အစားထိုးခြင်း
Vol. 12 Ch. 169
"ကျောင်းသား မင်းဒါကို ရှာနေတာလား "
ကောင်းမင်က ကျောင်းသားအိုင်ဒီကို ကိုင်ထားခြင်းဖြစ်သည်။သာမန်ကျောင်းသားနှင့်အတူ သူကြည့်လိုက်သည်။အိုင်ဒီကတ်ပေါ်ရှိ ဓာတ်ပုံသည် ရှင်းလင်းလာခဲ့သည်။ပြတင်းပေါက်မှ မှတ်ဉာဏ်များစီးကျလာပြီး နှလုံးအတွင်း စိမ့်ဝင်သွားခဲ့သည်။
"ဘာလဲ "
ကျောင်းသား၏အမူအရာသည် အိပ်ရာထခါစကဲ့သို့ နှေးကွေးလေးလံနေလေသည်။အချိန်တစ်ချို့ကြာပြီးနောက် သူက လက်ဆန့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် "
ကျောင်းသားအိုင်ဒီတွင် တစ်ကျောင်းလုံးပြန့်ကျဲနေသော မှတ်ဉာဏ်အပိုင်းအစများပါဝင်သည်။ကောင်းမင်သည် ယင်းကို ပေးမပစ်ချင်ပေ။ဖြစ်နိုင်ပါက သူသည် ကျောင်းသားအိုင်ဒီကို မြိုချပြီး မှတ်ဉာဏ်အားလုံးကို သူ့နှလုံးထဲတွင် သော့ခတ်ထားချင်သည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ "
ကောင်းမင်က အိုင်ဒီကို ပြန်ဆွဲယူလိုက်သည်။
"ဒါက မင်းရဲ့ကတ်ဟုတ် မဟုတ် ငါသိချင်တယ် "
"ငါ့နာမည်က ကောင်းယန်ပါ "
ကျောင်းသားက အလျင်အမြန်ဖြေလိုက်သည်။
"ကောင်းယန်တဲ့လား "
ကောင်းမင်သည် အိုင်ဒီကတ်ကို ကိုင်ထားသော သူ့လက်ကို တင်းတင်းဆုပ်လိုက်မိသည်။သူ့သွေးများသည် ဆူပွက်နေပြီး သူ့နှလုံးသည် တဒုန်းဒုန်းဖြစ်နေကြောင်း သူခံစားနေရသည်။သူဘာကြောင့် မသိခဲ့ရတာလဲ။
"ဟုတ်တယ် ၊ အဓိပ္ပါယ်က မြင့်မားတဲ့မိုးတိမ်တဲ့ "
ကျောင်းသားက သူ့နာမည်ကို ရှင်းပြလိုက်သည်။
"ငါ့ကို မွေးစားခဲ့တဲ့မိသားစုက ငါ့ကို တိမ်တွေလို လွတ်လပ်စေပြီး ဘယ်တော့မှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုတဲ့ ဆန္ဒရှိခဲ့ကြတယ် ၊ သူတို့က ငါဟာ ကောင်းကင်က မိုးတိမ်တွေလို ရှင်သန်ပြီး သေဆုံးပြီးရင်တောင် မိုးရေတွေအဖြစ်ပြောင်းလဲသွားဖို့ မျှော်လင့်ခဲ့တယ် "
"မင်းရဲ့ မွေးစားမိဘတွေကလား ၊ သူတို့က မင်းကို နာမည်ပေးခဲ့တာလား "
"ပြောရရင် အဲ့ဒါက ငါ့မွေးစားအဖေ ပေးခဲ့တာပါ ၊ "
ကောင်းယန်က မှတ်ဉာဏ်ကောင်းပေသည်။
"ငါ့အဖေက ထူးဆန်းတဲ့ လူတစ်ယောက်ပဲ ၊ သူက ဘယ်တော့မှ မပြုံးဘူး ၊ သူက အပြစ်သားတစ်ယောက်လိုမျိုးပဲ သူ့ခန္ဓာကိုယ်တစ်လျှောက်လုံးပတ်ထားတဲ့ ချိန်းကြိုးတစ်ခုရှိတယ် ၊ သူ့မှာ သူငယ်ချင်း ၊ မိသားစုလို့လည်း မရှိဘူး ၊ သူပြောတာက သူက အကြိမ်များစွာ သေခဲ့တာတဲ့ ၊ သူပြောတာက သူက ငါ့ကို မွေးစားခဲ့လို့ ငါက နောက်ထပ်သူဖြစ်လာမယ်တဲ့လေ "
ကောင်းယန်၏စကားများတွင် အချက်အလက်များစွာပါဝင်သည်။ယင်းက ကောင်းမင်ကို တွေးတောစေခဲ့သည်။
"အများကြီး တွေးမနေပါနဲ့ ၊ ငါ့အဖေက စိတ်ကျန်းမာရေးမကောင်းဘူးလေ ၊ သူကြောင့်ပဲ တခြားကျောင်းသားတွေက ငါ့ကို မကြိုက်ကြဘူးလေ "
ကောင်းယန်သည် ကောင်းမင်ထံမှ အိုင်ဒီကတ်ကိုပြန်ယူလိုက်သောအခါ သူစိတ်ရှုပ်ထွေးထားသည်။
"ဒါက ငါ့ကတ်နဲ့တူပါတယ် ၊ ဒါပေမယ့် ဘာလို့ ဒီလိုဖြစ်နေရတာလဲ ၊ ဒါကို အဝတ်လျှော်စက်ထဲက တွေ့လာတာလား "
ကောင်းမင်က ပြန်မဖြေပဲကောင်းယန်ကိုသာ တိတ်တဆိတ်လေ့လာနေလေသည်။ထိုလူငယ်သည် အရပ် ၁.၇ မီတာခန့်ရှိသည်။သူသည် ကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားပြီး စတိုင်ကျကျနေတတ်ပုံမရချေ။သူ့အပြုံးသည် ရိုးသား၏။သူသည် ရန်ဘက်နှင့်မတူပဲ အလွန်ပင်သာမန်ဆန်လေသည်။
"ကောင်းယန် ငါမင်းကိုမေးချင်တယ် ...."
ကောင်းမင်ပြောမပြီးသေးခင် ကောင်းယန်သည် အိုင်ဒီကတ်ကို သူ့ရင်ဘတ်ထဲထည့်လိုက်ပြီး ကောင်းမင်ကို လက်ယမ်းပြလိုက်သည်။
"မင်းက ကျောင်းပြောင်းကျောင်းသားအသစ်လား ၊ မင်းနာမည်ဘယ်လိုခေါ်လဲ "
"ကောင်းမင် "
"ထူးဆန်းတဲ့နာမည်တစ်ခုပဲ ၊ မိဘတစ်ယောက်က သူ့ကလေးကို ဒီလိုနာမည်တစ်ခုပေးခဲ့တာလား ၊ 'မင်' ဒါမှမဟုတ် ကံကြမ္မာဆိုတာ အရမ်းခန့်မှန်းဖို့ခက်တယ် ၊ မင်းက ကံကြမ္မာကို ယုံကြည်ခဲ့ရင် ဒါမှမဟုတ် ငြင်းဆန်ခဲ့ရင် အဆုံးသတ်က ကောင်းမှာမဟုတ်ဘူး "
ကောင်းယန်က သူမဆင်မခြင်ပြောလိုက်သည်ကို သတိပြုမိပုံရသည်။
"ငါက ဘာဆိုးဝါးတာကိုမှ ဆိုလိုတာမဟုတ်ပါဘူး ၊ ငါ့မွေးစားဖခင်မှာလည်း အရမ်းထူးဆန်းတဲ့နာမည်ရှိတယ်လေ "
" ..."
"ငါမင်းကို ကျောင်းဝင်းလိုက်ပြမယ် ၊ လာပါ ၊ အဲ့မှာပဲ ရပ်မနေနဲ့လေ "
ကောင်းယန်က ကောင်းမင်လက်ကို ဆွဲလိုက်သည်။သူတို့သည် အစွန်းနှစ်ဖက်အဖြစ်ဆန့်ကျင်နေသော်လည်း တစ်ဦးနှင့်တစ်ဦးလိုက်ဖက်ညီသည်ဟု ခံစားရသည်။ကောင်းမင်သည် စိတ်ပညာရှင်တစ်ယောက်အနေဖြင့် ကောင်းယန်၏အတွေးများကို ဖတ်ရှူရန်ကြိုးစားနေသည်။သူကို ကောင်းယန်က အခန်း ၁၃ဆီဆွဲခေါ်သွားသည်ကို မခုခံပဲ ခွင့်ပြုပေးလိုက်သည်။
စာသင်ခန်းတံခါးကို တွန်းဖွင့်လိုက်ရာ နေရောင်ခြည်သည် စားပွဲများအပေါ် ဖြာကျနေလေသည်။ကောင်းမင်က အချိန်နောက်ပြန်ဆုတ်သွားသလိုခံစားလိုက်ရသည်။စားပွဲပေါ်တွင် ပြဌာန်းစာအုပ်များကို တင်ထားကြသည်။စာအုပ်များဘေးတွင် ငယ်ရွယ်မှုများပြည့်နေသည့်မျက်နှာများစွာရှိကြသည်။တစ်ချို့က စာလေ့လာနေကြပြီး တစ်ချို့က သူတို့မပြီးသေးသေယ အိမ်စာများကို လိုက်ကူးနေကြသည်။အခန်း ၁၃၏ ကျောင်းသားများသည် အတိတ်တွင် 'ထူးခြားသူ' များ ဖြစ်ကြသည်။အားလုံးသည် အလွန်သာမန်ဆန်၏။အဲ့ဒါက ဘယ်တုန်းက ပြောင်းလဲသွားတာလဲ။
ယိုလျန်း၏အိမ်မက်ဆိုးထဲတွင် မှတ်ဉာဏ်သည် သူဘာသာသူ ထပ်တလဲလဲပြန်ဖြစ်နေသည်။ကောင်းမင်သည် သူ့ကျောင်းသားဘဝကို ပြန်တွေးမိလိုက်သည်။သူနှင့်ကောင်းယန်သည် ကျောင်းသူတစ်ဦး၏ နောက်တွင် ထိုင်လိုက်ကြသည်။ထိုကောင်မလေူသည် ကျိုးစီစီနှင့်တူ၏။သူမသည် ကြင်နာတတ်သည် ပျော်ရွှင်သည် ၊ ခင်မင်နှစ်လိုဖွယ်ကောင်းပြီး ကျိုးစီစီထက် ပိုငယ်ပေသည်။
"ငါ သူ့ကို ခရစ်စမတ် အကြိုနေ့မှာ ပန်းသီးတစ်လုံးလက်ဆောင်ပေးဖို့ စီစဉ်ထားတယ် ၊ သူကြိုက်မယ်လို့ မင်းထင်လား ၊ ဒါမှမဟုတ် အဲ့ဒါက အရမ်းကြီးရှေ့ရောက်နေမလား "
ကောင်းယန်သည် ကောင်းမင်ထံ စာရွက်တစ်ရွက်ပစ်ပေးလိုင်သည်။စာရွက်ထဲမှ စာကိုဖတ်ရှုလိုက်ပြီး ကောင်းမင်၏စိတ်ထဲတွင် မှတ်ဉာဏ်တစ်ခု ဖျတ်ခနဲပေါ်လာသည်။ထိုအရာသည် လက်တွေ့ဘဝတွင် ဖြစ်ခဲ့ကြောင်း သူသိသည်။ကောင်းမင်က ဘောပင်ကိုကောက်ကိုင်လိုက်ပြီး စာရွက်တစ်ဖက်တွင် ပြန်ရေးလိုက်သည်။
"စာပဲ အာရုံစိုက်စမ်းပါ ၊ မင်းရည်းစားရသွားမယ်ဆိုရင် ငါကရော ဘယ်လိုလုပ်မလဲ "
ကောင်းယန်သည် မျှော်လင့်တကြီးဖြင့် စာရွက်ကို လက်ခံလိုက်သည်။စာကိုဖတ်ပြီးနောက် သူ့အမူအရာက စိတ်ဝင်စားဖွယ်ကောင်းလာခဲ့သည်။
ဆရာသည် သင်ခန်းစာများကို ပို့ချနေ၏။အရှေ့တန်းမှ ကျောင်းသားများသည် အပြည့်အဝအာရုံစိုက်နေကြသည်။အနောက်တန်းမှ ကျောင်းသားများကတော့ လုပ်ချင်ရာလုပ်နေကြလေသည်။ကမ္ဘာနှစ်ခုသည် တစ်ခုကို တစ်ခု အနှောက်အယှက်မပေးကြပေ။
ကောင်းမင်သည် အိမ်မက်ဆိုးနှင့်မူမမှန်ဖြစ်ရပ်များကို အာရုံမစိုက်တော့ပေ။အနည်းဆုံး ထိုအခိုက်အတန့်တွင် သူသည် စာသင်ခန်းထဲမှ အခြားကျောင်းသားတစ်ယောက်သာ ဖြစ်ပေသည်။
ယိုလျန်း၏အိမ်မက်ဆိုးထဲတွင် ကောင်းမင်နှင့်ကောင်းယန်သည် သူငယ်ချင်းများဖြစ်လာကြသည်။သူတို့သည် တစ်ဦး၏လျှို့ဝှက်ကို တစ်ဦးကသိကြသည်။အထီးကျန်သူနှစ်ယောက်သည် တစ်ဦးနှင့်တစ်ဦး အရာအားလုံးမျှဝေရင်း အနီးကပ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်လာကြသည်။သူတို့နှစ်ယောက်ကြားတွင် ထိုင်ရသော မိန်းကလေးကျောင်းသူကား အပိုလူတစ်ယောက်ဖြစ်လာခဲ့လေသည်။
ကျောင်းသားအိုင်ဒီကတ်ထဲရှိ မှတ်ဉာဏ်သည် ဖြည်းညင်းစွာ စီးဆင်းနေခဲ့သည်။ပျင်းစရာကောင်းသော ဘဝသည် ထပ်မံအရောင်အသွေးစုံလာခဲ့လေသည်။စာသင်ခန်းအပြင်ဘက်ရှိ ကမ္ဘာကြီးသည် မိနစ်နှင့်အမျှ ပြောင်းလဲနေခဲ့သော်လည်း ကောင်းမင်နှင့်ကောင်းယန်တို့က ထိုအရာကို ဂရုမစိုက်ကြပေ။
ကျွန်ုပ်တို့သည် ကိစ္စများစွာကိုပြုလုပ်ခြင်း ကြီးပြင်းလာကြသော်လည်း ၎င်းသည် ကလေးတစ်ယောက်ဖြစ်ရခြင်း၏ ရိုးရှင်းသော ပျော်ရွှင်မှုကို ကျွန်ုပ်တို့အား မေ့လျော့သွားစေနိုင်ပါသည်။
ထိုလူမှုဗေဒလက်တွေ့အတန်းတွင် မည်သည့်ထူးခြားသောလူမှ မဖြစ်လာခဲ့ပေ။သူသည် သူ့အရင်ပုံစံကိုသာ အာရုံစိုက်ထားလေသည်။သူသည် သီးသန့်နေတတ်သည်၊ ချည်းကပ်ရန်ခက်ခဲသည်။တစ်ခါတစ်ရံတွင် ထေ့ငေါ့ပြောဆိုတတ်သည်။
ကောင်းယန်မှာ ပြည့်စုံသောလူမဟုတ်ပေ။သူသည် ငယ်စဉ်ကတည်းက သူ့မွေးစားအဖေနဲ့ နေထိုင်ခဲ့ရသည်။သူသည် အခြားသူများနှင့်ဆက်ဆံပြောဆိုခြင်း ရှားပါးသည်။သူသည် သူ့အဖေကြောင့် မကြာခဏ သူ့အခန်းထဲတွင် နေနေလေ့ရှိသဖြင့် လူမှုဆက်ဆံရေးကိုကြောက်ရွံ့ပြီး ကိုယ်ကိုယ်ကို ယုံကြည်မှုအားနည်းလေသည်။
အခန်းထဲရှိ လူသိအနည်းဆုံးကျောင်းသားနှင့်အပယ်ခံအဖြစ်ဆုံးကျောင်းသားတို့သည် တစ်ဦးကိုတစ်ဦး အားပေးကူညီခဲ့ကြလေသည်။
နှစ်ယောက်သား၏အကျင့်စရိုက်သည် အကောင်းဘက်ပြောင်းလဲလာချိန်တွင် တိတ်ဆိတ်နေသောကျောင်းကြီးသည် ရုတ်တရက်ကွဲကြေသွားတော့သည်။အနက်ရောင်ယူနီဖောင်းများဖြင့် စုံစမ်းရေးမှူးများသည် သင်္ချာဆောင်ထဲပြေးဝင်လာကြသည်။သူတို့၏တိုက်ခိုက်မှုကို ပြင်ဆင်ထားခဲ့ကြသည်။သူတို့သည် ၅၁ယောက်မြောက်ကျောင်းသား၏ ဒိုင်ယာရီကို ဆုတ်ဖြဲ၍ မီးရှို့နေသည်အား အထပ်အသီးသီးမှ လူများစွာက ကြည့်ရှုနေကြလေသည်။
"ငါမင်းနဲ့ နေလို့မရတော့ဘူး "
စုံစမ်းရေးမှူးများက ကောင်းမင်ကို မြင်ဖူးကြသည်။သူတို့သည် ကောင်းယန်နှင့်အတူရှိနေသော ကောင်းမင်ကို တွေ့သွားပါက ကောင်းယန်၏အထောက်အထားမှာ ဖော်ထုတ်ခံရမည်ဖြစ်သည်။
"ဘာလို့လဲ "
"လူတချို့က မင်းကို သတ်ချင်နေတာ ၊ သူတို့ လာနေကြပြီ "
ကောင်းမင်က မတ်တပ်ရပ်လိုက်ပြီး ထွက်သွားရန်ပြင်ဆင်လိုက်သည်။
"မင်း ဒါကို ငါ့ကိုကာကွယ်ဖို့ လုပ်နေတာလား "
ကောင်းယန်က ခေါင်းမော့၍ ကောင်းမင်ကိုကြည့်လိုက်သည်။သူ့အမူအရာက ပြောင်းလဲသွားသည်။သူ့မျက်လုံးများအတွင်းရှိ နက်နဲသောတစ်စုံတစ်ခု အက်ကွဲသွားသည်။
"လွန်ခဲ့တဲ့ ဆယ်နှစ်ကလိုမျိုးပဲလား "
ကောင်းမင် ရပ်တန့်လိုက်ပြီး ပြန်လှည့်လိုက်သည်။
"လွန်ခဲ့တဲ့ ဆယ်နှစ်က မင်းဟာ ဥမင်ထဲမှာ ပိတ်မိနေခဲ့ပြီး သေခြင်းလောကနဲ့ အစစ်အမှန်လောကကြားမှာ ရစ်ဝဲနေခဲ့တယ် ၊ ဘတ်စ်ကားကို မောင်းပြီး ဥမင်ထဲက ထွက်လမ်းတစ်ခုရှာဖို့ သက်ရှိလူသားတစ်ယောက်ကို မင်းလိုအပ်ခဲ့တယ် ၊ အဲ့ဒီအတွက် ပေးရမယ့်တန်ကြေးက လူသားကားမောင်းသူဟာ ဘတ်စ်ကားထဲမှာ ထာဝရပိတ်မိနေလိမ့်မယ် "
ကောင်းယန်က သူ့ကျောင်းသားအိုင်ဒီကတ်ကို ထိတွေ့လိုက်သည်။
"ကောင်းမင် ၊ ငါ့နေရာကို ယူဖို့အတွက် မင်းပြန်လာမယ်လို့ ငါအမြဲတမ်းတွေးနေခဲ့တာ "