← Chapters

ခွန်အားကိုပြသခြင်း

Vol. 1 Ch. 14

ခွန်အားကိုပြသခြင်း

Vol. 1 Ch. 14

ဟွမ်းယွီဟိုတယ်ရှိ "ဧကရာဇ်ခန်းမ"သည် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များအတွက်သာ ဖွင့်ပေးသည်။

သို့သော် သူကိုယ်တိုင်က ထိုကဲ့သို့ ဩဇာအာဏာကြီးမားသူတစ်ယောက်မဟုတ်သေးပေ။

သို့တိုင် အတန်းဖော်များ၏ ချီးကျူးစကားများကို နားထောင်ရင်း ဖုန်းထောင်လည်း တစ်တန်းလုံး၏ အာရုံစိုက်မှုကို ပြန်လည်ရရှိလိုက်၏။

ဖုန်းထောင်တစ်ယောက်တည်းကသာ မန်နေဂျာစုန့်နှင့် ရင်းနှီးသောကြောင့် မန်နေဂျာစုန့် ဧကရာဇ်ခန်းမကို ဖွင့်ပေးရခြင်းမှာ ယဲ့ချန်၏ အဆက်အသွယ်ကြောင့် ဖြစ်နိုင်သည်ဟူသော အချက်ကို အားလုံးက လျစ်လျူရှုထားကြသည်။

ဖုန်းထောင်ကတော့ ချီးမွမ်းစကားများကြားတွင် အလွန်မာန်တက်နေပြီး မျက်နှာထက်တွင်လည်း ဂုဏ်ယူဝင့်ကြွားမှုအပြည့်ပင်။

ထိုအချိန်တွင်...

သီးသန့်ခန်းတံခါးက ပွင့်သွားပြီး ဟယ်ကျားက အတွင်းသို့ဝင်ရောက်လာသည်။

"ဥက္ကဋ္ဌဟယ် ရောက်လာပြီလား?"

ဖုန်းထောင် အပြေးထွက်ကြိုလိုက်သည်။

ဟယ်ကျားလည်း တအံ့တသြမေးလိုက်မိသည်။

"ငါတို့ရဲ့စုဝေးပွဲကို ဧကရာဇ်ခန်းမမှာ ဘာလို့လုပ်တာလဲ"

ထိုအခါ ဖုန်းထောင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ဖြေလိုက်သည်။

"ငါက ဟွမ်းယွီဟိုတယ်ရဲ့ မန်နေဂျာစုန့်နဲ့ ခင်တယ်လေ။ အဲဒါကြောင့် သူက ငါတို့အတွက် ဧကရာဇ်ခန်းမကို ပေးလိုက်တာ"

ဟယ်ကျားခမျာ အံ့သြမှင်တက်သွားရလေသည်။

သူ(မ) ဖုန်းထောင်ကို လှည့်ကြည့်လိုက်၏။

"မန်နေဂျာစုန့်မှာ ဒီလိုလုပ်ပိုင်ခွင့်မျိုးရှိတယ်လို့ ထင်လို့လား။ ဧကရာဇ်ခန်းမကို ဟိုတယ်ထဲက ပင်မရှယ်ယာရှင်တွေနဲ့ အပြင်က ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တွေအတွက်ပဲ ဖွင့်ပေးတာ။ နင့်မျက်နှာက တကယ်ပဲ ဒီလောက်အထိ တန်ဖိုးရှိတယ်လို့ ထင်နေတာလား"

ဟယ်ကျား၏စကားများကို ကြားလိုက်ရသောအခါ ဖုန်းထောင်လည်း ကြက်သေသေသွားရသည်။

ငါ့ကြောင့်မဟုတ်ရင် ဘယ်လိုဖြစ်လို့လဲ?

ဟယ်ကျားလည်း ယဲ့ချန်ကို လှမ်းကြည့်ကာ မေးလိုက်မိသည်။

"ယဲ့ချန်... ဒါ နင့်လက်ချက်လား"

ယဲ့ချန်!

အတန်းဖော်အားလုံး၏ မျက်လုံးများက ယဲ့ချန်ဆီသို့ ရောက်သွားကြသည်။

ဖုန်းထောင်ကမူ သရော်လေဟန်ဖြင့် ဝင်ပြောလိုက်သည်။

"ဥက္ကဋ္ဌဟယ်... ဟာသတွေမလုပ်စမ်းပါနဲ့။ ယဲ့ချန်က တက္ကစီဒရိုင်ဘာတစ်ယောက်လေ။ ဒီလိုအစွမ်းအစမျိုး သူ့မှာ ဘယ်လိုလုပ်ရှိမှာလဲ?"

"ဟုတ်တယ် ဟယ်ကျား... ဒါက နင့်အဆက်အသွယ်ကြောင့်လား?"

"ဟယ်ကျား.. နင် ငါတို့ကို စပရိုက်အကြီးကြီးလုပ်လိုက်တာပဲနော်"

ဟယ်ကျား စကားပြောတော့မည့်ဆဲဆဲတွင် သီးသန့်ခန်းတံခါးမှာ တစ်ဖန်တွန်းဖွင့်ခံလိုက်ရပြန်သည်။

စုန့်မင်က ရိုးရာဂါဝန်ကို ဝတ်ဆင်ထားသော စားပွဲထိုးမလေး လေးယောက်နှင့်အတူ ဟင်းလျာများနှင့် ဝိုင်နီပုလင်းများကို သယ်ဆောင်လာချေသည်။

"နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။ ကျွန်တော်တို့ဟိုတယ်ရဲ့ စည်းမျဉ်းအရ ဧကရာဇ်ခန်းမထဲက ဧည့်သည်တွေအနေနဲ့ ကျွန်တော်တို့ရဲ့ ဈေးအမြင့်ဆုံးအစားအသောက်တွေကို သုံးဆောင်နိုင်ပါတယ်!"

စားပွဲထိုးလေးယောက်က စားပွဲပေါ်သို့ ဟင်းပွဲများကို တင်ပေးလေသည်။

ငါးမန်းဆူးတောင်စွပ်ပြုတ်၊ ဂုံးဆော့စ်စိမ်ငါးနှပ်၊ သစ်ခွဝက်ဝံဖဝါးနှင့် ငှက်သိုက်တို့ပင်။

အတန်းဖော်တစ်ယောက်က မီနူးကိုကြည့်ပြီး အံ့အားသင့်သွားသည်။

ဘုရားရေ... ဒီဟင်းလေးမျိုးကိုပေါင်းလိုက်ရင် စုစုပေါင်းနှစ်သိန်းခြောက်သောင်းနီးပါးပဲ...

စုန့်မင်က စားပွဲပေါ်သို့ ဝိုင်နီပုလင်းတစ်လုံးကို တင်လိုက်သည်။

"၁၉၈၂ခုနှစ်ထုတ် လာဖိုက်ဝိုင်က... ဧကရာဇ်ခန်းမရဲ့ ဧည့်သည်တော်အတွက် အထူးသီးသန့်တည်ခင်းတဲ့ အရည်အသွေးမြင့်ဝိုင်ပုလင်းပါ"

၁၉၈၂ခုနှစ်ထုတ် လာဖိုက်ဝိုင်?

ဖုန်းထောင်ခမျာ စားပွဲပေါ်ရှိ ဝိုင်နီပုလင်းကိုမြင်သောအခါ မျက်လုံးပြူးသွားရသည်။

"၁၉၈၂ခုနှစ်ထုတ် လာဖိုက်ဝိုင်စစ်စစ်ဆိုတာ ဈေးကွက်ထဲမှာ တော်တော်ရှားပါးနေတာ... အဲဒါကြောင့် လက်ရှိဈေးနှုန်းက တစ်သိန်းလေးသောင်းရှိနေပြီ"

ဖုန်းထောင်လည်း အားလုံးကို ရှင်းပြလိုက်သည်။

ဟွမ်းယွီဟိုတယ်က ဝိုင်အတုကို တည်ခင်းခြင်းမှာ ဖြစ်နိုင်ပါ့မလား။

လုံးဝမဖြစ်နိုင်ပေ။

ဟင်းပွဲများက နှစ်သိန်းခြောက်သောင်းတန်ဖိုးရှိပြီး ဝိုင်နီကတော့ တစ်သိန်းလေးသောင်းပင်။

ဤစားပွဲတစ်ခုလုံး၏ တန်ဖိုးမှာ လေးသိန်းရှိ၏။ ဤသည်မှာ အလွန်တန်ဖိုးကြီးလွန်းလှသည်။

ဖုန်းထောင်၏အမူအရာလည်း အနည်းငယ်ပျက်ယွင်းသွားရသည်။ အကြောင်းမှာ ဟိုတယ်တွင် ဘိုကင်လုပ်ထားသူမှာ သူကိုယ်တိုင်ဖြစ်ပြီး ကနဦးဘတ်ဂျက်ကလည်း တစ်သောင်းကျော်မျှသာ ဖြစ်၏။

ယခုမူ ဘတ်ဂျက်က အဆပေါင်းလေးဆယ်အထိ တိုးသွားပြီဖြစ်လေရာ သူတတ်နိုင်သည့်အဆင့်ထက် ကျော်လွန်နေပေသည်။

"မန်နေဂျာစုန့်... ကျုပ်တို့ ဒီဝိုင်နဲ့ဟင်းပွဲတွေကို မမှာထားဘူးဗျ"

စုန့်မင်က ခပ်ဖွဖွပြုံးလိုက်လေသည်။

"အထွေထွေမန်နေဂျာဖုန်း... စိတ်မပူပါနဲ့။ ဒီစားပွဲတစ်ခုလုံးကို ဥက္ကဋ္ဌယဲ့အတွက် လက်ဆောင်ပေးထားတာပါ။ သူက ကျုပ်တို့ကုမ္ပဏီရဲ့ အကြီးတန်းရှယ်ယာရှင်ဖြစ်တဲ့အတွက် ဟိုတယ်ဘက်က အထူးဧည့်ခံပေးထားတာပါ"

ဥက္ကဋ္ဌယဲ့?

သူတို့အားလုံး တဒင်္ဂမျှအံ့သြမှင်တက်ကုန်ကြသည်။ ဖုန်းထောင်လည်း ကြက်သေသေသွားရသည်။

ထျန်းလိလိခမျာ ထိတ်လန့်သွားသည်။

အခြားအတန်းဖော်များလည်း မယုံကြည်နိုင်လေဟန် အမူအရာများ ပြသလာကြသည်။

အတန်းထဲတွင် "ယဲ့"မျိုးရိုးမှာ ယဲ့ချန်တစ်ဦးတည်းသာရှိသည်။

အဖြေကား ရှင်းနေလေပြီ။

စုန့်မင်က သူတို့အတွက် ဧကရာဇ်ခန်းမကို ဖွင့်ပေးခြင်းကား မထူးဆန်းတော့ပေ။ ဤသည်မှာ ဖုန်းထောင်ကြောင့်မဟုတ်ဘဲ ယဲ့ချန်ကြောင့်ပင်။

စုန့်မင်နှင့် ရိုးရာဂါဝန်ဝတ်ဆင်ထားသော အမျိုးသမီးလေးယောက်က ယဲ့ချန်အား ဦးညွှတ်ကာ ပြောသွားသည်။

"ဥက္ကဋ္ဌယဲ့... ဧည့်သည်တွေနဲ့ သုံးဆောင်လိုက်ပါဦး။ တစ်ခုခုလိုအပ်တာရှိရင်လည်း ပြောပါ"

ယဲ့ချန်လည်း ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

စုန့်မင်၏မြှောက်ပင့်နိုင်စွမ်းကို ချီးကျူးသင့်ပေသည်။ ယဲ့ချန်အား ဤမျှအထိ ကောင်းကောင်းမွန်မွန် ဂုဏ်တင်ပေးသွားသည်မှာ အမှတ်ပြည့်ပေးဖို့ ထိုက်တန်လေသည်။

အတန်းဖော်များကတော့ အံ့အားသင့်ကုန်ကြသည်။ ဧကရာဇ်ခန်းမတစ်ခုလုံးလည်း တိတ်ဆိတ်သွားသည်။

ဟယ်ကျားတစ်ယောက်တည်းသာ အံ့သြမနေခြင်းပင်။

အကြောင်းမှာ သူ(မ) ယဲ့ချန်၏ အခြားသရုပ်မှန်တစ်ခုကို သိထားသောကြောင့်ပင်။

အတန်းဖော်မိန်းကလေးများအားလုံးက ယဲ့ချန်အား စွဲလမ်းတပ်မက်မှုအပြည့်ဖြင့် ကြည့်နေကြသည်။

ဘုရားရေ... တစ်ချိန်တုန်းက ကျောင်းရဲ့အသည်းကျော်လေးက အခုတော့ ဩဇာအာဏာညောင်းတဲ့ ဥက္ကဋ္ဌတစ်ယောက်ဖြစ်နေပြီတဲ့...

ဟွမ်းယွီအုပ်စုဆိုသည်မှာ ဈေးကွက်တန်ဖိုး ဘီလျံပေါင်းများစွာ တန်ဖိုးရှိသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

ဖုန်းထောင်နှင့် ထျန်းလိလိတို့ခမျာ လုံးဝကြောင်အသွားရသည်။

သူတို့နှစ်ယောက်မှာ အားလုံးရှေ့မှာပင် ယဲ့ချန်အား တက္ကစီဒရိုင်ဘာတစ်ယောက်ဟုဆိုကာ လှောင်ပြောင်သရော်ခဲ့ကြသည်။

အမှန်တကယ်မှာ တက္ကစီမောင်းခြင်းသည် အပိုချိန်အလုပ်တစ်ခုသက်သက်သာဖြစ်ပြီး သူ့အဆင့်အတန်းအစစ်မှာ ဟွမ်းယွီအုပ်စု၏ ပင်မရှယ်ယာရှင်တစ်ယောက်ပင်။

"ယဲ့ချန်... ငါတို့အတန်းထဲမှာ တကယ့်ဒိတ်ဒိတ်ကြဲက မင်းဆိုတာ ဘယ်သူကထင်မိမှာလဲ"

"ယဲ့ချန်... မင်း ကောင်းကောင်းဖုံးကွယ်ထားတာပဲကွ။ ငါတို့တွေအကုန်လုံး မင်းကို တက္ကစီဒရိုင်ဘာလို့ ထင်ထားတာ။ တကယ်တော့ မင်းက ရှယ်ချမ်းသာတဲ့ သူဌေးတစ်ယောက်ဖြစ်နေတာကိုး"

"ဟုတ်တယ်။ ယဲ့ချန်ကျေးဇူးကြောင့် လေးသိန်တန်ညစာကို စားခွင့်ရလိုက်ပြီ"

ဟယ်ကျားကလည်း မတ်တတ်ထရပ်ပြီး ဝိုင်ခွက်ကိုမြှောက်လိုက်၏။

"ယဲ့ချန်... ငါတို့ကုမ္ပဏီက ရီတာ့အုပ်စုနဲ့ စာချုပ်ချုပ်နိုင်ခဲ့တာ နင့်ကျေးဇူးကြောင့်ပါ။ ဒီတော့ ငါ နင့်ကို အရက်ခွက်မြှောက်ပြီး ဂုဏ်ပြုပေးမယ်"

စာချုပ်ကို လက်မှတ်ထိုးနေချိန်တုန်းက ယဲ့ချန်သည် ရီတာ့အုပ်စု၏ ပင်မရှယ်ယာရှင်ဖြစ်ကြောင်း ဟယ်ကျား သိခဲ့ရသည်။

ထိုအချိန်မှသာ ထိုအကြောင်းပြချက်ကြောင့် ရီတာ့အုပ်စုက သူ(မ)အား အကျိုးအမြတ်အလွန်များပြားသော စာချုပ်ကို ပေးခဲ့ခြင်းဖြစ်ကြောင်း သူ(မ) နားလည်သွားသည်။

ဤသည်မှာ ကံကောင်းခြင်းသက်သက်မဟုတ်ပေ။ ယဲ့ချန်ကြောင့်သာဖြစ်၏။

ဤလူယုတ်မာက သူ့ကိုလှည့်စားပြီး ဖားခုန်ခုန်ခိုင်းခဲ့သောကြောင့် သူ(မ) ခြေကျင်းဝတ်လည်ခဲ့ရသည်။

သို့သော် ယဲ့ချန်တွင် အခြားသရုပ်မှန်တစ်ခု ထပ်ရှိနေလိမ့်ဦးမည်ဟု ဟယ်ကျား လုံးဝထင်မထားပေ။ ဟွမ်းယွီအုပ်စု၏ ပင်မရှယ်ယာရှင်တဲ့လား။

ဟယ်ကျား ပြောစရာစကားကင်းမဲ့သွားရသည်။ သူသည် အခြားဘယ်ကုမ္ပဏီကြီးများတွင်ပါ ရှယ်ယာပါထားသေးသလဲ မသိပေ။

"ခဏနေပါဦး... ယဲ့ချန်က ရီတာ့အုပ်စုရဲ့ အသစ်ခန့်အပ်လိုက်တဲ့ ဥက္ကဋ္ဌလား"

ထျန်းလိလိခမျာ ထိတ်လန့်တကြား မေးလိုက်မိသည်။

ထျန်းလိလိမှာ ရီတာ့အုပ်စု၏ ဝန်ထမ်းတစ်ယောက်ဖြစ်သောကြောင့် လတ်တလောလေးကမှ အသစ်ခန့်အပ်လိုက်သော ဥက္ကဋ္ဌမှာ "ယဲ့ချန်"ဟုခေါ်ကြောင်း ကြားထားသည်။

အစကတော့ ဤသည်မှာ နာမည်တူရုံမျှသာဟု သူ(မ) ထင်ထားခဲ့သော်ငြား ဟယ်ကျား၏စကားကို ကြားပြီးနောက်မှသာ သူ(မ) သတိရလိုက်မိသည်။

ဟယ်ကျားကလည်း ခေါင်းညိတ်ပြ၏။

"ဟုတ်တယ်လေ။ ဟွမ်းယွီအုပ်စုရဲ့ ရှယ်ယာရှင်ဆိုလည်းဟုတ်တယ်။ ရီတာ့အုပ်စုရဲ့ ဥက္ကဋ္ဌလည်းဟုတ်တယ်"

ခန်းမကြီးတစ်ခုလုံး တစ်ဖန် တိတ်ဆိတ်သွားပြန်လေသည်။

ဘုရားရေ... ယဲ့ချန်က ဘယ်လောက်တောင် ချမ်းသာတာပါလိမ့်?

ရီတာ့အုပ်စုဆိုသည်မှာ ဟွားနိုင်ငံထဲရှိ ထိပ်တန်းကုမ္ပဏီသုံးခုထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဟွမ်းယွီအုပ်စုကပါ ရှိနေလေရာ သူသည် ဘီလျံနာတစ်ဦးဖြစ်နေမည်မှာ သေချာပေါက်ပင်။

ဖုန်းထောင်လည်း အလွန်ထိတ်လန့်သွားရသဖြင့် မြေကြီးအက်ကွဲကြောင်းထဲသို့ တိုးဝင်ပျောက်ကွယ်ချင်စိတ်ပေါက်သွားသည်။

ပြန်စဉ်းစားကြည့်ပါက သူ ယဲ့ချန်ရှေ့မှာ ဟိတ်ဟန်ထုတ်ပြခဲ့မိသည်။ တုံးအလိုက်သည့် သူပင်။

ညစာစားပွဲပြီးသွားသောအခါ အားလုံး ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောနေကြသည်။

ယဲ့ချန်သည် သရုပ်မှန်ကို ထုတ်ဖော်လိုက်ပြီဖြစ်သော်လည်း နှိမ့်နှိမ့်ချချသာနေနေပြီး မော်ကြွားခြင်းမရှိပေ။

ယဲ့ချန်၏ အေးဆေးပေါ့ပါးသော အမူအရာကို မြင်သောအခါ ဖုန်းထောင်ခမျာ ပို၍ပင် ရှက်မိပြီး ခေါင်းမဖော်နိုင်ဖြစ်နေချေသည်။

ယဲ့ချန်က တက္ကစီမောင်းနေရသောကြောင့် အရက်နည်းနည်းသာသောက်ခဲ့ပြီနောက် သူ၏Paganiပြိုင်ကားထဲကို ဝင်လိုက်ချိန်ဝယ် ထျန်းလိလိက အပြေးရောက်ချလာသည်။

"ယဲ့ချန်... ငါ အရက်သောက်ထားလို့ နည်းနည်းမူးနေတယ်။ ငါ့ကို အိမ်လိုက်ပို့ပေးလို့ရမလား"

"တင်! အော်ဒါအသစ်တစ်ခု လက်ခံရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်"

ယဲ့ချန် ပြုံးလိုက်မိသည်။

"ဆောရီး။ အော်ဒါတစ်ခုဝင်လာလို့ နင့်ကို လိုက်မပို့နိုင်လောက်တော့ဘူး"

ထိုအချိန်ဝယ် ဆွဲဆောင်မှုရှိသော ပုံရိပ်နှစ်ခုက ခရီးသည်ထိုင်ခုံနားသို့ ချဉ်းကပ်လာသည်။

"မိန်းမလှလေး နည်းနည်းလောက်ဖယ်ပေးပါလား... ကျွန်မ ကားပေါ်တက်မလို့"

သူ(မ)ရှေ့ရှိ အလှလေးနှစ်ယောက်မှာ ကောက်ကြောင်းပင်ဖြစ်စေ ရုပ်ရည်အရာ၌ဖြစ်စေ သူ(မ)ထက် အဆပေါင်းများစွာ သာလွန်နေသည်။

သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က စုဝမ်ယိပင်။ သူ(မ)ကို ဟိုတယ်ထဲတွင် တွေ့ဖူးသည်။

ကျန်တစ်ယောက်မှာ နေကာမျက်မှန်တပ်ထားသော်လည်း ထျန်းလိလိ သူ(မ)ကို မှတ်မိသည်။ သူ(မ)သည် ဟွားနိုင်ငံ၏ စူပါစတား ယန်းမီပင်။

"ဟုတ်ကဲ့... ချက်ချင်းဖယ်ပေးပါ့မယ်"

တစ်ယောက်က အလှပဂေးစီအီးအိုတစ်ယောက်ဖြစ်ပြီး တစ်ယောက်ကမူ ဒိတ်ဒိတ်ကြဲစတားတစ်ယောက်ပင်။ နောက်ဆုံးမှာတော့ ထျန်းလိလိ သဘောပေါက်သွားသည်။ ယဲ့ချန်ကို သူ(မ) မရနိုင်တော့ပေ။

စုဝမ်ယိနှင့် ယန်းမီမီတို့လည်း ကားပေါ်တက်ပြီးနောက် ပြောလိုက်၏

"မောင်းတော့"

ယဲ့ချန်လည်း အံ့အားသင့်နေသော အတန်းဖော်များ၏ အကြည့်အောက်မှာပင် လီဗာကိုဖိနင်းပြီး Paganiပြိုင်ကားကို ညအမှောင်ထဲသို့ မောင်းနှင်လိုက်လေသည်။

စုဝမ်ယိက ပြုံးလိုက်သည်။

"ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ ဟန်ဆောင်ရတာပျော်လား?"

ယဲ့ချန် ခပ်ဖွဖွပြုံးလိုက်မိသည်။

"မဆိုးဘူးထင်တာပဲ"

"ရှင်က အစ်မဝမ်ယိပြောပြောနေတဲ့ ယဲ့ချန်ဆိုတာလား?"

ယန်းမီမီက နေကာမျက်မှန်ကိုချွတ်ပြီး ပြုံးရယ်လျက် စကားဆိုလာ၏။

ယဲ့ချန်လည်း နောက်ကြည့်မှန်မှတစ်ဆင့် လှမ်းကြည့်လိုက်သောအခါ အံ့သြသွားရသည်။

ယနေ့တော့ သူ စူပါစတားတစ်ယောက်ကို ကားမောင်းပို့ပေးနေရလေပြီ။

•••••••••••

All Chapters