← Chapters

သေမင်းအမိန့်

Vol. 12 Ch. 172

သေမင်းအမိန့်

Vol. 12 Ch. 172

ယိုလျန်းသည် ကျောင်းရှိ အခြားသော သရဲနီများနှင့် မတူကြောင်း အစောပိုင်းကတည်းက တွေ့ရှိခဲ့သည်။ယန်ရှီကျီးအပါအဝင် အခြားသော သရဲနီကြီးများသည် ၎င်းတို့၏ နာကြည်းခြင်းအခန်းအတွင်းသာ လှုပ်ရှားနိုင်ပြီး ၎င်းတို့၏ ပတ်ဝန်းကျင်ကို ပြောင်းလဲရန်အတွက် ၎င်းတို့၏ နာကြည်းမှုကို အသုံးပြုရသည်။ သို့သော်လည်း သူသည် သူ၏ရှိသမျှအားလုံးကို အိမ်မက်ဆိုးတစ်ခုအဖြစ်ဖန်တီးနိုင်သည်။

မှတ်ဉာဏ်မှ အိပ်မက်ဆိုးတစ်ခုကို အပြည့်အဝ ပြန်လည်ဖန်တီးနိုင်ခြင်း ရှိမရှိသည် နာကြည်းခြင်းအခန်းများနှင့် သရဲခြောက်သော အိမ်များကြား ကွာခြားမှုဖြစ်ပုံရသည်။

သို့သော် သူ့အိပ်မက်ဆိုးများသည် တစ်နေ့တွင် ထိန်းချုပ်မှု ပျောက်ဆုံးသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ယင်းသည် သူ့အား ပြင်းပြင်းထန်ထန် တုံ့ပြန်မှုများပင် ဖြစ်စေခဲ့သည်။ အရိပ်သည် သူ့ခန္ဓာကိုယ်ပေါ်တွင် ပျံ့နှံ့သွားပြီး သူ့ဝိညာဉ်ကို စုတ်ပြဲသွားစေသည်။

"အဲ့ဒီအခန်းပဲ ထပ်ဖြစ်ပြန်ပြီလား "

ယိုလျန်းသည် အခန်း၁၃ အပေါ် လေးနက်သောအထင်အမြင်တစ်ခုရှိသည်။လွန်ခဲ့သည် နှစ်များစွာအတွင်း လူတစ်ယောက်သည် သူ့အိမ်မက်ဆိုးအတွင်းမှ ပြုံးလျက်ထွက်သွားနိုင်ခဲ့ပြီး ထိုလူသည် အခန်း ၁၃မှ ဖြစ်သည်။

"ငါ သူတို့အကုန်လုံးကို ဆွဲထုတ်ပစ်သင့်တယ် "

ယိုလျန်းသည် သူ့ဘယ်လက်ကို နံရံထဲဆန့်ထုတ်လိုက်သော်လည်း သူသည် အိမ်မက်ဆိုးထဲ မဝင်နိုင်တော့ကြောင်း သိလိုက်ရသည်။အိမ်မက်ဆိုးပိုင်ရှင်သူသည် ပိတ်လှောင်ခံထားခဲ့ပြီဖြစ်သည်။

"ငါက သူတို့ပစ်မှတ်လား "

ယိုလျန်းသည် စာကြည့်တိုက်အပြင်ဘက်ပြေးထွက်လိုက်သည်။‌ထူထပ်နေသော သွေးမြူများသည်အရာအားလုံးကို ဖုံးအုပ်ထားကြောင်း သူတွေ့လိုက်ရသည်။အဆောက်အဦးတိုင်း၏ အပြင်ဘက်နံရံများတွင် သွေးကြောများသည် စပျစ်ပင်များကဲ့သို့ ကြီးထွားနေကြလေသည်။ပထမက ထိုနေရာတွင်အန္တရာယ်ရှိသည့် ကြောင်ခြစ်ကျားခြစ်ပုံများရှိခဲ့သည်။ ထို့နောက်တွင်ထူးဆန်းသောသွေးသွေးကြောမျှင်များရှိလာခဲ့သည်။ယိုလျန်းသည် လျင်မြန်စွာ အားနည်းသွားသလို ခံစားလိုက်ရသည်။

"ဒါက ထောင်ချောက်တစ်ခုပဲ ! "

ယိုလျန်းသည် ကျောင်းအခြေအနေအား နားလည်မှုတစ်ခုရှိသည်။စီတုအန်း၏စည်းမျဉ်းများသည် အခန်း၁၃ ၏ကျောင်းသားများကို ကျောင်းထဲရောက်အောင် လှည့်စားခဲ့သည်။သူသည် ကောင်းယန်နှင့်ကျောင်းသားများ၏ဆက်နွယ်ချက်ကိုသုံး၍ တစ်ကျောင်းလုံးတွင်ပြန့်ကျဲနေသော မှတ်ဉာဏ်အပိုင်းအစများကို ရှာချင်နေခဲ့သည်။ကောင်းယန်သည် စီတုအန်းထက် ကျောင်းသားများအပေါ် ပိုမိုရှင်းလင်းစွာနားလည်ပေသည်။သူတို့သည် ကံဆိုးမိုးမှောင်ဖြစ်ရပ်များပေါ်တွင် လမ်းလျှောက်နေကြခြင်းဖြစ်သည်။ထို့ကြောင့် သူသည် ယိုလျန်းကို ညစ်ညမ်းစေရန် အခန်း၁၃ ကို အသုံးပြု၍ ဓာတ်ခွဲခန်း အဆောက်အအုံကို တစ်ရှိန်ထိုး ဖြိုဖျက်ရန် စီစဉ်ခဲ့သည်။

အရိပ်လွှာတစ်ခုသည် ယိုလျန်း၏ချော့မွေ့သော ရေပြားပေါ်တွင် ဖုံးလွှမ်းနေခဲ့သည်။အခန်း ၁၃ ကျောင်းသားများက မည်သို့ပြုလုပ်လိုက်ကြောင်း ယိုလျန်းနားမလည်ခဲ့ပေ။

"သူတို့ကြည့်ရတာ အောင်မြင်မရှိတဲ့ လူကြီးအုပ်စုတစ်စုနဲ့ တူပါတယ် ၊ သူတို့ တစ်ယောက်မှ ပျော်ရွှင်မနေကြဘူး ၊ အိမ်မက်ဆိုး အကြီးအကျယ်သက်ရောက်အောင် သူတို့ ဘယ်လိုလုပ်နိုင်မှာလဲ "

ယိုလျန်း၏မှတ်ဉာဏ်ဖြင့် ဖွဲ့စည်းထားသော လမ်းသွားလမ်းလာများသည် စတင်တုန့်ပြန်လာကြသည်။ သူတို့သည် ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်မ‌နေတော့ပေ။သူတို့သည် စတင်၍ နာကျင်စွာ ရူးသွပ်စွာ အော်ဟစ်နေကြသည်။ရုပ်ပုံကြီးတစ်ခုတွင် လူတစ်ဦး၏ စိတ်ပျက်အားငယ်မှုသည် သေးငယ်သော်လည်း စိတ်ပျက်အားငယ်မှုလေးတစ်ခုသည် လူ့အဖွဲ့အစည်းကြီးကို ပြိုကျပျက်စီးသွားစေတတ်သည်။

"အရိပ်နဲ့သေခြင်းတရားတွေရဲ့ ဖြစ်တည်မှုက အရမ်းကြီးမားတယ် ! ကျောင်းသားအုပ်စုက လူ့လောကကလာတာလား ၊ငရဲကလာတာလား ၊ ငါသေပြီးနောက် လူ့အဖွဲ့အစည်းက အရမ်းရူးသွပ်လာကြတာလား "

ယိုလျန်းသည် အချိန်ကြာကြာမပျော်ရွှင်နိုင်တော့ပေ။သူပင် ဝမ်းနည်းမှုကို ခံစားလာရသည်။သူဘာကိုမှ နားမလည်နိုင်သေးခင် သူ၏အထူးနေရာဖြစ်သော သင်္ချာဆောင်မှ ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာ၏။

အနက်ရောင်ယူနီဖောင်းဝတ်ထားသည့် စုံစမ်းရေးမှူးတစ်‌ယောက်သည် မှန်ပြတင်းပေါက်မှ ဖောက်ထွက်လာပြီး ကော်ရစ်ဒါပေါ် ခုန်ချလိုက်သည်။ပါးစပ်လေးပေါက်ဖြင့် အန်တီအလုပ်များသူသည် ဒေါသထွက်နေပုံရသည်။

"လူတိုင်းက ငါ့ကိုလှပတယ်လို့ ပြောကြတယ် ၊ နင်ပဲ ငါ့ကို ရုပ်ဆိုးမလို့ခေါ်နေတာ ! "

"ပါးစပ်လေးပေါက်နဲ့ ဒီအန်တီကြီးက ဘယ်ကရောက်လာတာလဲ "

ယိုလျန်း၏မှတ်ဉာဏ်ထဲတွင် ထိုထူးခြားသည့် သက်လတ်ပိုင်းအမျိုးသမီး မရှိပေ။

"မင်းရဲ့ သင်ကြားရေးအိုင်ဒီကို ဆုတ်ဖြဲလိုက် ! အကြီးအကဲကို သတင်းပို့ ! အိမ်မက်ဆိုးထဲမှာ ပစ်မှတ်အကျော်က သရဲတွေရှိနေတယ် ၊ ဒါက အဆင့် ၃ မူမမှန်မှုပဲ ! "

စုံစမ်းရေးမှူးများသည် တစ်ဦးချင်းအလုပ်ရှုပ်သွားကြပြီး အိမ်မက်ဆိုးအပြင်ဘက်တွင်ရှိသောစီတုအန်းကို ဆက်သွယ်ရန် အစီအစဉ်တိုင်း စတင်လုပ်ဆောင်နေကြသည်။သူတို့သည် စီတုအန်း၏ဓာတ်ပုံပါသော အိုင်ဒီကတ်ကို ဆုတ်ဖြဲလိုက်ချိန်တွင် အိမ်မက်ဆိုးသည် စတင်တုန်ခါလာတော့သည်။အားတစ်ခုက ယိုလျန်း၏အိမ်မက်ဆိုးကို အပြင်ဘက်မှ တိုက်ခိုက်နေခြင်းဖြစ်သည်။

ကောင်းယန်သာမက စီတုအန်းကလည်း ယိုလျန်းကို ပစ်မှတ်ထားနေကြသည်။ လူမှုဘဝလက်တွေ့အတန်းသို့ သူစေလွှတ်လိုက်သော စုံစမ်းရေးမှုးများက သူတို့အား ကျိန်ဆဲလိုက်ကြသည်။

"နင်တို့ မပြေးနဲ့ ! "

အန်တီအလုပ်များသူသည် ပြတင်းပေါက်အပြင်သို့ ခုန်ချ၍ စုံစမ်းရေးမှူးများနောက် ပြေးလိုက်နေ၏။

"ဒီရုပ်ဆိုးတဲ့ သရဲကိုတားကြ ! လုံခြုံရေးဌာနဝင်တွေရောက်လာအောင် အချိန်ဆွဲထားကြ ! "

စုံစမ်းရေးမှူးများက ကြောက်ရွံ့ခြင်းမရှိပဲ ပြန်လည်တိုက်ခိုက်လိုက်သည်။

"နင်တို့ ပါးစပ်တွေက အရမ်းနံတာပဲ ၊ မစင်တွေ စားထားတာလား "

အန်တီအလုပ်များသူက အလွန်ဒေါသထွက်နေလေသည်။သို့သော်လည်း သူမ မသတ်ဖြတ်ခဲ့ပေ။သူမသည် စုံစမ်းရေးမှူးတစ်ယောက်ကို ဖမ်းဆွဲလိုက်ပြီး သူ့ပါးစပ်ကို ဆွဲဖြဲချင်နေလေသည်။

"အန်တီ အလုပ်များသူ နောက်ဆုတ်လိုက်ပါ ! "

ကောင်းမင်သည် စာသင်ခန်းတံခါးထဲ တရှိန်ထိုးဝင်လာပြီး စုံစမ်းရေးမှူးတစ်ယောက်ကို ကန်ထုတ်လိုက်သည်။သူက အန်တီ အလုပ်များသူကို ဆွဲလိုက်သည်။

"လုံခြုံရေးတွေ ဒီရောက်နေပြီ ! "

အတန်းထဲတွင် ပါဝင်ခဲ့သော စုံစမ်းရေးမှူးများက မရိုးရှင်းပေ။လုံးဝမလှုပ်ရှားခဲ့သောစုံစမ်းရေးမှူးနှစ်ယောက်သည် အန်တီအလုပ်များသူနှင့်ကောင်းမင်ကို စစ်ဆေးလိုက်ပြီးနောက် ရုတ်တရက် သူတို့လက်များကိုဆန့်ထုတ်၍ သူတို့လက်ကောက်ဝက်တွင်ရှိသေယ အနီရောင်ဆက်သွယ်ရေးစက်ကို ထုတ်ဖော်လိုက်ကြသည်။အနီရောင်ဆက်သွယ်ရေးစက်မှာ လုပ်ဆောင်အများစုကိုသုံးမရတော့လေ။၎င်းတွင် ရိုးရှင်းသည့် ဆက်‌သွယ်ရေးလုပ်ဆောင်ချက်တစ်ခုသာ ရှိတော့သည်။ဆက်သွယ်ရန်အတွက် သွေးရောင်ဆက်သွယ်ရေးစက် လိုအပ်သူများသည် မည်သို့ပင်ဆိုစေ လူသားများ မဟုတ်ပေ။

“ပြေး!”

ကောင်းမင်က သူတို့ကို ဘာတစ်ခုမှ လုပ်ခွင့်မပေးခဲ့ချေ။သူသည် အန်တီအလုပ်များသူကို ဆွဲလိုက်ပြီး ပြေးတော့သည်။ကောင်းမင်၏အစီအစဉ်သည် ရိုးရှင်းသည်။သူတို့ စွမ်းအားများက ပိုကြောက်စရာ‌ကောင်းလေ သူတို့၏လူ့ခန္ဓာကိုယ်မှာ ပိုပင်ပန်းလေပင်ဖြစ်သည်။ သူသည် သူတို့အား ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုအပ်ပေ။

"ငါ သူတို့ ပါးစပ်တွေကို ဆွဲဖြဲချင်တယ် "

"နောက်ကျရင် အခွင့်ရေးရလာလိမ့်မယ် ၊ ကျွန်တော် ဌာနချုပ်ခေါင်းဆောင်ဖြစ်လာပြီး ဒီမဟုတ်တမ်းတရားပြောတဲ့သူတွေရဲ့ပါးစပ်တွေကို နေ့တိုင်းဆွဲဖြဲခိုင်းမယ် ! "

ကောင်းမင်က အန်တီအလုပ်များသူကို ဖြောင်းဖျလိုက်သည်။

"ဒီအိမ်မက်ဆိုးမြို့တော်က သရဲနီတစ်ကောင်ရဲ့မှတ်ဉာဏ်ပဲ ၊ တစ်ယောက်ယောက်က ကျွန်တော်တို့ထက်ပိုပြီး ကြောက်ရွံ့နေလိမ့်မယ် "

ထိုအချိန်တွင် ကောင်းမင်က ယိုလျန်းကို မြင်လိုက်ရသည်။သူဖြစ်ချင်သည်ကို မပြောတော့ပဲ သူ့လေသံကို ချက်ချင်းပြောင်းလိုက်ပြီး

"အစ်ကိုလျန်း ကျောင်းစည်းကမ်းတွေက ခင်ဗျားရဲ့အိမ်မက်ဆိုးကို သူတို့ရဲ့စမ်းသပ်ချက်အဖြစ်သုံးချင်နေတာ ၊ နောက်ဆုံး ကျုပ် အဲ့ဒါကိုနားလည်သွားပြီ ၊ ခင်ဗျားရဲ့ကံကြမ္မာက ခင်ဗျားရဲ့အိမ်မက်ဆိုးထဲမှာ နေနေဖို့ပဲ ၊ အခန်း ၁၃က ကံကြမ္မာနဲ့ အရှိတရားကို ဖျက်ဆီးပစ်မယ့် အဆိပ်ပဲဗျ ! "

ယိုလျန်း၏အမူအရာသည် ရှုပ်ထွေးနေခဲ့သည်။အခြားလူများက အဆိပ် ဟုတ် မဟုတ် သူမပြောနိုင်သော်လည်း ကောင်းမင်က အတိအကျပြောနေလေသည်။ယိုလျန်းသည် ကောင်းမင်နှင့် နှစ်ကြိမ်တွေ့ဖူးသည်။နှစ်ကြိမ်လုံး ခြောက်ခြားဖွယ်ကိစ္စများဖြစ်ပျက်ခဲ့သည်။နောက်ဆုံးအကြိမ်က ကောင်းမင်နှင့်ရှရန်သည် သူ့အိမ်မက်ဆိုးတစ်ခုလုံးကို ပုံများလျှောက်ဆွဲခဲ့ကြသည်။ယန်ရှီကျီးကိုသာ မျက်နှာသာမပေးရပါက သူ‌ပေါက်ကွဲခဲ့မည်ဖြစ်သည် ။ယခုအကြိမ်တွင် အခြေအနေများက သာ၍ပင်ဆိုးဝါးနေလေသည်။

"အစ်ကိုလျန်း ခင်ဗျား ကျောင်းသားတွေကို အိမ်မက်ဆိုးအပြင်ဘက်ထုတ်ရမယ် ၊ ကျုပ်တို့က အရိပ်ကမ္ဘာက ညစ်ညမ်းရင်းမြစ်တစ်ခုပဲ ! အရိပ်ကမ္ဘာက အစစ်အမှန်ကမ္ဘာကို တိုက်ခိုက်ဖို့ ကျုပ်တို့ကို ပစ္စည်းတွေလို အသုံးပြုနေတာ ! "

ကောင်းမင်က လျင်မြန်စွာပြောလိုက်သည်။ယိုလျန်းသည်လည်း ကျောင်းသားများကို အပြင်ဘက်ကန်ထုတ်ချင်သော်လည်း သူသည်ပင် အိမ်မက်ဆိုးအပြင်ဘက်ထွက်မရပေ။

ယိုလျန်း၏မှတ်ဉာဏ်များသည် ညစ်ညမ်းသွားခဲ့သည်။ ကျောင်းစည်းကမ်းများနဲ့စီတုအန်းသည် ထိုအရာအတွက် အချိန်အတော်ကြာပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။

စည်းမျဥ်းများကို လိုက်နာသူများသည် လှည့်စားသူများနှင့်ဆက်ဆံရာတွင် အခက်အခဲရှိသည်။ယိုလျန်းက သက်ပြင်းချလိုက်သည်။

"ငါ မင်းကို ဘာလို့ လွင့်မပစ်ခဲ့တာလဲ မင်း ခန့်မှန်းနိုင်လား"

"ဘာလို့ဆို ခင်ဗျားက ကျုပ်ကိုယုံကြည်လို့လား "

"ငါ ဆုံးရှုံးသွားတဲ့ အကောင်းမြင်စိတ်ကို မင်းဆီမှာ ငါမြင်ရလို့ပဲ "

ယိုလျန်း၏ ဖြူစင်သော စိတ်ဝိညာဉ်သည် ညစ်ညမ်းသွားသော်လည်း သူသည် အကူညီမဲ့နေခြင်းမဟုတ်ပေ။

"ငါ့ကို မင်းရဲ့ အတန်းဖော်တွေဆီ ခေါ်သွားပေး ၊ မင်းငါ့ကို တန်ကြေးတစ်ခုတော့ ပေးရမယ် "

"ဘာတန်ကြေးလဲ "

"မင်းကိုသတ်ပြီးရင် မင်းရဲ့ညစ်ညမ်းတဲ့မှတ်ဉာဏ်တွေပြန်ကောင်းလာမလား ငါမသိဘူး ၊ ဒါပေမယ့်စိတ်မပူပါနဲ့ အပြစ်မဲ့သူကိုငါသတ်မှာမဟုတ်ဘူး"

ယိုလျန်းက တည်ငြိမ်စွာပြောလိုက်သည်။

"အိပ်မက်ဆိုးကို ပြန်မထိန်းနိုင်မချင်း ငါသတ်ဖြတ်လိမ့်မယ် ဒါကြောင့် မင်း သေမင်းအမိန့်တစ်ခုနဲ့ လာတာ ပိုကောင်းတယ် "

ယာဉ်တိုက်မှုများ၊ အော်ဟစ်သံများ၊ ဥသြဆွဲသံများနှင့် ငိုကြွေးသံများသည် ကျောင်းအပြင်ဘက် လမ်းပေါ်မှ ထွက်ပေါ်နေကြသည်။ ပရမ်းပတာဖြစ်ရပ်သည် ပြင်းထန်နေခဲ့သည်။ယိုလျန်းရဲ့ မှတ်ဉာဏ်ထဲမှ ဆိုးယုတ်မှုသည် ဒီတစ်ကြိမ်တွင် ထပ်တူကျစွာကိုက်ညီနေခဲ့သည်။

All Chapters