ပထမဆုံးအုတ်ခဲလူသား
Vol. 12 Ch. 176
ချိန်းကြိုးက သူ့လက်ကောက်ဝက်ကို ချည်နှောင်လိုက်သည်။လီပြောင်သည် လွတ်မြောက်ရန် သူ့လက်ကောက်ဝက်ကိုပင် မခုတ်ပိုင်းနိုင်ခဲ့ချေ။သူသည် ခွေးကြီး၏ဝမ်းဗိုက်အတွင်းဆွဲခေါ်ခံလိုက်ခြင်းကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။တုန်လှုပ်ခြောက်ခြားမှုနှင့်အတူ သူသည် ခွေးကြီးအတွင်းတွင် မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
"ဘာလို့ ဒီမျက်နှာကို ရင်းနှီးနေတာလဲ "
အမှောင်ထုသည် သူ့အားဝါးမြိုလိုက်သည်။အလင်းရောင်နှင့် အသံဗလံများ မှေးမှိန်သွားကြောင်း လီပြောင်ခံစားလိုက်ရသည်။ခွေးကြီးက လီပြောင်အားစားလိုက်သည့်အချိန်တွင် အရာအားလုံးအစားခံလိုက်ရလေသည်။
"သူတို့က ငါတွေ့ဖူးတဲ့ သရဲတွေနဲ့ ကွာခြားပုံရတယ် "
ကောင်းမင်သည် လီပြောင်ထံမှ နှလုံးကို ယူပြီးလေ့လာလိုက်သည်။နှလုံးနှင့်သက်ဆိုင်သော ကလေးသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ နှလုံးခုန်ခြင်းကို ထိန်းသိမ်းထားရသည့်အရာမှာ ကလေးသည် သူမိခင်ကိုတွေ့ရန် ဆုံးဖြတ်ချက်တစ်ခုကြောင့်ဖြစ်သည်။သူမသေမီတွင် သူ့မိခင်ကို တွေ့ချင်နေခဲ့သည်။နှလုံးသားအတွင်းမှ ပြင်းထန်သည့်ဆုံးဖြတ်ကို ခံစားမိသဖြင့် ကောင်းမင်၏မျက်လုံးများက ထိတ်လန့်မှုဖြင့် လင်းလက်သွားခဲ့ရသည်။
သူတွေ့ဖူးသော သရဲများအားလုံးသည် သူတို့၏အသိစိတ်များကို မြင်ကွင်းတစ်ခုတည်းတွင် သိမ်းဆည်းထားကြခြင်းဖြစ်သည်။သရဲနီတိုင်းသည် ကိုယ်ပိုင်နာကြည်းခြင်းအခန်းများရှိကြသော်လည်း ထိုနှလုံး၏ပိုင်ရှင်သည် သူ့နာကြည်းမှုများနှင့်မှတ်ဉာဏ်အားလုံးကို သူ့နှလုံးသားထဲဖိသိပ်ထားခဲ့သောကြောင့် သူသည် 'နှလုံး'နှင့်သရဲတစ်ကောင်ဖြစ်လာခဲ့သည်။
အခြားစုံစမ်းရေးမှူးများက လီပြောင်ကိုစားလိုက်သောကောင်းမင်နှင့် သူ့အချက်အချာကိုယူဆောင်သွားခြင်းအား မြင်လိုက်ကြသည်။အမိန့်သည် ဒုတိယခေါင်းဆောင်ဆီကျရောက်သွားသည်။သူတို့က ကြောက်ရွံ့ခြင်းမရှိပေ။သူတို့ဖွဲ့စည်းပုံကို ပြန်လည်စီစဉ်လိုက်ကြသည်။အနီရောင်မိုးကာအင်္ကျီကို လူတိုင်းကို လွှမ်းမိုးနိုင်စေရန် သေချာသော်လည်းသူတို့နှင့် နီးကပ်လာနိုင်သည့် မည်သည့်အရာကိုမဆို သတိထားကြမည်ဖြစ်သည်။
စုံစမ်းရေးမှုးများကို ထပ်မံတိုက်ခိုက်ရန်မှာ အလွန်ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ကောင်းမင်သိသည်။သူက ပထမမြေအောက်ထပ်တွင် ဆက်မနေတော့ပေ။သူက ကလေးနှလုံးကို ကိုင်၍ ခွေးကြီးအားမြေအောက်သို့ ဆက်ဆင်းသွားရန် လောဆော်လိုက်သည်။လူသားအုတ်ခဲများက ပြန့်ကျဲနေကြသည်။ငိုကြွေးနေသောမျက်နှာများသည် အကူညီမဲ့စွာရုန်းကန်နေကြသော်လည်း သူတို့ကံကြမ္မာမှာ ရေးသားခံခဲ့ရပြီးဖြစ်သည်။သူတို့သည် အဆောက်အဦးထဲမှ မလွတ်မြောက်နိုင်ကြချေ။အဆောက်အဦးတွင် တစ်ခုခုဖြစ်ပွားပါက သူတို့သည် ယင်းကိုပြင်ဆင်ရန် အပြေးအလွှားသွားရမည်ဖြစ်သည်။အဆောက်အဦးကြီးပြိုကျသွားပါက သူတို့သည် နောက်ဆုံးအနားယူရာနေရာကို ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။သူတို့အား လူသားအုတ်ခဲအဖြစ်ပြောင်းလဲခံလိုက်ရသည့် အချိန်မှစ၍ ထိုကျောင်းသားများ၏ကံကြမ္မာကား ချိတ်ပိတ်ခံခဲ့ရချေပြီ။ယင်းသည် သူတို့အတွက် ရေးသားထားခဲ့သော အကောင်းဆုံးကံကြမ္မာဇာတ်ညွှန်းပင်။
"တစ်ခါတစ်လေမှ ကံကြမ္မာဆိုတာ လှည့်စားတတ်တဲ့ငပျင်းတစ်ယောက်လို ငါခံစားရတယ် ၊ သူက အများစုကို သာမာန်ဇာတ်ညွှန်းတစ်ခုပေးခဲ့ပေမယ့် အဲ့ဒီအများစုထဲမှာ မျှော်လင့်ချက်တွေရှိလာပြီး အနည်းငယ်သောအံ့ဖွယ်ဖြစ်ရပ်တွေယူလာတာကို သူကြိုက်တယ်လေ ၊ အရာအားလုံးကို ကံကြမ္မာက ရေးသားထားပြီးသားဆိုတာကို သူတို့နည်းနည်းမှ မသိခဲ့ကြဘူး "
ခွေးကြီးသည် အကောင်းမြင်စိတ်ရှိသူတစ်ယောက်ဖြစ်သည်။သူသည် လူသားအုတ်ခဲများကိုမြင်ရပြီးနောက် ဝမ်းနည်းနေခဲ့သည်။
"ဒါကြောင့်ပဲ လူတိုင်းဟာ သူတို့ကံကြမ္မာသူတို့ရေးသားနိုင်အောင် ငါက ကံကြမ္မာကိုတိုက်ခိုက်ချင်နေတာပေါ့ "
"ဘာအရေးလဲ မင်းမြင်ဖူးခဲ့သမျှ အနာဂတ်တွေက မင်းကို ပြချင်တဲ့ အနာဂတ်ပဲ ၊ တစ်နေ့မှာ မင်းက မျက်နှာပြင်ပေါ်ကနေ ခုန်ဆင်းပြီး မတူညီတဲ့မြင်ကွင်းတွေကို မြင်ရရင်တောင်မှ ကံကြမ္မာက မင်းကို ပိုကြီးတဲ့ ငါးလှောင်အိမ်ထဲ ထည့်ပေးလိုက်ရုံပါပဲ "
ခွေးကြီးသည် လူသားအုတ်ခဲများကို ရှောင်ရှား၍ မြေအောက်ဒုတိယထပ်ဆီ ကောင်းမင်ကို ခေါ်သွားခဲ့သည်။သူတို့သည် ဓာတ်ခွဲခန်းအဆောက်အဦး၏ အခြေခံအုတ်မြစ်ကို မြင်လိုက်ကြသည်။
ကျောင်းဝင်းကြီး၏အောက်ဘက်တွင် များစွာသော သက်ရှိလူသားများကို' စိုက်ပျိုး'ထားလေသည်။ထိုအရင်ကျောင်းသားဟောင်းများသည် သစ်ပင်များကဲ့သို့ အမြစ်များကြီးထွားနေကြသည်။ သူတို့ခန္ဓာကိုယ်မှ ကြီးထွားလာသောသွေးကြောငယ်များသည် အမှောင်ထဲသို့ ဆန့်ထွက်နေကြသည်။သူတို့ ကမ္ဘာမြေကို အာဟာရကျွေးမွေးနေကြခြင်းဖြစ်သည်။ငယ်ရွယ်နုပျိုသောအသွင်အပြင်၊ သန်မာသောကိုယ်ခန္ဓာ၊ သက်ရှည်မှု ၊ ကျန်းမာစေသောချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်မှု နှင့် ကြင်နာမှုတို့ကဲ့သို့ လူတိုင်းအား လူသားဖြစ်စေသည့် အရာများအား ကျောင်းကြီးသည် သူလိုအပ်သောအရာများအတွက် အရိပ်ကမ္ဘာနှင့် လဲလှယ်နေခဲ့ခြင်းဖြစ်သည်။
"ဒါက စီတူအန်း စီစဉ်ထားတဲ့ 'အသက်ရှည်ခြင်း' ရဲ့ ဝတ်ပြုဓလေ့လား "
စီစွေ့အိမ်ရာသည် သွေးစတေးခြင်းဖြင့် သားစားကြူးနတ်ကို ကိုးကွယ်ခဲ့ကြသည်။ဟန်သဲ့ကိုယ်ပိုင်ကျောင်းတွင် နတ်ဘုရားအစစ်မရှိပေ။စီတုအန်းသည် ကျောင်းကြီးအား အရိပ်ကမ္ဘာဆီသို့ တိုက်ရိုက်စတေးခဲ့ခြင်းဖြစ်သည်။သူသည် ကျောင်းကြီးအား ယဇ်ပလ္လင်အဖြစ်ပြောင်းလဲ၍ ကျောင်းထဲဝင်လာသမျှလူတိုင်းကို ယဇ်ကောင်အဖြစ်ပြောင်းလဲခဲ့သည်။သူပြန်လာရန် လိုအပ်သည့်အရာမှာ ရိုးရှင်းပါသည်။သူသည် ထိုယဇ်ပလ္လင်၏မန်နေဂျာဖြစ်ချင်နေခြင်းဖြစ်သည်။စီတူအန်းသည် အာဏာကို စွဲလမ်းသည့် ဖျားနာမှုရှိပြီး သူ့ကိုယ်သူ မျက်ကန်းယုံကြည်မှု ရှိသည်။ အရာအားလုံးကို ထိန်းချုပ်နိုင်ပါက ကံကြမ္မာကိုတောင် ပြောင်းလဲနိုင်မည်လို့ သူယုံကြည်နေခြင်းဖြစ်သည်။
ကောင်းမင်သည် မြေအောက်ထပ်အခန်းကြောင့် လွန်မင်းစွာ ထုံထိုင်းနေခဲ့သည်။ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို ဖျက်ဆီးရန်မှာ ရိုးရှင်းလှသည်။မြေအောက်ထပ်ရှိ သက်ရှိ 'အမြစ် 'များနှင့် လူသားအုတ်ခဲတိုင်းကို ဖျက်ဆီးပစ်ခြင်းဖြစ်သည်။
"ဒီနေရာကြီးက ငါ့ကို မသက်မသာဖြစ်စေတယ် ၊ ငါတို့ ဘယ်ချိန်ထွက်ကြမလဲ "
ခွေးကြီးသည် အမြစ်များကို ကိုက်ဖြတ်ရန်မဆိုထားဘိ နေပင်မနေချင်ခဲ့ပေ။
"အခုက ထွက်သွားဖို့ အချိန်မဟုတ်ဘူး "
ကောင်းမင်သည် အပေါ်ဘက်မှ တိုက်ခိုက်သံများကိုကြားနေရသည်။အနီရောင်မိုးကာအင်္ကျီသည် ကရုဏာမဲ့စွာ သတ်ဖြတ်လျက်ရှိသည်။ တိုက်ပွဲစတင်ပြီးသည်နှင့် တစ်ဖက်ဖက် ရှုံးနိမ့်သွားသည်အထိ ရပ်တန့်သွားကြမည်မဟုတ်ပေ။
"ကောင်းမင် ! "
အကွာအဝေးတစ်ခုမှ ရင်းနှီးသောအသံတစ်သံကြားလိုက်ရသည်။လျိုယီနှင့် မျက်နှာတွင်မွေးရာပါအမှတ်ပါသော မိန်းကလေးတို့သည် မြေအောက်ထပ်တွင် ပုန်းလျိုးကွယ်လျိုးရှိနေကြသည်။သူတို့သည်လည်း ကောင်းမင်နှင့်တူညီသောအကြံရှိကြသည်။
"ကျောင်းသားကောင်စီရဲ့ တကယ့်ဥက္ကဌကို ငါတွေ့ခဲ့တယ် ၊ သူက ယန်ရှောင်ယုတဲ့ ၊ သူက ကျောင်းအုပ်ယန်ရှီကျီးရဲ့ မွေးစားသမီးပဲ "
လျိုယီက လျှင်မြန်စွာပြောလိုက်သည်။
"သူက ဒီကျောင်းရဲ့ 'ဝိဉာည်'ဘယ်မှာ ရှိသလဲ သိတယ် "
သူတို့သည် လူသားခြေနင်းတုံးများပေါ် ဖြတ်လျှောက်သွားကြရာ လူသားအုတ်ခဲများ၏ တိုးထွက်နေသောအမြစ်များကို ပိုမိုများပြားစွာမြင်ခဲ့ရသည်။အမြစ်များသည် အတူတကွလိမ်ယှက်နေပြီး ပိုနက်ရှိုင်းသည့်အမှောင်ထုထဲ ဆန့်ထွက်နေကြသည်။ယန်ရှောင်ယု၏ လမ်းပြမှုနှင့်အတူ သူတို့သည် ခြောက်သွေ့နေသော မံမီကျောင်းသားများကို ဖြတ်ကျော်၍ ပင်မအမြစ်ကြီးထံရောက်လာကြသည်။
ကောင်းမင်ငုံ့ကြည့်လိုက်ရာ ရင်းနှီးနေသော ပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်။
ဟန်သဲ့ကိုယ်ပိုင်ကျောင်း၏အောက်ခြေတွင်ရှိနေသောအရာမှာ ယန်ရှီကျီး၏အလောင်းပင်။ထိုနေရာတွင် မြှုပ်နှံထားသော ပထမဆုံးလူသားအုတ်ခဲသည် သူမဖြစ်သည်။ သူမ၏ဆံပင်သည် ငွေရောင်ဖြစ်နေပြီး အဝတ်အစားကင်းမဲ့နေသည်။ သူမသည် လူသားအုတ်ခဲများအားလုံးအောက်တွင် ရပ်နေပြီး ကျောင်းကြီးကို ပင့်မထားလေသည်။
"ကျောင်းအုပ်ယန်လား "
လက်တွေ့ဘဝတွင် ကျောင်းအုပ်ယန်သည် နှစ်ပေါင်းများစွာက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။တကယ်တမ်းတွင် သူမသည် စတိုခန်းတွင် အသတိခံခဲ့ရခြင်းဖြစ်သည်။သူမ၏အလောင်းသည် ကျောင်းကြီး၏မြေအောက်အနက်ထဲတွင် မြှုပ်နှံခံထားရသည်။သူမသည် အရိပ်ကမ္ဘာအား စီတုအန်းပေးခဲ့သော ပထမဆုံးယဇ်ကောင်အစိတ်အပိုင်းဖြစ်ပေသည်။
သူမမျက်လုံးများက ဖျတ်ခနဲပွင့်လာ၏။ကျောင်းအုပ်ယန်သည် သူမအလောင်းဆီပြန်လာခဲ့ခြင်းဖြစ်သည်။
"ခင်ဗျားကို စီတုအန်းက ထောင်ချောက်ဆင်ထားခဲ့တာလား ၊ ကျွန်တော် ခင်ဗျားကို လာကယ်မယ်! "
ကောင်းမင်သည် တွယ်ဆင်းရန်ကြိုးစားလိုက်သော်လည်း ကျောင်းအုပ်ယန်က ခေါင်းခါပြလိုက်သည်။
ပုံပျက် ပျက်စီးနေသော နူတ်ခမ်းတစ်စုံက ဖြည်းညင်းစွာပွင့်ဟလာသည်။ကျောင်းအုပ်ယန်၏ လေးနက်သောအသံသည် သူမ၏လူသားမဟုတ် သရဲမဟုတ် ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။
"ဒီကို ငါ့ဆန္ဒနဲ့ငါ လာခဲ့တာပဲ ၊ ကျောင်းကြီးမှာ တစ်ခုခုဖြစ်ပွားခဲ့တယ် ၊ ဒီအောက်မှာ ငိုကြွေးနေတဲ့ ကလေးတွေရဲ့အသံကို ငါကြားခဲ့ရတယ် "
"ဒါပေမယ့် ဒါတွေအားလုံးကို ခင်ဗျားပုခုံးပေါ် ဘယ်လိုထမ်းနိုင်မှာလဲ "
ကျောင်းအုပ်ယန်သည် ထိုဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့လိမ့်မည်ဟု ကောင်းမင်ထင်မှတ်မထားခဲ့ပေ။စီတုအန်းနှင့်ကောင်းယန်တို့က ကျောင်းကြီးအား သိမ်းပိုက်ထားခဲ့ပြီဖြစ်သည်။သူတို့သည် တဖက်လူကို ဖျက်ဆီးလိုကြရုံသာဖြစ်သည်။ကျောင်းအုပ်ယန်တစ်ယောက်သာလျှင် မြေအောက်မှ လူသားအုတ်ခဲများကို ဂရုစိုက်နေခဲ့ခြင်းဖြစ်သည်။
"သူတို့အားလုံးက ငါ့ကလေးတွေပဲ ၊ သူတို့က လိမ်မာတဲ့ကလေးတွေ ၊ သူတို့ကို လူကောင်းတစ်ယောက်ဖြစ်အောင် သင်ပေးခဲ့တာ ငါပဲ ၊ ငါသူတို့ကို ကာကွယ်ဖို့ကျရှုံးခဲ့တယ် "
ကျောင်းအုပ်ယန်၏အသံသည် တည်ငြိမ်ပြင်းထန်နေပေသည်။
"ကလေးတချို့ကို ကယ်တင်ဖို့ နည်းလမ်းရှာပါ ၊ သူတို့နဲ ကျောင်းရဲ့ဆက်နွယ်ချက်ကို အတင်းအကြပ် မဖြတ်ပါနဲ့ ၊ သူတို့ရဲ့ အတွင်းစိတ်တွေကို နိုးကြားစေဖို့ မင်းကို ငါပေးခဲ့တဲ့ စာတွေကို အသုံးပြုပါ "
ထိုနောက် ကျောင်းအုပ်ယန်က ယန်ရှောင်ယုဘက် လှည့်၍
"ရှောင်ယု သမီးကို ဘာလို့ ဒီနာမည်ပေးခဲ့လဲဆိုတာ မှတ်မိသေးလား ၊ မိုးစက်တွေဟာ တိမ်မည်းတွေဆီက မွေးဖွားခဲ့ရင်တောင်မှ ကောင်းကင်တစ်လျှောက် ပျံသန်းနိုင်ကြတယ်လေ ၊ သူက အသန့်ရှင်းဆုံး အသန့်စင်ဆုံးရေပဲ ၊ သူဟာ မိုးကြိုးနဲ့လေပြင်းတွေကို မကြောက်ဘူး ၊ ဘဝသစ်တစ်ခုကို ပြုစုပျိုးထောင်ဖို့ မြေကြီးကို သူ့ဘဝကိုသုံးပြီး အာဟာရပေးရမယ် "
ယန်ရှောင်ယု၏မျက်ဝန်းထဲမှ နာကြည်းမုန်းတီးမှုများသည် မှေးမှိန်ပျောက်ကွယ်သွားသည်။သူမသည် ယန်ရှီကျီးအနား တိုးကပ်သွားချင်သော်လည်း နောက်ပြန်တွန်းခံလိုက်ရသည်။
"သမီးက ကျောင်းသားကောင်စီဥက္ကဌပဲ ၊ သမီးလုပ်ရမှာက အခြားကလေးများကို ကူညီဖို့ပဲ သမီးကိုလိုအပ်နေတဲ့သူတွေ အများကြီးရှိတယ် "
ပညာရေးသည် စက်များကို ဖန်တီးခြင်းမဟုတ်ပေ။ယင်းသည် ကလေးများကို သူတို့၏ အကောင်းဆုံးဖြစ်အောင် ကူညီပေးခြင်းဖြစ်သည်။
မိုးကာအင်္ကျီနှင့်ယိုလျန်းတို့ကြားမှ တိုက်ခိုက်မှုသည် မကြာမီ မြေအောက်ထပ်သို့ ရောက်လာခဲ့သည်။လူသားအုတ်ခဲများ ပိုမိုပျက်စီးသွားကြသည်။ကောင်းမင်သည် ခွေးကြီး၏အမွေးများကို ဆွဲ၍ အုတ်ခဲများတစ်လျှောက် ပျံသန်းလိုက်သည်။ကျောင်းအုပ်ယန်၏ သတိပေးချက်ကြောင့်သာမဟုတ်ပဲ သူသည် ထိုလူသားအုတ်ခဲများကို နာကျင်စေလိမ့်မည်မဟုတ်ပေ။
ကောင်းမင်က ရေလွှမ်းမိုးခြင်းလူသေဓာတ်ပုံကို ကိုင်ထားခဲ့သည်။လူသေဓာတ်ပုံထဲတွင် ကျောင်းသားအိုင်ဒီကတ်များပါရှိပြီး ကာယဆရာ ကျောင်းလုံ နှင့် ကျန်းတင်းတို့သည် အားကစားအဆောက်အဦးတွင် ကယ်ဆယ်ရေးလုပ်နေကြခြင်းဖြစ်သည်။စီတုအန်းသည် အဆိုပါ ကျောင်းသားအိုင်ဒီကတ်ပိုင်ရှင်များကို လူသားအုတ်ခဲများအဖြစ် ပြောင်းလဲပြီးနောက် မြေအောက်သို့ ပို့ဆောင်ခဲ့သည်။ ယခုအချိန်သည် နာကျင်နေသော စိတ်ဝိညာဉ်များကို နိုးထစေရန် ကျောင်းသားအိုင်ဒီကတ်များ အသုံးပြုရန် အကောင်းဆုံးအချိန်ဖြစ်သည်။