← Chapters

ဓားနတ်ဘုရား ရှိရင် ငါတို့ ကျန်းဟိုင်အတွက်တော့ ဘာမှ စိုးရိမ်စရာ မရှိဘူး

Vol. 11 Ch. 161

ဓားနတ်ဘုရား ရှိရင် ငါတို့ ကျန်းဟိုင်အတွက်တော့ ဘာမှ စိုးရိမ်စရာ မရှိဘူး

Vol. 11 Ch. 161

ချောက်ကြီးထက်မှာ ကြယ်မှုန်လေးတွေ ကြွေကျလာခဲ့သည်။

မီးခိုးရောင် အမှုန်အမွှားများလည်း မိုးရွာချလိုက်ပြီး တိမ်မည်းများ ပျောက်ကွယ်သွားကာ ကောင်းကင် ကုလားကာက နောက်ဆုံးတွင် ပွင့်သွားသဖြင့် ဓားနတ်ဘုရားတောင်ကြားသို့ နေရောင် ပြန်ဝင်လာခဲ့သည်။

နောက်ဆက်တွဲကြောင့် ရိုက်ခတ်လာသော လျှပ်စစ်သံလိုက်စက်ကွင်းတွေလည်း ပြန်လည်ကောင်းမွန်လာရာ တိုက်ရိုက်ထုတ်လွှင့်သည့် အချက်ပြမှုမှာ ပုံမှန်အတိုင်း ပြန်​ကောင်းသွားပါသည်။ အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် ပရိတ်သတ်များလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကုန်သည်။

"အကြီးအကဲ ဓားနတ်ဘုရား ဘယ်မှာလဲ စိတ်ပူလို့ သေတော့မယ်!!"

"မျက်နှာဖုံးစွပ် အဘိုးကြီး ဘာဖြစ်သွားတာလဲ... သူ စိတ်ဖောက်သွားတာမလား..."

"စိတ်ပျက်စရာပဲ!"

တိုက်ရိုက် ထုတ်လွှင့်မှုက အရန်ကင်မရာကို စဖွင့်လိုက်တဲ့အခါ ကင်မရာသည် ရုတ်တရက် ချောက်အလယ်ဗဟိုကို စူးစိုက်ကာ ရိုက်ကူးလိုက်​လေသည်။

ချင်းယန်၏ရုပ်သွင် ပေါ်လာပြီး လူတိုင်းရှေ့တွင် ရပ်နေပြန်သည်။ သူ့ရောက်ရှိနေပုံသည် ချက်ချင်း တောက်ပလာပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှ စကားပြောသူများလည်း စိတ်လှုပ်ရှားစွာ တုန်လှုပ်သွားခဲ့သည်။

ကျန်းဟိုင်ဓားနတ်ဘုရားက အသက်ရှင်နေတုန်းပဲ!

သို့သော် သူတို့ အံ့အားသင့်စွာ မအော်နိုင်မီတွင် ချင်းယန်၏ ရုပ်သွင်သည် ရုတ်တရက် ကွယ်ပျောက်သွားလေ၏။ သူသည် ဖုန်မှုန့်နှင့် လေအဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့် မြေကြီးထဲ စိမ့်ဝင်သွားကာ သဲလွန်စပင် မချန်ခဲ့။

"ဆရာ...သွားပြီ..."

လူအုပ်ထဲက လီကျစ်ရွှမ်းသည် ချင်းယန် ပျောက်ကွယ်သွားသည့် နေရာကို လှမ်းကြည့်​နေခဲ့သည်။ သူမ ခဏလောက် ထိတ်လန့်သွားပြီးမှ တုံ့ပြန်နိုင်လာကာ သက်ပြင်းချလိုက်သည်။

တွေးနေစရာ မလိုပါ။ ဆရာ လုံးဝ အဆင်ပြေသည်။ သူနောက်ဆုံးအကြိမ် မြက်ခင်းပြင် ဓားသူတော်စင်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ အနေအထားတုန်းကလည်း ဒီလိုပါပဲ...။

အရပ်ရပ်၌ ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် သူသည် ကြယ်အလင်းထဲသို့ ပျောက်ကွယ်သွားကာ ဓားနတ်ဘုရား၏ ကာကွယ်မှုကို ချက်ချင်း အဆုံးသတ်ခဲ့ရာ အခုပေါ်လာတဲ့လူက ဓားနတ်ဘုရားရဲ့ ကိုယ်ပွားသာ ဖြစ်ပေလိမ့်မည်။

"ဆရာ... ဘယ်လောက်တောင် တန်ခိုးကြီး​နေတာလဲ"

လီကျစ်ရွှမ်း ချီးကျူးဂုဏ်ပြုရင်း လှပသော မျက်လုံးများ ကျဉ်းမြောင်းသွားကာ ဆရာနှင့် သူမ၏ အချိန်များကို ပြန်အမှတ်ရကာ ရုတ်တရက် တုံ့ဆိုင်းသွားသည်။

ဓားနတ်ဘုရားရဲ့ ကိုယ်ပွားနဲ့ စကားပြောဖို့တောင် ခက်တယ်ဆိုရင် ဆရာအစစ်က သူမနဲ့ဘယ်နှစ်ခါ ဆုံဖူးလောက်လဲ။

သူမ သေချာ မသိနိုင်တော့ချေ။

အဓိပတိနယ်ပယ်တောင်မှ ဆရာ့ရဲ့ အတုအစစ်ကို မပြောနိုင်လောက်ချေ။ မွေးရာပါနယ်ပယ်ရဲ့ အစောဆုံးအဆင့်မှာ ရှိနေတဲ့ သူမလို အငယ်တန်းလေးက ပြောနိုင်ပါ့မလား။ အတွေးထဲမှာ ပျောက်ဆုံးသွားစဥ် ဟစ်အော်သံကြောင့် သူမရဲ့ အတွေးတွေ ရုတ်တရတ် ပြတ်တောက်သွားပါတော့သည်။

"မိုက်တယ်! တကယ် ထက်မြက်တဲ့သူပဲ!"

လူအိုလီသည် လက်ခုပ်တီးကာ တဟားဟား ရယ်မောနေပြီး မျက်လုံးက တောင့်တနေသော အဓိပ္ပာယ်များနှင့် ပြည့်နေသည်။

"အကြီးအကဲ ဓားနတ်ဘုရားကတော့ မျှော်လင့်ထားသလိုပဲ.... မြှားတစ်ချောင်းတည်း ထုတ်လိုက်ရုံနဲ့ အဓိပတိနယ်ပယ်က သခင်ကို သူ့ကိုယ်သူ ဖျက်ဆီးပစ်အောင် လှည့်စားခဲ့တယ်... တကယ်ကို အရည်အချင်းရှိသူပဲ!"

သူပြောပြီးတာနဲ့ သူ့အနားရှိ လင်မော့ဖုန်းလည်း သဘောကျသွားသည်။ သူက မတတ်နိုင်စွာ ခေါင်းယမ်းပြီး သက်ပြင်းချရင်း။

"ဒါက ကိုယ်ပွားတစ်ခုပဲ... ကျန်းဟိုင် ဓားနတ်ဘုရားက သူ့ဂုဏ်သိက္ခာနဲ့အညီ တကယ်အသက်ရှင်နေတဲ့သူ..."

အရင်က သူ ထိုလူကို တကယ် အထင်လွဲခဲ့ဖူးသည်။ ကျန်းဟိုင်ဓားနတ်ဘုရားရဲ့ အစွမ်းသတ္တိကို သူဘယ်လိုလုပ် သံသယဝင်ခဲ့မိတာလဲ။ ယခုတွင် ကိုယ်ပွားတစ်ခုသာ ရှိသော်လည်း ကိုယ်ပွားကတင် ဂိုဏ်းဆရာနယ်ပယ် နှောင်းပိုင်းအဆင့် ခွန်အားကို ပိုင်ဆိုင်နေပြီဖြစ်သည်။ သူ၏ စစ်မှန်သော ခွန်အားက ပို၍ပင် ကြီးမားပေမည်။

သူသည် အဓိပတိနယ်ပယ်သို့ ရောက်ခဲ့သည်မှာ သေချာသည်။ သို့မဟုတ် ပို၍ပင် မြင့်မား​လောက်သည်။

"အမြင်တိုသွားတယ်"

လင်မော့ဖုန်း ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာ ရယ်မောလိုက်ပြီး လူအုပ်ကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။

ယခုအချိန်တွင် လူအုပ်ကြီးဆီက လက်ခုပ်သြဘာပေးသံများ ထွက်ပေါ်လျက်ရှိသည်။ ကျန်းဟိုင်ဓားနတ်ဘုရားရဲ့ ကိုယ်ပွားဆီမှာ ရှုံးနိမ့်မှုက တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီး မကြာမီတွင်ပင် လူတိုင်းက ဖြစ်ပျက်ခဲ့သည်များကို သိရှိသွားခဲ့ကြသည်။

"ကိုယ်ပွားက ရန်သူကို တိုက်ခိုက်တယ်"

"ကျစ်ရွှမ်း ဆရာဘိုးဘိုးက အရမ်းကြောက်ဖို့ကောင်းတာပဲ!"

လီချင်းဟဲ သူ့စိတ်ခံစားမှုနဲ့အတူ တုန်လှုပ်သွားခဲ့သည်။

"ဒီခရီးက တကယ် တန်ဖိုးရှိလိုက်တာ!"

ခုတော့ သူနားလည်သွားပြီ။ ချင်းယန် လုံးဝ ထိတ်လန့်မနေဘဲ စာကြည့်တိုက်ထဲမှာ အေးအေးဆေးဆေး ထိုင်နေနိုင်တာက သူမကို တမင်လှည့်စားထားတာ။ ဓားနတ်ဘုရား ဝင်လှုပ်ရှားမှာကို အစောကတည်းက သိနေတာဖြစ်မည်။

ပြန်လာတဲ့အခါ သူနဲ့ စာရင်းရှင်းရမှာ သေချာနေပြီ။

"ဒါ နင့်ဆရာအဘိုးပဲ!"

လီကျစ်ရွှမ်း သူမပါးပြင်ကို ဖွဖွထိုးရင်း :"အစ်မချင်းဟဲ မရိုမသေ မလုပ်ပါနဲ့..နင်က အမြဲတမ်း ဒီလိုပဲ တခြားသူတွေကို အခွင့်ကောင်းယူနေတာ အဲဒါရိုင်းတယ်"

"ငါ..."

ဒါကိုကြားတော့ လီချင်းဟဲ စကားမပြောဘဲ ချောမောလှပတဲ့ မျက်နှာ​လေးလည်း ပျက်သွားခဲ့သည်။

"မဟုတ်ဘူး ငါမလုပ်ဘူး... ငါ တကယ်ကို အား​ပေးနေတာပဲလေ!... အဲဒါက နည်းနည်းပါ!"

သူမ လျှာထုတ်ပြီး အားပေးနေသော လူအုပ်ထဲသို့ လှည့်ကြည့်လိုက်သည်။

လက်ခုပ်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ချောက်တစ်လျှောက် ပဲ့တင်ထပ်နေသည်။ ဓားနတ်ဘုရား၏ တန်ခိုးကြီးသော ဂုဏ်သတင်းကို ကောင်းကင်တခွင်၌ ပဲ့တင်ထပ်​နေခဲ့သည်။

"ပါးစပ်ပိတ်ထား!!!!"

ဒေါသူပုန်ထသော ဟောက်သံတစ်ခု ပဲ့တင်ထပ်လာကာ အခြားသူများ၏ ပျော်ရွှင်မှုကို ချက်ချင်း ဝင်ဖျက်စီးပစ်သည်။

"မင်းတို့ ပုရွက်ဆိတ်တွေ ငါမရှိ​တော့ဘူးလို့များ ထင်နေတာလား?!"

အနက်ရောင်ဝတ်ရုံက လူအုပ်ကို စိုက်ကြည့်ရင်း လက်နှစ်ဖက်ကို ဆန့်တန်းထားသည်။ သူ၏ စုတ်ပြတ်နေသော ၀တ်ရုံများသည် လေထဲတွင် တဆတ်ဆတ်တုန်ကာ လွင့်နေ၏။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး လူအုပ်တစ်ခုလုံးအပေါ် လွှမ်းခြုံသွားသည်။

အေးစက်ပြီး လူသတ်ရန် ရည်ရွယ်ချက်တစ်ခုက ဓားနတ်ဘုရား တောင်ကြားကို ဖြတ်ကျော်သွားခဲ့သည်။

နောက်ကျောကို ဓားနဲ့ အထိုးခံလိုက်ရသလိုမျိုး ချောက်ကြီးထဲ တိကနဲ တိတ်ဆိတ်သွား၏။ အားပေးသံများ ရုတ်တရက် ရပ်တန့်သွားကာ ပြည်သူများသည် ကောင်းကင်အထက်က အနက်ရောင်ဝတ်လူကို မျှော်ကြည့်နေကြပြီး သူတို့၏ နှလုံးသားများသည် ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်လာခဲ့​ပြန်သည်။

"ပုရွက်ဆိတ်တစ်အုပ်ကများ ဒီမှာ ဘယ်လောက် မာနလာကြီး​ပြနေတာလဲ"

အနက်ရောင် ၀တ်စုံသည် သွေးဆာနေသော လူသတ်သမားလို လူအုပ်ကို စိုက်ကြည့်ကာ ၎င်းတို့အားလုံးကို ပစ်မှတ်ထား​နေခဲ့သည်။

ကျန်းဟိုင်ဓားနတ်ဘုရားရဲ့ ကိုယ်ပွားက ပျောက်ကွယ်သွားပြီမလို့ အခု သူက ဒီမှာ သြဇာအရှိဆုံးလူပဲ!

အခု အရှင့်ရဲ့ဂုဏ်သိက္ခာတွေ ပျက်ဆီးသွားတော့ ဒါကို မျက်မြင်တွေ့ခဲ့တဲ့ ချိုင့်ဝှမ်းကလူတိုင်း သေရမှာပဲ။

"ကျန်းဟိုင်ဓားနတ်ဘုရားကို ဂရုစိုက်တဲ့ နှိမ့်ချတဲ့ ပုရွက်ဆိတ်တွေ... မင်းတို့အားလုံးကို ငါသတ်ပစ်မယ်!"

ဤစကားများဖြင့် အနက်ရောင်ဝတ်လူသည် ယုတ်မာသော အပြုံးကို ပေးစွမ်းပြီး လက်ဖဝါးဖြင့် လွှဲချကာ ဖိအားကြီးတစ်ခုအား ချိုင့်ဝှမ်းကို ဖြန့်ကျက်ချလိုက်သည်။ အသက်ရှူကျပ်​စေသည့် အနှီဖိအားသည် ယခင်ကထက် အဆပေါင်းများစွာ ပိုကြီးလာပြီး အောက်သို့ အပြေးအလွှား ဆင်းသက်လာသည်။

ပိုမြန်ပြီး ပိုအားကောင်းသည်။

တခဏအတွင်းမှာပင် လူတိုင်း၏ ဦးခေါင်းထက် မီတာများစွာ ကျဆင်းလာခဲ့သည်။

"အားလုံးသတိထားကြ!"

လင်မော့ဖုန်း လူအုပ်ထဲမှ ခုန်ထွက်လာပြီး တန်ပြန်တိုက်ခိုက်သည့် ကြယ်စွမ်းအားကို ထုတ်လွှတ်ကာ တားဆီးလိုက်သည်။

ဝုန်း!

ကြီးမားသော ကြယ်စွမ်းအားများ တိုက်မိသွားသည်။ တောက်ပသော အရောင်အသွေးများ ထွက်ပေါ်လာပြီး ၎င်းတို့အပေါ်ရှိ လေထုကြီး ကွဲအက်သွားခဲ့သည်။

"ဟမ့် ဂိုဏ်းဆရာနယ်ပယ် အစောပိုင်းအဆင့် ပုရွက်ဆိတ်တစ်ကောင်က ငါ့ကို အံတုဖို့ သတ္တိရှိတယ်ပေါ့ သေလမ်း ရှာနေတာပဲ!"

အနက်ရောင်ဝတ်လူက မိုးခြိမ်းသံကြီးလို ဟောက်နေစဥ် ကြယ်စွမ်းအင်များက လင်မော့ဖုန်း ရင်ဘတ်ထဲသို့ ဆက်တိုက်ဝင်သွားကာ အရေပြားအလွှာများကို ပေါက်ကွဲထွက်သွားစေသည်။

နောက်အခိုက်အတန့်၌ လင်မော့ဖုန်းသည် ချောက်ကမ်းပါး မျက်နှာ​ပြင်သို့ နောက်ပြန် လွင့်သွားကာ ဖုန်မှုန့်များနှင့် မြူခိုးများ ဝန်းရံသွား၏။

"မော့ဖုန်း!"

လူအိုလီ၏ သူငယ်အိမ်များ ရုတ်တရတ် ကျဉ်းမြောင်းလာပြီး သူ အမြန်လှမ်းတက်ရန် ကြိုးစားရင်း နှလုံးက နာကျင်လာသည်။

ဒါပေမယ့် အရမ်းနောက်ကျသွားပြီ။

ကြေးမုံပြင်ကဲ့သို့ ဖိအားတစ်ခု ဆင်းသက်လာပြီး လေကို ဖိသွင်းကာ အသံကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီး ဖြစ်လာလေ၏။

ငိုကြွေးသံတွေ ပဲ့တင်ထပ်ကာ စိတ်ပျက်စရာ​ကောင်းသည့် မြင်ကွင်းက ပြန်ပေါ်လာသည်။ လီချင်းဟဲနဲ့ လီကျစ်ရွှမ်းကလည်း ထိုဖိအားများကို ခံနိုင်ရည်ရှိစေရန် အခြားသူများနှင့် ပူးပေါင်းကာ တွန်းထားကြသည်။

ဝုန်း!

ဓားနတ်ဘုရားတောင်ကြား၏ တောင်ထိပ်မှ အပျက်အစီးများ ပြိုကျပြီး ဓားစွမ်းအင်များ လွင့်စင်သေဆုံးသွားခဲ့သည်။

"ဟားဟားဟား... ငိုစမ်း! အော်စမ်း!"

ဝတ်ရုံနက်က ရယ်မောလိုက်သည်။

"အပျော်လွန်ရင် ဝမ်းနည်းရတတ်တယ်တဲ့... ငါမင်းတို့ကို ငရဲပြည်ပို့ပေးပြီး အရှင်နဲ့ သင်္ဂြိုဟ်ပေးပစ်မယ်!!"

သာယာငြိမ့်ညောင်းသော အော်ဟစ်သံများကို နားထောင်ရင်း မြင်ကွင်းကို စူးစမ်းကြည့်ရင်း စိတ်သက်သာရာ ရသွားသည်။ ပေါ့ပေါ့ပါးပါး အကြည့်တစ်ချက်က သူ့မျက်လုံးကို ဖမ်းမိသွားပြီး ခရမ်းရောင်အလင်းတန်းကြီး ပြန်ဝင်လာတာကို ရုတ်တရက် သတိထားမိလိုက်၏။

ရင်းနှီးပြီးသား မြင်ကွင်းတစ်ခု ပြန်ပေါ်လာသည်။

"ဘာလဲ! ဓားနတ်ဘုရားရဲ့ တန်ပြန်တိုက်ခိုက်မှုလား?!"

အနက်ရောင်ဝတ်လူ ထိတ်လန့်တုန်လှုပ်သွားပြီး ပိတ်ဆို့ရန် ကမန်းကတမ်း ကြိုးစားလိုက်သည်။ သို့သော်လည်း လျင်မြန်သော ခရမ်းရောင်ဓားအလင်းက သူ့နဖူးထဲကို တိကျပြတ်သားစွာ ထိုးဖောက် ဝင်ရောက်သွားသည်။

ကြောက်စရာကောင်းသည့် ဓားစွမ်းအင်က တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာသည်။ ၎င်းက သူ့ခန္ဓာကိုယ်ကို ခွဲထုတ်ကာ ဆန်းကြယ်သောအရိုးတိုင်းကို ကွဲကြေသွားစေ၏။ ဓားစွမ်းအင် တစ်ချက်က ခန္ဓာကိုယ်နှင့် ဝိညာဥ်ကိုပါ ဖျက်စီးပစ်ခဲ့သည်။

ကြယ်စွမ်းအင်ဖိအားကြီး ရုတ်ချည်း ပြိုကွဲသွားလေရာ တောင်ကြားထဲတွင် လေပြင်းများ ဖြည်းညှင်းစွာ တိုက်ခတ်လာပြီး အရိုးအမှုန်အမွှားများက တောင်ပေါ်ကို ပျံ့လွင့်သွားသည်...။

လူတိုင်းအပေါ် ဖိအားများ လျော့ပါးသွားသော်လည်း သာမန်လူတွေမို့ မြေပြင်ပေါ် ခွေလဲကျသွားသည်။ လူအိုလီသည် သူ၏ သက်တမ်းရင့်နေသော ခန္ဓာကိုယ်ကို တွန်းလှန်ရန် ရုန်းကန်ရင်း ပျောက်ကွယ်နေသည့် ခရမ်းရောင်အလင်းကို ငေးကြည့်နေသည်။ သူ့နှလုံးသားထဲက တောင့်တမှုကလည်း အားကောင်းလာခဲ့သည်။

"ဒီမှာ အကြီးအကဲ ဓားနတ်ဘုရားရှိရင် ငါတို့ ကျန်းဟိုင်အတွက် စိုးရိမ်စရာ မရှိဘူး..."

All Chapters