← Chapters

ကမ္ဘာ့ပြိုင်ဘက်ကင်း လိပ်အသက်ရှူခြင်းနည်းပညာ။ ချီစွမ်းအင်ကို သံချပ်ကာအဖြစ် စုစည်းခြင်း။ (၂)

Vol. 14 Ch. 196

ကမ္ဘာ့ပြိုင်ဘက်ကင်း လိပ်အသက်ရှူခြင်းနည်းပညာ။ ချီစွမ်းအင်ကို သံချပ်ကာအဖြစ် စုစည်းခြင်း။ (၂)

Vol. 14 Ch. 196

အခန်း (၁၉၆) ကမ္ဘာ့ပြိုင်ဘက်ကင်း လိပ်အသက်ရှူခြင်းနည်းပညာ။ ချီစွမ်းအင်ကို သံချပ်ကာအဖြစ် စုစည်းခြင်း။ (၂)

"ခေါင်းဆောင်!"

တလေးတစားအော်ခေါ်သံများ အပြင်ဘက်မှ ထွက်ပေါ်လာသည်။

"ထပ်ပြီးတော့လား" စစ်ခုန်းကျန့်သည် အပြင်ဘက်မှ အသံများကို ကြားလိုက်ရပြီး လီဟွင်း ပြန်ရောက်လာသည်ကို သတိပြုမိသော်လည်း ဤခရီးစဉ်သည် ခါတိုင်းထက် အနည်းငယ်စောနေသေးသည်ကို တွေ့ရှိခဲ့ရသည်။

ထောင်အပြင်ဘက်တွင် လီဟွင်း၏ အရိပ်အယောင် ပေါ်လာလေ၏။ သူ၏ အသွင်အပြင်မှာ ပိန်လှီနေပြီး အသားရေက စက္ကူကဲ့သို့ ဖြူဖျော့နေကာ သူ့မျက်လုံးများက အေးစက်လျက် တစ္ဆေသရဲကဲ့သို့နှယ်။

လီဟွင်းသည် ထောင်တွင်းရှိ စစ်ခုန်းကျန့်၏ သနားစရာကောင်းသော အသွင်ကို စိုက်ကြည့်ရင်း သူ့မျက်နှာထက်၌ အဓိပ္ပါယ်ဖော်ရခက်သော အမူအရာနှင့် ဆိုလေ၏။ "စစ်ခုန်းကျန့်၊ ငါမင်းကိုစိတ်ကုန်လို့နီးပါး ဖြစ်နေပေမယ့် မင်းရဲ့ကံကတော့ အရမ်းကြီး မဆိုးတဲ့ပုံပဲ။ မင်းအဖေက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး မုန့်စန်းကိုတောင် သတ်လိုက်ပြီတဲ့။ မင်း အခု အသက်နည်းနည်း ပိုရှည်အောင်နေရတော့မှာပဲ"

"ဘာရယ်"

ထိုစကားကြောင့် စစ်ခုန်းကျန့် အံ့အားသင့်သွားသည် ။

စစ်ခုန်းယုံ တံခါးပိတ်ကျင့်ကြံနေသည်ဟု လူအများက သိထားကြသော်လည်း သူသည် လွန်ခဲ့သော ခုနစ်နှစ် ရှစ်နှစ်ခန့်က အမည်မသိ အင်အားကြီးရန်သူနှင့် တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်စွာ ရကာ ပြန်လာခဲ့ပြီး နောက်ဆက်တွဲကိစ္စများကို မစီစဉ်နိုင်မီ နေရာ၌ပင် ကွယ်လွန်သွားကြောင်း စစ်ခုန်းကျန့် ရှင်းရှင်းလင်းလင်းသိပါ၏။

သို့ပေမယ့် အခု လီဟွင်းက စစ်ခုန်းယုံက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး မုန့်စန်းကို သတ်လိုက်တယ်လို့ ပြောနေတာလား။ သူ့ကို လာနောက်နေတာလား။

လီဟွင်း၏ နှုတ်ခမ်းများက အေးစက်သော အပြုံးဖြင့် ကွေးတက်သွားသည်။ "မင်းက အသုံးဝင်နေသေးတာပဲ။ ဒီမှာ ခဏလောက်ပျော်အောင် နေလိုက်ဦး"

ထိုသို့ပြောပြီးနောက် လီဟွင်း လှည့်ထွက်သွားတော့သည်။

စစ်ခုန်းကျန့်သည် ပင်လယ်ဓားပြအဖွဲ့ ၃ ဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရတာက မုန့်စန်း ပေးပို့သော သတင်းကို သူတို့ ရခဲ့တာ အမှန်ပင်ဖြစ်သည်။

လီဟွင်းဟာ သူတာဝန်ယူပြီးတာနဲ့ မုန့်စန်းဆီက အကျိုးအမြတ်တွေကို ရယူဖို့အတွက် သူ့ကို အလဲအလှယ်တစ်ခုအဖြစ် အသုံးပြုဖို့ စီစဉ်နေသောကြောင့် စစ်ခုန်းကျန့်ကို အသက်ရှင်လျက် ထားခဲ့တာဖြစ်သည်။

သို့ပေမယ့် သိပ်မကြာခင်ကပဲ လီဟွင်းဟာ မုန့်စန်းကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို ကြားခဲ့ရပြီး သူ့ကို သတ်ခဲ့တဲ့သူက တခြားသူမဟုတ်ဘဲ

ကံဆိုးမိုးမှောင်ကျခဲ့ဖွယ်ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေသည့်

ဧရာမဝေလငါးဂိုဏ်းရဲ့ ခေါင်းဆောင် စစ်ခုန်းယုံပင်ဖြစ်နေသည်။

မိုးပြာပင်လယ်က ပင်လယ်ဓားပြများကို ဖယ်ရှားပြီး စိုးမိုးခဲ့သော စစ်ခုန်းယုံ၏ ဂုဏ်သတင်းကြောင့် ၎င်းက လီဟွင်းကို ထိတ်လန့်စေခဲ့သည်မှာ သေချာပါသည်။

ထို့နောက်တွင် လီဟွင်းသည် စစ်ခုန်းကျန့်၏အသက်ကို ချမ်းသာပေးရန်ဆုံးဖြတ်ခဲ့ပြီး စစ်ခုန်းယုံကို တိုက်ခိုက်ရန် သို့မဟုတ် ဧရာမဝေလငါးဂိုဏ်းမှ အကျိုးအမြတ် အများအပြားကို ရယူရန်ဆုံးဖြတ်ခဲ့သည်။

"အဲ့ဒါ ငါ့ရဲ့ စန်းတိပဲဖြစ်ရမယ်... သူက ငါ့အဖေ အယောင်ဆောင်လိုက်တာဖြစ်မယ်။ ဒါပေမယ့် မုန့်စန်းကို ဘယ်လိုသတ်လိုက်တာလဲ။"

လီဟွင်း၏ ထွက်ခွာသွားသော အသွင်ကို ကြည့်ရင်း စစ်ခုန်းကျန့်သည် လေးလေးနက်နက် တွေးနေမိသည်။ ကြည့်ရတာ လီဟွင်းက သူ့ကို လှောင်ပြောင်ဖို့ သက်သက်ကြီး ရောက်လာသည့်ပုံမပေါ်ပေ။

မကြာခင်မှာပဲ စစ်ခုန်းကျန့်က စူးချန်ခုန်း အကြောင်းကို တွေးလိုက်သည်။ စူးချန်ခုန်းသည် တစ်ချိန်က ညစာစားပွဲတက်ရန် သူ့ပုံစံ အယောင်ဆောင်ခဲ့ဖူးသည်။ ယခုအချိန်တွင် ဧရာမဝေလငါးဂိုဏ်း၌ ရုန်းရင်းဆန်ခတ် ဖြစ်နေသဖြင့် စစ်ခုန်းမိသားစုက စူးချန်ခုန်းကို စစ်ခုန်းယုံအယောင်ဆောင်ခွင့် ပေးလိုက်တာက သာမန်ပါပင်။

သို့သော် စူးချန်ခုန်းက မုန့်စန်းကိုသတ်ပြီး ဧရာမဝေလငါးဂိုဏ်းကို သိမ်းပိုက်နိုင်ခဲ့တာ စစ်ခုန်းကျန့်ရဲ့ စိတ်ကူးထက် ကျော်လွန်သွားလေပြီ။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ စစ်ခုန်းကျန့်အတွက် သတင်းကောင်းတစ်ခုပင်။

တစ်ချိန်တည်းမှာပင် စစ်ခုန်းကျန့်သည် ပင်လယ်ဓားပြများက မကောင်းသော ရည်ရွယ်ချက်များကို ရှိနေနိုင်သည်ကိုလည်း စိုးရိမ်မိသည်။ သူလုပ်နိုင်သမျှ သက်ပြင်းချပြီး မသိရသေးတဲ့ အနာဂတ်ကို ရောက်လာဖို့ စောင့်ဆိုင်းနေရုံသာ။

…

"ဆရာစူး၊ ချီသွေးဆေးကို ပြုပြင်မွမ်းမံပေးစေချင်ပါတယ်။ အရင်ကလျိုကန်း ဒီမှာရှိတုန်းက သူ့ကို အကူအညီ မတောင်းရဲခဲ့ဘူး" ဟု စစ်သည်တော်၀တ်စုံနှင့် ဧရာမဝေလငါးဂိုဏ်း၏ ထိပ်တန်း တပည့်တစ်ဦးက မျက်နှာချိုသွေးကာ ပြုံးပြလိုက်သည်။

စူးချန်ခုန်းသည် အဖြူရောင် အဂ္ဂိရတ်ပညာရှင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ထိုစကားကို ကြားသောအခါတွင် အတန်ငယ် ခေါင်းညိတ်လိုက်သည်။ "ပါဝင်ပစ္စည်းတွေကို ကိုယ်တိုင်ပြင်ဆင်ထားပါ။ မွမ်းမံတာ အဆင်မပြေရင်တော့ ကျွန်တော် တာဝန်မယူပါဘူး။"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျွန်တော် စည်းကမ်းကို နားလည်ပါတယ်။ ဒီမှာ ကျွန်တော် ပြင်ဆင်ထားတဲ့ ချီသွေးဆေးအတွက် ပါဝင်ပစ္စည်း ငါးစုံပါ။ ကျေးဇူးပြုပြီး ကြည့်ပေးပါ ဆရာကြီး။"

ထိုစစ်သည်တော်သည် အဂ္ဂိရတ်ပညာရှင်၏ ဝန်ဆောင်မှုများ တောင်းခံရာ၌ ကျင့်ဝတ်ကိုသိသောကြောင့် အကြိမ်ကြိမ် သဘောတူကာ ခေါင်းညိတ်ပြခဲ့သည်။ ပါဝင်ပစ္စည်းများကို ကိုယ်တိုင်ပေးဆောင်ရမည်ဖြစ်ပြီး ပြုပြင်မွမ်းမံခြင်း မအောင်မြင်ပါက အဂ္ဂိရတ်ပညာရှင်က တာဝန်ခံမည်မဟုတ်ပါ။

“ကောင်းပြီ၊ သူတို့ကို ဒီမှာပဲ ထားခဲ့လိုက်ပါ၊ သုံးရက်ကြာပြီးမှ ပြန်လာခဲ့။” စူးချန်ခုန်း ခေါင်းညိတ် သဘောတူလိုက်သည်။

ထိုစစ်သည်တော်သည် သူဝယ်ထားသော အဖိုးတန်ဆေးဖက်ဝင်ပစ္စည်းများကို အနီးနားရှိ ကောင်တာပေါ်တွင် တင်ကာ ထွက်မသွားမီ တလေးတစား ဦးညွှတ်ခဲ့သည်။

"ငါ.. ချီ‌သွေးဆေး တော်တော်များများကို သန့်စင်ပြီးတာနဲ့ အဲ့တာက ချီသွေးနယ်ပယ်ထဲကို လှမ်းနိုင်ဖို့ ကူညီပေးနိုင်ဖို့ မျှော်လင့်ရတာပဲ။ ပြီးရင် ငါက ဒုခန်းမခေါင်းဆောင် ရာထူးအတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီလိမ့်မယ်။ ဆရာစူးရဲ့ အဂ္ဂိရတ်ပညာက ဆရာကြီးကုန်းထက် မနိမ့်ဘူး။ ပါဝင်ပစ္စည်းငါးစုံနဲ့ဆိုရင် အများစုက အောင်မြင်မှာပါ။ " ထိုစစ်သည်တော်လေးက တွေးတောရင်း စိုးရိမ်တကြီးဖြင့် ထွက်သွားခဲ့သည်။

ဤစစ်သည်သည် ခန္ဓာကိုယ် သန့်စင်ခြင်း မဟာအောင်မြင်မှုသို့ ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ဧရာမဝေလငါးဂိုဏ်း၏ ထိပ်တန်းအဖွဲ့ဝင် တစ်ဦးဖြစ်သည်။ သူက ချီသွေးနယ်ပယ်သို့ အဆင့်တက်ရန် အရင်းအမြစ်များအတွက် သူ့ဘဝ၏ စုဆောင်းငွေများကို လောင်းကြေးထပ်ခဲ့သည်။

ယခင်က လျိုကန်း အဂ္ဂိရတ်ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က သူမစွန့်စားရဲခဲ့။

ယခု မုန့်စန်းကို သုတ်သင်ပြီးနောက် လိမ်ညာစွပ်စွဲခံထားရသော ဆရာစူးသည် သူ၏အမည်ကို ရှင်းလင်းကာ အဂ္ဂိရတ်ထိုးရန် ဧရာမဝေလငါးဂိုဏ်းသို့ ပြန်ရောက်လာသည်ဖြစ်ရာ သူ လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်သည်။

"မဆိုးပါဘူး။ ဒီ ချီသွေးဆေးပါဝင်ပစ္စည်းတွေက ငါ့ရဲ့ အဂ္ဂိရတ်စွမ်းရည်ကို အများကြီး တိုးတက်လာအောင် ကူညီပေးနိုင်တယ်။ အားလုံးအဆင်ပြေရင် ငါက ကော်မရှင်ခ အများကြီး ယူလို့ရတာပဲ။" ဟု စူးချန်ခုန်းက သူ့ကိုယ်သူ ကျေနပ်စွာ တွေးလိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က စူးချန်ခုန်းသည် စစ်ခုန်းယုံဖြစ် အယောင်ဆောင်ခဲ့စဉ်က မုန့်စန်းကိုသတ်ခဲ့ပြီး ဧရာမဝေလငါးဂိုဏ်းတွင် သူ၏အဂ္ဂိရတ်ဆရာရာထူးဖြစ်သော 'ဆရာစူး' အဖြစ် ပြန်လည်စတင်ခဲ့ပြီး ပုန်းကွယ်နေစရာ မလိုအပ်တော့ပေ။

လွန်ခဲ့သည့်လအနည်းငယ်အတွင်း လျိုကန်း သည် အဂ္ဂိရတ်ပညာတွင် စူးချန်ခုန်းနေရာကို အစားထိုးခဲ့သော်လည်း သူ၏ အလုပ်သင်အရည်အချင်းကြောင့် ကျရှုံးမှုနှုန်းသည် အောင်မြင်မှုနှုန်းထက် များစွာမြင့်မားခဲ့ပြီး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။

သို့ဖြစ်ရာ အဂ္ဂိရတ်ပညာရှင်အား ဆေးသန့်စင်စေလိုသော ဧရာမ ဝေလငါးဂိုဏ်း၏ တပည့်များစွာက ထိန်းချုပ်ထားကြလေ၏။

စူးချန်ခုန်း ပြန်ရောက်သည်နှင့် သူသည် စုဆောင်းထားသော အလုပ်အပ်စာများအားလုံးကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီး ၎င်းသည် သူ၏ အဂ္ဂိရတ်အတတ်ပညာကို လေ့ကျင့်ရန် အခွင့်အရေးတစ်ခုအဖြစ် မြင်သည်။ သူ့အရည်အချင်းတွေ ပိုမြင့်လာပြီဆိုရင် သူ့အတွက် အကျိုးရှိမယ့် သွေးအားကောင်းဆေးတွေကို သေချာပေါက် သန့်စင်နိုင်လိမ့်မည်။

ထို့အပြင် စူးချန်ခုန်းသည် ယခုအခါ စောင့်ကြည့်မခံရတော့ဘဲ ယခင်နှင့်မတူသော အခြေအနေများအောက်တွင် အဂ္ဂိရတ်ထိုးနိုင်လေပြီ။ သူ့စိတ်အခြေအနေအရ စိတ်ကူးပေါက်ရင်ပေါက်သလို သန့်စင်ထားသော ဆေးပြားများကိုအခကြေးငွေအဖြစ် ထုတ်ယူနိုင်ပြီး ယခင်ကထက် ဆေးပြားများစွာ အလကား ရနိုင်လေပြီ။

ကျရှုံးတာသို့မဟုတ် ဆေးပြားအနည်းငယ်သာ ထုတ်လုပ်နိုင်ခဲ့ပါက သူသည် အခကြေးငွေ မယူသော်လည်း ရလဒ်အောင်မြင်ပြီး ဆေးပြားအရေအတွက်များပါက စူးချန်ခုန်းသည် သူ၏အခကြေးငွေကို ပွင့်ပွင့်လင်းလင်း တောင်းဆိုမည်ဖြစ်သည်။

စူးချန်ခုန်း၏ အဂ္ဂိရတ်ကျွမ်းကျင်မှုသည် ယခင်ဆရာကြီးကုန်းထက် များစွာသာလွန်ပြီး ဆဌမအဆင့်သို့ ရောက်ရှိလူနီးပါးဖြစ်သောကြောင့် သူ့ကို အဂ္ဂိရတ်ပညာအတွက် လာရှာတာက ထိုက်တန်သော ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်တာ သေချာပါသည်။

All Chapters