လိပ်အသက်ရှူနည်းသံချပ်ကာ။ ပင်လယ်ချောက်နက်ကြီးကဲ့သို့ ကျယ်ပြောခြင်း။ (၁)
Vol. 14 Ch. 206
"လီဟွင်း ချိန်းထားတဲ့ နေရာက မိုးပြာပင်လယ် ထဲက ကျွန်းတစ်ကျွန်းမှာပဲ။ အဲဒါက တစ္ဆေပင်လယ်ဓားပြအုပ်စုရဲ့ အဓိက အခြေစိုက်စခန်း ဖြစ်တဲ့ပုံရတယ်။ သူက ငါတို့ လာမှာဖို့ စောင့်နေရင်း တခြား ပင်လယ်ဓားပြတွေကို ဖိတ်ထားလောက်တယ်။"
စစ်ခုန်းဟွမ်က လေးနက်သော အမူအရာဖြင့် ဆိုလေ၏။
"ခန်းမခေါင်းဆောင်တွေကို သွားခေါ်ဖို့ ချက်ချင်း လူလွှတ်လိုက်မယ်။ မိုးပြာပင်လယ်ကိုထွက်ဖို့ တိုက်ပွဲအတွက် ပြင်ဆင်လိုက်မယ်။ ဒီတိုက်ပွဲက ဧရာမဝေလငါးဂိုဏ်းကြီးရဲ့ အောင်မြင်ခြင်း ကျရှုံးခြင်းအတွက် အရေးကြီးတယ်။ ငါတို့ ရှုံးလို့မဖြစ်ဘူး!"
စစ်ခုန်းဝမ်သည် အလားတူပင် လေးနက်နေ၏။
တစ္ဆေပင်လယ်ဓားပြအုပ်စု၏ အခြေစိုက်စခန်းသည် အလွန်အန္တရာယ်များသော နေရာတစ်ခုဖြစ်သည်။ ဧရာမဝေလငါးဂိုဏ်းသည်အထက်တန်းအဆင့် အင်အားစုအားလုံးကို စည်းရုံးရန် လိုအပ်မည်ဖြစ်သည်။ တကယ်လို့များ ဒီတစ်ကြိမ်မှာ အဆင်မပြေခဲ့ရင် ဧရာမဝေလငါးဂိုဏ်းရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် စစ်ပွဲတစ်ခု ဖြစ်လာနိုင်ပါသည်။
မကြာခင်မှာပဲ ခန်းမခေါင်းဆောင်လေးယောက်နဲ့ ခန်းမခေါင်းဆောင်နှစ်ဆယ်ကျော်ကို ဆင့်ခေါ်လိုက်သည်။ စူးချန်ခုန်းက ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြလိုက်ပြီး မိုးပြာပင်လယ်အတွက် ခရီးထွက်ရမယ့် အချိန်ရောက်လာလေပြီ။ သူတို့ရဲ့ တုံ့ပြန်မှုက စိတ်အားထက်သန်လွန်းလှသည်။
"ဂိုဏ်းခေါင်းဆောင်ငယ်လေး မသေသေဘူးလား။ ဒါဆို ကျွန်တော်တို့ သူ့ကို ကယ်ရမယ်!"
"ဂိုဏ်းခေါင်းဆောင်က နောက်ဆုံးတော့ မိုးပြာပင်လယ်ကို ထွက်ဖို့ အချိန်အကြာကြီး စောင့်နေခဲ့တာပေါ့။ အဲဒီ ပင်လယ်ဓားပြတွေက ပိုမောက်မာလာတာပဲ။ သူတို့ကို ကောင်းကောင်းကြီး ရိုက်နှက်ဖို့ ငါ့လက်တွေ ယားလာပြီ။"
ဒီကိစ္စကို သိလိုက်ရတဲ့အခါ လူတိုင်းက သွေးပူစွာ တုံ့ပြန်ခဲ့ကြပြီး ဆုံးဖြတ်ချက်ကို သဘောတူခဲ့ကြသည်။
လွန်ခဲ့သော လပေါင်းများစွာက ဧရာမဝေလငါးဂိုဏ်းမှ လူတိုင်းက စစ်ခုန်းကျန့်သည် ပင်လယ်ဓားပြများနှင့် ကြုံတွေ့ခဲ့ရပြီး သေလားရှင်လား မသေချာသေးကြောင်း သိပါ၏။ ဖခင်ဖြစ်သူ စစ်ခုန်းယုံသည် ဒီအတိုင်း မနေနိုင်တော့ဘဲ ယခုက အချိန်ကျရောက်လာပြီဖြစ်သည်။
အကယ်၍ စစ်ခုန်းကျန့် သို့မဟုတ် မုန့်စန်းသည် ဧရာမဝေလငါးဂိုဏ်း၏ အောင်မြင်နိုင်မလားကျရှုံးနိုင်မလား ဆုံးဖြတ်နိုင်သည့် ဤဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါက အဟန့်အတားနှင့် ဆန့်ကျင်မှုများကို ရင်ဆိုင်ရမည်မှာ သေချာပါသည်။
သို့ပေမယ့် 'စစ်ခုန်းယုံ' ကတော့ မတူပါ။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ကျော်ကြားလာခဲ့ပြီး ဧရာမဝေလငါးဂိုဏ်းကို အရပ်ရပ်မှာ အနိုင်ယူဖို့ ဦးဆောင်ခဲ့တဲ့သူဖြစ်တဲ့အတွက် သူ့ရဲ့ဂုဏ်သိက္ခာဟာ တုနှိုင်း၍မရပေ။ သူ ဒီဆုံးဖြတ်ချက်ကို ချပြီးကတည်းက သေသေချာချာ စဉ်းစားဆင်ခြင်ထားပြီး ဖြစ်ရမည်။ ဒီတပ်မှူးတွေ လုပ်ရမယ့်အရာက သူ့ကို ယုံကြည်ပြီး သူ့နောက်ကို လိုက်ဖို့ပါပင်။
"ဒီတိုက်ပွဲက ဧရာမဝေလငါးဂိုဏ်းနဲ့ တစ္ဆေပင်လယ်ဓားပြအုပ်စုကြားက တိုက်ပွဲတစ်ခု မဟုတ်ဘဲ ဧရာမဝေလငါးဂိုဏ်းနဲ့ မိုးပြာပင်လယ် ပင်လယ်ဓားပြတပ်ဖွဲ့တွေကြားက ကြီးမားတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုပဲ... ရလဒ်က မသေချာဘူး။"
လီဟွင်းသည် အခြားသော ပင်လယ်ဓားပြအဖွဲ့များနှင့် ဆက်သွယ်ထားပြီးဖြစ်ကြောင်း သိထားသောကြောင့် စိုးရိမ်နေသူများလည်း ရှိသည်။ ဧရာမဝေလငါးဂိုဏ်းသည် နဝမအဆင့် ပင်လယ်ဓားပြအဖွဲ့များစွာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဧရာမဝေလငါးဂိုဏ်းက ဘယ်လောက်ပဲ အားကောင်းနေပါစေ ဒီလို မမျှတတဲ့ အခြေအနေမှာ သူတို့ကို ဆန့်ကျင်ပြီး အမှန်တကယ် အနိုင်ယူနိုင်ပါ့မလား။
သို့သော် လူအများစုက 'စစ်ခုန်းယုံ' ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြသည်။ ထိုကိစ္စကို ဆန့်ကျင်သူများကတော့ ထုံးစံအတိုင်း ထုတ်မပြောရဲကြသူများ သို့မဟုတ် သူတို့ပြောလိုက်ပါက မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်မည် မဟုတ်ဘဲ သူတို့၏ ယုံကြည်ချက်ပျောက်ဆုံးသွားနိုင်သည်။
"စစ်ခုန်းယုံဟာ တကယ့်ကို စွမ်းအားကြီးပြီး လေးစားရတဲ့ပုဂ္ဂိုလ်ပဲ။ ဒီလို အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်မျိုးချခဲ့ပေမယ့် ဧရာမဝေလငါးဂိုဏ်းရှိ လူတိုင်းက ထောက်ခံကြတယ်။"
စူးချန်ခုန်းသည် အောက်ဘက်မှ စိတ်လှုပ်ရှားနေသော လူအုပ်ကို ကြည့်ပြီး စစ်ခုန်းယုံကို လူတွေကဘယ်လောက် ရိုသေလေးစားကြတယ်ဆိုတာကို သိလိုက်ရပြီး စိတ်တွင် အံ့ဩနေမိသည်။
"ဂိုဏ်းခေါင်းဆောင်နောက်ကနေ တိုက်ပွဲဝင်မယ်။ မိုးပြာပင်လယ်ရဲ့ ပင်လယ်ဓားပြတွေကို သုတ်သင်ပစ်မယ်။!"
ဧရာမဝေလငါးဂိုဏ်းသည် စတင်စုဝေးပြီးတပ်ဖွဲ့များကို ပြင်ဆင်နေသည်။
"ခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခု ရောက်လာတော့မယ့်ပုံပဲ။" စူးချန်ခုန်းလည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။ စေ့စပ်ညှိနှိုင်းမှုများသည် ကျရှုံးဖွယ်ရှိကြောင်းနှင့် ရလဒ်က လုံး၀တိုက်ပွဲဖြစ်မည်မှာ သေချာကြောင်း သူသိသည်။ စူးချန်ခုန်းလုပ်နိုင်တာက ရန်သူတွေ ကြောက်တဲ့အထိ သတ်ပစ်ဖို့ပါပင်။
စူးချန်ခုန်းသည် နှစ်ရက်ကြာ တိတ်တဆိတ် လေ့ကျင့်ခဲ့ပြီး သူ၏ အခြေအနေကို အထွတ်အထိပ်သို့ ချိန်ညှိခဲ့သည်။
နှစ်ရက်အကြာတွင် အားလုံး အဆင်သင့်ဖြစ်ပြီးနောက် ဧရာမဝေလငါးဂိုဏ်း ဆိပ်ကမ်းဆီသို့ ဦးတည်သွားကြသည်။
"ဒုန်း ဒုန်း ဒုန်း"
သံမဏိစီးကြောင်းများ တဟုန်ထိုးစီးဆင်းနေသည့်နှယ် စစ်သူရဲတစ်ထောင် ချီတက်လာသောကြောင့် လမ်းတစ်လျှောက်ရှိ လူများ မတားဆီးရဲဘဲ လမ်းဖယ်ပေးကြသည်။
"ဧရာမ ဝေလငါးဂိုဏ်းပဲ။ ကြီးမားလိုက်တဲ့ ချီတက်မှုကြီး။ သူတို့ကို ဦးဆောင်နေတဲ့ ဗလတောင့်တောင့်နဲ့လူက ဧရာမဝေလငါးဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံလား။ သူက တကယ်ကိုသြဇာကြီးတာပဲ။"
"တောနက်စီရင်စုမြို့တော်ကို တုန်လှုပ်စေမယ့် သတင်းကြားရဖို့ သိပ်မကြာတော့ဘူးပဲ။"
ဖြတ်သွားဖြတ်လာများက အရှိန်ပြင်းပြင်းဖြင့် ချီတက်နေသော ဧရာမဝေလငါးဂိုဏ်း စစ်သူရဲများကို ကြည့်ရင်း ဧရာမဝေလငါးဂိုဏ်းတွင် ကြီးမားသော စစ်ဆင်ရေးတစ်ခု လုပ်ဆောင်နေပြီဖြစ်ကြောင်း နားလည်သောကြောင့် ရင်တွေတုန်နေမိသည်။
ဧရာမဝေလငါးဂိုဏ်း ဆိပ်ကမ်းမှာ အားလုံးအဆင်သင့်ဖြစ်နေလေပြီ။ မီတာ ရှစ်ရာရှိ စစ်သင်္ဘော အများအပြားနှင့်အတူ အလတ်တန်းစား ရေယာဉ်များ၊ ရေယာဉ်ငယ် အများအပြား ကမ်းစပ်တွင် ဆိုက်ကပ်ထားလေ၏။
“နောက်ဆုံးတော့… ဂိုဏ်းခေါင်းဆောင်က အဲဒီတိုက်ပွဲမှာ ကျရှုံးခဲ့သမျှကို ပြန်အဖတ်ဆယ်ဖို့ ငါတို့ကို ဦးဆောင်ပေးလိမ့်မယ်။”
"ဟားဟား၊ ဒီတစ်ခါတော့ အဲဒီပင်လယ်ဓားပြတွေကို သေချာပေါက် ရက်ရက်စက်စက် ချေမှုန်းပစ်မယ်။"
ဧရာမဝေလငါးဂိုဏ်းသားအများအပြားသည် သင်္ဘောပေါ်သို့ တက်ပြီးနောက် ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။
လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က ဧရာမဝေလငါးဂိုဏ်း၏ စစ်သင်္ဘောငါးစင်း တိုက်ခိုက်ခံခဲ့ရပြီး လူတစ်ထောင်နီးပါး ဆုံးရှုံးခဲ့ရကာ သုံးစီးသာ ပြန်လာနိုင်ခဲ့သည်။ ၎င်းက မကြာသေးမီနှစ်များအတွင်း ဧရာမဝေလငါးဂိုဏ်း ကြုံတွေ့ခဲ့ရသည့် အကြီးမားဆုံးသော ရှုံးနိမ့်မှုဖြစ်သည်။ လူတိုင်းက ဒေါသကို ထိန်းထားကြပြီး ကလဲ့စားချေခြင်းကို လိုလားကြသည်။ အခုတော့ အခွင့်အရေးက ရောက်လာလေပြီ။
စူးချန်ခုန်းသည် အကြီးဆုံး သင်္ဘောကြီး ဖြစ်တဲ့ 'ဧရာမဝေလငါး နံပါတ်တစ်' အပေါ်ကို တက်ခဲ့လေသည်။ ကုန်းပတ်ပေါ်တွင် ရပ်ကာ ပင်လယ်ကြီး၏အဆုံးမရှိ မိုးကုပ်စက်ဝိုင်းကို ငေးကြည့်ရင်း သူ့နှလုံးသားထဲတွင် သူရဲသတ္တိများက တဖွားဖွား။ ကျယ်ပြောလှသော ဤလောကကြီးတွင် သူမအောင်မြင်နိုင်သော အရာတစ်ခုမျှမရှိဟု ခံစားရသည်။
စစ်သင်္ဘော ရှစ်စင်းနှင့် အခြားရေယာဉ်များစွာဖြင့် ဧရာမဝေလငါးဂိုဏ်းသည် ဤတစ်ကြိမ်တွင် သူတို့၏ စစ်သည်တော်အားလုံးနီးပါးကို လူခုနစ်ထောင်မှ ရှစ်ထောင်အထိ ဖြန့်ကျက်ကာ အကောင်းဆုံးကို စေလွှတ်ခဲ့သည်။ လူတစ်သောင်းကျော်နဲ့ သင်္ဘောတက်လာတဲ့ မြင်ကွင်းက အတော်လေးကို အံ့မခန်းပါပင်။
ဧရာမဝေလငါးဂိုဏ်း၏ ရေယာဉ်စုသည် ပင်လယ်ဓားပြတမန်က ပေးအပ်ခဲ့သော တည်နေရာနှင့် သြဒိနိတ်များဆီသို့ ရွက်လွှင့်ခဲ့ပြီး တစ္ဆေပင်လယ်ဓားပြအဖွဲ့၏ အခြေစိုက်စခန်းဆီသို့ ဦးတည်သွားခဲ့သည်။
"အားလုံးက ကုန်းပတ်ပေါ် တက်လာကြ။"
နှစ်ရက်ကြာ ရွက်လွှင့်ပြီးနောက် ဒုတိယနေ့၏ ညနေခင်းတွင် သူတို့၏ ဦးတည်ရာကို ရောက်ရှိလာပြီဖြစ်သောကြောင့် သင်္ဘောတစ်စင်းမှ တစ်စင်းဆီသို့ သတိပေးခေါ်ဆိုမှုများ ပျံ့နှံ့သွားခဲ့သည်။
ထို့အပြင် လှေငယ်များစွာက ထိုနေရာတွင် ကင်းလှည့်နေသည်ကိုလည်း လူအများက မြင်ကြသည်။ သူတို့အားလုံးသည် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်အုပ်ကဲ့သို့ ဧရာမဝေလငါးဂိုဏ်း ချဉ်းကပ်လာနေသသည်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသည့် ပင်လယ်ဓားပြများဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။
“ဒီပင်လယ်ဓားပြတွေ… အဲဒါက တစ်အုပ်စုတည်း မဟုတ်ဘူး သွေးဓားသွားပင်လယ်ဓားပြအဖွဲ့၊ သွေးကျားသစ် ပင်လယ်ဓားပြအဖွဲ့… ငါမြင်ရတဲ့ ပင်လယ်ဓားပြအဖွဲ့ သင်္ဘောတွေနဲ့တင် ငါးစင်းရှိနေပြီ”
ရွက်လွှင့်နေစဉ် စစ်ခုန်းဟွမ်၏ အမူအရာသည် ပို၍ လေးနက်လာသည်။ မီတာတစ်ရာတန်းစား စစ်သင်္ဘောများအပါအဝင် ပင်လယ်ဧရိယာအတွင်း သင်္ဘောများ တစ်ခုပြီးတစ်ခု ပေါ်လာပြီး ၎င်းတို့အားလုံးသည် ပင်လယ်ဓားပြအဖွဲ့ ဆယ့်ရှစ်ဖွဲ့မှ အနည်းဆုံး ငါးဖွဲ့နှင့် အခြားအုပ်စုများ၏ သင်္ဘောများပေါ်တွင် မတူညီသော အလံများ လွှင့်ထူထားကြသည်။
ပင်လယ်ဓားပြသင်္ဘော အရေအတွက်သည် တဖြည်းဖြည်း တိုးလာကာ ဧရာမဝေလငါးဂိုဏ်း ရေယာဉ်စုကို ဆန့်ကျင်လျက် ပင်လယ်ဧရိယာတွင် စုဝေးလျက် ရှိသည်။