← Chapters

နောက်ဆုံးတော့ ဆရာပေါ်လာပြီ

Vol. 11 Ch. 156

နောက်ဆုံးတော့ ဆရာပေါ်လာပြီ

Vol. 11 Ch. 156

"ဘာတွေလန့်နေတာလဲ?"

ချင်းယန် သမ်းဝေပြီး ဧရိယာတစ်ရှိ သူ့နေရာသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။

"အသေးအမွှားကိစ္စပဲ... ဓားနတ်ဘုရားတောင်ကြားက ဒီနေရာနဲ့ အဝေးကြီး"

အခုနကတင် သန့်စင်ခန်းထဲမှာ သူ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ထားပြီး အခြေအနေကို နားလည်သွားပြီးပြီ။

"???"

လီချင်းဟဲ အံ့အားသင့်သွားသည်။ သူမ မနေနိုင်စွာ ချင်းယန်လက်ကို လှမ်းဆွဲကာ။

"ခဏနေပါဦး ဆရာ... ဒါက ဆရာ့ရဲ့တုံ့ပြန်မှုလား"

သူမသည် ချင်းယန် ဝင်လှုပ်ရှားဖို့ မျှော်လင့်နေမိတာကြောင့် အကြာကြီး တံခါးဝတွင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ရလဒ်က ဒါတဲ့လား။

ချင်းယန်ခေါင်းကို စောင်းပြီး လီချင်းဟဲရဲ့ လက်ကို လွှဲခါလိုက်သည်။

"မင်းက ကူညီဖို့ ငါ့ကို ဓားနတ်ဘုရားတောင်ကြားဆီ အမြန်သွားစေချင်တာလား"

"ဟုတ်တယ်! သွားရမယ်! ကျစ်ရွှမ်းက ရှင့်ရဲ့ ဆရာတူညီမ...သူ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ သူမ အခု အန္တရာယ် ကျရောက်နေပြီ၊ 'ဆရာဘိုးဘိုး' အတုက ဓားနတ်ဘုရားတောင်ကြားမှာ မောက်မာဖို့ စီစဉ်နေတုန်းပဲ..."

လီချင်းဟဲ ခေတ္တရပ်ပြီး မျက်ရည်ကျချင်သော လေသံဖြင့် :"ဆရာ တကယ်ပဲ ကျောခင်းချင်သေးတာလား?! တိုက်ပွဲမှာ ကူညီပေးတာနဲ့ တတ်နိုင်သလောက် လုပ်ရမယ်လေ..."

ချင်းယန် သူမမျက်နှာကို ကြည့်ပြီး အေးအေးဆေးဆေး ဖြေသိမ့်ပေးလိုက်သည်။

"ဒီဓားနတ်ဘုရားအတုက မယုံနိုင်လောက်အောင် အစွမ်းထက်တယ်... ငါ သူ့ကို အခု အနိုင်ယူလို့ မရဘူး... ငါတို့အခုလည်း မိုင်ထောင်ချီ ဝေးကွာနေတော့ ဘာဆက်လုပ်ရမှာလဲ ကိုယ့်ကိုကိုယ် သေလမ်းပို့နေတာနဲ့ မတူဘူးလား? "

သူစကားပြောနေစဉ် သူ၏ပျင်းရိသော အဆင့်သို့ ပြန်ရောက်နေပြီ ဖြစ်ပြီး အေးအေးဆေးဆေး ထိုင်၍ အိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ ဗီဒီယိုအတိုလေးကို နှိပ်လိုက်သည်။

ထလာမည့် အရိပ်အယောင် မပြဘဲ ငြိမ်နေလိုက်သဖြင့် လီချင်းဟဲ စိုးရိမ်ပြီး ဒေါသတကြီး မျက်မှောင်ကြုတ်လိုက်သည်။

"ဟမ့် သွေးအေးလူသား!"

ချင်းယန်ကို စိုက်ကြည့်ကာ ခြေထောက်ကိုဆောင့်ကာ ဒေါသတ​ကြီးဖြင့် ထွက်ခွာသွားပြီး ချင်းယန်ကို ထောင့်တစ်နေရာတွင် တစ်ယောက်တည်း ထားခဲ့လိုက်သည်။ ဧရိယာ၁က တိတ်ဆိတ်သွားပြန်သည်။

ချင်းယန် သူ့နားကြပ်ကိုတပ်ပြီး သူ့ဖုန်းထဲက တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်ပြောင်းလိုက်ကာ ဓားနတ်ဘုရားတောင်ကြားက တိုက်ပွဲကို ဆက်လက် ကြည့်ရှုနေခဲ့သည်။

"သခင်ခြေထောက်တွေကို မြင့်မြင့်တင်လိုက်... ကျွန်မ တက်တော့မယ်"

ရှောင်ပိုင် သူ့ရင်ခွင်ပေါ်သို့ သွက်သွက်လက်လက် တက်လာပြီး သူ့လက်နှစ်ဖက်ကို အုပ်ထားလိုက်သည်။ သူမသည် ချင်ယန်ကို မော့ကြည့်လိုက်ပြီးနောက် ခေါင်းကို ငုံ့ကာ အမွေးအမြီးများကို လှုပ်ယမ်းနေ၏။ သူ့နှလုံးသားမှာတော့ အထင်အမြင် သေးခြင်းများဖြင့် ပြည့်နှက်နေသည်။

သူက တခြားသူကို ထွက်သွားဖို့ လှည့်စားပြီး တိုက်ရိုက်လွှင့်တာကို တစ်ယောက်တည်း တိတ်တဆိတ် ကြည့်နေသည်။

'နင်က အဲဒီတပည့်ကို စိတ်ပူနေတာလား...'

ထက်မြက်သော လျှာ၊ နူးညံ့သောနှလုံး။

'နင်က အရမ်းကြမ်းတာပဲ ဒီနတ်သမီး နင့်ကို မုန်းတယ်!!!'

…………..

ဓားနတ်ဘုရားတောင်ကြား၌။

ဗုန်း!

မိုးခြိမ်းသံက ကောင်းကင်တခွင်ကို ရိုက်ခတ်ကာ ထူထပ်သော မိုးတိမ်များ ပျံ့နှံ့သွားသည်။

အနက်ရောင်ဝတ်ရုံသည် လေပြင်းများကြားတွင် ရပ်နေပြီး ကောင်းကင်ကြီးကို နှောင့်ယှက်ချင်​နေသလိုပင်။ ဓားနတ်ဘုရားတောင်ကြား အတွင်းရှိ ဓားစွမ်းအင်သည် တဟုန်းဟုန်း တောက်လောင်ကာ တောင်များနှင့် သစ်ပင်များကို ကျိုးကြေစေသော ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော လေဆင်နှာမောင်း​ကြီးကို လွှတ်ထုတ်လိုက်သည်။

အောက်ဘက်ရှိ လူအုပ်ကြီးမှာ ထိတ်လန့်တုန်လှုပ်လာကာ ရောက်လာမည့်လေကို သတ္တိရှိရှိ မတ်တတ်နေနိုင်ရန် ရုန်းကန်နေရသဖြင့် အချင်းချင်း နင်းမိကုန်ကြသည်။

မြင်ကွင်းက ရုတ်ချည်းဆိုသလို ကမောက်ကမ ဖြစ်သွားခဲ့သည်။

"ကျန်းဟိုင်ဓားနတ်ဘုရား! မင်းဘာလို့ ငါ့ဆီမလာ​သေးတာလဲ!"

အနက်ရောင်ဝတ်ရုံ၏ အကြည့်သည် လူအုပ်အပေါ်ကို လွှမ်းခြုံသွားကာ သူ့မျက်လုံးများတွင် လူသတ်ချင်လည်းသည့် အရိပ်အယောင်ကို ဖုံးကွယ်မထားတော့ပေ။ သူ့မူလအစီအစဉ်အရ လူများများ စုနိုင်သင့်သည်။

လုံလောက်သည်နှင့် သူသည် ဤ 'ဓားနတ်ဘုရားတောင်ကြား' ကို 'ဓားနတ်ဘုရား ဂူသင်္ချိုင်း' အဖြစ်သို့ ပြောင်းလဲစေပြီး ဓားနတ်ဘုရားကို ယုံကြည်သူ နိုင်ငံသားအားလုံးကို အသက်ရှင်လျက် သင်္ဂြိုဟ်ပစ်လိုက်မည် ဖြစ်သည်။

လီကျစ်ရွှမ်း ရုတ်​တရက်​​ ရောက်​မလာဘဲ သူ့အကြံအစည်​​တွေကို ​မနှောက်​ယှက်​ရင်​ ချိုင့်ထဲကို ဒီထက်ပိုပြီး လူမိုက်တွေ ဝင်လာအောင် စုဆောင်းနိုင်မည်။ စာကြည့်တိုက်ပိုင်ရှင်၊ ရဲဦးစီးချုပ်၊ ကျန်းဟိုင်က အဆင့်မြင့် အရာရှိတွေက... စစ်မှန်တဲ့ ကျန်းဟိုင်ဓားနတ်ဘုရားကို လှည့်စားနိုင်တာတောင် ဖြစ်နိုင်၏။

ဒါပေမယ့် အခုတော့ အရာအားလုံး ပျက်စီးသွားပြီ။

"ဒါတွေအားလုံးက ပုရွက်ဆိတ်တွေရဲ့ အပြစ်ပဲ!"

အနက်ရောင်ဝတ်လုံရုပ်သည် ချိုင့်ဝှမ်းအပြင်ဘက်ရှိ ​လေထုများကို စစ်ဆေး​ကြည့်သည်။

ဘာမှမဖြစ်လာ။ ဓားနတ်ဘုရားလည်း ရောက်မလာချေ။ အစီအစဥ် ပြောင်းသွားပြီမို့ သူ နှောင့်နှေးမနေနိုင်တော့ဘူး။

ဝတ်ရုံအနက်ရောင်နဲ့ အမျိုးသားသည် လက်ညှိုးကို ဆန့်ထုတ်ကာ ဓားစွမ်းအင်ကို ဓားထိပ်ဖျားမှာ စုစည်းရင်း ချိုင့်ဝှမ်းထဲရှိ ပြည်သူများကို တိုက်ရိုက် ညွှန်ပြလိုက်သည်။

"ကောင်းပြီ... မင်းက သူရဲဘောကြောင်ရတာကို ဝါသနာပါမှတော့ ရက်စက်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့.... ဒီလူတွေကို မင်းအတွက် လက်ဆောင်အဖြစ် ငါသတ်​ပေးလိုက်မယ်...."

သူ့လက်နဲ့ ဖိချလိုက်ရင်ပဲ ကြယ်စွမ်းအင်သည် မိုင်ထောင်ပေါင်းများစွာကို ဖြတ်ကျော်ကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးကို ဖန်တီးပစ်ခဲ့သည်။ ဤပေါင်းစပ်တိုက်ခိုက်မှု နှစ်ခုအောက်တွင် ပြည်သူတွေမှာ ပုရွက်ဆိတ်များ နှိပ်စက်ခံနေရသလို ဘဝအားလုံး ပျက်သုဉ်းသွားလိမ့်မည်။

ဤခဏအတွင်းတွင် တောင်ကြား အတွင်းရှိ ကောင်းကင်သည် မှောင်မိုက်နေပြီး မြင့်မားသောတောင်တန်းများက ပြိုကျလာနေသကဲ့သို့ နေရောင်ကို ဖုံးအုပ်ပစ်ခဲ့သည်။

"လူတိုင်း ခုခံကြ!"

ဒါကိုမြင်တော့ အကြီးအကဲလီလည်း မဆိုင်းမတွ သူ့ရဲ့ ကြယ်စွမ်းအင်ကို တန်ပြန်တိုက်ခိုက်ပြီး အပေါ်စီးက ဖိအားတွေကို ချေမှုန်းဖို့ ကြိုးစားတော့၏။ သို့သော် အလုံးစုံ ခုခံနိုင်ဖို့က လုံလောက်စွာ ဝေးကွာ​နေသေးသည်။ နယ်ပယ်အဆင့်ဆင့် ဖြတ်ကျော်ရတာက တောင်ကိုဖြတ်ပြီး ပင်လယ်ကို ဖြတ်ရတာနဲ့ အတူတူပင်။

ယခု ရန်သူက မွေးရာပါနယ်ပယ်ကို ဖိနှိပ် ဆန့်ကျင်နိုင်သော ဂိုဏ်းဆရာနယ်ပယ် ကောင်းကင်တန်ခိုးနှင့် တူ​လေသည်။

"ဆရာ ကျွန်တော်တို့ လာကူမယ်!"

လင်မော့ဖုန်းနဲ့ လီကျစ်ရွှမ်းကလည်း အပေါ်စီးမှ ကြီးမားသော ဖိအားကို တွန်းလှန်ဖို့ ၎င်းတို့၏ ကြယ်စွမ်းအင်ကို မြှင့်တင်ကာ လက်ကို မြှောက်ထားလိုက်တဲ့အခါ ကြောက်စရာကောင်းသည့် စွမ်းအင်များ တိုက်မိသွားခဲ့သည်။

ဗုန်း!

အနီးပတ်ဝန်းကျင်တွင် တပ်စွဲထားပြီးသော ကြယ်ပွင့် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များကလည်း စည်းလုံးညီညွတ်စွာဖြင့် ပစ်ခတ်မှု စတင်ခဲ့သည်။ ပြင်းထန်သော ဒုံးကျည်များ ကျလာသည်။

၎င်းတို့သည် မီးတောက်များနှင့် ပြင်းထန်သော ရောင်ဝါများ တောက်လောင်လျက် 'ဓားဘုရားအတု' ကို တိုက်ရိုက် တိုက်ခိုက်ကြသည်။ အားလုံးက အပေါ်စီးက ဖိအားတွေကို ချိုးဖျက်ဖို့ ဝိုင်းပြီး အကူအညီ ပေးကြ၏။

"ပုရွက်ဆိတ်တွေရဲ့ ရုန်းကန်မှုလေးကများ!"

ဝတ်ရုံအနက်ရောင် အမျိုးသားသည် အောက်ဖက်က အော်ဟစ်သံများကို နားထောင်ရင်း နှစ်သက်စွာ ပြုံးကာ လှည့်ပတ်ကြည့်နေသည်။

နေရာတိုင်းတွင် အော်ဟစ်သံများဖြင့် ပြည့်နှက်နေသဖြင့် တောင်ကြားထဲ ပရမ်းပတာတွေ ဖြစ်နေသည်။ အမြောက်များ၏ ဟောက်သံများက ကောင်းကင်ကို ပြေးတက်လာနေကာ အားလုံးက ငရဲအလား ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းကြောင့် ငိုကြွေးနေကြသည်။

"မင်းတို့ကိုယ်မင်းတို့ ပုရွက်ဆိတ်တွေလို့ မထင်ဘူးလား.."

ထိုလူက ကျယ်လောင်စွာ ရယ်မောပြီး ဓားတောင်ကြားရှိ ကြေကွဲဖွယ်မြင်ကွင်းကို အင်မတန် သဘောကျနေပုံရသည်။ တစ်ဆက်တည်း သူက လက်ညိုးကို အောက်ကလူတွေဆီ ထပ်နှိပ်လိုက်ပြန်၏။

ဗုန်း!

ကြယ်စွမ်းအင်ဖိအား၏ ဒုတိယလှိုင်း ထပ်ဝင်လာသည်။ ထိုအခါ အကာအကွယ် အလွှာဆီမှ ပင့်ကူမျှင်များလို အက်ကွဲကြောင်းများ အနှံ့ ပျံ့နှံ့သွား​တော့သည်။ ဓားတောင်ကြား အောက်က အော်ဟစ်သံတွေကလည်း ပိုမို ဆူညံလာလေ၏။

အနက်ရောင်ဝတ်ရုံသည် တောင်ကြား အတွင်းက ရုန်းကန်မှုများကို ငုံ့ကြည့်ရင်း သူ၏ လူသတ်ချင်စိတ်များ တဟုန်ထိုးတက်လာသည်။ စိတ်ကူးထဲမှာတော့ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ကြောက်မက်ဖွယ်ရာ လူသေအလောင်းများကို မြင်နေရပြီဖြစ်သည်။

"ဒါက မင်းတို့ငါ့ကို မေးခွန်းထုတ်လို့ပဲ!"

အော်ဟစ်သံများကို နားထောင်ရင်း အနက်ရောင်ဝတ်ရုံသည် သူ့မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်ရာ အဝေးရှိ မိုးကုတ်စက်ဝိုင်းမှ အလင်းတန်း တစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။

ရွှင်း!

အရုဏ်ဦးရဲ့ ခရမ်းရောင် အလင်းတန်းကဲ့သို့ အရှေ့ဘက်ကလာတဲ့ ခရမ်းရောင်လေထုပင်။

"အဲဒါကဘာလဲ?"

အနက်ရောင် ၀တ်စုံသည် တုံ့ပြန်ခြင်း မပြုနိုင်ဘဲ ခဏမျှ အေးခဲသွားသည်။ ထို့နောက် တခဏချင်းတွင် အလင်းက မိုင်တစ်ထောင်ကျော်ဖြတ်ကာ သူ့ဆီသို့ တည့်တည့် တိုးဝင်သွားသည်။

သေချာ ကြည့်လိုက်တော့ ၎င်းက နဂါးများနှင့် ဖီးနစ်များ ပျံသန်းနေသော ဓားတစ်လက်သာ။

"မကောင်းတော့ဘူး!"

အနက်ရောင်ဝတ်ရုံ၏ အဆုတ်များမှာ ရုတ်တရက် အသက်မရှူနိုင်တော့သလို ရပ်တန့်သွားပြီး သူ့စိတ်တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ သူလှည့်ထွက်ပြေးဖို့ ကြိုးစားလေ၏။

ဝှစ်!

ခရမ်းရောင် ကျစ်ဝေးနတ်ဓားသည် သူ့ရင်ဘတ်ကို ထိုးဖောက်ပြီးသွားပြီ ဖြစ်တာကြောင့် နေရာအနှံ့ သွေးများ စီးကျလာခဲ့သည်။ ထို့နောက် အသက်ရှူသံ အနည်းငယ်အကြာတွင် ချင်းယန် သူ့ဘေးမှာ ပေါ်လာပြီး ဓားရှည်ကို သူ့​ရင်ဘတ်မှ ဆွဲထုတ်လိုက်သည်။

အနက်ရောင်ဝတ်ရုံနဲ့ တူညီသော ခရမ်းရောင် ကျစ်ဝေးနတ်ဓား!

ဒါပေမယ့် ပိုလို့တောင် အားကောင်းတဲ့ ရောင်ဝါတစ်ခုနဲ့ ထွက်ပေါ်လာခြင်းပင်။

ဤအခိုက်အတန့်တွင် ဓားနတ်ဘုရားတောင်ကြားရှိ ဓားစွမ်းအင်များသည် သူတို့၏သခင်အစစ်အမှန် ပြန်လာခြင်းကို ကြိုဆိုလိုက်သကဲ့သို့ ရွှင်မြူးစွာ တညီတညွတ်တည်း ပဲ့တင်ထပ်လာပါ​တော့သည်။

လူတိုင်း မျှော်ကြည့်ပြီး ဆွံ့အနေကြစဥ် လီကျစ်ရွှမ်းကတော့ ထိုရင်းနှီးကျွမ်းဝင်သော ရောင်ဝါကို ခံစားလိုက်ရသဖြင့် ပို၍ပင် ပီတိဖြစ်သွားခဲ့သည်။

ဆရာ နောက်ဆုံးတော့ ရောက်လာပြီ။

All Chapters