လူသားများ၏ တန်ပြန်တိုက်ခိုက်ခြင်း
Vol. 19 Ch. 250
အစိမ်းရောင်ပင်လယ်ပြင်အား လျှပ်စစ်သံလိုက်လှိုင်းများက ဝန်းရံထားဆဲ ဖြစ်သည်။ လေယာဉ်နှင့် သင်္ဘောများကို ဤပင်လယ်ဧရိယာသို့ ဝင်ရောက်ခြင်းအား တားမြစ်ထားသည်။
ဤပင်လယ်ဧရိယာသည် အထူးပင်ကျယ်ပြောကာ ကမ္ဘာ့အကြီးဆုံး သမုဒ္ဒရာထက်ပင် ကျယ်ပြောသည်ကို လူတိုင်းက လက်ခံထားပြီး ဖြစ်သည်။
သို့သော် ဤပင်လယ်ဧရိယာအား အာကာသမှ ကြည့်မည်ဆိုလျှင်တော့ ၎င်း၏ အရွယ်အစားသည် ယခင်မူလအတိုင်း ရှိနေဆဲ ဖြစ်သည်။
ဟွာရှနှင့် အမေရိကန်တို့သည် ပူးပေါင်းစစ်ရေယာဉ်စုကို တည်ထောင်ကြောင်း ကြေညာခဲ့သည်။ ၎င်းတို့သည် အစိမ်းရောင်ပင်လယ်ပြင်သို့ ဝင်ရောက်ကာ ဂြိုလ်သားများအား တိုက်စစ်ဆင်တော့မည် ဖြစ်သည်။
လူသားများသည် ၎င်းတို့၏ ရှင်သန်ရေးအတွက် တိုက်ခိုက်ရတော့မည် ဖြစ်သည်။ ရှင်သန်လိုလျှင် ဂြိုလ်သားများအား သတ်ဖြတ်ရမည်။
ကမ္ဘာ့နိုင်ငံများသည် အတွင်းနှင့်အပြင် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည်ဟု ဆိုနိုင်သည်။ အတွင်း၌ RR ဗိုင်းရပ်စ်နှင့် သေစေနိုင်သော ဓာတ်ငွေ့ ပျံ့နှံ့နေပြီး၊ အပြင်တွင် ကိုင်းဂျူး သားရဲများနှင့် ရှေးဟောင်း သားရဲများ၊ သန္ဓေပြောင်း သားရဲများက ကျူးကျော်နေပြီး အဆုံးမဲ့သလိုထင်ရသည့် အဖြူရောင် ပင့်ကူများက ရှိနေသေးသည်။
အကယ်၍ ဤအခြေအနေအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် နိုင်ငံများစွာသည် ပျက်စီးသွားနိုင်သည့် ဘေးက ရှိနေသည်။ ထိုကြောင့် ဤအခက်အခဲအား ဖြေရှင်းရန်အတွက် တစ်စုံတစ်ယောက်ကတော့ ဦးဆောင်ရမည် ဖြစ်သည်။
သုံးလအကြာတွင် စစ်ရေယာဉ်စုကို နောက်ဆုံးတွင် ဖွဲ့စည်းနိုင်ခဲ့သည်။ ဤကဲ့သို့ အချိန်ယူရခြင်းသည် ၎င်းအားဦးဆောင်မည့် ဗိုလ်ကြီးကို မဆုံးဖြတ်နိုင်သေးသောကြောင့် ဖြစ်သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် ၎င်းတို့က နိုင်ငံတစ်ခုစီ၏ စစ်ရေယာဉ်စုတွင် ၎င်းတို့၏ ကိုယ်ပိုင်ခေါင်းဆောင်များ ရှိရမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
ဤစစ်ရေယာဉ်စုနှစ်ခု၏ အနောက်တွင် နိုင်ငံငယ်အချို့က လိုက်ပါလာသည်။
ရုရှားသည်လည်း ဤစစ်ဆင်ရေးတွင် ပါဝင်လာခဲ့ပြီး ၎င်း၏ လက်အောက်ခံနိုင်ငံ အနည်းငယ်သည်လည်း လိုက်ပါလာခဲ့သည်။ သို့သော် ၎င်း၏ စစ်ရေးအင်အားသည် စူပါအင်အားကြီးနိုင်ငံ နှစ်ခုထက် အများကြီးအားနည်းသည်။
ဧရာမစစ်ရေယာဉ်စုသည် သမားရိုးကျ ပင်လယ်သင်္ဘောများ၊ ခေတ်မီလေသင်္ဘောများဖြင့် ဖွဲ့စည်းထားသည်။
ပင်လယ်သင်္ဘောများကို လက်ရှိအခြေအနေတွင် လူတိုင်းက ရှေးဟောင်း ပစ္စည်းများအဖြစ်ပင် မှတ်ယူနေကြပြီ ဖြစ်သည်။
ပင်လယ်သင်္ဘောများတွင် စစ်သားများစွာအား တင်ဆောင်ထားသည်။ ၎င်းတို့၏ အခန်းကဏ္ဍသည် လမ်းတစ်လျှောက်တွင် ရှိသော ကျွန်းများကို ထိန်းချုပ်ရန်အပြင် ခံတပ်နှင့် စစ်အခြေစိုက်စခန်းများကို တည်ဆောက်ရန် ဖြစ်သည်။
စစ်ရေယာဉ်စု၏ ဘေးပတ်လည်တွင် ပင်လယ်သင်္ဘောများကို ကာကွယ်ရန်အတွက် လူကိုယ်တိုင် ထိန်းချုပ်ထားသော ကိုင်းဂျူးသားရဲ တပ်စုအငယ်စား တစ်ခု ရှိသည်။ ၎င်းတို့၏ တာဝန်သည် စစ်ရေယာဉ်စုကို စောင့်ကြပ်ခြင်းနှင့် ပတ်ဝန်းကျင် ဧရိယာကို စူးစမ်းလေ့လာရန်အပြင် အန္တရာယ်ရှိသည့် အရာဝတ္ထုများ၊ အန္တရာယ်ရှိသည့် သားရဲများကို ရှာဖွေရန် ဖြစ်သည်။
၎င်းတို့သည် ခိုင်မာသော ကာကွယ်ရေးစွမ်းရည်လည်း ရှိပြီး အဆင့် (၆) ကိုင်းဂျူးသားရဲ မဟုတ်သည့် အခြားကိုင်းဂျူး သားရဲများနှင့် တိုက်ခိုက်ရန်အတွက် လေသင်္ဘောများကို အချိန်ပေးနိုင်သည်။
အပြာရောင်ဂြိုလ်က လူသားများသည် အစိမ်းရောင်ပင်လယ်ပြင်အတွင်း ၎င်းတို့စွန့်စား ဝင်ရောက်နေစဉ် ကိုင်းဂျူး သားရဲများ၊ ရှေးဟောင်း သားရဲများ၊ သန္ဓေပြောင်း သားရဲများက ၎င်းတို့၏ နိုင်ငံများကို တိုက်ခိုက်ခြင်း ရပ်တန့်နေမည် မဟုတ်မှန်း သိသောကြောင့် ထိုအချက်ကို ထည့်သွင်း စဉ်းစားခဲ့ကြသည်။
ယခင်က ၎င်းတို့အား ရပ်တန့်နိုင်ခဲ့သော်လည်း ယခုအခါတွင်တော့ စူပါအင်အားကြီးနိုင်ငံများပင် ၎င်းတို့၏ ကာကွယ်ရေးအင်အား အဆက်မပြက် ကျုံ့လာနေခြင်းကို ကြည့်နေခဲ့ရသည်။
တစ်ခါတစ်ရံ အချို့နေရာများက နေထိုင်ကြသူများသည် ရွှေ့ပြောင်းရန် အချိန်ပင်မရလိုက်ဘဲ ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားခြင်းကြောင့် လူသားငရဲဘုံများ ဖြစ်လာခဲ့သည်။
လူအများစုသည် သေဆုံးသွားကြပြီး အသက်ရှင်ကျန်ရစ်သူ လူအနည်းငယ်သည် ထိုမြို့ကြီးများက ထွက်ပြေးကာ တောနက်ထဲသို့ ဝင်ရောက်ကြရသည်။ သို့သော် ၎င်းတို့သည် တောနက်ပိုင်းတွင် နေထိုင်ကြသော ဒေသခံ သန္ဓေပြောင်း သားရဲများကြောင့် ၎င်းတို့ထဲက အများစုသည် ထက်မံ သေဆုံးကြရပြန်သည်။
ဤကဲ့သို့ စူပါအင်အားကြီး နိုင်ငံများပင် အလွန်ခက်ခဲနေသော အခြေအနေတွင် နိုင်ငံငယ်များကမူ ပြောစရာပင် မလိုတော့ပေ။
နေ့စဉ်နေ့တိုင်း နိုင်ငံအသီးသီးက လူသားများသည် သေဆုံးနေကြရပြီး ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များသည် နေ့စဉ်နေ့တိုင်း ဖြစ်ပွားနေခဲ့သည်။
ထို့အပြင် ဂြိုလ်သားများသည် လူသားများ၏ လှုပ်ရှားမှုကို သတိပြုမိသောကြောင့် လွန်ခဲ့သည့် လကစ၍ လူသားများ နေထိုင်ရာ နေရာများဆီသို့ ၎င်းတို့၏ တိုက်ခိုက်မှုများ ပိုမိုအားကောင်းလာစေခဲ့သည်။
...
ဖန့်ရန်သည် လူသားများ၏ ရည်ရွယ်ချက်ကို နားလည်နေခဲ့သည်။ သူသည် တခဏခန့် တွေးတောပြီးနောက် ဧရာမလိပ်ကြီးကို ခေါ်ဆောင်ကာ အစိမ်းရောင်ပင်လယ်သို့ ဦးတည်သွားခဲ့သည်။ သူသည် ထိုနေရာက ကမ္ဘာက ဘယ်လိုပုံရှိမှန်း သိရှိလိုနေခဲ့သည်။
သူသည် စစ်ရေယာဉ်စုကို လျင်မြန်စွာ လိုက်မှီခဲ့ပြီး၊ ၎င်းတို့၏ အောက်ကနေ လျှို့ဝှက်စွာ လိုက်ပါလာခဲ့သည်။ ဤဖွဲ့စည်းထားသော စစ်ရေယာဉ်စုသည် အလွန်ခန့်ညားထည်ဝါသည်။ ကောင်းကင်ယံတွင် လေသင်္ဘောတစ်ရာကျော်နှင့် ဧရာမမိခင်သင်္ဘော ဆယ်စီး ရှိသည်။
ထို့အပြင် ပင်လယ်ပြင်တွင် စစ်သင်္ဘောရာချီရှိကာ ၎င်းတို့အား ဝန်းရံထားသော ကိုင်းဂျူး သားရဲအကောင် (၅၀) ကျော်လည်း ရှိသည်။ ဧရာမအဖွဲ့ကြီးသည် ၎င်းတို့၏ လမ်းတစ်လျှောက်တွင်ရှိသော အတားအဆီးများကို ဖျက်ဆီးကာ ကြီးမားသောခွန်အားဖြင့် ရှေ့သို့ ချီတက်နေခဲ့သည်။
ဖန့်ရန်သည် ထိုအဖွဲ့နောက်လိုက်ကာ အစိမ်းရောင်ပင်လယ်ပြင်ထဲသို့ ဝင်ရောက်လာခဲ့သည်။ အစိမ်းရောင်ပင်လယ်ပြင်သို့ ဝင်ရောက်ပြီးနောက် သူသည် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသော်လည်း မကြာခင်မှာပင် လိုက်လျောညီထွေ ဖြစ်သွားခဲ့၏။
ဧရာမလိပ်ကြီးသည် ဖန့်ရန်ထက် ပိုမိုစိတ်မသက်မသာ ခံစားရသော်လည်း ၎င်းသည် ဤသည်အား ခံနိုင်ရည်ရှိဆဲ ဖြစ်သည်။ ဤသို့ဖြင့် ကြောက်မက်ဖွယ်ရာ သားရဲကြီးနှစ်ကောင်သည် ရေအောက် (၂) ကီလိုမီတာ အနက်တွင် ရှိနေခဲ့သည်။ ၎င်းတို့ဘေးရှိ ပတ်ဝန်းကျင်ရှိ ပင်လယ်ရေသည် အလွန်မှောင်မိုက်ကာ မမြင်နိုင်သော ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။
ဖန့်ရန်သည် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့၏။ သူသည် သိပ်မကြာခင်၌ ဤဂြိုလ်ကနေ ထွက်ခွာနိုင်မည့် အခွင့်အရေးကို ရရှိနိုင်တော့မည် ဖြစ်သည်။ မှန်ပေသည်။ သူသည် ၎င်းအား အလောတကြီး လုပ်ဆောင်မည်တော့ မဟုတ်ပေ။ သူသည် လုံလောက်သော အဆင့်တစ်ခုသို့ ရောက်ရှိခြင်း သို့မဟုတ် အပြာရောင်ဂြိုလ်၏ စစ်ရေယာဉ်စုက စူးစမ်းလေ့လာခြင်း မပြီးသ၍ ဤဂြိုလ်ကနေ ထွက်ခွာဦးမည် မဟုတ်ပေ။
ဂြိုလ်သားများနှင့် လူသားများ၏ တိုက်ပွဲတွင် အနိုင်ရသူက မည်သူဖြစ်မည်မှန်း သူမသေချာသေးပေ။ ထိုကြောင့် သူသည် အခြေအနေကို အရင်ဆုံး စောင့်ကြည့်ပြီးမှ အကောင်းဆုံးသော အရာကို ရွေးချယ်ရန်အတွက် စီစဉ်ထားသည်။
အစိမ်းရောင်ပင်လယ်ပြင်သို့ ဝင်ရောက်လာပြီး တတိယမြောက်နေ့တွင် ရုတ်တရက် ကျယ်လောင်သောအသံတစ်ခုသည် ပထမဦးစွာ ပေါ်လာပြီးနောက် ထက်မံ၍ ၎င်းအသံနှင့် တူညီသော အသံများ ထွက်ပေါ်လာသည်ကို ဖန့်ရန် ကြားလိုက်ရသည်။
သူသည် ရေမျက်နှာပြင်သို့ တိတ်တဆိတ် ချည်းကပ်သွားပြီး အခြေအနေကို လေ့လာစောင့်ကြည့်ခဲ့သည်။ သူသည် စစ်ရေယာဉ်စုကို ဝန်းရံထားသော ကိုင်းဂျူး သားရဲများသည် ကျယ်လောင်စွာ အော်ဟစ်နေသည်ကို မြင်နေရသည်။ ၎င်းသည် ကြိုတင်သတိပေးချက် ဖြစ်နိုင်ပြီး နိုင်ငံအသီးသီး၏ စစ်ရေယာဉ်စုများသည် ကြိုတင်ပြင်ဆင်သော အခြေအနေသို့ ဝင်ရောက်ခဲ့၏။
အစိမ်းရောင်ပင်လယ်ပြင်သို့ ဝင်ရောက်လာကတည်းက သင်္ဘောတစ်စီးချင်းစီအား သက်ဆိုင်ရာ အကွာအဝေးဖြင့် ထိန်းသိမ်းထားသည်။ ခေါင်းဆောင်များသည် အမိန့်ပေးရန်နှင့် အချက်ပြမှုပေးပို့ရန် အများအားဖြင့် အချက်ပြမီးကို အသုံးပြုကာ ပေးပို့ကြသည်။
ဖန့်ရန်သည် နိုင်ငံများစွာ၏ စစ်ရေယာဉ်စုကို လှည့်ပတ်ကာ ကြည့်ရှုခဲ့သည်။ ၎င်းတို့၏ ဖွဲ့စည်းပုံအနေအထားသည် ယခုတိုင် မပြောင်းလဲမှုမရှိပေ။ ဟွာရှ၏ သင်္ဘောများသည် ဘယ်ဘက် အစွန်ဆုံးတွင် ရှိကာ ရုရှားသည် အလယ်တွင် ရှိ၍ အမေရိကန်၏ သင်္ဘောများက ညာဘက်အစွန်းဆုံးတွင် ရှိသည်။
"ဂြိုလ်သားတွေ လာနေပြီလား..."
ဖန့်ရန်သည် စစ်ရေယာဉ်စုတန်းကို ကြည့်ရူနေစဉ် တွေးနေခဲ့သည်။ ထိုအချိန်မှာပင် အနက်ရောင်အစက်တစ်ခုသည် အဝေးမှ ပေါ်လာကာ စစ်ရေယာဉ်စုဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့၏။
ဖန့်ရန်သည် သားရဲများအား ဂရုတစိုက် လေ့လာကြည့်ရှုခဲ့သည်။ ၎င်းတို့နှင့် (၃)ကီလိုမီတာ၊ (၄) ကီလိုမီတာ ဝေးနေသေးသော်လည်း သူ၏ ထက်မြက်သော အမြင်အာရုံဖြင့် ၎င်းတို့အား အလွန်ရှင်းလင်းစွာ မြင်နေရသည်။
စစ်ရေယာဉ်စုဆီသို့ သားရဲလှိုင်းတစ်ခုသည် ချည်းကပ်လာနေ၏။ သားရဲများ၏ ခေါင်းဆောင်သည် အဆင့် (၆) ကိုင်းဂျူးသားရဲ နှစ်ကောင်အား ဦးဆောင်ကာ အလျင်အမြန် ပြေးလာနေသည်။ ၎င်းတို့၏ အနောက်တွင် အဆင့် (၃) မှ အဆင့် (၅) အထိရှိသည့် ကိုင်းဂျူး သားရဲ ရာပေါင်းများစွာက လိုက်ပါလာနေသည်။
ထို့အပြင် ၎င်းတို့၏ အနောက်၌ အရေအတွက်နိုင်အောင် များပြားသော ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများက ရှိနေသည်။
"ဒီနေ့တော့ ကောင်းကောင်းလေး စားရတော့မယ်..."
ဖန့်ရန်သည် သားရဲစစ်တပ်ကို ကြည့်ကာ သူ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။
သူသည် နောက်ထက် ဆင့်ကဲဖြစ်စဉ် စတင်ရန်အတွက် စနစ်အမှတ် သန်း (၂၀၀) ကို စုဆောင်းရန် လိုအပ်သည်။ ယခုအခါတွင် သူသည် စနစ်အမှတ် သန်း (၅၀) ခန့်သာ ရှာဖွေစုဆောင်းရသေးသည်။
ဤအလွန်ကြီးမားသော ကိုင်းဂျူး သားရဲနှင့် သန္ဓေပြောင်း သားရဲများ၊ ရှေးဟောင်း သားရဲများဖြင့် ဖွဲ့စည်းထားသော သားရဲစစ်တပ်က သူ့အား အလွန်များပြားသော စနစ်အမှတ်များ ပေးစွမ်းမည်ကို သံသယဖြစ်စရာပင် မလိုပေ။
သူသည် ကြိုးစားအားထုတ်မှု များစွာ လုပ်ဖို့မလိုဘဲ လူသားစစ်တပ်နောက်လိုက်ကာ ၎င်းတို့သတ်ဖြတ်ခဲ့သော သားရဲများကို လိုက်လံကောက်ယူရုံပင်။
၎င်းတို့သည် အဆင့် (၆) ကိုင်းဂျူး သားရဲနှင့် ရင်ဆိုင်ရာတွင်တော့ အကူအညီလိုနိုင်ပေသည်။ ထိုအခါ သူက ဝင်ရောက်ကူညီမည် ဖြစ်သည်။
သူ့ကဲ့သို့ နိုင်ငံအသီးသီး၏ စစ်ရေယာဉ်စုများသည် သားရဲစစ်တပ်အား မြင်တွေ့ခဲ့ရသည်။ သို့သော်ငြား သူ့ကဲ့သို့ ၎င်းတို့သည် ပျော်ရွှင်ခြင်း မရှိဘဲ ထိုအစား စိတ်လှုပ်ရှားကာ အနည်းငယ်ပင် ကြောက်ရွံနေကြသည်။
အထူးသဖြင့် နိုင်ငံငယ်များ၏ ပင်လယ်သင်္ဘောများပေါ်ရှိ စစ်သားများ ဖြစ်သည်။
“ယူနစ်နဲ့ အဖွဲ့အားလုံး အသင့်ပြင်..."
ဟွာရှ၏ စစ်ရေယာဉ်စုထဲတွင် အလယ်၌ တစ်ကီလိုမီတာကျော် ရှည်လျားသော ဧရာမမိခင်သင်္ဘောတစ်စီး ရှိနေသည်။ ၎င်းသည် အမေရိကန်၏ မိခင်သင်္ဘောနှင့် အလွန်ဆင်တူသည်။
ဤသည်ကို နည်းပညာဖလှယ်မှု အစိတ်အပိုင်းတစ်ခုအဖြစ် အမေရိကန်က ဟွာရှကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။
မိခင်သင်္ဘော၏ ကွပ်ကဲရေးခန်းထဲက ထူးခြားသော စိတ်နေစိတ်ထားရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
လေသင်္ဘောများသည် ကောင်းကင်ယံ၏ လုံလောက်သော အမြင့်တွင် ပျံသန်းနေကာ လျှပ်စစ်သံလိုက် နှောင့်ယှက်များကို စိုးရိမ်စရာမလိုပေ။ သည်ထက် ပို၍ ကောင်းမွန်သည်က ဤလေသင်္ဘောများတွင် လျှပ်စစ်သံလိုက်လှိုင်းများကို ခုခံကာကွယ်ရန်အတွက် ရည်ရွယ်ကာ ဖန်တီးထားသော နည်းပညာအသစ်များကို ထည့်သွင်းထားပြီး ဖြစ်သည်။
ထိုအချက်ကြောင့်ပင် ပူးပေါင်းမဟာမိတ်သည် ဂြိုလ်သားများအား တိုက်ခိုက်ရန်အတွက် စတင်ရဲခြင်း ဖြစ်သည်။
......