← Chapters

အဆိပ်

Vol. 12 Ch. 171

အဆိပ်

Vol. 12 Ch. 171

ယိုတသည် တွန့်လိမ်နေပြီး လွတ်မြောက်ရန် လမ်းမရှိချေ။သူ့အတွင်းစိတ်ထဲတွင် သူသည် ငကြောက်တစ်ယောက်ဖြစ်သည်။ထိုကဲ့သို့ အခြေအနေတွင် သူသည် မတ်တပ်ရပ်ဝံ့ရန်ပင် မသန်မာချေ။သူ့ခြေထောက်များက ပျော့ခွေနေပြီး မြေကြီးပေါ်တွင် ဒူးထောက်လျက်ရှိနေသည်။

"ငါတကယ်ကို ဘာမှမသိပါဘူးကွာ ၊ ငါ့ညီလေးကို စောင့်ဖို့ပဲ ကျောင်းကို လာခဲ့မိတာပါ ၊ သူ့မိဘအရင်းတွေက ဆေးရုံမှာ ဆေးကုရဖို့ စောင့်နေရတယ် ၊ ငါ့မိသားစုက အမှိုက်ပုံထဲရောက်နေပါပြီ ၊ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါကွာ ၊ မင်းလိုချင်တာမှန်သမျှ ငါလုပ်ပေးပါ့မယ် "

ယိုတသည် ဦးချလိုက်ပြီး ငိုကြွေးနေတော့သည်။

"မင်းငါ့ကို ကြောက်နေတာလား ၊ မင်းဆီက ဒီအမူအရာကိုမြင်ရတာ ငါကြိုက်တယ် ၊ မင်းက အကူညီမဲ့နေပြီး အခြေအနေကို မပြောင်းလဲနိုင်ဘူး ၊ မင်းတောင်းပန်မှုတိုင်းက ငါ့ကိုဖိတ်ခေါ်နေသလိုပဲ ၊ မင်းက မင်းကိုနှိပ်စက်ဖို့ ရက်စက်တဲ့နည်းလမ်းတွေကို ဖိတ်ခေါ်နေတာပဲ "

ဝမ်ကျား၏‌မျက်နှာအရေပြားပေါ်တွင် သွေးကြောများဖောင်းထလာလေသည်။သွေးကြောမျှင်များသည် သူ့မျက်ဆံများတစ်လျှောက် ထိုးဖောက်နေကြသည်။

သူတောင်းပန်ပါက သေမည်။သူမတောင်းပန်ပါက သေမည်။ယိုတ၏မျက်နှာသည် တဆတ်ဆတ်တုန်၍ ရှုံ့မဲ့နေလေသည်။သူက သူ့လက်များကို မြေပြင်တွင်ဖိထားခဲ့သည်။ရုတ်တရက် တယ်လီဗေးရှင်းပေါ်ရှိ ယိုလျန်း၏သတင်းခေါင်းစဉ်မှာ သူ့စိတ်ထဲဖျတ်ခနဲပေါ်လာလေသည်။စွန့်ပစ်ခံခဲ့ရသောသူ့ညီငယ်လေးသည် လူကြီးတစ်ယောက်ဖြစ်နေပြီး သူ့ဘဝသည် ချမ်းသာသုခနှင့်ပြည့်စုံ၍ ပျော်ရွှင်နေရသည်။သူသည် လူတိုင်းကိုကူညီခဲ့ပြီး မည်သည့်ဒုက္ခမှ မရှိပေ။

"ဘာလို့ ဒီလိုဖြစ်လာတာလဲ ၊ ငါ ဘာမှားတာလုပ်ခဲ့လို့လဲ ၊ ဒါနဲ့ ထိုက်တန်အောင် ငါဘာကြောင့်များလုပ်ခဲ့ရတာလဲ "

ဝမ်ကျား၏ တွန်းအားပေးမှုကြောင့် ယိုတ၏ စိတ်သည် စတင်ပြောင်းလဲလာခဲ့သည်။သူ့စိတ်ဝိညာဉ်သည် ပြည့်လျှံနေပုံရပြီး သူ၏အဆိုးမြင်အတွေးများကို လှုံ့ဆော်ပေးခဲ့သည်။သူသည် ဝမ်ကျားကို ခုခံရန် မဝံ့ရဲ‌သေးသော်လည်း သူ့ထက် အားနည်းသူများကို အနိုင်ကျင့်ရန် သတ္တိရှိနေ၏။

"ငါ့ကို မသတ်ပါနဲ့ ၊ ငါ ငါ့ညီလေးကို မင်းဆီခေါ်လာပေးနိုင်တယ် ၊ သူက အရမ်းထူးခြားတယ် ၊ သူက ဘာနာကျင်မှုမှ ခံစားတတ်ပုံမရဘူး ၊ မင်းအရင်က သူ့လိုလူကို လိုက်မရှာဖူးတာ သေချာတယ် !"

သူသည် လူသတ်သမားအား သူ့ညီ‌လေးကိုလိုက်ရှာရန်ပြောလိုက်သည်။သူ့နှုတ်ဖျားမှ ထိုစကားများထွက်သွားပြီးနောက် သူပြောခဲ့သည့်အရာကို သူ သဘောပေါက်သွားခဲ့သည်။သူခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် သူ့ရင်ထဲမှ အတားအဆီးသည် ကျိုးပေါက်သွားတော့သည်။သူသည် မြေကြီးပေါ်တွင် ခွေးတစ်ကောင်ကဲ့သို့ လဲလျောင်း၍ သနားညာတာရန် အမြီးနှံ့လိုက်သည်။

"ငါ မင်းအတွက် သူနဲ့တခြားလူတွေကို ရှာပေးနိုင်တယ် ! မင်းလိုချင်တာမှန်သမျှ ငါယူပေးနိုင်တယ် ၊ ငါလှည့်စားမှာကို မင်းစိုးရိမ်နေရင် မင်းငါ့ကို ဓားနဲ့ထိုးလိုက်လို့ရတယ် ! ငါမင်းကို သစ္စာမဖောက်ပါဘူး ငါက အသက်ရှင်ချင်ရုံပါပဲ "

ဝမ်ကျား၏နူတ်မှ လေးလံသော အသက်ရှူသံများ ထွက်ပေါ်လာ၏။သူ့ဓားကို မဖယ်ခဲ့ပဲ သူ့အကြည့်သည် စိတ်လှုပ်ရှားလာခဲ့သည်။

"ဘယ်လောက် ရက်စက်တဲ့ကောင်လဲ မင်းက ငါတွေးတာထက်တောင် သေခြင်းတရားနဲ့ ပိုထိုက်တန်သေးတယ် "

သတိမပေးချက် မရှိပဲ ဝမ်ကျား၏ဓားသည် ယိုတ၏ပခုံးကို ထိုးဖောက်လိုက်ပြီး နာကျင်စွာအော်ဟစ်စေလိုက်သည်။သို့သော်လည်း ယိုတသည် ဝမ်ကျားကို အမုန်းဆုံးမဟုတ်ပဲ သူ့ထက်ပျော်ရွှင်နေသူကိုသာ ဖြစ်သည်။

ဘန်း!

တံခါးသည် အတင်းအကြပ်တွန်းဖွင့်ခံလိုက်ပြီး တုပိုင်နှင့်ချောင်စုန့်တို့ ပြေးဝင်လာကြသည်။

"ဝမ်ကျား သူ့ကိုမသတ်နဲ့ဦး ! သူက အသုံးဝင်နေတုန်းပဲ ! "

ကောင်းမင်က မစ်ရှင်ရှင်းလင်းရန် သော့ချက်သည်ယိုတတွင် ရှိသည်ဟု ဆိုခဲ့သောကြောင့် သတင်းကြားသော ကျောင်းသားများသည် ယိုတကို ရှာဖွေနေခဲ့သည်။

ထိုအခိုက်အတန့်တွင် တုပိုင်သည် ဝမ်ကျားထံ အားဖြင့်ပြေးဝင်လိုက်ပြီး "မင်းစိတ်လွှတ်နေတာလား "

သူသည် ဝမ်ကျားကိုတစ်ဦးတည်း မတားဆီးနိုင်ပေ။ချောင်စုန့်သည်လည်း ပြေးဝင်လာ၏။ရုန်းရင်းဆန်ခတ်ဖြစ်နေခြင်းကြောင့် ဒဏ်ရာရနေသော ယိုတသည် ‌သူဘေးကင်းမည့်နေရာသို့ တွားသွားထွက်လိုက်သည်။

"ကယ်ကြပါ ! ကယ်ကြပါဦး ! "

သူသည် သူ့ပုခုံးကို ဆုပ်ကိုင်၍ လူအုပ်ကြီးထဲပြေးသွားလိုက်ပြီး အော်ဟစ်လိုက်သည်။လမ်းသွားလမ်းလာများက သူ့အား အရူးလို့ ထင်နေကြပြီး နေရာဖယ်ပေးလိုက်ကြသည်။ လူများစွာရှိသော်လည်း သူတို့သည် ကြည့်သာနေကြသည်။ ယိုတချဉ်းကပ်လာသည်နှင့် သူတို့သည် အဝေးသို့ ထွက်သွားကြလေသည်။

သွေးများ စိမ့်ထွက်လာသည်မှာ မရပ်တန့်သွားပေ။ ယိုတသည် မူးမေ့လဲကျမတတ်ခံစားနေရသည်။ သူ့အမြင်အာရုံများ မှုန်ဝါးလာသည့် အချိန်တွင် အင်္ကျီဖြူဝတ်ထားသော လူတစ်ယောက်သည် ပလက်ဖောင်းပေါ် ရပ်နေသည်ကို ရုတ်တရက် သူတွေ့လိုက်ရတယ်။

"ဒေါက်တာ ! ကျုပ်ကို ကယ်ပါဦး ! "

ယိုတသည် ငိုယိုနေရင်း ဆရာဝန်ဆီ‌ပြေးသွားလိုက်သည်။

"ငါ့နောက်လိုက်ခဲ့ပါ ၊ ငါမင်းကို ဆေးရုံခေါ်သွားပေးမယ် "

စိတ်မဝင်စားသော လူအုပ်ကြီးနှင့်ခြားနားစွာ ထိုဆရာဝန်သည် အလွန်ကြင်နာတတ်ပေသည်။ သူသည် ကားတစ်စီးကိုတားလိုက်ပြီး ယိုတအား အနီးဆုံးဆေးခန်းသို့ ခေါ်သွားခဲ့သည်။ အားနည်းနေသော ယိုတသည် ဆေးခန်းထဲ ဝင်လိုက်လေသည်။သူ့ခြေလှမ်းများက လေးလံနေ၏။သူ့အဝတ်အစားတစ်ဝက်ခန့်သည် သွေးများဖြင့် စိုရွှဲနေခြင်းဖြစ်သည်။။

"ဒဏ်ရာက အလျားရှည်တယ် ပြီးသော ကြွက်သားတွေက စုတ်ပြဲနေတယ် ၊ မင်း ချက်ချင်း ချုပ်ဖို့လိုတယ် "

ထိုလူသည် ယိုတကို ကုတင်ပေါ်လဲနေရန် အချက်ပြလိုက်သည်။သူသည် ထုံဆေးကို မတွေ့ခင်ထိ ဆေးသေတ္တာထဲ အချိန်အတော်ကြာ ရှာဖွေနေခဲ့သည်။

"အဆင်သင့်ပြင်ထားတော့ "

အလွန်နာကျင်နေသောကြောင့် ယိုတသည် မှန်မှန်ကန်ကန် မတွေးနိူင်ခဲ့ပေ။သူ့ခန္ဓာကိုယ်ထဲ ထုံဆေးထိုးလိုက်ပြီးနောက် သူ့အမူအရာက နူးညံ့သွားသည်။သူ့ခန္ဓာကိုယ်တစ်ဝက်သည် အာရုံခံစားမရတော့ပေ။

"ဒေါက်တာ မြန်မြန်လေး စချုပ်ပေးနိုင်မလား "

"အလျင်မလိုပါနဲ့ ၊ ငါ ခွဲစိတ်ဓားနဲ့ ချည်ကြိုး ရှာနေတယ် "

ဆရာဝန်သည် မွှေနှောက်ရှာဖွေနေ၏။ယင်းက ယိုတကို စိတ်ရှုပ်သွားစေသည်။ကြင်နာတတ်တဲ့ဆရာဝန်က ဆေးရုံသုံးပစ္စည်းတွေကို ဘယ်နေရာမှာ ထားခဲ့မှန်းမေ့နေတာလား။

"တွေ့ပြီဟေ့...."

ဆရာဝန်သည် အံ့ဆွဲထဲမှ စက်ချုပ်အပ်ကြီးနှင့် သစ်သီးလှီးဓားကို ထုတ်ယူလိုက်သည်။

"ငါ့ဓားက အခိုးခံလိုက်ရလို့ ဒါလေးနဲ့ပဲ လုပ်နေရတယ် "

အကြောက်တရားသည် ယိုတကို စတင်တိုက်ခိုက်လာတော့သည်။သူ့ရှေ့က ဆရာဝန်သည် ဆေးခန်းနံရံတွင် ချိတ်ဆွဲထားသည့် ဆရာဝန်ပုံနှင့် လုံးဝမတူကြောင်း သူသဘောပေါက်လိုက်သည်။

"ဒေါက်တာ မေးရလို့အားနာပါတယ် ဒါပေမယ့် ဓာတ်ပုံထဲက ဒေါက်တာက ဘယ်သူလဲဟင် "

ယိုတသည် ထိုလူအား လှုံ့ဆောင်မိမည်စိုးသောကြောင့် ဂရုတစိုက်မေးလိုက်သည်။

"သူလား "

ဆရာဝန်က ခေါင်းခါလိုက်သည်။

"ငါသူ့ကို မသိဘူး ၊ သူက ဒီဆေးခန်းက ဆရာဝန်လို့တော့ ထင်တယ် "

"သူက ဆရာဝန်ဆို ခင်ဗျားက ဘယ်သူများလဲ "

ယိုတသည် အသက်ကြပ်လာသည်ကို ခံစားလိုက်ရသည်။

"ငါ့နာမည်က ကျိုးဘိုတဲ့ ၊ ငါက ဒေါက်တာတစ်ယောက်ဖြစ်သင့်တယ်လို့ ယုံကြည်ထားတာ ဒါပေမယ့် ငါရခဲ့ မဲစာရွက်ပြောတာက ..."

ဆရာဝန်သည် စာရွက်ကို ဖွင့်ကြည့်လိုက်သည်။ယင်းက ပြောထားသည်မှာ လူနာဟူ၏။

"လူနာတစ်ယောက်ဆိုတာ ဘယ်လိုအလုပ်များလဲကွာ ၊ ငါက တစ်ဘဝလုံးဖျားနာနေရမှာလား "

ကျိုးဘို၏ လှုပ်ရှားမှုများကြောင့် ယိုတသည် သူသေချင်သလို ခံစားရစေသည်။ အစောကြီးပိုင်းက သူအသတ်ခံရတော့မလိုဖြစ်ခဲ့သည်။ ယခုတွင် သူသည်အကျဉ်းချခံနေရပြီး သေဖို့ပင် မတောင်းဆိုနိုင်တော့ချေ။

ကျိုးဘိုသည် လူနာဝတ်ရုံကို ထုတ်ပြရန် သူ၏အဖြူရောင်ကုတ်အင်္ကျီကို နောက်ပြန်လှန်လိုက်သည်။ သူသည် စိတ္တဇဆေးရုံမှ လွတ်မြောက်လာသော လူနာတစ်ဦးနှင့်တူသည်။

"မကြောက်ပါနဲ့ ၊ မင်းရဲ့ ပွင့်နေတာအားလုံးကို ငါချုပ်ပေးမှာပါ မင်းရဲ့ မျက်စိတွေ ၊ နားတွေ ၊ နှာခေါင်းနဲ့ ပါးစပ်အပါအဝင်ပေါ့ ...."

ကျိုးဘို၏မျက်လုံးများသည် ထူးဆန်းလာခဲ့သည်။သူ့မျက်ဆံများက ဂနာမငြိမ်‌ဖြစ်နေလေသည်။သူ စိတ်လွတ်တော့မည်အချိန်တွင် သွေးမြူများက သူ့နှာခေါင်းထဲစိမ့်ဝင်လာ၏။

"မဟုတ်ဘူး ၊ ငါက အရမ်းရက်စက်တာတွေ လုပ်ရလိမ့်မယ် ၊ ငါဘာဖြစ်နေတာလဲ ၊ အဲ့နေ့ကတည်းက ငါ့စိတ်ထဲက အရာကို ငါခုခံနေတာ ! ငါအရူးမဟုတ်ဘူး ! ငါမရူးဘူးကွ ! "

ရုတ်တရက်ကျိုးဘိုသည် သူ့ပတ်လည်ရှိ လေထဲသို့ သူ့ဓားကို ဝေ့ယမ်းလိုက်သည်။

ထိုအရာကို မြင်သောအခါ ယိုတ၏နှလုံးသားသည် အေးစက်သွားတော့သည်။ရုတ်တရက် သူသည် ဝမ်ကျားထံတွင်ပင် ပိုလုံခြုံလိမ့်မည်ဖြစ်ကြောင်း ခံစားလိုက်ရသည်။ယိုတသည် အခြေအနေများက ပိုဆိုးဝါးမလာနိုင်တော့ဟု တွေးရုံရှိသေးသည် ကျိုးဘို၏မျက်နှာတစ်ဝက်သည် ရှုံ့မဲ့သွား၏။ တစ်စုံတစ်ခုက တွားသွားထွက်လာချင်သလိုဖြစ်သည်။ထိုအရာသည် လူသားမဟုတ်ပေ။

"နောက်ဆုတ်စမ်း ! ထွက်သွား ! ငါ့ကိုနာကျင်အောင်လုပ်ဖို့ ထွက်မလာနဲ့ ! "

ဆေးခန်းထဲတွင် သွေးမြူများ လွင့်မြောနေကြသည်။ကျိုးဘို၏အသံသည် စူးစူးဝါးဝါးဖြစ်လာခဲ့သည်။သူ့မျက်နှာ တစ်ဝက်သည် အသွင်ပြောင်းလာနေ၏။အခြားကျောင်းသားများနှင့် နှိုင်းယှဉ်ပါက ကျိုးဘိုသည် အများဆုံးသက်ရောက်ခံခဲ့ရသည်။အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်နှစ်များစွာက သူ့ဦးနှောက်ထဲတွင် တစ်ခုခုရှာတွေ့ခဲ့သောကြောင့်ဖြစ်သည်။သူသည် ထိုအရာက ဘာဖြစ်ကြောင်းအဖြေရှာရန်ကြိုးစားခဲ့သည်။

သွေးမြူများ၏ နိူးဆော်မှုကြောင့် ကျိုးဘို၏ ဦးနှောက်အတွင်းမှ အမည်မသိအရာသည် မိခင်အသံကိုကြားလိုက်ရသော ကလေးတစ်ယောက်ကဲ့သို့ဖြစ်သည်။၎င်းသည် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ထိုအရာကို သူပိုတိုက်ခိုက်ချင်လာလေလေ ထိုအရာက ပိုသန်မာလာလေဖြစ်သည်။ယင်းသည် ကျိုးဘို၏အဆိုးမြင်စိတ်များကို ကြီးထွားစေသည်သာမကပဲ သူ့ပတ်ဝန်းကျင်၏လူများကိုပါ မတည်ငြိမ်ဖြစ်စေပြီး ညစ်ညမ်းစေခဲ့သည်။အရိပ်ကမ္ဘာသည် အစစ်အမှန်ကမ္ဘာကို ကျူးကျော်ချင်နေခြင်းဖြစ်သည်။သာမန်ကမ္ဘာတွင် မရှိသင့်သော ခြောက်ခြားဖွယ်ရာများသည် လူထုကြားတွင် စတင်တွေ့မြင်လာရသည် ။

"ငါမင်းကို အောင်မြင်ခွင့်ပေးမှာ မဟုတ်ဘူး ! ငါ့ဦးနှောက်ထဲမှာ မင်းကို ပိတ်ထားမှာ ! ပြန်ဝင်စမ်း ! "

သွေးမြူများပြန့်နှံ့လာရာ မြို့တော်တစ်ခုလုံးတွင် တူညီသည့်အရာများ ဖြစ်ပွားလာတော့သည်။အခန်း ၁၃၏ ကျောင်းသားများ ပတ်ဝန်းကျင်တွင်ရှိနေသရွေ့ ဖြစ်ရပ်ဆိုးသည် နောက်ကွယ်တွင်ဝေးကွာနေလိမ့်မည်မဟုတ်ချေ။ သူတို့အားလုံးသည် အရိပ်ကမ္ဘာ၏ကျောက်ဆူးတစ်ခုဖြစ်ပေသည်။သူတို့ အသက်ရှင်သန်နေသေးသရွေ့ သူတို့သည် ပတ်ဝန်းကျင်ရှိဧရိယာများကို ဆက်လက်သက်ရောက်နေစေမည်ဖြစ်သည်။

စာသင်ကျောင်း၏ ထောင့်တစ်ခုတွင် ယိုလျန်းသည် သူဖတ်နေသော ဟာသပေါင်းချုပ်စာအုပ်ကို ချလိုက်သည်။သူ့လက်ကို အထိတ်တလန့်ဖြင့် ကြည့်လိုက်သည်။သူ့လက်ဖဝါးရှိ သွေးများက လျင်လျင်မြန်မြန် မှိန်ဖျော့လာနေ၏။သူ့ခန္ဓာကိုယ်တွင် အကွက်ကွက်ဖြစ်နေသော အရိပ်က ပေါ်ထွက်လာလေသည်။

"ငါ့အိမ်မက်ဆိုးက ထိန်းချုပ်မှုလွှတ်နေတာလား "

ယိုလျန်း၏အိမ်မက်ဆိုးသည် ကျန်းမာသောလူကြီးတစ်ယောက်ဖြစ်ခဲ့လျှင် ထိုလူကြီးခန္ဓာကိုယ်သည် ဖျားနာခြင်းရောဂါလက္ခဏာများစတင်ပြသလာပြီး နာမကျန်းမှုသည် လျင်မြန်စွာပြန့်နှံ့နေခြင်းဖြစ်သည်။

"တစ်ယောက်ယောက်က ငါ့အိမ်မက်ဆိုးကို အဆိပ်ခပ်ခဲ့တာလား "

All Chapters