လိပ်အသက်ရှူနည်းသံချပ်ကာ။ ပင်လယ်ချောက်နက်ကြီးကဲ့သို့ ကျယ်ပြောခြင်း။ (၃)
Vol. 14 Ch. 208
စစ်ခုန်းဟွမ်က လှည့်ပတ်ကြည့်ရင်း ကျော၌ လေးတံရှည်နှင့် ခါး၌ရတနာဓားကို သယ်ဆောင်ထားသော သူ၏ နှလုံးသားသည် အလွန်အမင်း လေးလံလာသည်။
ယခုအချိန်တွင် တစ္ဆေကျွန်းအနီးတစ်ဝိုက်တွင် ပင်လယ်ဓားပြအဖွဲ့ဆယ်ဖွဲ့နီးပါး စုဝေးခဲ့ကြပြီး အများစုမှာ ဆယ့်ရှစ်ပင်လယ်ဓားပြများထဲတွင် အဆင့်သတ်မှတ်ခံထားရသူများ ဖြစ်ကြသည်။ တစ္ဆေကျွန်းတွင် ဤပင်လယ်ဓားပြအဖွဲ့များထဲမှထိပ်သီးများသည် စစ်ခုန်းယုံ ရောက်ရှိလာခြင်းကို စောင့်မျှော်နေကြသည်။
စူးချန်ခုန်းသည် ခုနလေးတင် စကားပြီးပြောလိုက်သောလူကို ကြည့်လိုက်ရာ သူက အဖြူရောင်အဝတ်အစား ဝတ်ဆင်ထားပြီး အရပ်မြင့်မြင့်နှင့် သူ့မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့နေ၏။ အနှီလူကသည် ဤအဖြစ်အပျက်၏ အဓိကလှုံ့ဆော်သူ လီဟွင်းမှလွဲ၍ အခြားသူမဟုတ်ပေ။
စူးချန်ခုန်းသည် အကြောက်အလန့်မရှိဘဲ စစ်ခုန်းဟွမ်နှင့် အခြားနှစ်ယောက်ကို ဦးဆောင်ရင်း ရင်ပြင်၏အလယ်ဗဟိုသို့ ဦးတည်ကာ စားပွဲတစ်ခုတွင်ထိုင်လိုက်သည်။
စားပွဲတစ်ခုလုံး စားကောင်းဆသာက်ဖွယ်တွေနဲ့ ပြည့်နေသော်ငြား ဘယ်သူမှ မစားချင်ကြပေ။ ပင်လယ်ဓားပြအဖွဲ့ အသီးသီးမှ စားပွဲဝိုင်းတွင် ထိုင်နေသော ရင်ပြင်ရှိ ပင်လယ်ဓားပြများ အားလုံး၏ မျက်လုံးများသည် စူးချန်ခုန်းကို စူးစိုက်ကြည့်နေကြသည်။ ဧရာမဝေလငါးဂိုဏ်းခေါင်းဆောင်က တကယ့်ကို အာဂလူပင်။ သူက ဒီနေရာကို လာရဲသည်။
"စစ်ခုန်းယုံ မင်းက အရင်လို မောက်မာပြီး စိတ်ကြီးဝင်တုန်းပဲ!" အေးစက်သော ထေ့ငေါ့သံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး စူးချန်ခုန်းသည် စကားပြောနေသော ခပ်ထွားထွား အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
ထွားထွားကြိုင်းကြိုင်းနှင့် အနက်ရောင်ကို ၀တ်ဆင်ထားပြီး ဂတုံးစတောက်ကေနှင့် ထူးထူးခြားခြားမှာ ထက်မြက်သော အမူအရာနှင့်။ သူ၏ ဘယ်ဘက်မျက်လုံးက ကန်းနေပုံရပြီး မျက်လုံးကာ ဝတ်ဆင်ထားသည်။ သို့သော် သူ၏ညာဘက်မျက်လုံးသည် အေးစက်သောအလင်းရောင်ဖြင့် တောက်ပနေပြီး စူးချန်ခုန်းကို အကောင်လိုက် မျိုချချင်သလို ကြည့်နေသည်။
"မင်းကဘယ်သူလဲ။"
စူးချန်ခုန်းက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ခပ်ထွားထွားနှင့်လူက ဒေါသတကြီး အော်ဟစ်လိုက်၏ "ငါက ယင်ယန်လေ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က တိုက်ပွဲကို မေ့သွားပြီလား"
“ယင်ယန်… ပင်လယ်ဓားပြဆယ့်ရှစ်ယောက်ရဲ့ အဆင့်တစ်ဆယ် ယင်ယန်” စူးချန်ခုန်း ရုတ်တရက် သဘောပေါက်သွားသည်။
ဆယ့်ရှစ်ပင်လယ်ဓားပြများထဲမှ အဆင့် ၁၀ ရှိသော ယင်ယန်သည် တစ်ချိန်က ငယ်ရွယ်သော စစ်ခုန်းယုံနဲ့ တိုက်ခိုက်ခဲ့ဖူးပြီး ထိုဖြစ်စဉ်တွင် မျက်စိမှိတ်ဆုံးရှုံးကာ ရှုံးနိမ့်ခဲ့ရပြီး စစ်ခုန်းယုံ၏ ဂုဏ်သတင်းကို များစွာမြှင့်တင်ပေးခဲ့သည်။
'စစ်ခုန်းယုံ' ကို ပြန်တွေ့တော့ ယင်ယန်ဟာ အမုန်းတရားတွေ ဖုံးလွှမ်းနေ၏။
ယင်ယန်သည် ဒေါသတကြီးဖြင့် အံကြိတ်လိုက်သည်။ 'စစ်ခုန်းယုံ' သည် သူ့ကို သတိရနေသေးသော်လည်း အထင်အမြင်သေးစေရန် တမင်တကာ ဟန်ဆောင်ကာ သူ့ကို မသိ ဟန်ဆောင်နေသည်ဟု သူထင်သည်။
"ယင်ယန် စိတ်အေးအေးထားပါ!" သို့သော် လီဟွင်းက ပေါက်ကွဲတော့မည့် ယင်ယန်ကို ရပ်တန့်ရန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ယင်ယန်က အေးစက်စွာ ဟစ်အော်ကာ ပြန်ထိုင်လိုက်သော်လည်း သူ့ပါးစပ်ထောင့်များက ထေ့ငေါ့မှုများ အပြည့်။ အခု စစ်ခုန်းယုံ ရောက်လာပြီဆိုတော့ သူ့ကို အသက်ရှင်ခွင့်မပေးနိုင်တော့ပေ။
"အစ်ကိုကြီး ဘယ်မှာလဲ" ထိုအချိန်တွင် စစ်ခုန်းဟွမ်က လီဟွင်းကို မမေးလိုက်ဘဲ မနေနိုင်ခဲ့။
လီဟွင်းက ပေါ့ပေါ့ပါးပါး တစ်ချက်ပြုံးပြီး လက်ခုပ်တီးလိုက်သည်။ "သခင်လေး စစ်ခုန်းကို သွားခေါ်ခဲ့!"
“ဟုတ်ကဲ့!”
တစ်စုံတစ်ယောက်သည် အမိန့်ကိုနာခံ၍ ထွက်ခွာသွားခဲ့သည်။
စူးချန်ခုန်းသည် ကုလားထိုင်တစ်လုံးတွင် ထိုင်ရင်း အလွန်သက်တောင့်သက်သာရှိပုံရသော်လည်း လက်တွေ့တွင်မူ သူသည် ဤနေရာ၌ ရှိနေသူများကို ဂရုတစိုက် စောင့်ကြည့်နေတာဖြစ်သည်။
ထိုလူများအနက်မှ သုံးဦးသည် စူးချန်ခုန်း၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး ပထမဆုံးတစ်ဦးမှာ လီဟွင်း ဖြစ်သည်။
ပင်လယ်ဓားပြ ဆယ့်ရှစ်ယောက်တွင် ပဉ္စမအဆင့်ရှိသော လီဟွင်းသည် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည်။ ယခင်က စစ်ခုန်းကျန့်သည် သူ့ကြောင့် ဒဏ်ရာရခဲ့ပြီး ပြန်လည်ကောင်းမွန်လာရန် နှစ်လကျော်ကြာခဲ့သည်။ လီဟွင်း၏ စွမ်းဆောင်ရည်မှာ မုန့်စန်းထက်ပင် မနိမ့်ကျဘဲ ပို၍ပင် သာလွန်နိုင်သေးသည်။
ကျန်နှစ်ယောက်ထဲမှ တစ်ယောက်မှာ ဆံပင်ဖြူတစ်ဝက်နှင့် အဘိုးအိုတစ်ဦးဖြစ်သည်။ သူက မီးခိုးရောင်အဝတ်အစားကို ၀တ်ဆင်ထားကာ နားလည်ရခက်ပြီး မနှစ်မြို့ဖွယ်ကောင်းသော ရောင်ဝါတစ်ရှိသည်။ သူ့အကြည့်က မြွေတစ်ကောင်လို အေးစက်ပြီး အဆိပ်ပြင်းလေ၏။
နောက်ဆုံးလူက ဂတုံးပြောင်ပြီး ကြွက်သားတောင့်တောင့်နှင့်လူပင်။ သူက ထိုင်နေသော်လည်းနှစ်မီတာနီးပါး အရပ်ရှည်ပြီး အလွန်ထွားကျိုင်းလေသည်။ သူ့ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ထုပ်ပိုးထားသော သားရေချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး အားကောင်းသည့် အသွင်အပြင်ကို ထင်ရှားစွာ မြင်တွေ့ရသည်!
သူတို့နှစ်ဦးသည် လီဟွင်းနှင့်တန်းတူ ကျွမ်းကျင်သူများ ဖြစ်နိုင်သည်။ ထို့အပြင် အခြားသော ချီသွေးနယ်ပယ်မှ ပညာရှင်များ ဒါဇင် သို့မဟုတ် ထို့ထက်မကရှိသေးရာ အမျိုးမျိုးသော ပင်လယ်ဓားပြအုပ်စု၏ ထိပ်သီးလက်ရွေးစင်များ အားလုံးသည် အမှန်ပင် အကောင်းတကာ့ အကောင်းဆုံးများ စုဝေးနေကြသည်။
ဘေးနားတွင် လျှပ်စီးဝေလငါးခန်းမခေါင်ဆောင် ကုန်းအန်းသည် စကားပြန့်ခြင်းမှ ကာကွယ်ရန် ချီစွမ်းအင်ဖြင့် ရစ်ပတ်ပြီး စူးချန်ခုန်းအား တိုးတိုးလေးပြောလိုက်သည် "ဂိုဏ်းခေါင်းဆောင်... အဲ့ဒီ မီးခိုးရောင်ဝတ်စုံနဲ့ အဘိုးအိုက လီဟွင်းရဲ့ ဆရာ အရိပ်တစ္ဆေအကြီးအကဲဖြစ်မယ်။ သူက အသက်အရွယ်ရလာပေမယ့် သူ့လှုပ်ရှားမှုတွေက အရမ်းကျွမ်းကျင်လို့ တောနက်စီရင်စုမှာတောင် လူအနည်းစုပဲ သူ့ကို ယှဉ်နိုင်တယ်လို့ ဆိုကြတယ်။ သူက အန္တရာယ်များတဲ့သူပဲ။"
"ဂတုံးပြောင်ပြောင် ထွားထွားကြိုင်းကြိုင်းနဲ့အဲဒီလူကတော့ ပင်လယ်ဓားပြ ဆယ့်ရှစ်ယောက်ထဲက စတုတ္ထမြောက်ဓားပြ ထျဲကျင့်ကန်း။ သူ့ရဲ့ မာကျောခြင်းစွမ်းရည်ကို မယုံကြည်နိုင်စရာကောင်းတဲ့ အဆင့်အထိ ကျင့်ကြံထားပြီး ဓားနဲ့လှံတွေကို ခံနိုင်ရည်ရှိသည်။ ပြင်းထန်တဲ့ အဆိပ်တွေကို စားရင်တောင် သူ့အတွက် အန္တရာယ်မရှိဘူးတဲ့။ အရမ်းကြောက်စရာကောင်း
တယ်။"
ကုန်းအန်းသည် အန္တရာယ်ရှိသော အရောင်ဝါများ ပိုင်ဆိုင်ထားသူနှစ်ဦးကို သတိပြုမိပြီး သူတို့၏ အသေးစိတ်အချက်အလက်များကို စူးချန်ခုန်းထံသို့ ပြောပြခဲ့သည်။
“အင်း” စူးချန်ခုန်းက အနည်းငယ် ခေါင်းညိတ်ကာ သူ့စိတ်ထဲတွင် ထျဲကျင့်ကန်း၊ အရိပ်တစ္ဆေအကြီးအကဲ၊ လီဟွင်း၊ တစ်ယောက်စီသည် မုန့်စန်းနှင့် ယှဉ်နိုင်သော ထိပ်တန်း ကျွမ်းကျင်ပညာရှင်များဖြစ်ကြောင်း မှတ်သားထားလိုက်သည်။
လီဟွင်းနှင့် အခြားသူများသည် ကုန်းအန်း၏ လှုပ်ရှားနေသော နှုတ်ခမ်းများကို သတိပြုမိသော်လည်း ဂရုမစိုက်ပေ။ သူတို့က ကျွမ်းကျင်သူများစွာဖြင့် စုဝေးပြီး ဧရာမဝေလငါးဂိုဏ်းကို လုံးလုံးလျားလျား ဝါးမျိုပစ်ရန် ရည်ရွယ်ချက် ထားကြတာဖြစ်သည်။
"အစ်ကိုကြီး!"
လူတိုင်းစောင့်ဆိုင်းနေစဉ်တွင် အဝေးတစ်နေရာ၌ ဓားပြများစွာ၏အစောင့်အရှောက်ဖြင့် လိုက်ပို့ခံရသော လူတစ်ယောက် ပေါ်လာလေ၏။ ထိုလူ စစ်ခုန်းကျန့် ဖြစ်သည်။
ထိုအချိန်တွင် စစ်ခုန်းကျန့်သည် အတော်လေး သပ်ရပ်နေသော်လည်း အလွန်အားနည်းပြီး သိသိသာသာ ကိုယ်အလေးချိန်ကျနေဆဲဖြစ်ကာ ပါးရိုးများကို မြင်နိုင်လုနီးပါးဖြစ်လျက် မျက်တွင်းများက ဟောက်ပက်ပက်။ သူ့ရဲ့ ဘယ်ဘက်လက်ချောင်းလေးကိုလည်း အရင်းမှ ရှင်းရှင်းလင်းလင်း လှီးဖြတ်ထားသည်။
ဖမ်းဆီးခံရသော စစ်ခုန်းကျန့်သည် တစ္ဆေကျွန်းတွင် နှစ်ဝက်ကျော် အကျဉ်းချခံခဲ့ရပြီး ထုံးစံအတိုင်း သက်တောင့်သက်သာ မနေရဘဲ အဆုံးမရှိ နှိပ်စက်ညှဉ်းပန်းမှုများ ခံစားခဲ့ရသည်။
"ညီမလေး၊ အ...အဖေ?"
စစ်ခုန်းဟွမ် ၊ ခန်းမခေါင်းဆောင်နှစ်ယောက်နှင့် စူးချန်ခုန်းက စစ်ခုန်းယုံအဖြစ် အသွင်ယူထားသည်ကို မြင်လိုက်ရတော့ သူ ထိတ်လန့်သွားပြီး မကြာမီ သူ၏ မယုံကြည်နိုင်မှုက ထိန်းချုပ်မရသော စိုးရိမ်ပူပန်မှုဆီသို့ ရောက်သွားခဲ့သည်။
စူးချန်ခုန်းနဲ့ တခြားသူတွေ တကယ်ရောက်လာခဲ့သည်။ လူသုံးလေးယောက်လောက်က တစ္ဆေကျွန်းထဲကို နက်နက်နဲနဲ ဝင်လာကြသည်။ ၎င်းက ကျားတွင်းသို့ လျှောက်လာသည့် သိုးကလေးနှင့် တူကာ အန္တရာယ်များလွန်းလှ၏။
စစ်ခုန်းဟွမ်သည် စစ်ခုန်းကျန့်ကို စစ်ဆေးရန် အမြန်ထသွားခဲ့ပြီး ပင်လယ်ဓားပြများက သူ့ကို မတားခဲ့ပေ။
“မင်း… မလာခဲ့သင့်ဘူး” စစ်ခုန်းကျန့်က ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။ စစ်ခုန်းဟွမ်ကို မျှော်လင့်ထားသော်လည်း စူးချန်ခုန်းက စစ်ခုန်းယုံအယောင်ဆောင်ပြီး လာခြင်းသည် သူ့ဘဝကို လုံးဝ လျစ်လျူရှုလိုက်ခြင်းပင်ဖြစ်သည်။
စစ်ခုန်းကျန့် တကယ်အသက်ရှင်နေသေးတာကိုမြင်တော့ စူးချန်ခုန်းလည်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့ရဲ့အမည်ခံအစ်ကိုကြီးဟာ အတော်လေးကို ဒုက္ခရောက်ခဲ့ရပေမယ့် အနည်းဆုံးတော့ အသက်ရှင်နေပါသေးသည်။