လိပ်အသက်ရှူနည်းသံချပ်ကာ။ ပင်လယ်ချောက်နက်ကြီးကဲ့သို့ ကျယ်ပြောခြင်း။(၅)
Vol. 14 Ch. 210
"မင်းအတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်ကို သဘောကျမယ်လို့ မျှော်လင့်တယ်!" လီဟွင်း၏ မျက်နှာသည် ရက်စက်သော အပြုံးများဖြင့် ပြည့်နေ၏။
လီဟွင်းသည် စစ်ခုန်းယုံကို ကိုင်တွယ်ရန် ထွက်လာခဲ့သည်။ သူသည် တစ်နေရာရာမှ အထောက်အပံ့ကို ရရှိခဲ့ပြီး သူ၏ ကျောထောက်နောက်ခံများက သူ့အား နတ်ဘုရားလက်တံဒူးလေး ရှစ်ခုကို ချက်ချင်း ငှားပေးခဲ့သည်။
နတ်ဘုရားလက်တံ ဒူးလေး ရှစ်ခုစလုံးအားရင်ပြင်ကို ချိန်ရွယ်၍ တပ်ဆင်ထားခဲ့သည်။ ထို့ကြောင့် လီဟွင်းသည် စေ့စပ်ညှိနှိုင်းရန်အတွက် ဤနေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရင်ပြင်က ကျယ်ပြောလေသည်။
နတ်ဘုရားလက်တံ ဒူးလေး တစ်ခုစီကို လေးအတတ်တွင် ကျွမ်းကျင်သော ခန္ဓာကိုယ်သန့်စင်ခြင်း မဟာအောင်မြင်မှု အဆင့်ရှိ သိုင်းပညာရှင်တစ်ယောက်စီက ထိန်းချုပ်ထားပြီး ဤနယ်ပယ်တွင် အတွင်းအင်္ဂါများ အားကောင်းလာကာ သူတို့၏ အမြင်အာရုံနှင့် တုံ့ပြန်မှုများသည် သာမန်လူတစ်ဦးထက် များစွာသာလွန်သည်။ မီတာရာနဲ့ချီအကွာက ပန်းသီးတစ်လုံးကို ထိမှန်ဖို့က အလွယ်လေးပင်။
နတ်ဘုရားလက်တံ ဒူးလေးသည် အသွေးအသားသက်သက်ရှိသော ထိပ်တိုက်တွေ့ရန် ခက်ခဲသော ကျွမ်းကျင်ပညာရှင် ရှစ်ဦးနှင့် ညီမျှသည်။ ကျွန်းပေါ်ရှိ ထိပ်တန်းတိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာနှင့် ချီသွေးနယ်ပယ်တွင် လက်ထောက်နှစ်ဆယ်ခန့်တို့နှင့်အတူ ၎င်းသည် အမှန်တကယ်ပင် ကောင်းကင်နှင့်မြေကြီး၏ ပိုက်ကွန်တစ်ခုဖြစ်သည်။ စစ်ခုန်းယုံသည် တောနက်စီရင်စုတွင် အင်အားအကောင်းဆုံးထဲမှ တစ်ဦးအဖြစ် လူသိများလျှင်ပင် သူသည် လွတ်မြောက်ဖို့ အခွင့်အလမ်းမရှိသလို ရှုံးနိမ့်မှု၌သာ ကျရောက်ရန် ကြမ္မာဖန်လာသည်ပင်။
"ဒုန်း ဒုန်း ဒုန်း!
မီတာရာနှင့်ချီအကွာမှ လမ်းကြောင်း ခုနစ်ခု ရှစ်ခုတွင် မျှော်စင်များပေါ်ရှိ လူလက်မောင်းကဲ့သို့ ထူထဲသော မြှားကြီးများကို နတ်ဘုရားလက်တံ ဒူးလေးမှ တွန်းပို့ကာ အသံ၏အမြန်နှုန်းထက် ပိုမိုမြန်ဆန်စွာ ပစ်လွှတ်လိုက်လေ၏။
အများစုမှာ စူးချန်ခုန်းကို ချိန်ရွယ်ထားကြသည်။
စူးချန်ခုန်း၏ မျက်ခုံး အနည်းငယ် တွန့်ချိုးသွားသည်။ သူ၏ ခန္ဓာကိုယ်ကို ဆန့်ထုတ်နေသော နုပျိုသည့် သမင်တစ်ကောင်ကဲ့သို့ တဖျတ်ဖျတ်လှုပ်ရှားနေသည်။
“ဒုတ် ဒုတ် ဒုတ်”
ကြီးမားလှသော မြှားများသည် စူးချန်ခုန်း၏ကိုယ်ခန္ဓာကို ကျော်ဖြတ်သွားပြီး ရိုးတံအများစုသည် ချပ်ဝတ်တန်ဆာကို ဖောက်ထွင်းဖောက်နိုင်စွမ်းရှိသော်လည်း ကျောက်ဆောင်မြေကြီးထဲသို့ နစ်မြုပ်သွားကာ ပစ်မှတ်ကို လွဲချော်သွားသောကြောင့် အချည်းနှီးသာ။
“အား!”
တစ်ဖက်တွင် ကျောက်ထျန်းဟောက်၊ ကုန်းအန်းနှင့် အခြားသူများလည်း အကြိမ်ကြိမ် ရှောင်တိမ်းနေခဲ့သည်။ မြှားတစ်စင်းသည် အားနည်းနေသော စစ်ခုန်းကျန့်ကို ချိန်ရွယ်ထားသည်။ ကျောက်ထျန်းဟောက်က ဟိန်းဟောက်ကာ သူ၏ ချီစွမ်းအင်နှင့် သွေးများ တဟုန်ထိုး တက်လာပြီး ခုန်ထွက်လာပြီး ကြီးမားသော မြှားတစ်ဖက်ကို ပြင်းပြင်းထန်ထန် ထိုးနှက်ရင်း မူလလမ်းကို ဖယ်ပစ်လိုက်သည်။
“ဖောင်း! ဖောင်း!”
ဤအခိုက်အတန့်တွင် တစ္ဆေကျွန်း အထက်တွင် ပြိုးပြိုးပြက်ပြက် မီးရှူးမီးပန်းများ အစီအရီ ပေါက်ကွဲလာပြီး တိုက်ခိုက်မှု၏အစပျိုးမှုကို အချက်ပြနေသည်။
"သတ်၊ အားလုံးကိုသတ်ပစ်!"
တစ္ဆေကျွန်း၏အပြင်ဘက်တွင် သင်္ဘောပေါ်ရှိ ပင်လယ်ဓားပြများသည် ကောင်းကင်တွင် မီးရှူးမီးပန်းများ ပစ်လွှတ်သည်ကို မြင်သောအခါ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
"ဒီလူယုတ်မာတွေ! တိုက်ကြ!"
ဧရာမဝေလငါးဂိုဏ်းသားများသည် မီးရှူးမီးပန်းများ ပစ်လွှတ်သည်ကို မြင်လျှင် ကျွန်းပေါ်ရှိ
ညှိနှိုင်းမှု မအောင်မြင်ကြောင်း နားလည်ကြပြီး သူတို့သည်အကြမ်းဖက်မှုအဖြစ် ပြောင်းလဲသွားဖွယ်ရှိသည်။ အခု သူတို့လုပ်နိုင်တာက မိုးပြာပင်လယ်ရဲ့ အရှင်သခင်ဖြစ်မယ့်သူကို သိနိုင်ဖို့ ဒီပင်လယ်ဓားပြတွေနဲ့ အသေအကြေ တိုက်ပွဲဝင်ဖို့ပင်။
ပင်လယ်ဓားပြများ အပါအဝင် နှစ်ဖက်စလုံးမှ တိုက်ခိုက်ရေးသမားများသည် ဒါဇင်နှင့်ချီသော စစ်သင်္ဘောများပေါ်တွင် လူပေါင်းသောင်းနှင့်ချီ၍ ဤပင်လယ်ဒေသတွင် ပြင်းထန်သော တိုက်ပွဲများတွင် ဆင်နွှဲခဲ့ကြသည်။
တစ္ဆေကျွန်း၌။
"ကိုယ့်ကိုကိုယ်ကာကွယ်။ ငါသူတို့ကို ဂရုစိုက်လိုက်မယ်!"
စူးချန်ခုန်းက စစ်ခုန်းဟွမ်နဲ့ တခြားသူတွေကို ပြောလိုက်သည်။ အခုတော့ ဆွေးနွေးစရာမရှိတော့ပါ။ သတ်ဖို့ပဲရှိတော့သည်။ သူတို့ ပြိုလဲသည်အထိ တိုက်ခိုက်ဖို့ပင်။ ထိတ်လန့်စရာတွေ ပြည့်နှက်လာတဲ့အထိ တိုက်ပွဲဝင်ဖို့ပင်။
“ဂိုဏ်းခေါင်းဆောင်… သတိထား!” ကျောက်ထျန်းဟောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
'စစ်ခုန်းယုံ' သည် ထိပ်တန်းတိုက်ခိုက်ရေးသမားများစွာနှင့် ရင်ဆိုင်ရသည့်အပေါ် ယုံကြည်မှုမရှိသော်လည်း အသက်ရှင်ရပ်တည်ရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်သောကြောင့် သူတို့လုပ်နိုင်တာက သူ့ကိုယုံကြည်ဖို့သာ။
နတ်ဘုရားလက်တံဒူးလေးရှစ်ခုသည် သူတို့၏ မြှားများကို ပြန်လည်စတင်၍ ပြန်လည်ချိန်ညှိခြင်းလုပ်ငန်းစဉ်တွင် ရှိနေ၏။
"စစ်ခုန်းယုံ၊ ငါ မင်းနဲ့ တိုက်မယ်။ မင်းသတ္တိရှိရင် ငါ့ဆီက ဒီလက်သီးကို မြည်းကြည့်လိုက်"
ကျယ်လောင်သော ရယ်မောသံများကြားတွင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အရပ်နှစ်မီတာကျော် ဂတုံးပြောင်ပြောင်နှင့် ခပ်ထွားထွား ဧရာမလူကြီးက စူးချန်ခုန်းဆီသို့ လှမ်းလာနေသည်။ သူက လမ်းလျှောက်နေသော်လည်းလမ်းလျှောက်နေသည်နှင့် မတူပေ။ ခြေလှမ်းတစ်ခုစီတိုင်းသည် ပြေးသည်ထက် မြန်သော ဆယ်မီတာနီးပါး အကွာအဝေးကို လွှမ်းခြုံထားသည်။
ထိုထိပ်ပြောင်ပြောင် ဧရာမလူကြီးက မာကျောခြင်းစွမ်းရည်တွင် တောနက်စီရင်စု၌ ပြိုင်ဘက်အနည်းငယ်သာရှိသည့် ထျဲကျင့်ကန်းမှလွဲ၍ အခြားသူမဟုတ်ပေ။
“ဂျွတ်! ဂျွတ်! ဂျွတ်!”
သူ ရှေ့သို့ အမြန်ပြေးလာစဉ် ထျဲကျင့်ကန်း၏ အရိုးများသည် ကျယ်လောင်စွာ အသံထွက်ပြီး သူ၏ အရေပြားသည် ထူထဲသော သတ္တုရောင်ဖြင့် တောက်ပလာပြီး ခေါင်းမှ ချီစွမ်းအင်နှင့် သွေးများ ပေါင်းစပ်ကာ သူ၏ ကြွက်သားများကို သတ္တုနှင့် သံမဏိအဖြစ် ပြောင်းလဲသွားပုံရသည်။ သူ၏ကြီးမားကျယ်ပြန့်သော ကိုယ်ထည်သည် ပိုမိုကျယ်ပြန့်လာပြီး သူထုတ်လွှတ်သော ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် ပြင်းထန်လွန်းသဖြင့် သူ့ပတ်ဝန်းကျင်ရှိလူများအတွက် အသက်ရှူရခက်ခဲစေသည်။
"စိန်လက်သီး။ ဒေါသတကြီး စိန်လက်သီး"
ခြေလှမ်းအနည်းငယ်ကြာရုံဖြင့် ထျဲကျင့်ကန်း သည် သတ္တုသွေးအလင်းရောင်ဖြင့် တောက်ပနေသော သူ၏လက်သီးများဖြင့် စူးချန်ခုန်းရှေ့မှာ ပေါ်လာသည်။ သူသည် စူးချန်ခုန်းဆီသို့ ချေမှုန်းလိုက်ပြီး လေကိုခွင်းသော စွမ်းအားကြမ်းနှင့် ပြင်းထန်သော စွမ်းအားများက ထိုနေရာရှိ လေထုကိုပင် လှည့်ပတ်သွားစေသည်။
မုန့်စန်းကဲ့သို့ပင် ထျဲကျင့်ကန်းသည် ချီသွေးပြောင်းလဲခြင်း အဆင့်ခြောက်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သော်လည်း တိုက်ပွဲအင်အား ရလာသောအခါတွင် သူက မုန့်စန်းထက် သာလွန်လေသည်။
ဝူချင်းရှီ။ ဆင်းသက်လာသောကျား။
စူးချန်ခုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်နှင့် သွေးများ လျှံတက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ထျဲကျင့်ကန်းကို ရင်ဆိုင်ရင်း စူးချန်ခုန်း၏ အမဲဖြတ်လိုစိတ်ဓာတ် နိုးကြားလာပြီး ညာလက်သီးကို ဆုပ်ကာ ထိုးစစ်စွမ်းအားကို စုဆောင်းကာ လက်သီးဖြင့် ထိုးသတ်လိုက်သည်။
“ဝေါင်း!”
ဘာအသံမှ မရှိသော်လည်း တောင်များနှင့်သစ်တောများတစ်လျှောက် တုန်လှုပ်နေသောဟိန်ဟောက်သံသည် ထျဲကျင့်ကန်း၏ နားထဲတွင် ပေါက်ကွဲသွားသည်။ စူးချန်ခုန်းသည် သူ့ရှေ့တွင် ကျားကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပုံရပြီး ထျဲကျင့်ကန်း၏ အံ့သြစရာကောင်းလောက်အောင် ပြင်းထန်သော အသွင်အပြင်ကို ဖိနှိပ်ထားသည်။
"ဘုန်း!"
ပြင်းထန်သော လက်သီးနှစ်လုံးသည် လှလှပပလှုပ်ရှားမှုမရှိပါဘဲ တိုက်မိသွားကာ ကျယ်လောင်သော ပေါက်ကွဲသံများထွက်ပေါ်လာသည်။ လေကြမ်းသည် ပတ်ပတ်လည်ကို ဖြတ်သွားကာ နှစ်ယောက်သား ရပ်နေသည့် မြေကြီးသည် သံတူကြီးဖြင့် ထုရိုက်လိုက်သကဲ့သို့ ကြီးမားသော တွင်းထဲသို့ နစ်ဝင်သွားသည်။
ဤမျှ ကြောက်စရာကောင်းသော စွမ်းအားသည် အသွေးအသား ခန္ဓာကိုယ်မှ ပေါက်ထွက်နိုင်သည်ကို စိတ်ကူးကြည့်ဖို့ ခဲယဉ်းလှသည်။
နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များသည် တစ်ချိန်တည်းတွင် တုန်ခါသွားကာ ထိပ်တိုက် တိုက်မိရာတွင် အလျှော့မပေးပေ။
သို့သော် စူးချန်ခုန်းသည် ခဏလေးပင် မရပ်ခဲ့ပေ။ သူ၏ဘယ်လက်လက်ချောင်းများသည် ချွန်ထက်သော ဓားတစ်ချောင်းကဲ့သို့ စုစည်းလာပြီး ထျဲကျင့်ကန်း၏ဝမ်းဗိုက်ဆီသို့ အပြင်းအထန် ထိုးချလိုက်ကြသည်။ သူသည် ကျားအကွက်ကို အသုံးပြုနေဆဲဖြစ်ပြီး ချင်းယီလက်သီး၏ အနှစ်သာရကို သူ၏နည်းပညာတွင် ပေါင်းစပ်ထားသည်။ စူးချန်ခုန်း၏ လှုပ်ရှားမှုများသည် မှန်းဆ၍မရပေ။ အသွင်အပြင်ပုံစံထက် ရည်ရွယ်ချက်ကို အလေးထားသည် ။
"ဒုတ်!"
ထျဲကျင့်ကန်း၏ဝမ်းဗိုက်သည် နီကြင့်ကြင့် သတ္တုတောက်တောက်ဖြင့် တဖျပ်ဖျပ်လက်သွားသည်။ စူးချန်ခုန်း၏ ထိုးလိုက်သော လက်ချောင်းများသည် သံဖောက်သံကဲ့သို့ သူမျှော်လင့်ထားသည့် ခုခံအားကိုမခံစားရပေ။ သူ ထျဲကျင့်ကန်း၏ ဝမ်းဗိုက်ကို ထိလိုက်သောအခါ ထိုနေရာရှိ ကြွက်သားများသည် ဝါဂွမ်းပုံကဲ့သို့ ပျော့ပျောင်းလာပြီး စူးချန်ခုန်း ထိုးချက်၏ တွန်းအားကို လုံးဝ ပျောက်ကွယ်သွားစေသည်။ ဝမ်းဗိုက်ကြွက်သားများသည် တင်းကျပ်စွာ ကျဉ်းမြောင်းနေပြီး သတ္တုတုံးများကိုပင် ပုံပျက်သွားစေကာ စူးချန်ခုန်း၏လက်ကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားနိုင်သည် ။
တစ်ချိန်တည်းမှာပင် ထျဲကျင့်ကန်း၏လက်များက စူးချန်ခုန်း၏လက်ကောက်ဝတ်များကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
"မင်းကို သေမှပဲ လွတ်ပေးတော့မယ်"
ထျဲကျင့်ကန်းက ပြုံးစပ်စပ်လုပ်နေသည်။ သူက မာကျောခြင်းကျင့်စဉ်ကို သာမာန်လူတွေ လက်လှမ်းမမီတဲ့ အဆင့်အထိ ကျင့်ကြံခဲ့သည်။ မာကျောသောအခါတွင် သူ၏ကြွက်သားများသည် သံမဏိကဲ့သို့မာကျောကာ ဓားနှင့်လှံများကိုခံနိုင်ရည်ရှိပြီး ပျော့ပျောင်းသောအခါတွင် သူ၏ကြွက်သားများနှင့်အရိုးများသည် နွားသားရေနှင့်ဂွမ်းကဲ့သို့ဖြစ်ပြီး လေးလံသော ဒဏ်များကို စုပ်ယူနိုင်ကာ မာကျောမှုနှင့်အတူ ပျော့ပြောင်းမှုပေါင်းစပ်နိုင်သည်။
ဝှစ်!
လေထဲ၌ တစ်စုံတစ်ရာကို ခုတ်ဖြတ်သံတစ်ခု ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် ညာဘက်ခြမ်းနှင့် အနောက်ဘက်မှ တစ္ဆေလိုလို အရိပ်နှစ်ခု ပေါ်လာသည်။ သူတို့က မီးခိုးရောင်အဝတ်အစားဝတ်ထားသည့် အရိပ်တစ္ဆေအကြီးအကဲနှင့် ဝိညာဉ်ကွဲလက် လီဟွင်းတို့ဖြစ်သည်။
"ဟား ဟား၊ စစ်ခုန်းယုံ! ဒီလူအိုကြီး မင်းရဲ့ဝိညာဉ် ကွဲကြေသွားတာကို ဒီနေရာမှာပဲမြင်ရလိမ့်မယ်။"
အရိပ်တစ္ဆေအကြီးအကဲက အသံက အက်ကွဲနေပြီး ထူးဆန်းစွာ ရယ်မောလိုက်သည်။ အသက်အရွယ်ကြီးရင့်လာကာ ချီစွမ်းအင်နှင့် သွေးများ ကျဆင်းနေသော်လည်း ကျွမ်းကျင်ပညာရှင်အဆင့်ဖြင့် အချိန်အကြာကြီးရပ်တည်ခဲ့ပြီး လီဟွင်း၏ ဆရာတစ်ယောက် အနေနှင့် သူ၏ အစွမ်းသတ္တိကို လျှော့တွက်၍မရပေ။
ရယ်မောသံက သူတို့ဆီမရောက်ခင်မှာ အရိပ်တစ္ဆေအကြီးအကဲက ပုံရိပ်ယောင်များနှင့် စူးချန်ခုန်းရဲ့ဘယ်ဘက်မှာ ပေါ်လာသည်။ စူးချန်ခုန်း၏ ဘယ်ဘက်လက်ကို ထျဲကျင့်ကန်းက ချုပ်ထားရာ ဘယ်ဘက်ခြမ်းက လွတ်နေသဖြင့် အရိပ်တစ္ဆေအကြီးအကဲသည် သွေးများစီးကျနေသော အနက်ရောင်ဓားမြှောင်တစ်ချောင်းကို အင်္ကျီလက်ထဲမှ ထုတ်ယူကာ အိုမင်းရှံ့တွနေသောလက်ဖြင့် ဆုပ်ကိုင်ရင်း စူးချန်ခုန်း၏ခါးဆီသို့ အဆိပ်ပြင်းသော မြွေတစ်ကောင်လို ထိုးချလိုက်လေသည်။
"ဝိညာဉ်ကွဲလက်။ နှလုံးခုန်နှုန်းချိုးဖျက်ခြင်း"
စူးချန်ခုန်း၏နောက်တွင် ဖြူဖျော့ဖျော့ မျက်နှာထားနှင့် လီဟွင်းပေါ်လာသည်။ သူ့ဘယ်ဘက်လက်က အစိမ်းရောင် ချီစွမ်းအင် အလင်းတန်းကို ထုတ်လွှတ်လိုက်ပြီး စိတ်ဝိညာဉ်ကို ထိုးဖောက်နိုင်သည့်နှယ်။ သူက စကားတစ်ခွန်းမှ မဆိုဘဲ စူးချန်ခုန်း၏ နောက်ကျောဆီသို့ လက်ဖဝါးဖြင့်ရိုက်ကာ ပြင်းထန်ပြီး ရက်စက်သော လူသတ်သမား၏ လှုပ်ရှားမှုကို အသုံးပြုခဲ့သည်။
ပညာရှင်သုံးဦး စုပေါင်းတိုက်ခိုက်ကြသည်။ ထျဲကျင့်ကန်းသည် စူးချန်ခုန်းကို ချုပ်နှောင်ရန် သူ၏ ကြောက်မက်ဖွယ် မာကျောခြင်းပြင်ပ ခွန်အားကို မြှင့်တင်ခဲ့ပြီး လီဟွင်းနှင့် အရိပ်တစ္ဆေအကြီးအကဲတို့က သေစေလောက်သော ထိုးနှက်ချက်များကို အခွင့်ကောင်း ယူခဲ့ကြသည်။
တောနက်စီရင်စုရှိ ထိပ်တန်းကျွမ်းကျင်ပညာရှင်တစ်ဦးအဖြစ် သိကြသော စစ်ခုန်းယုံပင်လျှင် ယင်းကို ခံနိုင်ရည်မရှိမည်မှာ သေချာပြီး ကူကယ်ရာမဲ့ကာ တစ်ယောက်တည်း ဤနေရာတွင်ပင် ရင်ဆိုင်ရလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။
သို့သော်…
“အား!”
ပြိုင်ဘက် သုံးယောက်၏ ဝိုင်းရံခြင်းကို ခံရပြီး တစ်ယောက်စီသည် မုန့်စန်းထက် မနိမ့်ကျဘဲ ပို၍ပင် အားကောင်းလာသောကြောင့် စူးချန်ခုန်းသည် သူ့သွေးများ ပွက်ပွက်ဆူလာပြီး တိုက်ခိုက်ရေး စိတ်ဓာတ် တောက်လောင်လာသည်ဟု ခံစားလိုက်ရသည်။ သူ၏လည်ချောင်းမှ ကျယ်ပြောလှသော ပင်လယ်ပြင်အထက် မိုးခြိမ်းသံထွက်လာသကဲ့သို့ ရှည်လျားသော ညည်းတွားသံများ ထွက်ပေါ်လာပြီး မိုင်ပေါင်းများစွာ အကွာအဝေးကပင် ထိုအသံကို ကြားရသည်။
မိုးပြာပင်လယ်ထဲက တစ္ဆေကျွန်းအပြင်ဘက်မှာ တိုက်ပွဲဝင်နေကြသူတွေတောင် ကျယ်လောင်ပြတ်သားစွာ ကြားလိုက်ရသည်။
"ဘာ?"
ထျဲကျင့်ကန်း၊ လီဟွင်းနှင့် အရိပ်တစ္ဆေအကြီးအကဲတို့၏ မျက်နှာထားများကို တစ်ပြိုင်တည်း ပြောင်းလဲသွားကြသည်။
"ဂျိန်း!"
စူးချန်ခုန်း၏ မျက်လုံး၊ နား၊ ပါးစပ်၊ နှာခေါင်းနှင့် သူ့ခန္ဓာကိုယ်၏ အပေါက်တိုင်းမှပင် ဆူနာမီကြီးလို တောင်ကြီးပြိုကျလာသလို ချီစွမ်းအင်သည် အရူးအမူး လှိုင်းလုံးကြီးများ ရိုက်ခတ်လာပြီး ထိုရိုက်ခတ်သံများက ကြီးမားသော ဖိနှိပ်မှုများနှင့်အတူ ပြိုလဲသွားသည်။
၎င်းက လှိုင်းလုံးကြီးတွေနဲ့ ရင်ဆိုင်နေရတဲ့ လှေငယ်လေးတစ်စင်းလိုပင်။
ပင်လယ်ပြင်ကြီးလောက်ကျယ်ပြီး ချောက်နက်ကြီးကဲ့သို့ နက်ရှိုင်းလှသည်။
လူတစ်ယောက်က သူ၏ အတွင်းအားကို ဤမျှ လေးနက်သော အဆင့်အထိ ကျင့်ကြံနိုင်မည်ဟု မထင်ထားပေ။