← Chapters

အရူးအဖွဲ့

Vol. 12 Ch. 178

အရူးအဖွဲ့

Vol. 12 Ch. 178

အနုပညာဆရာမနှင့် ရှရန်တို့၏ပေါ်ထွက်လာကြောင့် ကောင်းမင် မအံ့ဩသွားပေ။သူက သူတို့အား ထိုနေရာသို့လာရောက်ရန် ပြောထားသောကြောင့်ဖြစ်သည်။ဓာတ်ခွဲခန်းအဆောက်အဦးအောက်ရှိ အဖြစ်အပျက်များသည် ရှရှန်အတွက် အကြိုက်ပင်ဖြစ်သည်။ဆောင်းတွင်းနေရောင်ခြည်ကဲ့သို့ သန့်စင်နေသော ယိုလျန်းဖြစ်စေ သို့မဟုတ် အနက်ရှိုင်းဆုံးအမုန်းတရားများကို ကိုယ်စားပြုသည့် အနီရောင်မိုးကာအင်္ကျီဖြစ်စေ နောက်ဆုံး သူတို့အကျိုးအမြတ်များအတွက် တိုက်ခိုက်နေကြသော အခန်း ၁၃မှ ကျောင်းသားများနှင့် စုံစမ်းရေးမှူးများသည်ပင် ရှရန်ဆီသို့ အဆုံးမဲ့စိတ်ပျက်အားငယ်မှုများ ယူဆောင်လာပေးခြင်းဖြစ်သည်။

အနုပညာဆရာမသည် သူမ၏မျက်လုံးအတွင်းရှိ လောဘဇောကို ဖုံးကွယ်ရန် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ရှရန်သည် အနီရောင်မိုးကာအင်္ကျီနှင့် ယိုလျန်းတို့၏ဝိညာဉ်များကို လိုချင်နေခဲ့သည်။သူသည် သူတို့ကို ပန်းချီဆွဲချင်နေပြီး သူ့ပန်းချီကားထဲတွင် ပိတ်လှောင်ထားချင်နေ၏။

"ဒီကမ္ဘာကြီးကို ငါပိုပိုချစ်လာပြီကွာ "

အနုပညာဆရာမသည် ပန်းချီစုတ်တံကို ထုတ်လိုက်ပြီး နံရံပေါ်တွင် ယိုလျန်းနှင့်အနီရောင်မိုးကာအင်္ကျီတို့ကို ရေးဆွဲလိုက်သည်။စုတ်ချက်တစ်ချက်စီနှင့်အတူ သူမ၏ခန္ဓာကိုယ်တွင် ဒဏ်ရာအသစ်တစ်ခုပေါ်လာလေသည်။သူမသုံးနေသောဆေးသည် သူမကိုယ်ပိုင်သွေးများ ဖြစ်နေသကဲ့သို့ပင် ။

ယိုလျန်းနှင့် အနီရောင်မိုးကာအင်္ကျီတို့သည် အချင်းချင်းတိုက်ခိုက်နေရင်း အနုပညာဆရာမ၏ တည်ရှိမှုကို သတိပြုမိကြသည်။သို့သော် ထိုအရာက အနီရောင်မိုးကာအင်္ကျီကို မည်သို့မျှ မရပ်စေခဲ့ပေ။ယိုလျန်းကို အပြည့်အဝ ဝါးမြိုရန်အတွက် မိုးကာအင်္ကျီသည် ကုသ၍မရသော အဆိပ်အတောက်များဖြင့် ဖုံးအုပ်ထားသည်။ ယိုလျန်း၏ မျက်နှာကား ‌ဖြူဖျော့နေတော့သည်။ သူ၏ စွမ်းအားသည် သူ့ဘဝကဲ့သို့ အကန့်အသတ်ရှိပေသည်။အဆုံးတွင်သူသည် ပျော်ရွှင်မှုအားလုံးဆုံးရှူံးသွားပြီး သွေးစွန်းလက်များဖြင့် သရဲတစ်ကောင်ဖြစ်လာပေလိမ့်မည်။ယင်းကဲ့သို့ ဆက်သွားနေပါက အနီရောင်မိုးကာအင်္ကျီသည် သူ့ကို အမှန်တကယ်သတ်ဖြတ်ပစ်တော့မည်။

"ပြေးကြတော့ ! မြေအောက်ထပ်ကနေ ထွက်ကြ ! "

ကောင်းမင်က အခန်း ၁၃ဆီ အော်ဟစ်လိုက်သည်။သူတို့ထဲမှ အချို့သည် သေဆုံးရန်ထိုက်တန်လျှင်ပင် အများစုသည် ကောင်းမင်အား မည်သည့်ဆိုးသွမ်းမှုမှ မပြသခဲ့ကြပေ။

သေတ္တာအချို့ကို ခိုးယူသွားသော ကျောင်းသားများသည် ကောင်းမင်၏သတိပေးချက်ကို ကြားလိုက်သည်နှင့် ချက်ချင်း ထွက်ပြေးသွားကြသည်။ထိုလူများသည် တိုက်ပွဲကို ရှောင်လွှဲရန် အကြောင်းပြချက်မျိုးစုံကို ရှာတွေ့ကြသော်လည်း ထွက်ပြေးရန် တောင်းဆိုပါက အားကစားသမားများထက် ပိုမြန်ကြမည်ဖြစ်သည်။ည်။ထိုလူများသည် တိုက်ပွဲကို ရှောင်လွှဲရန် အကြောင်းပြချက်မျိုးစုံကို ရှာတွေ့ကြသော်လည်း ထွက်ပြေးရန် တောင်းဆိုပါက အားကစားသမားများထက် ပိုမြန်ကြမည်ဖြစ်သည်။

"မိုးကာအင်္ကျီရဲ့ကလေးအလောင်းကို နောက်မှာထားပြီးပြေးကြ ! "

ဌာနမှလူများသည် ရူးမတတ်ဖြစ်နေကြသည်။အလောင်း၏ပင်မအချက်အချာသည် ကောင်းမင်၏ အလစ်သုတ်ခြင်းခံခဲ့ရသည်။ကျောင်းသားများသည် သေတ္တာများဖြင့် ထွက်ပြေးသွားပါက အနီရောင်မိုးကာအင်္ကျီကား အထိန်းအကွပ်မဲ့သွားလိမ့်မည်ဖြစ်သည်။

"ဒီအနီရောင်မိုးကာအင်္ကျီက ဘတ်စ်ကားတစ်စင်းလုံးကလူတွေကို သတ်ပစ်ခဲ့တဲ့ သားသတ်သမားပဲ ! သူ သောင်းကျန်းရင် သူ့ကလေးရဲ့ အလောင်းကို ထိမိတဲ့သူရဲ့ဝိဉာည်တိုင်းကို သူအမဲလိုက်လိမ့်မယ်! မင်းတို့ကို တစ်ယောက်မှ ချန်ထားမှာ မဟုတ်ဘူး ! "

စုံစမ်းရေးမှူးများ၏ ခြိမ်းခြောက်မှုကို ကြားလိုက်ရာ ကျောင်းသားများသည် ထွက်ပေါက်ဆီသို့ မပြေးမီ ယဉ်ကျေးမှုအရ ငါးစက္ကန့်မျှ ခေတ္တရပ်လိုက်ကြသည်။

"ကျောင်းကြီးက ပြိုကျနေပြီ ၊ ငါတို့က ဘာလို့ဒါတွေကို ဂရုစိုက်နေရမှာလဲ "

စီဆန်းမှာ အားကစားသမားတစ်ယောက်ဖြစ်သည်။သူသည် အုပ်စု၏ရှေ့ဆုံးတွင်ပြေးလွှားနေ၏။သူက သေတ္တာနှစ်လုံးကို သယ်ဆောင်ထားသည်။သေတ္တာနှစ်လုံးထဲတွင် ကလေး၏ ဘယ်ဘက်လက်နှင့် ညာဘက်လက်တို့ ပါပေသည်။အနီရောင်မိုးကာအင်္ကျီကို ထိန်းချုပ်ထားသော ဖွဲ့စည်းပုံကား ပျက်စီးသွားခဲ့သည်။ဟွမ်မင်မှ ကပ္ပတိန်က သူ့လူများကို အနေအထားချိန်ညှိရန် အမိန့်မပေးမီ ကျိန်ဆဲလိုက်သည်။မိုးကာအင်္ကျီအပေါ်ထိန်းချုပ်မှုသည် ပို ပို၍ အားပျော့လာခဲ့သည်။ရူးသွပ်နေသူများ ပြေးထွက်လာချိန်တွင် အကြောက်ရောဂါဝေဒနာရှင်များက တုန်လှုပ်သွားကြသည်။ နှစ်ဖက်စလုံးမှာ အကြောက်တရားဖြင့် နှိပ်စက်ခံ နေရခြင်းဖြစ်သည်။ သူတို့မှာ အသက်ရှုဖို့ပင် အချိန်မရှိချေ။

"ကျောင်းအုပ်ယန် ကလေးတွေနဲ့အတူ ခင်ဗျားထွက်သွားမှဖြစ်မယ် ! "

သူတို့၏ ကျောင်းသားအိုင်ဒီများကို ပြန်ရလာသော လူသားအုတ်ခဲများသည် အုတ်ခဲများမှ ရုန်းထွက်ရန် ရုန်းကန်ခဲ့ရသည်။ သို့သော်အိုင်ဒီကတ်များကို ပြန်မရ‌သေးသော ကျောင်းသားများစွာလည်း ရှိသေးသည်။သူတို့မျက်လုံးများမှာ ကြောင်စီစီဖြစ်နေကြလေသည်။

ကျောင်းအုပ်ယန်သည် ကလေးအားလုံးကို ထွေးပွေ့၍ နွေးထွေးမှုပေးကာ ဦးဆောင်ထွက်သွားချင်သော်လည်း အကူအညီလိုနေသော ကလေးများမှာ အလွန်များပြားလွန်းလှသည်။သူမသည် အကြင်နာတရားဖြင့် မွေးဖွားလာပြီး မတရားမှုများကို သည်းမခံနိုင်ပေ။ သို့သော် သူမဘဝတွင် သူမလုပ်ခဲ့သမျှအရာအားလုံးသည် သူမ၏ ကန့်သတ်ချက်ထဲတွင် ရှိနေသည်။ ကျောင်းအုပ်ယန်သည် ကလေးတိုင်းကို သူတို့နာမည်များ ခေါ်လိုက်သည်။သူမသည် အရိပ်ကမ္ဘာထဲသို့ကျဆင်းနေသော ကလေးများကို ရပ်တန့်ရန်အတွက် ဖောင်ဒေးရှင်း၏အောက်ခြေတွင်ရှိနေခဲ့သည်။

"သူတို့ဟာ အရိပ်ကြောင့် မပျက်စီးသေးသရွေ့ သာမန်ဘဝမှာ ရှင်သန့်ဖို့ အခွင့်အလမ်းရှိနေဆဲပဲ "

"ယန်ရှီကျီး ! ခင်ဗျား တခြားလူတွေကို မကယ်တင်ခင် ခင်ဗျားကိုယ်ခင်ဗျား အရင်ကယ်တင်ဖို့လိုတယ် ! "

ကောင်းမင်သည် ခွေးကြီးကို စီးနင်းလိုက်ပြီး ပြိုကျနေသော မြေအောက်ထပ် ပထမထပ်နှင့် ဒုတိယကြားကို ခုန်လိုက်သည်။

"မင်း နားမလည်ပါဘူး ၊ ဒီကလေးတွေက စွန့်ပစ်ခံရပြီးသားပဲ ၊ သူတို့ဟာ စွန့်ပစ်ခံရခြင်းရဲ့အရိပ်က ရုန်းထွက်ဖို့ စိတ်ကူးမယဉ်နိုင်လောက်တဲ့ သတ္တိကို သုံးခဲ့ရတယ် ၊ ငါ သူတို့ကို ထပ်ပြီး မစွန့်လွှတ်နိုင်တော့ဘူး "

ကျောင်းအုပ်ဆရာမကြီးယန်သည် ကျောင်းသားများကို ကိန်းကဏန်းတစ်ခုအဖြစ် မမြင်ခဲ့ပေ။ သူတို့အားလုံးသည် တောက်ပသော မျက်နှာများဖြင့် သူမ၏ မှတ်ဉာဏ်ထဲတွင် ရှိနေသူများဖြစ်သည်။

ကောင်းမင်သည် ကျောင်းအုပ်ဆရာမကြီးယန်ကို သဘောကျမိသည်။ သူသည် လူတိုင်းကို ကယ်တင်နိုင်စွမ်းမရှိသောကြောင့် သူ့ကိုယုံကြည်သူများကိုသာ ကယ်တင်ရန် ရွေးချယ်နိုင်ခဲ့လေသည်။

"ဒါဆို ကျွန်တော်ပြန်လာတာကို စောင့်နေပါ ! "

ကောင်းမင်က မသိစိတ်ဖြင့် ပြောလိုက်သည်။အရင်ကသူ့မှတ်ဥာဏ်ထဲတွင် ထိုကဲ့သို့ အတိအကျပြောခဲ့ပုံရသောကြောင့် သူ လန့်သွားသည်။

"ငါ ကောင်းယန်ကို တစ်ခါပြောဖူးတာလား "

ကျောက်တုံးကျောက်ခဲများနှင့် ကျောက်အစအနများ ပြုတ်ကျနေကြသည်။ကောင်းမင်နှင့်သူ့အိမ်နီးချင်းများက သရဲနီများကြားမှ တိုက်ခိုက်မှုကို ရှောင်ကွင်းသွားလိုက်ကြသည်။သူတို့သည် အားနည်းနေသော လူသားအုတ်ခဲများကို မြေပြင်ပေါ်ပို့ဆောင်ရန် လုပ်ဆောင်နေကြသည်။ကောင်မင် ပတ်လည်ရှိ လူသားအုတ်ခဲများသည် လျော့ပါးလာ၏။ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို ထိုလူသားအုတ်ခဲများပေါ်တွင် တည်ဆောက်ခဲ့သည်။သူတို့သည် လွတ်လပ်ရေးရလာပြီးနောက် ကျောင်းတည်ငြိမ်မှုကို နှစ်သက်သူများသည် ဒုက္ခရောက်ကြနေကြလေသည်။

ကျောင်းစည်းကမ်းနှင့် စီတူအန်း၏ စည်းမျဉ်းများမှ အကျိုးအမြတ်ရနေသော ကျောင်းသားကောင်စီနှင့် ဆရာများ အပြေးရောက်လာကြသည်။မြေပြင်ပေါ်ရှိ သက်ရှိကျောင်းသားများနှင့် သရဲကျောင်းသားများသည်လည်း ချဉ်းကပ်လာကြသည်။

သူတို့ဘဝများသည် အပြင်းအထန် ဖိနှိပ်ခံခဲ့ရ သော်လည်း အနည်းဆုံးတော့ သူတို့ မသေသေးချေ။ သို့သော် လူသားအုတ်ခဲများအားလုံး လွတ်မြောက်သွားပါက ဟန်သဲ့ကိုယ်ပိုင်ကျောင်းသည် ပျက်စီးသွားလိမ့်မည်ဖြစ်သည်။အားလုံး သေဆုံးသွားခြင်း သို့မဟုတ် သူတို့အား အုတ်ခဲလူသားအသစ်များအဖြစ်ပြုလုပ်ခံရနိုင်၏။

"ပြန်လည်မွေးဖွားခြင်းအတွက် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်စမ်း! "

ရှရန်၏ရယ်မောသံကြီးသည် မြေအောက်ထပ်မှ ထွက်ပေါ်လာ၏။တစ်ကျောင်းလုံးတွင် သူသည် စုတ်တံတစ်ချောင်းဖြင့် ခြောက်ခြားစရာကောင်းသော ပန်းချီကားများကို တစ်ချပ်ပြီးတစ်ချပ်ကို ဖန်တီးရင်း အပျော်ရွှင်ဆုံးဖြစ်နေလေသည်။

အက်ကွဲကြောင်းများသည် မြေမျက်နှာပြင်အထိ ရောက်ရှိလာကြသည်။ဓာတ်ခွဲခန်းအဆောက်အဦးပတ်လည်တွင် ဧရာမတွင်းပေါက်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။မြေအောက်တွင် မြှုပ်နှံခံထားရသော လူသားအုတ်ခဲများသည် နေရောင်ကို ထပ်မံမြင်တွေ့လိုက်ရသည်။ဖောင်ဒေးရှင်းတွင် မြှုပ်ထားသော မျက်နှာများသည် ကောင်းမင်၏အကူအညီဖြင့် နောက်ဆုံးတွင် တိမ်ဖုံးနေသောကောင်းကင်ကြီးကို မြင်လိုက်ရသည်။ မုန်တိုင်းသည် လူသားအုတ်ခဲများကြားတွင် စိမ့်ဝင်သွားပြီး လျှပ်စီးကြောင်းများက သွေးမြူများကို ဖြတ်သန်းသွားလေသည်။မိုးခြိမ်းသည်သည် နတ်ဆိုးဟိန်းသံကဲ့သို့ပင်။ကျောင်းကြီးကား ယိမ်းထိုးနေတော့သည်။ကောင်းမင်ကြောင့် နိုးထလာသော လူသားအုတ်ခဲများသည် လွတ်မြောက်ချင်နေကြသည်။ ကျောင်းရှိ အဆောက်အဦးတိုင်း တုန်ခါသွားသည်။ ကျောင်းသားများကို ပိတ်ဆို့နေသော နံရံများသည် စတင်၍ ယိမ်းယိုင်လာကြသည်။

"ကျောင်းစည်းကမ်းတွေ ထိခိုက်ကုန်ပြီ ၊ နံရံအပြင်ဘက်က ကမ္ဘာကြီးက အရင်ကထက် ပိုစစ်မှန်လာပြီ ! "

ဝမ်ကျား၏နဖူးတွင် မိုးရေများစီးကျနေ၏။သူက ပြေးလွားနေသော စီဆန်းနောက် ပြေးလိုက်သွားပြီး

"မပြေးနဲ့တော့ ! "

"ဘာဖြစ်လို့လဲ အစ်ကိုကျား "

စီဆန်းသည် သေတ္တာများကို ပိုက်ထားရင်း အကြည့်တစ်ချက်ဖြင့်မေးလိုက်သည်။

"ကွင်းထဲကို သွားဖို့ ငါ့နောက်ခဲ့ ငါတို့ ဘတ်စ်ကားစီးပြီး ထွက်ဖို့ကြိုးစားကြမယ်!"

ဝမ်ကျားသည် ချက်ခြင်းပင် ဦးတည်ချက်ပြောင်းလိုက်သည်။

"ငါတို့ တုပိုင်နဲ့ကောင်းမင်တို့ကို သတိပေးဖို့ မလိုဘူးလား "

စီဆန်းက သူ့ကိုင်ထားသော သေတ္တာများကို မြောက်လိုက်ပြီး

"ငါတို့ ဒါတွေကိုလည်း ဆက်သယ်သွားရမလား "

"တခြားလူတွေကို စိုးရိမ်မနေနဲ့ ၊ သူတို့က မင်းထက်အများကြီးတော်တယ် "

ဝမ်ကျားကစီဆန်းကို ဆွဲခေါ်လိုက်ပြီး

"ငါတို့ ဘတ်စ်ကားကို ဖြတ်မောင်းနေသမျှ တစ်ယောက်ယောက်က ဘတ်စ်ကားပေါ် တက်လာလိမ့်မယ် ၊ ဘတ်စ်ကားပေါ်မှာ ငါတို့ထိုင်ခုံတွေရှိတာ သေချာဖို့ပဲ လိုတယ် "

"ငါတို့ သရဲတွေကို ကျောင်းပြင်ခေါ်သွားမိရင်ရော ၊ မြို့တော်က သရဲတွေကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး ! "

စီဆန်းက စိုးရိမ်စွာပြောလိုက်သည်။

"အချိန်ဖြုန်းမနေနဲ့တော့ ! ငါနဲ့လိုက်ခဲ့ ၊ ငါတို့ ဘတ်စ်ကားတစ်စီး ခိုးကြမယ် !"

ဝမ်ကျားသည် သူ့ဓားကို ဝေ့ယမ်းလိုက်သည်။စုံစမ်းစစ်ဆေးရေးဌာနမှ ဆရာများသည် ကွင်းပြင်ကို စောင့်ကြပ်နေကြသည်။သူတို့သည် ဌာနချုပ်မှ ပေးပို့ခဲ့သော ဘတ်စ်ကားကို စောင့်ကြပ်နေသော်လည်း အခန်း၁၃သည် စုံစမ်းစစ်ဆေးရေးဌာနမှ လူအားလုံးကို သူတို့၏ရန်သူအဖြစ် သတ်မှတ်ထားခဲ့သည်။ သူတို့တွင် အခွင့်အရေးရှိလျှင် သူတို့တိုက်ခိုက်ကြမည်ဖြစ်သည်။

"ကျောင်းစည်းကမ်းတွေဖြစ်လာတဲ့ ဒီကျောင်းသားတွေက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ "

ဒေါက်တာလုသည် ကျောင်းဆေးခန်းထဲမှ ထွက်လာခဲ့သည်။ သူ့နောက်တွင် ပတ်တီးမျက်နှာဖြင့်ကျောင်းသားတစ်အုပ်ရှိနေခဲ့သည်။သူတို့ရဲ့ ခန္ဓာကိုယ်ပုံစံများသည် အခန်း ၁၃က ကျောင်းသားတိုင်းနဲ့ လိုက်ဖက်ညီနေလေသည် ။

"တချို့ကတော့ လွတ်သွားကြပြီ ဒါပေမယ့် ကိစ္စမရှိပါဘူး ၊ သူတို့ အကြာကြီး အသက်ရှင်နိုင်မှာမှ မဟုတ်တာ ၊ ငါ ငါးကြီးကြီးဖမ်းနိုင်နေသရွေ့ပေါ့ "

ဒေါက်တာလု၏ မျက်လုံးများသည် ကျောင်းခန်းမဆီမှ ကောင်းမင်ဆီသို့ ရွေ့လျားသွားသည်။

"အစကတည်း သူနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာကို အာရုံခံမိတယ် ၊ ငါ့နှလုံးသားထဲမှာ မကောင်းတဲ့ခံစားချက်ကြီး တိုးတိုးလာနေတယ် ၊ ငါမတွေ့ဖူးတဲ့လူငယ်လေးတစ်ယောက်က ငါကဘာလို့ကြောက်နေရတာလဲ ၊ ငါ လူအများကြီးကို သတ်ဖူးပါတယ် ၊ သူနဲ့ပတ်သက်တဲ့ ရာဇဝင်ရှိမှန်းတောင် ငါမမှတ်မိဘူး”

သွယ်လျသောလက်ချောင်းများက အခွံကို ခြေရာခံလိုက်သည် ။ ဒေါက်တာလု၏အရေပြားကို ချုပ်ရိုးများစွာဖြင့် ဖုံးလွှမ်းထားသည်။

"ကောင်းပြီလေ ၊ ငါသူ့ကို သတ်လိုက်ပြီး အမြစ်ကတူးထုတ်လိုက်တာနဲ့ ငါတို့ကြားက ဇာတ်လမ်းက အဆုံးသတ်သွားလိမ့်မယ် "

ကောင်းမင်သည် အဆိပ်ရှိသော ပိုးကောင်များ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသကဲ့သို့ သူ၏ ဦးရေပြား ထုံကျင်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ့ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ရုံးခန်းအဆောက် အအုံမှ ထွက်လာသည့် ဒေါက်တာ လုကို တွေ့လိုက်ရသည် ။

"မင်းက မင်းရန်သူတွေဆီကနေ တကယ်ကိုအဝေးမပြေးနိုင်ပါလား "

အကယ်၍ သူသည် စီတုအန်း၏ ပုန်းအောင်းရာနေရာကို မတွေ့ရသေးသည့် အချက်ကြောင့်သာမဟုတ်ပါက ဒေါက်တာလုကို မျိုချရန် အပြေးအလွှား ပြေးသွားလိမ့်မည်ဖြစ်သည်။

"စိတ်အေးအေးထား ၊သားစားကြူးနတ်နဲ့ ညှဉ်းပန်းနှိပ်စက်ခန်းကို ငါဝှက်ထားရမယ် ငါအဲ့ဒါတွေကို စီတုအန်းကို ပေးသိလို့မဖြစ်ဘူး "

ကျောင်းတွင် ပရမ်းပတာဖြစ်နေသော်လည်း ကောင်းမင်က ဒီထက်ပိုပြီး ဖရိုဖရဲဖြစ်နိုင်မည်ဟု ယုံကြည်သည်။ ရေလွှမ်းမိုးခြင်း၏သေမင်းပုံတူကို သူ့လက်ထဲတွင် ဝှက်ထားလိုက်သည်။ သူသည်ကျန်းတင်းနှင့် နောက်ဆုံးအဆက်အသွယ်ရခဲ့သည်။

အားကစားအဆောက်အဦးရှိ ကျောင်းသား ကောင်စီဝင်များ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ရေလွှမ်းမိုးမှုသည် ပို၍ပြင်းထန်လာခဲ့သည်။ အဆုံးမဲ့ရေသရဲများသည် အဆောက်အဦး၏ပြတင်းပေါက်များထံ ထိုးကျနေကြလေသည်။

All Chapters