← Chapters

ကမ္ဘာ့ပြိုင်ဘက်ကင်း လိပ်အသက်ရှူခြင်းနည်းပညာ။ ချီစွမ်းအင်ကို သံချပ်ကာအဖြစ် စုစည်းခြင်း။ (၇)

Vol. 14 Ch. 201

ကမ္ဘာ့ပြိုင်ဘက်ကင်း လိပ်အသက်ရှူခြင်းနည်းပညာ။ ချီစွမ်းအင်ကို သံချပ်ကာအဖြစ် စုစည်းခြင်း။ (၇)

Vol. 14 Ch. 201

လိပ်အသက်ရှူနည်းပညာကို လေ့ကျင့်ခြင်းဖြင့် စူးချန်ခုန်း၏ ခံနိုင်ရည်အားနှင့် ချီစွမ်းအင်ကို မြေပြင်မှာတုန်းကထက် အဆပေါင်းများစွာ သုံးစွဲခဲ့ရသောကြောင့် ကြီးထွားမှုအတွက် သူ၏စွမ်းအင်ကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းရန် အစာအမြောက်အမြား လိုအပ်သည်ဖြစ်ရာ သူ့အား တော်တော်လေး ဆာလောင်စေခဲ့သည်။

"ဂလုဂလု!"

စူးချန်ခုန်းသည် သူ၏လက်ထဲမှ ကြက်ခြေထောက်၊ အရိုးများနှင့် အားလုံးကို ဆာလောင်နေသာ သားရဲတစ်ကောင်နှယ် ကြိတ်ချေဝါးမျိုပြီးနောက် ရေချိုများနှင့် ပြည့်နေသော ရေအိတ်ကို ဆုပ်ကိုင်ကာ ရေဓာတ် ဖြည့်တင်းလိုက်သည်။

စူးချန်ခုန်းသည် သူ၏ ကြွက်သားတောင့်‌တောင့် အပေါ်ပိုင်းဗလာဖြင့် အားပါးတရ စားနေရာသူ၏ ထွင်းထုထားသော ကြွက်သားများသည် ပို၍ပင် ပုံပေါ်လာပြီး အားကောင်းလာသည့်ပုံပင်။

"ဂလု ဂလု... အဝတ်အစားအောက်မှာ ဝှက်ထားလေ့ရှိတဲ့ ဆရာကြီးစူးရဲ့ ကိုယ်လုံးကိုယ်ပေါက်က အထင်ကြီးစရာကောင်းမယ်လို့ ဘယ်သူက သိမှာလဲ။ သူ့ကြွက်သားတွေက ပန်းပုသမား သွန်းလုပ်ပြီး ထွင်းထုထားတဲ့ သံမဏိလိုပဲ။ တကယ်ကို ပြီးပြည့်စုံတယ်... လူတစ်ယောက်ကို အဲ့တာတွေက သံနဲ့ ကျောက်တုံးလို မာကျောနေမလားဆိုပြီး ဖမ်းဆုပ်ချင်စိတ်တောင် ဖြစ်ပေါ်စေတယ်..."

စူးချန်ခုန်း အမြောက်အမြား စားနေတာကို ကြည့်နေကြတဲ့ လူငယ်သိုင်းပညာရှင်နှစ်ယောက်ဟာ မနေနိုင်တော့ဘဲ တံတွေးမျိုချရင်း မျက်လုံးတွေ ပြူးကျယ်လာပြီး မျက်တောင်တောင် မခတ်နိုင်တော့။

"ကောင်းပါပြီ။ ခင်ဗျားတို့နှစ်ယောက် အရင်ပြန်သွားလို့ရပြီ။ အခုကစပြီး နေ့တိုင်း ဒီအချိန်ကျရင် စားစရာတွေ လာပို့ပေးပါ"

စူးချန်ခုန်း၏ အသံ ထွက်ပေါ်လာသည်။

“ဟုတ်ကဲ့။” သိုင်းပညာရှင်နှစ်ဦးစလုံးသည် တုန်လှုပ်ချောက်ချားနေရာမှ ရုန်းထွက်ကာ တလေးတစား ခေါင်းညိတ်ပြီး တုံ့ပြန်ခဲ့ကြသည်။ စူးချန်ခုန်းသည် ပင်လယ်ထဲတွင် အဘယ်ကြောင့် ရှိနေရသည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါသည်။ သူကျင့်ကြံဖို့အတွက်သာ ဖြစ်သည်။

စူးချန်ခုန်းသည် အသက်ငယ်ငယ်လေးနှင့် အဂ္ဂိရတ်ပညာတွင် အလွန်ကျွမ်းကျင်ရုံသာမက သိုင်းပညာတွင်ပါ လက်ထောက်ခန်းမခေါင်းဆောင်အဆင့်အထိ ယှဉ်နိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် သူလုပ်သမျှအရာအာလုံးကို ဝီရိယရှိရှိနှင့် အားစိုက်လုပ်ဆောင်သောကြောင့်ဖြစ်သည်။

သိုင်းပညာရှင်နှစ်ဦး လှော်ခတ်သွားချိန်၌ စူးချန်ခုန်းသည် အစားအသောက်များ တင်ဆောင်ထားသော လှေပေါ်တွင် စားသောက်နေ၏။ လူနှစ်ဆယ်ကျော်စာအတွက် အသားအားလုံးကို စားသုံးပြီးချိန်အထိ ကျေနပ်စွာ သက်ပြင်းချကာ ဆာလောင်မှုကို ပြေပျောက်စေလိုက်သည်။

လှေပေါ်တွင် ခဏအနားယူပြီးနောက် စူးချန်ခုန်းသည် ကျင့်ကြံမှု အသစ်စတင်ရန် ပင်လယ်ထဲသို့ တစ်ဖန်ခုန်ဆင်းခဲ့သည်။

"ရက်အနည်းငယ်ကြာအောင် ကျင့်ကြံပြီးလို့ ရေအောက်ကျင့်ကြံမှုအခြေအနေကို လုံးဝ နားလည်ပြီးတာနဲ့ ကျင့်ကြံဖို့ ပင်လယ်ကြမ်းပြင် ရေဝဲဆီကို သွားမယ်။ အဲဒီမှာ ဖိအားက ပိုကြီးလာမယ်။ အဲဒါက ငါ့ရဲ့ တိုးတက်မှုကို မြန်လာစေမှာပဲ။"

သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလိုက်သည်။

ရက်အတော်ကြာပြီးနောက် စူးချန်ခုန်းသည် ရေပြင်ဧရိယာအထက်မှ ဖြည်းဖြည်းချင်း မြုပ်သွားပြီး ဆွဲငင်အားကို အာရုံခံကာ အလယ်ဗဟိုမှာ အတည်ငြိမ်ဆုံးဖြစ်သည့် ရေဝဲ၏ စုပ်ယူမှုကို ခံစားလိုက်ရသည်။ ၎င်းက စူးချန်ခုန်း ကျင့်ကြံဖို့ ရည်ရွယ်ခဲ့သည့်နေရာပင်။

မီတာနှစ်ထောင်နီးပါး ဆင်းလာသော စူးချန်ခုန်းသည် ပင်လယ်ကြမ်းပြင်မှ ထူးဆန်းပြီး အံ့သြထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်‌ေတွ့လိုက်ရသည်။

ဝေ့ဝိုက်နေသော ရေများဖြင့် ဝန်းရံထားပြီး ငါးအကြွင်းအကျန်များနှင့် သင်္ဘောအပိုင်းအစများဖြင့် ပြည့်နှက်နေသော ဝဲဂယက်၏ အလယ်ဗဟိုသည် အပန်းဖြေစရာနေရာ မဟုတ်သော်လည်း ရေအားလုံး လှည့်ပတ်နေသည့် ထိုးထွက်နေသည့် ရေအောက် တောင်ကုန်းတစ်ခုလိုဖြစ်နေသည်။

၎င်းက ပြင်ပစွမ်းအားတစ်ခု၏တွန်းအားဖြင့် လှည့်ပတ်နေသော ထိပ်ဖျားနှင့်တူသည်။ လွန်ခဲ့သောရက်များကမှ သည်းကြီးမဲကြီး ရွာသွန်းထားသောမိုးသည် သမုဒ္ဒရာ၏ လှုပ်ရှားမှုကို နှိုးဆော်ခဲ့ပြီး ဤရှားပါးသော သဘာဝရှုခင်းကို ဖြစ်ပေါ်စေခဲ့သည် ။

ဤရေအောက်ဝဲဂယက်သည် ၎င်း၏စွမ်းအင်ကုန်သွားသည်နှင့် ပုံမှန်ပြန်ဖြစ်သွားမည်။ ဒါက နှစ်လကနေ သုံးလလောက် ကြာနိုင်သည်။ ဒါမှမဟုတ် နှစ်ဝက် ဒါမှမဟုတ် တစ်နှစ်တောင် ကြာနိုင်သည်။

"သဘာဝတရားက တကယ်ကို အံ့ဩစရာပဲ" စူးချန်ခုန်း ခဏတာ အံ့သြတကြီး ကြည့်နေပေမယ့် ဒီမှာ သူ့ရည်ရွယ်ချက်က ကျင့်ကြံဖို့ဆိုတာ မမေ့ခဲ့ပါ။

စိတ်ကိုရှင်းရင်း သူ့ခန္ဓာကိုယ်ကို ဆွဲငင်အားရဲ့ဗဟိုကို လွှတ်လိုက်ရာ ချက်ချင်းဆိုသလို အားနှင့် ဆွဲငင်ခံလိုက်ရကာ ဗဟိုရေအောက်တောင်ကုန်းရဲ့ အစွန်းတလျှောက် လှည့်ပတ်သွားလေ၏။

သူ အသက်အောင့်ပြီး သူ့အားရိုက်ခတ်နေသော ပြင်ပရေ၏ တွန်းအားကို သည်းခံကာ လိပ်အသက်ရှူနည်းကို လေ့ကျင့်ရန် တရားအားထုတ်လိုက်သည်။ သာမန်လူတစ်ဦးကို ကွဲကြေစေနိုင်သည့် လှိုင်းထန်နေသော ရေစီးကြောင်းများကို စူးချန်ခုန်းက သူ့ကန့်သတ်ချက်များကို ဖြတ်ကျော်ရန် အရွေ့စွမ်းအင်အဖြစ် အသုံးပြုခဲ့သည်။

အခြေနေထဲသို့ တဖြည်းဖြည်း ရောက်ရှိလာပြီး စူးချန်ခုန်းအတွင်းရှိ လိပ်အသက်ရှုနည်း စစ်မှန်သော ချီစွမ်းအင်သည် ဖြေးဖြေးနှင့် အဆက်မပြတ် လည်ပတ်ကာ သူ့ကိုယ်သူ ထက်မြက်လာစေရန် ပြင်ပဖိအားကို တွန်းအဖြစ် အသုံးပြုလိုက်သည်။

သူ၏ လိပ်အသက်ရှုနည်း ချီစွမ်းအင်သည် ပို၍ပင် သန့်စင်လာပြီး များပြားလာသည်။

စူးချန်ခုန်းသည် သူ့ခံနိုင်ရည် ကန့်သတ်ချက်နှင့် နီးလာသည်ဟု ခံစားလာရသောအခါတွင် အသက်ရှုရန်နှင့် လေဖလှယ်ရန် ရေမျက်နှာပြင်ဆီသို့ ကူးခတ်သွားသည်။

လိပ်အသက်ရှူခြင်းနည်းပညာ (အဌမအဆင့် သဘာဝလွန်နယ်ပယ် ၂၅%)

ဤရေအောက်ရေဝဲ၏ အလယ်ဗဟိုတွင် ကျင့်ကြံခြင်းသည် သာမာန်လူများ ခံနိုင်ရည်ရှိသည်ထက် နည်းပါးသော်လည်း ၎င်းမှရရှိလာသည့် တိုးတက်မှုမှာ အလွန်ပင် များပြားလှသည်။ စူးချန်ခုန်းအတွက် ဤနေရာတွင် ကျင့်ကြံမှု တစ်ရက်တည်းနှင့် ယခင်က တစ်လခွဲနီးပါး ခက်ခဲကြမ်းတမ်းသော ကျင့်ကြံမှုနှင့် ညီမျှပြီး အဌမအဆင့်တွင် ရှိနှင့်ပြီးဖြစ်သော သူ၏ လိပ်အသက်ရှူနည်းပညာကို အရှိန်မြှင့်နိုင်ခဲ့သည်။

စူးချန်ခုန်းသည် လအနည်းငယ်ကြာလျှင် သူ၏ လိပ်အသက်ရှူနည်းပညာသည် ထပ်မံအဆင့်တက်နိုင်လိမ့်မည်ဟု ယုံကြည်သည်။

ထို့အပြင် သူ၏ခန္ဓာကိုယ်ကို ကန့်သတ်ချက်သို့တွန်းပို့သည့် ဤနည်းလမ်းသည် ယခင်ကထက် များစွာပို၍ အစားအစာကို စားသုံးစေခဲ့ပြီး သူ၏ ဧရာမဝေလငါးစွမ်းရည်တိုးတက်မှုကို သိသိသာသာ အရှိန်မြှင့်ပေးခဲ့သည်။

ဧရာမဝေလငါးနည်းပညာကို ကျင့်ကြံရန် အဓိက နည်းလမ်းတစ်ခုမှာ အစာစားခြင်း ဖြစ်သည်။

ဤရေအောက်ရေဝဲတွင် ကျင့်ကြံချိန်အတွင်း သေချာပေါက် ခက်ခဲကြမ်းတမ်းခဲ့ပြီး ခံနိုင်ရည်ရှိရန် ပြင်းပြသော သန္နိဋ္ဌာန် လိုအပ်သော်လည်း စူးချန်ခုန်းမှာ ထိုသန္နိဋ္ဌာန်ရှိသည်။ နေ့တိုင်း လိပ်အသက်ရှူနည်းပညာ တိုးတက်လာပြီး နယ်ပယ်သစ်တစ်ခုသို့ တက်လှမ်းလာသည်ကို မြင်တွေ့ရသည်က သူ့အား ပျော်ရွှင်စေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စူးချန်ခုန်း၏လိပ်အသက်ရှူနည်းပညာသည် ပြင်းထန်သော ကျင့်ကြံမှုဖြင့် သုံးလကျော်ကြာအောင် ဖြတ်ကျော်သွားခဲ့ပြီး နောက်ဆုံးတွင် အဆင့်မတက်မီ ဂိတ်ဝနားသို့ နီးကပ်လာခဲ့သည်။

ရေအောက်ဝဲဂယက်၏ အရွယ်အစားသည် လွန်ခဲ့သော သုံးလနှင့် နှိုင်းယှဉ်ပါက ကျုံ့သွားကာ ၎င်း၏ စွမ်းအင်များ ကုန်ဆုံးလုနီးပါးဖြစ်ပြီး မကြာမီ ဤရေဗွေပျောက်ကွယ်တော့မည် ဖြစ်ကြောင်း ညွှန်ပြနေသည်။

ရေနှင့်အတူ စူးချန်ခုန်းသည် ရေအောက်တောင်ကုန်းတစ်ဝိုက်တွင် တိတ်တဆိတ် လှည့်ပတ်နေ၏။ အနီးကပ် စစ်ဆေးကြည့်ပါက အပြာရောင် ချီစွမ်းအင်အလွှာသည် သူ့ခန္ဓာကိုယ်မှာ အတားအဆီးတစ်ခုလို ရစ်ပတ်နေတာကို တွေ့ရမည်ဖြစ်သည်။ ပတ်ဝန်းကျင်က ရေတွေက သူ့ကို လုံးဝမထိနိုင်ဘဲ သယ်ဆောင်သွားရုံသာ။

အခြားသူများသာ ဤသိသာထင်ရှားသော ချီစွမ်းအင်ကို တွေ့မြင်ပါက အံ့သြသွားကြမည်ပင်။ သာမန်ကိုယ်ခံပညာရှင်တို့သည် သူတို့၏ ချီစွမ်းအင်ကို လက်များ သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုတွင်သာ အာရုံစူးစိုက်နိုင်ကြသည်။ စူးချန်ခုန်းကဲ့သို့ တစ်ကိုယ်လုံးကို မခွဲခြားဘဲ မည်သို့ ဖုံးလွှမ်းနိုင်မည်နည်း။

All Chapters