← Chapters

ရွေးချယ်မှု

Vol. 12 Ch. 177

ရွေးချယ်မှု

Vol. 12 Ch. 177

လူသားအုတ်ခဲများသည် ဟန်သဲ့ကိုယ်ပိုင်ကျောင်း၏ အခြေခံအုတ်မြစ်များဖြစ်သည်။လူသားအုတ်ခဲများမရှိပါက ကျောင်းကြီးသည် ပြိုကျသွားလိမ့်မည်ဖြစ်သည်။ထို့ထက်တဖန် ကျောင်းသားများကို လူသားအုတ်ခဲများအဖြစ် ပြောင်းလဲကာ ကျောင်းသားများ၏ အသက်အဆီအနှစ်ကို စုပ်ယူထားသည့် ကျောင်းတစ်ကျောင်းတည်ရှိရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။

ကျောင်းစည်းကမ်းနှင့် စီတူအန်း၏ စည်းမျဉ်းများသည် ခါးသီးသောအဆုံးသတ်အထိ မတိုက်ခိုက်ခဲ့ကြပေ။ နှစ်ဖက်စလုံးသည် တစ်ဖက်နှင့်တစ်ဖက် စားသုံးချင်ကြသော်လည်း ထမင်းစားပွဲကို မဖျက်ဆီးချင်ကြပေ။ကောင်းမင်ကား ခြားနားသည်။သူသည် လူ့အသားကိုသာ စားနိုင်လျှင် စားပွဲကိုလည်း လှန်ပစ်မည်ဖြစ်သည်။သူဘာမှ စမလုပ်ခဲ့လျှင် ဘာဆုံးရှုံးမှုကို ကြောင်ရမည်နည်း။

မှုန်ဝါးနေသော ကျောင်းသားအိုင်ဒီကတ်များသည် လူသေဓာတ်ပုံထဲမှ လျှောထွက်လာကြသည်။ကောင်းမင်သည် မည်သည့်အရာမှ ပြုလုပ်ရန်မလိုအပ်ပေ။လူသားအုတ်ခဲများသည် ကျောင်းသားအိုင်ဒီကတ်များမှရင်းနှီးသောတည်ရှိမှုများဖြင့် ချိတ်ဆက်နေပြီးသားဖြစ်သည်။စုတ်ပြဲနေသော အိုင်ဒီများတွင် သူတို့မှတ်ဉာဏ်များ ၊ အတွေးများ နှင့်အရင်က သူတို့ကိုယ်တိုင်ကို သယ်ဆောင်ထားသည်။

ဤကျောင်းရှိ ကျောင်းသားအများအပြားသည် သူတို့အား လူသားအုတ်ခဲများအဖြစ် ပြုလုပ်ကာ မြေအောက်၌ မြှုပ်နှံခံရရန် ဆန္ဒမရှိမီ သူတို့၏ ယခင်ကိုယ်ကို သတ်ဖြတ်ပစ်ရန် ဖိအားပေးခံခဲ့ရသည်။အခြားရွေးချယ်စရာများမရှိပါက သူတို့သည် နောက်ဆုံးတွင် ကံကြမ္မာကို အရှုံးပေးလိုက်ကြမည်ဖြစ်သည်။သို့သော်လည်း ကောင်းမင်သည် သူတို့အား မတူညီသည့်လမ်းကြောင်းတစ်ခုကို ယူဆောင်လာပေးခဲ့သည်။

'အမြစ်များ'သည် ကောင်းမင်အတွက် တက်ကြွစွာလမ်းတစ်လမ်းဖန်တီးပေးလိုက်ကြသည်။လူသားအုတ်ခဲများသည် ကျောင်းသားအိုင်ဒီကတ်များထဲတွင် ညအမှောင်ကောင်းကင်ယံရှိ ကြယ်များကိုပြေးလိုက်သော ကလေးများသဖွယ်တောက်ပနေသည့် သူတို့ကိုယ်သူတို့ မြင်လိုက်ကြရသည်။အရင်က သူတို့ ဘာကြောင့် ဒီလောက်ထိ ကြည်နူးနေကြမှန်း မသိခဲ့ကြပေ။ ယခုတွင် သူတို့သည် သူတို့၏သန့်စင်ပြီး တောက်ပြောင်နေသည့် ကိုယ်ကိုယ်တိုင်ကို ကြည့်နေခြင်းဖြစ်သည်ကို နားလည်သွားကြချေပြီ။လူသေဓာတ်ပုံထဲတွင် သူတို့အိုင်ဒီကတ်များမပါဝင်သည့် လူသားအုတ်ခဲများပင်လျင် လမ်းဖယ်ပေးလိုက်ကြသည်။ထိုအရာသည် သူတို့ပေးစွမ်းနိုင်သည့်နောက်ဆုံးကြင်နာမှုဖြစ်ပေသည်။

ကျောင်းသားအများစုသည် လူဆိုးများမဟုတ်ကြပေ။သေချာသည်က သူတို့အားလုံးသည် လူကောင်းများမဟုတ်ကြပါ။သူတို့သည် ၁၀၀ ရာခိုင်နှုန်း ကောင်းဖို့ သို့မဟုတ် ၁၀၀ ရာခိုင်နှုန်း ဆိုးသွမ်းဖို့ ကျရှုံးခဲ့ကြသည်။ သူတို့သည် ထက်ရှသောတရားမျှတမှု‌ ကြောင့် သို့မဟုတ် စည်းကမ်းများကို လျစ်လျူရှုနိုင်သော သရဲနီကြီးများ ဖြစ်လာခြင်းကြောင့် စီတုအန်းနှင့်ကျောင်းစည်းမျဉ်းများသည် သူတို့ကို မဖယ်ရှားပစ်ခဲ့ကြပေ။

"ရှာကြစမ်း ! "

ကောင်းမင်သည် ပထမဆုံးအိုင်ဒီကို မူရင်းအမိန့်တွင်ချိတ်ဆွဲထားသည်။ ခါးကုန်းနေသော အမျိုးသား၏ အရေပြားသည် ပြန်လည်သွေးရောင်သန်းလာခဲ့သည်။သူ၏ မှုန်မှုန်မှိုင်းမှိုင်းမျက်လုံးများသည် အလင်းရောင်ဖြင့် လင်းလက်လာလေသည်။သူသည် သူ့လက်များကို မတင်ရန် ကြိုးစားလိုက်သော်လည်း မမတင်နိုင်ခဲ့ပေ။

အက်ကွဲနေသောနူတ်ခမ်းများက ဖြည်းညင်းစွာပွင့်ဟလာသည်။သူ့မှတ်ဉာဏ်များကို ပြန်ရလာသော ကောင်လေး၏ ရင်ဘတ်သည် စတင်ဖြောင့်တန်းလာ၏။သူသည် လူသားအုတ်ခဲဖြစ်နေခဲ့သည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သော်လည်း ကောင်းမင်က သူ့အား လူသားတစ်ယောက်ပြန်ဖြစ်စေလိုသည်။သူသည် ကျောင်း၏မြေအောက်တွင် မြှုပ်နှံခံရရန် မွေးဖွားလာခြင်းမဟုတ်ပေ။သူသည် သူ့ကိုယ်သူနှင့် ပိုများသောလူများကို ကူညီချင်ရုံသာဖြစ်သည်။လက်ငါးချောင်းကား ကွေးကောက်နေခဲ့သည်။အရေအကြောင်းများရှိနေသည့်အရေပြားမှာ တင်းရင်းလာနေ၏။ကောင်လေးသည် ခြောက်သွေ့ပြီး အိုမင်းရင့်ရော်နေသည့် ခန္ဓာကိုယ်ကို ထိန်းချုပ်ချင်သော်လည်း သူ့ရဲ့ ခွန်အားအပြည့်နှင့်ပင် သူ့ခန္ဓာကိုယ်မှ ပေါက်လာသည် 'အမြစ်'များကို တွန့်လိမ်နေရုံသာ တတ်နိုင်ပေသည်။သူသည် အမြစ်များကို မဖြတ်နိုင်သောကြောင့် အရိပ်ကမ္ဘာနှင့် ဆက်သွယ်မှုကို မဖြတ်နိုင်ပေ။

ကောင်းမင်က ကူညီချင်သော်လည်း ယန်ရှီကျီး၏ သတိပေးချက်ကို သူ မှတ်မိသည်။ သူ အမြစ်ကို ဖြတ်လိုက်ပါက ထိုလူသားအုတ်ခဲများသည်လည်း ပျက်စီးသွားပေလိမ့်မည်။

"မင်းရဲ့အနာဂတ်ကို ငါဆုံးဖြတ်ခွင့်ပေးမယ် "

ကောင်းမင်သည် ကျောင်းသားများအား ကူညီရန်အတွက် စီစွေ့အိမ်ရာတွင် နေထိုင်သူများကို စေလွှတ်ခဲ့သည်။ စီတုအန်းသာ ယင်းကိုမြင်ပါက သူ ထပ်ပေါက်ကွဲလိမ့်မည်ဖြစ်သည်။

သန့်စင်သည့်မှတ်ဉာဏ်အများအပြားသည် လူသားအုတ်ခဲနှင့်ပြန်လည် တွယ်ဆက်သွားကြလေသည်။ပိုများသောအမြစ်များက ပိုမိုတွန့်လိမ်လာကြသည်။လူသားအုတ်ခဲ့များသည် သူတို့အတိတ်ကို မှတ်မိသွားကြလေသည်။ချည်နှောင်ခံထားရသည့် သူတို့လက်များက စတင်လှုပ်ရှားလာကြသည်။သူတို့၏ နှလုံးသားထဲမှ မလိုလားခြင်းတို့သည် သူတို့အားနက်နက်နဲနဲအမြစ်တွယ်နေသော မရဏကမ္ဘာမှ လွတ်မြောက်ရန် တွန်းအားပေးနေခဲ့သည်။

လူသားအုတ်ခဲတစ်ဦး၏ စွမ်းအားမှာ အကန့်အသတ်ရှိသော်လည်း လူသားအုတ်ခဲများသည် သူတို့၏ဘဝပြန်လည်စတင်ရန် မျှော်လင့်ချက်ကို တွေ့ရှိလာသောအခါ သူတို့အရေပြားပေါ်ရှိ ဖုန်မှုန့်များ ကွာကျလာတော့သည်။မိနစ်ပိုင်းအတွင်း တုန်ခါမှုများ စုစည်းလာသောအခါ ရေစက်များသည် လှိုင်းလုံးကြီး ဖြစ်သွားနိုင်၏။ သူသည် လူတိုင်ကို လိုက်နိုးထရန် မလိုအပ်ပေ။လူသားအုတ်ခဲများ၏ သုံးပုံတစ်ပုံသည် မျက်လုံးဖွင့်လိုက်သောအချိန်တွင် သူတို့ဖန်တီးထားသော 'လှိုင်း' သည် အခြားလူသားအုတ်ခဲများကို သဘာဝအတိုင်း လွှမ်းမိုးသွားမည်ဖြစ်သည်။အရိပ်ကမ္ဘာသို့ ပြန့်နှံ့သွားသော ပထမဆုံးအမြစ်သည် ဆုတ်ယုတ်သွားသဖြင့် လူသားအုတ်ခဲများအားလုံးသည် လွတ်မြောက်ရန် ကြိုးစားလိုက်ကြသည်။ပထမတွင် ဓာတ်ခွဲခန်းအဆောက်အဦးသာဖြစ်သော်လည်း ထို့နောက် တစ်ကျောင်းလုံးကူးစက်သွားတော့သည်။ယန်ရှီကျီးသည် မည်သည့်အရာများ ဖြစ်ပျက်နေမှန်းမသိပေ။သူမသည် ဆက်လက်ထိန်းထားဆဲဖြစ်သည်။သူမ မလှုပ်ရှားပါက သူမ၏ခန္ဓာကိုယ်သည် တိုက်ရိုက်ပင် အပိုင်းပိုင်းအစစဖြစ်သွားပေလိမ့်မည်။

"သူတို့ရဲ့ ရွေးချယ်မှုက ဖျက်ဆီးပစ်ဖို့ပေါ့ "

အမြစ်ကွန်ယက်သည် အလွန်ရှုပ်ထွေးသည်။စည်းမျဉ်းများမွေးဖွားမှုသည် ထိုအမြစ်များပေါ်မူတည်လေသည်။စည်းမျဉ်းများကို လွင့်ပစ်နိုင်ရန် တိုက်ရိုက်အကျဆုံးနည်းလမ်းသည် အမြစ်အားလုံးကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။ ပျက်စီးမည့်အနာဂတ်အတွက် လူများစွာက စိုးရိမ်နေကြသော်လည်း သစ်စေ့များသည် တောလမ်းတစ်လျှောက် တောမီးလောင်ပြီးနောက်တွင်သာ ပေါက်နိုင်ခြေရှိခြင်းဖြစ်သည်။

"ကျောင်းအုပ်ယန် ရပ်လိုက်ပါ ! ခင်ဗျားမှာ ပိုအရေးကြီးတာတွေ လုပ်စရာရှိသေးတယ် ! "

ကျောင်းအုပ်ယန်အား သာမန်နည်းလမ်းများဖြင့်ဖြောင်းဖျမရနိုင်သည်ကို ကောင်းမင်သိသည်။သူက ပိုပြင်းထန်သည့် နည်းလမ်းကိုသာ အသုံးပြုနိုင်တော့သည်။

"ဒီကျောင်းကြီး ပြိုကျသွားမှာက ဖြစ်ကိုဖြစ်မှာပဲ ၊ အဲ့ဒီအမြစ်တွေကို ခင်ဗျားဆက်ကိုင်ထားမယ်ဆိုရင် မြေအောက်ကကျောင်းသားတွေကိုပဲ သတ်မိလိမ့်မယ် ! ဟန်သဲ့ရှုရှန်းအကယ်ဒမီက ခင်ဗျားရဲ့အသက်သွေးပဲ ဒါပေမယ့် ဒီလူသားအုတ်ခဲ့တွေ ကျောင်းကြီးကို ဖန်တီးနေတာ၊ ဒါက လူတိုင်းရဲ့ ရွေးချယ်မှုပဲ "

"မြေပြင်ပေါ်မှာ ကျောင်းသားတွေ အများအပြားရှိနေကြတယ် ၊ ကျောင်းကြီး ဖျက်ဆီးခံလိုက်ရတာတဲ့ သူတို့အသက်တွေ ခြိမ်းခြောက်ခံရလိမ့်မယ် ၊ သူတို့က လက်တွေ့ကမ္ဘာကို ပြန်သွားနိုင်မှာမဟုတ်ဘူး "

"ကျောင်းအပြင်ဘက်မှာ ကျောင်းသားတွေ ပိုတောင်များသေးတယ် ! တကယ်လို့ ဒီကျောင်းကြီး အဖျက်ဆီးမခံရရင် တစ်နေ့မှာ သူတို့လည်း လူသားအုတ်ခဲတွေအဖြစ်ပြောင်းလဲခံရပြီး မြေအောက်ကို ပို့ခံရလိမ့်မယ် ၊ သူတို့က ဒီနေရာမှာပဲ ပိတ်မိနေကြလိမ့်မယ် ခင်ဗျားလိုပေါ့ ! "

ကောင်းမင်၏ စကားလုံးများသည် ကျောင်းအုပ်ယန်အား အာစေးမိနေစေခဲ့သည်။

ဝတ်စုံဝတ်ထားသော အလောင်းသည် သူမ၏လက်များကို ဖြည်းညှင်းစွာ လွှတ်လိုက်သည်။ သူမသည် ပတ်ပတ်လည်ကို ထုံထိုင်းစွာ ကြည့်လိုက်သည်။မိဘမဲ့ကလေးများအတွက် သူမတည်ဆောက်ထားခဲ့ရသော ကျောင်းကြီးသည် ယခုတွင် လက်တွေကမ္ဘာနှင့်အရိပ်ကမ္ဘာကြားတွင် လှည့်လည်နေ၏။သူမကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်ပေးခဲ့ရသော ကလေးများသည် အမြစ်များဖြစ်လာကြပြီး လက်တွေ့ကမ္ဘာမှ အရိပ်ကမ္ဘာထဲဆန့်ထွက်နေကြသည်။သူတို့သည် စတေးခံခဲ့ရခြင်းဖြစ်ပေသည်။

"ကျောင်းကြီးက တကယ်ပြိုကျသွားရင် ဒီကရှိတဲ့အရာအားလုံးကို အရိပ်ကမ္ဘာက ဝါးမြိုသွားမယ် ဒါမှမဟုတ်....သူတို့က လက်တွေ့ကမ္ဘာဆီ ပြန်လည်စီးဆင်းလာပြီး ထိန်းချုပ်မရတဲ့ အဆင့် ၄ မူမမှန်ဖြစ်ရပ်ဖြစ်လာလိမ့်မယ် "

လျိုယီသည်သည် ယန်ရှောင်ယု၏ ပခုံးကို ဆုပ်ကိုင်ထားသည်။ ထိုမတော်တဆအဖြစ်အပျက်၏ အဓိပ္ပါယ်ကား ကျယ်ပြောလှသည်။

"လာကူညီကြဦး ! အပြင်ထွက်ဖို့ ဆန္ဒရှိတဲ့ ကျောင်းသားတွေကို ကူခေါ်ကြ ! "

ကောင်းမင်သည် ကျောင်းသားများ၏ ချစ်ခင်မှုကို ရရှိခဲ့သည်။သူတို့ထဲမှ အချို့သည် ကောင်းမင်ထံချဉ်းကပ်လာကြစဉ် အများစုသည် ယန်ရှီကျီးထံ သွားနေကြသည်။ထိုအခိုက်အတန့်တွင်ပင် လူတိုင်းသည် ယန်ရှီကျီးနှင့်အတူရှိရန် မျှော်လင့်နေကြဆဲဖြစ်သည်။

သူတို့အပေါ်ရှိ အလွှာသည် ဖြည်းညင်းစွာ အက်ကြောင်းထလာလေသည်။သူ့အိမ်မက်ဆိုးကိုဆုံးရှုံးခဲ့ပြီး ညစ်ညမ်းခဲ့ရသော ယိုလျန်းသည် အနီရောင်မိုးကာအင်္ကျီ၏ အပြင်းအထန်ဖိနှိပ်ခြင်းခံနေရသည်။သို့သော်လည်း ယိုလျန်း၏စွမ်းအားက အလွန်ပြိုင်ဘက်ကင်းသည်။မိုးကာအင်္ကျီသည် သူ့အား ဒဏ်ရာရစေလေ သူမခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပိုထွက်ပေါ်လာလေဖြစ်သည်။

ကောင်းမင်အား အံ့အားသင့်စေသည်က အခန်း ၁၃ကျောင်းသားများသည် အန္တရာယ်များသည့် ကျိန်စာသင့်ပစ္စည်းများ နှင့် သဘာဝလွန်ပစ္စည်းများကို သုံး၍ စုံစမ်းရေးမှူးများထံမှ သေတ္တာသုံးပုံတစ်ပုံအား အတင်းအကြပ်လုယူထားနိုင်ခြင်းဖြစ်သည်။

သူတို့သည် သေတ္တာများကို သုံး၍ အနီရောင်မိုးကာအင်္ကျီအား ထိန်းချုပ်နိုင်မည်ဟု သိရှိပါက ကျောင်းသားများသည် ပိုများသော သေတ္တာများကို ခိုးယူကြပေလိမ့်မည်။

လူမှုဘဝလက်တွေ့အတန်း၏ စာသင်ခန်းတံခါးသည် လွင့်ပျံလျက် ပွင့်ထွက်သွားသည်။အကြောက်ရောဂါ ကူးစက်ခံရသော ကျောင်းသားများသည် အဖြစ်ဆိုးမှ ပုန်းကွယ်ရန် မြေအောက်ကို ပြေးလွှားချင်နေကြသည်။ မြေမျက်နှာပြင်ပေါ်ရှိ အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်။စည်းမျဉ်းများ၏ အခြေခံအုတ်မြစ်ကား အပြင်းအထန်ပျက်စီးတော့သည်။ဖရိုဖရဲဖြစ်ရပ်များက နေရာအနှံ့ပင်။အဖွဲ့အားလုံးအတွက် အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေတော့သည်။

ကျောင်းစည်းမျဉ်းနှင့်စီတုအန်းတို့သည် ဓာတ်ခွဲခန်းအဆောက်အဦးအောက်သို့ သူတို့လူများ လွတ်လိုက်ကြသည်။သို့သော်လည် ပထမဆုံးရောက်လာသောသရဲသည် သူတို့ဘက်တော်သားမဟုတ်ပေ။

လှေကားထစ်များပေါ်တွင် အနီရောင်ဆေးသားများတစ်စက်စက် စီးကျနေ၏။နံရံပေါ်တွင် အနုပညာဆရာမ၏ ပုံတူထွက်ပေါ်လာလေသည်။သူမသည် သူမဆံပင်ကို နားနောက်သို့ သပ်တင်လိုက်သော်လည်း သူမနူတ်မှ ရှရန်အသံထွက်ပေါ်လာပေသည်။

"ပျော်ရွှင်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုပါပဲ "

All Chapters