← Chapters

ကျွန်တော်က အရမ်းနှိမ့်ချတတ်တယ်

Vol. 1 Ch. 11

ကျွန်တော်က အရမ်းနှိမ့်ချတတ်တယ်

Vol. 1 Ch. 11

လိချင်းက လက်ဖက်ရည်တစ်ခွက်နှင့်အတူ ပြန်ရောက်လာသည်။

"ရှောင်ကျားရေ.. စုန့်မင်က အရမ်းထူးချွန်တာနော်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မန်နေဂျာဖြစ်နေပြီလေ"

"ဒေါ်လေး ကျွန်တော်က ဒီတိုင်းကံကောင်းရုံပါ"

စုန့်မင်လည်း တခစ်ခစ်ရယ်မောလိုက်မိသည်။

"ကံကောင်းတာကလည်း ဝီရိယရှိတဲ့လူတွေကမှ ကောင်းတာ။ အဲဒီလိုမှမဟုတ်ရင် တချို့က တက္ကစီမောင်းနေတဲ့အချိန် တချို့ကျတော့ မန်နေဂျာဖြစ်နေတာ ဘာလို့လဲ"

လိချင်း ယဲ့ချန်ကို လှမ်းကြည့်လိုက်၏။

ဟယ်ကျား၏အမေက စုန့်မင်ကို တကယ်သဘောကျနေပြီး သူ့ကိုတော့ ရန်လိုနေသည်ကို ယဲ့ချန် သတိထားမိသည်။

စုန့်မင် ခွန်းတုံ့ပြန်လိုက်၏။

"ဟားဟား.. ဒေါ်လေးကလည်း..လူမှုအဖွဲ့အစည်းမှာ အခန်းကဏ္ဍတွေ အမျိုးမျိုးရှိတယ်လေ။ ကျွန်တော်က ဦးနှောက်သုံးရတဲ့အလုပ်မျိုး လုပ်ပေမဲ့ တစ်ယောက်ယောက်ကတော့ ကာယအလုပ်ကို လုပ်ရမှာပေါ့။ အားလုံးက လူမှုဝန်းကျင်ဖွံ့ဖြိုးရေးအတွက် လုပ်နေကြတာလေ"

ဟယ်ကျားကလည်း အေးစက်စက်သရော်လိုက်သည်။

"ရှင်က တကယ်ပဲ အဲဒီလောက်တောင်ထူးချွန်နေတာ ဟုတ်လို့လား။ ရှင့်အဖေကျေးဇူးကြောင့် မန်နေဂျာဖြစ်လာတာမဟုတ်လား"

စုန့်မင်ခမျာ နေရခက်စွာ ပြုံးလိုက်မိသည်။

"ဟုတ်တယ်။ ကိုယ့်အဖေက မန်နေဂျာဖြစ်လာအောင် ကူညီပေးတာမှန်ပေမဲ့ ကိုယ့်ရဲ့အစွမ်းအစကြောင့်လည်း ပါတယ်လေ"

"ဒါနဲ့ အားမင် မင်း မင်္ဂလာဦးအိမ်တစ်လုံး ပြင်ထားပြီးပြီလို့ ကြားတယ်"

"ဟုတ်ပါတယ်။ ထန့်ချန်ယိပင်မှာ အိမ်တစ်လုံးဝယ်ထားပါတယ်။ အစကတော့ ဒေါ်လေးတို့ရဲ့ ဘေးအိမ်ကို ဝယ်ချင်တာ။ ဒါပေမဲ့ အရမ်းဈေးကြီးလွန်းတယ်။ အဲဒီဗီလာက သန်းတစ်ရာကျော်တန်တယ်"

စုန့်မင်က ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။

"ထန့်ချန်ယိပင်က အိမ်ဆိုတော့ သန်းဆယ်ဂဏန်းလောက် တန်မှာပေါ့။ ရှောင်ကျား.. သမီးရဲ့ရည်းစားဖြစ်ဖို့ အမေသတ်မှတ်ထားတဲ့ စံနှုန်းက သူစီးတဲ့ကားက အနည်းဆုံး BMWတော့ဖြစ်ရမယ်။ အိမ်ကလည်း ထန့်ချန်ယိပင်လို သန်းဆယ်ချီတန်တဲ့ အိမ်တော်ကြီးတစ်လုံးဖြစ်ရမယ်"

စုန့်မင်က ဤစကားကို ကြားသောအခါ ဝမ်းသာသွားသည်။ ဤသည်မှာ သူ့ကိုညွှန်းဆိုနေသည့်အလားပင်။

"အမေ သမီးချစ်သူရွေးတဲ့အခါ ငွေကြေးအခြေအနေကို မကြည့်ဘူး။ စရိုက်ကောင်းဖို့ပဲ အရေးကြီးတယ်"

ဟယ်ကျားကမူ သူ့အမေစကားကို ကန့်ကွက်လိုက်၏။

"သမီး ဘာမှနားမလည်သေးပါဘူး။ စိတ်ချယုံကြည်ရတဲ့လူတစ်ယောက်ကိုပဲ ရှာသင့်တယ်။ ဒါက သမီးရဲ့ တစ်သက်တာပျော်ရွှင်မှုနဲ့ ဆိုင်တဲ့ကိစ္စနော်။ အမေကတော့ သမီးကို ရှားလိကားကိုစီးရင်း အရှက်မကွဲစေချင်ဘူး"

လိချင်း၏စကားမှာ ယဲ့ချန်ကို ရည်ရွယ်ခြင်းဖြစ်ကြောင်း သိသာလှ၏။

စုန့်မင်ကလည်း တဟားဟားရယ်လိုက်လေသည်။

"မစ္စတာယဲ့ ဘယ်မှာနေလဲဆိုတာ သိချင်မိတယ်"

ယဲ့ချန်ကတော့ ခပ်ပြုံးပြုံးသာ။

"ကျွန်တော့်အိမ်က သိပ်မဝေးပါဘူး။ သာမန်အိမ်လေးတစ်လုံးပါပဲ"

"အိုး.. တောင်ပိုင်းက ဆင်းရဲသားရပ်ကွက်လား။ ငါတို့အိမ်က သန့်ရှင်းရေးအလုပ်သမားကလည်း အဲဒီမှာနေတာ"

လိချင်းက စက်ဆုပ်ရွံရှာဟန်ဖြင့် ပြောလိုက်သည်။

"အဲဒီပတ်ဝန်းကျင်က တကယ်ဆင်းရဲတာ။ ဒါပေမဲ့ မြို့ထဲက အိမ်ဈေးတွေကလည်း အခုအချိန် တော်တော်ခေါင်ခိုက်နေပြီလေ။ ကျွန်တော်တို့ ထန့်ချန်ယိပင်းအိမ်ဆိုရင် တစ်စတုရန်းမီတာကို နှစ်သောင်းကျော်ရှိတယ်။ သာမန်လခစားဝန်ထမ်းတွေ မဝယ်နိုင်ကြဘူး"

စုန့်မင်က အိမ်ဈေးများ မြင့်တက်ခြင်းနှင့်ပတ်သက်ပြီး နှစ်သိမ့်နေဟန်တူသော်ငြား တကယ်တမ်းမှာတော့ ယဲ့ချန်ရှေ့မှာ ဟိတ်ဟန်ထုတ်ပြခြင်းသာ ဖြစ်၏။

သန်းဆယ်ဂဏန်းခန့်တန်သော အိမ်ကြီးတစ်လုံးကို သူ ပိုင်ဆိုင်ထားကြောင်း ကြားရသည့်တိုင် ယဲ့ချန်၏မျက်နှာအမူအရာက အေးဆေးတည်ငြိမ်နေသည်ကို သူ အံ့သြမိသည်။

တင်းတောင်!

အပြင်ဘက်မှ တံခါးဘဲလ်သံ ထွက်ပေါ်လာသည်။

လိချင်းကပင် တံခါးသွားဖွင့်ပေးလိုက်သည်။

"မင်္ဂလာပါ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ အပြင်ဘက်ကားက ခင်ဗျားတို့ကားလား. ခင်ဗျားတို့ကားက အနားကပါကင်နေရာကို ယူထားသလိုဖြစ်နေလို့ ဖယ်ပေးလို့ရမလား"

လိချင်းလည်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။

ဝင်ပေါက်တွင် ရှားလိကားအဟောင်းတစ်စီးနှင့် BMW X6တစ်စီး ရပ်ထားလေသည်။

BMW X6က စုန့်မင်၏ကားပင်။ လုံခြုံရေးအစောင့်က ရှားလိကားအဟောင်းကို ပြောနေခြင်းပင် ဖြစ်ရမည်။ ယဲ့ချန်က တက္ကစီဒရိုင်ဘာဖြစ်သည့်အတွက် ထိုရှားလိကားက ယဲ့ချန်၏ကားပင် ဖြစ်ရမည်။

လိချင်းလည်း ယဲ့ချန်ကို ပြောလိုက်လေတော့သည်။

"မင်းရဲ့ရှားလိကားက တခြားသူရဲ့ပါကင်နေရာကို ယူထားတယ်တဲ့။ ဒီလိုကားစုတ်မျိုးက ဒီအိမ်ရာထဲကို ဘယ်လိုလုပ်ပြီးဝင်လာရတာလဲ။ လုံခြုံရေးအစောင့်တွေက ဘာလုပ်နေကြတာလဲ"

လုံခြုံရေးအစောင့်ကလည်း အလျင်အမြန်ဝင်ပြောလိုက်သည်။

"အဲဒီရှားလိကို ပြောတာမဟုတ်ပါဘူး။ ရှားလိကားက သူ့နေရာမှာပဲ ရပ်ထားတာပါ။ ကျွန်တော်ပြောတာက BMW X6ကိုပါ"

"ဘာ!"

စုန့်မင် အကြောင်သားဖြစ်သွားရလေသည်။

လုံခြုံရေးအစောင့်က အခန်းထဲကို လှမ်းကြည့်လိုက်ရာ ယဲ့ချန်ကိုမြင်လိုက်ရသဖြင့် ပြောလာလေသည်။

"မစ္စတာယဲ့ ခင်ဗျားက ဒီမှာရောက်နေတာလား။ ခင်ဗျားတို့အချင်းချင်း သိမယ်မထင်လို့ပါ၊ ခင်ဗျားသဘောတူရင်တော့ ပြဿနာမရှိပါဘူး"

ယဲ့ချန် ခေါင်းညိတ်ပြလိုက်သည်။

"အဆင်ပြေပါတယ်။ သူတို့က ကျွန်တော့်မိတ်ဆွေတွေပါ။ သူ့ကားကို ကျွန်တော့်ပါကင်နေရာမှာပဲ ရပ်ခွင့်ပေးလိုက်ပါ"

"ကောင်းပါပြီ မစ္စတာယဲ့ လုပ်စရာရှိတာဆက်လုပ်ပါ"

လုံခြုံရေးအစောင့်ကလည်း ခေါင်းညိတ်ပြပြီး ထွက်သွားလေတော့သည်။

ကားပါကင်?

အဲဒီကားပါကင်နေရာကို ယဲ့ချန် ပိုင်တာလား?

ဟယ်ကျား အံ့သြမှင်တက်သွားလေသည်။

လိချင်းလည်း အံ့အားသင့်သွားရသလို စုန့်မင်လည်း ကြက်သေသေသွားရသည်။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ကားပါကင်နေရာက ယဲ့ချန်ပိုင်သည်ဆိုပါလျှင် ဘေးအိမ်က သန်းတစ်ရာကျော်တန်သည့် ဗီလာကြီးကလည်း ယဲ့ချန်၏အပိုင်လား။

ဟယ်ကျားခမျာ မမေးဘဲ မနေနိုင်တော့ချေ။

"ယဲ့ချန် ငါတို့ဘေးက ဗီလာကို နင်ပိုင်တာလား"

လိချင်းခမျာ ယဲ့ချန်ကို မမှိတ်မသုန်ငေးကြည့်နေမိသည်။ တက္ကစီဒရိုင်ဘာတစ်ယောက်က သန်းတစ်ရာကျော်တန်သော အိမ်တစ်လုံးပိုင်ဆိုင်ထားကြောင်း သူ(မ) မယုံနိုင်ပေ။

စုန့်မင်က ပို၍ပင် မယုံကြည်နိုင်ပေ။ လုံခြုံရေးဝန်ထမ်း တစ်ခုခုမှားနေခြင်းပင် ဖြစ်ရမည်။ ရှားလိကားနှင့် တက္ကစီမောင်းနေသူတစ်ယောက်က ဗီလာတစ်လုံးပိုင်သည်ဆိုခြင်းမှာ မည်သို့ဖြစ်နိုင်မည်နည်း။

ယဲ့ချန် ပြုံးလိုက်မိသည်။

"ကျွန်တော်က ဘေးအိမ်မှာနေတာပါ။ သိပ်မကြာခင်ကမှ ဒီဗီလာကို ဝယ်လိုက်တာလေ။ ဈေးပေါပါတယ်။ သန်းတစ်ရာကျော်ပဲရှိတယ်"

အခန်းထဲဝယ် တိတ်ဆိတ်သွားလေတော့သည်။

သန်းတစ်ရာကျော်က ဈေးပေါသတဲ့လား?

သန်းတစ်ရာကျော်တန်သော ဗီလာထဲမှာနေနေသည့်တိုင် သာမန်အိမ်တစ်လုံးဟု ပြောနေချေသည်။

အရေးအကြီးဆုံးမှာ ဤလူသည် သူ့ကိုယ်သူ တက္ကစီဒရိုင်ဘာဟု ပြောနေခြင်းပင်။

စုန့်မင်၏ဖုန်း ထမြည်လာချေသည်။ ခေါ်ဆိုသူမှာ သူ့အဖေပင်။

"စုန့်မင်.. ထိပ်တန်းသူဌေးတစ်ယောက်က ဟွမ်းယွီအုပ်စုရဲ့ ရှယ်ယာ၂၀ရာခိုင်နှုန်းကို ဝယ်လိုက်ပြီ။ အဲဒီလူရဲ့နာမည်က ယဲ့ချန်တဲ့။ သူ့ကို အမြန်ဆက်သွယ်လိုက်"

မကြာခင်မှာပင် စုန့်မင်ရဲ့ဖုန်းထဲသို့ ဖုန်းနံပါတ်တစ်ခု ရောက်လာသည်။

ယဲ့ချန်?

ဖုန်းထဲရှိ ထိုနာမည်ကိုမြင်လိုက်ရချိန်တွင် စုန့်မင်၏ရင်ထဲ မကောင်းသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

မဖြစ်နိုင်ပါဘူး.. ဒီလူ မဖြစ်နိုင်ပါဘူး...

စုန့်မင်ခမျာ အံတင်းတင်းကျိတ်လျက် မက်ဆေ့ချ်ထဲတွင်ပါသော ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်၏။

ထိုအခန်းထဲမှာပင် ဖုန်းမြည်သံကြားလိုက်ရသည်။

စုန့်မင်မှာ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားရသည်။ အမှန်စင်စစ် သူဖြစ်နေသည်။

ယဲ့ချန်က ဖုန်းဝင်လာသဖြင့် ပြန်ဖြေလိုက်သည်။

စုန့်မင်ခမျာ ယဲ့ချန်ကိုကြည့်ရင်း လုံးဝအံ့အားသင့်သွားရသည်။ သူက ဟွမ်းယွီအုပ်စု၏ ရုံးခွဲမန်နေဂျာအဆင့်သာ ရှိသေးသည်။ ဟွမ်းယွီအုပ်စုက တစ်နိုင်ငံလုံးအနှံ့တွင် ဟိုတယ်ပေါင်း တစ်ရာကျော်ခန့် ပိုင်ဆိုင်ထားသည်။ ယဲ့ချန်က ထိုအုပ်စုတစ်ခုလုံး၏ ရှယ်ယာနှစ်ဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပေသည်။

အစောကပင် သူ ဤထိပ်တန်းသူဌေးရှေ့မှာ ဟိတ်ဟန်ထုတ်ပြနေခဲ့မိသည်။ အစောပိုင်းက ယဲ့ချန်ရှေ့တွင် သူကြွားဝါနေချိန်မှာ ယဲ့ချန်ဘက်က ဘာမှပြောမလာသည်မှာ အံ့သြစရာမဟုတ်တော့ပေ။

"ခင်ဗျားက ဟွမ်းယွီအုပ်စုရဲ့ ဥက္ကဋ္ဌယဲ့ကိုး။ ကျွန်တော်က ရုံးခွဲမန်နေဂျာစုန့်မင်ပါ"

စုန့်မင်လည်း ကိုးရိုးကားရားအပြုံးနှင့်အတူ သူ့ကိုယ်သူမိတ်ဆက်လိုက်၏။

ဟွမ်းယွီအုပ်စုရဲ့ဥက္ကဋ္ဌယဲ့?

စုန့်မင်၏သုံးနှုန်းပုံကို ကြားလိုက်ရသော ဟယ်ကျားနှင့် လိချင်းတို့လည်း အံ့သြသွားကြလေသည်။

အထူးသဖြင့် ယဲ့ချန်ကြောင့် လုံးဝတုန်လှုပ်သွားရသော လိချင်းပင်။

နံဘေးရှိ ဗီလာကြီးကို ယဲ့ချန်ဝယ်ထားခြင်း ဖြစ်လိမ့်မည်ဟု သူ(မ) ထင်မထားပေ။။ ထို့ပြင် ဤလူငယ်လေးက ဟွမ်းယွီအုပ်စု၏ ဥက္ကဋ္ဌယဲ့လည်း ဖြစ်နေပြန်သည်။

ဟွမ်းယွီအုပ်စုဆိုသည်မှာ တစ်နိုင်ငံလုံးရှိ ထိပ်တန်းကျွေးမွေးဧည့်ခံရေးကုမ္ပဏီကြီးသုံးခုထဲမှ တစ်ခုဖြစ်၏။ လိချင်း မသိဘဲမနေပေ။

သူ(မ) အပျော်လုံးစို့သွားရသည်။ အစောပိုင်းက သူ(မ)၏သမီးကို အမြင်မရှိဘူးဟု အပြစ်တင်ပြီး ယဲ့ချန်ကို အထင်သေးခဲ့မိသော်လည်း ယခုတော့ ယဲ့ချန်ကို အလွန်ခန့်ညားပြီး ကြီးကျယ်ခမ်းနားသည်ဟုပင် ထင်နေမိသည်။ သူဝတ်ထားသော ဒရိုင်ဘာယူနီဖောင်းကပင် နှစ်လိုဖွယ်ကောင်းသွားလေသည်။

ယဲ့ချန်၏သရုပ်မှန်ကို သိသွားသော စုန့်မင်လည်း ဤနေရာတွင် ဆက်မနေနိုင်တော့ပေ။ သူ့ကိုယ်သူ လူပြက်တစ်ယောက်လို ခံစားမိသည်။

ဤလူမှာ တစ်ဘီလျံကျော်ပိုင်ဆိုင်ထားသည့်တိုင် အလွန်နှိမ့်ချလှသည်။ ဤသည်မှာ အဆင့်အတန်းကွာဟချက်ပင်။

စုန့်မင်လည်း အလွန်ရှက်မိသဖြင့် ပြန်သွားလေတော့သည်။

လိချင်းကတော့ စုန့်မင်ကို ဂရုမစိုက်တော့ချေ။ ဘီလျံနာသားမက်လောင်းတစ်ယောက်က သာမန်ရုံးခွဲမန်နေဂျာတစ်ယောက်ထက် များစွာသာလွန်ပေသည်။

မူလကတော့ ယဲ့ချန်ကို ညစာစားသွားရန် လိချင်းခေါ်ထားချင်သော်ငြား ယဲ့ချန်က ခပ်ပြုံးပြုံးဖြင့် ပြောလာလေသည်။

"ရှောင်ကျား.. အန်တီ.. ကျွန်တော် တက္ကစီဆက်မောင်းရဦးမှာမို့ သွားလိုက်ပါဦးမယ်"

စုန့်မင်ခမျာ ဤစကားကိုကြားလိုက်ရချိန်တွင် ခလုတ်တိုက်လုမတတ်ဖြစ်သွားလေသည်။

လာနောက်နေတာလား? ဘီလျံနာတစ်ယောက်က တက္ကစီမောင်းတယ်တဲ့လား?

ဗီလာထဲမှာနေပြီး ဟွမ်းယွီအုပ်စုရဲ့ အဓိကရှယ်ယာရှင်ဖြစ်တဲ့ ဘီလျံနာတစ်ယောက်က ရှားလိကားနဲ့ တက္ကစီမောင်းနေတယ်တဲ့...

ဒီနေ့ခေတ်လူကုံထံတွေက လူတွေကိုအရူးလုပ်ရတာ တော်တော်သဘောကျနေကြသလား?

မိန်းကလေးတစ်ယောက်ကို လိုက်ပိုးရာတွင် ပြိုင်ဘက်ဖြစ်သူက ဤမျှကြီးကျယ်ခမ်းနားသူတစ်ယောက် ဖြစ်နေပေသည်။ ဤအဖြစ်ကား စင်စစ်ခက်ခဲလွန်းလှ၏။

လိချင်းနှင့် ဟယ်ကျားတို့လည်း ယဲ့ချန်ကို တံခါးနားအထိ လိုက်ပို့ပေးခဲ့ကြသည်။

ဤတစ်ခေါက်တွင်မူ ယဲ့ချန် ရှားလိကားကို မောင်းမသွားတော့ဘဲ Paganiပြိုင်ကားကိုသာ စီးသွားလိုက်သည်။

ထိုဇိမ်ခံကားကြီး အရှိန်ပြင်းပြင်းနှင့် မောင်းနှင်ထွက်ခွာသွားသည်ကို မြင်သောအခါ လိချင်းက စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ဟယ်ကျားကို ပြောလိုက်၏။

"ရှောင်ကျား သမီးက တော်သားပဲ။ နှမြောဖို့ကောင်းလိုက်တာ။ ဒီလိုမှန်းသိရင် စုန့်မင်ကိုခေါ်မလာပါဘူး။ သမီးလည်း သူ့နှလုံးသားကို အမိဖမ်းပြီးနေလောက်ပြီ"

ဟယ်ကျား ရှက်သွေးဖြာသွားရသဖြင့် ပြောလိုက်လေသည်။

"အမေ ဘာတွေပြောနေတာလဲ"

ကားမောင်းနေသည့် ယဲ့ချန်ဆီသို့ ဟယ်ကျားထံမှ မက်ဆေ့ချ်တစ်စောင် ရောက်လာသည်။

"မနက်ဖြန်ည၈နာရီ ဂရန်းယူနီဗာ့စ်ဟိုတယ်။ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို သေချာပေါက်လာခဲ့နော်!"

ယဲ့ချန်လည်း ပြန်ဖြေလိုက်လေသည်။

"အိုကေ.. ငါ သေချာပေါက်လာခဲ့မယ်"

ဂရန်းယူနီဗာ့စ်ဟိုတယ်ဆိုတာ သိပ်မကြာခင်ကပဲ ငါ ရှယ်ယာဝယ်ထားတဲ့ ဟိုတယ်မဟုတ်လား?

•••••••••••••••

All Chapters