← Chapters

ငါတို့မှာ စည်မျဉ်းတွေ မရှိဘူး

Vol. 12 Ch. 175

ငါတို့မှာ စည်မျဉ်းတွေ မရှိဘူး

Vol. 12 Ch. 175

ဟန်သဲ့ကိုယ်ပိုင်ကျောင်း၏ အမှန်တရားဖြစ်သောလျှို့ဝှက်ချက်သည် လူအားလုံးရှေ့တွင် ထွက်ပေါ်လာတော့သည်။သွေးစွန်းနေသောအမှန်တရားသည် လွန်စွာထိတ်လန့်ဖွယ်ကောင်းလှ၏။ကျောင်းတော်ကြီး ထိုသို့ဖြစ်လာရခြင်းမှာ ၎င်းသည် ကလေးများစွာ၏ငယ်ရွယ်မှုနှင့်ပျော်ရွှင်မှုတို့ စားသုံးခဲ့သောကြောင့်ဖြစ်သည်။သူတို့သည် အရွယ်နှင့်မမျှ အသက်ကြီးရင့်နေကြသည်။ ဓာတုအနံ့အသက်များကို ထုတ်လွှတ်သင့်သော အလောင်းများတွင် အိပ်ပျော်နေသည့်ပုံစံနှင့်အရေးအကြောင်းများသာ ရှိသည်။

ကျောင်းစည်းမျဉ်းဖြစ်စေ စီတုအန်း၏စည်းမျဉ်းဖြစ်စေ သူတို့သည် ထိုလူသားအုတ်ခဲများကို တိတ်တဆိတ်စတေးခဲ့ကြသောကြောင့် အလွန်စွမ်းအားကြီးနေခဲ့ကြသည်။ယင်းသည် ကျောင်းစည်းမျဉ်းများအတွက် သေဆုံးတော့မည့် သက်ကြီးကျောင်းသားများကို အရင်ဆုံးအိပ်ဆောင်ခြောက်သို့ စေလွတ်ကာ လျော်ကြေးပေးသည့် နည်းလမ်းအဖြစ် နေမကောင်းသူအိပ်ရာများကို ပြင်ဆင်ပေးခြင်းသည် ပိုကောင်းပေသည်။စီတုအန်းက ပိုရက်စက်သည်။သူသည် သင်ကြားရေးအိုင်ဒီကတ်များကိုဖန်တီး၍ ကျောင်းအုပ်ကြီးဟူသည့် သူ့အထောက်အထားကို အသုံးပြု၍ ကျောင်းသားများကို ထိန်းချုပ်ခဲ့သည်။

"ဒါက ဟန်သဲ့ကိုယ်ပိုင်ကျောင်းရဲ့ အမှန်တကယ်ဖြစ််တည်မှုလား "

အေးစက်မှုတစ်ခုက သူ့နှလုံးသားကို ဖျစ်ညစ်လိုက်သဖြင့် မာထုံ၏ ပါးစပ်ကို ပွင့်ဟသွားစေသည်။

"ဒါဆို စည်းကမ်းဖောက်ဖျက်တဲ့ကျောင်းသားတွေနဲ့ ဘွဲ့ရခဲ့တဲ့ ကျောင်းသားတွေအားလုံး ဒီမှာတွေပေါ့ ! "

မာထုံသည် အုတ်ခဲများကြားတွင် သူ့သူငယ်ချင်းဟောင်းတစ်ယောက်ကို မြင်လိုက်ရသည်။၎င်းတို့ကို သေတ္တာငယ်များပုံစံဖြင့် သိမ်းဆည်းထားခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များသည် မူလပုံသဏ္ဍာန်မရှိတော့ပေ။ သူတို့၏ မျက်နှာများသည် လူသားတို့၏ ခံစားချက်များကို သယ်ဆောင်မထားနိုင်‌တော့။ သူတို့ အခြေအ‌နေသည် သရဲတစ္ဆေများထက် ပိုဆိုးနေပေသည်။

"ငါမင်းတို့ကို ထပ်ပြီး မကာကွယ်နိုင်တော့ဘူး "

ဒဏ်ရာရနေသော ယိုလျန်းသည် ယခင်အတိုင်းပင် ဖြူစင်နေ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးများသည် ပတ္တမြားကဲ့သို့ နီရဲနေပြီး သူ့မျက်လုံးများက ကြယ်များလို တောက်ပနေသည်။

"အခုက စပြီး မင်းတို့ဘာသာ အားကိုးရတော့မယ် "

ယိုလျန်း ထို့‌သို့ပြောလိုက်ပြီးနောက် လူသားအုတ်ခဲအချို့သည် မျက်ရည်များစီးကျလာလေ၏။ယင်းသည် ယိုလျန်း၏ စွန့်လွှတ်အနစ်နာခံမှုကျေးဇူးတင်ခြင်း သို့မဟုတ် ၎င်းတို့၏ အနာဂတ်အတွက် စိုးရိမ်ကြောင့်ကြနေခြင်းဖြစ်နိုင်ပေသည်။ယိုလျန်း၏ စကားမှ တဆင့် ခွေးကြီးအတွင်းတွင် ပုန်းနေသောကောင်းမင်သည် ကြောက်မက်ဖွယ်တစ်စုံတစ်ခုကို နားလည်မိလိုက်သည်။ယိုလျန်းပြောခဲ့သည်မှာ သူက လူသားအုတ်ခဲများကို ကာကွယ်နေခဲ့ခြင်းဖြစ်သည်။အခြားစကားဖြင့်ဆိုရလျှင် ယိုလျန်းကြောင့်သာမဟုတ်ပါက ကျောင်းစည်းမျဉ်းနှင့် စီတုအန်းတို့သည် ထိုလူများကို ပို၍ပင်နှိပ်စက်ခဲ့ကြမည်ဖြစ်သည်။လူသားအုတ်ခဲဟူသည် ထိုကျောင်းသားများအပေါ် အဆိုးဆုံးဖြစ်ပျက်ခဲ့သော အရာမဟုတ်ပေ။

"မင်းက သရဲနီ ဖြစ်လာရင်ဖြစ် ဒါမှမဟုတ် လူသားအုတ်ခဲဖြစ်ဖို့ အခွင့်အလမ်းတောင် ရမှာမဟုတ်ဘူး "

အရိပ်ကမ္ဘာ၏ရက်စက်မှုကို မြင်လိုက်ရသောအခါ လျိုယီသည် မယုံနိုင်ဖွယ်ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။အနာဂတ်တွင် မည်သို့ဖြစ်ပျက်လာမည်ကို ဘယ်သူမှ မသိနိုင်ပေ။သို့သော် အရိပ်ကမ္ဘာအား အစစ်အမှန်ကမ္ဘာသို့ ကျူးကျော်ခွင့်ပေးလိုက်ပါက ထိုကဲ့သို့ဖြစ်ရပ်မျိုးသည် နေရာအနှံ့ဖြစ်လာမည်ဖြစ်သည်။သို့သော်လည်း အရိပ်ကမ္ဘာကို ဖြေရှင်းလိုက်လျှင်ပင် အစစ်အမှန်ဟန်ဟိုင်းသည် ပိုကောင်းလာနိုင်မည်လော။

ယိုလျန်း၏အိပ်မက်ဆိုးမှလွတ်မြောက်ရန် အစွမ်းကုန်ကြိုးစားပြီးနောက် အခန်း၁၃သည် နောက်ဆုံးတွင် တကယ့်အိမ်မက်ဆိုးကို အရိပ်အမြွက်မြင်ခဲ့ရသည်။ ဓာတ်ခွဲခန်းအဆောက်အဦးအောက်ရှိ ရက်စက်မှုနှင့်နှိုင်းယှဉ်ပါက ယိုလျန်း၏အိမ်မက်ဆိုးသည် နတ်သမီးပုံပြင်တစ်ခုကဲ့သို့ အလွန်နူးညံ့ပေသည်။

"ငါမင်းအပေါ် မျှော်လင့်ချက်အများကြီး မထားခဲ့သင့်ဘူး "

အဖွဲ့ကို ဦးဆောင်လာသော လီပြောင်နှင့်အတူ ဟွမ်မင်စုံစမ်းစစ်ဆေးရေးဌာနနှင့် ကွင်းစ်စုံစမ်းစစ်‌ဆေးရေးဌာနမှ ထပ်တိုးအဖွဲ့ဝင်များသည် အပျက်အစီးများပေါ်တွင် ရပ်နေခဲ့သည်။ သူတို့သည် ဘယ်လက်တွင် ဓားတစ်ချောင်းကိုင်ထားပြီး ညာလက်တွင် သေတ္တာတစ်လုံး ကိုင်ထားကြသည်။သေတ္တာတစ်လုံးစီတွင် မတူညီသော လူ့ခန္ဓာအစိတ်အပိုင်းတစ်ခုစီ ပါဝင်၏။

အနီရောင်မိုးကာအင်္ကျီသည် သေတ္တာများအလယ်တွင် ရပ်လျက်ရှိသည်။စုံစမ်းရေးမှုးများသည် ‌ထိုသေတ္တာများကို သုံး၍ မိုးကာအင်္ကျီကို ထိန်းချုပ်ထားပုံရသည်။

"မင်းက ဒုခေါင်းဆောင်ပဲဆိုတာ မမေ့နဲ့ "

ကျိုးကျွင်း၏လည်ပင်းနှင့်ရင်ဘတ်တွင် ဒဏ်ရာများရှိနေခဲ့သည်။သူ့အသံသည် အေးစက်နေ၏။သူက လီပြောင်ကို မုန်းတီးပေသည်။

"ငါ တင်းယွမ်ကို သတ်ပြီးရင် ဟွမ်မင်ခေါင်းဆောင်ဖြစ်လာမှာပဲလေ "

လီပြောင်သည် သူကိုင်ထားသော သေတ္တာကို ‌သဘောကျနေ၏။သေတ္တာထဲတွင် နှလုံးခုန်နေသည့် ကလေးနှလုံးတစ်ခုကို ထည့်ထားသည်။

"ဒါမှမဟုတ် မင်းသေသွားရင် ငါလည်း ကွင်းစ်ရဲ့ခေါင်းဆောင်အသစ်ဖြစ်လာနိုင်တာပဲလေ "

ကျိုးကျွင်း အပျက်အစီးများကို ကိုင်ရင်း မတ်တပ်ရပ်လိုက်သည်။ကွင်းစ်မှ စုံစမ်းရေးမှူးအသစ်များသည် လီပြောင်နောက်တွင် ရပ်နေကြသည်။ကျိုးကျွင်းကို ကူညီရန် တစ်ဦးမှ ရောက်မလာကြပေ။

"အကြီးအကဲက မင်းကို ‌အခန်း ၁၃ကတဆင့် ကျောင်းစည်းမျဉ်းတွေရဲ့ အထောက်အထားအစစ် တည်နေရာကိုရှာစေချင်တာ ၊ ဒါပေမယ့် မင်းရဲ့ မစ်ရှင်ကို အံ့မခန်း ကျရှုံးခဲ့တယ် ၊ မင်းကဘာမှ မအောင်မြင်ရုံသာမက သာမန်လူတစ်စုကိုလည်း ရှုံးနိမ့်ခဲ့တယ် "

လီပြောင်သည် မြေအောက်သို့ ဆက်ဦးတည်သွားသော ဝင်ပေါက်တွင် ထိုင်နေခြင်းဖြစ်သည်။

"သာမန်လူတွေတဲ့လား "

ကျိုးကျွင်း မျက်လုံးများက တဆတ်ဆတ်တုန်ယင်သွားသည်။

"လီပြောင် မင်းအရမ်းဂုဏ်ဆာမနေနဲ့ ၊ ငါ့အတန်းဖော်အားလုံး တစ်ယောက်မှ သာမန်မဟုတ်ဘူး "

"မင်းအတွက် ဆင်ခြေတွေ ရှာမနေနဲ့တော့ "

လီပြောင်က သေတ္တာထဲမှ ကလေးနှလုံးကို ယူလိုက်ပြီး သေတ္တာကို အဝေးလွင့်ပစ်လိုက်သည်။သူသည် နှလုံးကို ဓားနှင့်မွှန်းလိုက်လေသည်။မိုးကာအင်္ကျီထဲမှအသားသည် ရူးသွပ်မှုထဲ နစ်မြုပ်သွားသည်။ ၎င်းကို စတင်ရန် ကျိုးကြောင်းဆီလျော်မှု မရှိခဲ့ပေ။ ထိုအချိန်တွင် ယင်းက ပို၍ပင် အန္တရာယ်များလာသည်။

"စီတုအန်းက ဌာနချုပ်က ပို့လိုက်တဲ့ နောက်ထပ်စစ်ကူတစ်သုတ်နဲ့ အလုပ်များနေတာ ဒါကြောင့် ဒီနေရာက အခြေအနေကို ဖြေရှင်းဖို့ သူ့မှာ အချိန်မရှိဘူး "

လီပြောင်စကားများသည် အဓိပ္ပါယ်နှစ်ခွဖြစ်သည်။

"ကျိုးကျွင်း မင်းက မင်းရဲ့အတန်းဖော်တွေနဲ့ ဒီမှာသေသွားရင်‌ရော ၊ သူတို့က ပုံမှန်မဟုတ်ဘူးလို့ မင်းပြောတာမဟုတ်လား ၊ ဒါဆိုရင် မင်းကို သူတို့ သတ်လိုက်တာက လုံးဝပုံမှန်ပါပဲ "

ဓားသွားသည် ကလေးနှလုံးကို ထိုးစိုက်လိုက်သည်။မိုးကာအင်္ကျီထဲမှ သွေးရောင်ကား ပိုတောက်ပလာလေသည်။မိုးကာအင်္ကျီအတွင်းမှ အမျိုးသမီးတစ်ဦး၏အော်ဟစ်သံကို ထုတ်လွှတ်လိုက်သည်။ထူထပ်လှသော နာကြည်းမှုများသည် လူတိုင်း၏ဖြစ်တည်မှုကို အေးစက်သွားစေသည်။

"လီပြောင် လုံခြုံရေးစွမ်းအားကို အသုံးပြုသူတိုင်းဟာ ကြောက်စရာကောင်းတဲ့အဆုံးသတ်ကို ကြုံတွေ့ရလိမ့်မယ်၊ အနီရောင် မိုးကာအင်္ကျီက မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး "

ကျိုးကျွင်းသည် လီပြောင်နှင့်ရင်းနှီးသည်။ထိုလူသည် စွမ်းအားကို ခုံမင်သော်လည်း စွမ်းအားကိုထိန်းချုပ်ရန်စွမ်းရည်မရှိပေ။

"ငါ့အဆုံးသတ်ကို ကြည့်ဖို့တော့ မင်းမရှိလောက်တော့ပါဘူး ၊ သွားစမ်း ! သူတို့ကို သတ် ! "

လီပြောင်က အနီရောင်မိုးကာအင်္ကျီကို အမိန့်ပေးလိုက်သည်။တကယ်တော့ သူ့တွင် အနီရောင်မိုးကာအင်္ကျီကို အမိန့်ပေးပိုင်ခွင့်မရှိသော်လည်း မိုးကာအင်္ကျီရဲ့ဗီဇကို လမ်းညွှန်ရန် ကလေးနှလုံးသားကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

အနီရောင်မိုးကာအင်္ကျီသည် ရူးသွပ်သွားပြီးနောက် လူတိုင်းကို ဝရုန်းသုန်းကားတိုက်ခိုက်တော့သည်။သို့သော် ၎င်းသည် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကိုင်ဆောင်ထားသူများကို တိုက်ခိုက်မည်မဟုတ်ပေ။ မိုးကာအင်္ကျီသည် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကလေးငယ်၏ အလောင်းများအဖြစ် သတ်မှတ်ထားပုံရသည်။

ခွေးကြီးသည် အရိပ်အတွင်းပုန်းခိုနေ၏။ကောင်းမင်၏မျက်လုံးများက လီပြောင်ကိုင်ထားသော နှလုံးအပေါ်အာရုံစိုက်ထားသည်။လူတစ်ယောက်သည် လူသားများ၏ ရက်စက်မှုနှင့် ဉာဏ်ရည်ဉာဏ်ရည်သွေးကို ဘယ်တော့မှ အထင်သေးနိုင်မည်မဟုတ်ပေ။လူသားများသည် သူတို့၏ အစီအစဉ်များကို ဆက်လက်ရှေ့ဆက်နိုင်ရန် ပိုမို၍ ရွံရှာဖွယ်ကောင်းသည့် နည်းလမ်းများကို အမြဲရှာဖွေနေလေ့ရှိသည်။ သို့သော် လီပြောင်သည် အခန်း၁၃၏ ဒူပေနာပေခံနိုင်မှုနှင့် အရှက်ကင်းမဲ့မှုတို့ကို လျှော့တွက်ထားခဲ့သည်။အများစုမှာ ချက်ခြင်းရွေးချယ်မှု ပြုလုပ်ခဲ့သည်။ သူတို့အားလုံးသည် သားကောင်များဖြစ်နေကတည်းက ယိုလျန်းဘက်တွင်ရပ်တည်ရန် ရွေးချယ်လိုက်ကြသည်။

"ငါတို့ အခန်းကို အနိုင်ကျင့်လို့လွယ်မယ် မထင်နဲ့ ! မင်း ငါတို့ကို သတ်ချင်ရင် ငါတို့နဲ့အတူသေဖို့ ပြင်ဆင်ထားလိုက် ! "

စီဆန်းသည် လက်သီးများကို ဝှေ့ယမ်းလိုက်သည်။ သူ့ဥာဏ်ရည် ကန့်သတ်ချက်ကြောင့် သူသည် အခြားသူများကို တွယ်ကပ်နေသော်လည်း ယခုအချိန်တွင် သူသည် အလွန်သတ္တိရှိ‌နေသည်။

"သူတို့က သေတ္တာတွေကိုသုံးပြီး မိုးကာအင်္ကျီကို ထိန်းချုပ်နေတာ ၊ ငါတို့ မိုးကာအင်္ကျီကို တိုက်ခိုက်စရာမလိုဘူး ၊ သူတို့ဆီက သေတ္တာတွေကို သွားလုဖိုပဲလိုတယ် "

လျိုယီသည် ပြဿနာဗဟိုချက်ကို ချက်ချင်းခွဲခြမ်းစိတ်ဖြာလိုက်သည်။

အတန်းဖော်များက သဘောတူလိုက်ကြသည်။သူမက လှုပ်ရှားရန်ပြင်လိုက်ချိန်တွင် ကျောင်းသားကောင်စီတံဆိပ်က သူမကို ဆွဲလိုက်သည်။လျိုယီနောက်ဘက်မှ မိန်းကလေးသည် လျိုယီအား မြေအောက်ခန်းအနက်ထဲသွားရန် တိုက်တွန်းနေ၏။မိန်းကလေးသည် စိုးရိမ်ပူပန်နေပုံရသည်။သူမသည် မြေအောက်ခန်းအတွင်းမှ တစ်စုံတစ်ခုကို အာရုံခံမိပုံရသည်။သူမ၏ အရင်းနှီးဆုံးလူယုံသည် မတော်တဆမှုတစ်ခုသို့ ပြေးသွားမိပြီး အကူအညီ လိုအပ်နေသည့်ပုံပင်။

ကျောင်းသားများ အစီအစဉ်ကို ဆွေးနွေးကြသောအခါတွင် အရိပ်တစ်ခုက လီပြောင်ဆီသို့ ရွေ့လျားသွားသည်။ ကောင်းမင်လည်း လျိုယီ ညွှန်ပြသည့် ဂယ်ပေါက်ကို သတိပြုမိသည်။

သူ့နှလုံးသားထဲတွင် များစွာသော သေခြင်းမှတ်ဉာဏ်များကို သယ်ဆောင်ထားသည်။သူ့သေဆုံးမှုအားလုံး ဟန်ဟိုင်းတွင်သာဖြစ်သည်။သို့သော်လည်း ကောင်းမင်သည် အနီရောင်မိုးကာအင်္ကျီကို သိရှိခြင်းမရှိပေ။ထို ထူးခြားသောသရဲနီသည် ဟန်ဟိုင်းတွင် ရှိနေခဲ့ပုံမရချေ။စုံစမ်းရေးမှူးများက သူ့အား အခြားတစ်မြို့မှ ဖမ်းခေါ်လာခဲ့ခြင်း ဖြစ်ပုံရသည်။

ဧရာမအနက်ရောင်ခွေးကြီးသည် လီပြောင့်နောက်ကျောတွင် ပါးစပ်ကြီးကို ဟလိုက်သည်။ ကောင်းမင်၏ ခွဲခြမ်းစိတ်ဖြာမှုသည် လျိုယီထက် ပိုအရေးကြီးသည်။ သေတ္တာကို လုယူခြင်းက ကောင်းသော်လည်း ၎င်းကိုဖျက်ဆီးရန်မှာ ပိုလွယ်ကူပြီး လူတိုင်းကို အကြောက်တရားထဲ ဆွဲခေါ်သွားပေမည်။

လီပြောင်သည် အေးစိမ့်မှုကို ခံစားလိုက်ရသည်။သို့သော်လည်း သူသည် စုံစမ်းစစ်ဆေးဌာနအဖွဲ့ဝင်ဖြစ်သောကြောင့် သူ့တုန်ပြန်မှုက ချင်ကျွင်းရန်ထက် လျင်မြန်ပေသည်။

နောက်ပြန်မလှည့်ဘဲ လီပြောင်က ဓားကို နောက်ပြန်ထိုးလိုက်ပြီး ဘေးဘက်သို့ ရှောင်ထွက်လိုက်သည်။ နှလုံးသားကြောင့် မြင်ကွင်းကို ထိန်းချုပ်ခံနေမှရန်း သူသိသည်။ သူ့ခန္ဓာကိုယ် ဒဏ်ရာရလျှင်ပင် နှလုံးသားကို သူကာကွယ်ရမည်ဖြစ်သည်။လီပြောင့်အား ချောင်းမြောင်းတိုက်ခိုက်သည့်လူသည် သာမန်လူသာဖြစ်ပါက သူ့တုံ့ပြန်မှုသည် ပြီးပြည့်စုံလိမ့်မည်ဖြစ်သည်။ သူ့အတွက် ကံမကောင်းစွာပင် သူသည် အခန်း ၁၃ ၏ "ပုံမှန်မဟုတ်ဆုံး" ကျောင်းသားနှင့်ကြုံတွေ့ခဲ့ရသည်။

ခွေးကြီးက ဓားသွားကို ဖမ်းကိုက်လိုက်သည်။ချိန်းကြိုးတစ်ခုက လီပြောင်၏လက်ကောက်ဝက်ကို ရစ်ပတ်သွားသည်။လီပြောင်သည် ခွေးကြီး၏ ဝမ်းဗိုက်အတွင်းမှ အင်အားကြီးလှသော အားတစ်ခုကို ခံစားမိသည်။ယင်းသည် ခွေးကြီးအတွင်းရှိ လူတစ်ယောက်က ခွေးကြီးရဲ့ ခန္ဓာကိုယ်ထဲတွင် သူ့ကို ကိုက်ဖြတ်ချင်နေသလိုပင်။

All Chapters