← Chapters

လိပ်အသက်ရှူနည်းသံချပ်ကာ။ ပင်လယ်ချောက်နက်ကြီးကဲ့သို့ ကျယ်ပြောခြင်း။(၄)

Vol. 14 Ch. 209

လိပ်အသက်ရှူနည်းသံချပ်ကာ။ ပင်လယ်ချောက်နက်ကြီးကဲ့သို့ ကျယ်ပြောခြင်း။(၄)

Vol. 14 Ch. 209

"ဂိုဏ်းခေါင်းဆောင် စစ်ခုန်း၊ မင်းရဲ့သားကို လွှတ်ပေးပြီးပြီ။ မင်းကို ထွက်သွားခွင့်ပေးမယ့် အခြေအနေတွေအကြောင်း ပြောကြရအောင်။"

ထိုအချိန်တွင် လီဟွင်းက စကားစလိုက်သည်။

“ပြော” စူးချန်ခုန်းက တည်ငြိမ်စွာ ဆို၏။

လီဟွင်းက ပြုံးလိုက်ပြီး "ပထမက ဧရာမဝေလငါးဂိုဏ်းက ချီယွိနဲ့ လွမ်ဖုန်းသင်္ဘောလမ်းကြောင်းတွေရယ် အခြားတူညီတဲ့ လမ်းကြောင်းတွေကို စွန့်ခွါရမယ်"

ထိုစကားကို ကြားလိုက်သောအခါ စစ်ခုန်းဟွမ်နှင့် အခြားသူများ၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။ ဤလမ်းကြောင်းနှစ်ခုသည် မိုးပြာပင်လယ်၏ အဓိကသင်္ဘောလမ်းကြောင်းများဖြစ်ပြီး ကုန်သည်သင်္ဘောအများအပြားက ထိုနေရာကိုသာ ဖြတ်သန်းသွားလာကြသည်။ ဤလမ်းကြောင်းနှစ်ခုကို စွန့်လွှတ်လိုက်ခြင်းသည် ဧရာမဝေလငါးဂိုဏ်း၏ ဘဏ္ဍာရေးလမ်းကြောင်းများ ထက်ဝက်နီးပါးကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

“ဒုတိယအနေနဲ့ ဧရာမဝေလငါးဂိုဏ်းရဲ့ စစ်သင်္ဘောတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို လျော်ကြေးမရှိဘဲ ပေးဆောင်ရမယ်” ဟု လီဟွင်းက ဆက်လက်ပြောကြားခဲ့သည်။

သူတို့၏ စစ်သင်္ဘောများ၏ ကိုးဆယ်ရာခိုင်နှုန်းသာမရှိလျှင် ဧရာမဝေလငါးဂိုဏ်းသည် မိုးပြာပင်လယ်တွင် ခြိမ်းခြောက်မှု မပြုနိုင်တော့ပေ။

"တတိယအချက်ကတော့ တခြားသူတွေ လွတ်လွတ်လပ်လပ် ထွက်သွားနိုင်ပေမယ့် ဂိုဏ်းခေါင်းဆောင် စစ်ခုန်း၊ မင်းကတော့ တစ္ဆေကျွန်းမှာ ခဏလောက်နေဖို့ လိုတယ်။ အရာအားလုံး လွှဲပြောင်းပြီးတာနဲ့ ဂိုဏ်းခေါင်းဆောင် စစ်ခုန်းက လွတ်လွတ်လပ်လပ် ထွက်သွားလို့ရပြီ" ဟူ၍လီဟွင်းက ဧရာမဝေလငါးဂိုဏ်းကို နာခံမှုရှိရှိ လိုက်နာဖို့ သေချာအောင်လုပ်ခဲ့သည်။

စူးချန်ခုန်းက ရယ်မောရင်း “ဒီလိုအခြေအနေတွေ… ငါ တစ်ခုမှ သဘောမတူဘူး! ငါဒီမှာထိုင်ပြီး မင်းငါ့ကို ဘာလုပ်နိုင်မှာလဲဆိုတာကို ကြည့်ဦးမယ်…”

"မင်းငါ့ကို ဘာလုပ်နိုင်မှာလဲ!"

ဤစကားရှစ်လုံးကို အကျယ်ကြီး ပြောလိုက်တာ မဟုတ်သော်လည်း အလွန်တရာ ယုံကြည်မှုအပြည့်ရှိသည့်နှယ်။

လီဟွင်းသည် ပြုံးနေဆဲ ဖြစ်သော်လည်း ပိုအေးစက်လာသည်။ ဒီစစ်ခုန်းယုံက လွယ်လွယ်နဲ့ အညံ့ခံမှာမဟုတ်ဘူးဆိုတာ သူသိပေမယ့် ဒါကက အရေးမပါတော့ပါ။ စစ်ခုန်းယုံကို ဖမ်းသည်ဖြစ်စေ သတ်သည်ဖြစ်စေ ယနေ့တွင် ဧရာမဝေလငါးဂိုဏ်းကို ချေမှုန်းပစ်နိုင်သေးသည်။

ကွင်းပြင်ရှိ လေထုသည် တင်းမာနေပြီး မည်သည့်အချိန်တွင်မဆို ပေါက်ကွဲရန် အသင့်ဖြစ်နေ၏။

"မင်းရဲ့ ကံကြမ္မာကို ရင်ဆိုင်ဖို့ ပြင်ထားလိုက်တော့!"

တစ်ယောက်ယောက်က ပထမဆုံး လုပ်ရှားကာတိတ်ဆိတ်မှုကို ဖြိုခွဲပစ်လိုက်သည်။ အနှီလူက မျက်လုံးတစ်ဖက်တည်းရှိသော ယင်ယန်ဖြစ်သည်။

ယင်ယန်၏ မျက်နှာသည် ရက်စက်ကြမ်းကြုတ်နေလျက်။ သူသည် ငယ်ရွယ်သော စစ်ခုန်းယုံ၏ လုပ်ကြံခြင်းကို ခံခဲ့ရပြီး မျက်စိတစ်ဖက် ဆုံးရှုံးခဲ့ရကာ သူ့ဘဝ တစ်ခုလုံးကို ပေးဆပ်ခဲ့ရသော အရှက်တရား တစ်ခုဖြစ်ခဲ့သည်။ အနှစ်နှစ်ဆယ်ကြာအောင် သူသည် စစ်ခုန်းယုံကို လက်စားချေပြီး သူ့အရှက်တရားများကို ဆေးကြောနိုင်စေရန် လုံ့လစိုက်ထုတ်ကာ လေ့ကျင့်ခဲ့သည်။

"ဘုန်း!"

ယင်ယန်၏ ထူထဲသော ချီနှင့် သွေးများ ထွက်ပေါ်နေချိန်တွင် လေထုသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူ့တစ်ကိုယ်လုံးသည် စူးချန်ခုန်းဆီသို့ ဦးတည်သွားနေသည်။ ဒေါသတကြီး သားရဲတစ်ကောင်လို ရှေ့ကို တိုးထွက်လာချိန်တွင် သူတို့ကြားရှိ စားပွဲသည် ကျိုးပဲ့သွားကာ သူ့လက်များက လက်သည်းများအဖြစ်သို့ ပြောင်းလဲပြီး စူးချန်ခုန်း၏မျက်နှာကို ထိုးဖောက်ကာ မျက်လုံးများကို ဖောက်ထုတ်ရန် ကြိုးစားလိုက်သည်။

ယင်ယန်သည် အစကတည်းက သူ့မှာရှိသမျှ အားကုန်သုံးပြီး ယခုလို ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုဖြင့် အရင်ဆုံး စတင်ခဲ့သော်လည်း စူးချန်ခုန်း၏မျက်လုံးထဲတွင် ယင်ယန်က သေလမ်းရှာနေရုံသာ။

"အက်ကွဲ!"

ယင်ယန်၏လက်သည်းများသည် စူးချန်ခုန်း၏ဦးခေါင်းကို ဖောက်သွားသော်လည်း အရိပ်ကိုသာ ဖောက်ဝင်သွားသည်ကို တွေ့လိုက်ရလေသည်။

ယင်ယန်၏ မျက်လုံးများသည် စူးချန်ခုန်းပျောက်သွားသည်ကိုပင် မမြင်လိုက်ရသဖြင့် ကျုံ့သွားလေ၏။

ဝူချင်းရှီ။ ကြိုးကြာငှက် မျက်လုံးဖောက်ခြင်း။

စူးချန်ခုန်းသည် ကြိုးကြာငှက်ကဲ့သို့ ကျက်သရေရှိစွာ လှုပ်ရှားတတ်သော ဝူချင်းရှီမှ ကြိုးကြာငှက်ပြကွက်ကို ထုတ်သုံးခဲ့သည်။ ကြိုးကြာငှက်၏ လျှို့ဝှက်ဆန်းကြယ်ပြီး လျင်မြန်သော စွမ်းအားဖြင့် ယင်ယန်၏ လက်သည်းဖြင့်ထိုးခြင်းကို ရှောင်တိမ်းနေစဉ်တွင် သူသည် မျက်စိနောက်ကွယ်နေရာတွင် ထွက်ပေါ်လာခဲ့သည်။ စူးချန်ခုန်း၏ ညာလက်ကို တိတ်တဆိတ် လှမ်းလိုက်ပြီး သူ့လက်ညိုးနှင့် လက်ခလယ်တို့သည် ချိတ်များအဖြစ်သို့ ကွေးသွားကာ ပြင်းထန်စွာ တောက်ထုတ်လိုက်သည် ။

“အား”

စူးစူးဝါးဝါးအော်သံနှင့်အတူ ယင်ယန်၏ ကျန်ရှိနေသည့် ညာဘက်မျက်လုံးကို စူးချန်ခုန်းက ဖောက်ထုတ်လိုက်လေ၏။

"သူက... တကယ်ပဲ ငါ့ရဲ့ စန်းတိလား။ ယင်ယန်က ချီသွေးပြောင်းလဲခြင်းအဆင့်လေးကို ရောက်နေပြီဆိုပေမဲ့ ငါတောင်သူ့ကို အနိုင်ယူဖို့ ခက်တယ်..."

ဒီမြင်ကွင်းက စစ်ခုန်းကျန့်ကို ရင်ထိတ်စေခဲ့သည်။ စူးချန်ခုန်း၏ သွက်လက်သော လှုပ်ရှားမှုများနှင့် ထက်မြက်သော စွမ်းရည်များသည် မယုံနိုင်လောက်အောင်ပင်။ သူသည် ယင်ယန်း၏ မျက်လုံးများကို တစ်ချက်တည်းနဲ့ ဖောက်ထုတ်ပစ်လိုက်သည်။ သူတို့ကြားက ကွာဟမှုက ကောင်းကင်နဲ့ မြေကြီးလောက် ကြီးမားသည်။

ချီသွေးနယ်ပယ်ရှိ ကမ္ဘာ့ပြိုင်ဘက်ကင်း ဝူချင်းရှီနှင့် စူးချန်ခုန်းသည် မုန့်စန်းကို ကိုယ်ထိလက်ရောက် ပြင်းထန်စွာ သတ်ပစ်နိုင်ခဲ့သည်။ ထို့ကြောင့် စူးချန်ခုန်း၏ သိုင်းပညာနှင့်သာ ယှဉ်နိုင်သော ယဉ်ယန်သည် သူ့ရှေ့တွင် လုံးဝနုနယ်ပုံရသည်။

"နောက်ဆုတ်!"

ယင်ယန် ပြင်းထန်စွာ ဒဏ်ရာရသွားသဖြင့် လီဟွင်းနှင့် အခြားသူများ အားလုံး၌ ပြင်းထန်သော အမူအရာများကိုယ်စီနှင့်။ စစ်ခုန်းယုံသည် အမှန်တကယ်ပင် ကောလာဟလများ ထွက်ပေါ်နေသကဲ့သို့ ကြောက်စရာကောင်းသော်လည်း သူတို့ တပြိုင်နက် နောက်ဆုတ်သွားခဲ့ကြသည်။

“ဝုန်း!”

တခြားသူတွေ အံ့ဩနေကြတုန်း ကုန်းအန်း၊ ကျောက်ထျန်းဟောက်နဲ့ ကျန်တဲ့သူတွေရဲ့ မျက်နှာတွေ သိသိသာသာ အရောင်ပြောင်းသွားသည်။ မီတာရာနှင့်ချီအကွာမှ ဆွဲငင်လာသော စက်သံများကြားရပြီး သေစေနိုင်သော ခြိမ်းခြောက်မှုက အသံထက် ပိုမြန်သည်။

ဝှစ်!

လေထုထဲတွင် အအေးဓာတ် အလင်းတန်းတစ်ခု လင်းလက်တောက်ပနေပြီး အခင်းဖြစ်ပွားရာ အလယ်ဗဟိုဆီသို့ လျင်မြန်စွာ ပစ်ခတ်လိုက်သည် ။

ထိုမြှားက မျက်လုံးဆုံးရုံးသွားကာ ပြန်မရွေ့နိုင်သေးသော ယင်ယန်ဆီသို့ ဦးတည်နေသည်။

“ဖောင်း!”

သွေးများနှင့် အသားများ ပျံ့သွားကာ စုတ်ပြဲသံများ ပဲ့တင်ထပ်လာသည်နှင့် ယင်ယန်သည် နောက်ကျောမှ ပေါက်ထွက်သွားသော ပန်းကန်လုံးအရွယ် အပေါက်သည် သူ့ရင်ဘတ်တစ်လျှောက် စုတ်ပြဲသွားစေ၏။ အေးစက်စက်အလင်းက အရှိန်အဟုန်ဖြင့် မရပ်တန့်ဘဲ ဆန့်ကျင်ဘက်ရှိ ကျောက်ထျန်းဟောက်ကို ဒေါသတကြီး ရောက်လာသည်။ ယင်ယန်၏ အတားအဆီးသည် မီတာများစွာ နောက်ပြန်ဆုတ်သွားစေရန် ကူညီပေးသောကြောင့် ကျယ်လောင်သော အသံနှင့်အတူ မြေပြင်ကို ထိရိုက်ကာ အလျင်အမြန် ရှောင်တိမ်းလိုက်သည် ။

အနီးကပ်ကြည့်ပါက ၎င်းသည် လက်မောင်းလောက်ထူသည့် မြှားတစ်စင်းဖြစ်ပြီး ထုထည် ကြီးမားလှသည်။ အများစုသည် ကျောက်ဆောင်မြေပြင်တွင် မြှုပ်နေ၏။ ၎င်း၏ အဖျက်စွမ်းအားက အံ့လောက်စရာပင်။

“နတ်ဘုရားလက်တံဒူးလေး…ဒါက နတ်ဘုရားလက်တံဒူးလေးပဲ”

ကျောက်ထျန်းဟောက်သည် မျက်လုံးပြူးလျက် အော်ပြောလိုက်ရင်း အံ့အားသင့်နေသည်။

နတ်ဘုရားလက်တံဒူးလေးသည် ဒူးလေးများ၏ အထွတ်အထိပ်ဖြစ်ပြီး ထုံးစံအတိုင်း ဒူးလေးကြီးများ အမျိုးအစားတွင် ပါ၀င်သော်လည်း သယ်ဆောင်ရန် ခက်ခဲလှသည်။ သို့သော် ၎င်း၏ စွမ်းအားသည် ခြေလှမ်း ရှစ်ရာကျော်မှ လေးလံသော သတ္တုချပ်ဝတ်တန်ဆာကို ဖောက်ထွင်းနိုင်သည်။

"နတ်ဘုရားလက်တံဒူးလေး?" စူးချန်ခုန်းသည် ကင်းမျှော်စင် တည်ရှိရာ မီတာရာနှင့်ချီ အကွာအဝေးကို မျှော်ကြည့်ရာ ထိုလမ်းကြောင်းမှ မြှားထွက်လာသည်။

စူးချန်ခုန်း သိသလောက် နတ်ဘုရားလက်တံဒူးလေးသည် တောနက်စီရင်စုစစ်တပ်နှင့်သာ သက်ဆိုင်ပါသည်။ မြင့်မားသော လက်မှုပညာနှင့် ကုန်ကျစရိတ်ကြီးမားသောကြောင့် မြို့ကိုကာကွယ်သည့် ပြောင်မြောက်သော လက်နက်ဝှက်ဖဲတစ်ခုပင်ဖြစ်သည်။

ဒီပင်လယ်ဓားပြအဖွဲ့မှာ နတ်ဘုရားလက်တံဒူးလေးရှိနေတာလား။ တစ်နေရာကနေ ခိုးသွင်းတာလား။ ဒါမှမဟုတ် တောနက်စီရင်စုစစ်တပ်ဆီက "ငှားယူ"ခဲ့တာလား။

"တစ်ခုထက်ပိုတယ်! အားလုံးသတိထားကြ!" ကုန်းအန်းက အော်ပြောလိုက်သည်။

နတ်ဘုရားလက်တံဒူးလေးသည် သေစေလောက်အောင် အစွမ်းထက်သည်။ သာမန်သိုင်းပညာရှင်သာမက ချီသွေးနယ်ပယ်ရှိ မာကျောခြင်းစွမ်းရည်ကို ကျွမ်းကျင်သူများပင်လျှင် တိုက်ရိုက်ထိမှန်ပါက ပြင်းထန်စွာ ကွဲသွားမည်ဖြစ်သည်။ သို့မဟုတ် သူတို့၏ ခန္ဓာကိုယ်တွင် အပေါက်ကြီး ကျန်ရစ်ခဲ့မည်ဖြစ်သည်။

All Chapters