← Chapters

အရှင် ထွက်လာပြီ! အရှင် ရှုံးသွားပြီလား

Vol. 11 Ch. 158

အရှင် ထွက်လာပြီ! အရှင် ရှုံးသွားပြီလား

Vol. 11 Ch. 158

ဓားနတ်ဘုရားတောင်ကြား။

နေမင်းကြီးကြောင့် နေ့လယ်ခင်း နေရောင်ခြည်က တောက်ပနေ၏။ ချင်းယန်သည် ကျစ်ဝေးနတ်ဓားကို မြင့်မားစွာကိုင်ဆောင်ထားပြီး ၎င်း၏အစွန်းမှာ အေးစက်သောအလင်းရောင်ဖြင့် တောက်ပနေသည်။

ကမ္ဘာကြီးကို အေးစက်စက် လူသတ်ချင်နေသော ကြံရွယ်ချက်တစ်ခုက ပျံ့နှံ့ဖုံးအုပ်ထားလျက် ရှိသည်။ လူအုပ်ကြီး အမြင်မှာတော့ ကောင်းကင်တန်ခိုးက သူတို့အပေါ်သို့ ကျဆင်းလာသကဲ့သို့ပင်။

ချောက်ကြီးအောက်တွင် စုဝေးနေသော ပြည်သူများက အပေါ်စီးမှ မြင်ကွင်းကို ​​​မော့ကြည့်နေကြသည်။ ဓားတစ်သောင်း တုန်ခါသွားကာ ချောက်အတွင်းမှ ဓားစွမ်းအင်များ တဟုန်ထိုး တက်လာသည်။

ဝတ်ရုံအနက်ရောင် အမျိုးသား၏ လမ်းကြောင်းသည် ယခုအခါ အဖက်ဖက်က ပိတ်ဆို့သွားခဲ့ပြီး ဖြစ်သဖြင့် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ မကြာသေးမီကပင် မာနကြီးလွန်းခဲ့သူသည် ယခု ကျန်းဟိုင်ဓားနတ်ဘုရား ရှေ့တွင် ခုတ်ထစ်ဘုတ်တစ်ပိုင်းမျှသာ ဖြစ်သွားကာ လုံးဝ မခုခံနိုင်တော့ပေ။

"ငါ့ကို မသတ်နဲ့.."

အနက်ရောင်ဝတ်ရုံလူသည် လေထုအလယ်တွင် ဘေးဘက်သို့ ထိတ်လန့်တကြား ဆုတ်ခွာသွားကာ ပိတ်ဆို့ထားသော ဓားစွမ်းအင်ကြောင့် ဖြတ်သွားရသည်။ ကျယ်ပြောပြီး အကန့်အသတ်မရှိဟု ထင်ရသော ကောင်းကင်ကြီးသည် သူ့အတွက် ထောင်တစ်ခုလိုတောင် ဖြစ်လာသည်။

"အရှင်မင်းကြီး.... ကယ်ပါဦး!!!"

အနက်ရောင်ဝတ်လူသည် စူးစူးဝါးဝါး အော်ဟစ်ရင်း အချက်ပြမှုများ ပေးပို့နေဆဲ။ နားထဲမှာတော့ ဓားသွားသံ၊ သေခြင်းတရားသံကို ကြားနေရပြီ။

ချွင်း!

ပြန့်ကျဲနေသော ဓားသံများသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကာ ဖြိုခွင်းရန် ကြံရွယ်နေသည့်နှယ် လေထုထဲ စူးရှစွာ ပေါက်ကွဲထွက်လာပြီး လေဟာနယ်တစ်ခုပါ ဖန်တီးပစ်သည်။ ဤနောက်ဆုံး ဓားချက်၏ ဖျက်ဆီးနိုင်စွမ်းဟာ လျင်မြန်ပြီး ပြတ်ပြတ်သားသား ထိုးနှက်ချက်ဖြစ်သည်။

“မဟုတ်ဘူး…”

ဒီဒဏ်သာ ထိသွားရင် သူ့အရိုးစုတစ်ခုလုံး ကွဲကြေပြီး ဖုန်မှုန့်တွေလို လွင့်စင်သွားမှာ မဟုတ်ဘူးလား?

သူ ရှင်ပြန်ထမြောက်တာ ဘယ်နှစ်ကြိမ်ပဲရှိရှိ လုံလောက်မှာ မဟုတ်ဘူး။

တစ်ဖက်က ခရမ်းရောင်ဓားအလင်းက နီးကပ်လာချေပြီ။ အနက်ရောင်ဝတ်ရုံလူလည်း နောက်ဆုံးတော့ မျက်လုံးမှိတ်ပြီး သေခြင်းတရားကို ရိုးရိုးရှင်းရှင်း စောင့်ဆိုင်းနေခဲ့သည်။ ကွပ်မျက်ခံရသည့် အခင်းအကျင်းကို အောက်ခြေရှိ လူအုပ်ကြီးကလည်း မျှော်ကြည့်နေကြသည်။

သို့သော် ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာ ရုတ်တရက် ကောင်းကင်ကြီးက မှိန်ကျသွားသည်။ သူရှေ့ရှိ နေရာသည် မရေမတွက်နိုင်သော ကြေးမုံပြင်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။ မျက်နှာဖုံးစွပ်ထားသော အဘိုးအိုတစ်ဦးသည် လေထုကို ဖြိုချကာ ကွဲကြေနေသောနေရာမှ ထွက်လာ၍ ဓားအလင်းကို လက်ဗလာဖြင့် ဆုပ်ကိုင်ထားလိုက်သည်။

ဟူး!

တခဏအတွင်း ဆူညံသံများ တိတ်ဆိတ်သွားသည်။ ဘယ်သူကမှ မတုံ့ပြန်နိုင်ခင်မှာ သူတို့ နားထဲမှာ အော်မြည်သံကိုသာ ခံစားလိုက်ရလေ၏။ နေနှင့်ယှဉ်နိုင်သော ဓားအလင်းသည် ဖြူဖျော့ကာ ငြိမ်သက်သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသလို ဓားနတ်ဘုရားတောင်ကြားကို ဖြတ်ပြီး တိုက်ခတ်နေသည့် လေပြင်းကလည်း ရုတ်တရက် ရပ်သွားတော့သည်။

သေခြင်းတရားကို ကိုယ်စားပြုသည့် ဓားအလင်းတန်းကို မျက်နှာဖုံးစွပ်အဘိုးအိုက လက်ဗလာဖြင့် ဆုပ်ကိုင်ထားပြီး အတင်းအကြပ် ဆုပ်ကိုင်ထားကာ ဓားရည်ရွယ်ချက်ကို အတင်းအကျပ် မောင်းထုတ်ပစ်လိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!"

လင်မော့ဖုန်း အဘိုးအိုရဲ့ စွမ်းအားကို သတိပြုမိပြီး ချက်ချင်းပင် ထိတ်လန့်သွားသည်။ ကျန်းဟိုင်ဓားနတ်ဘုရားရဲ့ တိုက်ခိုက်မှုက ဘယ်လောက် အစွမ်းထက်သလဲ သူ ခံစားမိပါသည်။ ၎င်းက ကောင်းကင်နှင့်မြေကြီးကို ချေမှုန်းရန် ရည်မှန်းထားသည်။

အခုတော့ မျက်နှာဖုံးစွပ် အဘိုးအိုက ဘယ်ကနေ ထွက်လာမှန်းမသိ လက်ဗလာနဲ့ ချေဖျက်နိုင်ခဲ့၏။

ဒါဆို သူ ဘယ်အဆင့်ထိ ခွန်အားတွေ ရနေပြီလဲ။

"ဒီလောက် ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေ..."

လင်မော့ဖုန်းသည် ထိုလုပ်ကြံမှုကို စတင်ခဲ့သော ချင်းယန်ကို ကြည့်ပြီး စိုးရိမ်သောကများ သူ့မျက်နှာကို ဖြတ်ပြေးသွားခဲ့သည်။

ဤအခြေအနေကို အဆုံးအဖြတ်ပေးရလျှင် နောက်တဖန် ရှေ့မတိုးနောက်မဆုတ်သာ ရောက်ရှိသွားခဲ့ပြီး ကျန်းဟိုင်ဓားနတ်ဘုရားဟာ မျက်နှာဖုံးစွပ်ထားသော အဖိုးအိုကိုပင် အနိုင်ယူနိုင်မည် မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး!!!"

အနက်ရောင်ဝတ်လူသည် သူ့ရှေ့တွင်ရပ်နေသော မျက်နှာဖုံးစွပ် အဘိုးအိုကိုကြည့်ကာ တဒိတ်ဒိတ် ရင်ခုန်နေသော နှလုံးသားကို ဆုပ်ကိုင်ထားလေသည်။ အခုထိတောင် ကြောက်ရွံ့မှုတစ်ခုလို ခံစား​​နေရဆဲ ဖြစ်သည်။ နောက်ဆုံးတော့ ထိုဓားဖြင့် ထိုးနှက်ခံရမည့်အရေးမှ လွတ်မြောက်သွားပါပြီ။

အရှင်သည် ကြီးမားလှသော တန်ခိုးကိုသုံးကာ လက်ဗလာဖြင့် ဓားရောင်ဝါကို ချေမှုန်းရန် အသုံးပြုခဲ့သည်။ အခု အရှင်ရှိနေရင် ကျန်းဟိုင်ဓားနတ်ဘုရား သူ့ကို မသတ်နိုင်တော့ပေ။

အနက်ရောင်ဝတ်လူသည် ချင်းယန်ကို အေးစက်စွာကြည့်ကာ အရှင် ထပ်မံလှုပ်ရှားမှာကို စောင့်ဆိုင်းနေသကဲ့သို့၊ ရေပေါ်နေသော အလောင်းကို စစ်ဆေးနေသကဲ့သို့ ရှုံ့မဲ့နေသော အကြည့်များကို ပြသနေ၏။

"ကျန်းဟိုင်ဓားနတ်ဘုရား အခု မင်းလက်မြှောက်ရင် မင်းအသက်ကို ချမ်းသာပေးဖို့ စဉ်းစား​ပေးမယ်!"

မျက်နှာဖုံးစွပ် အဘိုးကြီးသည် လက်နှစ်ဖက်နောက်ပစ်လျက် လေထဲမှာ ရပ်နေ၏။ သူ၏ ပြောင်မြောက်လှသော ရွှေရောင်မျက်နှာဖုံးကို ထူးထူးဆန်းဆန်း ကြယ်သားရဲမျိုးစုံဖြင့် အလှဆင်ထားသည်- ခြေလက်ခုနစ်ချောင်း၊ ခြေသုံးချောင်းငှက်များ၊ မျက်လုံးကိုးလုံးကြွက်များ စသဖြင့်။ ဤသတ္တဝါများသည် သူစကား ပြောသောအခါတွင် တဖျပ်ဖျပ်နှင့် လှုပ်ရှားနေကြ၏။

သားရဲတစ်ရာတို့၏ ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားနေကြပုံမှာ ထိတ်လန့် ကြောက်ရွံ့ဖွယ်လည်း ကောင်းသည်။ သိမ်မွေ့သောနည်းဖြင့် ဆိုရလျှင် ၎င်းသည် လူသတ်လမ်း၏ အခြေခံနိယာမကိုပင် အရိပ်အမြွက် ဖော်ပြ​နေခဲ့သည်။

"ငါက စေတနာကောင်းထားပါတယ်... မင်းရဲ့ ကျင့်​ကြံမှုမှာ ခံစားခဲ့ရတဲ့ အခက်အခဲတွေကို ဆင်ခြင်ကြည့်ပေါ့.. မင်းလက်မြှောက်ရင် ငါ့တပည့်ကို သတ်ချင်တဲ့ ကိစ္စကို ခွင့်လွှတ်ပေးလိုက်မယ်!"

သူစကားပြောနေစဉ်တွင် လေထဲသို့ ဖြတ်လျှောက်သွားခဲ့သည်။ တိရစ္ဆာန်တစ်ရာ၏ ဟောက်သံက ရွေ့လျားသွားလေရာ တစ်ခါတစ်ရံ နက်နဲသည်၊ တစ်ခါတစ်ရံ ကျယ်လောင်လာသည်။ ဟောက်သံတစ်ခုစီက ကောင်းကင်နှင့်မြေကြီး၌ ထူးဆန်းသော ရောင်ဝါကိုပင် ဖြစ်ပေါ်စေ၏။

တခဏအတွင်းမှာပင် တိမ်ညိုများက ချောက်ကြီးကို ဖုံးလွှမ်းသွားပြန်သည်။ အဆုံးမရှိသော အမှောင်ထုက ဓားတောင်ကြားကို လွှမ်းခြုံသွားခဲ့သည်။

"နိယာမအာဏာ?"

ချင်းယန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အဘိုးကြီးရဲ့ တည်ရှိနေမှုကို သူ ခံစားမိသည်။ နိယာမစွမ်းအင် အပေါ် အာဏာကို လှုံ့ဆော်ပေးနိုင်စွမ်းရှိ၏။ ရှင်းနေသည်မှာ ထိုသူသည် သူကိုယ်တိုင်လိုပဲ အဓိပတိနယ်ပယ်ကို ခြေလှမ်းတစ်ဝက် လှမ်းနေပြီ။

"ကြည့်ရတာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု စတင်တော့မယ့်ပုံပဲ!"

ချင်းယန် တွန့်ဆုတ်မနေပါဘူး။ သူ့လက်ကိုဖွင့်ကာ ရိုးရှင်းပြီး လေးနက်သော အစီအရင် ဖွဲ့စည်းမှုပုံစံကို ဆင့်ခေါ်လိုက်သည်။

ကောင်းကင်အထက်၌ ကြယ်ခုနစ်လုံးက လှည့်ပတ်ကာ အထက်တိမ်မည်းများကို ဖြိုခွင်းပစ်လိုက်သည်။ ပြိုးပြိုးပြက်ပြက် ပြနေသော ကြယ်ရောင်များ ကြွေကျကာ ချောက်ထဲရှိ မြက်ပင်များနှင့် သစ်ကိုင်းတိုင်းကို ညင်သာစွာ ဖုံးအုပ်ထားလိုက်သည်။

လူတိုင်းသည် ထိုတောက်ပသော အလင်းရောင်အောက်တွင် ရေချိုးနေကြသလိုပင်။ ဓားတောင်ကြား တစ်ခုလုံး အလင်းရောင်များ တောက်လောင်ကာ ရင်သပ်ရှုမောဖွယ်ရာ အလှတရားများ ပေါ်ထွက်နေသည်။

ပြည်သူများကလည်း ၎င်းတို့၏ လက်ချောင်းများကို ဆန့်တန်းလိုက်ရာ ကြယ်မှုန်များက ၎င်းတို့၏လက်ချောင်းထိပ်များပေါ်တွင် အလင်းရောင်များသဖွယ် ဖြာထွက်နေ​လေသည်။ ခဏလောက်တော့ သူတို့အားလုံး အနည်းငယ် မှင်တက်သွားကြသည်။

နိယာမတွေရဲ့ စွမ်းအား ဆိုတာက ကောင်းကင်နဲ့ မြေကြီးကြားက ရုန်းကန်မှုဖြစ်ပြီး အမူအရာတစ်ခုတည်းကတောင် ထူးဆန်းတဲ့ ဖြစ်စဉ်တွေကို ဖြစ်စေနိုင်​ခြင်းပင်။

"အသေးအဖွဲ့လေး..."

မျက်နှာဖုံးစွပ်ထားသော အဘိုးအိုသည် ဓားတောင်ကြားက ထူးထူးခြားခြား တစ်ခုခုကို ခံစားလိုက်ရပြီး သူ့ရှေ့မှ ချင်းယန်ကို စိုက်ကြည့်ရင်း သူ့အကြည့်များသည် ရုတ်တရက် အေးစက်၊ စူးရှလာသည်။ တိုက်ခိုက်ရန် ခြေတစ်လှမ်းတိုးတော့မည်။

“ခဏစောင့်ပါဦး အရှင်.…”

သူ့ဘေးက ဝတ်ရုံနက်က ရုတ်တရက် စိတ်လှုပ်ရှားစွာနဲ့ ဝင်ဆိုလာသည်။

“ဆရာ သူ့ကိုသတ်ပြီးရင် သူ့ညာလက်ကို ချန်ထားပေးနိုင်မလား… တပည့် သူ့ဓားကိုင်ထားတဲ့ လက်ကို အရိုးဓား လုပ်ထားရင်း ကျနော်တို့အတွက် ထာဝရ ဂုဏ်ဆောင်စေချင်တယ်!”

အရှင် လှုပ်ရှားနေသမျှ အရာအားလုံး ပြေလည်သွားလိမ့်မည်။ ကျန်းဟိုင် ဓားနတ်ဘုရားဟာ သူ့ဆုပ်ကိုင်ထားမှုကနေ မလွတ်မြောက်မှာ သေချာပါ၏။ သို့သော် သူနှင့် ဆန့်ကျင်ဘက်၌ ရပ်နေသော ချင်းယန်ကတော့ ထိုစကားကို ကြားပေမယ့် လုံးဝ မတုန်လှုပ်သွား။

သူသည် အကန့်အသတ်မဲ့ ကြယ်ရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီးနောက် ရုတ်တရက် သူ့လက်ကို မြှောက်လိုက်လေသည်။ တခဏအတွင်း ကောင်းကင်အထက်မှာ မျဉ်းဖျော့ဖျော့လေး ထွက်ပေါ်လာ၏။

ပေသို့ခုနှစ်စင်ကြယ်အစီအရင်က ကြယ်ခုနစ်လုံးကို ချိတ်ဆက်နေခြင်းပင်။

"မင်းက ငါ့ရှေ့မှာ အစီအရင် ဖွဲ့ရဲတယ်ပေါ့?! မင်း သေလမ်း ရှာနေတာလား"

မျက်နှာဖုံးစွပ် အဘိုးအိုလည်း ဒါကိုမြင်တော့ ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားသည်။ သူ့မျက်နှာဖုံးမှာ ထွင်းထားတဲ့ သားရဲတွေက ဟောက်ပြီး အော်ဟစ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ခြေဖဝါးများစွာကို ခုန်မြှောက်ကာ လေထုကို ထိုးဖောက်လိုက်ကြသည်။

ဒါပေမယ့် အရမ်းနောက်ကျသွားပြီ။

ကောင်းကင်အထက်က ကြယ်ခုနစ်ပွင့် အစီအရင်က ပြီးမြောက်သွားခဲ့ပြီ။

"မင်းကသာ သေလမ်းရှာတဲ့ကောင်!"

ချင်းယန် နှလုံးသားမဲ့ နတ်ဘုရားကဲ့သို့ ခံစားချက်ကင်းမဲ့စွာဖြင့် အဘိုးအိုကို ကြည့်လိုက်သည်။ သူသည် သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ လက်ညှိုးကို အောက်သို့ လှဲချလိုက်သည်။

ဗုန်း!

မိုဃ်းကောင်းကင်မှ ကြီးမားသော စွမ်းအားကြီး ကျဆင်းလာ၏။

ထောင်ပေါင်းများစွာသော ကြယ်အလင်းတန်းများသည် ချွန်ထက်သော ဓားသွားများကဲ့သို့ ဆင်းသက်လာပြီး မျက်နှာဖုံးစွပ်ထားသော လူကြီး၏ ဦးခေါင်းထက်တွင် ပြောင်းပြန်ချိတ်ဆွဲကာ သူ့အသားကို ချက်ချင်း ဖောက်လိုက်ပစ်သည်။

ကောင်းကင်ဘုံပြစ်ဒဏ်!

ညကောင်းကင်သည် နောက်ခံမြင်ကွင်းအဖြစ်၊ ပေသို့ခုနှစ်စင်ကြယ်သည် အစီအရင် ဖွဲ့စည်းမှု၏မျဉ်းအဖြစ် လုပ်ဆောင်ခဲ့သည်။ ဒီလောကထဲက အရာအားလုံးဟာ ထိုဖွဲ့စည်းမှုအတွင်း၌သာ တည်ရှိ​နေ​ပေသည်။

အကြီးအကဲသည် ကောင်းကင်အထက်မှာ ပေါ်လာပြီးကတည်းက ရန်သူကို လှောင်အိမ်ထဲတွင် ငှက်တစ်ကောင်လို လှောင်ထားမည့် ကြယ်ခုနစ်ပွင့် အစီအရင် ဖွဲ့စည်းခြင်းကို ခြေလှမ်းစနေပြီးသား ဖြစ်သည်။

နောက်အခိုက်၌။

ဝုန်း!

မျက်နှာဖုံးစွပ်ထားသော လူကြီး လူတိုင်းရှေ့တွင် ပြန်ပေါ်လာသည်။ သူ့ပါးစပ်နှင့်နှာခေါင်းတို့မှ သွေးများ စီးကျလာပြီး ဓားသွား ထောင်ပေါင်းများစွာဖြင့် ထိုးဖောက်ခံထားရသကဲ့သို့ သူ့ခန္ဓာကိုယ်တွင် အရွယ်အစားမျိုးစုံရှိသော အပေါက်များ ဖုံးလွှမ်းသွားသည်။

မျက်နှာဖုံးပေါ်က အကောင်တွေ အကုန်သေကုန်ပြီ။

“….”

ချင်းယန်ကတော့ သူ့ရှေ့တွင် လွတ်လွတ်လပ်လပ် ပျံဝဲ​​နေကာ အရာရာကို သနားစိတ်ဖြင့် စိုက်ကြည့်ကာ ကိုယ်ကျိုးမဖက်သလို ဖြစ်နေသည်။

“???”

အနက်ရောင်ဝတ်လူမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မေးခွန်းအမှတ်အသားများဖြင့် ပြည့်နှက်နေချေပြီ။

အခုနကမှ မာနကြီးခဲ့တဲ့ ငါ့​ရဲ့ အရှင်ကြီး...

ဒီလိုမျိုးပဲ ရှုံးသွားတာလား ! !

All Chapters