← Chapters

အနီရောင် တစ္ဆေ

Vol. 12 Ch. 174

အနီရောင် တစ္ဆေ

Vol. 12 Ch. 174

ကျောင်းသားများက လည်ချောင်းကွဲမတတ် အော်ဟစ်နေကြသည်။သွေးများသည် နေရာအနှံ့ပင်ဖြစ်သော်လည်း အနီးကပ်သွားကြည့်ပါက သူတို့ခန္ဓာကိုယ်တွင် သွေးစွန်းနေသည်လွဲ၍ မည်သည့်ဒဏ်ရာမျှ မရှိကြောင်း သိနိုင်ပေသည်။

အိမ်မက်ဆိုးပိုင်ရှင်တစ်ယောက်အနေဖြင့် ယိုလျန်းသည် ဂိတ်ရုံထဲဝင်လိုက်ရာ အေးစက်မှုကို ခံစားလိုင်ရသည်။သူကိုယ်ပိုင်အိမ်မက်ဆိုးထဲတွင် အတုမရှိအန္တရာယ်ကို ခံစားနေရသည်။သူ ချက်ချင်းရပ်တန့်လိုက်သည်။အခြားသူများကို တိုက်ခိုက်နေသော ကျောင်းသားများထဲမှ တစ်ယောက်သည် သူ့အား မသိမသာခိုးကြည့်နေကြောင်း ယိုလျန်း သတိထားမိသည်။အကြည့်သည် သွေးဆာနေသောအကြည့်မဟုတ်ပေ။ထိုအစား သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ရှိနေလေ၏။

"မင်းတို့အကုန်လုံး သရုပ်ဆောင်အတန်းက လာကြတာလားဟ "

ယိုလျန်းခန္ဓာကိုယ်သည် အရိပ်များနှင့်ဖုံးလွှမ်းနေသည်။သူ့အခြေအနေက ဆိုးဝါးနေသော်လည်း သူသည် ကျောင်းသားအနည်းငယ်ဖြင့် ဖြေရှင်းလို့ရမည့်လူမျိုး မဟုတ်ပေ။ယိုလျန်းက မာထုံကဲ့သို့သော အစားထိုးသရဲများကို ကြည့်လိုက်သည်။သူတို့အားလုံးသည် ခေါင်းငုံ့လျက် တိတ်ဆိတ်နေကြသည်။ အကောင်ကြီးသည့် သရဲတစ်ကောင်က သတိပေးသည့်ဟန်ဖြင့် ယိုလျန်းကို မျက်စိမှိတ်ပြရန် ကြိုးစားနေ၏။

"ငါ့အိမ်မက်ဆိုးထဲမှာ မင်းတို့က ငါ့ကို သတ်ချင်နေကြတာလား ၊ မင်းတို့အများစုကို ငါမြင်တောင်မမြင်ဖူးဘူး "

လူသားများ၏နှလုံးသားသည် အလွန်ရက်စက်ကြကြောင်း ယိုလျန်းနားလည်လိုက်သည်။သူသည် ကျောင်းသားတစ်ဝက်ခန့်ကိုသာ သတ်ဖြတ်ချင်သော်လည်း သူ့အတွက် တစ်ခန်းလုံးကို ရှင်းပစ်ရသည်ကမှ ပိုလွယ်ကူမည့်ပုံရသည်။

ကျောင်းသားများသည် ယိုလျန်းစကားကို ကြားပုံမရချေ။သူတို့သည် တစ်ဦးကို တစ်ဦးတိုက်ခိုက်နေရင်း ယိုလျန်းအနားသို့ တဖြည်းဖြည်းချဉ်းကပ်လာကြသည်။သူတို့သည် ယိုလျန်းထံမှ မီတာအနည်းငယ်မျှသာ ရောက်လာသည့်အချိန်တွင် ကျိုးကျွင်းကို လက်စားချေ‌ချင်နေသော ယွမ်ဟွေ့က ကျိုးကျွင်းနှင့်ပူးပေါင်းလိုက်ပြီး ယိုလျန်းကို ရုတ်တရက်တိုက်ခိုက်လိုက်သည်။သူတို့နှစ်ယောက်လုံးသည် စုံစမ်းစစ်ဆေးရေးဌာန၏ အထူးဓားများကို ကိုင်ထားကြသည်။သူတို့၏ပစ်မှတ်သည် အရိပ်ဖြင့်အညစ်ညမ်းဆုံးနေရာများဖြစ်သော ယိုလျန်း၏ လည်ပင်းနှင့်ရင်ဘတ်ပင်ဖြစ်သည်။

"သတိထား ! "

လျိုယီသည် ထိုမြင်ကွင်းကြောင့်ထိတ်လန့်သွားသည်။သူမက ယွမ်ဟွေ့သည် ကျိုးကျွင်း၏ အကုသိုလ်ဝိပါတ်ဟု အမြဲတမ်းယူဆခဲ့သော်လည်း သူတို့ဆက်ဆံရေးသည် ထိုသို့ ရိုးရှင်းပုံမရချေ။တစ်ယောက်သည် လူတိုင်းကို စုံစမ်းစစ်ဆေးရေးဌာနဘက်သို့ စုစည်းချင်ပြီး နောက်တစ်ယောက်သည် ကျိုးကျွင်းကို ခုခံရန်လူအားလုံးကို စုစည်းချင်ခဲ့သည်။နှစ်ဖက်လုံးသည် စီတုအန်းနှင့် ဆက်နွယ်နေပေသည်။

"မင်းတို့အားလုံး ငါ့ကို ပစ်မှတ်ထားခဲ့ကြတယ် ၊ ငါက အမြဲတမ်းလူကောင်းတစ်ယောက် ဖြစ်ချင်နေတာကြောင့်လား "

ယိုလျန်း၏ခန္ဓာကိုယ်သည် ပျက်ယွင်းနေခဲ့သော်လည်း သူ့မျက်လုံးများက ကြည်လင်နေခဲ့သည်။

"ငါ့ဆီမှာ ဖြစ်ပျက်သမျှ အရာအားလုံး မင်းတို့ဆီမှာ ဖြစ်ပျက်လိမ့်မယ် ၊ မင်းတို့ငါ့ကို ထိခိုက်စေရင် မင်းတို့ကိုယ် မင်းတို့ ထိခိုက်အောင်လုပ်တာပဲ "

ဓားသွားများသည် ယိုလျန်းအား အလွယ်တကူဖြတ်တောက်လိုက်သော်လည်း ထိုလူသည် နာကျင်ခြင်းဝေဒနာကို ခံစားရပုံမပေါ်ချေ။ထိုအစား ကျိုးကျွင်းနှင့်ယွမ်ဟွေ့တို့၏ ရင်ဘတ်နှင့်လည်ပင်းတွင် ကြမ်းတမ်းသောဟက်တက်ကွဲရာများ ပေါ်လာသဖြင့် နာကျင်‌စွာအော်ဟစ်လိုက်ကြသည်။ယိုလျန်းကို ပေးခဲ့သောထိခိုက်မှုသည် သူတို့ထံတွင်သာ တန်ပြန်ရောက်သွားခဲ့သည်။

"ငါကြုံတွေ့ခဲ့ရတဲ့ အိမ်မက်ဆိုးတွေအားလုံးက ငါ့ကို ပိတ်လှောင်ထားတာ ၊ မင်းတို့ ငါ့ကို ထိခိုက်စေချင်တာလား ၊ ငါ့အိမ်မက်ဆိုးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့လား "

ယိုလျန်းက ဘာမှ မလုပ်ခဲ့ပေ။သို့သော် ကျိုးကျွင်းနှင့်ယွမ်ဟွေ့တို့အပေါ်တွင် ရုတ်တရက်ဒဏ်ရာများပွင့်ထွက်လာကြသည်။သွေးများက ဖျန်းခနဲ လွင့်စင်သွားပြီး အခြားကျောင်းသားများကို ထိတ်လန့်သွားစေသည်။

"အိမ်မက်ဆိုးထဲက လွတ်မြောက်ဖို့နည်းလမ်းတစ်ခုပဲရှိတယ် အဲ့ဒါ အိမ်မက်ဆိုးပိုင်ရှင်ကို သတ်ဖို့ပဲ ! မင်းတို့ ဘာကို စောင့်နေတာလဲ "

ကျိုးကျွင်းက အခန်း၁၃ မှ အခြားလူများကိုစိုက်ကြည့်လိုက်သည်။ဓားစာခံများကို အားကိုးမရနိုင်ပေ။ကျိုးကျွင်း၏အခန်းဖော်များက တဖြည်းဖြည်းချဉ်းကပ်လာကြသည်။နောက်ဆုံးတွင် ကျောင်းသားများက သူတို့ခြေသည်းလက်သည်းများကို ပြသလိုက်ကြသည်။

အိမ်မက်ဆိုး အစွန်ရှိ အက်ကွဲကြောင်းများက ပြန့်ကားလာ၏။အနီရောင်မိုးကာအင်္ကျီ၏ဦးခေါင်းသည် အိမ်မက်ဆိုးထဲ ရောက်ရှိလာ၏။သွေးစွန်းနေသော မျက်နှာကို ဖော်ထုတ်ရန် ဦးထုပ်စောင်းသွားသည်အထိ မိုးကာအင်္ကျီဆွဲဆန့်လိုက်သည်။ယိုလျန်းသည် ကျိုးကျွင်းနှင့်ယွမ်ဟွေ့တို့၏ တိုက်ခိုက်မှုများကို လျစ်လျူရှုထားသည်။သူက အိမ်မက်ဆိုးထဲဝင်လာချင်နေသော သရဲကို ကြည့်ရှုနေခြင်းဖြစ်သည်။

ကျောင်းရှိ သရဲတစ္ဆေများနှင့် မတူဘဲ အနီရောင် မိုးကာအင်္ကျီသည် နာကြည်းဒေါသများ ဖုံးလွှမ်းနေသည်။ ၎င်းသည် အနီရောင်ဝတ်ရုံမျှသာဖြစ်သော်လည်း အထူးအဓိပ္ပါယ်ရှိသည်။အားတစ်ခုက အိမ်မက်ဆိုးကို ဖိနှိပ်နေ၏။အလယ်ဗဟိုရှိ မိုးကာအင်္ကျီနှင့်အတူ နံရံပေါ်ရှိ အက်ကွဲကြောင်းများတွင် သွေးများ စတင်စီးကျလာလေသည်။ထို့နောက် နံစော်နေသော မိုးရေများစတင်ကျဆင်းလာလေသည်။မိုးရေသည် အသားပုတ်များဖြင့်ရောနှောနေပုံရသည်။မိုးရေစက်တိုင်းတွင် နာကြည်းမုန်းတီးမှုအပိုင်းအစများ ပါဝင်နေခြင်းဖြစ်သည်။

"အနီရောင် တစ္ဆေ ...."

ယိုလျန်း၏ မျက်လုံးများကို ထိုဝတ်ရုံဖြင့် လွှမ်းမိုးထားသည်။ ထိုလူသည် အရိပ်ကမ္ဘာ၏ စည်းကမ်းများကို လုံးဝမလိုက်နာပေ။ဇာတ်လမ်းများထဲတွင် သရဲများကို သူတို့၏စွမ်းအားများ အပေါ်အခြေခံ၍ နာကြည်းခြင်းအခန်း ၊ သရဲခြောက်သောအိမ် နှင့် ယင်အဆောက်အဦးဟု အမျိုးအစားများခွဲခြားထားသည်။သို့သော် အနီရောင်မိုးကာအင်္ကျီသည် ထိုအရာအားလုံးကို လျစ်လျူထားသည်။နာကြည်းမှုအားလုံးကို အနီရောင် ၀တ်ရုံထဲသို့ ထည့်သွင်းထားသည်။ နာကြည်းမှုနှင့် မုန်းတီးမှုများကို အမြင့်ဆုံးအထိ သိပ်သည်းစေရန် တခြားမည်သည့်အရာမမှ မလိုအပ်ပေ။

နာကြည်းခြင်းအခန်းများရှိသော သရဲများနှင့်နှိုင်းယှဉ်ပါက ထိုအနီရောင်တစ္ဆေသည် လုံးဝကျိုးကြောင်းဆင်ခြင်မှုမရှိပေ။၎င်းသည် နာကြည်းခြင်းအခန်းထဲမှ သရဲနီများထက် ပိုကြောက်မက်ဖွယ်ကောင်းပေသည်။သူတို့သည် အိမ်ကြောင်များ၊ ကျားရိုင်းများနှင့်တူပေသည်။

"အိမ်မက်ဆိုးပိုင်ရှင်ကြောက်နေပြီဟေ့ ! သူ့ကိုတားကြ ! ဌာနလုံခြုံရေးအတွက် အချိန်ဆွဲထားကြ ! "

ကျိုးကျွင်းသည် သူ့လည်ပင်းကို အုပ်ထားသည်။သူသည် ကံကောင်းရုံသက်သက်ဖြင့် ဌာနအကြီးအကဲဖြစ်လာခဲ့ခြင်းမဟုတ်ပေ။

"ဌာနရဲ့ လုံခြုံရေးက ဒီလိုကြောက်စရာကောင်းတာလား "

သရဲများအပေါ် ဌာနကဖြေရှင်းသော နည်းလမ်းသည် အလွန်ကြက်သီးထစရာကောင်းလိမ့်မည်ဟု ကျောင်ူသားများ မထင်ခဲ့ကြပေ။အနီရောင်မိုးကာအင်္ကျီသည် သူတို့ကြုံတွေ့ခဲ့သော သရဲများထက် သရဲတစ်ကောင်နှင့် ပိုတူပုံရသည်။၎င်းသည် ဟန်ဟိုင်း၏အမိန့်ကို ထိန်းထားမည်ဟု ကတိသစ္စာပြုသည့် ဌာနနှင့် မသက်ဆိုင်နိုင်ပေ။

"အနီရောင်မိုးကာအင်္ကျီတစ်ထည်က ငါ့အိမ်မက်ဆိုးကို အများအပြား လွှမ်းမိုးနိုင်တယ် "

ထိုအရာသည် အနီရောင်တစ္ဆေတစ်ကောင်ကို ကြုံတွေ့ရသည့် ယိုလျန်း၏ပထမဆုံးအကြိမ်ဖြစ်သည်။ယင်းသည် သူ့ပြိုင်ဘက်၏ ခန္ဓာကိုယ်အစစ်အမှန် မဟုတ်သဖြင့် ထိရောက်စွာ မတုံ့ပြန်နိုင်ခဲ့ပေ။

ယိုလျန်း၏ခန္ဓာကိုယ်သည် အရိပ်ကမ္ဘာကြောင့် ညစ်ညမ်းနေခဲ့သည်။သူ့အိမ်မက်ဆိုးသည် ကျောင်းစည်းမျဉ်းနှင့်စီတုအန်း၏ စည်းမျဉ်းများကြောင့် ကျိုးပျက်သွားခဲ့ရသည်။ထိုဆန်းကြယ်သည့် အနီရောင်တစ္ဆေထက် လမ်းလျှောက်နေသည့်ကံဆိုးမသားတစ်အုပ်နှင့် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းသည့် ကောင်းမင်တို့လည်း ရှိနေသေးသည်။အလွန်များပြားလှသည့်ရန်သူများကို ရင်ဆိုင်ရသောအခါ ယိုလျန်းသည်ပင် ဖိအားများနေလေသည်။

"ငါ မင်းတို့ကို ဒီမှာ ခွင့်မပြုခဲ့သင့်ဘူး"

ယိုလျန်းသည် ချောင်ပိတ်မိ‌နေ၏။

“အိမ်မက်ဆိုးက ဒီနေရာလား ဒါမှမဟုတ် လက်တွေ့ကမ္ဘာလားဆိုတာတောင် ငါမပြောနိုင်တော့ဘူး "

ယိုလျန်းသည် ဂိတ်ရုံထဲမဝင်ခဲ့ပေ။သူသည့် သူ့ခန္ဓာကိုယ်မှ အရေပြားကို ဆုတ်ဖြဲပစ်လိုက်သည်။ထို့နောက် သူ့အသားကို အရိပ်များစွန်းထင်းနေသော မြေပြင်ပေါ်လွင့်ပစ်လိုက်သည်။ထိုကဲ့သို့ မိမိကိုယ်ကို ဖျက်ဆီးလိုက်သော အပြုအမူသည် တစ်မြို့လုံးအား တုန်ခါသွားစေသည်။အိမ်မက်ဆိုးအစွန်းရှိ အက်ကွဲကြောင်းများ၏ ပျံ့နှံ့မှုသည် ပို၍ပင်မြန်ဆန်လာတော့သည်။သို့သော် ယိုလျန်းက မရပ်တန့်ပေ။သူ့ခန္ဓာကိုယ်အား အမြန်နူန်းတစ်ခုဖြင်ြ ဖျက်ဆီးနေ၏။

ကျောင်းစည်းကမ်းများက ယိုလျန်းကို သူ့အိမ်မက်ဆိုးထဲ လှောင်ပိတ်ထားချင်သည်။စီတုအန်းက ထိုအခွင့်အရေးကို သုံး၍ အိမ်မက်ဆိုးကို ဖျက်ဆီးကာ ယိုလျန်းကို ဖမ်းဆီးချင်သည်။နှစ်ဖက်လုံးသည် ကောင်းမွန်သည့်ရည်ရွယ်ချက်များ မရှိသော်လည်း ထိုသည်က ယိုလျန်းကို အခွင့်အရေးတစ်ခု ရသွားစေသည်။

ယိုလျန်းသည် သူ၏သွေးစွန်းနေသောလက်ကို ဆွဲဖြဲလိုက်ပြီး အိမ်မက်ဆိုးကို ဖျက်ဆီးရန် ကျဆင်းလာသော သွေးမိုးများဖြင့် တက်ကြွစွာပူးပေါင်းလိုက်သည်။သူသည် ညစ်ညမ်းနေသော မှတ်ဉာဏ်အားလုံးကိုစွန့်ပစ်လိုက်ပြီး အိမ်မက်ဆိုးကို စွန့်လွတ်ကာ လူသစ်တစ်ယောက်အဖြစ်စတင်ရန် ဆုံးဖြတ်လိုက်သည်။

မိုးကာအင်္ကျီ ရင်ဆိုင်နေရသော ခုခံမှုသည် အားနည်းသွား၏။သူပတ်လည်ရှိ အရာအားလုံး မှုန်ဝါးလာလေသည်။ရူးသွပ်နေသော လူအုပ်ကြီးသည် အတွေးများထဲတွင် ပျော်ဝင်သွားပြီး ယိုလျန်းဆီဦးတည်စုစည်းလာကြသည်။အဆုံးတွင် ဒေသခံများဖြစ်သည့် ယိုလျန်းနှင့်သေဆုံးနေသည့်ယိုတတို့သာ ကျန်ရစ်ခဲ့လေသည်။

သွေးမြူများ ပြိုဆင်းသွားပြီး အဆောက်အဦးများ ပြိုကျပျက်စီးကုန်၏။အက်ကွဲကြောင်းများက ကောင်းကင်တစ်လျှောက် တွားထွက်သွားပြီးနောက် ယိုလျန်း၏အိမ်မက်ဆိုးသည် ပူဖောင်းတစ်လုံးကဲ့သို့ ပေါက်ကွဲသွားလေသည်။

အတွင်းတွင်ရှိသော ကောင်းမင်နှင့်ခွေးကြီးတို့သည် ယိုလျန်းနောက်ပြေးလိုက်နေကြဆဲဖြစ်သည်။အိပ်မက်ဆိုးများ ဆုတ်ယုတ်လာသည်ကို သူသတိပြုလိုက်မိရာ ၎င်းသည် လူမှုလက်တွေ့အတန်းများ ပြီးဆုံးသွားသည့်အချိန်တွင် အရှိတရားစတင်မှု၏ အချက်ပြချက်တစ်ခုဖြစ်ကြောင်း သူသိလိုက်သည်။

အဓိပ္ပါယ်မဲ့သော အိမ်မက်ဆိုးကြီးအား ယူဆောင်သွားခံလိုက်ရသည့်အချိန်တွင် အခန်း ၁၃သည် ကြောက်မက်ဖွယ်အရှိတရားကို မြင်ရလိမ့်မည်ဖြစ်သည်။

မြေအောက်ထပ်တွင် စာသင်ကျောင်း ၊ဆေးရုံ နှင့် အကျဉ်းထောင်ကို ကိုယ်စားပြုသောအခန်းများသည် ပြိုကျပျက်စီးနေခဲ့သည်။အပျက်အစီးများအောက်တွင် မံမီရုပ်ဖြစ်နေသော ကျောင်းသားများရှိနေလေသည်။သူတို့၏ အသွေးအသားများကား ခြောက်သွေ့နေကြသည်။ဓာတ်ခွဲခန်း အဆောက်အအုံ၏ မြေအောက်ခန်းတွင် ၎င်းတို့ကို ချုပ်နှောင်ထားခြင်းဖြစ်သည်။ ဟန်သဲ့ကိုယ်ပိုင်ကျောင်းတစ်ခုလုံးကို တည်တံ့စေရန်အတွက် ၎င်းတို့အား လူသားအုတ်ခဲများအဖြစ် ပြုလုပ်ထားလေသည်။

All Chapters