ကောင်းမင် အခု မင်းကြောက်နေပြီလား
Vol. 12 Ch. 167
ကျောင်းသားများသည် မတူညီသောအခန်းများထဲသို့ ဝင်သွားကြသည်။မတူညီသောဘဝလမ်းကြောင်းများပေါ် လျှောက်ကြရပြီး အဆုံးသတ်များသည်ကွာခြားပေလိမ့်မည်။စာသင်ကျောင်းကို ကိုယ်စားပြုသောကျောင်းသားခြောက်ယောက်ရှိလေသည်။သူတို့သည် မဲစာရွက်များကို ကိုင်လျက် အချင်းချင်းစိတ်လှုပ်ရှားစွာကြည့်ရှုနေကြလေသည်။
"လူတိုင်းမှာ ကိုယ်ပိုင်ဘဝ မစ်ရှင်ရှိတယ် ၊ အဲ့ဒီမှာ ရပ်မနေနဲ့ ၊ မင်းရဲ့မစ်ရှစ်ကို စတင်နိုင်ပြီလေ "
ဝမ်ကျားက သူ့မျက်နှာချင်းဆိုင်မှ အမျိုးသမီးကို ကြည့်လိုက်သည်။အရင်တုန်းက ထိုမိန်းကလေးသည်ဝမ်ကျားကို ဝန်ခံခဲ့ဖူးသည်။ နှစ်များစွာကြာပြီးနောက် မိန်းကလေးသည် အခြားယောက်ျား၏ဇနီးဖြစ်နေပြီဖြစ်သည်။
'လူသတ်သမား ' ဝမ်ကျားသည် စာသင်ကျောင်းထဲ ဝင်မည်ကို တစ်ဦးတစ်ယောက်မှ မျှော်လင့်မထားချေ။အမျိုးသမီးက တံခါးဆီပြေးသွားလိုက်သည်။သူမသည် အခြားအခန်းသို့သွားချင်သော်လည်း တံခါးလက်ကိုင်ကို ထိလိုက်ရာ အခန်းအတွင်းမှ အလင်းရောင်များထွက်ပေါ်လာလေသည်။တံခါးပွင့်သွားခဲ့သည်။တံခါးအပြင်ဘက်တွင် ကားအသွားအလာများဖြင့် အလုပ်များနေကြသည်။ယိုတသည် စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုဒီဒီလျှောက်နေ၏။ ယိုလျန်း၏ အိပ်မက်ဆိုး ကျဆင်းလာသည်။ စစ်မှန်သော လူမှုဘဝလက်တွေ့အတန်းသည် စတင်ခဲ့ချေပြီ။
"ဒီအကြိမ်မှာ လူတိုင်းက တူညီတဲ့အိမ်မက်တစ်ခုထဲမှာပဲလား "
ကောင်းမင်က နံရံကို ထိတွေ့လိုက်သည်။အိမ်မက်ဆိုးသည် နောက်ဆုံးအကြိမ်ကထက် ပို၍ အစစ်အမှန်ဆန်နေ၏။
"ဟမ် "
ကျောင်းနံရံတွင် ပန်းချီလက်ရာတစ်ချို့ကို ကောင်းမင်သတိပြုမိလိုက်သည်။ခြောက်ခြားဖွယ် ပန်းချီကားများသည် ရှရန်၏လက်ရာသာဖြစ်သည်။သူတို့ အိမ်မက်ဆိုးထဲ နောက်ဆုံးအကြိမ်ဝင်ခဲ့စဉ်က ရှရန်နှင့်သူသည် လူဆိုးများကို လက်စားချေရန် ထိုပုံများကို ဆွဲခဲ့ခြင်းဖြစ်သည်။
"ရှရန်ရဲ့ ပန်းချီပုံတွေ ဒီမှာရှိနေသေးတာလား ! "
ပန်းချီပုံများသည် မှိန်ဖျော့နေပြီဖြစ်သော်လည်း ၎င်းတို့အပြည့်အဝပျောက်ကွယ်သွားရန်မှာ အချိန်တစ်ခုလိုပေလိမ့်မည်။
"ဒါက တော်တော်ရှက်စရာကောင်းတယ် ၊ ယိုလျန်းစိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
ကောင်းမင်သည် အိပ်မက်ဆိုးကို မည်ကဲ့သို့ ရှင်းလင်းရမည်ကို သိသည်။ သို့သော် သူ့တွင် ပြီးမြောက်ရန် အခြားတာဝန်များရှိသည်။ ထို့ကြောင့် သူသည် စည်းချက်ကို ဂရုတစိုက် ထိန်းသိမ်းထားပေမည်။
ယိုတသည် ကျောင်းသားများကို ညည်းညူနေစဉ်တွင် ကောင်းမင်က ကျော်တက်သွားပြီး အခြားသူများထိတ်လန့်တကြားကြည့်နေခိုက် သူ့လက်ကိုမြောက်၍ ယိုတကို ပါးရိုက်ချလိုက်သည်!။
ယိုတသည် မြေကြီးပေါ်လဲကျသည်အထိ ပါးရိုက်ခံလိုက်သဖြင့် ဆွံ့အနေခဲ့သည်။
"ဒီလူက အတန်းကို ရှင်းလင်းဖို့ အဓိကသော့ချက်ပဲ "
ကောင်းမင်သည် သူ့လက်ဖြင့်ယိုတကို ဖမ်းလိုက်ပြီး အခြားကျောင်းသားများထံ ဆွဲခေါ်သွားလိုက်သည်။
"ကောင်းပြီ ၊ မင်းတို့ ဘာကိုမှ ထပ်ပြီးလုပ်စရာမလိုတော့ဘူး ၊ သူ့ကိုခေါ်သွား ၊ သူနဲ့သွားကစားကြ "
ဝမ်ကျားသည် လဲကျနေသောယိုတကို ကြည့်၍ တစ်ခုခုနားလည်သွားဟန်ရှိသည်။သူနှင့်အခြားမိန်းကလေးနှစ်ယောက်က ယိုတကို ဆွဲခေါ်သွားကြသည်။
"မင်းစောစောမထွက်ချင်ဘူးမို့လား "
ကောင်းမင်က ထိုနေရာတွင် ရပ်လျက်ကျန်နေခဲ့သော တုပိုင်ဘက်လှည့်လိုက်သည်။
"မင်းဘာလို့ ခုထိ ကျန်နေခဲ့တာလဲ ၊ မင်းတစ်ယောက်ယောက်ကို စောင့်နေတာလား "
ကောင်းမင်သည် တုပိုင်၏အတွေးများကို မြင်နေပုံရသည်။သူသည် ကြောက်ရွံ့ခြင်း ၊ စိတ်မပါခြင်း နှစ်မျိုးလုံးဖြစ်နေ၏။ကျောင်းတုန်းက သူသည် သူ့ကံကြမ္မာကို ပြောင်းလဲနိုင်မည်ဟုယုံကြည်သောကြောင့် အလွန်ပင်ကြိုးစားခဲ့သည်။သို့သော် ရလာဒ်ကား ရက်စက်ပေသည်။သူသည် ခက်ခက်ခဲခဲစာကြိုးစားခဲ့သော်လည်း သူ့စုစုပေါင်းရလာဒ်သည် ကောင်းမင်ထက် နိမ့်နေခဲ့သည်။သူကြိုက်ခဲ့သော မိန်းကလေးအား အစွမ်းကုန်ကြိုးစားကူညီခဲ့သော်လည်း ထိုမိန်းကလေးက ဝမ်ကျားကိုသာ ဝန်ခံခဲ့သည်။ဘွဲ့ရပြီးနောက် သူသည် အလွန်အလုပ်ကြိုးစားခဲ့သော်လည်း အများဆုံးသာမန်ကျောင်းဆရာတစ်ယောက်သာ ဖြစ်လာခဲ့သည်။သူသည် သူ့ဆွေမျိုးများ၏ မိတ်ဆက်ပေးမှုဖြင့် မချစ်သောသူနှင့် လက်ထပ်ခဲ့ရသည်။
သူသည် အသက်၂၀ကျော်သာရှိသေးသည်။သို့သော် အသက် ၆၀အရွယ်ရှိ သူ့ဘဝအား မြင်နေရသည်။
"ကောင်းမင် ...."
တုပိုင်က နောက်တစ်လှမ်းဆုတ်လိုက်ပြီး ခေါင်းမော့လာသည်။
"ငါ မင်းကို ထိခိုက်အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး ၊ အနည်းဆုံးတော့ ရည်ရွယ်ချက်ရှိရှိနဲ့တော့ မဟုတ်ပါဘူး "
"ဒါပေမယ့် ရလဒ်တွေအရတော့ မင်းငါ့ကို ထိခိုက်စေခဲ့တယ်"
ကောင်းမင်သည် ဖြတ်သွားသော ကားများကို ကြည့်ရင်း ကျောင်းဘေးရှိ လမ်းပေါ်တွင် ထိုင်လိုက်သည်။
"ငါတို့ အိပ်ခန်းထဲက လူတိုင်း အရမ်းထူးခြားကြတယ် ၊ ဒါပေမယ့်လည်း စီဆန်းနဲ့ဝမ်ကျားတို့နဲ့ယှဉ်ရင် မင်းက ပိုပြီးအစစ်အမှန်ဆန်တယ်၊ သူတို့က ရုပ်ရှင်တစ်ကားထဲက အဓိကဇာတ်ကောင်တွေလိုပဲ ဒါပေမယ့် မင်းကတော့ တကယ်မင်းပဲ ၊ အခြားလူတွေက မင်းရဲ့အကျိုးစီးပွားကို မခြိမ်းခြောက်တဲ့အချိန်ဆိုရင် မင်းဟာ သဘောထားကြီးတယ် ၊ ကြင်နာတယ် ၊ ပျော်တတ်တယ် ၊ ဒါပေမယ့်လည်း တစ်ခုခုက မင်းကိုခြိမ်းခြောက်တာ ဒါမှမဟုတ် တစ်ခုခုက မင်းဘဝမှာ ကြီးကျယ်တဲ့အရာတွေ ရအောင် ကူညီပေးနိုင်တယ်ဆိုတာနဲ့ မင်းက ကိုယ်ကျင့်တရားတို့၊ လူသားဆန်မှုတို့ရဲ့
ချည်နှောင်မှုကို စွန့်လွှတ်ဖို့ တွေဝေနေမှာ မဟုတ်ဘူး "
တုပိုင်က မငြင်းဆန်ခဲ့ပေ။သူက ပြောရုံသာပြောလိုက်သည်။
"သူတို့ လာနေကြပြီ ၊ ဂိမ်းက မကြာခင်ပြီးတော့မှာပါ "
မိနစ်အနည်းငယ်ကြာသောအခါ ကျောင်းတံခါးရှေ့တွင် တက်စီတစ်စီး ရပ်တန့်လိုက်သည်။ကျောင်းသားများဆင်းလာကြပြီး တံခါးဝတွင်စုဝေးလိုက်ကြသည်။
" ကောင်းမင် ငါတို့နှစ်ယောက် မတွေ့ဖြစ်တာ နှစ်အနည်းငယ်ပဲ ကြာပေမယ့် မင်းက အများကြီး ပြောင်းလဲသွားခဲ့တယ် "
ချင်ကျွင်းရန်နှင့်သူ့ဂိုဏ်းသည် ကောင်းမင်ကို ဝိုင်းထားလိုက်သည်။ချင်ကျွင်းရန်၏ထုံးစံဖြစ်သော တောက်ပမှုက ပျောက်ကွယ်သွားသည်။
"မင်းဟာ ငါတို့ကျောင်းတုန်းက တစ်ယောက်တည်း စာဖတ်ရတာ ဝါသနာပါပြီး စကားမပြောတာကို ငါမှတ်မိတယ် ၊ မင်းလိုလူက စိတ်ဆရာဝန်တစ်ယောက်ဖြစ်လာမယ်လို့ ဘယ်သူထင်ထားမှာလဲ "
"လိုရင်းကို ပြော "
ကောင်းမင်သည် ချင်ကျွင်းရန်တွင် ထိုကဲ့သို့ ကြီးမားသည့်ကလပ်တစ်ခုရှိမည်ဟု မထင်ထားပေ။
"မင်းက ၅၁ယောက်မြောက်ကျောင်းသားပဲဖြစ်ရမယ် ဟုတ်တယ်မလား ၊မင်းမှာလူတွေရဲ့ခံစားတွေကို ထိန်းချုပ်ဖို့ ၊ ခြယ်လှယ်ဖို့ အရာအားလုံးကို စီစဉ်နိုင်တဲ့စွမ်းအားနဲ့ ဉာဏ်ရည်ရှိတယ် "
ချင်ကျွင်းရန်သည် အရာအားလုံးသူ့ထိန်းချုပ်မှုအတွင်းရှိနေသကဲ့သို့ ခေါင်းကိုမော့လိုက်သည်။
"လူတိုင်းကို အရူးတွေလို မဆက်ဆံနဲ့ကွ ၊ ငါတို့တစ်ယောက်ချင်းစီတိုင်း ဂရုတစိုက် ရှင်သန်နေကြတာ ၊ မင်းတစ်ယောက်ပဲ စည်းမျဉ်းတွေကို လျစ်လျူရှုနိုင်တာ ၊ မင်းက ဘယ်စည်းမျဉ်းတွေက အန္တရာယ်မဖြစ်ဘူးဆိုတာ အစကတည်းက သိနေသလိုပဲကွ "
"မင်းတို့တစ်ယောက်မှ ရူးနေတယ်လို့ ငါမထင်ပါဘူး ဒါပေမယ့် မင်းတို့ထဲက တချို့က ဦးနှောက်မရှိဘူးလို့ ငါထင်တယ် "
ကောင်းမင် မတ်တပ်ရပ်လိုက်ပြီး ချင်ကျွင်းရန်ဆီ လျှောက်သွားလိုက်သည်။
"ငါက ၅၁ယောက်မြောက် ကျောင်းသား ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းငါ့ကို ဘာလုပ်နိုင်သလဲ "
ယိုလျန်း၏အိမ်မက်ဆိုးထဲတွင် ကောင်းမင်သည် ဘယ်သူ့ကိုမှ မကြောက်ပေ။နောက်ဆုံးအကြိမ်က သူနှင့် ရှရန်သည် ဆိုးယုတ်သောအိပ်မက်ဆိုးကြီးတစ်ခုလုံးကို နှိမ်နင်းခဲ့ခြင်းဖြစ်သည်။
"မာနဆိုတာ မူလအပြစ်ပဲ မင်းက မာနကြီးလွန်းတယ် "
ချင်ကျွင်းရန်သည် သူ့အိတ်ထဲမှ ကျောင်းသားအိုင်ဒီကတ်တစ်ခုကို ထုတ်ယူလိုက်သည်။အိုင်ဒီတွင် ဓာတ်ပုံမရှိသည်။နာမည်ကား မှုန်ဝါးဝါးဖြစ်နေသည်။ကျောင်းဝင်နံပါတ်၏နောက်ဆုံးနှစ်လုံးမှာ ၅၁ဖြစ်သည်။
ကျောင်းသားအိုင်ဒီကို မြင်လိုက်ရသောအခါ ကောင်းမင်နှင့်အတူရှိမနေခဲ့သော မှတ်ဉာဏ်သည် သူ့နှလုံးကို စတင်လောင်ကျွမ်းလာတော့သည်။ကောင်းမင် သူ့ရင်ဘတ်ကို ဖိ၍ မျက်လုံးများ မှေးလိုက်သည်။
"မင်း ဒါကို ကျောင်းဆေးခန်းက ခိုးလာတာလား ၊ ဒေါက်တာလုနဲ့ဟွမ်းကုန်းက အကုန်လုံးစစ်ဆေးခဲ့တာ ငါမှတ်မိပါတယ် ၊ ဘာမှ မပျောက်ခဲ့ဘူးး "
"ငါတို့ ခိုးခဲ့တာမဟုတ်ဘူး ၊ လဲခဲ့တာ "
ချင်ကျွင်းရန်က အလွန်ဂုဏ်ယူနေပုံရသည်။
"ဖရိုဖရဲကြားမှာ ကျောင်းသားအိုင်ဒီကတ်ကို အစားထိုးဖို့ ငါတို့အားလုံးစုပြီး အတုတစ်ခုလုပ်နိုင်ခဲ့တယ်လေ "
ကောင်းမင်သည် ချင်ကျွင်းရန်ကို လျှော့တွက်ခဲ့ကြောင်း ဝန်ခံမိသည်။
"ဒါဆို မင်းအခုဘာလို့ဒီကိုရောက်နေတာလဲ၊ ငါ့ကို ကျောင်းသားအိုင်ဒီကတ် ပေးဖို့လား "
"ငါတို့ ယွမ်ဟွေ့ကိုကယ်ဖို့ ရုံးခန်းအဆောက်အဦးကို သွားခဲ့တုန်းက အသံတစ်ခုက ငါတို့ကို လမ်းညွှန်ခဲ့တယ် ၊ အဲ့ဒါက ငါတို့ကို ကျောင်းစည်းမျဉ်းတွေကို ဖျက်ဆီးနိုင်မယ့်နည်းလမ်းပြောပြခဲ့တယ် "
ချင်ကျွင်းရန်သည် အလွန်ပျော်ရွှင်နေ၏။နှစ်ပေါင်းများစွာကြာပြီးနောက် သူသည် ကောင်းမင်ကို နိုင်ခဲ့ပြီဖြစ်သည်။
"နည်းလမ်းက ၅၁ယောက်မြောက်ကျောင်းသားရဲ့ အဓိကခန္ဓာကိုယ်ကို ရှာဖို့ပဲ ၊ ပြီးရင် သူ့ခန္ဓာကိုယ်ကိုသတ်ပြီးရင် ငါတို့နှလုံးသားတွေထဲမှာ ဝှက်ထားတဲ့မှတ်ဉာဏ်တွေက အတူတကွဖြစ်သွားမယ် ၊ ဒါဆို ကျောင်းအိမ်မက်ဆိုးကြီး အဆုံးသတ်သွားလိမ့်မယ် "
"ယွမ်ဟွေ့ကို အရမ်းအောင်အောင်မြင်မြင်နဲ့ မင်းတို့ဘယ်လိုကယ်လာလဲ ငါအံ့ဩနေတာ "
ကောင်းမင်က အခြေအနေကို နားလည်သွားသည်။ရုံးခန်းအဆောက်အဦးသည် စီတုအန်း၏နယ်မြေဖြစ်သည်။သူတို့ကြားခဲ့ရသောအသံသည် စီတုအန်းထံမှ ဖြစ်နိုင်သည်။ထိုနတ်ဆိုးသည် ကျောင်းသားများကို သူ့ဓားများအဖြစ် လေ့ကျင့်ပေးချင်နေခြင်းဖြစ်သည်။
"၅၁ယောက်မြောက်ကျောင်းသားနဲ့ ငါတို့ကြားမှာရှိတဲ့ မှတ်ဉာဏ်တွေက တစ်ကျောင်းလုံးပြန့်ကျဲနေတာ ၊အတန်းချိန်တွေကြား အားလပ်ချိန်တွေမှာ ဒါတွေကို ရှာခဲ့တယ် ၊ ငါတို့ အများကြီးတွေ့ခဲ့ရတယ် "
ချင်ကျွင်းရန်နောက်လိုက်နေသော ကျောင်းသားများက သူတို့အိတ်များကို ဖွင့်လိုက်ကြသည်။သူတို့သည် ညစ်ပေနေသောပစ္စည်းများကို ထုတ်လိုက်ကြသည်။၎င်းတို့သည် ပေတံ ၊ သစ်သီးထည့်ဘူး ၊ ကြိုးခုန်သည့်ကြိုး ၊ မပေးရသေးသော ရည်းစားစာတစ်စောင်.....စသဖြင့်။
"ဒီအမှတ်တရပစ္စည်းတွေကို ကျောင်းပတ်ဝန်းကျင်မှာ ဝှက်ထားခဲ့တာ ၊ ငါတို့အခန်းထဲကလူတွေပဲ ဒါတွေကိုရှာတွေ့နိုင်ခဲ့တယ်"
ချင်ကျွင်းရန်သည် ထိုပစ္စည်းများကို ကျောင်းသား အိုင်ဒီနှင့် နီးကပ်စွာထားလိုက်သောအခါ အိုင်ဒီ ပေါ်ရှိပုံသည် ပိုမိုရှင်းလင်းလာသည်။ထို့နောက် မှတ်ဉာဏ်ပါရှိသော ပစ္စည်းများသည် ပြိုကွဲပြီး ထာဝရ ပျောက်ကွယ်သွားမည်ဖြစ်သည်။ ကျောင်းသားများသည် ကောင်းမင်၏ မျက်လုံးများရှေ့တွင် အမှတ်တရများကို ဖျက်ဆီးပစ်လိုက်ကြသည်။
နောက်ဆုံးပစ္စည်း ပျောက်ကွယ်သွားသောအခါ အိုင်ဒီပေါ်ရှိမျက်နှာသည် အရောင်အသွေးစုံလာလေသည်။အသွင်သဏ္ဌာန်တစ်ခုကို မြင်နိုင်သည်။ ချင်ကျွင်းရန်သည် အိပ်ခန်းနှစ်ခန်းမှ လူများကို ဦးဆောင်ကာ ကျောင်းပတ်ပတ်လည်တွင် ရှာဖွေမှုများပြုလုပ်ခဲ့သည်။ထိုကျောင်းသားအိုင်ဒီအသစ်ကို ဖန်တီးခဲ့ခြင်းမှာ သူတို့၏ စုပေါင်းကြိုးပမ်းမှုဖြစ်သည်။
"ဒီအရာတွေက စုံစမ်းစစ်ဆေးရေးဌာနက ငါတို့ကို ရှာဖို့ အသုံးပြုချင်တဲ့ မှတ်ဉာဏ်အပိုင်းအစတွေလား "
ကောင်းမင်သည် အခြားအရာများဖြင့် အလုပ်ရှုပ်နေခဲ့သော်လည်း သူ့အတန်းဖော်များသည် သူ့အတွက်အပိုင်းအစများကို ရှာဖွေပေးရန် လွန်စွာအကူအညီဖြစ်ခဲ့သည်။
"ကောင်းမင် မင်းတည်ငြိမ်နေသလို ဟန်ဆောင်နေတုန်းလား "
ချင်ကျွင်းရန်သည် ကျောင်းသားအိုင်ဒီကိုကိုင်၍ သွေးစွန်းဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။
"ကျိုးဘိုရဲ့ဓားက သရဲတွေကို သတ်နိုင်တယ် ၊ သူဒါကို ဘယ်လိုလုပ်ခဲ့သလဲတော့ ငါမသိဘူး ၊ ဒါက အရေးမကြီးပါဘူး ၊ ငါက ရလာဒ်ကိုပဲ ဂရုစိုက်တယ် "
ဓားထိပ်သည် ကျောင်းသား အိုင်ဒီပုံပေါ် ပျံဝဲသွားသည်။ ချင်ကျွင်းရန်က သူသည် ကမ္ဘာကြီး၏ဗဟိုချက်တစ်ခုလို ခံစားနေရသည်။
"ငါတို့လည်း မင်းကို မသတ်ချင်ပါဘူး ဒါပေမယ့် မင်းက ငါတို့ကို ဒီမှာပိတ်ထားပြီး ငါတို့အပေါ်လက်စားချေဖို့ အတင်းအကျပ်လုပ်ခဲ့တာပဲ "
ချင်ကျွင်းရန်က ဓားကို ဖိချလိုက်ပြီး ရက်စက်စွာ ပြောလိုက်သည် ။ ဓါတ်ပုံကို ထိုးဖောက်သွားပြီးနောက် ကောင်းမင်၏နှလုံးသားထဲရှိ သူစိမ်းမှတ်ဉာဏ်သည် သွေးနှင့်မျက်ရည်များ စီးကျလာလေသည်။
ကောင်းမင်မျက်နှာပေါ်တွင် နာကျင်မှုကင်းမဲ့နေသည်ကို မြင်သောအခါ တုပိုင်က ချီတုံချီချဖြင့် မေးလိုက်သည်။
"ငါတို့လူမှားနေတာလား ၊ မှတ်ဉာဏ်အပိုင်းအစတွေကို ထိခိုက်စေတာက ကျောင်းစည်းကမ်းတွေကို ဓားနဲ့ထိုးသလိုပဲလို့ ရုံးခနအဆောက်အဦးက အသံက ပြောခဲ့တယ်မလား ၊ သူက ဘယ်လိုလုပ်ပြီး လုံးဝအဆင်ပြေနေတာလဲ "
တုပိုင်တွင် အပြစ်ရှိစိတ်တချို့ခံစားနေရသေးသည်။
"အသံပြောတာက ကျောင်းစည်းကမ်းတွေကို ဖန်တီးခဲ့တဲ့လူက ကျောင်းမှာ ပုန်းနေတာတဲ့ ၊ ဒါပေမယ့် ငါတို့ တစ်ကျောင်းလုံးရှာတာတောင် သူ့ကိုမရှာနိုင်ဘူးလေ "
ချင်ကျွင်းရန်သည် နောက်ပြန်ဆုတ်မရတော့သလို ခံစားလိုက်ရသည်။
"ဒါကြောင့်မို့ ဖြစ်နိုင်ခြေတစ်ခုပဲ ရှိနိုင်တယ် ၊ ၅၁ယောက်မြောက်ကျောင်းသားက အမြဲတမ်း ငါတို့ကြားမှာ ရှိနေတာပဲ ! သူက ကောင်းမင်ပဲ ! "
ကျောင်းသားများတွင် အသတ်အဖြတ်ဆန္ဒများဖြာထွက်နေသည်။ချင်ကျွင်းရန်သည် ဓားကို ကျိုးဘိုထံမှ ခိုးခဲ့ခြင်းဖြစ်သည်။သူတို့ထဲမှ တချို့က ကျောင်းရှိ ကျိန်စာသင့်ပစ္စည်းများကိုရခဲ့ကြသည်။တချို့သည် ပစ္စည်းများကို ချီးကျူးမှတ်များဖြင့် ကန်တင်းမှ ဝယ်ယူရန်ကြိုးစားခဲ့ကြသည်။ သရဲကျောင်းသားများလှည့်စားခဲ့သော လူတချို့လည်း ရှိပေသေးသည်။
"ငါတို့ အတန်းတက်တာ နှစ်ရက်ပဲရှိသေးတယ် မင်းက အများကြီး သက်သေပြလိုက်တာပဲ ၊ ငါတို့ဆရာတွေသာ စောစောမသေခဲ့ရင် သူတို့က မင်းကို အရမ်းဂုဏ်ယူနေကြမှာ "
ကောင်းမင်၏လက်ထဲတွင် အနက်ရောင်လူသေဓာတ်ပုံကို ဆုတ်ကိုင်ထားသည်။သူသည် ချင်ကျွင်းရန်နောက်ကွယ်က အရိပ်ကို တိတ်တဆိတ် စိုက်ကြည့်နေခြင်းဖြစ်သည်။
"မင်းတို့အားလုံးကို အပြစ်ပေးဖို့အတွက် အစတုန်းကတော့ တိုက်ရိုက်အကျဆုံးနည်းလမ်းကို သုံးချင်ပေမယ့် ပြီးခဲ့တဲ့ရက်အနည်းငယ်က မင်းတို့အတွက် ဘယ်လောက်ခက်ခက်ခဲခဲဖြစ်ခဲ့လဲဆိုတာကို စဉ်းစားကြည့်တော့ မင်းတို့ မခက်ခဲစေချင်ခဲ့ဘူး ၊ ပြီးတော့ မင်းတို့က မှတ်ဉာဏ်အပိုင်းတွေကို ငါ့အတွက်ကူပြီး စုဆောင်းပေးခဲ့သေးတယ် "
"မင်းအရမ်းကြောက်နေလို့ ပရမ်းပတာတွေ ပြောနေတာလား "