ရေတိမ်များကြား နဂါးလှည့်လည်သွားလာခြင်း။ မိုးပြာပင်လယ်ပြာသို့ ခရီးတစ်ခေါက်။ (၁)
Vol. 14 Ch. 203
"အဆင့်အသစ်ကို တည်ငြိမ်ခိုင်ခံ့အောင် လုပ်ရမယ်ူ။"
စူးချန်ခုန်းသည် ဤပင်လယ်ဧရိယာတွင် ဆက်လက် ကျင့်ကြံနေသော်လည်း လိပ်အသက်ရှူနည်းပညာ၏ နဝမအဆင့်ကို အောင်မြင်ပြီးနောက် ပင်လယ်ရေ၏ဖိအားသည် သူ့အား မတိုးတက်စေနိုင်တော့ပေ။ ပင်လယ်ကြမ်းပြင် ဝဲဂယက်သည် လအတော်ကြာပြီးနောက် ၎င်း၏ အရွေ့စွမ်းအင် ကုန်ဆုံး
ကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။
စူးချန်ခုန်းသည် စွမ်းအားအသစ်ကို အသုံးပြုပြီး ရက်အတော်ကြာ ကျင့်ကြံခဲ့သည်။
ဧရာမဝေလငါးအတတ်သည် ဤသုံးလအတွင်း ကြီးမားသော တိုးတက်မှု ရှိခဲ့သော်လည်း ဆဌမအဆင့်သို့ရောက်ရှိရန် အချိန်အနည်းငယ် လိုအပ်နေသေးသည်။
ချီသွေးနယ်ပယ်နှင့် ပတ်သက်၍ စူးချန်ခုန်းသည် သွေးအားကောင်းဆေးသုံးလုံးကို သုံးလကြာ သန့်စင်ပြီး စတုတ္ထအဆင့်သို့ အဆင့်တက်သွားခဲ့သည်။ သူ၏ ချီစွမ်းအင်နှင့် သွေးအားကောင်းစေရန် သာမန်အသားစားခြင်းကိုသာ အားကိုးပါက အောင်မြင်မှုရရှိရန် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဟု သူခန့်မှန်းခဲ့သည်။
ထိုနေ့မွန်းလွဲပိုင်းတွင် ဧရာမဝေလငါးဂိုဏ်းမှ သိုင်းပညာရှင်နှစ်ဦးသည် စီစဉ်ထားသည့်အတိုင်း ရောက်လာခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သူတို့သည် စူးချန်ခုန်းအတွက် အစားအစာကို ယူဆောင်လာရန် ရောက်လာရုံသာမက အချို့ကိစ္စများကို အကြောင်းကြားရန် ရောက်လာကြတာဖြစ်သည်။
"ဆရာစူး၊ ဒုတိယသခင်မလေးက ဆွေးနွေးစရာရှိလို့ ခဏလောက် ပြန်လာလို့ရမလားတဲ့။"
သိုင်းပညာရှင်လေး တစ်ဦးက စူးချန်ခုန်းကို သတိကြီးကြီးထားပြီး ပြောလိုက်သည် ။
စူးချန်ခုန်းသည် ပင်လယ်ပြင်တွင် သုံးလကြာ တစ်ယောက်တည်း ကျင့်ကြံကာ သမုဒ္ဒရာထဲတွင် အိပ်နိုင်သောကြောင့် စိတ်ထဲတွင် သူ့ကို သဘောကျနေမိသည်။ ထိုသို့သော ဇွဲလုံ့လသည် ကြီးလှစွာသော သန္နိဋ္ဌာန်မရှိဘဲ အောင်မြင်ရန် ခဲယဉ်းပါသည်။
“ကျွန်တော်နဲ့ ဆွေးနွေးစရာရှိလို့တဲ့လား။ ဒါဆို ပြန်လိုက်ခဲ့မယ်”
စူးချန်ခုန်းသည် စစ်ခုန်းဟွမ်က သူ့ကိုရှာရသည့် ရည်ရွယ်ချက်ကို အနည်းငယ် တွေးရခက်နေသော်လည်း သူ၏ လေ့ကျင့်မှု ခေတ္တရပ်တန့်သွားသဖြင့် ပင်လယ်ပြင်တွင် တစ်ယောက်တည်း ခက်ခဲကြမ်းတမ်းစွာ လေ့ကျင့်ရန် မလိုအပ်တော့ပေ။ သူက ချက်ချင်း ခေါင်းညိတ်ပြီး အခြေအနေကို လိုက်ကြည့်ဖို့ ဧရာမဝေလငါးဂိုဏ်းကို ပြန်ရန် ဆုံးဖြတ်လိုက်သည်။
စူးချန်ခုန်းသည် လှေသင်္ဘောဖြင့် ဆိပ်ကမ်းသို့ ပြန်လာခဲ့ပြီး ခရီးလမ်းတစ်လျှောက် မြင်းစီးကာ ဧရာမဝေလငါးဂိုဏ်းသို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့သည်။
သုံးလကြာ ထွက်သွားပြီးနောက် ဧရာမဝေလငါးဂိုဏ်းရှိ အရာအားလုံးသည် ယခင်အတိုင်း ငြိမ်သက်နေ၏။
ထို့နောက် အခန်းထဲတွင် စူးချန်ခုန်းက စစ်ခုန်းဟွမ်နဲ့ သွားတွေ့သည်။
"မောင်လေး၊ လွန်ခဲ့တဲ့လအတွင်း မင်းရဲ့လေ့ကျင့်မှုအပြီးမှာ မင်းရဲ့အရောင်အဝါက ပိုပြီးတော့ တည်ကြည်လာပုံပဲ... တစ်ချိန်တုန်းက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေရှိတဲ့ အစ်မတို့ အဖေလိုပါပဲလား။"
စူးချန်ခုန်းကို တွေ့လိုက်ရတော့ စစ်ခုန်းဟွမ် စိတ်ထဲမှာ အံ့ဩသွားသည်။ အချိန်တွေ ကုန်ဆုံးသွားတိုင်း စူးချန်ခုန်းသည် ပို၍ နားလည်နိုင်စွမ်း နက်နဲလာသည်ဟု အမြဲတမ်းခံစားမိသည်။
"အာ့ကျယ်၊ ကျွန်တော့်ကို ရှာနေတယ်လို့ ကြားလို့။ ကိစ္စတစ်ခုခုများ ရှိလို့လား"
စူးချန်ခုန်းက လိုရင်းကိုသာ တည့်မေးလိုက်သည်။ ပုံမှန်အားဖြင့် စစ်ခုန်းဟွမ်သည် အရေးကြီးသောကိစ္စ မဟုတ်ပါက သူ၏ကျင့်ကြံမှုကို မနှောင့်ယှက်တတ်ပေ။
ဒါကိုကြားတော့ စစ်ခုန်းဟွမ်က ဆိုလေ၏။ "မနေ့က လူတစ်ယောက် ဧရာမဝေလငါးဂိုဏ်းကို ရောက်လာတယ်။ သူက ပင်လယ်ဓားပြဆယ့်ရှစ်ယောက်ရဲ့ သံတမန်တစ်ယောက်ဖြစ်ပြီး အစ်ကိုကြီးအကြောင်းကို ပြောတယ်!"
"စစ်ခုန်းကျန့်လား"
စူးချန်ခုန်းလည်း ထိတ်လန့်သွားသည်။
လွန်ခဲ့သည့် နှစ်တက်ခန့်က နဝမမြောက် သူခိုးကို ချေမှုန်းရန် စစ်ဆင်ရေးအတွင်း အရာအားလုံး ချောမွေ့ခဲ့သော်လည်း သူတို့သည် မုန့်စန်း၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရပြီး ထိပ်တန်းပင်လယ်ဓားပြအုပ်စု သုံးခုက ရုတ်တရက် တိုက်ခိုက်ခဲ့သည်။ စစ်ခုန်းကျန့်သည် သူ့ကိုယ်သူ ဓားစာခံလုပ်ပြီး အချိန်ဆွဲရန် ကျန်ရစ်ခဲ့ကာ ထိုအချိန်မှစ၍ ပျောက်ဆုံးနေခဲ့သည်။
လူအများစုက စစ်ခုန်းကျန့် သေသွားလောက်ပြီဟု ထင်ခဲ့ကြသော်လည်း ယခုတွင် ပင်လယ်ဓားပြများသည် စစ်ခုန်းကျန့်အကြောင်းပြောဖို့ အထူးသံတမန်များ စေလွှတ်ခြင်းဖြင့် သူ အသက်ရှင်နေနိုင်သည်ဟု ညွှန်ပြနေသည်။ စည်းကမ်းချက်များကို စေ့စပ်ညှိနှိုင်းရန် သူတို့သည် ဧရာမဝေလငါးဂိုဏ်းသို့ လာရောက်ကြတာ ဖြစ်မည်။
စူးချန်ခုန်းကလည်း စစ်ခုန်းကျန့်ကို ကျေးဇူးကြွေးရှိသည်။ စစ်ခုန်းဟွမ်သည် ဧရာမဝေလငါးနည်းပညာကို သင်ယူခွင့်ရခဲ့ပြီး ၎င်းက စစ်ခုန်းကျန့်၏ ခွင့်ပြုချက်ကြောင့် ဖြစ်ရမည်။ ထို့အပြင် သူတို့ သုံးဦးသည် သွေးသောက်မောင်နှမ ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် စစ်ခုန်းကျန့်သည် စူးချန်ခုန်းကို အဖိုးတန် သွေးသန့်စင်ဆေး ၃ လုံးကို ပေးအပ်ခဲ့သည်။ ယခု စစ်ခုန်းကျန့် အသက်ရှင်နေသေးကြောင်းကြားတော့ သူလည်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
စစ်ခုန်းဟွမ်က ကူကယ်ရာမဲ့စွာ ဆိုလေ၏။ "အဲ့ဒီပင်လယ်ဓားပြသံတမန်နှစ်ယောက်က အစ်ကိုကြီးအကြောင်းမေးတဲ့အခါ အစ်မတို့ရဲ့အဖေကိုတွေ့ပြီးတော့မှ ပြောမယ်လို့ဆိုပြီး နှုတ်ပိတ်နေတယ်။ သူတို့က ညှိနှိုင်းချင်နေတာ။ အဲ့ဒါကြောင့်..."
ပင်လယ်ဓားပြများသည် စစ်ခုန်းကျန့်ကို ဖမ်းဆီးပြီး မသတ်ခဲ့ပေ။ သူတို့၏ရည်ရွယ်ချက်မှာ ခန့်မှန်းရ လွယ်ပါသည်။ သူတို့သည် ဧရာမဝေလငါးဂိုဏ်းမှ အကျိုးကျေးဇူးများကို ထုတ်ယူရန်အတွက် သူ့ကို ဓားစာခံအဖြစ် အသုံးချချင်ကြသည်။
ညှိနှိုင်းရန် စေလွှတ်ထားသော ပင်လယ်ဓားပြသံတမန်နှစ်ဦးသည် စစ်ခုန်းယုံနှင့်သာ စကားပြောလိုကြသည်။
စူးချန်ခုန်းသည် စစ်ခုန်းဟွမ်၏ ရည်ရွယ်ချက်ကို သဘောပေါက်သည်။ သူက ထိုပင်လယ်ဓားပြနှစ်ယောက်နှင့် တွေ့ဆုံရန်အတွက် စစ်ခုန်းယုံအဖြစ် ရုပ်ဖျက်ပေးဖို့ သူ့အကူအညီကို လိုချင်တာပင်။
"ကောင်းပြီ ဒါဆို ကျွန်တော် သူတို့နဲ့တွေ့မယ်!" စူးချန်ခုန်းက တုံ့ဆိုင်းမနေဘဲ သဘောတူခဲ့သည်။ စစ်ခုန်းကျန့်၏ အခြေအနေနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သူလည်းသိချင်သည်။
အချိန်ဆွဲမနေဘဲ စူးချန်ခုန်းသည် စစ်ခုန်းယုံအသွင်အပြင်ကို ပြောင်းလဲခဲ့သည်။ ဒါတွေအားလုံးလုပ်ပြီးတော့ သူနဲ့အတူ စစ်ခုန်းဟွမ်ကို ခေါ်ဆောင်ကာ ကျွီယိခန်းမကို သွားလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်!"
လမ်းတစ်လျှောက် စူးချန်ခုန်းကို မြင်လိုက်ရသော ဧရာမဝေလငါးဂိုဏ်း၏ တပည့်များအားလုံးက သူ့ကို အားတက်သရော ဦးညွှတ်ကြသည်။
လွန်ခဲ့သော နှစ်ဝက်ခန့်က စစ်ခုန်းယုံသည် မုန့်စန်းကိုသတ်ကာ ပြန်လာကြောင်းကြေငြာပြီးနောက် သူသည် လူသိရှင်ကြား ပေါ်လာခဲသည်။ ယခု ပေါ်လာတာက အရေးတကြီးကိစ္စတစ်ခုကြောင့်ဟု ထင်ရသည်။ ဧရာမဝေလငါးဂိုဏ်း၏အဆင့်မြင့်အဖွဲ့ဝင်များပင် မြင်ရခဲသော ဤဂိုဏ်းခေါင်းဆောင်သည် လူများရှေ့တွင် တစ်ဖန် ပြန်ပေါ်လာလေပြီ။
စူးချန်ခုန်းသည် ကျွီယိခန်းမမှ ဝေလငါးရိုးပေါ်တွင်ထိုင်ချပြီး စစ်ခုန်းဟွမ်နှင့် စစ်ခုန်းဝမ်နှင့်အတူ ငြိမ်ငြိမ်လေး ထိုင်နေ၏။
"တကယ်လို့ ကျန့်အာသာ မသေသေးရင် သူက နောင်မှာ ဂိုဏ်းခေါင်းဆောင်ရာထူးကို သိမ်းပိုက်မယ့်သူပဲ"
စစ်ခုန်းဝမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဧရာမဝေလငါးဂိုဏ်းသည် မကြာသေးမီက တံခါးပိတ်ကျင့်ကြံမှ ထွက်လာသော စစ်ခုန်းယုံ၏ ကျေးဇူးကြောင့် အရာအားလုံး ကောင်းမွန်နေသော်လည်း စူးချန်ခုန်းကဲ့သို့သော လူသည် ဧရာမဝေလငါးဂိုဏ်းတွင် ထာဝရ နေမည်မဟုတ်ကြောင်း စစ်ခုန်းဝမ် ကောင်းကောင်းသိပါ၏။ ထို့ကြောင့် ဆက်ခံသူအား ရွေးချယ်ရမည်။
အသင့်တော်ဆုံးလူက စစ်ခုန်းကျန့် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိသော်လည်း စစ်ခုန်းကျန့်၏ သေလားရှင်လားဆိုတာ မသေချာသေးသဖြင့် စစ်ခုန်းဝမ်သည် ဂိုဏ်းခေါင်းဆောင်ရာထူးအတွက် ဆက်ခံမည့်သူ ရွေးချယ်ရမည်ကို စိုးရိမ်နေခဲ့သည်။
သို့သော် ယခုအခါ ပင်လယ်ဓားပြသံတမန်များ လာရောက်လည်ပတ်မှုကြောင့် စစ်ခုန်းကျန့် သည် ပင်လယ်ဓားပြများ၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်နေပုံရသည်။ သူတို့က စေ့စပ်ညှိနှိုင်းရန် လာခဲ့တာဖြစ်ရမည်!
"သူတို့ကို အထဲ ခေါ်လိုက်!"
စစ်ခုန်းဝမ်က သူ့စိတ်ကို ငြိမ်အောင်ထားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့!”
ကျွီယိခန်းမ အပြင်ဘက်တွင် ဧရာမဝေလငါးဂိုဏ်းသားအချို့က လူနှစ်ယောက်ကို ခန်းမထဲသို့ ခေါ်လာခဲ့သည်။
ထိုလူနှစ်ဦးစလုံးသည် အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိပြီး ရုပ်ရည် ကြမ်းကြမ်း အသားအရည် ကြမ်းကြမ်းနှင့်။ တစ်နှစ်ပတ်လုံး နေဒဏ်လေဒဏ် ခံရသူများသာ ရရှိနိုင်သော အသားအရေမျိုးဖြစ်သည်။ သူတို့နှစ်ဦးက တစ်ဦးနှင့်တစ်ဦး ရုပ်ဆင်ကြပြီး ညီအစ်ကိုများဖြစ်နိုင်ဖွယ်ရှိသည်။