← Chapters

ဒုတိယမြောက်အထူးခရီးသည်

Vol. 1 Ch. 15

ဒုတိယမြောက်အထူးခရီးသည်

Vol. 1 Ch. 15

ယန်းမီမီက ယဲ့ချန်၏မျက်နှာကို စိုက်ကြည့်ရင်း တအံ့တသြရေရွတ်လိုက်သည်။

"ဘုရားရေ.. ရှင့်လိုလူချောလေးက တက္ကစီမောင်းနေတာ နှမြောဖို့ကောင်းလိုက်တာ။ ရှင်သာ အနုပညာလောကထဲကို ဝင်ရင် သေချာပေါက်နာမည်ကြီးမှာ"

ယဲ့ချန်က ပြုံးလျက်သာ ပြောလိုက်၏။

"အနုပညာလောကက ကြမ်းတမ်းလွန်းတယ်။ ခင်ဗျားလို စူပါစတားဖြစ်ဖို့ဆိုရင် အများကြီးကြိုးစားရမှာ"

ယန်းမီမီ သက်ပြင်းချလိုက်မိသည်။

"စူပါစတားတဲ့လား။ အခုဆိုရင် ကျွန်မက မှိန်ဖျော့သွားတဲ့ ကြယ်တစ်ပွင့်ဖြစ်ခါနီးနေပြီ"

ဘေးနားရှိ စုဝမ်ယိကလည်း ဝင်အကြံပေးလေသည်။

"မီမီ စိတ်ဓာတ်မကျပါနဲ့။ အခုခေတ် လူငယ်အိုင်ဒေါလ်တွေက ရုပ်ရည်ကို မှီခိုနေရတာလေ။ ငါတို့ကတော့ အရည်အချင်းနဲ့ပဲ ရပ်တည်နေတာ။ ဒီအယ်လ်ဘမ်အသစ်ထွက်တာနဲ့ အောင်မြင်မှာသေချာတယ်"

"မျှော်လင့်ရတာပဲ။ ဒီအယ်လ်ဘမ်သာ မအောင်မြင်ရင် ငါ ချောင်ထိုးခံရလောက်တယ်"

ယဲ့ချန်လည်း ထန့်ချန်ယိပင်အဆောက်အအုံအောက်၌ ကားကို ပါကင်ထိုးလိုက်သည်။

စုဝမ်ယိက ကားပေါ်က ဆင်းသွား၏။

"ယဲ့ချန် ကျေးဇူးပါပဲ။ မီမီ့ကို ကုမ္ပဏီလိုက်ပို့ပေးလိုက်ပါဦး"

"ကိစ္စမရှိဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်အော်ဒါရဲ့ တည်နေရာက ထန့်ချန်ယိပင်လေ။ ဒီတော့ အော်ဒါထပ်တင်ချင်ရင် ကြယ်ငါးပွင့်ရီဗျူးပေးမှရမယ်"

"သန်းသုံးဆယ်တန်ပြိုင်ကားကို မောင်းနေတာတောင် တော်တော်ကပ်စေးနည်းတာပဲ"

ထို့သို့ညည်းလိုက်သော်လည်း စုဝမ်ယိ ခပ်မြန်မြန်အော်ဒါတင်လိုက်ပြီး ယဲ့ချန်အား ကြယ်ငါးပွင့်ရီဗျူးပေးလိုက်သေးသည်။

သူ(မ)၏အမြင်တွင် ယဲ့ချန်က တက္ကစီမောင်းရခြင်း၏ ပျော်ရွှင်မှုကို ခံစားနေခြင်းပင်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ငါးကြိမ်မြောက် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် (၅/၅)ကို အသက်သွင်းပြီးပါပြီ။ ဆုလာဘ်ကတော့ သီချင်းရေးစပ်သီဖွဲ့နိုင်တဲ့ စွမ်းရည်ပါ!]

ဂီတဆိုင်ရာအချက်အလက်တစ်သီတစ်သန်းကြီးက ယဲ့ချန်၏စိတ်အာရုံထဲသို့ ဝင်ရောက်လာခဲ့သည်။

ဤဂီတအချက်အလက်များမှာ အခြားဘုံများမှ ရောက်လာဟန်ပင်။ ထိုအရာများကို ယဲ့ချန် လုံးဝမကြားဖူးပေ။

"အစ်ကိုယဲ့.. ကျွန်မ အော်ဒါတင်ပြီးပြီနော်။ ကွမ်ရှန်းမီဒီယာကို သွားရအောင်"

"ကောင်းပါပြီ"

ယဲ့ချန်လည်း အော်ဒါလက်ခံကာ ကွမ်ရှန်းမီဒီယာသို့ မောင်းလိုက်လေတော့သည်။

ယန်းမီမီ၏ဖုန်းက အသံမြည်လာသဖြင့် သူ(မ) ဖုန်းကိုင်လိုက်၏။

"ဘာ?ဥက္ကဋ္ဌလီ ကျွန်မ ဒီအယ်လ်ဘမ်အသစ်အတွက် နှစ်ဝက်လောက် ပြင်ဆင်ထားခဲ့ရတာလေ။ ရှင် ဘယ်လိုတောင်လုပ်ရက်ရတာလဲ"

"ကျွန်မက အဲဒီအိုင်ဒေါငယ်ငယ်လးတွေထက် ပရိသတ်နည်းချင်နည်းမယ်။ ဒါပေမဲ့ အခွင့်အရေးတစ်ခုမှမပေးဘဲ ဘယ်လိုလုပ်ပြီး တောက်ပနိုင်မှာလဲ"

"ကျွန်မလက်မလျှော့နိုင်ဘူး။ ဘာပဲဖြစ်နေနေ ဒီအယ်ဘ်ဘမ်ကို ထုတ်ကိုထုတ်ရမယ်"

ဖုန်းချပြီးနောက် ယန်းမီမီ၏မျက်နှာထက်၌ ဒေါသရိပ်များ လွှမ်းနေချေသည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ အထူးခရီးသည်တာဝန်အသစ်တစ်ခုကို လက်ခံရရှိပါတယ်။ ရွေးချယ်ရေးမစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရင် ပိုင်ရှင်ကို ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်လာနိုင်အောင် ကူညီပေးနိုင်တဲ့ ဆုလာဘ်မျိုး ပေးအပ်မှာပါ!]

[ခရီးသည်၏အလုပ်အကိုင် : အဆိုတော်!]

[ရွေးချယ်စရာ ၁ : ယန်းမီမီကိုနှစ်သိမ့်ပေးပြီး အမျိုးသမီးကြယ်ပွင့်တစ်ယောက်ဆီက ချစ်ခင်နှစ်သက်မှု၊ မက်မွန်ပွင့် +၁၀၊ ဘယ်တော့မှမညှိုးနွမ်းသွားမဲ့ ရိုမန့်တစ်နှင်းဆီပန်းစည်းတို့ကို ရယူလိုက်ပါ]

[ရွေးချယ်စရာ ၂ : ယန်းမီမီကို အနုပညာလောကထဲက ထွက်ဖို့ အကြံပေးပြီး သက်လုံ+၁၀နဲ့ ထျန့်ချန်ယိပင်မှာ ဇိမ်ခံအိမ်ရာတစ်ခုကို ဆုလာဘ်အဖြစ် ရယူလိုက်ပါ]

[ရွေးချယ်စရာ ၃ : ယန်းမီမီကို နာမည်ကြီးသီချင်းအယ်လ်ဘမ်တစ်ခု ဖန်တီးနိုင်အောင် ကူညီပေးပြီး နတ်ဘုရားအဆင့်အသံ၊ Gulfstream G550 ဇိမ်ခံကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီးနဲ့ မိုတုစီးပွားရေးလမ်းမရဲ့ပိုင်ဆိုင်မှုကို ရယူလိုက်ပါ]

ပထမဆုံးရွေးချယ်စရာကား လွယ်ပေသည်။ သို့သော် မက်မွန်ပွင့် +၁၀ကတော့ အသုံးမဝင်ပေ။

အလွန်ခန့်ညားပြီး ချမ်းသာလှသော ယဲ့ချန်မှာ မက်မွန်ပွင့်ဆုလာဘ်မရှိလည်း အလှပဂေးလေးများ မပြတ်လပ်ပေ။ ထို့ကြောင့် ထိုရွေးချယ်စရာကို ချက်ချင်းပယ်ချလိုက်၏။

ဒုတိယရွေးချယ်စရာမှာမူ သက်လုံ+၁၀ကတော့ ကောင်းသော်ငြား သူ့တွင် ဗီလာတစ်လုံးရှိထားပြီးဖြစ်သောကြောင့် ထန့်ချန်ယိပင်ရှိ ဇိမ်ခံအိမ်ရာတစ်ခုဆိုသည်မှာ ယဲ့ချန်အတွက် သိပ်ဆွဲဆောင်မှုမရှိပေ။

နောက်ဆုံးတစ်ခုမှာ ယန်းမီမီ၏အယ်လ်ဘမ်ကို နာမည်ကြီးအောင် ကူညီပေးရမည်ဖြစ်၏။ အစောကပင် ဟွားနိုင်ငံသီချင်းစာကြည့်တိုက်ကြီးကို သူ ရထားသည်ဖြစ်ရာ သူ့စိတ်ထဲရှိ အပြိုင်ကမ္ဘာများမှ ပေါ့ပ်သီချင်းများကိုပါ ပေါင်းလိုက်လျှင် အယ်လ်ဘမ်ကို ပေါက်အောင်လုပ်ပေးရခြင်းမှာ ရိုးရှင်းလှပေသည်။

နတ်ဘုရားအဆင့်သရုပ်ဆောင်စွမ်းရည်ဖြင့်ဆိုလျှင် နောက်ပိုင်း ပျင်းလာသည့်အခါ သူ ရုပ်ရှင်တစ်ကားလောက် စမ်းရိုက်ကြည့်ပြီး စတားတစ်ယောက်၏ဘဝကို ခံစားကြည့်နိုင်ပေသည်။

သန်း၇၀၀တန်ဖိုးရှိသော Gulfstream G550ကတော့ စီးပွားရေးလုပ်ငန်းရှင်အများအပြားအတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုပင်။ အလွန်အသုံးဝင်လှသည်။

ယဲ့ချန်ကို ပိုအံ့သြစေသောအရာမှာ မိုတုစီးပွားရေးလမ်းမပင်။

မိုတုစီးပွားရေးလမ်းမဆိုသည်မှာ မိုတုမြို့ထဲရှိ အချမ်းသာဆုံး စီးပွားရေးလမ်းမဖြစ်ပြီး စတုရန်းမီတာသုံးသောင်းရှိသော နယ်မြေတစ်ခုပင်။

ဤစီးပွားရေးလမ်းမ၏ အဆုံး၌ နာမည်ကြီးမိုတုဘဏ္ဍာရေးစင်တာကြီးရှိသည်။

ဘဏ္ဍာရေးလမ်းမကြီးတစ်ခုလုံးတွင် ဘဏ္ဍာရေးအဆောက်အအုံ၁၁၈ခု၊ ဘဏ်ပေါင်းဆယ်ခုကျော်နှင့် အပြည်ပြည်ဆိုင်ရာထိပ်တန်းကုမ္ပဏီအခုတစ်ရာတို့ ပါဝင်လေသည်။

စီးပွားရေးလမ်းမ၏ နှစ်စဉ်ငှားရမ်းခမှာ ၂၀ဘီလျံပင်။

ထိုအချိန်မှာပင် ယဲ့ချန် စိတ်ထဲတွင် တိတ်တိတ်လေးပြောလိုက်သည်။

"စနစ် ငါ နံပါတ်သုံးကိုရွေးတယ်"

[တင်! Gulfstream G550 ဇိမ်ခံကိုယ်ပိုင်ဂျက်လေယာဉ်ကို ရရှိလိုက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ အခုဆိုရင် မိုတုလေဆိပ်မှာ အဲဒါကို ပါကင်ထိုးထားပါတယ်]

[တင်! နတ်ဘုရားအဆင့်အသံကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်]

[တင်! မိုတုစီးပွားရေးလမ်းမရဲ့ပိုင်ရှင်ဖြစ်လာတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်]

[တင်! အထူးခရီးသည်ရွေးချယ်ရေးတာဝန်အသစ်ကို အသက်သွင်းဖို့အတွက် ပိုင်ရှင်အနေနဲ့ တစ်ပတ်အတွင်း ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခုကို လက်ခံနိုင်ပါတယ်]

ယဲ့ချန်၏ကားက ကွမ်ရှန်းမီဒီယာရှေ့တွင် ရပ်လိုက်၏။

ယန်းမီမီက ယဲ့ချန်ကိုပြောလိုက်လေသည်။

"မစ္စတာယဲ့ ကျွန်မ အသံသွားသွင်းမလို့။ ရှင် ကျွန်မနဲ့ လိုက်ခဲ့ပေးလို့ရလား။ အသံသွင်းပြီးရင် တအားနောက်ကျသွားမှာစိုးလို့။ အဲဒီလိုဆိုရင် တက္ကစီငှားရတာ လုံခြုံမှာမဟုတ်ဘူးလေ"

အစကတည်းက ယဲ့ချန်ကလည်း ယန်းမီမီကို ကူညီပေးချင်နေသည်ဖြစ်ရာ ပြုံးပြလျက် သဘောတူလိုက်လေသည်။

"မီမီ ရောက်လာပြီလား"

ယန်းမီမီ ရောက်လာသည်ကို မြင်သောအခါ ဝန်ထမ်းတစ်ယောက်က သူ(မ)အား အပြုံးလေးနှင့် နှုတ်ဆက်လာသည်။

"ဟုတ်တယ်။ ကျွန်မ သီချင်းနှစ်ပုဒ် အသံသွင်းထားလို့ ဘယ်လိုအခြေအနေရှိလဲလို့ လာကြည့်တာ"

ယန်းမီမီက ထိပ်တန်းစတားတစ်ယောက်ဖြစ်သောကြောင့် အသံအင်ဂျင်နီယာအမြောက်အများကလည်း သူ(မ)အပေါ် အလွန်ယဉ်ကျေးကြသည်။

ယန်းမီမီက အသံသွင်းခန်းထဲသို့ ဝင်တော့မည့်ဆဲဆဲတွင် အသံအင်ဂျင်နီယာများကလည်း ကိရိယာများကို စစ်ဆေး၍ပြီးစီးသွားလေသည်။

ဤသီချင်းကို ယန်းမီမီ အကြိမ်ပေါင်းများစွာ အသံသွင်းထားသော်လည်း ရလဒ်မှာ စိတ်ကျေနပ်ဖွယ်ရာမကောင်းပေ။

ထို့ပြင် အချိန်ကလည်း ညဆယ်နာရီကျော်ပြီဖြစ်ရာ ဝန်ထမ်းတော်တော်များများလည်း ပင်ပန်းနေကြပြီဖြစ်၏။

တစ်ဖက်တွင်မူ အချိန်နောက်ကျနေပြီး တစ်ဖက်မှာတော့ ယန်းမီမီအသံသွင်းရမည့် သီချင်းမှာ အလွန်သာမန်ဆန်လှသည်။

ထိုသီချင်းမှာ ထူးခြားမှုမရှိသဖြင့် နားထောင်ကြည့်လိုက်ချိန်တွင် ချော့သိပ်နေလေဟန် သက်ရောက်မှုတစ်ခု ရှိလေရာ အိပ်ပင်အိပ်ငိုက်လေသည်။

ယဲ့ချန်လည်း အသံသွင်းခန်းထဲသို့ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ကာ နေရာတစ်နေရာ၌ ဝင်ထိုင်လိုက်ချိန်ဝယ် ယန်းမီမီက မိုက်ခရိုဖုန်းရှေ့တွင် မတ်တတ်ရပ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ဟူး သနားဖို့ကောင်းလိုက်တဲ့ မီမီ.. သူ့သီချင်းကို လူငယ်အဆိုတော်တစ်ယောက်က လုယူသွားပြီး ဂီတဇယားရဲ့ ထိပ်ဆုံးကို ရောက်သွားတယ်လို့ ကြားတယ်။ ကုမ္ပဏီက သူ့ကို အစားပြန်ပေးထားတဲ့ ဒီသီချင်းက ဝတ်ကျေတမ်းကျေသက်သက်ပဲ"

"ဟုတ်တယ်။ စုတ်ချလိုက်တဲ့သီချင်း.. ဘယ်ဒုတိယအဆင့်သီချင်းရေးဆရာကများ ရေးပေးထားသလဲမသိဘူး။ သားချော့တေးကျနေတာပဲ"

သူ့ပတ်ပတ်လည်ရှိ ပြောဆိုသံများကို ကြားလိုက်ရသည့်အခါ ယဲ့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းကို ကောက်ယူကာ စရေးလေတော့သည်။

ယန်းမီမီကတော့ "အိုကေ"ဟူသော လက်ဟန်ကိုလုပ်ပြ၍ စတင်သီဆိုတော့သည်။

ယဲ့ချန်လည်း ရေးနေခြင်းကို ရပ်တန့်လိုက်ပြီး နားကြပ်တပ်လိုက်၏။

""အချစ်ရေ ငါစောင့်မျှော်နေခဲ့ရတဲ့အချစ်ရေ"

"မင်း ငါ့အနားမှာ ဘာလို့မရှိရတာလဲ"

"ငါ့အချစ်တွေကို မင်း ခံစားမိရဲ့လား"

"ငါ့ခံစားချက်တွေက မင်းရဲ့နှလုံးသားကို ရောက်ရဲ့လား"

…

ဤသည်မှာ အလွန်ဆိုးဝါးလှသည်။ သီချင်းကား အနှစ်သာရမရှိဟုပင် ဆိုနိုင်လေသည်။

အထူးသဖြင့် ဤကဲ့သို့သောသီချင်းမျိုးမှာ နေရာတိုင်းတွင် ရှိသည်။

ဤသီချင်းကား ယန်းမီမီကို အောင်မြင်စေနိုင်မည်မဟုတ်ချေ။ သနားစရာယန်းမီမီလေးခမျာတော့ စိတ်အားထက်သန်စွာ လေ့ကျင့်နေဆဲပင်။

သူ(မ)က ခံစားချက်အပြည့်ဖြင့် သီဆိုနေသော်ငြား အသံသွင်းခန်းထဲရှိ လူတိုင်းကတော့ ငိုက်မျဉ်းနေကြသည်။

ယဲ့ချန်လည်း လုံးဝဆွံ့အသွားရသည်။ ဤသီချင်းမှာ အမှိုက်တစ်စပင် ဖြစ်ချေသည်။

သေလိုက်ပါတော့! ယန်းမီမီ၏ကုမ္ပဏီက သူ(မ)အား အနိုင်ကျင့်နေခြင်းပင်။

သူ(မ)၏သြဇာလွှမ်းမိုးမှုက လျော့ပါးလာသော်လည်း အနည်းဆုံးတော့ သူတို့အနေနှင့် သူ(မ)ကို သင့်တော်ကောင်းမွန်သော သီချင်းတစ်ပုဒ်လောက် မပေးနိုင်ဘူးလား။

ဤသီချင်းမှာ ဘာထူးခြားလက္ခဏာမှ မရှိပေ။ ဂီတနတ်ဘုရားပင် ဤသီချင်းကို ပေါက်အောင် လုပ်နိုင်မည်မဟုတ်။

"အမလေး.. ငါ ထပ်နားမထောင်နိုင်တော့ဘူး။ အိပ်ပျော်တော့မယ်"

အသံအင်ဂျင်နီယာတစ်ယောက်က သူ့နားကြပ်ကိုဆွဲဖြုတ်၍ နိုးနိုးကြားကြားဖြစ်အောင် ကော်ဖီတစ်ငုံသောက်လိုက်သည်။

ဤသီချင်းကိုရေးခဲ့သော သီချင်းရေးဆရာမှာ ဤကဲ့သို့ အိပ်မောကျစေသော သီချင်းမျိုးကို ဖန်တီးထားခြင်းကြောင့် အလွန်အသုံးမကျသူတစ်ယောက်ပင် ဖြစ်ရမည်။

အသံအင်ဂျင်နီယာအမြောက်အများကလည်း ခေါင်းညိတ်ပြ၍ ထောက်ခံကြသည်။

သီချင်းပြီးသွားသောအခါ ယန်းမီမီက နားကြပ်ကိုချွတ်၍ အပြင်ထွက်လာခဲ့သည်။

"ဆရာချန်း.. ကျွန်မဆိုတာ အဆင်ပြေရဲ့လား"

အစောပိုင်းက အိပ်ငိုက်နေခဲ့သော ချန်းမျိုးရိုးက ရုတ်တရက်ပြုံးပြလာလေသည်။

"အင်း။ တော်တော်ကောင်းတယ်။ အသံက အရမ်းမိုက်တာပဲ"

မိုက်တယ်? ခင်ဗျား ခုနက အိပ်ပျော်တော့မလိုဖြစ်သွားတာ မဟုတ်ဘူးလား?

ဤအသံအင်ဂျင်နီယာများမှာ စိတ်မချရပေ။ မျက်စိရှေ့မှာတင် ပေါ်တင်လိမ်နေကြသည်။

ကျန်အသံအင်ဂျင်နီယာများကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြကြသည်။

"မီမီသီချင်းဆိုတာ အရမ်းကောင်းတာပဲ"

ယန်းမီမီက ယဲ့ချန်ကိုကြည့်၍ ပြောလိုက်၏။

"အစ်ကိုယဲ့ ကျွန်မဆိုတာ ဘယ်လိုနေလဲ"

ယန်းမီမီ၏ မျှော်လင့်စောင့်စားနေသော အကြည့်အောက်ဝယ် ယဲ့ချန်လည်း မှတ်ချက်တစ်ခု ပြုလိုက်သည်။

ထိုမှတ်ချက်ကြောင့် ယန်းမီမီနှင့် အခြားလူများလည်း ကြက်သေသေသွားကြသည်။

••••••••••••

All Chapters