← Chapters

ဒီကောင်မလေးက ရက်စက်လွန်းတယ်

Vol. 11 Ch. 154

ဒီကောင်မလေးက ရက်စက်လွန်းတယ်

Vol. 11 Ch. 154

"ဓားနတ်ဘုရားက အတု​လား!?"

လူအုပ်ကြားက အကြီးအကဲလီနှင့် လင်မော့ဖုန်းတို့ အမူအရာများ ရုတ်တရက် ပြောင်းလဲသွားကာ အနက်ရောင်ဝတ်ရုံကို ကြည့်လိုက်ကြသည်။

ဒီဓားနတ်ဘုရားက အတုဆိုရင် ဒါက လေးနက်တဲ့ကိစ္စ ဖြစ်သွားပြီ။

အခု ဓားတောင်ကြား၏ အောက်ခြေတွင် အပြစ်မဲ့သူများ အလွန်များပြားနေပြီး နိုင်ငံသားများလည်း ပါဝင်ဆင်နွှဲနေကြပါသည်။ မကြာခင်မှာ၊ ဓားချိုင့်တစ်ခုလုံးက လူတွေနဲ့ ပြည့်နေလိမ့်မည်။

ပြီးတော့ အခု ရှုခင်းကုန်းပေါ်မှာ ကျန်းဟိုင်မြို့က အဆင့်မြင့်အရာရှိ အများအပြားသည် အနီးနားသို့ ရောက်ရှိလာပြီး ဓားနတ်ဘုရားထံ ရောက်လာနိုင်ရန် ပြင်ဆင်နေကြသည်။ သူ့ထောင်ချောက်ထဲ ကျသွားရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာလိမ့်မည်။

"ရွှမ်းရွှမ်း... မင်းသေချာလား?"

လူအိုလီ၏ မျက်နှာသည်လည်း တင်းမာနေ၏။ ထိုကိစ္စသည် အလွန်အရေးကြီးသည်ဖြစ်၍ သတိမမူဝံ့သောကြောင့် တိုးတိုးလေး မေးလိုက်သည်။

“မင်းမှာ သက်သေရှိလား”

"အဲဒီလူရဲ့ အငွေ့အသက်တွေ ပျောက်နေလို့လား"

လင်မော့ဖုန်းလည်း မျက်မှောင်ကြုတ်ကာ ဘေးမှ တွေးခေါ်​ကြည့်သည်။

ဓားနတ်ဘုရားတောင်ကြားသည် ယခုအခါ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။ ဒီအတုကို ဆက်ပြီး ဟန်ဆောင်ခိုင်းနေမယ်ဆိုရင် အကျိုးဆက်တွေက လုံးဝ ပရမ်းပတာ ဖြစ်သွားလိမ့်မည်။

"ဟုတ်... သေချာပါတယ်"

လီကျစ်ရွှမ်း ကောင်းကင်အထက်က ဓားနတ်ဘုရားကို စူးစိုက်ကြည့်ကာ သူမ၏ မျက်လုံးများသည် အေးစက်ပြီး စူးရှလာသည်။ သူမ ခေါင်းညိတ်လိုက်ပြီး။

"သူက ကျန်းဟိုင်ဓားနတ်ဘုရား လုံးဝ မဖြစ်နိုင်ဘူး!"

ထို့နောက် သူမက တိုးတိုးလေးဖြင့်: "ဆရာ.... ဆရာတူအစ်ကိုလင် မယုံရင် ကျွန်မ သူ့ကို စမ်းကြည့်မယ် သူ့ရုပ်လုံးတွေကို ဖော်ထုတ်ပြမယ်!"

"ငါ့ဓားကို မင်းနဲ့အတူ ယူသွား.... မတတ်နိုင်ရင် ပြေးဖို့မမေ့နဲ့ မာနကြီးမနေနဲ့!"

"ဟုတ်ကဲ့ နားလည်ပါတယ်"

လီကျစ်ရွှမ်း ခေါင်းညိတ်ပြပြီး လူအိုလီ၏ဓားကိုယူကာ လူအုပ်ထဲမှ ထွက်သွားခဲ့သည်။ နောက်အခိုက်အတန့်တွင်တော့ အော်ဟစ်သံက တောင်တန်းတွေဆီ ပဲ့တင်ထပ်သွားပေသည်။

"အငယ်တန်း လီကျစ်ရွှမ်း... အကြီးအကဲ ဓားနတ်ဘုရားကို နှုတ်ခွန်းဆက်ပါတယ်!"

လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ လီကျစ်ရွှမ်း ကောင်းကင်သို့ ပျံတက်သွားတဲ့အခါ သူမ၏ အဖြူရောင် ၀တ်စုံများက လေနဲ့အတူ လွင့်ပျံ​နေခဲ့သည်။

အနက်ရောင်ဝတ်ရုံကလည်း သူမကို စူးစိုက်ကြည့်နေစဉ် မျက်မှောင်ကြုတ်သွားသည်။

"လီကျစ်ရွှမ်း .."

ဒီနာမည်က ရင်းနှီးနေသလားလို့?

ခဏစဉ်းစားပြီးနောက် ဝတ်ရုံနက်ကြီး၏ မျက်လုံးများ တောက်ပလာသည်။

ကျန်းဟိုင်ရဲ့ နံပါတ်တစ် ဓားပါရမီရှင်မလား။

…………

တစ်ချိန်တည်းမှာပဲ...

စာကြည့်တိုက်ထဲမှာ။

ရှောင်ပိုင်ကို ကိုင်ထားဆဲ ချင်းယန်သည် မျက်လုံးများကိုမှိတ်ကာ ထောင့်တစ်နေရာတွင် အာရုံစူးစိုက်ကာ "လက်နက်သန့်စင်ရှင်းလင်းချက်" ထဲက အသိပညာများကို နားလည်သဘောပေါက်​နေ၏။

၎င်းကို အလွှာတစ်ခုပြီးတစ်ခု ခွဲခြမ်းစိတ်ဖြာကာ တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်သည်။ ဤလက်နက်သန့်စင်မှု နည်းပညာသည် ပြီးပြည့်စုံသော အာရုံစူးစိုက်မှုမျိုး လိုအပ်သော နည်းလမ်း အမျိုးမျိုးကို လွှမ်းခြုံထားသည်။

သူ အာရုံစူးစိုက်ထားသလိုပဲ...

ရုတ်တရက်!

"ဆရာ.... သူ ဒီမှာ!"

လက်ထဲတွင် ဆဲလ်ဖုန်းကိုင်ထားသော လီချင်းဟဲတစ်ယောက် အနီးနား ဧရိယာမှ ပြေးလာပြီး ချင်းယန်ရှေ့တွင် ရပ်ကာ ဖုန်းကို အားတက်သရော ညွှန်ပြလိုက်သည်။

"ကျစ်! ဘာ​တွေ အပြေးအလွှား လုပ်​နေတာလဲ"

ဒါကိုကြားတော့ ချင်းယန် အနည်းငယ် မျက်မှောင်ကြုတ်ပြီး သူ့ရဲ့ဉာဏ်အလင်းကို ဖောက်ထွက်လိုက်ရ၏။

"ဆရာ ဘာသင်ပေးတာလဲ အေးအေးဆေးဆေးနေပါလို့..."

"မဟုတ်ဘူး ဆရာ ဒါက ကြီးကျယ်တဲ့ သတင်း!"

လီချင်းဟဲ သူ့ဖုန်းစခရင်ကို စိတ်လှုပ်ရှားစွာ လက်ညှိုးထိုးပြပြီး :"ဆရာဘိုးဘိုး တကယ်ပြန်လာပြီ သူ အခု ဓားတောင်ကြားထဲမှာ ရှိနေပြီ ကြည့်!"

"သူအဲဒီမှာ ဆိုတော့လည်း အဲဒီမှာပေါ့..."

ချင်းယန် သက်ပြင်းချလိုက်သည်။ ယနေ့နံနက်တွင် ဓားနတ်ဘုရား ဗွီဒီယိုကို မြင်သောအခါ ဤမြင်ကွင်းကို မျှော်လင့်ထားတာကြောင့် သူ့အတွက်က အံ့သြစရာ မဟုတ်ပေ။

မျောက်ဘုရင် အစစ်နှင့် အတု မြင်ကွင်းပင်။

နောက်ထပ်ကြည့်စရာ ဘာအကြောင်းမှ မရှိတော့ဘူးလေ။

"ဒါပေမယ့် ဆရာ... ညီမကျစ်ရွှမ်းလည်း ရှိတယ်!"

လီချင်းဟဲ သူ့ဖုန်းကို လွှဲပေးလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို နှိပ်လိုက်သည်။

"ညီမကျစ်ရွှမ်းက ဆရာဘိုးဘိုးကို နှုတ်ဆက်လိုက်တာပဲ!"

"အသိမှတ်ပြုတာလား အဲဒါ မင်းရဲ့ ဆရာတူအဒေါ်... မရိုမသေ မလုပ်နဲ့"

ချင်းယန် လီချင်းဟဲရဲ့ဖုန်းကို ဆွဲယူကာ ကြည့်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင်မူ ပြင်းထန်သောလေသည် ဓားတောင်ကြားကို ဖြတ်၍ ထင်းရှူးတောများ ဝေ့ဝဲနေသည်။ ဆူညံသော လူအုပ်ကြီးသည်လည်း မြေပြင်ပေါ်တွင် စုရုံးကာ နေကိုလက်ဖြင့်ကာရင်း ကောင်းကင်ကို မော့ကြည့်​နေကြသည်။

လီကျစ်ရွှမ်းသာ့ သူမ၏ ဓားအိတ်ကို ဆုပ်ကိုင်လိုက်ပြီး အနက်ရောင် ဝတ်ရုံကို မေးလိုက်ရာ လူအုပ်ကြီးရဲ့ အသံကလည်း စိတ်လှုပ်ရှားစွာ ထွက်ပေါ်လာသည်။

"ဒီကောင်က သေချာပေါက် ပေါ်သွားပြီ"

ချင်းယန် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း မအံ့သြခဲ့ပေ။ စိတ်နေစိတ်ထား ကွဲပြားမှု၊ သူ၏ လှုပ်ရှားမှု အသေးစိတ်များနှင့်အတူ သူမဆီမှာ မိသွားခဲ့သည်။ အနက်ရောင်ဝတ်လူသည် အကောင်းဆုံးမှာ အွန်လိုင်းဗီဒီယိုများကို အခြေခံ၍ အမိုက်စား အတုအယောင်ဖြင့် လူအများကို လှည့်စားခဲ့သည်။

လီကျစ်ရွှမ်း နဲ့တွေ့ရင် သူဟာ ချက်ချင်း ဟာကွက်ပြမိမှာပင်။

ယခုဆိုလျှင် ချင်းယန်က ပို၍ပင် စိုးရိမ်စရာ ဖြစ်နေသည် ။

"ဒီကောင်က ဘာလိုချင်​နေတာလဲ"

"ဒီကလေးမကလည်း အရင်အတိုင်းပဲ ရက်စက်​နေတုန်းပဲ!"

ဒါကိုတွေးပြီး ချင်းယန် ဖုန်းကို လီချင်းဟဲထံ ပြန်ပေးကာ ခုံတန်းလျားကနေ မတ်တပ်ထရပ်လိုက်၏။

"ဆရာ ဘယ်သွားမလို့လဲ"

လီချင်းဟဲလည်း ချင်းယန်အနားကို ကပ်ပြီး နောက်က လိုက်သွားခဲ့သည်။ ဒါက အရေးကြီးတဲ့ အခိုက်အတန့်ပဲ။ သူ့ဆရာသခင်ကို တွေ့နိုင်မလား မတွေ့ဘူးလားဆိုတာ ဘယ်သူက ဆုံးဖြတ်​ပေးနိုင်မှာလဲ။ ချင်းယန်နဲ့ နီးနီးကပ်ကပ် နေရမယ်။

သူမ ချင်းယန်ရဲ့ လက်မောင်းကို ရစ်ပတ်ပြီး ပူဆာလိုက်သည်။

"ဆရာ....ဆရာဘိုးဘိုးကို တွေ့ရင် ကျွန်မကို ခေါ်သွားလို့ရမလား? ကျေးဇူးပြုပြီး..."

"ငါ ဆီးသွားမလို့..."

ချင်းယန် နောက်ပြန်မလှည့်ဘဲ လက်ကိုဆွဲကာ ယောက်ျား​လေး သန့်စင်ခန်းဆီသို့ လျှောက်သွားလိုက်သည်။

"ဆရာ ကျွန်မလည်း ဆီးသွားမယ်..."

"ထွက်သွားစမ်း!"

……………

ဓားနတ်ဘုရားတောင်ကြား၌။

"ကျန်းဟိုင် ဓားပါရမီရှင်?"

အနက်ရောင်ဝတ်ရုံသည် ကောင်းကင်တွင် ပျံဝဲနေပြီး သူ့ဝတ်ရုံများသည်လည်း လေထဲတွင် တဖျပ်ဖျပ် ခတ်နေသည်။ သူသည် သူ့ရှေ့မှ လီကျစ်ရွှမ်းကို ကြည့်ကာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

“ပါရမီရှင်များ” လို့ ခေါ်တဲ့ သူတွေ အများကြီးကို သူမြင်ဖူးပါ၏။ ရာစုနှစ်တစ်ခု ကြာပြီးနောက် ကမ္ဘာကြီးကလည်း ပါရမီရှင်များ ပြတ်လပ်မှုမရှိခဲ့ပေ။

ထိုမျှသာမက ထိုသို့သော ဓားရေးကျွမ်းကျင်သူများသည် မကြာခဏဆိုသလို အစွဲအလမ်းကြီးစွာဖြင့် မွေးဖွားလာကြသည်- အပြင်းထန်ဆုံးသူများထံမှ သင်ယူကာ ၎င်းတို့၏စွမ်းရည်များကို မြှင့်တင်ရန် ကြိုးစားကြ၏။

ဒါကိုတွေးပြီး ဝတ်ရုံနက်လည်း ကျန်းဟိုင်မြို့မှာရှိတဲ့ ဓားနတ်ဘုရားရဲ့အဆင့်အတန်းကို သတိရပြီး ချက်ချင်း သဘောပေါက်သွားတော့သည်။

ဒီတော့ ဒီမိန်းကလေးက သူ့တပည့်ဖြစ်ချင်လို့ ရောက်လာတာပေါ့။

"ဒါဆို ဒီလိုပဲပေါ့!"

ဒါကိုတွေးပြီး ဝတ်ရုံနက်အမျိုးသားက ဟက်ဟက်ပက်ပက် ရယ်မောပြီး လီကျစ်ရွှမ်းကို ချက်ချင်း တီးတိုးပြောလိုက်သည်။

"ဘာလဲ မင်း ငါ့ဆီက ဘာလိုချင်လို့လဲ"

သူပြောပြီးတာနဲ့ လီကျစ်ရွှမ်း မျက်မှောင်ကြုတ်ပြီး သွားများကို ကိုက်လိုက်သည်။ အနက်ရောင်ဝတ်ရုံက ဆရာမဟုတ်ကြောင်း ဒီစကားတစ်ခွန်းကတင် သက်သေပြခဲ့ပြီ။

ပထမအချက် ဆရာက သူမကို မမှတ်မိဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဒုတိယအချက် သူသည် သူ့ကိုယ်သူ "ဒီဆရာ" ဟု တစ်ခါမျှ မရည်ညွှန်းခဲ့ပေ။ ဒါကိုတွေးရင်း လီကျစ်ရွှမ်း နောက်ပြန်ဆုတ်ပြီး တိုးတိုးလေး ထပ်ပြောလိုက်သည်။

"ဘာလို့ ဒီကိုလာတာလဲ အကြီးအကဲ ဓားနတ်ဘုရား"

"ငါကဘာလို့ဒီကို ရောက်နေတာလဲလား..."

အနက်ရောင်ဝတ်သည် အောက်ဖက်ရှိ နိုင်ငံသား များကို ငုံ့ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်ချလိုက်သည်။

"ငါ ကျန်းဟိုင်ကို အကြိမ်ကြိမ် ကယ်ခဲ့ပြီးပြီ ဒါကို ဘယ်လိုမှ အချည်းနှီး အဖြစ်မခံနိုင်ဘူးလေ... အမွှေးတိုင်တွေ စုဆောင်းဖို့ အချိန်ရောက်ပြီ... ကျန်းဟိုင်က အခုအချိန်မှာ ကမောက်ကမ ဖြစ်နေပြီး အားလုံး ဒုက္ခရောက်နေကြတယ်... လူတိုင်းက အမွှေးတိုင်လေးတွေ လှူရင် ငါကလည်း သဘာဝအတိုင်း မင်းကို ဒီဒုက္ခတွေကနေ လွတ်မြောက်စေမှာပါ"

သူပြောပြီးတာနဲ့ ဓားနတ်ဘုရား တောင်ကြား တစ်လျှောက် အော်သံတွေက မိုးခြိမ်းသံလို မရေမတွက်နိုင်အောင် ပဲ့တင်ထပ်သွားသည်။

"ဓားနတ်ဘုရား ပြောတာ မှန်တယ်!"

"ကျွန်တော်တို့ကို ကယ်ပါ ပိုက်ဆံက ပြဿနာမဟုတ်ပါဘူး!"

"ပြန်ဆပ်ရမယ့် အချိန်ရောက်ပြီ!"

“….”

လူတိုင်း ဓားနတ်ဘုရားကို ချီးမွမ်းနေကြစဥ် ရုတ်တရက်!

"ပါးစပ်ပိတ်ထား!"

ချလွင်း!

ဓားရှည်တစ်ချောင်းသည် ၎င်း၏ အေးစက်သော အလင်းရောင်နှင့်အတူ လူသတ်လိုစိတ်များ ဖြာထွက်ကာ ဓားချိုင့်တစ်ခုလုံးကို ချက်ချင်း ဖုံးအုပ်ပစ်လိုက်သည်။ လီကျစ်ရွှမ်း ဒေါသတကြီးဖြင့် အနက်ရောင်ဝတ်ရုံကို အေးစက်စွာ ညွှန်ပြလိုက်သည်။ အမျိုးသမီးငယ်၏ အသံသည် ဓားချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်ကာ လူတိုင်း၏ နားထဲတွင်လည်း တုန်လှုပ်သွားခဲ့သည်။

"ရှင်က လူလိမ်ပဲ! ဓားနတ်ဘုရားလို အယောင်ဆောင်ပြီး ဘာကိုအောင်မြင်ဖို့ ကြိုးစားနေတာလဲ"

All Chapters