံစားမှုမှ ပျောက်ကွယ်သွားသည်အထိ လျှို့ဝှက်စွာ ကြည့်နေခဲ့သည်။

သူသည် ခဏတာမျှ တွေးတောပြီးနောက် အွန်လိုင်းတတ်ကာ နောက်ဆုံးရ သတင်းများကို ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

သူသည် ဂြိုလ်သားများ၏ နောက်ရွေ့လိုသော အကွက်များကို သိချင်နေခဲ့သည်။

ဖန့်ရန်သည် ဂြိုလ်သားများက ၎င်းတို့၏ တိုက်ခိုက်ရေးဗျူဟာကို နောင်တစ်ဖန်ပြောင်းလဲ၍ တိုက်ခိုက်တော့မည် ဖြစ်မှန်း သေချာပေါက်သိနေခဲ့သည်။

လူသားများ၏ ဤအကျပ်အတည်းကို ကျော်လွှားနိုင်ခြင်း ရှိမရှိကတော့ ဤအရာအား ဖြေရှင်းသည့် အပေါ်တွင် မူတည်နေပေသည်။

......

All Chapters