နောက်ဆုံးအတန်းချိန်
Vol. 12 Ch. 166
"မင်း တစ်လိပ်ယူဦးမလား "
တင်းယွမ်က သူ့ယူနီဖောင်းရှိ လျှို့ဝှက်အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ထုတ်လိုက်သည်။
"ကျွန်တော် ဆေးလိပ်မသောက်တော့ဘူး "
ကောင်းမင်က ခေါင်းခါလိုက်သည်။သူနှင့်ဟွမ်မင်ဌာနမှ အခြားစုံစမ်းရေးမှူးများသည် တင်းယွမ်နောက်လိုက်သွားကြသည်။သူတို့သည် ယန်ရှီကျီးကို ရှာမတွေ့ခဲ့ပေ။ကျောင်းစည်းကမ်းကို ထိခိုက်သောအခါ ကျောင်းအုပ်ဆရာမကြီးနောက်သို့ လူတစ်ယောက်လိုက်သွားကြောင်း သဲလွန်စမျိုးစုံပြသနေသည်။
"ကျောင်းအုပ်ယန်က ဟန်သဲ့အကယ်ဒမီရဲ့ နောက်ဆုံးအမာခံပုဂ္ဂိုလ်ပဲ ၊ သူပျောက်သွားတာက အမိန့်တွေကို ပျက်စီးစေလိမ့်မယ် ၊ ကျောင်းကြီးက သူ့ဘာသာသူပြန်တည်ဆောက်လိမ့်မယ် "
တင်းယွမ်သည် ပြတင်းပေါက်ပေါ်တွင် သူ့လက်နှစ်ဖက်ကို တင်ထားလိုက်သည်။
"ဒီညမှာ ကျောင်းစည်းကမ်းတွေ ပြန်ကောင်းမလာဘူးဆိုရင် စီတုအန်းက အဲဒီ့နောက်ပိုင်း သူ့လှုပ်ရှားမှုပါလာလိမ့်မယ် "
"စီတုအန်းအတွက် ခင်ဗျားယုံကြည်ချက်ရှိရဲ့လား "
ကောင်းမင်သည်လည်း ဤညအတွက် တစ်စုံတစ်ခုပြုလုပ်ရန် စီစဉ်ထား၏။
"စီတူအန်းကိုတော့ ငါယုံကြည်ချက်မရှိဘူး ဒါပေမယ့် သူကိုယ်စားပြုတဲ့ ဌာနကို ငါယုံကြည်ချက်ရှိတယ် "
တင်းယွမ်က စီးကရက်မီးခိုးငွေ့များကို ကြည့်ရှုလိုက်သည်။
"ဌာနကို အထင်မလွဲပါနဲ့ ၊ ငါတို့ဟာ အရိပ်ကမ္ဘာရဲ့ကျူးကျော်မှုကို ရှုံးခဲ့ပေမယ့် အကြီးမားဆုံးအကြောင်းပြချက်က သရဲတွေအဲ့ဒီနေရာမှာ ရှိနေမှသာ ဌာနလည်း အဲ့ဒီနေရာမှာရှိနေလိမ့်မယ် ၊ သရဲက ပိုခြိမ်းခြောက်လာရင် ဌာနမှာ ပိုစွမ်းအားရှိလာလိမ့်မယ် "
"ဌာနက အဆင့်၄ မူမမှန်မှုကို ကိုင်တွယ်နိုင်မယ်လို့ ခင်ဗျားထင်လား "
ကောင်းမင်သည် အကြိမ်ပေါင်းများစွာသေဆုံးခဲ့ရသည်။အကြိမ်အများစုတွင် သူသည် သရဲများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော်လည်း ဌာနမှ သစ္စာဖောက်ခံခဲ့ရသည့် အစိတ်အပိုင်း အနည်းငယ်ရှိပေသည်။
"ရေတိုမှာ ကျောင်းစည်းကမ်းတွေက အားသာချက်တွေရှိပေမယ့် ရေရှည်မှာတော့ ကျောင်းစည်းကမ်းတွေက အနိုင်ရဖို့ အခွင့်အလမ်းမရှိဘူး "
တင်းယွမ်က သက်ပြင်းတစ်ချက်ဖြင့် စီးကရက်ကို မီးသတ်လိုက်ပြီး နောက်တစ်လိပ်ထုတ်လိုက်သည်။
"စုံစမ်းရေးမှူးတွေက ဌာနရဲ့ အသုံးအများဆုံးအဖွဲ့ဝင်တွေပဲ ၊ ငါတို့မှလွဲပြီး လုံခြုံရေးနှင့် သုတေသန ဌာနလည်းရှိတယ် သုတေသနသမားတွေက အဖြူရောင်ဆက်သွယ်ရေးစက်ကို တပ်ဆင်ထားကြတယ် ၊ သုတေသနဌာနတိုင်း ဌာနအကြီးအကဲနဲ့ တူညီတဲ့ စွမ်းအားရှိတယ် ၊သူတို့က အရမ်းရှားပါးပြီး သူတို့ရဲ့ အထောက်အထားတွေက အင်မတန်လျှို့ဝှက်တယ်၊ သူတို့မှာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ ကိရိယာ တပ်ဆင်ထားတယ်လို့ ငါကြားဖူးတယ် ၊သူတို့ကို သရဲတွေက ဖမ်းမိတာနဲ့ သူတို့ ဦးနှောက်ထဲက သရဲသုသေသနတွေ ထာဝရပျောက်ကွယ်သွားအောင် ကိုယ့်ဘာသာသတ်သေကြလိမ့်မယ်"
“စုံစမ်းရေးမှူးတွေနဲ့ သုတေသီတွေဟာ နည်းပညာအရ အကြမ်းဖက်တဲ့အဖွဲ့တွေမဟုတ်ဘူး ၊ သရဲတစ္ဆေတွေကို ကိုင်တွယ်ရာမှာ ဌာနက အသုံးပြုတဲ့ တကယ့်စွမ်းအားက လုံခြုံရေးဌာနပဲ "
တင်းယွမ်က ဆေးရွက်ကြီးများကို လိပ်လိုက်သည်။
" ဒီလို ရိုးရှင်းတဲ့ နာမည်ကြောင့် လှည့်စားမခံရစေနဲ့၊ လုံခြုံရေးဌာနက အဖွဲ့ဝင်တိုင်းဟာ သွေးနီရောင်ဆက်သွယ်ရေးစက်ကို ဝတ်ဆင်ကြတယ် သူတို့မှာ သရဲတွေကို သတ်နိုင်တဲ့ အစွမ်းရှိတယ်လို့ ငါကြားဖူးတယ် ”
"သရဲတွေကို သတ်နိုင်တဲ့အစွမ်းလား ၊ ဌာနက သူတို့ကို ထိန်းထားပြီး အပြစ်မဲ့တဲ့ စုံစမ်းရေးမှုးတွေကို ဘာလို့ အသေခံဖို့ လွတ်နေတာလဲ "
တင်းယွမ်က ထိုလျှို့ဝှက်ချက်များကို သူ့ထံထုတ်ဖော်လာလိမ့်မည်ဟု ကောင်းမင်မထင်ခဲ့ပေ။ကြည့်ရသည်မှာ သူသည် ယန်ရှီကျီးပျောက်သွားပြီးနောက် စိတ်ဖိစီးနေပုံရသည်။
"သူတို့တွေက အရမ်းနည်းလွန်းတယ် ၊ လုံခြုံရေးအဖွဲ့ဝင်အများစုက နှစ်ဝက်လောက်က ရှင်းလုမှဖြစ်ပွားခဲ့တဲ့ မူမမှန်မှုကို တွေ့ကြုံဖူးကြတယ် ၊ ပုံမှန်အားဖြင့် စုံစမ်းရေးမှူးတွေနဲ့သုတေသီတွေရဲ့လေ့လာမှုတွေလုပ်ပြီးရင် အခင်းဖြစ်ရာနေရာကို ရှင်းလင်းဖို့ပဲ သူတို့ကို လွှတ်ကြတာ ၊ ဒါပေမယ့် ချွင်းချက်တွေတော့ရှိတယ် "
တင်းယွမ်က တစ်စုံတစ်ခုကို အာရုံခံမိပုံရသည်။
"တကယ်လို့ အဆင့်၄ မူမမှန်မှုတစ်ခုရှိနေရင် အဆင့်၅ မူမမှန်မှု ဖြစ်မလာအောင် စုံစမ်းရေးမှူးတွေကိုကူညီပေးဖို့ ဌာနချုပ်က လုံခြုံရေးဌာနကိုစေလွှတ်လိမ့်မယ် "
"ဒါဆို ခင်ဗျားထင်နေတာက လုံခြုံရေးဖွဲ့ဝင်တွေက စီတုအန်းကို ကူညီဖို့ ကျောင်းထဲဝင်လာကြမယ်ပေါ့ "
ကောင်းမင်သည် တင်းယွမ်စိုးရိမ်နေသည့်အကြောင်းကို သိသည်။
"အဲဒါကို ရှောင်လွှဲလို့ မရဘူး ၊ ဌာနချုပ်က ကျောင်းထဲကို တပ်ဖွဲ့တွေ ပိုထည့်လာလိမ့်မယ် ပြီးရင် သူတို့က စီတူအန်းရဲ့ လက်ကိုင်တုတ်တွေ ဖြစ်လာမှာပဲ "
နောက်ဆုံးတွင် တင်းယွမ်က ဆေးရွက်ကြီးများကို ဘူးထဲပြန်ထည့်လိုက်သည်။
"ဌာနချုပ်တွေက မင်းထင်သလို မရိုးရှင်းဘူး ၊ ဟန်ဟိုင်းမှာ ခရိုင်ကိုးခုရှိတယ် ၊ ခရိုင်အကြီးအကဲဖြစ်လာပြီးမှသာ မင်းသေချာသိနိုင်လိမ့်မယ် "
နောက်ဆုံး စီတုအန်းသည် ဟန်ဟိုင်းမြို့တော်အရှေ့ပိုင်း၏ယာယီအကြီးအကဲဖြစ်လာရန် အများအပြားပေးဆပ်ခဲ့ရသည်။သူနှင့်တူသည့် အရာများစွာရှိသည်။
"မင်း အတန်းတက်ဖို့ပြင်ဆင်သင့်ပြီ ၊ ငါ့မှာ လုပ်စရာရှိသေးတယ် "
တင်းယွမ်ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"ခင်ဗျားက ကျောင်းထဲကို ခုမှဝင်လာတဲ့ စုံစမ်းရေးမှူးတွေကိုရှာပြီး စီတုအန်းကို ထုတ်ဖော်ဖို့စီစဉ်ထားတာလား "
ကောင်းမင်က ခေါင်းယမ်းလိုက်သည်။
"မင်းက ငါ့အတွေးတွေကို အလွယ်တကူ ခန့်မှန်းနိုင်လို့ ငါ့ကို အရမ်းတုံးအနေသလို ခံစားစေရတယ် "
တင်းယွမ်သည် ကောင်းမင်ကို တကယ်ပင်လေးစားနေခြင်းဖြစ်သည်။ပုံမှန်အားဖြင့် လူအိုကြီးသည် လူတစ်ယောက်ဖြင့် ဤမျှအချိန်အကြာကြီး စကားပြောလေ့မရှိပေ။
"အလျင်စလိုမလုပ်နဲ့ ၊ သူတို့က ခင်ဗျားကို ယုံမှာမဟုတ်ဘူး ၊ ခင်ဗျားကိုယ် ခင်ဗျားကာကွယ်ဖို့ပဲ အာရုံစိုက်ထားသင့်တယ် "
လက်ရှိတွင် ဟွမ်မင်ဌာနမှ လူအနည်းငယ်ကသာ စီတုအန်း၏မျက်နှာအစစ်အမှန်ကို သိသည်။ကောင်းမင်သည် သူတို့အား စိတ်ရှည်လက်ရှည် ဖြောင်းဖျပြီးနောက် ထွက်လာခဲ့သည်။ကောင်းမင်က သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။လူမှုဗေဒလက်တွေ့အတန်း စတင်တော့မည့်အချိန်ပင်ဖြစ်သည်။ကောင်းမင်သည် ဓာတ်ခွဲခန်းအဆောက်အဦး၏ပထမထပ်သို့ စောစောရောက်လာခဲ့သည်။
ကျောင်းသား စကားပြောဂရုတွင် မက်ဆေ့မပို့ကြတေ့ာသည်မှာ အတော်ကြာပြီဖြစ်သည်။လူတိုင်းက စကားပြောဂရုအသေးလေးများ ဖွဲ့ထားကြသည်။ကျောင်းသားများ မွေးဖွားလာသော လျှို့ဝှက်ချက်များကဲ့သို့ စကားပြောဂရုများစွာရှိနိုင်သည် ။
"ဝမ်ကျားရဲ့ စကားပြောဂရုလည်း ဘာအသစ်မှ မရှိဘူး ၊ သူတို့အကုန်လုံး အလုပ်များနေကြတာလား "
ကောင်းမင်က ဖြည်းညင်းစွာမျက်မှောင်ကြုံ့လိုက်ပြီး မက်ဆေ့အနည်းငယ်ကို စစ်ဆေးလိုက်သည်။
"တိတ်ဆိတ်နေတယ်လို့ မင်းထင်ရင် တခြားနေရာမှာ အဖွဲ့လုပ်ထားပြီးသားလို့ ဆိုလိုတာပဲ "
ရှရန်အသံက ရုတ်တရက်ထွက်ပေါ်လာသည်။ကောင်းမင်ထံ မကောင်းသည့်ခံစားချက်ရှိလာသည်နှင့် သူပေါ်လာလိမ့်မည်ဖြစ်သည်။
"မင်းရဲ့ အဆောင်နေဖက်တွေက မင်းကို ရောင်းစားလိုက်ပြီ ၊ မင်းကို ယဇ်ပလ္လင်ပေါ်က ယဇ်ကောင်အဖြစ်ထားလိုက်ပြီလေ "
“ယဇ်ပလ္လင်ပေါ်မှာ ဝတ်ပြုထားတာနဲ့ ယဇ်ပူဇော်ရုံပဲ မဟုတ်ပါဘူး "
ကောင်းမင်က အကြောဆန့်လိုက်သည်။
"ဒါက နတ်ဘုရားရုပ်တုတစ်ခုလည်း ဖြစ်နိုင်တာပဲလေ "
ကျောင်းသားများသည် ဓာတ်ခွဲခန်းအဆောက်အဦးသို့ စတင်ရောက်ရှိလာကြသည်။သူတို့သည် လွန်ခဲ့သည့်နှစ်များစွာကကဲ့သို့ပင် ရယ်မောပြောဆိုနေကြလေသည်။အခန်း၁၃သည် အများစုထက် အပြောင်းအလဲများကို လိုက်လျောညီထွေဖြစ်နိုင်သည်ဟု ဆိုရမည်ဖြစ်သည်။
"ကောင်းမင်ရေ ခေါင်မိုးထိပ်နဲ့စာကြည့်တိုက်ကို ငါတို့သွားခဲ့တယ် ၊ ၅၁ယောက်မြောက်ကျောင်းသားကို မမြင်မိဘူး "
ဝမ်ကျားနှင့်တုပိုင်တို့သည် ကောင်းမင်ကိုမြင်သောအခါ လျှောက်လာကြသည်။သူတို့သည် ပုံမှန်ဖြစ်နေပုံရသည်။
"စီဆန်းကော ဘယ်ရောက်နေလဲ ၊ ဘာလို့ မင်းတို့နဲ့ ပါမလာတာလဲ "
ကောင်းမင်က ခပ်ပေ့ါပေါ့မေးလိုက်သည်။
"ကောင်ကလေးရဲ့ဦးနှောက်ကို အချစ်ရောဂါကူးစက်သွားပြီလေ သူက ကျိုက်မေ့မေ့နဲ့အတူ ရှိနေတာ "
တုပိုင်က လူအုပ်ကြားထဲ ညွှန်ပြလိုက်သည်။စီဆန်းသည် ကျိုက်မေ့မေ့ဘေးတွင် ရှိနေလေသည်။သူသည် ကောင်းမင်ကို မကြည့်မိစေရန် အကောင်းဆုံးကြိုးစားနေရသည်။
"အဲ့သလိုလား၊ ငါက မင်းတို့ သူ့ကို စွန့်ပစ်ဖို့ဆုံးဖြတ်လိုက်တယ်လို့ထင်နေတာ "
ကောင်းမင် ပြုံးလိုက်သည်။တုပိုင်က စကားပြောရပ်လိုက်သည်။
ကျောင်းသားများသည် အုပ်စုငယ်များအဖြစ်ကွဲထွက်နေကြသည်။အိပ်ခန်း ၁၃၁၄သည် အတူတကွရှိနေကြသည်။ယွမ်ဟွေ့ ၊ကျိဖူ နှင့်အခြားလူများက အိပ်ဆောင်ခြောက်မှ ထွက်လာကြပြီး တစ်ခုခုကိုရှာတွေ့ခဲ့ပုံရသည်။လျိုယီသည် ထောင့်တွင် တစ်ကိုယ်တည်းရပ်လျက်ရှိသည်။ချင်ကျွင်းရန်သည် လူနှစ်ယောက်ကို ဦးဆောင်၍ သူ့နောက်တွင် ရှိနေ၏။
ခေါင်းလောင်းသံမြည်လာလေသည်။ကျိုးကျွင်းနှင့် စုံစမ်းရေးမှူးခုနှစ်ယောက် ပေါ်လာကြသည်။သူတို့က ဓာတ်ခွဲခန်းအဆောက်အဦးကို ချိတ်ပိတ်လိုက်ကြပြီး မည်းမှောင်သော မျက်နှာထားများဖြင့် အခန်းရှေ့တွင် ရပ်နေကြသည်။
"လူမှုဗေဒ လက်တွေ့အတန်းက မြေအောက်ထပ်မှာပဲ ၊ ငါ့နောက်လိုက်ခဲ့ကြ "
ကျိုးကျွင်းကလမ်းကို ဦးဆောင်လိုက်ပြီး ကော်ရစ်ဒါအဆုံးရှိ လျှို့ဝှက်တံခါးကို ဖွင့်လိုက်သည်။
သူတို့သည် ကြမ်းတမ်းသောခြေလှမ်းများဖြင့် နင်းဖြတ်သွားကြသည်။ဆေးရုံများ ၊ ဈေးဆိုင်များ နှင့်အကျဉ်းထောင်များရှိသည်။ထိုနေရာတွင် လက်တွေ့ဘဝရှိ အဆောက်အဦးတိုင်းကို စာသင်ခန်းအဖြစ်ပြောင်းလဲထားသည်။
အမှန်တကယ်စာသင်ခန်းမရှိပေ။လူတိုင်းသည် စမ်းသပ်မှု၏တစ်စိတ်တစ်ပိုင်းဖြစ်လာလိမ့်မည်ဖြစ်သည်။နံရံပေါ်မှ စာရင်းသည် စုတ်ပြဲနေခဲ့ပြီဖြစ်သည်။ကျိုးကျွင်းသည် တံခါးပေါ်တွင် အခန်း ၁၃၏ကျောင်းသားနာမည်စာရင်းကို ကပ်လိုက်သည်။
"လူမှုဗေဒ လက်တွေ့စမ်းသပ်ချက်မှာ မင်းတို့ ပိုကြာကြာရှင်သန်လေ မင်းတို့ ပိုရလေပဲ ၊ ငါအပါအဝင် လူတိုင်းရဲ့နာမည်နဲ့ ရှင်သန်နိုင်ချိန်ကို ဒီမှာပြသထားလိမ့်မယ် "
ကျိုးကျွင်းက တံခါးကို သော့ခတ်၍ အပေါ်ထပ်သို့ ဦးဆောင်လိုက်သည်။စုံစမ်းရေးမှူးများက မတူညီသောအခန်းများဆီ လှုပ်ရှားလိုက်ကြသည်။
"ငါတို့အခန်းထဲက ကျောင်းသားအများစုအတွက် ဒီအတန်းချိန်ဟာ မင်းတို့ရဲ့ နောက်ဆုံးအတန်းချိန်ပဲဖြစ်လိမ့်မယ် ဘာကြောင့်လဲဆိုတော့ လူမှုဗေဒလက်တွေ့စမ်းသပ်ချက်ဟာ သာမန်အတန်းတွေနဲ့ မတူလို့ပဲ ၊ စုံစမ်းစစ်ဆေးရေးဌာနက မင်းတို့အားလုံးကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး "
"ဌာနက ငါတို့ကို ဘယ်တုန်းက ကာကွယ်ပေးခဲလို့လဲ "
လူအုပ်ထဲမှ တစ်ယောက်က လှောင်ပြောင်လိုက်သည်။
"မင်းတို့ရဲ့ ကိုယ်ပိုင်အမြင်တွေရှိနေနိုင်တယ် "
ကျိုးကျွင်းက ဗွေမယူပေ။
"ဒီနေရာမှာ လူ့အဖွဲ့အစည်းထဲကို မင်းတို့ဝင်တဲ့အခါ ကြုံတွေ့ရနိုင်တဲ့ ဒုက္ခတွေကို ပုံဖော်ထားတာကို မင်းတို့ တွေ့ကြုံခံစားရလိမ့်မယ်၊မင်းတို့မှာ မတူညီတဲ့အထောက်အထားတွေ ရလာလိမ့်မယ်၊ လူတိုင်းကို စည်းမျဥ်းတွေနဲ့ ကန့်သတ်ထားမှာပဲ ၊ လူတိုင်းမှာ ကိုယ့်ဘဝရဲ့ ရည်မှန်းချက်တွေ ရှိကြလိမ့်မယ်…"
ကျိုးကျွင်းသည် ထောင်တံခါးကို ပေါ့ပေါ့ပါးပါးဖွင့်လိုက်သည်။သူသည် တူညီသော မဲစာရွက်လေးခုကို ထုတ်ယူလိုက်သည်။ အဲဒီအထဲက တစ်ခုတွင် လူသတ်သမားဟူသည့် စကားလုံးများကို ရေးသားထားသည်။
"ဒီစာရွက်ကိုရတဲ့သူက တခြားကျောင်းသားကို သတ်ပစ်ဖို့ လိုလိမ့်မယ် "
ထို့နောက် ကျိုးကျွင်းသည် စာရွက်နှင့်အတူ ဝမ်ကျားဆီလျှောက်လာ၏။
"ဒါက မင်းရဲ့ဟာပဲ "
"အဓိပ္ပါယ်မရှိတာ ! "
ဝမ်ကျားက ချက်ချင်း စာရွက်ကို လွင့်ပစ်လိုက်သည်။
"ငါ ဘယ်သူ့ကိုမှ မသတ်ဖူးဘူး !"
"မင်းက မဲစာရွက်ကို ရွေးချယ်တဲ့သူမဟုတ်ဘူး မဲစာရွက်က မင်းကို ရွေးချယ်လိုက်တာ "
ကျိုးကျွင်းက ဝမ်ကျားကို စိုက်ကြည့်လိုက်သည်။
"လူမှုရေးလက်တွေ့အတန်းက မင်းတို့ဘဝအလိုက် မတူညီတဲ့ အထောက်အထားတွေကို သတ်မှတ်ပေးလိမ့်မယ် ၊ ထောင်ထဲမှာ မဲစာရွက် လေးစောင်ရှိတယ် ၊ ဆိုလိုတာက ငါတို့အတန်းထဲမှာ အနည်းဆုံး ရာဇ၀တ်ကောင် ၄ ယောက်ရှိတယ် "
"ငါ့မှာ မေးခွန်းတစ်ခုရှိတယ် "
ကျိကျဲ၏အစ်ကိုက လက်ထောင်လိုက်သည်။
"ငါက မင်းတို့အခန်းထဲကမဟုတ်ဘူး ပြီးတော့ ငါက ထောင်ကထွက်လာတာလေ ၊ ငါကကော ရာဇဝတ်သားတစ်ယောက်ဖြစ်သေးလား "
"ငါတို့အတန်းက မဟုတ်ပဲ ဘာလို့ အတန်းမှာလာပါနေတာလဲ "
ကျိုးကျွင်းသည် ကျောင်းသားလေးဦး၏ ပြစ်မှုများကို ဖော်ထုတ်ရန် စာရွက်ကို လှန်လိုက်သည်။
“သူတို့ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအပေါ် မူတည်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ရမှာမဟုတ်ဘူး ၊သူတို့က သေဒဏ်နဲ့ပဲ ရင်ဆိုင်ရလိမ့်မယ် "
ကျောင်းသားများ အချင်းချင်း တီးတိုးပြောနေကြ၏။သူတို့အတန်းထဲတွင် အရူးရာဇဝတ်ကောင်များ ရှိလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။
"ဝမ်ကျား ၊ ကျိုးကျွင်း ....နောက်တစ်ယောက်က ဘယ်သူပါလိမ့် "
ကောင်းမင်က စဉ်းစားရန် မျက်ခုံးကျုံ့လိုက်သည်။
"တခြားနှစ်ယောက် မရှိသင့်ဘူးလား"
ကောင်းမင်၏ အသံကို တုပိုင်ကြားလိုက်ရသည်။ ပထမတွင် သူ စိတ်ရှုပ်သွားပြီး အေးစက်စက်ချွေးများစီးထွက်လာ၏။
ကောင်းမင် ပြုံးလိုက်ပြီး တုပိုင်ကိုထိန်းထားရန် သူ့လက်ကို တုပိုင်၏ဘယ်ဘက်ပုခုံးပေါ် တင်ထားလိုက်သည်။
စုံစမ်းရေးမှူးများသည် အခန်းများမှ ထွက်လာကြပြီး မဲစာရွက်အားလုံးကို အဖြူရောင်သေတ္တာထဲ ထည့်လိုက်ကြသည်။ကျိုးကျွင်းသည် မဲပုံးကို သူ့ရှေ့တွင် ပိုက်ထားရင်း
"မင်းတို့ရဲ့အထောက်အထားကို မဲလာနိူက်ကြ ၊ မကြာခင်မှာ ငါမင်းတို့ကို မလိမ်ကြောင်း သိလာလိမ့်မယ် "
လူအားလုံးမဲနိူက်ပြီးနောက် ကျိုးကျွင်းသည် အလွတ်ဖြစ်နေသော အဖြူရောင်သေတ္တာကို အလယ်တွင် ချလိုက်သည်။
"ကဲ အခု မင်းတို့စာရွက်ပေါ်က ညွှန်ကြားချက်အတိုင်း မင်းတို့အခန်းဆီသွားကြပါ ၊ ဒီနောက်ဆုံးအတန်းမှာ မင်းတို့ရှင်သန်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ် "
လူအုပ်ကြီးက ရွေ့လျားသွားကြသော်လည်း ထောင်ထဲသို့ ဘယ်သူမှ မသွားကြပေ။ရာဇဝတ်သားလေးယောက်သည် လူအုပ်ထဲပုန်းနေရန် ဆုံးဖြတ်ထားကြသည်။
"ဒါက လက်တွေ့ အတန်းလေးပါပဲ၊ ဘယ်သူက တကယ်သတ်မှာလဲ "
ဝမ်ကျားသည် တုပိုင်၏ပုခုံးကိုဖြတ်ကာ သူ့လက်ဖြင့် သိုင်းလိုက်သည်။
"ကျိုးကျွင်းက ငါတို့ကို ဆန့်ကျင်ဘက်ဖြစ်အောင် ကြိုးစားနေတာပဲ ! "
တုပိုင်သည် သူ့ဘေးရှိကောင်းမင် နဲ့ဝမ်ကျားကို ကြည့်လိုက်သည်။ သူက သူ့စာရွက်ကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်သည်။ သူ့အထောက်အထားမှာ ကျောင်းဆရာဖြစ်သည်။
"ကျောင်းရှိတဲ့အခန်းကို ငါသွားရတော့မယ် ၊ ဆောရီးပါ ငါမင်းတို့နဲ့ ထပ်နေလို့မရတော့ဘူး "
"တိုက်ဆိုင်လိုက်တာကွာ ၊ ငါလည်း အဲ့ကို သွားမှာပဲ "
"ငါလည်း အကြံပေးလုပ်ဖို့ ကျောင်းသွားရမှာလေ ၊ အတူတူသွားကြစို့ကွာ "
တုပိုင် ငိုချင်သွားသည်။သူ့အား ကျောင်းအခန်းထဲသို့ နှစ်ယောက်သား ဆွဲခေါ်သွားကြလေသည်။