← Chapters

ကောင်းယန်၏စွမ်းအား

Vol. 12 Ch. 180

ကောင်းယန်၏စွမ်းအား

Vol. 12 Ch. 180

စီတုအန်းသည် လွန်ခဲ့သည့် နှစ်များစွာက လီစန်းတွင်ဖြစ်ပွားခဲ့ရေကြီးမှုနှင့်ပတ်သက်၍ နက်နဲသောအထင်အမြင်တစ်ခုရှိသည်။ရေကြီးမှုပြီးသွားပြီးနောက် သူသည် ရေကြီးမှုအပြင်းထန်ဆုံးနေရာများကိုပင် သွားရောက်ခဲ့သေးသည်။

ထိုမတော်တဆမှုတွင် လူများစွာသေကြေပျက်စီးခဲ့ရသည်။သီအိုရီအရ ထိုနေရာတွင် ယင်စွမ်းအင်များ ‌အလျှံပယ်ရှိနေသင့်ပေသည်။သို့သော် ရေလွှမ်းမိုးမှု အပြင်းထန်ဆုံးဖြစ်သည့် မင်လောင်းလမ်းတွင်ပင် နာကြည်းမှုတစ်စုံတစ်ရာကို သူအာရုံမခံမိသည့်အတွက် သူအံ့သြမိခဲ့သည် ။ ရေသရဲများသည် ရေလွှမ်းမိုးနှင့်အတူ ထွက်သွားကြပုံပေါက်လေသည်။

စီတုအန်း၏ နှစ်ပေါင်းများစွာက မေးခွန်းသည် နောက်ဆုံးအဖြေရှိလာခဲ့သည်။

"ငါဝတ်ပြုခဲ့တဲ့ သားစားကြူးနတ်က ခန်းမထဲမှာ ပေါ်လာပြီး အားကစားအဆောက်အအုံမှာ ရေကြီးမှု ဖြစ်ပွားခဲ့တယ် ၊လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါစိုက်ပျိုးခဲ့တဲ့ အကြောင်းရင်းတွေက ဘာလို့ ဒီနေရာမှာ ရုတ်တရက် ပွင့်ထွက်လာရတာလဲ "

ဒေါက်တာလုခန္ဓာကိုယ်ထဲရှိ စီတုအန်း၏အသိစိတ်သည် ခံစားချက်အလွန်ဆိုးဝါးနေခဲ့သည်။

"ငါ ကံကြမ္မာရဲ့ဖြစ်တည်မှုကို ခံစားလိုက်ရတယ် ၊ ဒါကို ရှောင်လွှဲလို့ မရနိုင်ဘူးလား "

ငကြောက်များ၏တိုက်ပွဲတွင် အဆိုးဆုံးရလဒ်များမဖြစ်ပွားစေရန် ပိုသတ္တိနည်းသော သို့မဟုတ် ပိုဆင်ခြင်တုံတရားရှိသောအဖွဲ့က နောက်ဆုတ်ရန်ရွေးချယ်နိုင်ပေသည်။

စီတုအန်း သည် ဟန်သဲကိုယ်ပိုင်ကျောင်း၏ တည်ထောင်သူနှင့် အကျိုးခံစားခွင့်ရှိသူဖြစ်သည်။ သူလုပ်သမျှအရာအားလုံးသည် သူ့အား အရိပ်ကမ္ဘာ၏ ကိုယ်စားပြုဖြစ်လာစေရန် တွန်းအားပေးခဲ့သည်။ သူအောင်မြင်ပြီးသည်နှင့်ဟန်ဟိုင်းမြို့တော်အရှေ့ပိုင်းဌာနအကြီးအကဲအဖြစ် သူ့အထောက်အထားနှင့် ပေါင်းစပ်ကာ ဟန်ဟိုင်းတစ်ခုလုံးကို သိမ်းပိုက်နိုင်မည်ဖြစ်သည်။

သူ၏အကြံအစည်အားလုံး အောင်မြင်ခါနီးတွင် စီတုအန်း၏ အောက်ခြေစည်းမရှိ‌သော လိုအင်ဆန္ဒသည် သဲထဲရေသွန်ဖြစ်သွားခဲ့ရသည်။

"ဘယ်သူမှ ငါ့ကို ခြိမ်းခြောက်လို့ မရဘူးကွ ၊ ကျောင်းပျက်သွားရင် ကျောင်းပြန်ဆောက်လို့ရတယ် ၊ နောက်ထပ် ဆယ်နှစ်လောက် စောင့်ရမှာကို ငါစိတ်မရှိဘူး ၊ ဒါပေမယ့် ငါ့ကို အကြောက်တရား ဖြစ်စေတဲ့ အရင်းအမြစ်ကို ဖယ်ရှားပစ်ရမယ် "

ကျောင်းကို ကယ်တင်ရန်ထက် စီတုအန်းသည် ကောင်းမင်ကို ပိုသတ်ချင်နေပြီး ဘာဖြစ်နေသည်ကို အဖြေရှာချင်သည်။ထို့ကြောင့် သူသည် အရူးသွပ်ဆုံးကို ရွေးချယ်လိုက်သည်။ သူနောက်မဆုတ်ခဲ့ပေ။တစ်ဦးတစ်ယောက်ကိုမှလည်း ထွက်သွားခွင့်မပြုခဲ့ပေ။သူသည် ရုံးခန်းအဆောက်အဦးအတွင်း ပုန်းအောင်းနေသော သရဲကလေးများအားလုံးကို လွှတ်ပေးလိုက်တော့သည်။

ယန်ရှီကျီးသည် ကလေးများ၏ စိတ်ကျန်းမာရေးကိစ္စကို အာရုံစိုက်၍ သူတို့အား အရိပ်များထဲမှ လှမ်းထွက်လာနိုင်အောင် ကူညီပေးခဲ့သည်။ကျောင်းကြီးကို စီတုအန်းသိမ်းပိုက်ခဲ့ပြီးနောက် သူသည်လည်း ထိုသို့ တူညီသောကလေးများကို အာရုံစိုက်ခဲ့သည်။သို့သော် သူသည် ထိုကလေးများကို အထူးအခန်းများထည့်ပြီး နှိပ်စက်ညှင်းပန်းခဲ့ခြင်းဖြစ်သည်။သူသည် ကလေးများကို မကောင်းဆိုးဝါးများဖြစ်လာအောင် ပျိုးထောင်ခဲ့သည်။ အဆိုးဝါးဆုံးသောမကောင်းဆိုးဝါးများသည် ဖျားနာနေသော ဖခင်၏ ချစ်မေတ္တာကိုရရှိရန် သူ၏ သားသမီးများ ဖြစ်လာရန် အခွင့်အရေး ရလိမ့်မည်ဖြစ်သည်။

ရုံးခန်းအဆောက်အဦးထဲတွင် တံခါးများရှိသည်။အမှောင်ထဲရှိမျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်း၍ အန္တရာယ်များပေသည်။စီတုအန်းသည် သရဲနီအဆင့်ရှိသော အရာများကို မဖန်တီးနိုင်ပေ။သူသည် အရိပ်ကမ္ဘာ၏ ကောင်းချီးကိုသာ ချေးငှား၍ ကလေးများ၏နာကြည်းမှုအားလုံးကို တစ်ယောက်ထဲတွင် စုစည်းခဲ့သည်။ပုံမှန်အားဖြင့် စီတုအန်းသည် ကျောင်းစည်းမျဉ်းများကို မတိုက်ခိုက်ပေ။အဘယ်ကြောင့်ဆိုသော် သူ့စွမ်းအင်များကို ချွေတာနေသောကြောင့်ဖြစ်သည်။ထိုအခိုက်အတန့်တွင် သူသည် ၎င်းကို လွတ်လိုက်ရန် ရွေးချယ်ခဲ့သည်။

မိုးရေထဲတွင် အမွှေးအမျှင်တွေနဲ့ အသားစများသည် ရော‌နှောနေပြီး ရုံးခန်းပြတင်းပေါက်များ အနှံ့ ပြန့်ကျဲနေ၏။ ရုံးခန်းအဆောက်အဦးတစ်ခုလုံးသည် ကျောင်းဆေးခန်းအတွက် 'သိုလှောင်ရုံ' တစ်ခုဖြစ်သည်။ ထိုနေရာသို့ ပို့ဆောင်ခံခဲ့ရသော လူတိုင်းသည် စီတုအန်း၏စမ်းသပ်ချက်အတွက် ပစ်မှတ်တစ်ခုဖြစ်ခဲ့ရသည်။

ရေလွှမ်းမိုးမှုကား ရောက်ရှိလာချေပြီ။ကျောင်းသား ကောင်စီဥက္ကဌ ပထမဆုံး တွေးမိတာသည်ကား နောက်ဆုတ်ရန်ပင်။ ကောင်းမင် သို့မဟုတ် စီတုအန်းသည် သူနှင့် ပူးပေါင်းလိုလျှင် အခြားသူကို ဖိနှိပ်ပြီး ကျောင်းကို ကာကွယ်နိုင်ပေလိမ့်မည်။ ကံမကောင်းစွာပင် သူသည် အရူးနှစ်ယောက်နှင့် ကြုံတွေ့နေရသည်။

"မြေအောက်ကို သွားကြ ! အုတ်မြစ်ကို တည်ငြိမ်အောင်လုပ် ! "

ကျောင်းသားကောင်စီဥက္ကဌတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။သူသည် အရာအားလုံးကို ကြိုးစားနေခဲ့သည်။သူအမိန့်ပေးလိုက်ရုံရှိသေးသည် ကျောင်းသားကောင်စီတံဆိပ်ဝတ်ဆင်ထားသော သူ့လက်မောင်းမှ နာကျင်လာ‌ခဲ့သည်။တံဆိပ်သည် သွားများပေါက်သွားသကဲ့သို့ သူ့ခန္ဓာကိုယ်အား ကိုက်နေခြင်းဖြစ်သည်။ ထို့နောက် ဥက္ကဌ၏ မျက်ခုံးများ ပြေလျော့သွားသည်။ သူ့မျက်လုံးထဲရှိ ဒေါသများ ပျောက်ကွယ်သွား၏။သူသည် အခြားလူတစ်ယောက်လို ငြိမ်သက်စွာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ရေကြီးမှုနှင့် မုန်တိုင်းကြားတွင် ရပ်တည်နေသောဥက္ကဌသည် သူ့အမိန့်ကို ပြောင်းလဲလိုက်ပြီး

"သတ္တိအရှိဆုံး ကျောင်းသားတွေကို အမြင့်ဆုံး အဆောက်အဦးမှာ ခိုလှုံဖို့ ခေါ်သွားပါ ၊ တခြားလူတွေက နေခဲ့ကြပါ ၊ ငါတို့ သူ့ကို အရင်သတ်မယ်…"

ဥက္ကဌသည် ဒေါက်တာလုကို ညွှန်ပြလိုက်ပြီးနောက် ရုံးခန်းအဆောက်အဦးအနားရှိ ဘတ်စ်ကားများကို ညွှန်ပြလိုက်သည်။

"ဒါပြီးရင် သူတို့ကို သတ်ပစ် ၊ ကျောင်းထဲက ဘယ်သူမှ ထွက်ပြေးမသွားစေနဲ့ "

ဥက္ကဌသည် အကြောက်ရောဂါ၏နိယာမကို ဆုပ်ကိုင်မိပုံရသည်။ ရောဂါကူးစက်မခံရသူများကိုသာ လွှတ်လိုက်သည်။ တခြားလူနာတိုင်းသည် သူတို့၏ကြောက်ရွံ့မှုများကို ရင်ဆိုင်ရန် နောက်မှာနေခဲ့ရသည်။

စည်းမျဉ်းသုံးခုသည် ကျောင်းကြီးကို စွန့်ပစ်လိုက်ကြသည်။ကားသုံးစီးသည် ရပ်တန့်ရန် မည်သည့်လက္ခဏာမှ မပြသပေ။သူတို့သည် ကျောင်းကြီးဆီသို့ အရှိန်မြင့်လိုက်ကြသည်။

"မင်းတို့ဘာလို့ကြောက်နေတာလဲ ၊ အဆိုးဆုံးဖြစ်ရပ်က သေရုံပဲ ၊ မသေနိုင်တာထက် ပိုဆိုးတာ ဘာမှမရှိဘူး ၊ ရှင်သန်ခြင်းက အဓိပ္ပါယ်မဲ့တယ် ၊ မင်းတို့မမြင်ဖူးသေးတဲ့ အစသစ်တစ်ခုကို ငါပေးခဲ့တာပဲ "

ဥက္ကဌသည် ကောင်းကင်မှ ကျဆင်းလာသော မိုးရေစက်များကို ထိတွေ့လိုက်သည်။သူသည် မိုးရေနှင့်အတူ ကံကြမ္မာကို ကစားနေပုံရလေသည်။

ကျောင်းသားကောင်စီဝင်များ၏တံဆိပ်တိုင်း ပြောင်းလဲသွားခဲ့သည်။အဝါဖျော့ဖျော့တံဆိပ်သည် အရေပြားစတစ်ခုကဲ့သို့ဖြစ်လာကြသည်။တံဆိပ်တစ်ခုချင်းစီ၏နောက်ကျောမှ ပုံသည် မတူညီကြပေ။တစ်စုံတစ်ယောက်သည် သူတို့၏ ခန္ဓာကိုယ်ကို ခွဲ၍ တံဆိပ်များ ပေါင်းထည့်လိုက်သကဲ့သို့ ဖြစ်နေသည်။ ကျောင်းသား ကောင်စီဝင်အချို့က ကြောက်ရွံ့နေကြသည်။သူတို့သည် တံဆိပ်ကို ဖြုတ်ရန် ကြိုးစားကြသည်။သူတို့ ခက်ခက်ခဲခဲ ရုန်းကန်ရလေလေ ရက်စက်သောတံဆိပ်များသည် သူတို့၏ အရေပြားထဲသို့ ပိုတိုးဝင်လေလေဖြစ်သည်။

"ငါမသေခင်က ကယ်တင်ခံရဖို့ လူတိုင်းလူတိုင်း ငါ့ဆီလာတောင်းဆိုခဲ့ကြတယ် ၊ ငါသေပြီးတဲ့ နောက်မှာ လူတိုင်းက ငါ့ကို စွန့်ပစ်ချင်ပြီး အဲ့ဒီအကြောင်းတွေကို မေ့ပစ်ချင်ကြတယ် "

ဥက္ကဌ၏အသံသည် ဖြည်းညင်းစွာပင် ကောင်းယန်နှင့်တူလာ၏။

"ဆယ်စုနှစ်တစ်ခုပဲ ၊ ဘာမှ ပြောင်းလဲမသွားခဲ့ဘူး ၊ ငါမသေခင်က မင်းတို့ ငါ့ကို စည်းမျဉ်းဖန်တီးသူအသစ်ဖြစ်လာဖို့ အရမ်းကြိုးစားခဲ့ကြတယ်၊ ငါထပ်သေပြီးရင်ကော လွန်ခဲ့တဲ့ ဆယ်နှစ်ကလိုပဲ မင်းတို့ငါ့ကို မေ့သွားမှာပဲ မဟုတ်လား "

ကောင်စီတံဆိပ်ဖြင့် လူတိုင်းသည် အကြောက်တရားကို ဖြည်းညင်းစွာ ကျော်လွှားလာနိုင်ကြသည်။သို့သော် သူတို့မျက်လုံးများကား ရင်းနှီးမှုမရှိတော့ပေ။

"မင်းတို့ ငါ့ကိုရှာနေတာမဟုတ်လား တံဆိပ်တိုင်းကို ငါ့ အရေပြားနဲ့ လုပ်ထားတာပဲ ၊ မင်းတို့ ငါ့ကို အသိအမှတ်မပြုနိုင်တော့ဘူးလား "

မုန်တိုင်းသည် သူ့မျက်နှာတွင်စိုစွတ်နေ၏။မိုးရေ၏ဆေးကြောမှုနှင့်အတူ ‌ဥက္ကဌနှင့် သူ့နောက်တွင်ရပ်နေသော ကျောင်းသားကောင်စီဝင်များသည် နောက်ဆုံးတွင် ကောင်းယန်နှင့်ပိုတူလာကြသည်။

"အဲ့ဒီ လှိုဏ်ခေါင်းထဲမှာ င့ါသူငယ်ချင်းအလောင်းတွေနဲ့ ပြည့်နေခဲ့တယ် ၊ ငါ့ခန္ဓာကိုယ်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲကြေခဲ့တယ် ၊ငါဟာ သူနဲ့အတူသေဆုံးမှုတိုင်းနဲ့ မွေးဖွားမှုတိုင်း တစ်လျှောက် လိုက်ပါနေခဲ့တယ် ၊ ညကောင်းကင်နှင့် အာရုဏ်ဦးတို့ ထိစပ်ရာကို ငါမြင်ခဲ့တယ်! "

"ငါ့ရဲ့ မှတ်ဉာဏ်ဟာ ဥမင်တစ်ခုရဲ့ အလျားလောက်ပါပဲ၊ ငါ့ကမ္ဘာဟာ ထပ်ခါတလဲလဲ သေဆုံးမှုတွေနဲ့ အဆုံးမရှိတဲ့ နာကျင်မှုတွေပဲ "

"သူပြန်လာမယ်လို့ ငါယုံကြည်တယ် ၊ ဒါက ငါတို့ရဲ့ ကံကြမ္မာပဲဖြစ်တာကြောင့် ငါအရမ်းယုံကြည်ချက်ရှိတယ် "

လုံခြုံသွားသောကျောင်းသားကောင်စီဝင်များသည် အကြောက်ရောဂါ ကူးစက်မခံရသူများကို ကယ်ဆယ်ရန် ကြိုးစားနေကြသည်။ကောင်းယန်သည် အကြောက်ရောဂါထဲ ကျဆင်းနေသော ကျောင်းသားကောင်စီဝင်များကို သိမ်းပိုက်လိုက်သည်။သူသည် အကြောက်ရောဂါကူးစက်ခံနေရသော ပျက်စီးနေသည့်ဝိဉာည်များကို စားသုံးလိုက်သည်။ဥက္ကဌယူနီဖောင်းသည် ပို၍ သွေးရောင်ပေါက်လာ၏။မုန်တိုင်းသည်ပင် သွေးများကို မဆေးကြောနိုင်ပေ။ရူးသွပ်နေသောရေသရဲများသည်ပင် သူ့ထံမှ ဖယ်ခွာသွားကြသည်။သူသည် ရေလွှမ်းမိုးမှုတွင် ရပ်၍ ၎င်းအစိတ်အပိုင်းတစ်ခုဖြစ်ရန် သူ့ခန္ဓာကိုယ်ကို အသုံးပြုနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဒေါက်တာလု၏ မျက်လုံးများမှ သွေးများ ရုတ်တရက် စီးကျလာသည်။ သူ့အရေပြားများ ပုပ်ပွကုန်၏။သူသည် သူ့မျက်နှာကို ထိတွေ့လိုက်ပြီး ဥက္ကဌအား မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

ဥက္ကဌ၏အမူအရာသည် မပြောင်းလဲခဲ့သော်လည်း သူ့လက်မောင်းပေါ်ရှိ အရေပြားစမှာ ခြောက်သွေ့သွားပြီဖြစ်သည်။သူက အရေပြားစကို ဆွဲခွာလိုက်သည်။နောက်ကျောတွင် ရေးသားထားသော စာကြောင်းတစ်ကြောင်းရှိလေသည် - ကျောင်းစည်းကမ်း ၁၃၁ ၊ ကျောင်းသားတိုင်းကို မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲပြီး မင်းသေလိမ့်မယ်။

ပြုတ်ကျနေသော အရေပြားစကို ကြည့်လိုက်ပါက ဥက္ကဌ၏ ခန္ဓာကိုယ်တွင်ကျိန်စာများ ရေးထားသည်ကို မြင်ရမည်ဖြစ်သည်။ လူတစ်ယောက်သည် ကျောင်းစည်းကမ်းများကို ဖောက်ဖျက်ပါက ကောင်းယန်၏ကျိန်စာသင့်မည်ဖြစ်သည် ။

စည်းမျဥ်းများကိုကြိုတင်ရေးသားထားပြီး တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုနေရာတွင်သက်ဆိုင်သောကျိန်စာများဖြစ်လာပေလိမ့်မည်။ယင်းသည် ကောင်းယန်၏စွမ်းအားတစ်ခုဖြစ်သည်။ယင်းသည် ကံကြမ္မာရဲ့ ထူးခြားသော စွမ်းအားတစ်ခု ဖြစ်ပေလိမ့်မည်။

"မင်းတို့ထဲက တစ်ယောက်မှ ဒီကျေ

All Chapters