← Chapters

ရေတိမ်များကြား နဂါးလှည့်လည်သွားလာခြင်း။ မိုးပြာပင်လယ်ပြာသို့ ခရီးတစ်ခေါက်။ (၂)

Vol. 14 Ch. 204

ရေတိမ်များကြား နဂါးလှည့်လည်သွားလာခြင်း။ မိုးပြာပင်လယ်ပြာသို့ ခရီးတစ်ခေါက်။ (၂)

Vol. 14 Ch. 204

နှစ်ယောက်သား ကျွီယိခန်းမထဲသို့ ဝင်လာကြပြီး ဝေလငါးရိုးထိုင်ခုံမြင့်ပေါ်တွင် ထိုင်နေသော စူးချန်ခုန်းကို မကြည့်မီ သူတို့၏ အကြည့်များက ခန်းမလွတ်ကြီးထဲသို့ ဝေဝိုက်ကြည့်လိုက်ကြသည်။

အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်းနှင့် ဤလူသည် ဝေလငါးရိုးထိုင်ခုံပေါ်တွင် ကိုယ်တစ်ဝက်မှီထားပြီး သူ၏အသွင်အပြင်သည် ကြမ်းတမ်းခက်ထန်ကာ သာလွန်ကောင်းမွန်သော အရောင်အဝါကို ဖြန့်ကျက်ထားသော်လည်း သူ့မျက်လုံးများတွင် မမြင်နိုင်သော ဖိနှိပ်မှုတစ်ခုရှိသည်။ သူတို့ကို စိုက်ကြည့်ရင်း ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင်က သူတို့အပေါ်ကို စိုက်ကြည့်နေသလိုမျိုး သူတို့ရဲ့ နှလုံးခုန်သံတွေက အလိုလို မြန်လာ၏။

"သူ...သူက စစ်ခုံးယုံလား။ တကယ်ကို... နတ်ဘုရားရဲစွမ်းသတ္တိက ပြိုင်စံရှားဘဲ"

နှစ်ယောက်သား ထိတ်လန့်ကြောက်ရွံ့သွားပြီး သတ်တာဖြတ်တာတွေကို ကြုံတွေ့ဖူးသော ပင်လယ်ဓားပြများပင်လျှင် 'စစ်ခုံးယုံ' ကိုယ်တိုင် ရှိနေခြင်းက သူတို့ကို ထိတ်လန့်အံ့သြဖို့ လုံလောက်ပါသည်။ သာမာန်လူတစ်ယောက်သာဆိုပါက ယခုအချိန်၌ သူတို့၏ လုံးဝ ကြောက်လန့်နေပေလိမ့်မည်။

"ကျွန်တော်က ကျူးဝေ့ပါ!"

"ကျွန်တော်က ကျူးဖုန့်ပါ!"

"ကျွန်တော်တို့က ဂိုဏ်းခေါင်းဆောင် စစ်ခုံးနဲ့ တွေ့ဆုံဖို့ ရောက်လာကြတာပါ။"

နှစ်ယောက်စလုံး လက်ဖြင့် ဦးညွှတ် အလေးပြုကြပြီး တညီတညာလည်း မိတ်ဆက်လိုက်ကြသည်။

"အရမ်းကြီးယဉ်ကျေးနေစရာ မလိုပါဘူး။ မင်းတို့ နှစ်ယောက်က စစ်ခုံးကျန့်ကိစ္စအတွက် အဝေးကနေ လာကြတာမလား။ သူဘယ်လိုနေလဲ ပြောပါဦး။"

စူးချန်ခုန်းက သိပ်ဂရုမစိုက်ဟန်ဖြင့် မေးလိုက်ရာ သူ့အသံက မကျယ်သော်လည်း ကျူးဝေ့နှင့် ကျူးဖုန့်တို့သည် နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ခံစားလိုက်ရသည်။

ကျူးဝေ့က ပြန်မဖြေမီ သူ့အတွေးတွေကိုစုစည်းလိုက်သည်။ "ဂိုဏ်းခေါင်းဆောင်စစ်ခုံးယုံကို တင်ပြအပ်ပါတယ်။ ခေါင်းဆောင်ငယ်လေး စစ်ခုန်းကျန့် အသက်အန္တရာယ်ကင်းပြီး လက်ရှိမှာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် လီဟွင်းရဲ့ နေအိမ်မှာ ဧည့်သည်အဖြစ် တည်းခိုနေပါတယ်။"

သူတို့နှစ်ဦးထံမှ တိုက်ရိုက် ဝန်ခံချက်ကိုကြားလိုက်ရသောအခါ စစ်ခုန်းဝမ်နှင့် စစ်ခုန်းဟွမ်တို့ ဝမ်းသာသွားပြီး စိတ်သက်သာရာရသွားကြသည်။ ယခုအခါ စစ်ခုန်းကျန့်သည် အမှန်တကယ်ပင် မသေသေးဘဲ ဓားစာခံအဖြစ် ဖမ်းဆီးခံရသည်မှာ သေချာပါသည်။

စူးချန်ခုန်းက နှုတ်ဆိတ်နေရာ စစ်ခုန်းဝမ်က မနေနိုင်ဘဲ မေးလိုက်သည်။ "မင်းတို့ နှစ်ယောက်က လီဟွင်းရဲ့ အမိန့်အရ ဒီမှာ ရှိနေတာ ဟုတ်တယ်မလား။ ပြောစမ်းပါဦး။ ကျန့်အာကို လွှတ်ပေးဖို့ လီဟွင်းရဲ့ အခြေအနေတွေက ဘာတွေလဲ။"

လီဟွင်း သံတမန်တွေ ပို့လိုက်တာက အကျိုးအမြတ်ရဖို့ စစ်ခုန်းကျန့်ကို အလဲအလှယ်တစ်ခုအနေနဲ့ အသုံးပြုဖို့ ရည်ရွယ်ထားတယ်ဆိုတာ လူတိုင်းနားလည်ပါသည်။

ကျူးဝေ့နှင့် ကျူးဖုန့်တို့ အကြည့်ချင်းဖလှယ်ကြပြီး အသက်အနည်းငယ် ငယ်သော ကျူးဖုန့်က ပြန်ဖြေ၏။ "ကျွန်တော်တို့ရဲ့ခေါင်းဆောင်က သူဆွေးနွေးလိုတဲ့ အခြေအနေတွေရှိတယ်လို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အဲဒီအခြေအနေတွေကိုဆွေးနွေးညှိနှိုင်းဖို့အခွင့်အာဏာသိပ်မရှိတော့ ဂိုဏ်းခေါင်းဆောင်စစ်ခုန်းကို ကျွန်တော်တို့ရဲ့ခေါင်းဆောင်ရှိရာနေရာဆီကို အလည်လာဖို့ တောင်းဆိုအပ်ပါတယ်ခင်ဗျ။"

ထိုစကားကိုကြားလိုက်ရတော့ စစ်ခုန်းဝမ်နဲ့ စစ်ခုန်းဟွမ်တို့ရဲ့ မျက်နှာတွေ ရုတ်တရတ် ပြောင်းသွားလေ၏။

မိုးပြာပင်လယ်၏ နဝမမြောက် ဓားပြကြီးဟု လူသိများသော လီဟွင်းသည် ကြီးမားသော အင်အားစုများနှင့် တပ်ဖွဲ့ဝင်များစွာကို ကွပ်ကဲကာ ယခုအခါ စစ်ခုန်းယုံအား စေ့စပ်ညှိနှိုင်းရန် သူ့နယ်မြေထဲကို လာရောက်စေချင်နေသည်။ ဒါက ထောင်ချောက်တစ်ခုဆိုတာ သိသာပါသည်။

ထို့အပြင် စစ်ခုန်းယုံသည် တံခါးပိတ်ကျင့်ကြံမှ ထွက်လာသည်မှာ နှစ်ဝက်နီးပါးရှိပြီဖြစ်ပြီး ယခု အချိန်မှ လီဟွင်းသည် ဧရာမဝေလငါးဂိုဏ်းသို့ သံတမန်များ စေလွှတ်ခဲ့သည်။ ဤအတောအတွင်း လီဟွင်းသည် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ညွှန်ပြနေပြီး စစ်ခုန်းယုံအား သူ၏ဂူထဲသို့ မျှားခေါ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ထိုနေရာသည် အလွန်အန္တရာယ်များသော နေရာဖြစ်ရမည်။ အခြေအနေများကို မလိုက်လျောပါက ထွက်ခွာရန်ခက်ခဲမည်မှာ သေချာပါသည်။

စစ်ခုန်းကျန့်ကို ဓားစာခံအဖြစ် အသုံးပြုခြင်းဖြင့် လီဟွင်းသည် တောနက်စီရင်စုမြို့၏ ကြီးကျယ်ခမ်းနားသော ဂိုဏ်းခေါင်းဆောင်အား သူထောင်ထားသော ထောင်ချောက်ထဲသို့ ဆွဲသွင်းရန် ပွင့်ပွင့်လင်းလင်း ကြံစည်နေတာပင်။ ဟိုကိုရောက်သည်နှင့် အခြေအနေများကို သတ်မှတ်ရန် သူ့အပေါ်တွင် မူတည်တော့မည်မဟုတ်ပေ။

"ငါက လိုက်နာဖို့ ငြင်းမယ်ဆိုရင်ရော"

စူးချန်ခုန်းသည် လူနှစ်ယောက်ကို စိုက်ကြည့်ရင်း တည်ငြိမ်စွာ မေးလိုက်သည်။

ကျူးဝေ့နှင့် ကျူးဖုန့်သည် ကြောက်လန့်တုန်လှုပ်ရင်း တုံ့ဆိုင်းသွားသော်လည်း လီဟွန်၏ ညွှန်ကြားချက်ကို သတိရကာ သူတို့ကိုယ်သူတို့ အားတင်းလိုက်ကြသည်။ ကျူးဝေ့က လေးစိုးရိမ်တကြီးနဲ့ ပြောလိုက်သည်။ "ကျွန်တော်တို့ခေါင်းဆောင်က တစ်ခုခုပါးလိုက်ပါတယ်။"

ဒီလိုနှင့် ကျူးဝေ့သည် သူ့ရင်ဘတ်ထဲမှ ပစ္စည်းတစ်ခုပါသည့်ပုံရသော အထည်အထုပ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။ သူသည် တင်းတင်းကျပ်ကျပ် ထုတ်ပိုးထားသော အထုတ်ကို ဖြေပြလိုက်သည်။

၎င်းက လက်ချောင်းတစ်ချောင်းဖြစ်သည်။ ဖြူဖျော့ဖျော့နှင့် သွေးမရှိသည့်လက်ချောင်းတစ်ချောင်း။ ၎င်းက လူတစ်ယောက်၏ လက်သန်းဖြစ်သည်မှာ မှားဖွယ်ရာမရှိပေ။

“ဒီလက်ချောင်းက…”

စစ်ခုန်းဝမ်နှင့် စစ်ခုန်းဟွမ်တို့ ရုတ်တရက် မတ်တပ်ထရပ်ပြီး သူတို့၏မျက်နှာများက ထိတ်လန့်မှုကို ဖုံးကွယ်မထားနိုင်တော့။

ကျူးဝေ့သည် စူးချန်ခုန်း၏ ခံစားချက်ကင်းမဲ့သော မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး သိလိုစိတ်နှင့် ပြောလိုက်သည် "ကျွန်တော်တို့ ခေါင်းဆောင်ပြောခဲ့တာက... ဂိုဏ်းခေါင်းဆောင် စစ်ခုန်းက သူ့ဆီ လာမလည်ဘူးဆိုရင် ထပ်ပြီးပို့လိုက်မှာက ဂိုဏ်းခေါင်းဆောင်ရဲ့ ချစ်လှစွာသော ခေါင်းဆောင်ငယ်လေးရဲ့ လက်တစ်ချောင်းပဲ မဟုတ်တော့ပါဘူးတဲ့။"

ပြောပြီးသွားသောအခါတွင် ကျူးဝေ့နှင့် ကျူးဖုန့်တို့သည် အတွင်းစိတ်ထဲ၌ ညည်းတွားနေကြသည်။ အကြောက်တရားက သူတို့ကို အနိုင်ယူသွားပြီး ဧရာမဝေလငါးဂိုဏ်းခေါင်းဆောင်က ဒေါသတကြီးဖြင့် သူတို့ကို ထုရိုက်လိုက်မည်ကို ကြောက်လန့်နေလေသည်။

စစ်ခုန်းယုံကို သူ့နယ်မြေကို နာနာခံခံနဲ့ လာရောက်လည်ပတ်ပြီး စေ့စပ်ဆွေးနွေးရန် အတင်းအကြပ်ဖိအားပေးဖို့အတွက် လီဟွင်းဟာ စစ်ခုန်းကျန့်ရဲ့ လက်ချောင်းတစ်ချောင်းကို ခြိမ်းခြောက်မှုအဖြစ် ရက်ရက်စက်စက် ခုတ်ထစ်ခဲ့ပြီး စစ်ခုန်းယုံက မသွားဘူးဆိုရင် လီဟွင်းက သူ့ကို မမှတ်မိနိုင်လောက်အောင် ကိုယ်လက်အင်္ဂါတွေကို ဖြတ်တောက်ပစ်မှာ သေချာပါသည်။

ရက်စက်ကြမ်းကြုတ်သော ပင်လယ်ဓားပြများသည် ထင်ရာစိုင်းသော လူရမ်းကား အုပ်စုမျှသာ။

စူးချန်ခုန်းသည် ခြိမ်းခြောက်မှုက သူ့အပေါ် သက်ရောက်မှုမရှိသလို ကျူးဝေ့နှင့် ကျူးဖုန့်တို့အား ခံစားချက်မဲ့စွာ စိုက်ကြည့်နေသည်။ သူ၏မျက်လုံးများထဲမှ အေးစက်စက် လိုသတ်လိုစိတ်များကြောင့် ကျူးဝေ့နှင့် ကျူးဖုန့်တို့သည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကာ သူတို့ရှေ့မှလူသည် သူ့ထိုင်ခုံမှ မည်သည့်အချိန်တွင်မဆို ထလာနိုင်သကဲ့သို့ ခံစားရသည်။ သူတို့ကို ကိုက်စားရန် အဆင်သင့်ဖြစ်နေသော သားရဲကြီးတစ်ကောင်အလား။

ထိုလက်ဆုပ်လက်ကိုင်မပြနိုင်သော ဖိအားအောက်တွင် ကျူးဝေ့နှင့် ကျူးဖုန့်၏ခြေထောက်များသည် စတင်တုန်ခါလာပြီး ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ကြမ်းပြင်ပေါ်တွင် ဒူးထောက်သွားကြသည်။

ကျူးဝေ့က တုန်တုန်ယင်ယင် ငိုငိုယိုယိုနှင့် ပြောလိုက်သည်“ဂိုဏ်း...ဂိုဏ်းခေါင်းဆောင် စစ်ခုန်း၊ ဒါက ကျွန်တော်တို့ အပြစ်မဟုတ်ပါဘူး!”

"ကျွန်တော်တို့က... သံတမန်တွေပါပဲ" ကျူးဖုန့်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။

သားဖြစ်သူ၏လက်ချောင်းကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် အသုံးပြုပြီးနောက် စစ်ခုန်းယုံက ဒေါသတကြီးနှင့် သူတို့ကို ချေမှုန်းပစ်ရန် ဖြစ်နိုင်ချေ လုံးဝရှိသည်။

"ထွက်သွား!"

အတန်ကြာ တိတ်ဆိတ်ပြီးနောက် ဝေလငါးအရိုးကုလားထိုင်မြင့်ပေါ်တွင် ထိုင်နေသည့် 'စစ်ခုန်းယုံ' ၏ အေးတိအေးစက်အသံတစ်ခု ထွက်ပေါ်လာသည်။

"ဟုတ်...ဟုတ်ကဲ့!"

ကျူးဖုန့်နှင့် ကျူးဝေ့တို့သည် ကျွီယိခန်းမမှ အလျင်စလို ထွက်ခွါရန် တစ်ကောက်ကွေး လှိမ့်ကာ ပြေးထွက်သွားကြသည်။

ကျွီယိခန်းမတွင် စူးချန်ခုန်း၊ စစ်ခုန်းဝမ်နှင့် စစ်ခုန်းဟွမ်တို့သာ ကျန်ခဲ့တော့သည်။

"အကြီးအကဲ စစ်ခုန်း၊ အစ်မ၊ ဘယ်လိုထင်လဲ"

စူးချန်ခုန်းက စစ်ခုန်းဟွမ်နဲ့ စစ်ခုန်းဝမ်ကို မေးလိုက်သည်။

စစ်ခုန်းဟွမ်က အနည်းငယ် တုန်လှုပ်သွားပြီး "အစ်ကိုကြီးရဲ့ အသက်အန္တရာယ်ကို သေချာပေါက် လျစ်လျူမရှုလို့ မရဘူးပေါ့။ သူ့ကို အစ်မတို့ သွားကယ်မှရမယ်!"

"ဒါပေမယ့် ဒါက... ပြောရတာပဲ လွယ်တာ။ ပြိုင်ဘက်က ဂိုဏ်းခေါင်းဆောင်ကို စည်းမျဥ်းစည်းကမ်းတွေ ညှိနှိုင်းဖို့ သူတို့နယ်မြေကို လာခဲ့ဖို့ တောင်းဆိုထားတယ်။ ဝင်သွားလိုက်တာနဲ့ ထွက်လာဖို့ ခက်လိမ့်မယ်!"

All Chapters