← Chapters

ကမ္ဘာ့ပြိုင်ဘက်ကင်း လိပ်အသက်ရှူခြင်းနည်းပညာ။ ချီစွမ်းအင်ကို သံချပ်ကာအဖြစ် စုစည်းခြင်း။ (၄)

Vol. 14 Ch. 198

ကမ္ဘာ့ပြိုင်ဘက်ကင်း လိပ်အသက်ရှူခြင်းနည်းပညာ။ ချီစွမ်းအင်ကို သံချပ်ကာအဖြစ် စုစည်းခြင်း။ (၄)

Vol. 14 Ch. 198

"ဒုတ်!"

ပြင်းထန်သော ထိရိုက်သံကြားတွင် အစိမ်းရောင်အဝတ်အစားဝတ်ထားတဲ့ အမျိုးသားသည် ရှေ့သို့ပြေးလာရင်း မိုးကြိုးပစ်ခံလိုက်ရသလို သူ့ခန္ဓာကိုယ်က ရုတ်တရက် နောက်ပြန်ဆုတ်သွားလေသည်။ သူ့ရင်ဘတ်မှာ လက်သီးအရွယ်လောက်ရှိတဲ့ သွေးသံရဲရဲ အပါက်ကြီး ပေါ်လာပြီး သွေးများက ဖြန်းကနဲနှင့် မြေပြင်ပေါ် ပက်ဖြန်းသွားလေ၏။

“ဒါ…”

ဤမြင်ကွင်းသည် အနောက်ကလိုက်လာကြသည့် ဧရာမဝေလငါးဂိုဏ်းမှ သိုင်းပညာရှင် အနည်းငယ်ကို တုန်လှုပ်စေကာ တုန့်ကနဲ ရပ်သွားစေခဲ့သည်။ မာကျောခြင်းစွမ်းရည်ကို လေ့ကျင့်ထားပုံရပြီး ဓားနှင့်လှံတို့ မထိရောက်နိုင်သော ဤအစိမ်းရောင် ၀တ်ဆင်ထားသည့် အမျိုးသား၏ ရင်ဘတ်ကို မည်သည့်နေရာမှ ရောက်လာမှန်းမသိသည့် မြှားတစ်စင်းက ဖြတ်သွားခဲ့သည်။

"မိစ္ဆာနတ်ဆိုး?"

ဤအစိမ်းရောင်နှင့်လူ၏ ရင်ဘတ်ကို မြှားနှင့်ပစ်လိုက်သူကတော့ လေးပစ်လေ့ကျင့်တာ ပြီးသွားပြီးနောက် ဧရာမ ဝေလငါးဂိုဏ်းဆီ ပြန်ဖို့ ပြင်နေတဲ့ စူးချန်ခုန်းဆိုတာ သေချာပါသည်။ သူ တောနက်စီရင်စုမြို့ကို ပထမဆုံးရောက်တုန်းက တ‌စ္ဆေဈေးသင်္ဘောကြီးမှာ တွေ့ခဲ့ဖူးတဲ့ အဖြူရောင် အဝတ်အစားဝတ်ထားတဲ့ အမျိုးသမီးနဲ့ ဆင်တူတဲ့ ထွက်ပြေးလာသော အစိမ်းရောင်နှင့် အမျိုးသားကို တအံ့တသြ ကြည့်လိုက်သည်။

နှစ်ယောက်စလုံးတွင် ချွန်ထက်သော အစွယ်များရှိပြီး သားရဲကဲ့သို့ မျက်ဆန်များရှိသည်။

ထပ်မတွေးဘဲ စူးချန်ခုန်းသည် ဒဏ်ရာအပြည့်ဖြင့် ပြေးနေသည့် အစိမ်းရောင်နှင့်လူဆီ မြှားတစ်စင်း ပစ်လွှတ်ခဲ့သည်။

"ဒါက ဘာကြီးလဲဟ"

မကြာမီတွင် ဧရာမဝေလငါးဂိုဏ်းသား အများအပြား ပင့်သပ်ရှိုက်မိသည်။

ရင်ဘတ်ပေါက်နေသော အစိမ်းရောင်နှင့်အမျိုးသားသည် ပြင်းထန်သော ဒဏ်ရာကြောင့် သေနိုင်လောက်ပေမယ့် သို့တည်းမဟုတ် အနည်းဆုံးတော့ မလှုပ်နိုင်လောက်ပေမယ့် လက်တွေ့တွင်မူ သူသည် မြေပြင်ပေါ်မှ လှိမ့်တက်ကာ စူးရှသော ကြောက်လန့်တကြား အော်သံများ ထွက်ပေါ်လာပြီး ထိုနေရာမှ ပို၍ လျင်မြန်စွာ ထွက်ပြေးရန် ကြိုးစားနေ၏။ သူ့ရင်ဘတ်မှ ဒဏ်ရာက သူ့ကို လုံးဝ မထိခိုက်စေသည့်နှယ်။

“တကယ်ကို… မိစ္ဆာနတ်ဆိုးပဲ!”

ဒီမြင်ကွင်းသည် တောထဲက စူးချန်ခုန်းရဲ့ မျက်လုံးတွေကို မှေးသွားစေသည်။

အဲ့ဒီသင်္ဘောကြီးပေါ်မှာ စူးချန်ခုန်းဟာ မိစ္ဆာနတ်ဆိုးလို့ သံသယရှိတဲ့ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးနဲ့ တိုက်ခိုက်ခဲ့ဖူးသည်။ သူ ဘယ်လောက်ပဲ ခေါင်းပုံစံပျက်နေပါစေ သင်္ဘောပေါ်ကနေ ခုန်ချထွက်ပြေးဖို့ သူ့မှာ အသက်စွမ်းအားတွေ ရှိနေပါသေးသည်။ အစိမ်းရောင်အဝတ်အစားဝတ်ထားသည့် အမျိုးသားသည်လည်း ရင်ဘတ်ပေါက်မှ သွေးများထွက်နေသော်လည်း ဘာမှမဖြစ်သကဲ့သို့ ထွက်ပြေးနိုင်သေးသည်။

ဒါပေမယ့် စူးချန်ခုန်းဟာ အစိမ်းရောင်ဝတ်ထားတဲ့ ဒီမိစ္ဆာနတ်ဆိုးလို့ သံသယရှိသူကို အရင်က သူ့လက်ထဲကနေ အဖြူရောင်နှင့် အမျိုးသမီးလွှတ်သွားသလို သေချာပေါက် လွှတ်မြောက်ခွင့်မပေးနိုင်ပေ။

မတ်တပ်ရပ်လျက် စူးချန်ခုန်းသည် သူ့နောက်ကျောပေါ်ရှိ မြှားကျည်တောက်ထဲမှ နောက်ထပ် မြှားတစ်ချောင်းကိုယူကာ လေးကိုဆွဲလျက် သူ့မျက်လုံးများနှင့် ချီစွမ်းအင်ကို ထွက်ပြေးသွားသော အစိမ်းရောင်ဝတ်စုံနှင့်လူဆီ ချိန်ရွယ်ပြီး အပြည့်ဆွဲထားသော လေးကြိုးကို လွှတ်ပေးလိုက်သည်။

"ဂျိန်း!"

ပြင်းထန်သော ပေါက်ကွဲသံများကြားတွင် တရွှီးရွှီးမြည်နေသော မြှားတစ်စင်းသည် လေဟာနယ်ကိုဖြတ်၍ လေးလံသော လေစီးကြောင်းကို သယ်ဆောင်လာပြီး အသံအတားအဆီးကို ချိုးဖျက်လိုက်သည်။ ဤအကြိမ်သည် အစိမ်းရောင်နှင့်လူ၏ ဦးခေါင်းကို ချိန်ရွယ်ထားသည်။

"ဖောက်!"

သူ၏ ပဉ္စမအဆင့် လေမိုးကြိုးမြှားအတတ်ဖြင့် ဤမြှားသည် အစိမ်းရောင်ဝတ်စုံနှင့်လူ၏ ဦးခေါင်းကို အတိအကျ ထိမှန်ကာ ဦးခေါင်း၏ ဘယ်ဘက်ခြမ်းမှ ညာဘက်သို့ ဖောက်ထွက်ကာ နီညစ်ညစ်သွေးများနှင့် ဦးနှောက်အမှုန်များပါလာသည်။

"ဒုတ်!"

ဤတစ်ကြိမ်တွင် ခေါင်းဖောက်ခံရသော အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားသည် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် နောက်ဆုံးတွင် အားပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

"ဆရာစူး!"

ဧရာမဝေလငါးဂိုဏ်းမှ သိုင်းပညာရှင် အများအပြား အံ့ဩမှင်တက်သွားပြီး တောအုပ်ထဲမှ ထွက်လာသော အရပ်ရှည်ရှည်နှင့် လူငယ်လေးက သူတို့၏ ဧရာမဝေလငါးဂိုဏ်း၏ အဂ္ဂိရတ်ပညာရှင် ဆရာစူးဖြစ်ကြောင်း မှတ်မိသွားကြသည်။

"ဆရာစူးက အသက်ရှင် လွတ်မြောက်ဖို့အတွက် သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ မုန့်စန်း လွှတ်လိုက်တဲ့ လီလေ့ကို သတ်လိုက်တယ်လိုကောလာဟလတွေ ထွက်နေတာ တကယ်အမှန်ပဲ။ ဆရာစူးက အဂ္ဂိရတ်ပညာကို ကျွမ်းကျင်ရုံတင်မကဘဲ သူ့ရဲ့ ခွန်အားကလည်း ဒုတိယခန်းမခေါင်းဆောင်နဲ့ ယှဉ်နိုင်သေးတယ်။"

ဧရာမဝေလငါးဂိုဏ်းသားတို့သည် သူ့မှာသာ ခွန်အားမရှိလျှင် မုန့်စန်းဆီမှ လွတ်မြောက်နိုင်မည်မဟုတ်ဟု တွေးမိကြသည်။ ထိုလူက သူ၏ အရည်အချင်းများကို ကောင်းစွာ ဖုံးကွယ်ထားခဲ့သည်။

“အင်း။” စူးချန်ခုန်းက အနည်းငယ် ခေါင်းညိတ်ပြပြီး ခိုင်ခံ့သောလေးအား ကျောပြင်ပေါ် တင်ကာ အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသား၏ ခန္ဓာကိုယ်ဘက်သို့ လှမ်းကာ ဂရုတစိုက် စတင် စစ်ဆေးခဲ့သည်။

"ဒီအစိမ်းရောင်နဲ့လူက တကယ့်ကို ထူးခြားတာပဲ။ သူ့အသားအရေက အရမ်းမာပြီး သူ့အရိုးတွေက သံမဏိနဲ့ သံလိုပဲ။ သာမန်လူထက် ပိုထူတယ်..."

စူးချန်ခုန်းသည် အစိမ်းရောင်နှင့် အမျိုးသား၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်သောအခါတွင် သူ့မျက်နှာထက်တွင် အမူအရာ အနည်းငယ် ပေါ်လာသည်။ ထိုလူသည် အလွန်ထူးဆန်းပြီး သိုင်းပညာကို တစ်ခါမျှ မလေ့ကျင့်ဖူးသည့်ပုံပေါ်သော်လည်း သူ၏ခန္ဓာကိုယ်သည် ချီသွေးနယ်ပယ်ရှိ ကိုယ်ခံပညာရှင်များစွာထက် ပိုသန်မာသည်။

"သူ့နှလုံးခုန်နေတုန်းပဲ!"

သို့သော် စူးချန်ခုန်းအံ့အားသင့်ဆုံးအရာမှာ အစိမ်းရောင်ဝတ်ထားသော အမျိုးသား၏ နှလုံးသားသည် အားပျော့သွားသည့် အရိပ်အယောင်များ ပြသနေသော်လည်း လုံးလုံးမရပ်တန့်မီ နာရီဝက်ကြာအောင် ဆက်လက်ခုန်နေဖွယ်ရှိသည်။ ထိုသို့သော အသက်စွမ်းအားသည် စိတ်ကူးယဉ်ထားတာထက် မယုံနိုင်လောက်အောင် ပြင်းထန်လှသည်။ သာမာန်လူတစ်ယောက်နဲ့ လုံးဝမတူပါ။

"သူက... နတ်ဆိုးတစ်ကောင်လား။"

ဧရာမဝေလငါးဂိုဏ်းသားတစ်ယောက်က တစ်ခုခုကို တွေးပြီး အသံတိုးတိုးနဲ့ မေးလိုက်သည်။

ဒဏ္ဍာရီပုံပြင်များတွင်သာ လူအများကြားသိရသော ဒဏ္ဍာရီသတ္တဝါများသည် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ကာ ထူးဆန်းသော နတ်ဆိုးအတတ်များကို ကျင့်ကြံပြီး မသေနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ကြသည်။

"မသိဘူး။ ဒါပေမယ့် ဒီအစိမ်းရောင်နဲ့လူကို သတ်လိုက်တဲ့သူက ကျွန်တော်လို့ တခြားဘယ်သူ့ကိုမှ မပြောနဲ့။"

စူးချန်ခုန်းက ခေါင်းယမ်းလိုက်သည်။ သူတကယ်မသိပါ။

“နားလည်ပါပြီ။” ဧရာမဝေလငါးဂိုဏ်းသား အများအပြားက အတည်ပြုခဲ့သည်။

စူးချန်ခုန်းသည် အချိန်အကြာကြီး မနေ ဘဲနောက်ဆက်တွဲပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ဧရာမဝေလငါးဂိုဏ်းသားများကို ထားခဲ့ကာ ဧရာမဝေလငါးဂိုဏ်းထဲသို့ ပြန်သွားခဲ့သော်လည်း လက်တွေ့တွင်မူ သူ၏နှလုံးသားက ငြိမ်သက်ခြင်းမရှိပါပေ။

"လွန်ခဲ့တဲ့တစ်နှစ်ကျော်က ငါတွေ့ခဲ့ရတဲ့ ၀တ်စုံဖြူ အမျိုးသမီးနဲ့ အခုတစ်နှစ်ကြာတော့ အစိမ်းရောင်ဝတ် အမျိုးသားတစ်ဦးက အရမ်းဆင်တူတယ်။ မိစ္ဆာနတ်ဆိုးလို့ သံသယရှိသူ နှစ်ယောက်စလုံးကို ခဏအတွင်းမှာပဲ ငါကြုံတွေ့ခဲ့ရပြီးပြီတဲ့လား။ တောနက် စီရင်စုမြို့တော်က ထင်သလောက် မငြိမ်းချမ်းဘူးပဲ"

စူးချန်ခုန်းသည် တော်တော်လေး စိတ်လေးနေမိသည်။ တောနက်စီရင်စုမြို့တော်ကို သူ ရောက်လာတဲ့အခါ တောင်တန်းတွေပေါ်မှာ ထူးဆန်းစွာ သေဆုံးနေတဲ့ အလောင်းများစွာကို တွေ့ခဲ့ရပြီး အခုတော့ မိစ္ဆာနတ်ဆိုးလို့ သံသယရှိတဲ့ သတ္တဝါနှစ်ကောင်ကို ဆက်တိုက်ဆိုသလို တွေ့ခဲ့ရသည်။ မုန်တိုင်းဝင်လာတော့မယ့် သဘောရှိသည်။

ရုန်းရင်းဆန်ခတ်တွေကြားမှာ ရှင်သန်နိုင်ဖို့ ပရမ်းပတာအားလုံးကို ရင်ဆိုင်နိုင်ဖို့ သန်မာနေမှဖြစ်မည်။

"ဂျိမ်း ဂျိမ်း!"

ဧရာမဝေလငါးဂိုဏ်းသို့ပြန်ရောက်သောအခါ စူးချန်ခုန်းသည် သိုင်းပညာကို ဆက်လက်လေ့ကျင့်ခဲ့သည်။ အစိမ်းရောင်နှင့်လူ၏ ကိစ္စပြီးတော့ ညနေပိုင်းတွင် ကောင်းကင်ယံ၌ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး တိမ်များစုဝေးလာကာ မိုးရွာသွန်းမှုနှင့်အတူ အမှောင်ထုသည် လျင်မြန်စွာ ကျဆင်းလာလေ၏။

All Chapters