← Chapters

မှတ်ဉာဏ်

Vol. 12 Ch. 170

မှတ်ဉာဏ်

Vol. 12 Ch. 170

ကောင်းယန်၏စကားများသည် စွမ်းအားတချို့ကို သယ်ဆောင်ထားပုံရသည်။သူ့စကားလုံးတိုင်းသည် ကောင်းမင်၏နှလုံးသားထဲ ဓားမြောင်များဖြင့် ထိုးစိုက်နေသကဲ့သို့ဖြစ်သည်။

"မင်းနေရာကို ယူဖို့ ငါပြန်လာမယ်လို့ ငါကတိပေးခဲ့တာလား "

သေခြင်းမှတ်ဉာဏ်များသည် နှိပ်စက်ခန်းထဲတွင် ဝရုန်းသုန်းကားဖြစ်နေကြသည်။ကောင်းမင်၏ အဆုံးမရှိသော သေဆုံးခြင်းများသည် သူမဖြည့်ဆည်းခဲ့ရသော ကတိတစ်ခုနှင့် ချိတ်ဆက်ရန် ဘတ်စ်ကားဆီသို့ ပြန်သွားနေကြသည်။ကောင်းမင်သည် သူ့ခေါင်းအား ထုနှက်ခံနေရသကဲ့သို့ ယိမ်းယိုင်နေ၏။ကံကြမ္မာဝဲဂယက်သည် သူ့အား စုပ်ယူနေလေသည်။

"လွန်ခဲ့တဲ့ဆယ်နှစ် အဲ့ဒီညက ကမ္ဘာနှစ်ခုရဲ့တစ်နေရာက ထပ်သွားခဲ့တယ် ၊ သက်ရှိကမ္ဘာမှာ ရပ်တည်နိုင်ဖို့ လူအားလုံးရဲ့ကံကြမ္မာဆုံမှတ်မှာရှိနေပြီး မရဏကမ္ဘာကနေမင်းကို ထွက်လမ်းပြဖို့ သက်ရှိလူသားတစ်ယောက်ကို မင်းလိုအပ်ခဲ့တယ် "

ကောင်းယန်၏ မျက်လုံးများသည် အရင်လိုတောက်ပခြင်း မရှိတော့ပေ။သူ့မျက်လုံးများသည် ရူးသွပ်ခြင်းအဖြစ်ပြောင်းလဲသွားသည်။

"ငါက မင်းတို့အားလုံးကို သူငယ်ချင်းတွေအဖြစ်ဆက်ဆံခဲ့ပေမယ့် မင်းတို့အားလုံး မရဏကမ္ဘာထဲမှာ မကောင်းဆိုးဝါးတွေအဖြစ်ပြောင်းလဲသွားကြမယ်လို့ ငါမမျှော်လင့်ခဲ့ဘူး ၊ ငါမင်းကို ယုံကြည်ခဲ့ပြီး ညစ်ညမ်း‌ နေတဲ့နတ်ဆိုးဘတ်စ်ကားကို လူ့လောကထဲကိုပြန်လွှတ်လိုက်မိတယ် "

ကောင်းယန်၏ နူတ်ထွက်စကားတိုင်းတွင် အချက်အလက်များစွာ ပါရှိသည်။ကောင်းမင်၏ စိတ်သည် တဝီဝီလှည့်ပတ်နေတော့သည်။ကောင်းယန်ပြောခဲ့သော မရဏကမ္ဘာသည် စုံစမ်းစစ်ဆေးရေးဌာနက ရှာဖွေတွေ့ရှိသော အရိပ်ကမ္ဘာဖြစ်ပေလိမ့်မည်။အရိပ်ဖြင့် ပိတ်ဖုံးနေသော ကမ္ဘာကြီးသည် အရှိတရားကိုနှောင့်ယှက်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုနေခြင်းဖြစ်သည်။အရိပ်ကမ္ဘာသည် လက်တွေ့ကမ္ဘာရှိ အခန်း ၁၃မှ ကျောင်းသားတိုင်းအား မျိုးစေ့တစ်ခုချခဲ့ပုံရသည်။

"ကောင်းယန် ငါက အကြိမ်များစွာ မေ့လျော့ခဲ့တယ် ၊ ဒါပေမယ့်လည်း မင်းနေရာကို ယူဖို့ ငါကတိပေးခဲ့တယ်ဆိုရင် ငါ့အလုပ်တွေပြီးသွားတဲ့အခါ ငါမင်းကို သေချာပေါက်လာရှာမယ် ! "

ကောင်းယန်သည် အခန်း ၁၃မှ ၅၁ယောက်မြောက်ကျောင်းသားဖြစ်ကြောင်း ကောင်းမင်အတည်ပြုခဲ့ပြီးဖြစ်သည်။သို့သော်လည်း ကောင်းမင်ထံတွင် ကောင်းယန်၏ အထင်မြင်ကြီးခြင်းမရှိသေးပေ။ထိုကလေးကို လူတိုင်းမေ့သွားပုံရသည်။

"ငါ့ကို ရှာမှာတဲ့လား "

ကောင်းယန်၏မျက်လုံးများက ထုံထိုင်းနေသည်။သူဝတ်ဆင်ထားသော ယူနီဖောင်းသည် အရောင်ထဲတွင် စတင်မှိန်ဖျော့လာလေသည်။ထို့နောက် သူ့ခန္ဓာကိုယ်သည် မှုန်ဝါးဝါးဖြစ်လာတော့သည်။

"မင်းလိုအပ်တဲ့ အချိန်မှပဲ ငါ့ကိုလာရှာတာပါကွာ ...အခုလိုပေါ့ "

ကော်ရစ်ဒါတွင် စုံစမ်းရေးမှူးများသည် တစ်ခန်းဝင်တစ်ခန်းထွက်စစ်ဆေးနေကြသော်လည်း ကောင်းယန်သည် ပုန်းကွယ်နေသည့်လက္ခဏာတစ်စိုးတစိမှ မရှိချေ။

"အခန်း ၁၃က ကျောင်းသားတိုင်းဟာ မင်းကို မက်ဆေ့တစ်စောင်ပို့ခဲ့ကြတယ် ၊ တချို့က မင်းကို ရောက်လာမယ်လို့ မျှော်လင့်ကြပေမယ့် မင်းကို ဝေးဝေးနေဖို့ သတိပေးခဲ့တဲ့ အခြားလူတွေလည်းရှိတယ် ၊ အဲ့ဒါကြောင့် ငါဘာကိုမှ ဆိုလိုချင်တာမဟုတ်ဘူး ၊ လူသားတွေက ရှုပ်ထွေးတယ်ဆိုတာပဲ ငါမင်းကိုပြောချင်တယ် ၊ ပြီးတော့ မင်းသူတို့ကို တစ်ကြိတ်တည်းတစ်ဉာဏ်တည်းလိုမျိုး ဆက်ဆံလို့မရဘူး "

ကောင်းမင်သည် လွန်ခဲ့သည့်ဆယ်နှစ်က ဖြစ်ပျက်ခဲ့သည်များကို မမှတ်မိသေးပေ။ထိုခံစားချက်သည် အလွန်နာကျင်ရသည်။တစ်ချို့သောအရာများသည် ဖြစ်ပျက်ခဲ့ပြီးဖြစ်သော်လည်း သူဘာမှ အမှတ်မရနိုင်ပေ။

"မင်းတို့ တစ်ယောက်မှ လူသားတွေမဟုတ်ပါဘူး ၊ မင်းတို့ဟာ အစစ်အမှန်ကမ္ဘာထဲကို အရိပ်ကမ္ဘာကပို့လိုက်တဲ့ အရင်းအမြစ်တွေပဲ ၊ မရဏကမ္ဘာက အစစ်အမှန်ကမ္ဘာကို ကျူးကျော်နေတာတွေ ရပ်တန့်သွားအောင် မင်းတို့အားလုံး အသတ်ခံရမှ ဖြစ်မယ် ၊ သေသင့်တဲ့ လူတွေက သေကြလိမ့်မယ် ရှင်သင့်တဲ့လူတွေက ဒီနေရာမှာ ရှင်လိမ့်မယ် "

ကောင်းယန်က စက်ဝန်းကိုရပ်တန့်မည့်သူ့နည်းလမ်းကို ထုတ်ဖော်လိုက်သော်လည်း ကောင်းမင်တွင် မတူညီသည့်ရှုထောင့်တစ်ခုရှိသည်။

"မရဏကမ္ဘာက လက်တွေ့ကမ္ဘာကိုကျူးကျော်တာကို ဘာကြောင့် ငါတို့က တားဆီးဖို့လိုတာလဲ "

ကောင်းမင်ပေးလိုက်သော ထိုမေးခွန်းသည် ကောင်းယန်ကို ရပ်တန့်သွားစေသည်။ယင်းက သူပြောလိုသည်အား မေ့လျော့သွားစေသည်။

"ငါပြောချင်တာက စဉ်စားကြည့် ၊ ကမ္ဘာကြီးက ဘယ်လိုမျိုးဖြစ်သင့်တာလဲ ၊ ကံကြမ္မာက ငါတို့အတွက် လမ်းခင်းပေးခဲ့တယ် ၊ ဒါပေမယ့် ဒါက တစ်ခုတည်းသော လမ်းပဲလား "

ကောင်းမင်သည် လျှောက်သွားလိုက်ပြီး ကောင်းယန်၏ပုခုံးကို ကိုင်လိုက်သည်။

"ငါက လက်ရှိအခြေအနေကို ပြောင်းလဲဖို့ ကြိုးစားပေမယ့် ကံကြမ္မာက ငါတို့ လိုချင်တဲ့ နည်းလမ်းတွေကို မသုံးဘူး‌လေ "

ကောင်းမင်၏အထိအတွေ့အောက်မှ ခံစားမှုသည် ဖော်ပြရန်ခက်ခဲသည်။ကောင်းယန်၏ခန္ဓာကိုယ်သည် အပူကြောင့်အရည်ပျော်တော့မည် ဖယောင်းရုပ်တုကဲ့သို့ ဖြစ်နေလေသည်။ကျောင်းသားအိုင်ဒီကတ်ထံမှ သူ့ခန္ဓာကိုယ်ပေါ် ရောက်လာကြသည်။

"မင်း ဒီလိုမျိုးတွေးလိမ့်မယ်လို့ ငါမထင်ထားဘူး "

ကောင်းယန်က ခေါင်းယမ်းလိုက်သည်။

"မင်းက မကောင်းဆိုးဝါးတစ်ကောင်အဖြစ် အသွင်ပြောင်းခဲ့ပြီးသားပဲ ၊ မင်းတို့ မကောင်းဆိုးဝါးတွေအားလုံး လက်တွေ့ကမ္ဘာကို ညစ်ညမ်းစေလိမ့်မယ် !"

"ဘယ်သူမှ မကောင်းဆိုးတစ်ကောင်ဖြစ်မလာချင်ကြပါဘူးကွာ ၊ ဒါပေမယ့် ငါတို့ အဲ့ဒါကို ပြောင်းလဲနိုင်တယ် ၊ ငါတို့က မကောင်းဆိုးဝါးဖြစ်လာဖို့ ဖိအားပေးခံခဲ့ရတာ "

ကောင်းမင်သည် လွန်ခဲ့သော ဆယ်နှစ်က ဘတ်စ်ကားပေါ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို မေးချင်သော်လည်း ကောင်းယန်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြိုကျနေခဲ့သည်။

စုံစမ်းရေးမှူးများသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး အခန်း ၁၃ဆီလို့ ပြေးလာကြလေသည်။

"ကံကြမ္မာက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အရေးမကြီးတော့ဘူး ၊ ရှင်သန်ဖို့အတွက် ငါ့နည်းလမ်းကို သုံးမယ် ၊ ဒီတစ်ကြိမ်တော့ ဥမင်လှိုဏ်ခေါင်းချောက်နက်ထဲကို ငါပြန်သွားမှာမဟုတ်ဘူး "

ကောင်းယန်၏ မျက်လုံးများသည် မှင်ကဲ့သို့ နက်‌မှောင်နေသည်။ သူ့မျက်ဆံများက ကျယ်လာပြီး သူ့အမူအရာသည် ကြောက်မက်ဖွယ်ကောင်းလာ၏။

"မင်းဘာလုပ်ဖို့ စီစဉ်ထားတာလဲ "

"လူမှုဘဝလက်တွေ့အတန်းမှာ မင်းငါ့ကို သင်ခန်းစာတစ်ခုပေးခဲ့တယ် ၊ မင်းရဲ့အစစ်အမှန်ကို မြင်နိုင်စေဖို့ ငါက သင်ခန်းစာတွေကို ငါပြန်ပေးလိုက်ရုံပါပဲ ၊ မင်းရဲ့ ညစ်ညမ်းနေတဲ့ နှလုံးသားတွေကို ကြည့်ပြီး မေ့လျော့ထားခဲ့တဲ့ အကျည်းတန်တဲ့ အတိတ်ကို ပြန်အမှတ်ရစေမယ် "

ကောင်းယန် စကားပြောသည့်အချိန်တွင် စာသင်ခန်းရှိ အခြားကျောင်းသားများ၏ မျက်လုံးများ မှိန်သွားကြသည်။ သူတို့သည် ဂျစ်ဆောအပိုင်းအစများကဲ့သို့ ပြိုကျသွားသည်။ သူတို့၏သွေးများသည် ထူထပ်သောသွေးမြူများအဖြစ်ပြောင်းလဲသွားပြီး အခန်းတွင်းမှ လှိမ့်ထွက်သွားကြလေသည်။ခြေသံများနီးကပ်လာခဲ့ရာ ကောင်းယန်သည် သွေးမြူများအတွင်း ပျောက်ကွယ်သွားလေသည်။မှတ်ဉာဏ်အပိုင်းအစများက ကျောင်းသားအိုင်ဒီကတ်ထဲ စီးဝင်သွားကြသည်။ကောင်းမင်က အိုင်ဒီကို ကောက်ယူလိုက်သည်။အိုင်ဒီကတ်ပေါ်တွင် ကောင်းယန်၏ နာမည်နှင့် ဓာတ်ပုံတို့ ပေါ်လာလေသည်။

"ငါက ကောင်းယန်အစစ်နဲ့ စကားပြောခဲ့တာ မဟုတ်ဘူး ၊ အဲ့ဒါက ယိုလျန်းရဲ့အိမ်မက်ဆိုးထဲမှာ ပုန်းကွယ်နေတဲ့ အသိစိတ်အပိုင်းလေးတစ်ခုသာသာပဲ ၊ သူက ဒီနေရာမှာ တခြားကျောင်းသားတွေကို စောင့်နေတာလား "

ကောင်းယန်သည် စီတုအန်းကို တိုက်ခိုက်နိုင်ပြီး အသာစီးရခဲ့သည်။သူသည် ရိုးရှင်းသောလူတစ်ယောက်မဟုတ်ပေ။ကောင်းမင်က ထိုလူ၏နာမည်သည် ကောင်းယန်မဟုတ်ပဲ ကောင်းယွမ်ဖြစ်သည်ဟု သံသယရှိနေသည်။ယင်းခံစားချက်ကား ထူးဆန်းပေသည်။

စာသင်ခန်းတံခါးသည် ချိုးဖျက်ခံရလိုက်ရသည်။အခန်းထဲသို့ စုံစမ်းရေးမှူးနှစ်ယောက်ပြေးဝင်လာကြပြီး သွေးမြူကြားတွင်ရပ်နေသော ကောင်းမင်ကို ကြည့်လိုက်ကြသည်။

"မင်းလက်ကိုမြောက်ထား ၊ မလှုပ်နဲ့ ! "

ကောင်းမင်က စုံစမ်းရေးမှုး၏ သတိပေးချက်ကို လျစ်လျူရှုပြီး သူ့ခန္ဓာကိုယ်အား သွေးမြူများစိုစွတ်လာသည်ကို ခွင့်ပြုထားခဲ့သည်။သွေးမြူများသည် သူ့နှလုံးသားထဲ ဝင်ရောက်လာပြီးနောက် သားစားကြူးနတ်၏ ဝါးမြိုခြင်းခံလိုက်ရသည်။

" ကောင်းယန်က ကျောင်းသားတွေကို သူတို့ရဲ့ တကယ့်အစစ်အမှန်ကို ရင်ဆိုင်ဖို့ သွေးမြူတွေကို အသုံးပြုချင်ခဲ့တယ် ၊ သူက သူတို့ဟာ အရိပ်ကမ္ဘာ‌ ကြောင့် လက်တွေ့ကမ္ဘာတွင် တည်ရှိနေတဲ့ ညစ်ညမ်းမှုရင်းမြစ်တွေဖြစ်ကြောင်း သိစေချင်နေတာ ၊ ဒါပေမယ့် ငါ့အခြေအနေက ထူးခြားတယ် ၊ သာမန် ညစ်ညမ်းတဲ့ရင်းမြစ်ထက်စာရင် သားစားကြူးနတ်နဲ့ နှလုံးသားတစ်လုံး သေခြင်းမှတ်ဉာဏ်တွေပြည့်နေတဲ့ ငါက စူပါညစ်ညမ်းရင်းမြစ်တစ်ခုပဲ "

ကောင်းမင်သည် သွေးမြူများကို စုပ်ယူခဲ့သော်လည်း ၎င်းတို့ကို ပျံ့နှံခြင်းမှ မတားဆီးနိုင်ပေ။

........

"ဘယ်အချိန်ကတည်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု ပျောက်သွားတယ်ဆိုတာ ငါမပြောနိုင်ဘူး "

"ဒါက ထူးခြားတဲ့ ခံစားမှုတစ်ခုပဲ ဓါးတွေ ဒါမှမဟုတ် ချွန်ထက်တဲ့ အရာဝတ္ထုတွေကို ငါမြင်တိုင်း အဲ့ဒါတွေကို အသားပေါ်မှာ အသုံးချဖို့ စိတ်ကူးမိတယ် "

"အမေက ငါဖျားနေတယ်လို့ ပြောတယ် ၊ သူက ဒီအကြောင်းတွေကို ငါ့ရဲ့တင်းကြပ်တဲ့အဖေ မပြောရဲဘူး ၊ မုန်းတီးခံရမှာကို အမေကြောက်ရွံ့နေတယ် ၊ ဒါကြောင့်မို့ အမေက သူ့နောက်ကွယ် ငါ့အတွက် ဆရာဝန်တွေ အများကြီးခေါ်ပေးခဲ့တယ် "

"ငါ့ရဲ့ ပထမဆုံးသားကောင်က ဘယ်သူလဲဆိုတာ မင်းသိလား "

ဝမ်ကျားသည် သွေးမြူထဲတွင်ရပ်နေရင်း ထောင့်ရှိယိုတကို ကြည့်နေ၏။သူက ဓားနှောင့်ဖြင့် ယိုတ၏ နဖူးကို ထောက်ထားသည်။

"ဒါက ဆရာဝန်တစ်ယောက်ပဲ ၊ သူက ငါ့နှလုံးသားထဲက လျှို့ဝှက်ချက်တွေကိုမြင်ချင်နေပြီး အဲ့ဒါတွေနဲ့ ငါ့ကိုခြိမ်းခြောက်ခဲ့တယ်လေ ၊ အဲ့ဒါက ဘာကိုဆိုလိုသလဲဆိုတာ သိဖို့ ငါက အရမ်းငယ်လွန်းသေးတယ် ၊ နောက်ဆုံးတော့ သူက ငါ့အဖေကို အကုန်လုံးပြောပြလိုက်တယ် ၊ နောက်တော့ ငါ့အဖေက ဆရာဝန်ကို ငါကိုယ်တိုင် သတ်စေချင်ခဲ့တယ် "

ဝမ်ကျား ပြုံးလိုက်သည်။

"ငါက ငါ့အဖေရဲ့သားပဲလေ ၊ သူက ငါဟာ သူနဲ့အတူဆုံး ကလေးပဲလို့ ပြောခဲ့တယ် "

ယိုတထံမှ စူးရှရှအနံ့တစ်ခုထွက်ပေါ်လာ၏။သူသည် သူ့ဘောင်းဘီထဲတွင် သေးပေါက်ချမိခြင်းဖြစ်သည်။

ယိုတသည်လည်း အတန်းချိန်အတွင်း ထိုအရာများဖြစ်ပျက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

သွေးမြူများသည် ဝမ်ကျား၏ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားကြသည်။သူ့အသက်ရှူသံက လေးလံလာ၏။သူ့နှလုံးသားထဲမှ တစ်စုံတစ်ခုက နိူးထလာခဲ့သည်။သူ့စိတ်ထဲတွင် သေခြင်းတရား၏အခိုက်အတန့်၌ ခြောက်ခြားဖွယ်ရာ မျက်နှာများ တဖျတ်ဖျတ်ပေါ်လာပြီး

"ငါ ဘယ်တုန်းက ဒီလိုမျိုး ဖြစ်သွားတာလဲ၊ ငါမမှတ်မိတော့ဘူး ၊ မင်း ငါ့ကို မှတ်မိအောင် ကူညီပေးနိုင်မလား "

ာင်းက ထွက်သွားလို့မရဘူး ၊ ဘယ်အရာမှ လွတ်မြောက်မှာ မဟုတ်ဘူး"

All Chapters