အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ဆိုတာ ဘာလဲ
Vol. 12 Ch. 168
လျိုယီ၏လှပသောပုံရိပ်လေးသည် သူမြင်လိုက်ရသည်နှင့် လွန်စွာကွာခြားလေသည်။ချင်ကျွင်းရန်သည် နှလုံးခုန်ရန် မေ့လျော့သွားပုံရသည်။သူလှည့်ကြည့်လိုက်ရာ ညအမှောင်ကဲ့သို့ သူ့ကို လှမ်းဟပ်လိုက်သည့် ခွေးကိုမြင်လိုက်ရသည်။
"ဧရာမခွေးတစ်ကောင်တဲ့လား "
ဧရာမမေးရိုးကြီးသည် ချင်ကျွင်းရန်နှင့် ကျောင်းသားအိုင်ဒီကို မြိုချလိုက်သည်။ခွေးကြီးက သူ့ခြေထောက်ဖြင့် ရပ်လိုက်သည်။ရှည်လျားလှသော အမွေးများသည် သွေးရောင်လေပြင်းနှင့်အတူ ကခုန်နေလေသည်။ကောင်းမင်ကို ဝန်းရံနေသော ကျောင်းသားများသည် နေရာတွင် အေးခဲသွားကြသည်။သူတို့ခန္ဓာကိုယ်များကို လှုပ်ပင်မလှုပ်နိုင်တော့ချေ။
"ငါ့ကို ၅၁ယောက်မြောက် ကျောင်းသားလို့ မင်းထင်ကတည်းက ကျောင်းစည်းကမ်းတွေကို တိုက်ခိုက်ဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ "
ကောင်းမင်က နံရံပေါ်ရှိ ရှရန်ပန်းချီများကို ထိတွေ့လိုက်သည်။ခွေးနက်ကြီးသည် ချင်ကျွင်းရန်ကိုမြိုချလိုက်ပြီးနောက် အရိပ်ထဲသို့ ပျောက်ကွယ်သွားသည်။နောက်တစ်က္ကန့်တွင် သူသည် ကောင်းမင်နောက်တွင် ကျက်သရေရှိစွာပြန်ပေါ်လာ၏။အနက်ရောင်အမွေးများက သူ့နောက်တွင် တလှုပ်လှုပ်ဖြစ်နေလေသည်။သူက ကျောင်းသားအိုင်ဒီနဲ့ ကျိုးဘိုဓားကို ထွေးထုတ်လိုက်သည်။ကောင်းမင်သည် ကျောင်းသားအိုင်ဒီကို ကောက်ယူလိုက်ပြီး ၎င်းအပေါ်ရှိ ဓာတ်ပုံကို ထိတွေ့လိုက်သည်။
"တကယ်တော့ ငါက ၅၁ယောက်မြောက် ကျောင်းသားလားလို့ ငါလည်းတွေးမိပါတယ်၊ နောက်ဆုံးတော့ ငါ့မှာ သေခြင်းမှတ်ဉာဏ်တွေပဲ ရှိနေခဲ့တယ် ၊ ပျော်ရွှင်စရာအချိန်တွေအားလုံးကို ငါမေ့သွားခဲ့ပြီ ၊ အတိတ်က အနစ်နာခံမှုနဲ့ ကြင်နာမှုရဲ့တန်ဖိုးကို ငါသိခဲ့တာဖြစ်နိုင်တယ် ၊ အရင်တုန်းက မင်းတို့ ငါ့ကို သစ္စာဖောက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ် "
"ကောင်းမင် စိတ်လျှော့ပါဦး! ငါတို့မှာ ဘယ်လိုယုတ်မာစိတ်မှ မရှိပါဘူး၊ ငါတို့က မင်းရဲ့ အထောက်အထားကို သိချင်ရုံပါပဲ ! "
ချောင်စုန့်နောက်ဆုတ်သွားသည်။သူ့အသံသည် တုန်ယင်နေ၏။ ချင်ကျွင်းရန်အစားခံလိုက်ရပြီးနောက် သူတို့တပ်ပေါင်းစုကား ပြိုကွဲသွားတော့သည်။
" မင်းတို့ ငါ့အထောက်အထားကို သိချင်ရင် မင်းတို့မှာ ဓားတစ်ချောင်းလိုပါ့မလား "
ကောင်းမင်သည် ကျိုးဘို၏ဓားကို ဟိုယမ်းဒီယမ်းလုပ်လိုက်သည်။
"၅၁ ယောက်မြောက် ကျောင်းသားကို ငါပို့လိုက်တဲ့ မက်ဆေ့ချ်ကို မင်းတို့ မသိချင်ဘူးလား "
တုပိုင်က ဖြစ်နိုင်ခြေတစ်ခုကို တွက်ဆလိုက်သည်။
"မင်း ဘာမက်ဆေ့မှ မပို့ခဲ့ဘူးလား ၊ မင်းဖုန်းက ငါတို့မက်ဆေ့အားလုံးကို လက်ခံခဲ့တာလား ! မင်းက ငါတို့လျှို့ဝှက်ချက်အားလုံးကို သိနေတာပေ့ါ ! "
"အဲ့ဒါသာ မှန်ခဲ့ရင် "
ကောင်းမင်သည် သူ့သွေးကို ကျောင်းသားအိုင်ဒီပေါ်ချလိုက်သည်။သားစားကြူးနတ်က မတုန့်ပြန်ပေ။ယင်းက သူသည် ၅၁ယောက်မြောက်ကျောင်းသားမဟုတ်ကြောင်း သက်သေပြနေသည်။
"ငါက သူမဟုတ်ဘူး ဒါပေမယ့် သူက ငါ့ကို ကောင်းကောင်းသိနေပုံရတယ် ၊ သူက ငါ့ရဲ့ဝှက်ဖဲကိုတောင်သိတယ် "
ကောင်းမင်က သူ့မဲစာရွက်ကို ဖွင့်လိုက်သည်။သူ့အလုပ်အကိုင်သည် လူသတ်သမားတစ်ယောက်မဟုတ်သလို စိတ်ဆရာဝန်တစ်ယောက်လည်း မဟုတ်ပဲ ဂိမ်းဒီဇိုင်နာတစ်ယောက်သာဖြစ်သည်။
"ငါက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဟန်ရှန်းထောင်ကနေ အလုပ်ထွက်ခဲ့ပြီး ကြေးစားဂိမ်းဒီဇိုင်နာတစ်ယောက်ဖြစ်လာခဲ့တယ် ၊ ငါကလွဲလို့ ဒီအကြောင်းကို ဘယ်သူမှ မသိသင့်ဘူး "
ကောင်းမင်က သူသည် ခြောက်ခြားဂိမ်းဒီဇိုင်နာဖြစ်ကြောင်း သူတို့ကို မပြောခဲ့ပေ။
"ဒါ့အပြင် ငါ့ရဲ့ဘဝမစ်ရှင်ကအရမ်းထူးခြားတယ် ၊ မင်းတို့ရဲ့ ပင်ကိုယ်စရိုက်နဲ့ အသက်မွေးဝမ်းကြောင်းကိုသုံးပြီး အရင်ကမစဖူးသေးတဲ့ ဂိမ်းအဆုံးသတ်အသစ်ကို ဖန်တီးဖို့ ငါမင်းတို့အားလုံးကို ထိန်းချုပ်ဖို့လိုတယ် "
ကောင်းမင်၏ စကားများသည် ရှိနေသူတိုင်းကို ရှုပ်ထွေးစေသည်။ တုပိုင်တစ်ယောက်သာ သူ့ကို ဖမ်းဆုပ်မိသည် ။
"အဆုံးသတ်အသစ်လား "
"ငါနားလည်သလောက်ပြောရရင် ဒီကျောင်းက ကျောင်းသားတော်တော်များများ ဒီအတန်းကို အရင်က တက်ဖူးကြတယ် ၊ စုစည်းထားတဲ့အိမ်မက်ဆိုးတွေက အမျိုးမျိုးသောအဆုံးသတ်တွေကို ဦးတည်စေလိမ့်မယ်၊ ဒါပေမယ့် အရင်ကမဖြစ်ခဲ့ဖူးတဲ့ အသစ်စက်စက်အဆုံးသတ်တစ်ခုဆီကို လမ်းကြောင်းတစ်ခုဖော်ဖို့ ငါမင်းတို့အားလုံးကို အသုံးပြုရမယ် "
ကောင်းမင်သည် ထိုကဲ့သို့ တူညီသောအရာမျိုးကို လက်တွေ့ဘဝတွင် လုပ်နေရကြောင်း သူတို့ကို မပြောခဲ့ပေ။တုပိုင်နှင့်အခြားကျောင်းသားများက အလွန်စိတ်လှုပ်ရှားနေကြသည်။သူတို့သည် ကောင်းမင်ပြောနေသည်ကို အာရုံမစိုက်နိုင်ကြပေ။သူတို့သည် လွတ်မြောက်ချင်ရုံသာဖြစ်သည်။
"ဒါတွေအားလုံးကို မင်းတို့ကို ပြောရတာ အဓိပ္ပါယ်မရှိဘူး ၊ ငါက ၅၁ယောက်မြောက်ကျောင်းသားမဟုတ်ဘူးဆိုတာ မင်းတို့သိထားဖို့ပဲ လိုတယ် "
ကောင်းမင်က မသတ်ဖြတ်ခဲ့ပေ။သူသည် သတ်ဖြတ်ရခြင်းကို မကြိုက်ပေ။
"ငါမင်းတို့ကို မသတ်ဘူး ၊ ချင်ကျွင်းရန်တောင် အသက်ရှင်နေသေးတယ် ၊ သူက စားခံလိုက်ရုံပဲ "
ကောင်းမင်သည် ကြောင်အနေသော သူ့အတန်းဖော်များကို လျစ်လျူရှူလိုက်ပြီး လှည့်ထွက်လာခဲ့သည်။သူသည် ကျောင်းသားအိုင်ဒီကို သိမ်းဆည်းလိုက်ပြီး မဲစာရွက်ကို ထပ်မံထုတ်ကြည့်လိုက်သည်။အခြားသူများနှင့်ယှဉ်လျင် ကောင်းမင်၏စာရွက်တွင် မှတ်စုအပိုတစ်ခုရှိသည်။'မည်သည့်ကျောင်းသားကိုမှ မသတ်ရန် တားမြစ်သည်၊ ကျောင်းသားများကို ထိခိုက်နစ်နာစေရန် အဆိပ်၊ ကျိန်စာများနှင့် စကားလုံးများ အသုံးပြုခြင်းမှ တားမြစ်သည်'
"အခြားလူတွေမှာ ဒီကန့်သတ်ချက်တွေ မရှိပါဘူး ၊ ယိုလျန်းက ငါ့ကို အထူးကုသပေးနေတာလား "
"ဒီကိုနောက်ဆုံးရောက်တုန်းက ရှရန် နဲ့ငါက ဆိုးယုတ်တဲ့ ကောင်တွေအားလုံးကို သတ်လိုက်လို့ပဲလား ၊ ဒီတစ်ကြိမ်တော့ ယိုလျန်းက ငါ့ကို ပစ်မှတ်ထားနေတာများလား "
အတန်းသည် မူမမှန်မှုများဖြင့် ပြည်နှက်နေ၏။ကောင်းမင်သည် ယိုလျန်းကိုဆင့်ခေါ်ရန်ကြိုးစားလိုက်သော်လည်း တုန့်ပြန်မှုမရှိပေ။
"ငါ ဓာတ်ခွဲခန်းအဆောက်အဦးရဲ့ မြေအောက်ထပ်ကို သွားဖို့လိုတယ် ၊ ရေလွှမ်းမိုးတာက ဒီညဖြစ်ပွားလိမ့်မယ် ၊ အဲဒီနေရာကို ရွှေ့ဖို့ အရမ်းခက်လိမ့်မယ် "
ကောင်းမင်သည် ပန်းတိုင်သို့သွားရန် ဆုံးဖြတ်ခဲ့သည်။ကျိကျဲသည် အပြင်ဘက်တွင် ကျောင်းသားကောင်စီနှင့်စီတုအန်းကို အာရုံပြောင်းနေဆဲဖြစ်သည်။သူသည် ထိုအခွင့်အရေးကို ဖမ်းဆုပ်ရပေမည်။
"ငါသာ ငါ့ဘက်မှာ ယိုလျန်းကို ရနိုင်ခဲ့ရင် စည်းကမ်းတွေအကုန်လုံး ငါဖြိုချနိုင်လိမ့်မယ် "
ကောင်းမင် သူ့အတန်းဖော်များနှင့်အချိန်ဖြုန်းမနေခဲ့ပေ။သူက ယိုလျန်း၏ဘဝကို ပြန်လည်ခေါ်ဆိုလိုက်သည်။
"ယိုလျန်း ပေါ်လာဖို့အတွက်နဲ့ လူဆိုးတွေကို သတ်ဖို့က အဓိပ္ပါယ်မရှိဘူး ၊ သူ့အတွက် အဖိုးတန်တဲ့အရာတွေကို ငါအာရုံစိုက်ရမယ် "
အခြားကျောင်းသားများသည် အိမ်မက်ဆိုးတွင် ရှင်သန်နိုင်ရန်ကြိုးစားကြသော်လည်း ကောင်းမင်သည် အိမ်မက်ဆိုးထဲရှိ ဟန်သဲ့အကယ်ဒမီသို့ ပြန်ရောက်လာပြီး လှည့်ပတ်ကြည့်ရှုနေ၏။
"ယိုလျန်းအတွက် အဖိုးတန်တဲ့အရာအားလုံး ဒီမှာ ရှိတယ် "
အိမ်မက်ဆိုးထဲမှ ကျောင်းသည် အပြင်ဘက်ကကျောင်းနှင့် ကွာခြားခြင်းမရှိပေ။နာမည်တစ်ခုသာ ပြောင်းလဲသွားခြင်းဖြစ်သည် ကျောင်းကြီးတွင် ငယ်ရွယ်မှု ၊ အားအင်ပြည့်ဝမှုတို့ဖြင့် ပြည့်နေလေသည်။ကောင်းမင်သည်ပင် လွှမ်းမိုးမှုကို ခံစားလိုက်ရပြီး ငယ်ရွယ်သွားသည်။
"ဟန်သဲ့ရှုရှန်းအကယ်ဒမီဟာ ယိုလျန်းရဲ့မြင့်မြတ်တဲ့နေရာပဲ ၊ အိမ်မက်ဆိုးထဲမှာတောင် သူက ဒီလိုလှပတဲ့နေရာကို အသက်ဝင်အောင်ကြိုးစားထားခဲ့တယ် "
နောက်ဆုံးအကြိမ် အိမ်မက်ဆိုးထဲမှ သူတို့မောင်းထုတ်ခံခဲ့ရသည့် အကြောင်းပြချက်တစ်ခုမှာ သူသည် အောက်ခြေစည်းကို ကျော်မိသောကြောင့်ဖြစ်နိုင်သည်။သူနဲ့ရှရန်သည် ကျောင်းကို ဖျက်ဆီးလုမတတ် ဖြစ်ခဲ့သည်။အပြင်ဘက်နံရံတွင် ပန်းချီလက်ရာတချို့ ကျန်နေသေးပေသည်။
ကောင်းမင်က ယိုလျန်း၏စာသင်ခန်းဟောင်းသိုဝင်လာပြီး နောက်ဆုံးတန်းတွင် ထိုင်လိုက်သည်။
"ဘယ်လိုအဆုံးသတ်မျိုးက အသစ်ဖြစ်မလဲ "
နံရံပေါ်မှ ရလာဒ်စာရင်းကို ကြည့်ရင်း ကောင်းမင်တစ်စုံတစ်ခုကို အမှတ်ရသွားသည်။
"ရုံးခန်းအဆောက်အဦးထဲက အသံက ချင်ကျွင်းရန်ကိုပြောခဲ့တယ် ၊ ၅၁ယောက်မြောက် ကျောင်းသားက ကျောင်းထဲမှာပဲတဲ့ ၊ သူတို့က တစ်ကျောင်းလုံးရှာခဲ့ကြပေမယ့် မှတ်ဉာဏ်အပိုင်းအစတွေကိုပဲ တွေ့ခဲ့ကြတယ် ၊ ကျောင်းသားကိုတော့ မတွေ့ခဲ့ရဘူး "
ကောင်းမင် မတ်တပ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"ယိုလျန်းရဲ့ အိမ်မက်ဆိုးထဲမှာလည်း ကျောင်းတစ်ကျောင်းရှိတယ် ! အိမ်မက်ဆိုးထဲကကျောင်းလည်း ကျောင်းပဲ ! ၅၁ယောက်မြောက် ကျောင်းသားက ဒီမှာပုန်းနေတာလား ! ဒါကြောင့်မို့ စီတုအန်းက သူ့ကိုရှာမတွေ့တာများလား "
ကောင်းမင်သည် သူ့မဲစာရွက်ကို ပြန်လှန်ကြည့်လိုက်သည်။ထို့နောက် သူထခုန်လိုက်ပြီး သင်္ချာဆောင်ခေါင်မိုးပေါ်သို့ သုတ်ခြေတင်လိုက်သည်။
"ဒီမှာ မရှိဘူး "
ကောင်းမင်သည် သူ့မှတ်ဉာဏ်များအတိုင်း စာကြည့်တိုက် ၊ ကန်တင်းနှင့် ကိုယ်ပိုင်စာကြည့်ခန်းတို့တွင် ရှာဖွေနေခဲ့သည်။၅၁ယောက်မြောက်ကျောင်းသားသည် ထိုနေရာများတွင် ရှိမနေချေ။
"တခြား ဘယ်နေရာရှိဦးမလဲ "
ကောင်းမင်နှလုံးသားထဲရှိ မှတ်ဥာဏ်အပိုင်းအစများသည် သူ မပိုင်ဆိုင်သောအပိုင်းအစကို ဖိနှိပ်ရန် ဆန့်ကျင်လာကြသည်။
"အဖြေက သူနဲ့အတူရှိနေတဲ့ ငါတို့မှတ်ဉာဏ်တွေထဲမှာပဲ ဖြစ်ရမယ် "
အခြားကျောင်းသားများနှင့်မတူဘဲ ကောင်းမင်သည် ကျောင်းမှထွက်ခွာခြင်း သို့မဟုတ် သေဆုံးနိုင်ခြေရှိမည်ကို စိုးရိမ်ခြင်းမရှိပေ။ သူသည် အမှတ်တရများဖြင့် ကျောင်းသားအိုင်ဒီကို ကိုင်ဆောင်ကာ မှတ်ဉာဏ်ကို အာရုံခံလိုက်သည်။သူ့စိတ်ထဲတွင် မှေးမှိန်နေသော ပုံရိပ်များ ပေါ်လာကြသည်။ထို့နောက် ကောင်းမင်သည် အသံများကို စတင်ကြားလာရလေသည်။
"မင်းက ကျိုးစီစီရဲ့ခုံချင်းကပ်လို့ပြောတယ် ၊ ငါမင်းနေရာကို ယူလိုက်မိလို့ တောင်းပန်ပါတယ်...."
"ငါ ကျိုးစီစီကို ခရစ်စမတ်ဥအဖြစ် ပန်းသီးတစ်လုံးလက်ဆောင်ပေးဖို့ စီစဉ်ထားတယ် ၊ သူအဲ့ဒါကို ကြိုက်မယ်လို့ ထင်လား ဒါမှမဟုတ် အဲ့ဒါက ရှေ့များရောက်လွန်းနေလား "
"ကောင်းမင် ငါတို့က အကောင်းဆုံးသူငယ်ချင်းတွေပဲ ၊ မင်း ငါ့ကို ရိုးရိုးသားသားပြောစေချင်တယ် ၊ ဘာလို့ ငါက မင်းလောက်တောင် နာမည်မကြီးရတာလဲ "
"မင်း စာတွေဖတ်နေပြန်ပြီလား ၊ မင်း အနာဂတ်မှာ စိတ်ဆရာဝန်ဖြစ်သင့်တယ် ၊ဒါမှ ငါတို့ နှစ်ယောက်လုံးကို ကုလို့ရမှာလေ ! "
"လူတွေက စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေ မရှိပဲနဲ့ ပိုပျော်ရွှင်ကြမယ်လို့ ထင်လား ၊ ကျိုးစီစီလိုပေါ့ "
"အနာဂတ်မှာ မင်းလုပ်ချင်တဲ့ အလုပ်အကိုင်က ဂိမ်းဒီဇိုင်နာလို့ ဖြည့်ခဲ့တာ ငါမြင်လိုက်တယ် ၊ ဒါပေမယ့် နောက်ကျရင် မင်းငါ့ကို ကုသပေးဖို့ မျှော်လင့်ထားတာ..."
"ကောင်းမင် အခန်းထဲက လူတိုင်း ငါ့ကိုမက်ဆေ့တွေ ပို့နေကြတယ် ! တချို့က မင်းကိုရှာဖို့ ငါကို ဥမင်ထဲသွားစေချင်နေကြတယ် ၊ တခြားလူတွေက ငါ့ကို ဆက်နေခိုင်းတယ် ၊ ဘာတွေဖြစ်နေတာလဲ ၊ ငါ ကြောက်ပြီး စိုးရိမ်နေတယ် ၊မင်း ငါ့ကို အမှန်ပြောနိုင်မလား "
"ကောင်းမင် ! ဖုန်းဖြေပါဦး ! ငါ့ကိုပြောပါ ငါသွားရမလား မသွားရဘူးလား "
မှတ်ဉာဏ်အပိုင်းအစများသည် မှုန်ဝါးနေသော မျက်နှာတစ်ခုဆီ ထိုးဖောက်သွားသည်။ကောင်းမင်သည် ယင်းကို ရှင်းလင်းအောင် မလုပ်ခဲ့ပေ။သူသည် မှတ်ဉာဏ်ခြေရာများနောက်သို့ လိုက်ရုံသာဖြစ်ပြီး နောက်ဆုံးတွင် အခန်း ၁၃ အပြင်ဘက်တွင် ရပ်တန့်လိုက်သည်။သူကြည့်လိုက်သောအခါ သာမန်ကျောင်းသားတစ်ယောက်က သူ့ကို ဖြတ်ကျော်သွားသည်။
သူနှင့်ပတ်သက်၍ ထူးခြားသည့်လက္ခဏာများမရှိပေ။သို့သော်လည်း သူသည် ကျောင်းသားအိုင်ဒီကတ်ပျောက်သွားသကဲ့သို့ ပတ်ဝန်းကျင်အား စိတ်လှုပ်ရှားစွာ ရှာဖွေနေခြင်းဖြစ်သည်။